အပိုင်း ၂၂၃-၂၂၄
Viewers 23k

Part 223


ဟန်ချင်စုန့်က ခေါင်းညိတ်ပြပြီး မပြောင်းမလဲ  မူသေ မျက်နှာနှင့်ပင် တစ်ချက်သွားကြည့်ရန်ပြော၏။


 စွန်းကျောက်ဝမ်က အလျင်အမြန် လမ်းပြခဲ့ပြီး အစပိုင်းတုန်းကလို မာနထောင်လွှားကာ သွေးတိုးသွေးစမ်းလုပ်ဟန် မရှိတော့ပေ။ ယခု ဟန်ချင်စုန့် အတွက် ဝေါယာဥ််သယ်သွားနိုင်ရန်ပင် ဆန္ဒရှိနေသည်။


မူလက သူ ဟန်ချင်စုန့်နှင့် ယှဉ်ပြိုင်ရန် စဉ်းစားနေခဲ့သော်လည်း ယခုတွင် ထိုအကြောင်းကို အတွေးရပ်လိုက်၏။ ဟန်ချင်စုန့် ရာထူးတိုးမည်ကိုသာ မျှော်လင့်ထားသော်လည်း သူ့ဦးနှောက်ကို အသုံးမချရဲတော့ပေ။ 


ကျောက်အန်းဖျင် ၏မိသားစုကိုသာ ကြည့်ပါလေ။ သူတို့ မည်မျှသနားစရာကောင်းလိုက်သနည်း ။ တလောကပင် သူတို့ မည်မျှအစွမ်းရှိကြောင်း၊ ရှန်ရွေ့ လယ်ယာများအားလုံးကမြေပြန့်တွေဖြစ်ကြောင်း ပြသရန် ရောက်လာခဲ့သည်၊၊


ယခုမူ အားလုံးပြီးဆုံး သွားလေပြီ။


ဟန်ချင်ဟွက ယခုတစ်ကြိမ်တွင် အရင်တစ်ခေါက်နှင့် ကွဲပြားနေ၏။ အရင်တစ်ခေါက်က  သူ လေလုံးထွားနေပြီ တတိယအစ်ကိုရှေ့မှာ ဟန်ရေး ပြရရန်ကြိုးစားနေသဖြင့် သူ့မိဘများကို ရှင်းမပြနိုင်ခဲ့ပေ။  ယခု သူ ဟန်ချင်စုန့်ကိုမြင်သောအခါ

 ရှေ့သို့ ပြေးသွားပြီး အော်ဟစ်ငိုကြွေးတော​ြသည်။


  "တတိယအစ်ကို ကျေးဇူးပြုပြီး အိမ်ပြန်ခွင့်ပြုပါ...ငါတကယ် သည်းမခံနိုင်တော့ဘူး...မှား... ငါမှားမှန်းသိတယ်...ငါမှားတယ်... ငါတကယ်မှားခဲ့တယ်..." 

  ဟန်ချင်ဟွက ဒူးထောက်လုမတတ် ဝပ်တွားနေ၏။

 

စိုက်ခင်းထဲက ပြေးထွက်လာပြီး အိတ်တစ်လုံးထဲ အထည့်ခံရခြင်းကနေ  မျက်လုံးဖွင့်လိုက်ချိန်တွင် အမှောင်ခန်းကျဉ်းကျဉ်းလေးထဲမှာ အပိတ်ခံထားရကြောင်း တွေ့သွားသည်အထိ ကာလအတွင်းမှာ  ပြီးသွားပြီဆိုသည်ကို သူသိလိုက်ရသည်။ ကံကောင်းထောက်မစွာ မည်သူကမျှ သူ့ကို မရိုက်နှက်သော်လည်း သူ့မှာ တစ်ချိန်လုံး စားစရာမရှိသဖြင့် နောက်ဆုံးတွင်  သစ်သားတံခါးကိုဖွင့်ကာ ပြေးထွက်လာခဲ့သည်။  အိမ်မပြန်ရဲသဖြင့်  ပြည်သူ့လုံခြုံရေးဗျူရိုမှာ ကိုယ်တိုင်သွားရောက်အဖမ်းခံရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။

 

 "ဒါဆို အလုပ်ကြိုးစားပြီး ပြစ်ဒဏ်လျော့ပေါ့အောင်ကြိုးစားလေ"


"အမ်...မင်းငါ့ကို အိမ်ပြန်ခွင့်မပြုဘူးလား" 

ဟန်ချင်ဟွ  တတိယအစ်ကိုကို ထိတ်လန့်စွာ ကြည့်လိုက်ပြီး 

"ငါက မင်းရဲ့ညီအရင်းလေ"    

 

ဟန်ချင်စုန့်: " ငါဥပဒေကို ချိုးဖောက်ရင်တောင် ဒီလိုပဲ စီရင်ချက်ချခံရမှာပဲ...ငါ့ညီက လွတ်နိုင်ပါ့မလား”     


စွန်းကျောက်ဝမ်  သူ့ဘာသူ တွေးလိုက်၏။

 ရက်စက်လိုက်တာ...


ဟန်ချင်ဟွ ကျောက်ကျန့်ရှယ်နှင့် တိုက်ခိုက်ရမည်ကို တွေးရင်း မျက်ရည်များကျလာသည်။     


"ဘယ်သူမှ မင်းကို အနိုင်ကျင့်မှာ မဟုတ်ဘူး... အိမ်မှာနေပြီး အလုပ်ကြိုးစားတာနဲ့ အတူတူပဲ..." 


ဟန်ချင်စုန့်က ဆိုလိုက်သည်။ 


 "အဖေနဲ့အမေကလည်း မင်းဆီကို လာလည်နိုင်တယ်... သုံးနှစ်ခွဲလောက်မှာ  အိမ်ပြန်ပြီး  ဆွေမျိုးတွေဆီ သွားလည်လို့ရတယ်"

 

ကြီးလေးသည့်ရာဇ၀တ်မှုမဟုတ်သေးသရွေ့ ထောင်ဒဏ် ဆယ်နှစ် သို့မဟုတ်  ရှစ်နှစ်ကျလျှင်ပင် လူတိုင်းနှင့်အလုပ်တွဲလုပ်နိုင်သူက အမှန်တွင် အတူတူပါပင်။ စင်စစ်အားဖြင့် ယင်းက ရှုတ်ချခံထားရသော နိုင်ငံရေး အကျဉ်းသား အချို့အတွက် အဓိက ပြင်ဆင်ထားပြီး အများစုမှာ အမှန်တကယ် အပြစ်မရှိသော နောက်ခံမကောင်သူများ ဖြစ်ကြသည်။


ထို့အပြင် ခိုးယူမှုနှင့်ရမ်းကားမှုကဲ့သို့သော ရာဇ၀တ်မှုများကို လူသိရှင်ကြား  ရှုတ်ချပြီးနောက် အလုပ်ကြမ်းနှင့် ထောင်ဒဏ်လည်း ချမှတ်ခံရမည်ဖြစ်၏။ အချို့သောလူများအတွက် စိတ်ပိုင်းဆိုင်ရာဝေဖန်ခြင်းနှင့် ထိပ်တုံးခတ်ထားခြင်းများသည် ရုပ်ပိုင်းဆိုင်ရာအကျဉ်းချခြင်းထက် ပိုပြင်းထန်သည်။


ဟန်ချင်ဟွက ယင်းကို နားမလည်ပေ။ သူက အိမ်ကိုသာပြန်ချင်ပြီး သူ့မိဘတွေက သူ့ကို အကာအကွယ်ပေး၊ချက်ပြုတ်ပေးကာ  အစ်ကိုတွေက အလုပ်မှတ်ရရန် အလုပ်လုပ်ကြသဖြင့် ၊ သူ ဘာမှလုပ်စရာမလိုချေ။


အလုပ်ကြမ်း စခန်းကို မသွားချင်ဘူးးးး...


ဟန်ချင်စုန့်က စွန်းကျောက်ဝမ်ကိုပြောလိုက်သည်။


 "ကပ္ပတိန် လော့  ပြန်လာတဲ့အခါ သူ့ကို အတူတူ ခေါ်သွားမယ်"


စွန်းကျောက်ဝမ်က ဟုတ်ကဲ့ဟုဆို၏။


လော့ဟိုင်ချန်က  ၎င်းတို့အားလုံးကို လုပ်သား ပြုပြင်ပြောင်းလဲရေး လယ်ယာသို့ ပို့ဆောင်ပြီးနောက် လက်မှတ်များ လွှဲပြောင်းပေးအပ်ကာ ၎င်းတို့၏ လက်ဗွေရာများကို ခတ်နှိပ်၍ ဟန်ချင်ဟွကို ပိုမိုဖော်ရွေသော တပ်စုခေါင်းဆောင်တစ်ဦးထံ လွှဲပြောင်းပေးရန်၊ကျောက်ကျန့်ရှယ်တို့လူစုနှင့် ဝေးဝေးထားရန် လူတစ်ယောက်ကိုခိုင်းလိုက်သည်။


ကျန်းဟေးလု  နှင့် ကျောက်ကျန့်ရှယ်တို့က အတူတူရှိခဲ့ကြသည်။


ကျန်းဟေးလုအနေဖြင့် သူဂရုမစိုက်ပေ၊ သူကိုယ်တိုင်ကလည်း လယ်သမားတစ်ယောက်ဖြစ်သည့်အတွက်  ခွန်အားကြီးကြီးမားသုံးရသည့်အလုပ်မှာ ကောင်းကောင်းလုပ်နိုင်၏။


ကျောက်ကျန့်ရှယ်က မလုပ်နိုင်ပေ။ သူက ဟန်ချင်ဟွထက် ပိုအလိုလိုက်ခံခဲ့ရသူဖြစ်လေရာ သူ့ကိုအလုပ်သာမလုပ်ခိုင်းပါနှင့်၊ သစ်ပင်ပေါ်တက်ပြီး အိမ်ပေါ်ကနေ ခုန်ချရမည်ကို မကြောက်သလို အစ်မအကြီးဆုံးနှင့် ခယ်မငယ်လေးကို နှိပ်စက်ရမှာကိုလည်း မကြောက်ပေ။


အထူးသဖြင့်  မိုးရွာရွာနေပူပူ  လက်နှင့်ခြေနှစ်ဘက်လုံးတွင်  သွေးထွက်နေသော အရည်ကြည်ဖုများဖြင့်  အစာမရှိဘဲ နှေးကွေးသော လှုပ်ရှားမှုများနှင့်အတူ ကောက်နှံ များကို အလျင်စလိုစုဆောင်းရသည့်အလုပ်က အခြားသူများအတွက်  ပုံမှန်အလုပ်ဖြစ်သော်လည်း သူ့အတွက်ကမူ ငရဲနှင့်တူသည့် ညှဉ်းပန်းနှိပ်စက်မှုပါပင်။


 တခါတရံ ကာယအလုပ်က လူတချို့အတွက် အကောင်းဆုံး ပြစ်ဒဏ်ဖြစ်၏။


ဤကိစ္စ ဤသို့ဤပုံ ပြီးသွားခဲ့သည်။ ကျောက်အန်းဖျင်က သူရထိုက်သည် အပြစ်ဒဏ်ကိုရရှိခဲ့ပြီး ကျောက်ကျန့်ရှယ်က ပြစ်ဒဏ်ထပ်တိုးခြင်းခံရကာ  ကျန်းဟေးလုက မိုက်မဲစွာ ပါဝင်ပတ်သတ်မိခဲ့သည်။ ဟန်ချင်ဟွက ကျောထောက်နောက်ခံ အားလုံးကို ဆုံးရှုံးခဲ့ပြီး သူ့ကံကြမ္မာကို လက်ခံကာ စိုက်ခင်းတွင် ဒုက္ခခံခဲ့ရ၏။


သူခဏလောက် ကျင့်သားမရဖြစ်ခဲ့သော်လည်း ကျောထောက်နောက်ခံနှင့် မျှော်လင့်ချက်မရှိတော့သည့်အတွက် ထွက်ပြေးရန် မဝံ့ရဲတော့သလို ပျင်းရိ၍လည်းမနေနိုင်တော့ဘဲ တဖြည်းဖြည်းနှင့် အလုပ်စလုပ်လေသည်။


အလုပ်ဆိုသည်မှာ အသားကျနိုင်သည့်အရာဖြစ်၏။ လက်တွေ ခြေတွေ အသားမာတတ်လာသည့်အခါ  နာကျင်မှုကို မခံစားရတော့ဘဲ တဖြည်းဖြည်းနှင့် ကျင့်သားရလာသည်။


ညနေခင်းတွင် ဟန်ချင်စုန့်  အိမ်ပြန်ရောက်သောအခါ လင်းလန်က ညစာ ချက်ထားပြီးသားဖြစ်ပြီး ဟန်ချင်စုန့်ကို စောင့်နေသည်။


 မိုင်စွေ့က သူမ၏ ပဝါနှင့် ပိတ်ကျဲစကို  စိတ်လှုပ်ရှားစွာ ၀တ်ဆင်ထားသည်။


 သူမ ယခုလို ပစ္စည်းကောင်းတစ်ခုရသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဘယ်​လိုဝတ်​ရမှန်းမသိ​ပေ။ ယခင်က သူမအမေ၏အလှကိုပဲ မြင်​​ခဲ့ရ​သော်လည်း ယခု သူမလည်း လှနိုင်နေပြီဖြစ်၏။  သူမ မည်မျှပျော်​​နေသလဲ ​ပြောစရာပင်မလိုချေ။


အားဝမ်က အားကျနေဟန်ရှိကာ တဝမ်က စိတ်မဝင်စားပုံရပြီး  စန်းဝမ်က စပ်စုချင်နေသည် ရှောင်ဝမ်ကမူ ကြက်ပေါက်လေးဆန်စေ့ကောက်သည်ကိုပဲ ဂရုစိုက်လေသည်။


မိုင်စွေ့က  ပိတ်ကျဲစကို ပဝါပေါ်တင်လိုက်ပြီး ၎င်းနောက်  သူမခေါင်းကို တိုက်ရိုက်အုပ်ကာ

 "ကြည့်...ကြည့်မကောင်းဘူးလား"


လင်းလန်: "..." 

 အနည်းငယ်မျက်စိကျိမ်း၏။


1980 ခုနှစ်များက အမျိုးသမီးများ ဝတ်ဆင်သော စတုရန်းပုံပဝါကဲ့သို့ တြိဂံပုံစံဖြစ်အောင် တစ်ဝက်လောက်ခေါက်ထားလျက် ခေါင်းပေါ်အိတ်ကပ်တစ်ခုနှင့် မေးစေ့မှာ အသိုင်းတစ်ခုရှိပြီး ပါးပြင်နှစ်ခုက အအေးဒဏ်ကြောင့် နီမြန်းနေကာ  ဘယ်လောက်ပျော်နေသလဲဆိုသည်ကို မပြောစရာမလိုပါချေ။ 


စန်းဝမ်က လက်ခုပ်တီးပြီး

 "ကြည့်ကောင်းတယ်

...ပန်းချီကားထဲက ကြက်အမေကြီးနဲ့တူတယ်"

 


Xxxxxx

Part 224


ဆရာဟောင်က သူတို့ကို  ပုံဆွဲတတ်အောင် သင်ပေးပြီး အခြေခံအားဖြင့် ဘေးဘက်ကနေစကာ ကြက်၊ ဘဲ၊ ငန်း၊ နွား၊ မြင်းနှင့်သိုး၊ ကြက်အမေကြီးက ကြက်ပေါက်တစ်အုပ်ကိုဦးဆောင်နေပုံတို့ပါလေသည်။ အေးနေပြီး ပဝါတစ်ထည်ခြုံထားသည်က ပုံရိပ်တွေထပ်ဖော်ပြစရာမလိုပေ။ 


မိုင်စွေ့ ယင်းကို တွေးမိလိုက်သည့်အခါမှာ သူမက မျက်လုံးတွေပူလာပြီး

 "မကောင်းတဲ့စန်းဝမ်... ငါနင့်ကို မခေါ်တော့ဘူး "


စန်းဝမ်က နဖူးပေါ်ရှိ   လခြမ်းပုံအမာရွတ်ကိုကုတ်လိုက်ပြီး 

"နင်ကို လှတယ်လို့ ငါကပြောတာလေ...ဘာလို့ ငါ့ကို မခေါ်တာလဲ "


အားဝမ်: " အဲ့ဒါက မင်းကို နွေရာသီက ရေချိုငါးတစ်ကောင်နဲ့တူတယ်လို့ ပြောတာနဲ့အတူတူပဲ"


စန်းဝမ်: “ဝိုး ဒုတိယအစ်ကို...အစ်ကိုက  ငါ့ကို အသားမည်းလို့ ရယ်ခဲ့ပေမဲ့ အခု ငါက မမည်းတော့ဘူး...ရေချိုငါးနဲ့ရေဘဲက  စွမ်းအားကြီးတယ်... ငါ့အတွက် ချီးကျူးနေသလိုပဲ... ဝမ်းသာလိုက်တာ” 


သူပြောနေစဥ်မှာ ရှောင်ဝမ်က ရုတ်တရတ် သာယာသည့်အသံတစ်ခု မှုတ်လိုက်ရာ အားလုံး ခဏလောက် မလှုပ်မယက်ဖြစ်သွားကြသည်။


 ၎င်းနောက်  သူ့ကို လှည့်ကြည့်လိုက်ကြကာ စန်းဝမ်က ပြောလေသည်။ 

 

 “အိုး ဘုရားရေ...ရှောင်ဝမ် မင်းကဂီတဆရာဖြစ်လာတော့မှာလား"


ဆရာဟောင်ကသာ ဤမျှ ကောင်းနိုင်၏။


ရှောင်ဝမ်၏ မျက်လုံးများက တောက်ပနေသည် သူက အားပေးခံလိုက်ရေသာကြောင့်  စတင်ထပ်မံမှုတ်လိုက်သည်။


 သူမှုတ်သည့်အသံက ညင်သာရာ နောက်ခံတေးသွား အသုံးပြုထားသကဲ့သို့  အလွန်ဆူညံခြင်းမရှိပေ။


ထိုအချိန်တွင် ဟန်ချင်စုန့်  အပြင်မှ ပြန်ရောက်လာ၏။


 စန်းဝမ်က အော်လိုက်သည်။

 "အဖေ ပြန်လာပြီ ...ညစာ စားလို့ရပြီ"


လင်းလန် ကရာထဲက ရေနွေးကို ငှဲ့လိုက်ပြီး ဟန်ချင်စုန့်ကို  လက်ဆေးရန်ပြောလိုက်၏။


ဟန်ချင်စုန့်က ဆိုသည်။

  "ရေအေးပဲသုံးပါ..."


 "အေးတယ်...ရှင် ကြက်သီးနွေးရေ သုံးရမယ်...အေးခဲနေရင် အမြဲတမ်း အဆင်မပြေဖြစ်လိမ့်မယ်"


လင်းလန်ပြောလိုက်သည်။


  "ကိုယ်ကျင့်သားရနေပါပြီ"


 လင်းလန်က သူ့ကိုစူးစူးရှရှကြည့်လိုက်ပြီး

 "အရင်က ဘယ်သူမှ ရှင့်ကို ဂရုမစိုက်ဘူး

...ဒါပေမဲ့ အခု ရှင်က အိမ်ရောက်နေပြီ..ကျွန်မစကားကို နားထောင်ရမယ်"


ဟန်ချင်စုန့်က သူမကို လေးလေးနက်နက်ကြည့်ကာ "ကောင်းပြီ"


 လင်းလန်က တဝမ်ကို ချက်ချင်းလှည့်ကြည့်ပြီး ဂုဏ်ယူစွာပြောလိုက်သည်။


 "အားလုံးမြင်ပြီးပြီနော်... မင်းအဖေကတောင် ငါ့စကားကို နားထောင်ရတယ်...မင်းတို့က ငါ့စကားကို ပိုနားထောင်ရမယ်... နားမထောင်တဲသူရှိရင်..."


ရှောင်ဝမ်က ချက်ချင်းပြောလာ၏။

 "မားမားစကားကို နားထောင်မယ်"


စန်းဝမ်က ရယ်ပြီး "မားမားစကားကို နားထောင်ရင် အရိုက်ခံရမှာ မဟုတ်ဘူး"

 


တဝမ်က နှုတ်ခမ်းမဲ့ကာ ခြံထဲကို လှည့်ကြည့်လိုက်လေသည်။


စားပြီးသည်နှင့် ကလေးများက ပြောင်းဖူး အခွံခွာရန် ထုတ်လုပ်ရေးအဖွဲ့ထံ သွားကြ၏။ လွန်ခဲ့သည့် ရက်အနည်းငယ်က သူတို့ ပြောင်းဖူး အခွံခွာပြီး တလင်းနယ်၍ နေလှန်းကာ   ဝေငှကြသည်။ လူကြီးရော ကလေးတွေပါ အလုပ်အလွန်ရှုပ်သဖြင့် ကျောင်းက အိမ်စာတွေ မပေးချေ။


တဝမ် နှင့် စန်းဝမ်တို့က သူတို့အမေ ကျောင်းအကြောင်းမေးမည်ကို ကြောက်ကြသလို အိမ်စာမရှိဘဲ တစ်ခုခုလုပ်ရမှာကို ပိုကြောက်သဖြင့် ထမင်းစားပြီးသည်နှင့် ပြောင်းဖူးခွာရန် ပြေးထွက်သွားကြသည်။


အားဝမ်က အလျင်စလိုမလုပ်ဘဲ လင်းလန်ကို အိုးကူဆေးမည်ဟု ကမ်းလှမ်းခဲ့၏။


 ယခုတွင် သူက လင်းလန်ဆီကနေ ဦးနှောက်ဆေးခြင်းကို ခံလိုက်ရပြီး  အိုးနှင့်ပန်းကန်ဆေးခြင်းမှာ ယောက်ျားအလုပ်ဖြစ်သင့်ကာ   မိန်းကလေးများက နူးညံ့သော လက်များ ရှိသောကြောင့် ထိုကဲ့သို့ ဆီတွေပေကျန်နေသောအလုပ်ကို မလုပ်သင့်ဟု တွေးနေသည်။


  အထူးသဖြင့် ဟန်ချင်စုန့်ကလည်း လင်းလန်ကို ပန်းကန်များ ကူဆေးလေရာ သူ ထိုသို့ ခိုင်မာစွာယုံကြည်ခဲ့၏။


မိုင်စွေ့က  သူမအမေ၏ အကြံပေးချက်ကို  နားထောင်ရန်ပိုမို လိုလားလာပြီး ကြိုးစားပမ်းစား စာလေ့လာကာ မိသားစုအား အိမ်မှုကိစ္စများ တတ်စွမ်းသမျှ ကူညီလုပ်ဆောင်ပေးသည်။


မိုင်စွေ့ : "ရှောင်ဝမ်  သွားရအောင်...မမ နင့်ကို ဆရာဟောင်ဆီခေါ်သွားပေးမယ်"


ဆရာဟောင်နှင့်သူတို့၏ ကလေးတွေက ပေါ့ပါးသည့် အလုပ်ကိုအတူတူ လုပ်ကြသည်။ ယင်းက ဆရာအတွက် ဦးစားပေး ဆက်ဆံမှုဖြစ်လေ၏။


ရှောင်ဝမ်က လင်းလန်ကို ကြည့်လိုက်သည်။


လင်းလန်က   ပြုံးလိုက်ပြီး

 "သွားသွား"


မိုင်စွေ့က ရှောင်ဝမ်ကို ခေါ်သွားသည့်အခါ လင်းလန် ရုတ်တရက် နောင်တရသွား၏။ 


 သေချာသည်ပင်၊ ခုနက ထမင်းစားနေဆဲဖြစ်သည့် ဟန်ချင်စုန့်က  ရုတ်တရက်ကြီး အပြီးသတ်လိုက်ပြီး  ပန်းကန်နှင့်တူတွေကို ချကာ လင်းလန်ကို စေ့စေ့စပ်စပ်ကြည့်လာသည်။


 လင်းလန်: "..."


 သူက   ပန်းကန်များကို ကူညီဆေးကြောပေးကာ အခန်းကို တစ်ချက်ကြည့်လိုက်၏။သူမနှင့် သူ၏ပခုံးလွယ်အိတ်က အနောက်ခန်းက နံရံတွင် ချိတ်ထားပြီး စစ်လွယ်အိတ်က အရှေ့ခန်းတွင် ထားရှိသည်။


လင်းလန်က  သူ့ကို ရေကူလောင်းပေးခဲ့ပြီး ဟန်ချင်စုန့်က ပန်းကန်တွေဆေးနေရင်းမေးလေသည်။

 "ဒီနေ့ ဆေးရုံမှာ ဘာမှမဖြစ်ဘူးလား" 


လင်းလန်: "အဆင်ပြေ  ပါတယ်...ရှောင်ဝမ့်ကို မျက်လုံးအရင်ပြလိုက်တာပါပဲ...ဆရာဝန်ကြီးလျှိုက နှစ်နှစ်နေရင် ခွဲစိတ်လို့ရတယ်လို့ပြောတယ်""


 "တခြား  ဘာမှမရှိတော့ဘူးလား"


 "တခြားလား...မရှိဘူးလေ ..." 


 လင်းလန် က ခဏတုံ့ဆိုင်းသွားပြီးနောက်

 " ယန်ဖန်ဖန်... သူ့ကို အရင်တစ်ခေါက်  ဆေးရုံသွားတုန်းက ကျေးဇူးတင်ရမှာပဲ... ကျွန်မလည်း  ကျေးဇူးဆပ်ဖို့ တစ်ခုခု ယူလာပေးမယ်လို့ပြောပြီးမေ့သွားတယ် ဟားဟား....ရပါတယ်...ကျွန်မ  နောက်တစ်ခေါက်မှာ ယူသွားလိုက်မယ်..." 


ဟန်ချင်စုန့်က ဆေးကြောထားသည် ပန်းကန်တွေကို သုတ်ကာ စားပွဲပေါ် သပ်သပ်ရပ်ရပ် စီချထားလိုက်ပြီး 

"ဘာမှ မရှိတော့ဘူးလား "


 လင်းလန်: "မရှိဘူး" 


ဟန်ချင်စုန့် ဆို၏။

 "အဲ့ဒါကဘာလဲ"


    "ဘာကိုလဲ"


 " ဒီနေ့ မြေကြီးပေါ်ကျသွားတဲ့ဟာ"


လင်းလန် တန်းဖြေလိုက်သည်။. "ဆေး...ရှောင်ဝမ်ရဲ့ဆေး"


 အပြစ်ရှိစိတ်ဖြင့် သူမ သူ့ကိုပြရန်ပြေးထွက်သွားလိုက်ရာ ဤတစ်ခေါက်မှာ ဆေးစာတွေအကုန်လုံး ညွှန်ကြားထားခြင်းဖြစ်ကာ  ထိုကဲ့သို့သော စက္ကူအိတ်လေးတွေ ရှိမနေသည်ကိုပဲ တွေ့လိုက်ရ၏။ 


  သူမသည် ချက်ချင်းပင် အနောက်ခန်းထဲမှာ ပစ္စည်းများကို စတင်ထုပ်ပိုးကာ အဝတ်အစားများကို ခေါက်၍ ကျိုးပဲ့သွားခြင်းရှိမရှိ စစ်ဆေးနေပြီး ယခင်အရာများကို ဘေးဖယ်ထားကာ မေ့သွားေယာင် ဟန်ဆောင်လိုက်သည်။


လင်းလန် အလုပ်ရှုပ်နေသည်ကို မြင်လိုက်ရသော


 ဟန်ချင်စုန့်: "..."


  "ပြောင်းဖူး အခွံသွားခွာရအောင်" 

ဟန်ချင်စုန့် သူမကိုပြော လိုက်သည်။


 လင်းလန်က  ဤသန္ဓေတားဆေးကိစ္စနှင့်ပတ်သက်၍ ဟန်ချင်စုန့်နှင့် မည်ကဲ့​သို့ပြောရမည်ကို တွေးနေတုန်းပင်။ ဆရာဝန်က သူ့ကိုပြော ခြင်းမှာ အများကြီး  ပိုလွယ်ကူသောကြောင့် သူမ သူ့ကိုဆရာဝန်ကျောင်းထံ ခေါ်မသွားခဲ့မိသည်ကို နောင်တရမိ၏။


ဟန်ချင်စုန့်က    သူမလက်ကိုဆွဲကာ တံခါးကိုပိတ်၍ ခြံဝင်းဆီသို့ လျှောက်သွားသည်။

တောက်ပနေသောလက အရှေ့ဘက်မှ တက်လာပြီး ကြည်လင် ဝင်းပနေကာ ၎င်းနောက်တွင် ရောင်စုံတိမ်များ ရှိနေသဖြင့် ဆောင်းဦးညကို ပို၍တိတ်ဆိတ်ပြီး အေးမြစေ၏။


    နှစ်ယောက်သား လက်ချင်းဆုပ်ကိုင်ထားရင်း အရှိန်ကိုထိန်းကာ  သူမနှင့် ပူးပေါင်းလုပ်ဆောင်ရန် သူ ခြေလှမ်းများကို နှေးလိုက်မိတော့သည်။


Xxxxxxx