အပိုင်း ၂၁၇-၂၁၈
Viewers 23k

Part 217


ထိုအချိန်တွင် လော့ဟိုင်ချန်ကလည်း လူတွေကိုခေါ်လာပြီး ကျောက်ကျန့်ရှယ်၊ဂျပု၊ဂျပိန်နှင့်သူတို့ကို စောင့်ကြပ်ရန်တာဝန်ယူထားသော စစ်သားအနည်းငယ်လည်း ထိုနေရာတွင် ရှိနေသည်။ ဟန်ချင်စုန့် ကိုမြင်သောအခါ ကျောက်ကျန့်ရှယ်  က ချက်ချင်းအော်ဟစ်လေ၏။


 "ညွှန်မှူးဟန်...ခင်ဗျား ကိုယ်ရေးကိုယ်တာကိစ္စအတွက် လက်စားချေလို့ မရဘူး...ကျွန်တော်တို့အားလုံး အလုပ်ကြမ်းစခန်းကို ရောက်ပြီး သွားပြီ...ဘာလို့ ကျွန်တော်တို့ကို လွှတ်မထားပေးသေးတာလဲ"


ဟန်ချင်စုန့်က သူ့ကိုအာရုံစိုက်ဖို့ရာ ပျင်းလွန်းနေခဲ့သည်။ သူ့ဆီကို လျှောက်သွားပြီး ခပ်တိုးတိုးနှာမှုတ်ကာဖြင့်..

"အစက လုပ်သားပြုပြင်ပြောင်းလဲရေးစိုက်ခင်းက ထောင်မဟုတ်ဘူး...ပြစ်ဒဏ်လျော့ပေါ့ဖို့အတွက် လုပ်သားပြုပြင်ပြောင်းလဲရေးစိုက်ခင်းကိုသွားပြီးရင် စီရင်ချက်ကို ငါးနှစ်ကနေနှစ်နှစ်ထိလျော့ဖို့ဆိုတာ မဖြစ်နိုင်တာမဟုတ်ဘူး...ဥပဒေချိုးဖောက်ချင်ရင်တော့ ပြစ်မှုတစ်ခုထပ်တိုးတာပဲအဖတ်တင်တယ်"


ကျောက်ကျန့်ရှယ်က    အော်ဟစ်ချင်နေဆဲဖြစ်သော်လည်း  လော့ဟိုင်ချန်က  သူ့ပုခုံးကို ပုတ်လိုက်သည့်အတွက် သူ့မျက်နှာက ထိတ်လန့်ဟန်ဖြစ်သွား၏။


 လာရာလမ်းတစ်လျှောက်တွင် လော့ဟိုင်ချန်က သူ့ကို ​​အထူးတလည် မခံစားစေခဲ့ပေ။


များမကြာမီပင် တော်လှန်ရေး ကော်မတီသည် ရှန်ရွေ့လယ်ယာမှ  ပြုပြင်ပြောင်းလဲရေးလုပ်သားများ ထွက်ပြေးခြင်းအတွက် ကြားဖြတ် အစည်းအဝေးကို ကျင်းပခဲ့သည်။ တော်လှန်ရေး ကော်မတီ ညွှန်ကြားရေးမှူးချင်၊ ရှန်ရွေ့လယ်ယာ ၏ညွှန်မှူးစုန့်၊ ခရိုင်ပြည်သူ့ လုံခြုံရေး ဗျူရို၏ညွှန်မှူးဟောင်း၊ လက်ထောက်ညွှန်မှူးလီနှင့်လက်ထောက်ညွှန်မှူးကောင်းတို့လည်း တက်ရောက်ခဲ့ပြီး နှစ်ဘက်လုံးပါဝင်လေသည်။


စာရေးသည် အရင်ဆုံး ထိုကိစ္စ၏ဖြစ်ပုံကို တိကျစွာ ရိုးရိုးရှင်းရှင်း ပြောပြသည်။


ကျန်းဟေးလုက အော်လိုက်၏။


"ဟန်ချင်ဟွ  လွတ်သွားပြီ...အဲ့ဒါက သူ့အစ်ကိုရဲ့ လက်ချက်ပဲ ဖြစ်ရမယ်... မဟုတ်ရင် ကျုပ် သူ့ကို ဒီလောက် တင်းတင်းကြပ်ကြပ် စောင့်ကြပ်ထားတာ သူ ဘယ်လိုလုပ်  လွတ်မြောက်နိုင်မှာလဲ"


ဟန်ချင်စုန့်က  စကားတစ်ခွန်းမှ မပြောဘဲ ထိုင်နေပြီး သူ့မျက်နှာက ရေလိုမျိုး တည်ငြိမ်နေသည်။


 လက်ထောက်ညွှန်မှူးလီက ဆို၏။

"ဟန်ချင်စုန့်... မင်း ဘာပြောချင်လဲ "


 ဟန်ချင်စုန့်က စိတ်မဝင်စားဟန်ဖြင့်သာပြောလေသည်။


 "ကျွန်တော် စိုက်ခင်းမှာ မနေတော့ အခြေအနေ မသိဘူး...အဲ့ဒါကြောင့် ကျွန်တော့်မှာ ဘာပြောစရာမှ မရှိဘူး" 

 

လက်ထောက်ညွှန်မှူးလီ၏အမူအရာက ကြက်သေသေ သွား၏။

သူ သူ...ကျေးဇူးကန်းလိုက်တာ...အရူး


လက်ထောက်ညွှန်ကြားရေးမှူးကောက ပြုံးပြီးပြောသည်။


 "ကျွန်တော်ကလည်း စိုက်ခင်းမှာ မနေဘူး...အဲ့တော့ အခြေအနေကို မသိဘူး... အဲ့ဒါကြောင့် သိတဲ့သူက ပြောပြပေးပါ...ဟန်ချင်ဟွဘယ်မှာလဲ...သူကိုရှာတွေ့ပြီလား" 


ကျန်းဟေးလု စိတ်ဓာတ်ကျနေသည်။မူလက ဟန်ချင်ဟွက ရှန်ရွေ့ ရွာရှိအိမ်သို့ ပြေးမည်မှာ သေချာ၏။ သူ့တွင် အခြားနေရာများသို့ သွားနိုင်စွမ်းမရှိသောကြောင့် စားရေး၊သောက်ရေးနှင့်အိပ်ရေးပြဿနာကို မဖြေရှင်းနိုင်ပေ။


 သူ ရှန်ရွေ့ ရွာကိုသွားသည့်အခါ ဟန်ချင်ဟွကို အစအနလေးပင် ဖမ်းမမိဆိုသည်ကိုမည်သူသိပါမည်နည်း။ ဟန်ချင်ဟွက ရွာမှာ ပုန်းအောင်းနေပြီး ဟန်ချင်စုန့်က ဖုံးကွယ်ထားပေးသည်ဟုသာ ကျန်းဟေးလု ယုံကြည်လေသည်။


"ကျုပ်တို့ရှာပြီးပြီ...အရှာမခံဘူးလေ...အရှက်မဲ့တဲ့လူတွေရှိနေတာပဲဖြစ်ရမယ်"


ဟန်ချင်းယွမ် မနေနိုင်ဘဲထပြောမိတော့၏။


"ဘုရားစူး...ငါတို့ ရွာကတပ်မဟာအတွင်းရေးမှူး... လုံခြုံရေးဒါရိုက်တာနဲ့ အဖွဲ့ခေါင်းဆောင်တွေအားလုံးက လက်ဗွေနှိပ်ပြီး လက်မှတ်ထိုးကြတယ်... ဟန်ချင်ဟွ   ငါတို့ရွာမှာ လုံးဝမရှိဘူး...သူပြန်ပြေးလာရင် ငါတို့ကင်းလှည့်အဖွဲ့က သူ့ကိုရှာပြီး ချက်ချင်းဖမ်းပေးမှာ” 


ပူးတွဲလက်မှတ်ထိုးထားသည့်စာအုပ်လည်း ဒီမှာရှိနေသည်။


 ဗျူရိုအကြီးအကဲဟောင်းက ယင်းကိုကြည့်ပြီး တခြားသူတွေကို ပေးလိုက်၏။


 ဟန်ရုံဖန်က ဟန်ချင်ဟွ  ရွာတွင်မရှိကြောင်း သေချာရန် ရွာတာဝန်ရှိသူများနှင့် စည်းလုံးညီညွှတ်စွာပူးပေါင်းထားသည်။  အာမခံချက်သည် အလွန်အားကောင်း၏။ မည်သို့ပင်ဖြစ်စေ  ဆောင်းဦးကောက်ရိတ်သိမ်းချိန်တွင် ရွာရှိပြည်သူ့စစ်များက နေ့ရောညပါ ကင်းလှည့်ကြပြီး မရှိဟုဆိုလျှင် မရှိ၍ပင်။ ရှာတွေ့ပါက သူတို့အကုန်လုံး အတူတူအပြစ်ဒဏ်ခံမည်ဟုရေးထိုးထားကြသည်။


ဟန်ရုံဖန်၏ ရိုးသားမှု ကြောင့် သူတို့မရှိကြောင်း ယုံကြည်သွားကြ၏။


လော့ဟိုင်ချန်: "အစပိုင်းမှာတော့ ကျန်းဟေး... တပ်စုခေါင်းဆောင်ရဲ့ နယ်မြေမှာ လူတော်တော်များများ အလုပ်လုပ်ကြပြီး သူ့ကို စောင့်ကြပ် နေတဲ့ စစ်သားတွေလည်း ရှိတယ်... ဟန်ချင်ဟွက ထွက်ပြေးနိုင်တယ်ဆိုတော့... သူတို့က တာဝန်ကို လစ်လျူရှုတာပဲဖြစ်ဖြစ် တမင်တကာ အစောင့်အကြပ်လျော့ပေပြီးတော့ထွက်ပြေးခွင့်ပြတာပဲဖြစ်ဖြစ်ဖြစ်ရမယ်...သူတို့ကို ဒီထဲကနေဖယ်ထားလို့မရဘူး"


"မင်းမေယိုးးး..."


ကျန်းဟေးလုက သူ့လည်ပင်းကို ထုကာ အော်ဟစ်လိုက်သည်။


"ကျန်းမြည်းမည်း ... မင်းပါးစပ်ကို သန့်သန့်ရှင်းရှင်းထားစမ်း..." 


လက်ထောက်ညွှန်ကြားရေးမှူးကောက  စားပွဲကို ရိုက်ကာဖြင့်

 "ဒါက မင်းစိတ်ကြီးဝင်ရမဲ့ နေရာလား"


 


 သူ ကျန်းဟေးလုကို ဆူပူရင်းမရယ်မိဘဲမနေနိုင်ပေ။သူ(ကျန်းဟေးလု)က မြည်းချေးတုံးအဖြစ်မွေးဖွားလာခဲ့ပြီး သူစစ်သားဖြစ်သည့်အခါ သင့်တော်သည့်နာမည်ကိုမည်သို့ပြောင်းရမှန်း မသိသဖြင့် သူ၏နာမည်ဆိုးကြီးကို ဘဝတစ်လျှောက်လုံးစာအခေါ်ခံဖို့ရာ စာရင်းသွင်းလိုက်ရသည်။ 


သူကိုယ်တိုင်က မရှက်သော်လည်း သူ့ကိုခေါ်သည့်သူတိုင်းရှက်ရ၏။


ထိုအချိန်တွင် ခရိုင်စစ်တပ်ဌာနမှ ဝန်ကြီးကျန်းက အပြင်ဘက်မှ ဝင်လာပြီး အပြုံးတစ်ခုဖြင့်နှုတ်ဆက်လိုက်သည်။


 "ညွှန်မှူး...ကျွန်တော်လည်း လာနားထောင်မယ်လေ"

ကျန်းဟေးလုက   သူ့ကို မြင်သည်နှင့် ချက်ချင်း တန်းအော်တော့သည်။


 "ဦးလေး...ကျုပ်ကို သက်သေခံပေးပါ့...ကျွန်တော်က  ဘယ်တော့မှမလိမ်ဘူး"


 ဝန်ကြီး၏မျက်နှာ မည်းမှောင်သွားလေ၏။ကျန်းဟေးလုသည် သူ့မိသားစုက တူတစ်ဦးဖြစ်သည်။ စစ်မှုထမ်းရာမထွက်ပြီးနောက် သူ သူ့ကို ရှန်ရွေ့လယ်ယာသို့ အပ်ပေးခဲ့ရသေးသည်။


ရှန်ရွေ့လယ်ယာ၏ အစောင့်တပ်သည် ပုံမှန်စစ်တပ်၏အခွဲဟု ဆိုသော်လည်း တကယ်တမ်းတွင် အတွင်းဘက်ရှိ စစ်သားများအားလုံးက စစ်မှုထမ်းရာမှထွက်လာခြင်း သို့မဟုတ် ပြောင်းရွှေ့ခြင်းခံရသူများဖြစ်ဲကြ၏။ အတိအကျပြောရပါလျှင်  စစ်တပ်ထောက်ပံ့​ကြေးများကို မခံစားရတော့ဟူသည့်အချက်က ၎င်းတို့သည်  ပုံမှန်စစ်တပ်ဖြစ်ဖြစ်လာမည်မဟုတ်ကြောင်း သက်သေပြနေသည်။


 အထူးသဖြင့်  ၎င်းတို့သည် ၎င်းတို့၏ အဆင့်အတန်းကို မြှောက်ပင့်ပြီး အခြားသော စစ်မှုထမ်းဟောင်း များကို မထီမဲ့မြင်ပြုကာ ၎င်းတို့ကိုယ်၎င်းတို့  ပုံမှန်စစ်သားများဖြစ်ကြောင်းပြေရသည်ကိုနှစ်သက်နေကြခြင်း ဖြစ်ပေသည်။ 


 ဝန်ကြီးကျန်းက မျက်နှာထားတင်းတင်းဖြင့်ပြောလိုက်၏။


 "ပြည်သူ့ရေးရာကိစ္စမှာ ကိုယ်ရေးကိုယ်တာဆက်ဆံရေးမရှိဘူး...အများကိစ္စပဲရှိတယ်...  မင်းအမှားလုပ်မိရင် မင်းအဖေတောင် မင်းကို ကာကွယ်မှာမဟုတ်ဘူး" 


 ကျန်းဟေးလု  နည်းနည်းလေး မယုံနိုင်ဖြစ်နေဆဲဖြစ်ပြီး သူ၏မြည်းမျက်လုံးများက ဟန်ချင်စုန့်ကိုစိုက်ကြည့်နေသည်။ သူက(ဟန်ချင်စုန့်) ဟန်ချင်ဟွကို ကို ဖုံးပေး ထားသူဟု သူအမြဲခံစားရ၏။


ယခုအချိန်တွင် လော့ဟိုင်ချန်က ကျောက်အန်းဖျင်  နှင့်ကျောက်ကျန့်ရှယ်တို့က   ကျန်းဟေးလု နှင့် အောက်ကမော်နီတာနှစ်ဦးကို လာဘ်ထိုးရန် ခုန်ပေါက်သွားခဲ့ပြီး ကျောက်ကျန့်ရှယ် ကို အထူးဂရုစိုက်ရန်၊ ဟန်ချင်ဟွကိုအနိုင်ကျင့်ရန် နှင့်ဟန်ချင်ဟွအား အစိအစဥ်ကိုဖိအားပေးနာခံခိုင်းရန်တို့ကို လုပ်ခိုင်းခဲ့သည့် အခြားအထောက်အထားတစ်ခုကို တင်ပြခဲ့သည်။ 


Xxxxxxx

Part 218


မည်သို့ပင်ဖြစ်စေ ကျန်းဟေးလု၏ လက်အောက်ခံ စစ်သားများသည် ကျောက်သားကျောက်တိုင်ကြီးတွေမဟုတ်သလို  လူယုံတွေချည်းလည်းမဟုတ်ပေ။ စိုက်ခင်းတွင် ကျောက်ကျန့်ရှယ်၏ အထူးပြုမူဆက်ဆံမှုသည် အားလုံးသိသာထင်ရှားသောကြောင့် စစ်စစ်ပေါက်ပေါက်အပြစ်ရှာစရာမလိုပါချေ။


 ကျန်းဟေးလု၏ထိန်းချုပ်မှုအောက်တွင်မရှိသူမည်သူမဆိုသက်သေခံနိုင်ပေသည်။


ဟန်ချင်ဟွ ကို ထွက်ပြေးသွားသည့်ညတွင် တစ်စုံတစ်ယောက်က သက်သေပြနိုင်ခဲ့၏။


အဖွဲ့အားလုံးမှ သက်သေအထောက်အထားများ တင်ပြပြီး လူသက်သေများတင်ပြသည်နှင့် တပြိုင်နက် ဂျပုက ကြောက်ရွံ့သွားပြီး ကျောက်ကျန့်ရှယ်ကို ဦးစွာ ဖော်ထုတ်ရန် ပြေးသွားခဲ့သည်။


 "သူ သူကပြောတယ်... သူပြောတာကို ကျုပ်တို့နားထောင်နေသရွေ့ အပြင်မှာရှိနေသလိုပဲ ... အတွင်းထဲမှာ သက်တောင့်သက်သာရှိလိမ့်မယ်... ဟန်ချင်ဟွကို ခြောက်လှန့်၊ အိမ်ကို ထွက်ပြေးခိုင်းပြီး  သူ့ပြစ်ဒဏ်ကို လျှော့ပေါ့ခိုင်းမယ်...မဟုတ်ရင် သူ့ကို နေ့တိုင်းရိုက်မယ်တဲ့..

သူ က ဆောင်းဦးပေါက်ပွဲတော်ညမှာ သဘောတူလိုက်ပြီး နောက်နေ့နေ့လည်မှာ ထွက်ပြေးသွားခဲ့တာပါ...မူလက သူ့ကို ရှန်ရွေ့ရွာကို ထွက်ပြေးပြီး ညွှန်မှူးဟန်အိမ်နားက သတ်မှတ်ထားတဲ့ နေရာတစ်ခုမှာ ပုန်းအောင်ဖို့ သဘောတူထားတာ...ဒီနည်းနဲ့ဆို တပ်စုခေါင်းဆောင်ကျန်းက လူတွေကိုခေါ်ပြီး တိုက်ရိုက်သွားဖမ်းလိမ့်မယ်...ပြီးရင် ဟန်ချင်ဟွက သူ့ဘက်ကနေစပြီး ညွှန်မှူးဟန်က သူ့ကိုထွက်ပြေးလို့ရအောင်ဖုံးပေးထားတာပါဆိုပြီးဝန်ခံလိမ့်မယ်...အဲ့လိုဆို ညွှန်းမှူးဟန်က *မြင်းပေါ် ကနေဆင်းရလိမ့်မယ်"

(T/N–အသာစီးရနေတာကနေ ခံရတဲ့လူဖြစ်သွားလိမ့်မယ်)


အဆုံးနားတွင် ဂျပု၏ အသံက မကြားရလောက်အောင်တိုးသွားခဲ့၏။


ဟန်ချင်စုန့်က နေမြဲနေရာမှာပင် ထိုင်နေပြီး နှုတ်ဆိတ်လျက်ရှိကာ သူ့အမူအရာမှာလည်း ဒေါသထွက်မနေပေ။


ကျောက်ကျန့်ရှယ်  ဒေါသထွက်လွန်း၍  ဂျပုကို သစ္စာဖောက်သည့်အတွက် ကြိမ်းမောင်းခဲ့ပြီး သူ့အသိစိတ်ဝင်လာသောအခါ ဂျပုကို သွေးနှင့်ထွက်အောင် ထိုးပြီးနေလျက် ဂျပုကိုတခြားသူများကခေါ်သွားပြီး   သူကမူ လော့ဟိုင်ချန်၏ ချုပ်ထားခြင်းကို ခံနေရသည်။


ဝန်ကြီးကျန်းက ကျန်းဟေးလုကို စိုက်ကြည့်ရင်း "ပြောလေကွ..."


ကျန်းဟေးလု အနည်းငယ် အပြစ်ရှိသလိုခံစားရ၏။ကျောက်အန်းဖျင်က သူ့ကို လာဘ်ထိုးထားသောကြောင့် သူက ကျောက်ကျန့်ရှယ်ကို ကူညီစောင့်ရှောက်ပေးခဲ့သည်။ ဟန်ချင်စုန့်က ဟန်ချင်ဟွ ကို လွတ်မြောက်အောင် ကူညီပေးချင်နေသည်ဟူသော ကျောက်ကျန့်ရှယ်ဆိက သတင်းကို ကြားလိုက်ရသောအခါ ဟန်ချင်စုန့်ကို သူ့ခြေဖဝါးအောက်မှာ နင်းထားနိုင်လိမ့်မည်ဟု တွေးပြီး အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။ယခင်က သူဘယ်တော့မှ လက်စားမချေနိုင်သည့် ကလဲ့စား၊ယခု အင်မတန် နီးကပ်နေပြီဖြစ်ရာ အဘယ်ကြောင့် သူလက်မလှမ်းဘဲနေနိုင်ပါမည်နည်း။


သူမနေနိုင်ခဲ့ပေ။


သေချာသည်ပင်၊  သူက ပြောရမည်ကို ရှက်နေ သော်လည်း ခေါင်းမော့ထားဆဲဖြစ်ပြီး သမာသမတ်ကျသည့်ဟန်ပန်ဖြင့်

 "ကျုပ် လာဘ်ကို သိမ်းလိုက်ပြီ...ယုံချင်ယုံမယုံချင်နေ" 

၀န်ကြီးကျန်း ဒေါသထွက်လွန်း၍ သူ့ကို ခုန်အုပ်ပြီးသာ ရိုက်ပစ်ချင်၏။


    


လော့ဟိုင်ချန်က   ပြုံးပြီးပြောလိုက်သည်။

 "မင်းက ကျောက်အန်းဖျင် ပေးတဲ့ အကျိုးအမြတ်တွေကို သိမ်းလိုက်ပေမဲ့...မင်းအောက်က လူတွေက မင်းကို မျက်ကွယ်တစ်ဖက်ပဲပြုထားတာပဲ... နောက်ပြီး ခုနက မင်း ညွှန်းမှူးဟန်ကို သံသယရှိတယ်ဆိုတော့  အခု အဲ့ခေါင်းစဥ်ကိုပဲပြန်သုံးကြမလား သိချင်မိတယ်


ကျန်းဟေးလု၏ မျက်နှာမည်းကြီး နီရဲလာပြီး "ကျုပ်က အဲ့ဒီလိုလူမဟုတ်ဘူး"


ညွှန်မှူးတွေပြည့်နေသည်​ အခန်းရှေ့မှာ သူက တကျုပ်ကျုပ်ဖြစ်နေပြီး တခြားသူတွေကို ဂရုမစိုက်ပေ။ ဝန်ကြီးကျန်း  ကိုယ်တိုင်လည်း ချွေးစေးတွေပြန်နေပြီဖြစ်၏။ ဒီမြည်းငတုံးကတော့...


ဟန်ချင်စုန့်က သူကို ဒုက္ခမပေးလိုပေ။ ကျန်းဟေးလုနှင့်ကျောက်ကျန့်ရှယ်တို့က   ပြဿနာမဟုတ်သလို သူ့ရည်မှန်းချက်လည်း မဟုတ်ချေ။


သူ၏ပစ်မှတ်မှာ ကျောက်အန်းဖျင်  ဖြစ်သည်။


သူက လော့ဟိုင်ချန်ကို တစ်ချက်ကြည့်လိုက်၏။


လော့ဟိုင်ချန်က  အကြောင်းအရာကို ချက်ချင်းပြောင်းလိုက်ပြီး အခြားအထောက်အထားတစ်ခုကို လွှဲပြောင်းပေးလိုက်သည်။


 "လေးစားအပ်ပါသော ညွှန်မှူးများနှင့် ဗျူရိုအကြီးအကဲများခင်ဗျာ... ဤသည်မှာ ကျောက်အန်းဖျင်က   ရာထူးကိုသုံးပြီး  နိုင်ငံပိုင်ပစ္စည်းများကို အလွဲသုံးစားလုပ်... လက်တုံ့ပြန်ရန်အတွက် အကြောင်းမဲ့သက်သက် ကေဒါတွေကိုမတရားချောက်ချခဲ့တဲ့  အစိုးရအေဂျင်စီတွေနဲ့ စက်ရုံတွေက အထောက်အထားတွေပါ"


 အထောက်အထားအပုံအထူကြီးအား အားလုံးကို နာမည်၊ မျိုးရိုးအမည်များဖြင့် ခွဲထုတ်ပြီး ကောင်းမွန်စွာ ဖွဲ့စည်းထားသည်။


အလုပ်သမားဝါဒဖြန့်ရေးအဖွဲ့၏ ညွှန်မှူး ကျောက်အန်းဖျင်အနေဖြင့် ယခုလိုလုပ်ဆောင်ရန် မလွယ်ကူခဲ့ပေ။ သဘာဝအတိုင်း  သူ့တွင် အခြားသူများ၏ ပံ့ပိုးကူညီမှုရှိ၏။


 ဤအခန်းထဲက တချို့ပင် တာဝန်ရှိခြင်းကနေမလွတ်ကင်းနိုင်ပေ။


လော့ဟိုင်ချန်၏စကားများသည် ထွင်ထားရုံမျှသာဖြစ်ပြီး စုံစမ်းစစ်ဆေးမှုမှာ လုံလောက်လေသည်။ ကျောက်အန်းဖျင်ကိုသာ စုံစမ်းခဲ့ပြီး အခြားလူများလည်း ပါဝင်ခြင်းမရှိပေ။


ထို့ကြောင့် လက်ထောက်ညွှန်မှူးလီဖြစ်ဖြစ်  ဝန်ကြီးကျန်းဖြစ်ဖြစ် သက်သေကိုတင်ပြသောအခါ၊ ဖတ်ပြီးနောက် နောက်ကျောမှ ချွေးအေးများ ရပ်တန့်သွား၏။


ကျောက်ကျန့်ရှယ်   မှင်တက်သွားသည်။


ဘာလို့လဲ... 


ညွန်မှူးဟောင်းက မျက်မှောင်ကြုတ်ကာ လက်ထောက်ညွှန်ကြားရေးမှူးလီနှင့် လက်ထောက်ညွှန်ကြားရေးမှူးကောတို့ ၏မျက်နှာများကို တစ်ချက်ကြည့်လိုက်ကာ စားပွဲကို ရိုက်လိုက်ပြီး "လျှိုကျန့်ယွမ်..."


 လျှိုကျန့်ယွမ်က အခန်းထဲ တန်းဝင်လာပြီး "ဒီမှာပါ"


 "သွား...ကျောက်အန်းဖျင်ကို မေးဖို့ ခေါ်သွားချေ.... ရှင်းတယ် ဒါက တကယ်ကောင်းတဲ့ နည်းလမ်းပဲ"


  ဝန်ကြီးကျန်းက  မကြာခဏ ချွေးတွေစသုတ်နေလေပြီ။ကျန်းဟေးလုက သူ့တူဖြစ်ပြီး ကျောက်အန်းဖျင်ကလည်း သူ့ကိုလာရှာခဲ့၏။ယခုလိုဖြစ်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ လွယ်လွယ်ကူကူ ဖြေရှင်း၍ရသည့်​ အသေးအဖွဲကိစ္စတစ်ခုဟု သူထင်ခဲ့သည်။ 


 ဟန်ချင်စုန့်မှာ ဤကဲ့သိုသော  လှည့်ကွက်ရှိသည်ကို မည်သူသိပါမည်နည်း။ 


 ပြီးတော့ ဒီလော့ဟိုင်ချန်...


ကွန်မြူနတီမှူးလောက်လေးက ဒီလောက်ကြီးကျယ်တဲ့နည်းလမ်းကို ဘယ်ကရလာတာလဲ...သူက ဒီမှာလည်းစစ် ဟိုမှာလည်းစစ်...သူစစ်ဆေးလို့မရတဲ့နေရာဘာလို့မရှိတာလဲ...


ပြီးတော့ သူကရော ဘာလို့ ဘာမှ မသိရတာလဲ...


သူက လက်ထောက်ညွှန်ကြားရေးမှူးလီကို စိုက်ကြည့်လိုက်သည်။ မင်းတို့ခရိုင်ပြည်သူ့လုံခြုံရေးဗျူရိုက တကယ်ကို သူရဲဘောကြောင်တာပဲ...ကွန်မြူနတီမှူးကို ခေါင်းကို ဇောက်ထိုးလှန်ခွင့်ပြုထားတယ်...မင်းနဲ့ ချိတ်ဆက်ထားတာမျိုး မဖြစ်စေနဲ့ပေါ့ကွာ...


လက်ထောက်ညွှန်ကြားရေးမှူးလီက  မှုန်ကုပ်ကုပ်ကုပ်ကုပ်ဖြစ်နေဆဲပင်။ဤကိစ္စကို သူတကယ်မသိလိုက်ရပါချေ။ ဝန်ကြီးကျန်းက သူ့ကိုကြည့်နေသည်ဟု ခံစားရ၏။ သူက ခပ်တိုးတိုး နှာခေါင်းရှုံ့ကာ လက်ထောက်ညွှန်ကြားရေးမှူးကောကို ကြည့်လိုက်သည်။


သို့သော်လည်း လက်ထောက်ညွန်မှူးကောက သူနှင့် ဘာမှမဆိုင်သလိုပြုမူနေပြီး

 "ဒီလိုကိစ္စမျိုးတွေကို သေချာစုံစမ်းရမှာပေါ့... ဒါက တကယ်ကို ဒေါသထွက်စရာပဲ..."


 သို့သော် ကျောက်အန်းဖျင်ကဲ့သို့သောလူကို မည်သို့စုံးစမ်းနိုင်ခဲ့သည်ကို လူများစွာလည်း သိကြသည်။ လေသံကြားလိုက်တာနဲ့ တန်းမသိဘူးလား...


ဟန်ချင်စုန့်နဲ့လော့ဟိုင်ချန် ကြောင့်တင်ပဲလား...


ညွှန်းမှူးချင်နှင့် ညွှန်ကြားရေးမှူးချုပ်ဟောင်းတို့ မပါဝင်ဟု ပြောပါက သူတို့သေလျှင်ပင် ယုံမှာမဟုတ်ပေ။


ထိုသို့ဖြစ်နေလေရာ  သူတို့ ဘာမှ မသိပါဘဲ အံအားသင့်သွားလိုပဲ ဟန်ဆောင်နိုင်ကြ၏။


 အနာဂတ်မှာ ကိုယ့်အလှည့်မရောက်ရန်အတွက် ကိုယ့်ကိုယ်ကို နည်းနည်းထိန်းပြီး အမြီးကိုခြေထောက်နှစ်ဖက်ကြားမှာညှပ်ပြီးနေရပေမည်။


Xxxxxx