အပိုင်း (၃၀)
Viewers 12k

Part 30


ထန်ထန်ခြေထောက်ကိုနှိပ်နယ်ပေးခဲ့တာကြောင့်ပဲလားမသိဘူး ကျိယန် အိပ်ယာထဲဝင်တဲ့အခါမှာ အဆင်ပြေပြေရှိခဲ့တယ်။ သူ ကောင်းကောင်း အိပ်ပျော်သွားပြီး နိုးလာတဲ့အချိန်မှာတောင် အားအင်အပြည့်နဲ့ တက်ကြွနေခဲ့တယ်။


ကျိယန် ခြေထောက်ကိုစိုက်ကြည့်နေရင်း မနေ့ညက သူ့ခြေထောက်ကို နှိပ်နယ်ပေးတဲ့ လက်တစ်စုံကိုမြင်ယောင်ရင်း အတွေးနယ်ချဲ့နေမိတယ်။ နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ပျော်နေတဲ့ ထန်ထန်  ကို သတိလက်လွတ်နဲ့ လှည့်ကြည့်လိုက်မိတယ်။ အချိန်အတော်ကြာကြည့်နေပြီးတဲ့နောက် တိတ်ဆိတ်စွာနဲ့ မတ်တပ်ရပ်လိုက်ပြီး မနက်ခင်းလုပ်ငန်းစဉ်တွေကို လုပ်ဖို့အတွက် ထွက်ခွာသွားတယ်။


လေ့ကျင့်ရေးကွင်းမှာတော့ သူ့ကွပ်ကဲမှုအောက်က တပ်သားတွေရှေ့မှာ ကျိယန် က လေးနက်စွာနဲ့ မတ်တပ်ရပ်ပြီး သူတို့ရဲ့ ပထမဆုံး လေ့ကျင့်မှု့ကိုပြောနေတယ်


 “ ကီလို ၃၀ သယ်ပြီး ကျိရှီ တောင်ထိသွား’’


ချက်ချင်းပဲ စစ်သားတွေအားလုံး သူတို့စိတ်အတွင်းမှ တုန်လှုပ်ခြောက်ခြားစွာ ငိုကြွေးလိုက်ကြတယ်။ ဒီလေ့ကျင့်ရေးကြောင့် သေတော့မသေပေမယ့် သူတို့အရေပြားတွေ အနည်းဆုံးအလွှာလိုက်ကွာကြတဲ့အထိ ပင်ပန်းမယ်ဆိုတာ တွေးလိုက်မိတယ်။ ဒါပေမယ့်လဲ အဲ့ဒီအတွေးကို ဘယ်သူမှ သူတို့မျက်နှာပေါ်မှာ မဖော်ပြရဲကြဘူး။ ကျိယန် ရဲ့ အမိန့်အရ တပ်သားအားလုံးက သူတို့ရဲ့အိတ်တွေကို ကိုယ်စီယူပြီး တောင်ခြေသို့ စနစ်တကျ စတင်ပြေးကြတော့တယ်။


ကျိယန်  က ၃၅ ကီလိုသယ်ကာ ရှေ့မှ ဦးဆောင်ပြေးနေပြီး တပ်သားအားလုံးက သူ့နောက်မှဖြစ်တယ်။ ဘယ်သူမှ နောက်မကျရဲကြဘူး။ 


တုန်းလီ လဲ သူ့ရဲအဖွဲ့မှာ ပါ၀င်တာဖြစ်ပြီး သူ့တာဝန် နောက်တန်းမှနေ၍ တပ်သားအားလုံးကို စောင့်ကြပ်ရန်ဖြစ်တယ်။ တုန်းလီက ကျိယန် နားရောက်ရန် အရှိန်မြှင့်ပြေးလိုက်ပြီး


 “ လောင်ကျိ ဘာဆေးစားမှားလို့ ဒီလောက်တောင် တက်ကြွပြီး မြန်မြန်ပြေးနေတာလဲ နောက်က ပြေးနေရတဲ့ လူတွေ မင်းနှိပ်စက်လို့ သေလုနီးပါးဖြစ်နေတာ စိတ်မပူတော့ဘူးလား..."


အာရုံစူးစိုက်ထားတဲ့ ကျိယန် က ပြန်မကြည့်သလို ဘာမှပြန်မပြောပေ။


တုန်းလီ က အသံတိတ်တက်ခေါက်လိုက်ပြီး စိတ်အချဉ်ပေါက်တဲ့လေသံနဲ့ 


“ မင်း ဇနီးနဲ့သားလေး ရောက်လာကတည်းက မင်းပုံစံကပြောင်းလဲသွားတယ်, ငါတို့လို နေ့တိုင်းကန်တင်းမှာရတဲ့ ဘာစားစရာဖြစ်ဖြစ်စားနေရတဲ့သူတွေနဲ့ မတူပဲ ကောင်းကောင်း စားသောက်နေရတယ်, ဘယ်လိုမှ ယှဉ်လို့မရပါလားနော်’’ 


ပြောရင်းနဲ့ ထန်ထန်  ရဲ့ ဟင်းချက်လက်ရာကို သတိရသွားပြီး သွားရည်တွေမျိုချနေတယ်။  


တုန်းလီ စိတ်ထဲကအကြံကိုရိပ်မိနေတဲ့ ကျိယန်  က သူ့ ကိုတချက်သာကြည့်လိုက်ပြီး လစ်လျူရှုလိုက်တယ်။ ဒါပေမယ့် ထန်ထန်  က သူတို့အားလုံးကို စားပွဲဖိတ်ထားတာကို သတိရသွားပြီး ပြောလိုက်တယ်


 “ ဒီည ငါ့အိမ်ကိုလာပြီး ညစာလာစားချေ, မင်းတို့ကူညီပေးခဲ့တာကို ထန်ထန် က ကျေးဇူးတင်လို့တဲ့’’


‘’ တကယ်လား... ‘’ 


တုန်းလီ မျက်လုံးတွေက စိတ်လှုပ်ရှားမှုကြောင့် တောက်ပလို့နေတယ်။ ရုတ်တရက်ရလာတဲ့ အားအင်တွေကြောင့် ကျိယန် ပုခုံးကို ပုတ်ပြီးပြောလိုက်တယ်


 “ လောင်ကျိ မစ်ရှင်ကိုအပြီးသတ်ရအောင်, တောင်ထိပ်ကို ဘယ်သူအရင်ရောက်လဲပြိုင်ကြမယ်’’


ကျိယန်ရဲ့ နှုတ်ခမ်းထောင့်တွေ အပေါ်သို့ကွေးတက်သွားပြီး 


‘’ ရှုံးတဲ့သူ ဒီညအရက်တိုက်ကြေး’’ ဆိုတဲ့ စကားတစ်ခွန်းချန်ထားရင်း ရှေ့ကိုပြေးထွက်သွားတယ်။


‘’ အင်း ‘’


 တုန်းလီ လဲ နောက်မှ အမီလိုက်သွားတယ်။ တောင်ပေါ်သို့ ပြေးတက်နေသော အရိပ်နှစ်ခုကိုသာတွေ့ရမှာဖြစ်တယ်။ 


သူတို့ကိုကြည့်နေတဲ့ တပ်ဖွဲ့ နှစ်ခုလုံးက စိတ်လှုပ်ရှားစွာနဲ့ ဘယ်အသင်းခေါင်းဆောင် နိုင်မလဲဆိုတာကို ခါတိုင်းလိုပဲ အနောက်မှာ လောင်းကြေးထပ်နေကြတယ်။


- - - - - - - - - - - - - -


ညနေပိုင်း သင်တန်းပြီးဆုံးတဲ့အခါမှာတော့ ကျန်းချန်း က ပျော်ရွှင်စွာနဲ့ တုန်းလီ ပုခုံးကို ပုတ်လိုက်ပြီး


 ‘’တုန်းလီ မင်းဒီည အားလုံးကို အရက်တိုက်မလို့ဆို, မင်းက အရမ်းရက်ရောတာပဲ...’’


တုန်းလီ  က မျက်လုံးကိုလှန်လိုက်ပြီး သူ့ရဲ့ ကံဆိုးမှုကိုလှောင်ရယ်ပြီး ဟာသလုပ်နေတဲ့ ကျန်းချန်း ရဲ့လက်ကို ခါချလိုက်ကာ 


“ သွားစမ်းပါ, ငါလာမလှောင်မနေနဲ့, မသိရင် မင်းက လောင်ကျိ ကိုနိုင်ထားသလိုလိုနဲ့ ‘’


ကျန်းချန်း က ပိုရွှင်လန်းစွာနဲ့ ပြုံးလိုက်ပြီး သူကိုယ်သူထိန်းကာ 


“ငါက ငါ့အကန့်အသတ်ကိုသိတယ်, ငါတို့ကြားက ကွာဟနေတဲ့ စွမ်းရည်တွေကို သိလို့ လောင်ကျိ နဲ့ဆို သွားမယှဉ်ဘူး’’


တုန်းလီ ဒေါသထွက်ရလွန်းလို့ သူ့အသည်းတွေပါနာတဲ့အထိခံစားသွားရပြီး ကျန်းချန်း နဲ့ သူငယ်ချင်းအဖြစ်ကနေ သုံးမိနစ် ရပ်စဲဖို့ ဆုံးဖြတ်လိုက်တယ်။


သူတို့နှစ်ယောက်လုံး အချင်းချင်းစနောက်နေကြပြီးတဲ့နောက် အဆောက်အဦးရဲ့ တတိယထပ်ကို ရောက်သွားတယ်။ ကျန်းချန်း က သူ့အိမ်အပေါက်၀မှာရပ်နေရင်း တုန်းလီကိုပြောလိုက်တယ် 


“ မင်းအရင်သွားနှင့်လိုက်တော့, ငါ့မိန်းမက အခုလေးတင် အလုပ်ကပြန်ရောက်တာ, လုပ်စရာလေးနည်းနည်းပါးပါးလုပ်ပြီးရင် ငါတို့လာခဲ့မယ်’’


တုန်းလီက  ကျန်းချန်း အကြောင်းကိုသိနေတဲ့အတွက် ဘာမှမပြောတော့ပဲ ကျိယန် အိမ်သို့ သောက်စရာတွေ သယ်ပြီးသွားလိုက်တယ်။


ကျန်းချန်း အိမ်မှာတော့ ဖန်ယုဝေ က အလှပြင်ခုံမှာထိုင်နေရင်း ခေါင်းဖြီးနေတာဖြစ်တယ်။ ကျန်းချန်း က သူမအနောက်မှနေ၍ နားရွက်နားသို့ကပ်ကာပြောလိုက်တယ်


‘’မိန်းမ, ကိုယ်တိုအခုသွားသင့်ပြီနော်, တခြားသူတွေလဲ ရောက်နေလောက်ပြီ’’


ဖန်ယုဝေ က သူ့ကိုပြန်စောင်းကြည့်လိုက်ပြီး ခေါင်းဆက်ဖြီးနေတယ်


 ‘’ခဏလောက် စောင့်ပါဦး, အိမ်ချင်းနီးနီးလေးပဲကို ပြီးတော့ အစားအစာတွေကလဲ အဆင်သင့်ဖြစ်ဦးမှာ မဟုတ်ဘူး, အဲ့ကိုအခုသွားရင်စောင့်နေရမှာပဲလေ အဲ့အစား အိမ်မှာပဲစောင့်နေတာ ပိုသက်တောင့်သက်သာမဖြစ်ဘူးလား’’


‘’မိန်းမ, မရီးကို နည်းနည်းပါးပါးတော့ ကူပေးသင့်တယ်လေ, မဟုတ်ရင် ကိုယ်တို့က သွားပြီးစားရုံပဲဖြစ်နေမှာပေါ့’’


ဖန်ယုဝေ က မပျော်ရွှင်တဲ့မျက်နှာနဲ့  သူ့ကိုကြည့်လိုက်တယ် 


“ ကျွန်မက သူ့ကိုဘာကူရမှာလဲ ကျွန်မက ကူညီမယ့်အစား အနှောက်အယှက်ဖြစ်နေမှာပေါ့’’


ကျန်းချန်း က သူ့ပါးစပ်ကိုပိတ်လိုက်ပြီး သူမအတွေးကို ထောက်ခံလိုက်တယ်။ သူမရဲ့ အကြီးမားဆုံး အခက်အခဲက သူနဲ့အတူတူ တပ်ထဲလိုက်နေပေးရတာဖြစ်တယ်။ ပုံမှန်ဆို သူမက ခေါက်ဆွဲတစ်ပန်းကန်တောင် ချက်ပြုတ်တတ်တာမဟုတ်ဘူး။ သူမသာ ကူညီမယ်ဆိုရင် ပိုခက်ခဲရုံပဲရှိမယ်။


‘’ မိန်းမ ကျိယန် ရဲ့မိသားစုက အခုမှပြောင်းလာတာ ပြီးတော့ သူတို့ကတခြားသူတွေကို ညစာအတွက် ဖိတ်နေကြပြီ, ကိုယ်တို့ဆို ပြောင်းလာတာကြာပေမယ့် တခြားသူကိုမဖိတ်ရသေးဘူး, ကိုယ်တို့လဲ လူနည်းနည်းပါးပါးလောက်ဖိတ်ပြီး ညစာကျွေးရင် မကောင်းဘူးလား... မဟုတ်ရင် ရှင်းပြရခက်နေမယ်’’


ဖန်ယုဝေ သူမ လှုပ်ရှားမှုတွေကို ရပ်တန့်လိုက်ပြီး ကိုယ်ကိုလှည့်လိုက်ကာ သူမလက်တွေကို သူ့လည်ပင်းပေါ်သို့သိုင်းဖက်လိုက်ပြီး


 ‘’ လူတွေကိုဖိတ်ပြီး ညစာကျွေးတာက အဆင်ပြေပါတယ် ဒါပေမယ့် အဓိက က ကျွန်မ မချက်တတ်တာပဲ, ပြီးတော့ ရှင်ကလဲ အသီးအရွက်လောက်ပဲ ချက်တတ်တာဆိုတော့ ဧည့်သည်တွေကို ဘယ်လိုဖိတ်မလဲ...’’


ကျန်းချန်း က သူ့ခေါင်းကို ကုတ်လိုက်ပြီးနောက် အကြံတစ်ခုပေးလိုက်တယ် 


“ ဒါဆို မင်း အလုပ်ပြီးတဲ့အချိန်မှ ကိုယ်တို့ အသင့်စားစရာတွေ သွား၀ယ်ရင်ကော... ကိုယ့်ညီအကိုတွေက ဘာမှပြောမှာ မဟုတ်ပါဘူး, အဓိကအချက်က ကိုယ်တိုတွေ လူစုပြီး ပျော်ရွှင်စရာအချိန်လေး တစ်ခုဖြစ်သွားရုံပါ’’


ခဏလောက်တွေးပြီးတဲ့နောက် သူမက ရုတ်တရက် ပြောလိုက်တယ်


 “ အာ, ကျွန်မတို ကျိယန် ဇနီးကို အကူအညီတောင်းရင်ကော... သူ့ဟင်းချက်စကေး အရမ်းကောင်းတာ ကျွန်မတွေ့တယ် ပြီးတော့ သူတို့ ဟိုဖက်ခြမ်းမှာ နေတာဆိုတော့ နီးတယ်လေ, သူမ ကူညီရင်တော့ကောင်းမှာပဲ, ကျွန်မက လိုအပ်တာတွေဝယ်ပြီး သူမကိုချက်ဖိုအကူအညီတောင်းရင်ကော ...’’


‘’ဒါက…’’ 


ကျန်းချန်း က တုံဆိုင်းနေတယ်


 “ ဒါက, ကောင်းပါ့မလား... ချက်ပြုတ်ဖို့အတွက် သူများကို ဒုက္ခပေးသလိုဖြစ်နေပါဦးမယ်’’


Fang Yu Wei က မျက်တောင်ခတ်လိုက်ပြီး 


“ အဲ့ဒါ အဆင်ပြေမှာပါ ကျိယန် ဇနီးက အလုပ်မရှိဘူးလေ, သူမလုပ်စရာဆိုလို အိမ်မှာနေပြီး အိမ်အလုပ်နဲ့ ချက်ပြုတ်ဖိုပဲရှိတာကို။ သူ့မှာ အချိန်ပိုတွေ အများကြီးရှိပါတယ်, ကျွန်မက အထက်တန်းကျောင်းသားတွေကို စာသင်ပေးရလို့ တကယ်အလုပ်များနေလို့ပါ။ ဒါလေးက ကိစ္စသေးသေးလေးမို သူမကူညီနိုင်မှာပါ။ ပြီးရင်တော့ ကျွန်မ သူမကို သစ်သီးနည်းနည်းပါးပါးဝယ်ပေး ကျေးဇူးတင်လိုက်ပါ့မယ်’’


ကျန်းချန်း က တုံဆိုင်းနေပြီး နောက်ဆုံးမှာတော့ ခေါင်းငြိမ့်လိုက်တယ်


 “ ကောင်းပြီ ကိုယ် မရီးကို မေးလိုက်ပါ့မယ် ပြီးတော့ သူမ မလုပ်ချင်ဘူးဆိုရင်တော့ တွန်းအားသွားမပေးလိုက်နဲ့နော် ‘’


ဖန်ယုဝေ ခေါင်းငြိမ့်လိုက်တယ်။


- - - - - - - - - - - - - 


ညစာစားပွဲမှာတော့ ထန်ထန် က ဟင်းပွဲများစွာကို အကောင်းဆုံးလက်ရာတွေနဲ့ ပြင်ဆင်ထားတယ်။ ဒါက သူမတို့ရဲ့ ပထမဆုံးစားပွဲဖြစ်တဲ့အတွက် တကယ်ကိုအရေးကြီးတယ်လေ။ ပြီးတော့ ကျိယန် မျက်နှာပွင့်ဖို့အတွက်လဲ ဖြစ်တာကြောင့် သူမ သေသေချာချာလုပ်ထားတာဖြစ်တယ်။


ကျိယန်လက်အောက်မှ တပ်သားငယ်လေးတစ်ချို့က ကူညီဖိုကြိုးစားပေမယ့်လဲ သူမက သူတိုအားလုံးကို မီးဖိုချောင်အပြင်သိုထွက်စေလိုက်တယ်။ ထန်ထန် က အသီးတစ်ချို့ကိုဆေးကြောပြီး ယူလာခဲ့တယ်။ ပြီးတော့ သူမက ကျိရှောင်ကျိုး  ကို ဧည့်ခံခိုင်းထားတာဖြစ်ပြီး ဧည့်သည်တွေကို အိမ်အလုပ်မလုပ်ဖို့ရာ တားမြစ်ဖို့ပြောထားတယ်။


ကျိရှောင်ကျိုး   က ယုံကြည်ချက်အပြည့်နဲ့ တာ၀န်ကိုလက်ခံလိုက်တယ်။ အသေးလေးက မော်ဒယ်လေးတစ်ယောက်လို ဧည့်သည်တွေကို ဂရုစိုက်နေတယ်။ သူက အကိုကြီးတစ်ယောက်ကို ပန်းသီးပေးပြီး နောက်တစ်ယောက်ကိုတော့ လိမော်သီးပေးလိုက်တယ်။ ထိုနောက် လူတိုင်းကို ရေသောက်ချင်လားလို လိုက်မေးတယ်။ သူတို့ကို အများကြီး ဧည့်ခံဖိုမလိုတဲ့အတွက် ခဏအကြာမှာ လူတိုင်းက သူ့ကိုချီကာ ပွေ့ဖက်နေကြတယ်။ အဆုံးမှာတော့ သူတိုအားလုံး အသေးလေး ကို သူတို့အိမ်သို့ခေါ်သွားချင်နေကြတော့တယ်။ 


ဧည့်သည်အားလုံးနဲ့ ကောင်းမွန်စွာ အဆင်ပြေနေတဲ့ အသေးလေးကိုကြည့်ပြီး ကျိယန် က ဧည့်ခံတဲ့တာဝန်ကို အသေးလေးနဲ့ လွှဲထားလိုက်တယ်။နောက် သူ့အကျီလက်ကို ခေါက်တင်လိုက်ပြီး ထန်ထန် ကို ကူညီဖို့ မီးဖိုချောင်ထဲ ၀င်သွားလိုက်တယ်။ ဒီနေ့က ဟင်းပွဲတွေအများကြီးလုပ်ရတာဖြစ်တဲ့အတွက် သူမအလုပ်များနေမှာကို သူစိုးရိမ်မိတယ်။


တပ်ရင်းမှုးကတော်လဲ မီးဖိုချောင်ထဲမှာ ကူညီပေးနေတာဖြစ်တယ်။ သူမ ကူညီပေးချင်ပေမယ့်လဲ ထန်ထန် က အရာအားလုံးကို စီစဉ်ပြီးဖြစ်တဲ့အတွက် ရောက်တတ်ရာရာအကြောင်းများကိုသာ စကားစမြည်းပြောနေတော့တယ်။ အရမ်းအလုပ်များနေပေမယ့်လဲ လိုအပ်တာတွေက ပြင်ဆင်ထားပြီးသားဖြစ်လို့အများကြီး ကူစရာမလိုတော့ပေ။ ကျိယန် မီးဖိုချောင်ထဲ ၀င်လာတာတွေ့တဲ့အခါ သူမက စနောက်လိုက်တယ်


” ကျိယန် ရေ, အစ်မက ကူဖိုလာပေမယ့်လဲ မင်းမိန်းမက အားလုံးလုပ်ပြီးသားမို့လို့ ဘာမှမကူလိုက်ရဘူး။ မင်းမိန်းမက အရမ်းတော်တာပဲ’’


ထန်ထန်  ရဲ့ ကျွမ်းကျင်တဲ့ လှုပ်ရှားမှုတွေကိုကြည့်ရင်း ကျိယန် မျက်၀န်းထဲ ပျော်ရွှင်မှုတွေ ဖြတ်ပြေးသွားတယ်။


ထန်ထန် က ကျိယန်  ကိုတချက်လှမ်းကြည့်ပြီး အပြုံးလေးနဲ့ ပြောလိုက်တယ်


“ ယောကျာ်း, ပန်းကန်လုံးတွေ ခွက်တွေနဲ့ တခြားဟာတွေအကုန်လုံးကို စားပွဲပေါ်မှာ ထားလို့ရပြီနော်, ပြီးတော့ ထိုင်ခုံတွေကိုလဲ နေရာချပေးပါဦး, ဟင်းပွဲတွေက ခဏနေရင်ရတော့မယ်’’


ကျိယန် ခေါင်းငြိမ့်လိုက်ပြီး ပန်းကန်လုံး၊ တူ နဲ့ တခြားအရာတွေကို သယ်ပြီးထွက်သွားတယ်။ အားလုံးနေရာချပြီးတဲ့နောက် သူက မီးဖိုချောင်ထဲ ပြန်၀င်လာပြီး ပန်းကန်ပြားတွေ သယ်သွားပြန်တယ်။


စားပွဲပေါ်က ပန်းကန်ပြားတွေကို ကျိရှောင်ကျိုး  မြင်တဲ့အခါမှာတော့ စားဖိုအသင့်ဖြစ်တော့မယ်မှန်း သဘောပေါက်လိုက်တယ်။ သူက လက်ကိုယမ်းပြီး ကြေငြာလိုက်တယ် 


“ စားစရာတွေအသင့်ဖြစ်ပြီ, စားပွဲမှာထိုင်ပြီး စားရအောင်, အားနာဖို မလိုဘူးနော်’’


အားလုံးက သူ့စကားကြောင့် ပျော်ရွှင်သွားပြီး ဘယ်သူမှယဉ်ကျေးမနေတော့ပဲ စားပွဲနားမှာ ပျားတွေလိုအုံနေတော့တယ်။ စားပွဲပေါ်က ဟင်းပွဲတွေအပြည့်ကို ကြည့်ရင်း လူတိုင်းသွားရည်ကျတာကို မထိန်းနိုင်တော့ပေ။ ရိုးသားစွာပြောရရင်ဖြင့်, ဟင်းပွဲတွေ ချက်ပြုတ်နေကတည်းက အနံ့တွေကြောင့် အားလုံးဗိုက်ဆာနေကြတာဖြစ်တယ်။ ဟင်းပွဲတွေ မြန်မြန်ကျက်ဖိုအတွက် အားလုံးရဲ့နှလုံးသားထဲမှ တိတ်တဆိတ်ဆုတောင်းနေခဲ့တာဖြစ်တယ်။


သူတိုခေါင်းဆောင်ရဲ့ဇနီး ဟင်းချက်လက်ရာက တကယ်ကိုအံ့ဩဖွယ်ရာပဲ။ သူတိုအားလုံးလဲ ဒီလိုဇနီးမျိုးလိုချင်လိုက်တာ။


ကျိယန် က လူတိုင်းကို စားပွဲဆီသိုခေါ်လိုက်ပြီး အရက်ပုလင်းကိုဖွင့်ကာ လူတိုင်းရဲ့ခွက်ထဲသို ထည့်ပေးလိုက်တယ်။ ကျန်းချန်း မရောက်သေးတာကို သတိထားလိုက်မိပြီး ကျိယန်က မျက်ခုံးပင့်ကာ အသေးလေးကို လက်ယမ်းပြလိုက်တယ်


 “ရှောင်ကျိုး ဟိုဖက်အိမ်ကိုသွားပြီး အန်ကယ် ကျန်းချန်း  တို့ကို လာစားဖို့ ဖိတ်လိုက်ပါဦး"


‘’ ကောင်းပါပြီ, ဒယ်ဒီ’’ 


ရှောင်ကျိုး  က အမှာစကားကိုလက်ခံလိုက်ပြီး သူ့ခြေထောက်တိုတိုလေးတွေနဲ့ ပြေးထွက်သွားတယ်။ တဖက်အိမ်တံခါးကိုခေါက်လိုက်ပြီး ကလေးသံလေးနဲ့ အော်လိုက်တယ်


 “ အန်ကယ်  ကျန်းချန်းစားစရာတွေ အဆင်သင့်ဖြစ်နေပြီ, သွားစားရအောင် ‘’


မိနစ်အနည်းငယ်ကြာပြီးနောက် ကျန်းချန်းက ရှောင်ကျိုး ကိုချီလာပြီး  အိမ်ထဲကိုဝင်လာတယ်။ ဖန်ယုဝေ က အနောက်မှလိုက်လာတယ်။ကျန်းချန်း က တောင်းပန်ပြုံးလေးနဲ့


 ‘’ တောင်းပန်ပါတယ်, ငါရေချိုးနေလိုပါ’’


လူတိုင်းက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ပြီး 


‘’ မင်းကဘာလဲ ငါတိုအားလုံးဒီကို ချွေးတွေနဲ့လာနေတာကို မင်းကရေချိုးပြီးမှလာတာလား။ ငါတိုကိုညစ်ပါတ်တယ်လို့ ပြောချင်တာလား...’’


ကျန်းချန်း က ဂုဏ်ယူစွာနဲ့ ခေါင်းကိုမော့လိုက်ပြီး


 ‘’ ငါက အဆင့်အတန်းမရှိတဲ့ သူတွေနဲ့မတူဘူးလေ’’


သူ့စကားကို အားလုံးကြားလိုက်ရပြီး လည်ပင်းညှစ်ချင်စိတ်တွေပေါ်လာတော့တယ်။


ညစာစားပွဲက နွေးထွေးစွာနဲ့စတင်ပြီး လူတိုင်းကအားရပါးရ စားသောက်နေကြတယ်။ အားလုံးက စစ်သားတွေဖြစ်တဲ့အတွက် စားပွဲပေါ်က ဟင်းပွဲတွေလျင်မြန်စွာ ပျောက်ကုန်တယ်။


ကံကောင်းစွာနဲ့ပဲ,ထန်ထန် က အများအပြားလုပ်ထားတာဖြစ်တယ်။ ထိုနောက် ဟင်းပွဲအသစ်တွေ စားပွဲပေါ်သို့ ထပ်ရောက်လာတယ်။ ဟင်းပွဲတစ်ပန်းကန်ကုန်တာနဲ့ နောက်အသစ်နှစ်ပန်းကန်က စားပွဲပေါ်ချက်ချင်းထပ်ရောက်လာတဲ့အတွက် လူတိုင်းကကျေနပ်ပြီး ပျော်ရွှင်နေကြတယ်။


စားပွဲနားများ လူများဝိုင်းအုံနေသော်လဲ ထန်ထန် ကတော့ ပါ၀င်ခြင်းမရှိပေ။ သူမနဲ့ တပ်ရင်းမှုးကတော်အတွက် အစားအသောက်တစ်ချို့ကို ခွဲယူပြီးသားဖြစ်တဲ့အတွက် စစ်သားတွေနဲ့တိုက်ခိုက်ဖိုမလိုပဲ မီးဖိုချောင်မှာတင် သူမတိုနှစ်ယောက် စားလိုက်ကြတယ်။


စားသောက်ပွဲလေးက ညကိုးနာရီထိုးသည်အထိဖြစ်တယ်။ သူမ စားပွဲကိုရှင်းတဲ့အခါမှာ စစ်သားလေးတွေအားလုံးက တကယ်ကိုစားသောက်သွားကြတယ်ဆိုတာကို သတိထားလိုက်မိတယ်။ ဆော့စ်တစ်ချိုကလွဲလို ကျန်တဲ့ပန်းကန်အားလုံး ပြောင်သလင်းခါနေပြီဖြစ်တယ်။ အသီးအရွက်ဖတ်လေး တစ်ဖတ်တောင် မကျန်ခဲ့လေဘူး။


တပ်ရင်းမှုးကတော်က သူမကို သန့်ရှင်းရေးလုပ်ရာမှာ ကူညီပေးပြီး အပြုံးနဲ့ပြောလိုက်တယ်


 “ ပုံမှန်ဆို စားပွဲပေါ်မှာ စားစရာတွေ ကျန်တတ်ပါတယ်၊အခုတော့ ရှင့်လက်ရာက အရမ်းကိုကောင်းလွန်းနေတယ်လေ"


ထန်ထန် အတော်လေးကို ပျော်ရွှင်နေမိတယ်။ သူမ ချက်ပြုတ်သမျှအားလုံးကို အကုန်စားသောက်လိုက်ကြတာက သူမရဲ့ ကြီးမားတဲ့အောင်မြင်မှုတစ်ခုလိုပဲ။


ကျိယန် ရဲ့လက်အောက်က တပ်သားလေးတွေအားလုံးက တကယ်ကိုပဲ လုံလဝီရိယရှိကြတာဖြစ်တယ်။ သူတိုတွေက စားသောက်ပြီးသွားတဲ့အခါ သန့်ရှင်းရေးအတွက်ကို ကူညီဖိုစတင်လုပ်ဆောင်ကြတယ်။ အမှိက်တွေကို ပုံးထဲသို့ထည့်တယ်, စားပွဲကိုသုတ်ပြီး ကြမ်းပြင်ကိုပါသန့်ရှင်းရေးလုပ်ပေးကြတယ်။ ထန်ထန် သာ သူတို့ကိုမတားရင် ပန်းကန်ဆေးရာမှာတောင် ကူညီဖို အသင့်ဖြစ်နေကြတယ်။


သူမ  က ချစ်ဖိုကောင်းတဲ့ တပ်သားလေးတွေရဲ့ ကူညီမှုကို ကြည့်ပြီးသဘောကျတဲ့အတွက် သူတိုမပြန်ခင် အမူးပြေဟင်းရည်လုပ်ပေးလိုက်တယ်။


လူတိုင်း အမူးပြေဟင်းရည်နဲ့ အလုပ်ရှုပ်နေတဲ့အချိန်မှာပဲ ထန်ထန် မီးဖိုချောင်ထဲဝင်သွားတာကို တွေ့လိုက်တဲ့ ဖန်ယုဝေ က အနောက်မှ တိတ်တဆိတ်လိုက်သွားတယ်။


- - - - - - - - - - - - - - - - - - - -


ညရောက်တဲ့အချိန်မှာတော့, ထန်ထန် က ကျိယန် အတွက် ခြေထောက်ဆေးဖို ရေဇလုံကိုပြင်ဆင်နေပြန်တယ်။ သဘာ၀ကျစွာနဲ့ ပေါင်ပေ့လေး အတွက်လဲ ပါ၀င်တယ်။


မနေ့ညက အတွေ့အကြုံအရ ကျိယန် က သူ့စိတ်ကိုငြိမ်သက်အောင်ထားပြီး တည်ငြိမ်နေပြီဖြစ်တယ်။ ဒါပေမယ့်လဲ ထန်ထန် သူ့ခြေထောက်ကို ထိတွေ့တဲ့အခါမှာတော့ အနည်းင‌ယ် စိတ်လှုပ်ရှားနေတယ်။ ဒါပေမယ့်လဲ သူ့မျက်နှာမှာတော့ ဘာအမူအယာမှ မဖော်ပြလေတဲ့အတွက် လူများက သူတည်ငြိမ်နေတာကိုသာ တွေ့ရမှာဖြစ်တယ်။ အနည်းဆုံးတော့ ထန်ထန် အနေနဲ့ သူမစေတနာတွေကို သူလက်ခံလာမှန်းသိလိုက်ရပြီး စိတ်အတွင်းမှာတော့ ကြည်နူးနေမိတယ်။


သူမ က သူ့ခြေထောက်ပေါ်ရှိ နှိပ်နယ်ရမည့်အမှတ်နေရာများကို နှိပ်ပေးနေရင်း 


“ ယောကျာ်း, ကျန်းချန်း ရဲ့ဇနီးက ကျွန်မ ပန်းကန်ဆေးနေတုန်း လာရှာတယ်, သူမကို ကူညီပေးဖိုတဲ့’’


ကျိယန် သူမကို စူးစမ်းတဲ့ မျက်၀န်းတွေနဲ့ ကြည့်လိုက်တယ်။


‘’သူမက ပြောင်းလာတာကြာပေမယ့် တခြားသူတွေကို စားပွဲမဖိတ်ရသေးဘူးတဲ့, သူမဖိတ်ချင်ပေမယ့်လဲ ဟင်းချက်မကောင်းတဲ့အတွက် ဧည့်သည်တွေ မကျေမနပ်ဖြစ်မှာကို စိုးရိမ်နေတယ်, အဲ့ဒါကြောင့် ကျွန်မကို ချက်ပြုတ်တဲ့နေရာမှာ ကူညီပေးနိုင်မလားလို မေးနေတယ်’’


ကျိယန် က ခဏလောက် တိတ်ဆိတ်နေပြီးတဲ့နောက် ပြန်ဖြေလိုက်တယ်


 “ မင်းဘယ်လိုထင်လဲ...’’


‘’ ကျွန်မ သဘောတူလိုက်တယ်, ချက်ပြုတ်တာက မခက်ခဲပါဘူး, ကျွန်မတိုက အိမ်နီးချင်းတွေပဲလေ, ဒါကြောင့် တစ်ယောက်ကို တစ်ယောက် ကူညီသင့်တယ်။ ပြီးတော့ ကျန်းချန အမျီုးသမီးကလဲ အထက်တန်းပြဆရာမဆိုတော့ သူမအလုပ်တွေနဲ့ အရမ်းအလုပ်များနေတာ။ သူမကို ကူညီပေးတာ ဘာမှကြီးကြီးမားမားမရှိပါဘူး, ရှင်ဘယ်လိုထင်လဲ ယောကျာ်း...’’ 


သူမ က စာသင်ပြပေးတဲ့အလုပ်ကို မွန်မြတ်သောအလုပ်ဟု သတ်မှတ်ထားတဲ့အပြင့် ဆရာ/ဆရာမများအပေါ် စေတနာထားကာ သဘောထားကြီးသူဖြစ်တယ်။ လူတွေကို ပညာသင်ပေးတဲ့သူတွေကို တခြားသူတွေက လေးစားပေးသင့်တယ်လေ။


ကျိယန် က နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်ပြီး ခဏအကြာမှာ ပြန်ဖြေလိုက်တယ်


 “ မင်း သဘောတူထားမှတော့ သွားကူလိုက်ပါ ဒါပေမယ့် ကိုယ့်ကိုကိုယ် အရမ်းမပင်ပန်းစေနဲ့။ မင်းခြေထောက်က ကောင်းကောင်းသက်သာသေးတာမဟုတ်ဘူး’’


ထန်ထန် နှလုံးသားထဲ ချိုမြိန်မှုတွေ စီးဆင်းသွားပြီး ပျော်ရွှင်စွာနဲ့ ခေါင်းငြိမ့်လိုက်တယ်


 “ ကျွန်မကိုယ်ကျွန်မ မပင်ပန်းအောင် သတိထားပါ့မယ်’’


သူမ ရဲ့ နွေးထွေးတဲ့ အပြုံးကိုရှောင်ဖို ကျိယန် သူ့အကြည့်တွေကို အောက်သို့နိမ့်ချလိုက်တယ်။


သားအဖ နှစ်ယောက်လုံးကို ခြေထောက်ဆေးပေးပြီးတဲ့နောက် ထန်ထန် မီးဖိုချောင်ထဲသို့ သူမရဲ့ လှပခြင်းဆိုင်ရာအထောက်အကူပြုအစားအစာ တွေကို အိပ်ယာမဝင်ခင်မှာ တိုးတိုးတိတ်တိတ်နဲ့ စားလိုက်တယ်။ ထိုနောက် ခါတိုင်းလိုတန်းမအိပ်သေးပဲ အိပ်ယာပေါ်မှာလှဲကာ သူမဖုန်းကိုကြည့်လိုက်ပြီးနောက် လေးနက်တဲ့ အမူအယာနဲ့ သူမမျက်ခုံးတွေတွန့်သွားတယ်။


ကျိရှောင်ကျိုး  က စပ်စုစွာနဲ့ သူ့မာမီ ဘာလုပ်နေတာလဲဆိုတာ ကြည့်လိုက်တယ်။ ဒါပေမယ့် ဘာမှနားမလည်တဲ့အတွက် မေးရုံသာတတ်နိုင်တော့တယ်


 “ မာမီ ဘာတွေလုပ်နေတာလဲ’’


လုပ်ငန်းစဉ်တွေကို မှတ်မိဖို့ သူမ အစွမ်းကုန်ကြိုးစားပေမယ့်လဲ မတတ်နိုင်တဲ့အတွက် စိတ်ဓါတ်ကျစွာနဲ့  ပြန်ဖြေလိုက်တယ်


 “ အွန်လိုင်းမှာ ဘယ်လို၀ယ်ရလဲဆိုတာ မာမီလေ့လာနေတာ, ဒါပေမယ့် မာမီက တုံးတယ်လေ။ သားရဲ့ မမဝမ်ဝမ်က မာမီကိုသင်ပေးပေမယ့်လဲ မာမီမမှတ်မိဘူးဖြစ်နေတယ်”


ထန်ထန် တရုတ်ဆေးပင်တွေလိုချင်မှန်း ဝမ်ဝမ် ကြားလိုက်တဲ့နောက် အွန်လိုင်းမှလိုချင်တာတွေဝယ်လိုရမှန်း သူမကို ပြောခဲ့တာဖြစ်တယ်။ ဒီကမ္ဘာကလူတွေ ပစည်းတစ်ခုခုဝယ်ဖို့အတွက် အပြင်ထွက်စရာမလိုပဲ အိမ်တံခါးအထိ လာပို့ပေးတဲ့စနစ်ရှိတာ သိပေမယ့် ဒီကိစ္စက သူမအတွက် ခက်ခဲလွန်းနေတယ်။ ရိုးရှင်းစွာနဲ့ပဲ သူမ မလုပ်တတ်ပေ။


သူမ အွန်လိုင်းမှစျေးမဝယ်တတ်မှန်း ဝမ်ဝမ် သိသွားတုန်းကဆို အချိန်အတော်ကြာ အရမ်းကိုအံ့ဩသွားတယ်။ ထိုနောက် သူမက Taobao app ကိုအွန်လိုင်းမှ ဒေါင်းလုပ်ယူလိုက်ပြီး အကောင့်တစ်ခုဖွင့်ပေးခဲ့တယ်။ ပြီးတော့ ဝမ်ဝမ် က သူမကို နေ့တဝက်လောက် အသုံးပြုနည်း သင်ပေးခဲ့တာဖြစ်တယ်။


အဲ့တုန်းကဆို သူမရှင်းပြတာတွေကို နားထောင်ပြီး သူမ တကယ်ကိုပဲ နားမလည်ခဲ့ဘူး။ ဒါကြောင့် သူမလေ့လာသင်ယူဖိုဆုံးဖြတ်လိုက်တယ်။ သူမ ချိုင်းထောက်နဲ့သွားစရာမလိုပဲ အွန်လိုင်းကနေ အလွယ်တကူ ၀ယ်ယူဖို့အတွက် တကယ်ကိုပဲတတ်ချင်နေမိတယ်။ 


ကျိရှောင်ကျိုး က ထက်မြတ်တဲ့ကလေး ဖြစ်ပေမယ့်လဲ တစ်ခါမှ အွန်လိုင်းရှော့ပင်း မလုပ်ဖူးလေဘူး။ ပြီးတော့ ကျိယန် ကလဲ သူ့ကိုသင်မပေးဘူးလေ။ ဒါကြောင့် သူက ရှက်ရွံစွာနဲ့ မျက်တောင်လေးခတ်ရုံသာ တတ်နိုင်တော့တယ် 


“ မာမီ, ပေါင်ပေါင်လဲ ဘယ်လိုလုပ်ရလဲ မသိဘူး..’’ 


ထန်ထန် သူ့ပါးလေးကို ညှစ်လိုက်ပြီး


 “ ဘာမှ မဖြစ်ပါဘူး, မာမီ တစ်ယောက်တည်းလေ့လာပြီး သင်လို့ရပါတယ်”


အသေးလေး အမူအယာက လေးနက်သွားတယ်။ ထိုနောက် သားအမိနှစ်ယောက်သား အတူတကွ လေ့လာပြီး ဆွေးနွေးနေကြပေမယ့် ဘာမှ မတိုးတက်လာပေ။


ကျိယန် က လည်ချောင်းရှင်းလိုက်ပြီး လက်ထဲမှစာအုပ်ကို ဘေးသိုချလိုက်တယ်။


သားအမိနှစ်ယောက်လုံး တညီတညာတည်း မျက်၀န်းတွေမှတဆင့် သူတို့ဘာတွေမှားနေလဲဆိုတဲ့ အဓိပါယ်နဲ့ လှမ်းကြည့်လိုက်ကြတယ်။


ကျိယန် သူမ လက်ထဲမှဖုန်းကို ညွှန်ပြလိုက်ပြီး 


“ အွန်လိုင်းကနေ စျေး၀ယ်မလို့လား...’’


ထန်ထန် ခေါင်းငြိမ့်ပြလိုက်တယ်


‘’ကိုယ် မင်းကိုသင်ပေးရမလား..."


ပထမတော့ ကျိယန် သူမကို အွန်လိုင်းရှော့ပင်းအကြောင်းသင်ပေးမယ်လို့ သဘောမပေါက်ခင်အထိ သူမသတိလက်လွတ်ဖြစ်နေတယ်။ ထိုနောက် ချက်ချင်းပဲ မျက်လုံးများကတောက်ပသွားပြီး ဖုန်းကိုသူ့ဆီလွှဲပေးကာ အူလည်လည်လေးနဲ့ ပြုံးလိုက်ပြီး


 “ ဟုတ်, ကျွန်မကိုသင်ပေးပါဦး, ယောကျာ်း’’


ထန်ထန်  ရဲ့အမူအယာကိုမြင်လိုက်ပြီး ဘာကြောင့်မှန်းမသိပေမယ့် သူ့နှုတ်ခမ်းထောင်တွေ အပေါ်သိုပင့်တက်သွားတယ်။ ကျိယန် ဖုန်းကို ယူလိုက်ပြီး သူ့ဘေးနားမှနေရာလွတ်ကို ပြလိုက်ကာပြောလိုက်တယ်


 ‘’ ဒီကိုလာ’’


ထန်ထန်ချက်ချင်းပဲ သူ့အနားသိုကပ်လိုက်တယ် အသေးလေးကတော့ သူမနောက်မှတကောက်ကောက်ပေါ့။ သားအမိနှစ်ယောက်လုံး ကျိယန် အနားမှာ ဝန်းရံနေတော့တယ်။


အသေးလေး က သူ့မာမီ သေသေချာချာ မမှတ်မိပဲ မလုပ်တတ်မှာစိုးတဲ့အတွက် ကျိယန် ရင်ခွင်ထဲသို တိုး၀င်လိုက်တယ်။ ဒါကြောင့် ကျိယန် ရဲ့ဘေးမှနေရာက ထန်ထန်  အတွက်ဖြစ်သွားတယ်။


ကျိယန်က အွန်လိုင်းရှော့ပင်းအကြောင်း မရှင်းပြမီ အသေးလေးကို နေရာအနည်းငယ်ရွေ့ပြီး နေသားကျအောင်လုပ်လိုက်တယ်။ ထို့နောက် သူ့ကတ်နဲ့ ထန်ထန့် အကောင့်ကိုချိတ်ပေးလိုက်တယ်။ ဒါမှနောက်ဆိုရင် သူမစျေးဝယ်တဲ့အခါ သူ့ကတ်မှငွေကို အလိုအလျောက်ဖြတ်သွားမှာဖြစ်တယ်။


သူ ပထမဆုံး ထန်ထန် လိုချင်တဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးကို စျေးခြင်တောင်းထဲသို ထည့်ပြီးငွေပေးချေလိုက်တယ်။ ထန်ထန် ကောင်းကောင်းသိသွားတာသေချာမှ ကျန်ပစ္စည်းတွေကို သူမဘာသာ ၀ယ်ခွင့်ပေးလိုက်တယ်။


ဒီတစ်ခါတော့ ထန်ထန် တကယ်ပဲနားလည်သွားပြီဖြစ်တယ်။ ကျိယန် အတိုင်းလိုက်လုပ်ပြီးတဲ့နောက် သူမလိုချင်တာများကိုဝယ်ယူခဲ့ပြီး သူမလုပ်ဆောင်ထားတာတွေ ‘အောင်မြင်ကြောင်းသူပြောတဲ့အခါမှာ သူမ၀မ်းသာသွားတော့တယ်။ 


သူမ ရှောင်ကျိုးပါး ကို အားရပါးရနှစ်ခေါက်လောက်နမ်းလိုက်ပြီး


 ‘’ ပေါင်ပေါင်, မာမီသင်ပြီးသွားပြီ’’


ကျိရှောင်ကျိုး လဲ သူ့မာမီအတွက် အရမ်းပျော်ရွှင်သွားပြီး ထန်ထန် ကိုပြန်နမ်းကာ လက်မအကြီးကြီးထောင်ပြလိုက်ပြီး “ မာမီက အရမ်းတော်တာပဲ’’


ကျိယန် က သူတိုတွေရဲ့ ချစ်ဖိုကောင်းတဲ့ အူလည်လည်အပြုအမူတွေကို တိတ်ဆိတ်စွာနဲ့ ပြုံးပြီးကြည့်နေတော့တယ်။