အပိုင်း ၂၁၉-၂၂၀
Viewers 23k

Part 219


 အဆုံးတွင် ညွှန်မှူးစုန့်က ခေါင်းယမ်းကာ သက်ပြင်းချပြီး 

"ငါက အသုံးမကျဘူး..ငါ့နှာခေါင်းအောက်မှာ ဘာဖြစ်သွားမှန်းတောင် မသိလိုက်ဘူး" 


အခြားသူတွေက သူ့ကို့  မြေခွေးအိုကြီးဟု တန်းပြီးကျိန်ဆဲကြ၏။ ခင်ဗျားမသိတာကို ဘယ်သူက အပြစ်တင်နေလို့လဲ...


လုပ်သား ပြုပြင်ပြောင်းလဲရေး လယ်ယာများသည် အဆီများသော အသားများဖြစ်သည်ကို မည်သူကမသိပါသနည်း။ လုပ်သားပြုပြင်ပြောင်းလဲရေးလယ်ယာမှာ  ဆရာကျသူများက စပါးဖြစ်စေ၊ ဆီဖြစ်စေ သို့မဟုတ် အခြားအရာများဖြစ်စေ လုံးဝ ပူစရာမလိုပေ။ 


ခရိုင်ပစ္စည်းဗျူရိုကပင် မျက်နှာချိုသွေးရသည်။


ညွှန်းမှူးစုန့်က ကျန်းဟေးလုကို စိုက်ကြည့်ရင်းအပြစ်တင်လိုက်သည်။


 "မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ငါမင်းကို တပ်စုခေါင်းဆောင်အဖြစ် အရင်ရာထူးချမယ်...သက်သေတစ်ခုမှန်တာနဲ့ ပြီးရင် မင်းနဲ့ပတ်သက်တာတွေ အကုန်ပြန်သိမ်းမယ်...

 နောင်မှာ တခြားသူတွေက ခွေးတွေလို ပြုမူလာလိမ့်မယ်...ငါ့ကိုသူတို့နဲ့ အလုပ်တွဲလုပ်ခိုင်းနေတာလားကွ..."


 ကျန်းဟေးလု၏ မျက်နှာသည် အိုးဖင်ကဲ့သို့ မည်းနက်နေသော်လည်း  ငြင်းဆန်ခြင်း မပြုဝံ့သောကြောင့် ဟန်ချင်စုန့်ဆီကိုသာ စူးစူးဝါးဝါးအကြည့်တို့ ပစ်လွှတ်နိုင်ခဲ့သည်။


ကျောက်အန်းဖျင်က  မတရားမှုဟုဆက်တိုက်အော်ဟစ်နေလျက် သေသည်အထိ ဝန်ခံရန် ငြင်းဆိုနေသော်လည်း သက်သေအထောက်အထားများက ခိုင်လုံပြီး လူသက်သေနှင့် ပစ္စည်းသက်သေများ  အပြည့်အစုံရှိသောကြောင့် ငြင်းဆို၍မရပေ။


 ထို့ကြောင့် သူက အပြစ်မရှိဟုလျှောက်လဲချက်ထုလျှင်ပင်   ပုံမှန်အတိုင်း စီရင်ချက်ချမည်ဖြစ်သော်လည်း ကြီးလေးသောပြစ်ဒဏ်ကို ချမှတ်ခံရမည်ဖြစ်သည်။


 ယခုအချိန်တွင် သေဒဏ်မပေးသေးသရွေ့ ၎င်းတို့သည် အခြေခံအားဖြင့် လုပ်သား ပြုပြင်ပြောင်းလဲရေး လယ်ယာသို့ သွားကြပြီး ခရိုင်ထောင်တွင် ပုံသေထားခြင်း မရှိပေ။


ရှေ့နေရုံးချုပ်နှင့် တရားရုံးကို တော်လှန်ရေးကောင်စီက အစားထိုးလိုက်သောကြောင့် စီရင်ချက်ချခြင်းကို သဘာဝအတိုင်း ခရိုင်တော်လှန်ရေးကော်မတီက  ဆွေးနွေးလေ၏။


 နောက်ဆုံးတွင် ကျောက်အန်းဖျင်တစ်ယောက် တစ်သက်တစ်ကျွန်းပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး သူ၏ပိုင်ဆိုင်မှုအားလုံးကို ပြည်သူပိုင် သိမ်းဆည်းခဲ့ကာ သူ့ကို ပြစ်မှုကျူးလွန်သူများနှင့်အတူ ပြုပြင်ပြောင်းလဲရန် ရှန်ရွေ့လယ်ယာသို့ ခေါ်ဆောင်သွားခဲ့သည်။


ကျောက်ကျန့်ရှယ်က ကြံရာပါများနှင့် ပူးပေါင်းကာ ပြည်သူ့လုံခြုံရေးဝန်ထမ်းကို သူ၏တရားဝင်အလုပ်တွင် မတရားချောက်ချခဲ့သဖြင့် ပြစ်မှုတစ်မှုထပ်ပေါင်းကာ ပြီးခဲ့သည့်ငါးနှစ်ကို သုံးနှစ် ထပ်တိုးခဲ့၏။


 ဂျပုက ဝန်ခံသည့်အတွက် သက်သက်ညှာညှာဖြင့်  သူ၏ပြစ်ဒဏ်ကို တစ်နှစ်လျော့ပေါ့ပေး ခဲ့သည်။


 ကြံရာပါအဖြစ် ဂျပိန်က နောက်ထပ် ထပ်ဆောင်းထောင်ဒဏ်တစ်နှစ် ကျခံခဲ့ရ၏။


 ဟန်ချင်ဟွ ထွက်ပြေးခဲ့သည့်အတွက် နောက်ထပ် ထောင်နှစ်နှစ် ထပ်မံကျခဲ့ခံရသော်လည်း သွယ်ဝိုက်သော ကောင်းမှုဆောင်ရွက်ချက်များအတွက် ထောင်ဒဏ် တစ်နှစ် လျှော့ချခဲ့သည်။

(သူထွက်ပြေးလို့ဖမ်းမိ)


 သူဥပဒေကို ချိုးဖောက်ကြောင်း သိသဖြင့် ကျန်းဟေးလုကို မော်နီတာအဖြစ်  ရာထူးချခဲ့ပြီး  လုပ်သားပြုပြင်ပြောင်းလဲရေးဝန်ထမ်းများနှင့်အတူ နေထိုင်၊စားသောက်၊ အလုပ်လုပ်ရမည်ဖြစ်ကာ ဝန်ထမ်းများ၏ ဦးစားပေးဆက်ဆံမှုကို နှစ်နှစ်ကြာအောင် မခံစားရတော့ပေ။


 ဝန်ကြီးကျန်းက ပါဝင်ပတ်သတ်ခြင်း မရှိသော်လည်း ညွှန်မှူးများက သူ့ကို မကြင်နာသော မျက်လုံးများဖြင့် ကြည့်ကြပြီး ယင်းက သူ့ကို ကြောက်လန့်သွားစေသည်။


    ...


    ...


 တော်လှန်ရေးကော်မတီ၏ထောင့်ရှိရုံးတွင်..


လင်းလန် စီရင်ချက်၏ရလဒ်ကို ဟန်ချင်စုန့်ကသူမအား ပြောပြသည်ကိုကြားရပြီးနောက် မနေနိုင်ဘဲ မေးလိုက်မိ၏။


 "ကျောက်အန်းဖျင်  စုဆောင်းထားတဲ့ငွေဘယ်လောက်ရှိလဲ"


ဟန်ချင်စုန့် : "ယွမ် 30,000 ကျော်နဲ့ လက်မှတ်တစ်ဘူး"


 "ဝိုးးး..." 

လင်းလန် အံ့အားသင့်သွားသည်။  

ယွမ် 30,000 ...

အလုပ်သမား ဝါဒဖြန့်ရေးအဖွဲ့ရဲ့ညွှန်မှူးတစ်ယောက်လောက်ကလေ...

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံကို စတင်တည်ထောင်သည့်အစောပိုင်းကာလတွင် ယွမ် ၂၀၀၀၀ကြောင့် သူပစ်သတ်ခံရနိုင်၏။


  "သူတကယ်လုပ်နိုင်တာပဲ"


 သူမက မိသားစုဝင်ကောင်းတစ်ဦးမဟုတ်ဘဲ သူ့ကို ငွေရှာရန် တွန်းအားပေးနေသည်ဟု ထင်မည်စိုးသဖြင့် သူမ ဟန်ချင်စုန့်ကိုကမန်းကတန်းပြုံးပြကာ

 "ကျွန်မက လောဘမကြီးပါဘူး...ဒါက ကျွန်မရထားတဲ့ ပိုက်ဆံမဟုတ်ဘူး... ကျွန်မဘယ်လောက်ပဲ ဝင်ငွေရှိနေပါစေ လောဘကြီးလို့မရဘူးလေ...ကဲ ကျွန်မမှန်လားမှားလားပြော"


ဟန်ချင်စုန့်: “လိုအပ်တယ်”


သူ ကျောက်အန်းဖျင်နှင့်သူ့အစ်ကိုကြီး တစ်ဦးတည်းသောသားကို အလုပ်ကြမ်း စခန်းကို ပို့သည်ကို မမြင်ခဲ့ရပေ။


 လင်းလန် သူယခုလို လေးလေးနက်နက်ပြောသည် ကြားလိုက်ရသောအခါ မနေနိုင်ဘဲ  ရယ်မိလိုက်တော့၏။


 "ကျောက်အန်းဖျင်  တစ်ယောက်တည်း ဒီလောက်အများကြီး မလုပ်နိုင်ဘူးထင်တယ်..

  သူ့မိန်းမနဲ့ တခြားလူတွေ မပါဘဲနဲ့ လုပ်လို့မရဘူး... စိတ်မပူပါနဲ့...အနာဂတ်မှာ ရှင်ဘာပဲလုပ်လုပ် ကျွန်မနဲ့ ကျွန်မသားသမီးတွေက  ရှင့်ကိုဆွဲမချဘူးလို့ ကတိပေးတယ်...သူတို့က ကျွန်မထိန်းချုပ်မှုအောက်ကနေဘယ်တော့မှ ထွက်သွားမှာမဟုတ်ဘူး... ကျွန်မ ရှင့်အတွက်  နောက်ဖေးတံခါးကိုစောင့်ကြည့်နေပေးမယ်"


ဟန်ချင်စုန့်က သူမလက်ကိုဆွဲပြီး ဖျစ်ညှစ်လိုက်ကာပြောလိုက်သည်။


 " ကျေးဇူးတင်ပါတယ်” 


  လင်းလန်  ဥပဒေကို လိုက်နာပြီး အခွင့်ကောင်းမယူဘဲ ကောင်းကောင်းလုပ်ဆောင်ရမည်ဖြစ်သော်လည်း ကိုယ်ပိုင်သည့် အရာအတွက် တိုက်ပွဲဝင်ရမည်ပင်ဟု တွေးကာထပ်ပြောလိုက်ပြန်၏။


 “ကျွန်မတို့ မပိုင်တဲ့ ပိုက်ဆံကို မလိုချင်တာ...ကျွန်မတို့က ကျွန်မတို့ပိုင်တဲ့အရာကိုကျ မပြတ်မသားဖြစ်နေလို့မရဘူး... ကျွန်မတို့ အရှုံးလည်းမခံနိုင်ဘူး...ရှင်က အကောင်ကြီးကြီး ကြမ်းပိုးကိုဖမ်းမိထားတာဆိုတော့ ခရိုင်က ဆုပေးမှာလား"


ဆုရှိပါက စိတ်အားလှုံ့ဆော်မှုလည်းရှိမည်ပင်။


လင်းလန်၏ မျက်လုံးများပ တောက်ပနေ၏။


ဟန်ချင်စုန့်   သူမကို ကြည့်၍ မနေနိုင်ဘဲ  သူမခေါင်းကို  လက်မြှောက်ကာ ထိလိုက်ပြီး 

"ဟုတ်တယ်"


လင်းလန် သက်တောင့်သက်သာရှိသလိုခံစားရသည်။


သူမက ချက်ချင်းပဲ အနီရောင် ပိတ်ကျဲပဝါတစ်ထည်ကို ထုတ်လိုက်ပြီး

 "ကြည့်... အရမ်းလှတယ်"


ဟန်ချင်စုန့်က ခေါင်းညိတ်ပြီး "လှတယ်"


  "အခုပဲ အဲဒီအမျိုးသမီးရဲဘော်နဲ့ ကျွန်မ ထောက်ပံ့ရေးနဲ့ရောင်းဝယ်ရေး အေဂျင်စီကို သွားခဲ့တယ်... သူနဲ့နေရတာ အရမ်းအဆင်ပြေတယ်...ကျွန်မ သမီးအတွက် ပိတ်ကျဲစတစ်ထည်ဝယ်ခဲ့တယ်...ပဝါက နည်းနည်းဈေးကြီးတယ်...တစ်ယွမ်နဲ့ဆင့်နှစ်ဆယ် ကျတာ... အပြန်မှာ ကျွန်မ စိတ်ဆင်းရဲနေတုန်းပဲ...ဒါပေမဲ့ အခုရှင်က ဆုရှိတယ်ပြောတော့ စိတ်က ပိုကောင်းလာတယ်" 

သူမ အလွန်ချဲ့ကားနေသောအမူအရာဖြင့် ပြောပြောဆိုဆို  သူ့ရင်ဘတ်ကို ပွတ်သပ်လိုက်သည်။


    


 မိုင်စွေ့က ဟန်ချင်စုန့် လင်းလန်အတွက် ဝယ်ပေးခဲ့သော  ပိတ်ကျဲစလေးဖြင့် ပတ်ထားသည့် ပန်းရောင်ပဝါကို မြင်ပြီး သူမလည်း လိုချင်သွားသည်။ လင်းလန်က သူ့မကို ပေးချင်ပေမဲ့ ဟန်ချင်စုန့် က မပျော်မရွှင် ဖြစ်နေမလားသိချင်သည့်အတွက် မိုင်စွေ့ကို သူမအတွက် နောက်ထပ် အနီ သို့မှမဟုတ် အဝါရောင်တစ်ထည် ဝယ်ပေးမည်ဟု  ချော့လိုက်၏။ မိုင်စွေ့က ၎င်းကို စောင့်မျှော်နေခဲ့သည်။


 ထောက်ပံ့ရေးနှင့်ရောင်းဝယ်ရေး သမဝါယမသို့ သွားသောအခါတွင် ရွှေအစက်အပြောက် များပါသော အနီရောင် ပဝါတစ်ထည်ကို တွေ့လိုက်သဖြင့် မဝယ်ဘဲမနေနိုင်ခဲ့ပေ။


Xxxxxxx

Part 220


သူမ၏ကလေးဆန်သည့်အမူအရာကိုမြင်သည့်အခါ ဟန်ချင်စုန်၏ မျက်လုံးများ ကွေးညွတ်သွားတော့၏။  


"အခုကစပြီး ကိုယ်ကပိုက်ဆံရှာဖို့တာဝန်ယူမယ်... မင်းက သုံးဖို့ တာဝန်ယူ"

 

ဘယ်လို ဘယ်လို...  လင်းလန်က တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။


ဒါက သူမကို ပြောနေတာလား...


ဟန်ချင်စုန့်က သူ့အကြည့်ကို လှည့်လိုက်ရာ ရှောင်ဝမ်က ကြက်ပေါက်လေး ဆန်စေ့ကောက်နေသလို ခေါင်းငုံ့နေသည်ကိုတွေ့လိုက်ရ၏။ ခေါင်းလေးက လှုပ်တုပ်တုပ်ဖြစ်နေပြီး သူ ဘာလုပ်နေမှန်းကိုသူမသိပေ။ 


  "ရှောင်ဝမ်  သား ဘာလုပ်နေတာလဲ" ဟု သူကမေးလိုက်သည်။ 


ရှောင်ဝမ်က သူ့ခေါင်းကို မော့လိုက်ပြီး 10 အပါက် *Bakelite ဘာဂျာလေးကို ကိုင်ကာ ပျော်ရွှင်စွာ ဆို၏။

 "မားမား သားအတွက် ဝယ်ပေးထားတာ...ကောင်းတယ် နားထောင်ကြည့် " 

 (T/N–ပလက်စတစ်အမာတမျိုး)


အခု အဖေက တွေ့သွားပြီဖြစ်သဖြင့်  နောက်ဆုံးမှာ သူ စိတ်အေးလက်အေးဖြစ်သွားသည့်အသံလေးပြုလိုက်ပြီး ဘာဂျာကို ပါးစပ်မှာတေ့၍ မှုတ်လိုက်ရာ ချက်ချင်း သာယာနာပေါ်ဖွယ်အသံလေးထွက်ပေါ်လာကာ ယင်းက ပုလွေသံထက်ပိုပျော်စရာကောင်းလေသည်။


လင်းလန်က ကပျာကသီ ဆိုလိုက်၏။

 "ဒီတစ်ခုက လက်မှတ်မလိုပါဘူး...48 ဆင့်ပဲရှိတာ...အရမ်းစျေးသက်သာတယ်" 


 ဟန်ချင်စုန့်က ကလေးတစ်ယောက်  အတွက် ဤပစ္စည်းဝယ်သည်က ပိုက်ဆံဖြုန်းခြင်းဟုထင်မှာစိုးသည့်အတွက်   လင်းလန်က အလျင်အမြန် ပြောလိုက်ခြင်းပင်။


 ဟန်ချင်စုန့်က ခေါင်းညိတ်ပြီး

 "အရမ်းကောင်းတယ်"


ရှောင်ဝမ်  သူ့အဖေက သူ့ကို ကောင်းကောင်းမှုတ်၍ ချီးကျူးသည့် ထင်ပြီး မျက်လုံးရွဲကြီးများဖြင့်ပြုံးကာ အလွန်အမင်း ဂုဏ်ယူနေခဲ့သည်။


လင်းလန်က ပြုံးပြီးဆို၏။

 "ပြန်ရင် ဆရာဟောင်ကို ဘာဂျာတီးနည်းကို သင်ခိုင်းလိုက်နော်"


 သူမ နာရီကို လှမ်းကြည့်လိုက်ရာ လေးနာရီထိုးခါနီးနေလေပြီ။

 "အစည်းအဝေးက ပြီးပြီလား"


 ဟန်ချင်စုန့်က ခေါင်းညိတ်လိုက်သည်။


 " ပြီးခါနီးပြီ...မနက်ဖြန် ကျန်တာတွေ အဆုံးသတ်မှာ... ဒီနေ့ အိမ်ပြန်လို့ရပြီ"


ထိုအချိန်မှာ လျှိုကျန့်ယွမ်ရောက်လာပြီး သူ့ကို နှုတ်ဆက်လိုက်သည်။


"ခေါင်းဆောင်ဟန်... ကျောက်အန်းဖျင် လောဘကြီးထားတဲ့ပစ္စည်းတွေကို ရှင်းပြီး စာရင်းပြုကြစို့...အတူတူသွားချင်လား"


သူက ဟန်ချင်စုန့်ကို အချက်ပြပေးနေခြင်း ဖြစ် ပြီး ယင်းက ထုံးစံတစ်ခုပင်။သူသွားပါက မြင်သည့်သူတိုင်းက ဝေစုတစ်ခုစီရမှာဖြစ်ပြီး ကျန်သည်ကို စာရင်းသွင်း၍ ပြည်သူပိုင်သိမ်းပေလိမ့်မည်။


သို့ပေမဲ့ ဟန်ချင်စုန့်​က ဆိုလာသည်။  "ကျေးဇူးတင်ပါတယ်...နောက်ကျနေပြီ... ငါသူတို့ကို အရင်အိမ်ပြန်ပို့လိုက်ဦးမယ်"


 လျှိုကျန့်ယွမ် ဟန်ချင်စုန့်နားလည်မလည် မသိသဖြင့် ဘာမှမပြောဘဲ အလုပ်အရင်သွားလုပ်လိုက်၏။


 ဟန်ချင်စုန့်က သူဝယ်ထားသော ဟင်းသီးဟင်းရွက်များကို ထုပ်ပိုးပြီး လင်းလန်  ကိုင်တွယ်ရန်အတွက် ပြန်ယူလာကာ စက်ဘီးကို တွန်းသွားခဲ့သည်။


 ခဏအကြာတွင် ဟန်ချင်းယွမ်လည်း ထွက်လာပြီး ကျန်းဟေးလုပါ သူနှင့်အတူရှိနေ၏။


 ကျန်းဟေးလုက ရာထူးထုတ်ပယ်ခံရသော်လည်း  ရှက်ရမ်းရမ်းကာ  ဒေါသမထွက်သွားဘဲ ကျုပ်မကြောက်ဘူးဟူသည့်ဟန်ပန်ပြုမူနေသည်။ 


ဟန်ချင်စုန့်ကိုတွေ့သည့်အခါ သူက ပြေးလာပြီး "ဟန်ချင်စုန့် မင်းမှာ အရည်အချင်းရှိရင် စိုက်ခင်းကို လာခဲ့ ...ပြိုင်ရအောင်"


 လော့ဟိုင်ချန်က   နောက်ကလိုက်လာပြီး 

"ငါ့ကိုတောင် ဆွဲချနိုင်လို့လား...ငါ့ကို အရင်လာနိုင်အောင်လုပ်ပါဦး"


ကျန်းဟေးလု လက်မခံနိုင်ဖြစ်သွားပြီး ဒေါသထွက်နေဟန်ပင်။


ရှောင်ဝမ် : "ဟေးလောင်ဇီ ဘန်း ဘန်း ဘန်း..."


ကျန်းဟေးလု  : ...ဟန်ချင်စုန့် မင်းအမေကြီး... မင်းသားက တခြားသူတွေကို အနိုင်ကျင့်လိမ့်မယ်...


မကြာခင်မှာပဲ ကျောက်ကျန့်ရှယ်နှင့်ကျောက်အန်းဖျင်တို့လည်း အစောင့်အကြပ်များနှင့်အတူရောက်လာ၏။


ကျောက်ကျန့်ရှယ်က လက်ထိတ်ဝတ်မထားသော်လည်း ကျောက်အန်းဖျင်  လက်နှစ်ဖက်ကို နောက်သို့လိမ်ကာ လက်ထိပ်ခတ်ထားသည်။


 ထိုအချိန်တွင် ၎င်းတို့ကို ခေါ်ဆောင်ရန် ကားမရှိသလို စက်ဘီးဖြင့် ပို့ရန်လည်း မဖြစ်နိုင်သောကြောင့်  ခြေလျင်ခေါ်ဆောင်သွားခဲ့သည်။


 သူ့မျက်နှာမှာ စိတ်ပျက်အားငယ်နေတဲ့ပုံပေါက်နေပေမဲ့ သူကရေရွတ်နေသေး၏။


 "ငါ ဝန်ခံမှာပါ...ငါမှာအပြစ်ရှိတယ်...ငါဝန်ခံမှာပါ...ငါမှာ အပြစ်ရှိတယ်" 


 သို့ပေမဲ့  သူက ဟန်ချင်စုန့်ကို ဖုန်းကွယ်ထား၍မရအောင်   မကျေမနပ် ကြည့်နေလေသည်။ 


ဟန်ချင်စုန့်က မျက်ခုံးအသာပင့်လိုက်ပြီး 

"ခင်ဗျားရဲ့ လက်မှတ်နဲ့ ပိုက်ဆံတွေကို ရေတွက်ပြီးပြီလား"


ကျောက်အန်းဖျင်  : "..."


 တစ်ချိန်လုံး သာယာစိုပြေနေသည့် သူက ရွှံ့ ခြေထောက်များနှင့် စစ်မှုထမ်းဟောင်းတစ်ယောက် လက်ထဲကို ကျရောက်သွားလိမ့်မည်ဟု မည်သူကထင်ပါမည်နည်း။ 


သူမျက်ရည်မကျဘဲ ငိုချင်နေပြီး ဒေါသထွက်လွန်း၍  သေတော့မည်။


တူဖြစ်သူကို မထုတ်နိုင်သည့်အပြင် သူ့ကို ပြန်ထည့်ခြင်းကို သေသည်အထိ မုန်းတီးသော်လည်း စကားတစ်ခွန်းမှ မပြောနိုင်ပေ။


*စိမ်းလန်းတဲ့ တောင်တန်းတွေက မပြောင်းလဲဘူး... စိမ်းလန်းတဲ့ရေတွေ အမြဲစီးဆင်းနေတယ်.. ​​ဒီလောင်ဇီ မင်းကို စောင့်နေမယ် မအေပေး...

(T/N–ပြောင်လဲမှုကြီးကြီးမားမားတွေ ဖြစ်နေဟန်ရှိပေမဲ့ အခြေအနေအစစ်အမှန်က အရေးကြီးတဲ့အရာဘာတစ်ခုမှ များများစားစားပြောင်းလဲသွားခြင်းမရှိ)


လော့ဟိုင်ချန်က လင်းလန်  နှင့် ရှောင်ဝမ်ကို  မကျေမနပ်မျက်လုံးများဖြင့် စိုက်ကြည့်ကာ ကျောက်အန်းဖျင်၏ ခေါင်းကို ရိုက်လိုက်သည်။


 "မင်းက ဘာကြည့်နေတာလဲ...စိုက်ခင်းသွားတဲ့အခါ မင်းမှာ ဘာမှလုပ်စရာမရှိဘူးလို့ မထင်လိုက်နဲ့...တိုင်းတစ်ပါးက  သူလျှိုတွေရှိမရှိ စစ်ဆေးကြည့်ရမယ်"


အစောင့်အကြပ်ဝန်ထမ်းအားလုံးကို လော့ဟိုင်ချန်က  ခေါ်ဆောင်လာခြင်းဖြစ်ပြီး မည်သို့ပင်ဖြစ်စေ  သူတို့က ရှန်ရွေ့ ကွန်မြူနတီသို့ သွားမည်ဖြစ်ရာ ခရိုင်ပြည်သူ့လုံခြုံရေးဗျူရိုက ဤမျှနောက်ကျသည့်အချိန်မှာ တစ်စုံတစ်ယောက်ကို လိုက်ပို့ရန်အလုပ်ရှုပ်မခံလိုပေ။


ကျောက်ကျန့်ရှယ်က ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ရုတ်တရက် လဲကျသွားသည်။


 "ဟန်ချင်စုန့် မင်းက လူမဟုတ်ဘူး..မင်းညီကိုတောင် လှည့်စားခဲ့တာ... မင်း ဟန်ချင်ဟွ နဲ့ ပူးပေါင်းပြီး ငါတို့ကို အန္တရာယ်ဖြစ်အောင် တမင်ထောင်ချောက်ဆင်ထားတာမဟုတ်လား...ငိုး.. မင်းအမေ...

မင်းဘာလို့အဲ့လောက် စိတ်ပုတ်ရတာလဲ"


လော့ဟိုင်ချန်က သူ့ကိုထကန်လိုက်သည်။


 "ငါ မင်းကို ကြည့်နေတာ... ​​မဟုတ်ရင် မင်း စိုက်ခင်းမှာ ဒီလောက်အဆင်ပြေနိုင်မယ်လို့ မင်းထင်နေတာလား... အရှက်မရှိလိုက်တာမင်းက နေရာတိုင်းမှာ မင်းမိသားစုက အကုန်လုံး  ကောင်းကင်ကို လက်တစ်ဖက်တည်းနဲ့ အုပ်ထားတယ်လို့  မင်းကတကယ်ထင်နေတာပဲ"


ကျောက်အန်းဖျင်က အလျင်အမြန် အသနားခံလိုက်သည်။


 “ကပ္ပတိန်လော့ လက်ကို မြင့်မြင့်ထားပါ...အပြစ်ကင်းသူကို သနားညှာတာမှုပြပါ..."


 လော့ဟိုင်ချန်က  လှောင်ပြောင်ပြီး “ကလေး...သက်ညာမှုပြသရမယ် ဟုတ်လား"


ကျောက်အန်းဖျင်  ရာထူးကို ဘယ်လိုရောက်လာတာလဲ၊ လူဘယ်နှစ်ယောက် အပြစ်ပေးခံရလဲ၊ လူ ဘယ်နှစ်ယောက်က အတိုက်ခိုက်ခံရသလဲ... လူဘယ်နှစ်ယောက် အလုပ်ကြမ်းစခန်းကို အပို့ခံရသလဲ၊ မိသားစုဘယ်နှစ်စု ပြိုကွဲပြီး အိမ်ဘယ်နှစ်အိမ် အကူးခံလိုက်ရသလဲ...


သူ့မှာ သဲလွန်စမရှိဘူးထင်နေလား...


 အခုဘာတွေပြောနေတာလဲ ...အပြစ်ကင်းတယ်ဟုတ်လား...ရွံစရာကာင်းလိုက်တာ...


 

    xxxxxx