အပိုင်း ၂၂၁-၂၂၂
Viewers 23k

Part 221


ယခုလိုလူမျိုးက ရေထဲက ခွေးလို ဘယ်တော့မှ ပြန်မလှည့်နိုင်အောင် ပြင်းပြင်းထန်ထန် ရိုက်နှက်သင့်သည်။


 အပေါ်ယံမှာတော့ ကျောက်အန်းဖျင်က ဘယ်တုန်းကမှ ကြီးစိုးပြီး ရက်စက်ကြမ်းကြုတ်တဲ့လူမဟုတ်ခဲ့ပေ ၊ ဆန့်ကျင်ဘက်အနေဖြင့် လူတိုင်းကို အမြဲပြုံးပြပြီး သူ့ညီအစ်ကိုတွေကို မြှောက်ပင့်ရန့် ဦးညွှတ်ခေါင်းညိတ်ပြပြီး သူ့ဆီကနေ အပြစ်ပေးခံရပြီးနောက် သူ့ကို မရှက်နိုင်သည့် သူငယ်ချင်းကောင်းတစ်ယောက်ပင် ရှိပါသေး၏။  ယခုအခါတွင် သူ သူ၏အာဏာကို ဆုံးရှုံးသွားသောအခါ သဘာဝအတိုင်းပင် ပို၍ပို၍ ပျော့ညံ့လာသည်ကို တွေ့ရလေသည်။သူက ခေါင်းညိတ် ဦးညွတ်ကာဖြင့် လော့ဟိုင်ချန်ကို တောင်းပန်ခဲ့ပြီး အသနားခံနေရ၏။


လော့ဟိုင်ချန်က အေးစက်စွာ ပြောလိုက်၏။ 


 "ကျောက်အန်းဖျင်  မင်းသရုပ်ဆောင်တာကို ရပ်သင့်တယ်... မင်းရဲ့ဇာတ်ရုပ်ကို နားမလည်တဲ့  ညွှန်မှူးဟန် ကလွဲလို့ တခြားဘယ်သူက မသိလို့လဲ...  ရိုးရိုးသားသားပြောရရင် မင်းရဲ့ပိုက်ဆံနဲ့ လက်မှတ်ဘူးတွေက ဘယ်လိုလုပ်ဒီကိုရောက်လာမှာလဲ"


ကျောက်အန်းဖျင်က  ကျောကိုကိုင်းထားပြီး ပုဇွန်တစ်ကောင်ဖြစ်သွားလုမတတ်ဦးညွှတ်ကာ

 "ငါမှာအပြစ်ရှိပါတယ်...ငါအပြစ်ရှိပါတယ်ကွာ..."


 လင်းလန်က မနေနိုင်ဘဲ မေးမိလိုက်သည်။ 


"ရှင့်က ရှင်မှာ ပိုက်ဆံတွေ အများကြီးရှိပြီး ရှင့်တူကိုလည်း အများကြီးချစ်တယ်ဆို... ဘာလို့ သူ့ကို ကျွန်မပိုက်ဆံကို ခိုးခိုင်းရတာလဲ...ကျွန်မရဲ့ တတိယအစ်ကိုက ပိုက်ဆံကို သူ့အသက်နဲ့ လဲယူခဲ့တာ...ရှင်ဘာလို့ ဒီလောက်ဆိုးရတာလဲ...”


 သူမပြောသည့်စကားသည် ကျောက်အန်းဖျင်  နှင့်ကျောက်ကျန့်ရှယ်တို့ တူဝရီးကို ဓားဖြင့်တိုက်ရိုက်ထိုးသလိုပင်။


ကျောက်ကျန့်ရှယ်က   ထိုအချိန်တွင် စတင်ငိုယိုတော့ သည်။


သေလောက်အောင် နောင်တရတယ်...


အဲဲဒီအချိန်တုန်းက သူဘာလို ယွမ်1500ကို ခိုးကိုခိုးရမယ်ဆိုပြီး အစွဲအလမ်းကြီးခဲ့ရတာလဲ...


"ဒါက ခင်ဗျားအပြစ်ပဲ" 


သူက ကျောက်အန်းဖျင်ကို မကျေမနပ် ဆိုလိုက်၏။


 "ကျွန်တော့်ကို  ပိုက်ဆံအများကြီး မပေးခဲ့ဘူး

...အကုန်လုံး  ခင်ဗျားအပြစ်ချည်းပဲ"


ကျောက်အန်းဖျင်လည်း နောင်တရခဲ့သည်။


အမှန်တွင် ကျောက်ကျန့်ရှယ်က ပိုက်ဆံပြတ်လပ်မနေပေ။ သူ့အိတ်ကပ်ထဲမှာ ယွမ်တစ်ဆယ်၊နှစ်ဆယ်ကို မကြာခဏ ဆောင်သွားတတ်၏။ ဤရက်ပိုင်း ယွမ်နှစ်ဆယ်ကိုမဆိုထားနှင့်၊ သူ့အိတ်ကပ်ထဲက  ငါးယွမ်ထုတ်နိုင်လျှင်ပင် အတော်ကောင်းနေလေပြီ။


ထို့အပြင် မိသားစုမရှိ၊ တာဝန်မရှိသော လူငယ်တစ်ယောက်အတွက်၊ ပမာဏများစွာ ပေးရန် မဖြစ်နိုင်ပေ။ ယင်း  မျက်စိဖမ်းစားနိုင်လွန်းကာ မှတ်မိလွယ်ပြီး စုံစမ်းစစ်ဆေးရန်လည်း လွယ်ကူသည်။


ယခုလိုဖြစ်လာမည်ဟု မည်သူသိပါမည်နည်း။ 


ကျောက်အန်းဖျင်က သူဟန်ချင်စုန့်ကို ချောက်ချရန်  အကွက်ချစိစဥ်ခဲ့သည်ကို ပြန်မစဉ်းစားဘဲ မထင်မှတ်ဘဲ ပေါ့လျော့မှုဟုသာ ခံစားခဲ့ရသည်။ ငါ ဟန်ချင်စုန့်ကို လျှော့တွက်ခဲ့တယ်...

ငါသိခဲ့ရင်... မဟုတ်ဘူး ဒီေတာသားက ငါ့ကို ရည်ရွယ်ချက်ရှိရှိ  ပစ်မှတ်ထားတာဖြစ်ရမယ်...


ကျောက်ကျန့်ရှယ်မှာ လွတ်မြောက်ရန် မျှော်လင့်ချက်မရှိကြောင်း၊ သူက အခွင့်ထူးများ ဆုံးရှုံးပြီး အခြားသူများနှင့် အတူ ဒုက္ခရောက်နေရသည်ကို မြင်လိုက်ရသောကြောင့် အရှက်မရှိ မြေပြင်ပေါ်တွင် စတင် လူးလိမ့်တော့သည်။


သူ့မိဘများက တော်လှန်ရေး ကော်မတီ၏ တံခါးဝတွင် ငိုယိုကာ သားဖြစ်သူအား ပြေးဝင် လုယူရန် အပြင်းအထန် ကြိုးပမ်းခဲ့သော်လည်း စောင့်ကြပ်နေသော စစ်သားများက တားဆီးခဲ့ကြသည်။


 "ငါ့သားလေးကျန့်ဟယ်  မင်းဒုက္ခရောက်ရပြီ..." 


သူ့အဖေနှင့်အမေက တစ်ယောက်နှင့်တစ်ယောက် ဝေးကွာနေသလိုမျိုး နှလုံးကြေကွဲမတတ် အော်ဟစ်ငိုကြွေးကြ၏။


ကျောက်ကျန့်ရှယ်က မြေကြီးပေါ်တွင် လှည့်ကွက်ကစားနေဆဲဖြစ်သော်လည်း ကျောက်အန်းဖျင်က စိတ်ဓာတ်ကျနေဟန်ရှိကာ ဘာမှပြန်မပြောပေ။


"ကျောက်ကျန့်ရှယ်...  မင်းမသွားချင်ရင် အလုပ်ကြမ်း စခန်းကို သွားစရာ မလိုဘူး"

 လော့ဟိုင်ချန်က   အေးစက်စွာပြောလိုက်သည်။


ကျောက်ကျန့်ရှယ်က ထိတ်လန့်စွာ သူ့ကိုကြည့်ကာ "မင်းဘာလိုချင်တာလဲ"


 လော့ဟိုင်ချန်က  နှာခေါင်းရှုံ့ကာ "ဖမ်းဆီးတာကို ခုခံလိုက်တာနဲ့  မင်းကို သေနတ်နဲ့ ချက်ချင်း ပစ်သတ်လို့ရတယ်" 


ပြောပြီးသည်နှင့် သူ့သေနတ်ကို လှမ်းကိုင်လိုက်၏။ စစ်သားပေါင်းများစွာလည်း တချွမ်ချွမ်နှင့်တံကျင်ကို ဆွဲထုတ်လိုက်သည် ။


ကျောက်ကျန့်ရှယ်က အလျင်အမြန်  ခုန်ထလာပြီး ယုန်တစ်ကောင်လို ရှေ့​ကိုပြေးကာ အော်ပြောလိုက်သည်။


 "မပစ်နဲ့...ငါသွားတော့မယ်... သွားမယ်..."


လော့ဟိုင်ချန်က ကျောက်ကျန့်ရှယ်ကို ခြောက်လှန့်ပြီးနောက် ဟန်ချင်စုန့်ကို  နှုတ်ဆက်ပြီး သူတို့ကို အရင်ပို့ဆောင်လိုက်သည်။


ဟန်ချင်စုန့်က ဘေးမှာရှိနေသည့် ဟန်ချင်းယွမ်ကိုပြောလိုက်၏။

 "မင်း ကပ္ပတိန်လော့နဲ့ လိုက်သွား" 


ဟန်ချင်းယွမ်က ဝမ်းသာအားရ သဘောတူလိုက်ပြီး 

"မရီး ရှောင်ဝမ်  ကျွန်တော် သွားနှင့်တော့မယ်  "


လင်းလန်က လက်ပြပြီး 

"သွားတော့ မြန်မြန်"


ရှောင်ဝမ်ကမူ ကြက်ပေါက်လေးဆန်စေ့ကောက်သလို   ဘာဂျာကို  အရူးအမူးတီးမှုတ်နေဆဲဖြစ်သည်။


ဟန်ချင်စုန့်တို့ဇနီးမောင်နှံနှင့်သားဖြစ်သူတို့ ခရိုင်ဆေးရုံမှမဟုတ်ဘဲ အခြားလမ်းမှ သွားခဲ့ကြ၏။ လမ်း၏မြောက်ဘက်တွင် ရုပ်ရှင်ရုံနှင့် အလုပ်သမား၊ တောင်သူလယ်သမားနှင့် စစ်သားဇာတ်ရုံတို့ရှိသည်။


လင်းလန် ရင်းနှီးသောရုပ်သဏ္ဍာန်ကို ထပ်မံမြင်ရသောအခါ မနေနိုင်ဘဲ အံသြမိသွား၏။


ဟန်ချင်စုန့်က ချက်ချင်း ဘရိတ်အုပ်ကာ မေးလိုက်သည်။


"ရုပ်ရှင်သွားကြည့်ချင်လို့လား"


လင်းလန် ဒီခေတ် ရုပ်ရှင်တွေကို သိပ်စိတ်မဝင်စားပေ။၎င်းတို့က မကောင်း၍ မဟုတ်ဘဲ အဓိကအားဖြင့် လင်းလန်က အရည်အသွေးမြင့်ပုံရိပ်နှင့် တုံးတိတိလုပ်ဆောင်လျက်စနစ်တို့ကို ကျင့်သားမရသောကြောင့်ပင်။


"ရုပ်ရှင်မကြည့်ပါနဲ့...အဲ့ဒီလူက ကျွန်မတို့ရွာက ရှုယွမ် ဟုတ်မဟုတ် ကြည့်ရအောင်"


ဟန်ချင်စုန့်: "ဘယ်သူလဲ"


လင်းလန်: "...လုံခြုံရေးညွှန်မှူးအိမ်က ကလေးမလေး"


ဟန်ချင်စုန့်က ဆိုသည်။

 “အမ်း....ကောင်းပြီ … ” 


 ခရိုင်ကို လာလည်ပတ်ခြင်း ဖြစ်နိုင်သည်ဟု သူစတင်တွေးမိပြီး ၎င်းနောက် ယခုက  ဆောင်းဦးကောက်ရိတ်သိမ်းချိန်ဖြစ်လေရာ အရေးကြီးသည့်ဟာတစ်ခုခု မရှိပါက ခွင့်ယူ၍မရပေ။  လုံခြုံရေးညွှန်မှူးက အမြဲတမ်းတာဝန်ယူထားရ၏။ မိသားစုက ဥိးဆောင်ပြီး ခွင့်ယူရန်ကား ဝေးရော့ပင်။


တစ်ခုခုတော့ ရှိရမယ်...


ယနေ့ သူနှင့်ဟန်ချင်းယွမ် ခရိုင်ကို ရောက်သည့်အခါမှာ လုံခြုံရေးညွှန်မှူးက ကြီးလေးသည့်ကိစ္စရှိပါက သူတို့ကို အပ်မည်ဆိုခြင်းကို အသေအချာသိပေသည်။ သူတို့ကို မအပ်သည့်အတွက် ရှုယွမ် တစ်ယောက်တည်း ဒီကို ရောက်လာခြင်းပင်။


 ဒီကို တစ်ယောက်တည်း လာခဲ့ပါက အခြေအနေတစ်ခုရှိရမည်ဖြစ်၏။


ဤအခြေအနေက များသောအားဖြင့် ကောင်းသောကိစ္စမဟုတ်နိုင်ပေ။


လင်းလန်ကဆိုလိုက်သည်။

"ခဏစောင့်... ကျွန်မ နှုတ်ဆက်လိုက်မယ်"


ထုံးစံအတိုင်း လင်းလန်က တခြားသူတွေ၏ကိစ္စမှာ ဝင်စွက်ဖက်လိုစိတ်မရှိသော်လည်း ဆေးရုံမှာ လျှိုရှုယွမ်က စိတ်ကယောက်ကယက်ဖြစ်နေသည့်ပုံပေါက်နေသည်ကို သူမမြင်ခဲ့ရပြီး ယခု ရုပ်ရှင်ရုံ၏ တံခါးဝကို ရောက်နေပြန်၏။တစ်ခုဖြစ်နေခြင်း ဖြစ်နိုင်လေသည်။


လုံခြုံရေးညွှန်မှူး၏သမီးဖြစ်သူ လျှိုရှုယွမ်က လူတိုင်းအပေါ် ကောင်းသောမိန်းကလေးတစ်ဦးဖြစ်၏။သူမက လိမ္မာရေးခြားရှိပြီး ဉာဏ်ရည်ထက်မြက်သူ၊ အနေအေးပြီး ကြင်နာတတ်သူဖြစ်သည်။ သူ့ကိုမြင်တိုင်း သူမက ခပ်ဖျော့ဖျော့ပြုံးပြပြီး ဘယ်တော့မှ ရှက်သွေးဖြာသွားခြင်းမရှိပေ။


ရွာမှာ ဇီဇာအကြောင်ဆုံးနှင့်ဆက်ဆံရ အခက်ဆုံးလူကပင်  သူမက မကောင်းဘူးဟု မပြောနိုင်ချေ။


အကြောင်းမှာ   သူမက လူတိုင်းအပေါ် ကြင်နာတတ်ပြီး အကူအညီလိုအပ်နေသူတိုင်းကို ကူညီတတ်သောကြောင့်ဖြစ်သည်။


လင်းလန်ပင်လျှင် သူမအကူအညီကို အရင်က လက်ခံခဲ့ဖူး၏။


Xxxxx

Part 222


မူလပိုင်ရှင်ဖြစ်သူ လုချွမ်းဖန်နှင့် ရန်ဖြစ်ခဲ့ပြီး ရှောင်ဝမ်ကို လမစေ့ဘဲမွေးဖွားခဲ့သည့်နှစ်တုန်းကဖြစ်လေသည်။ 


 မူလပိုင်ရှင်က အဖွားကြီးဟန်နှင့် အခြားသူများဖြင့် ရန်ဖြစ်ပြီး စိတ်ကောက်ကာ ပြေးထွက်လာခဲ့၏။ သို့သော်လည်း ဘယ်သူမှ သူမကို နည်းနည်းမျှ ဂရုမစိုက်ကြချေ။ပထမချွေးမဟန်က  ကလေးတွေအား သူမကိုရှာခိုင်းချင်ခဲ့ပြီး သူမ အဖွားကြီးဟန်၏ ဆူပူကြိမ်းမောင်းခြင်းကို ခံခဲ့ရသည်။


အဆုံးတွင် မူလပိုင်ရှင်သည် ဗိုက်ဆာဆာနှင့်ချမ်းအေးစွာနေခဲ့ရပြီး ဆာလောင်မှုကြောင့် မူးလဲလုနီးပါး ဖြစ်ခဲ့ရသည်။


ယင်းက လျှိုရှုယွမ်  ဖြတ်သွားခဲ့သည်နှင့်ကြုံခဲ့ပြီး  ထိုစဥ်က သူမသည် အသက် ဆယ့်နှစ်နှစ် ၊ ဆယ့်သုံးနှစ် အရွယ် ကောင်မလေးတစ်ယောက်သာရှိသေး၏။ လင်းလန်၏ စုတ်ပြဲနေသော အဝတ်အစားများနှင့် ညစ်ပတ်နေသည့်  ခန္ဓာကိုယ်ကို သူမ မကြိုက်ပါပေ။  သူမက မူလပိုင်ရှင်ကိုလေကွယ်သည့်နေရာသို့ရွေ့ရန် ကူညီပေးခဲ့ပြီး သူမ၏ကိုယ်ပိုင်ကန်စွန်းဥပူပူလေးကို ပေးခဲ့သည်။ 


လင်းလန် အအေးဒဏ်ကြားထဲက ဤနွေးထွေးမှုကို အမှတ်ရနေဆဲဖြစ်ပြီး လျှိုရှုယွမ်ကို အလွန်ကျေးဇူးတင်မိ၏။


ထို့ကြောင့် လျှိုရှုယွမ်တစ်ခုခုလုပ်စရာရှိလျှင် သူမအနေဖြင့်  သဘာဝအတိုင်း ကူညီလိမ့်မည်ပင် ။


ဟန်ချင်စုန့်က စက်ဘီးကိုရပ်လိုက်ပြီး သူမကို သွားခိုင်းလေသည်။


လင်းလန်  အိတ်ကို ဟန်ချင်စုန့်ထံ ပေးလိုက်ကာ ထမင်းဘူးထဲက အစားအသောက်ကို ဂရုစိုက်ရန် ပြောပြီးနောက် လျှိုရှုယွမ်ဆီကို ပြေးသွားခဲ့၏။


"ရှု​ယွမ်...တကယ်ကို နင်ပဲ...ငါလူမှားနေတယ်ထင်တာ "ဟု လင်းလန်က   ပြုံးပြီးပြောလိုက်သည်။ 


 လင်းလန်ကို ကိုမြင်သောအခါ လျှိုရှုယွမ် ခဏလောက် ထိတ်လန့်သွားပြီး သူမ၏မျက်နှာက ပြောင်းလဲသွားကာ မကောင်းသည့်ဟာ တစ်ခုခု လုပ်နေစဥ် လူမိသွားသကဲ့သို့ အနည်းငယ် ဘာလုပ်ရမှန်းမသိဖြစ်နေဟန်ပင်။


 "အဒေါ်... အဒေါ်...ရုပ်ရှင်လာကြည့်တာလား"


လင်းလန်က ပြုံးပြုံးရွှင်ရွှင်နှင့် "တောင်သူလယ်သမားတွေက ဘယ်လိုရုပ်ရှင်မျိုး ကြည့်ကြလို့လဲ ...သူတို့မှာ ပိုက်ဆံအပိုမရှိဘူးလေ... ရှောင်ဝမ်ကို မျက်လုံး စစ်ဆေးဖို့ ငါခေါ်လာပေးတာ...နင်ကရော..."


လျှိုရှုယွမ်က သူမအဝတ်အစားထောင့်စွန်းကို တင်းတင်းကြပ်ကြပ် လိမ်ညစ်လိုက်ကာ

"ကျွန်မ...ကျွမ်မ ဒီနေ့ ဗိုက်နာနေလို့...ကျွန်မလည်း ဆေးရုံကို လာပြတာ " 


သူမက လိမ်ပြောသည့်နေရာမှာမတော်ပေ။  အချိန်အတော်ကြာသည့်တိုင်  ဘာကိုမှ မစဥ်းစားနိုင်သည့်အတွက် ယခုလိုပဲ ပြောလိုက်ရ၏။


လင်းလန်က  စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။

 "ဗိုက်နာနေသေးလား... ငါတို့က ဒီကိုစက်ဘီးနဲ့လာတာ...နင့်ကို ပြန်ခေါ်သွားစေချင်လား"


လျှိုရှုယွမ်က ကမန်းကတမ်း  ခေါင်းခါလိုက်ပြီး "မလို...မလိုပါဘူး" 


သူတို့ပြောနေကြစဥ်မှာပင်  လူငယ်တစ်ယောက်က ကြီးမားသော အပြုံးဖြင့် သူတို့ဆီသို့ ပြေးလာ နေသည်။


 လျှိုရှုယွမ်နှင့် စကားပြောနေသည် လင်းလန်ကို တွေ့လိုက်ရ၍ ဖြစ်မည်ထင်၊ လူငယ်လေးက ရုတ်တရက် ရပ်လိုက်ပြီး ခေါင်းလှည့်ကာ  တစ်ဖက်ကို ပြေးသွား၏။


လင်းလန်က တစ်ချက်ကြည့်လိုက်ကာ

"အဲဒီလူက ဘယ်သူလဲ... ငါတို့ရွာက ဖြစ်ပုံရတယ်"


လျှိုရှုယွမ်၏ မျက်နှာက ဖြူဖျော့လာပြီး ၎င်းနောက် နီရဲသွားပြန်ကာ

 "မဟုတ်ပါဘူး အဒေါ်...အမြင် မှားသွားတာလား"


လင်းလန်က သူမကို  သူမနှင့်အတူအိမ်ပြန်ရန်ဖိတ်ခေါ်လိုက်သည်။


လျှိုရှုယွမ် တုံ့ဆိုင်းသွားသော်လည်း ခေါင်းခါလိုက်ပြီး "အဒေါ်...အ...အဒေါ်အရင်သွားနှင့်ပါ

...ကျွန်...ကျွန်မစောင့်နေလိုက်ဦးမယ်"


"မှောင်လာပြီ" 


လင်းလန် တစ်ခုခုမှားနေပြီဟု ခံစားမိနေလေပြီ။ လျှိုရှုယွမ်က  မလိမ်ညာတတ်သူဖြစ်ကာ ရိုးသားသည့် ကောင်မလေးတစ်ယောက်ဖြစ်၏။ နေ့တိုင်း အလုပ် လုပ်သူက အဘယ်ကြောင့်  ဆောင်းဦး ရိတ်သိမ်းချိန်မှာ  ခွင့်ယူရသနည်း။


ဆရာဝန်ကို တကယ်လာပြသည်ဆိုပါက ပြပြီး  အိမ်ကိုပြန်လိုက်ရမည်ပင်။


သူမက ရုပ်ရှင်ရုံထဲမှာ အခုထိ ရပ်နေဆဲဖြစ်ပြီး နေကောင်းနေကြောင်း ပြောစရာပင်မလိုချေ။


လျှိုရှုယွမ် ငိုတော့မလိုဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် လင်းလန် သူမကို အတင်းအကြပ် တွန်းအားမပေးရက်တော့ပေ။


သူမအနေဖြင့် အတိတ်တုန်းကနွေးထွေးမှုကို ကျေးဇူးတင် မိသော်လည်း အမှန်တွင် လျှိုရှုယွမ်က  သူမနှင့်အများကြီး အဆက်အဆံမရှိချေ။ ထိုစဥ်က  အဆင်ပြေ လက်ခံနိုင်သည့် ကိစ္စတစ်ခုသာဖြစ်ပြီး ယခုတွင် သူမမှာ လျှိုရှုယွမ်ကို  ပြန်ခိုင်းရန် အခိုင်အမာ ဖိအားပေးတောင်းဆိုပိုင်ခွင့်မရှိပေ။


 သူမက "ဒါဆို မင်း စောစောပြန်နော်...နင့်မှာ လုပ်စရာရှိရင်ပြော"ဟုဆိုပြီး ထွက်လာခဲ့သည်။ 


ခြေလှမ်းနှစ်လှမ်းလှမ်းပြီးနောက် လျှိုရှုယွမ်က   ခေါ်လာ၏။  

"အဒေါ်..."


လင်းလန်  သူမကို လှည့်ကြည့်လိုက်သည်။


လျှိုရှုယွမ်က နှုတ်ခမ်းများကို ကိုက်ထားလျက်  "အဒေါ် မလုပ်..."


"ငါသိပါတယ်...ငါ ဘယ်သူ့ကိုမှ မပြောပါဘူး

... စိတ်မပူပါနဲ့...ဒါပေမဲ့  နင် ကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ်..."


လျှိုရှုယွမ်၏ မျက်လုံးများ နီရဲလာပြီး ခေါင်း ငုံ့လိုက်သည်။


လင်းလန် ဟန်ချင်စုန့်ထံသွားပြီး သူကိုအတိုချုံးပြောပြလိုက်၏။


ဟန်ချင်စုန့်က အိုးဟုသာအသံပြုလာပြီး ဘာမှမပြောဘဲ သူတို့နှစ်ယောက်ကို အိမ်ပြန်ခေါ်သွားခဲ့သည်။


လမ်းခရီးတွင် သူတို့ လော့ဟိုင်ချန် ၊ဟန်ချင်ယွင်နှင့်  အခြားသူများ ဖြင့်လည်း ဆုံခဲ့ကြ၏။နှုတ်ဆက်ပြီးနောက် အိမ်သို့ ဦးစွာပြန်ခဲ့ကြသည်။


ရွာအဝင်ဝသို့ရောက်သောအခါ လင်းလန်က "ကောင်းပြီ ကျွန်မတို့အိမ်ရောက်နေပြီ...ရှောင်ဝမ်နဲ့ကျွန်မ ကိုယ့်ဘာကိုယ် ပြန်လိုက်မယ်...ရှင်အလုပ်သွားလုပ်လို့ရပြီ" 


 ကိစ္စကမပြီးသေးဘဲ ဟန်ချင်းယွမ်အနေဖြင့် စီစဥ်မှုတွေ လုပ်ရဦးမည်ဖြစ်ကြောင်း သူမသိပါ၏။သူမ ဟန်ချင်စုန့်ကို ဆွဲထားပါက သူ့ညီကို သေချာပေါက် သွားကြည့်ရလိမ့်မည်ပင်။ ထိုဟာက မြေကြီးလက်ခတ်မလွဲဖြစ်လေသည်။


သူက သူမအတွက်စာနာပေးသည့်အတွက် သူမကလည်း သူ့အတွက် စဥ်းစားပေးတတ်သည့်  ဇနီးဖြစ်ချင်၏။  ဖြစ်သင့်သည်မဟုတ်ပါလော။


ဟန်ချင်စုန့်က ခေါင်းမာမနေပါဘဲ ရှောင်ဝမ်ကိုဆချပေး လိုက်ပြီး 

 "ဒါဆို ကိုယ် ကွန်မြူနတီကိုအရင်သွားလိုက်မယ်"


လင်းလန်က   ခေါင်းညိတ်ပြီး 

"​ရှင် ဘယ်လောက်ပဲရှုပ်နေပါစေ... အစားကောင်းကောင်းစားသင့်တယ်"


 ဟန်ချင်စုန့်က သူမကို လှည့်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြကာ 

"နားလည်ပါပြီ"


လင်းလန်က ကြက်ပေါက်လေးဆန်ကောက်နေသည့် ရှောင်ဝမ်အား သူ့အဖေကို နှုတ်ဆက်ရန် သတိပေးလိုက်၏။ 


ရှောင်ဝမ်က သူ့လက်လေးကို ဝှေ့ယမ်းလိုက်ပြီး "ဝူးးးးးးးးးး...တာ့တာ့"


သူစက်ဘီးနှင့် ကွန်မြူနတီကို ရောက်သည့်အခါ စွန်းကျောက်ဝမ်နှင့်ဟွမ်ဝေကျုံးတို့က ပြေးလာပြီး သူ့ကို ဂရုတစိုက်နှင့် စောင့်နေကြသည်။


ဟန်ချင်စုန့်က ပုံမှန်အတိုင်း ကြည့်လိုက်ပြီး

 "ဟန်ချင်ဟွကို ဖမ်းမိလား" 

 

"ဖမ်းမိတယ်...ဒီမှာပဲ"


စွန်းကျောက်ဝမ်က ရယ်ရယ်မောမောဖြင့်

 "ဒီရက်ပိုင်း  အစားအသောက်လက်မှတ် ဒါမှမဟုတ်မိတ်ဆက်စာမရှိရင် ဘယ်မှ သွားလို့မရဘူးလေ"


ဟွမ်ဝေကျုံး: " သူက သူကိုယ်တိုင် လာအဖမ်းခံတာ... သူ အရမ်းဗိုက်ဆာနေ​တာလေ... အခု ငါတို့ ဝင်းထဲမှာ ပိတ်ထားတယ်..."


Xxxxx