Part 225
လင်းလန် သူအလုပ်ပြောင်းလိုက်သည့် ညကို ပြန်တွေးမိ၏။ သူက ရှေ့မှာ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်နေပြီး သူမ ခပ်သွက်သွက်လှမ်း၍ပင် မမှီနိုင်ခဲ့ပေ။ ယခုမူ သူက သူ၏ခြေတံရှည်များကို သူမနှင့်အတူတူဖြစ်ရန် အမှန်ပင်အရှိန်လျော့ထားလေသည်။ သူမ အနည်းငယ် ရယ်စရာကောင်းသလို မခံစားရဘဲနိုင်ပေ။
"မင်း ဘာရယ်တာလဲ"
သူ အနည်းငယ် သိချင်လာသည်။
လင်းလန်က ပြုံးပြီးပြော၏။
"ဘာမှမဟုတ်ဘူး...ကျွန်မရှင်နဲ့နေရတာပျော်လို့"
သူမက ခေါင်းစောင်းကာ သူ့လက်မောင်းကို မှီလိုက်သည်။
ဟန်ချင်စုန့် အံ့အားသင့်သွားသည်၊ သူမပြောသည့်စကားမှာ တစ်ခုခုမှားနေသည်ဟု အမြဲလိုလို ခံစားရသော်လည်း ဘာမှားနေသည်ကို မပြောနိုင်သောကြောင့် သူ ထိုအကြောင်းကို သိပ်မစဉ်းစားဘဲ လက်နှစ်ဖက်ကို ဆန့်တန်းကာ သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
သူ့ရင်ခွင်က မီးဖိုနွေးနွေးထက်ပင် ပိုနွေးထွေးနေလေရာ သူ ဆောင်းရာသီမှာ အအေးဒဏ်ကို ကြောက်ရလိမ့်မည်မဟုတ်ဟု လင်းလန်ကတွေးမိ၏။
နှစ်ယောက်သား စကားမပြောဘဲ လှပသော ခံစားချက်ကောင်းများထဲတွင် နှစ်မြှုပ်နေကာ ခပ်ဖွဖွပဲ လျှောက်ခဲ့ကြသည်။
သူတို့ကရွာ၏ အနောက်တောင်ဘက်တွင် နေထိုင်ကြကာ တပ်မဟာနှင့် ထုတ်လုပ်ရေးအဖွဲ့၏ အိမ်များသည် အနီးနားတွင်ရှိပြီး လမ်းနှင့် အနည်းငယ်ကွာဝေးကာ လမ်းမီးမရှိသောကြောင့် ဤနေရာမှာ လူသွားလူလာ ရှားပါး၏။
ရုတ်တရက် အနီးနားရှိ အမှောင်ချုံပုတ်များမှ ငိုရှိုက်သံသဲ့သဲ့ ထွက်ပေါ်လာသည်။
"နင်...နင် ဘယ်လိုထင်လဲ"
"မငိုနဲ့..."
အမျိုးသားက စိတ်မရှည်စွာဖြင့် အေးစက်စွာပြောလိုက်သည်။
"ဘာလုပ်ရမှာလဲ ...သတ်ပစ်လိုက်..."
"ဒါပေမဲ့ ဆရာဝန်က ငါ ...ငါလုပ်လို့မရဘူးတဲ့... အန္တရာယ်ရှိတယ် "
"ဘယ်မှာလဲ...အန္တရာယ်တွေ အများကြီးရှိတယ်ဆိုတာ ...ငကြောက်တွေရဲ့စကားကို နားထောင်နေတယ်...မင်းငါ့ကို မယုံရင် ငါမင်းကိုခေါ်လိုက်မယ်...ငါသူတို့ကို တိုင်ပင်ပြီးပြီ"
လင်းလန်: “…”
ဟယ်...ဘယ်လိုငါးဆားနူကောင်လဲ... ကောင်မလေးကို ဒီလောက်လှည့်စားရသလား...
အဲ့ဒါအပြင် အသံက ဘာလို့ လျှိုရှုယွမ်နဲ့ တအားတူနေရတာလဲ...
လင်းလန် အနည်းငယ် မသေချာဖြစ်နေ၏။ စင်စစ်အားဖြင့် သူမနှင့် လျှိုရှုယွမ်တို့က လွန်ခဲ့သော နှစ်နှစ်တာ ကာလအတွင်း သိပ်မတွေ့ဖြစ်ကျပေ။
သို့ရာတွင် သူမ ယနေ့ ခရိုင်မှာ တွေ့ခဲသည့် သူနှင် ဆက်စပ်ကြည့်သောအခါတွင် သူမ အတော်လေး သံသယ ဖြစ်မိသည်။
သူမ ဒေါသထွက်လာသောအခါ သူမ၏ ခြေလှမ်းများ ပိုအားပြင်းလာပြီး ချုံပုတ်ထဲမှ လူများ ထိတ်လန့်သွားကြ၏။
အမျိုးသားဖြစ်သူက “တစ်ယောက်ယောက်လာနေပြီ...ငါအရင်သွားနှင့်မယ်” လို့ တိုးတိုးလေးပြောပြီး အရှိန်ပြင်းပြင်းပြေးသွားသံများပေါ်လာပြီး ၎င်းနောက် အမျိုးသမီးတစ်ဦး၏ထွက်ပြေး သံထွက်လာသည်။
လင်းလန် : သေစမ်း...သူက တကယ်ကို မယုံနိုင်စရာ *ခရစ်ပတန်ငါးဆားနူပဲ ...
သူတို့တွေက တစ်ရွာတည်းသားတွေဖြစ်ပုံရ၏။
လျှိုရှုယွမ်နှင့် အသက်တူသည့် လူငယ်တွေအကြောင်း တွေးကြည့်သော်လည်း မူလပိုင်ရှင်က ရွာသားတွေနှင့် သိပ်မရင်းနှီးသောကြောင့် သူမ အများကြီး မစဉ်းစားနိုင်ခဲ့ပေ။
(T/N—ဓာတုဓာတ်ပစ္စည်းတစ်မျိုး)
“ဘာလို့ ယောက်ျားတွေ ဒီလောက်ဆိုးရတာလဲ”
လင်းလန်က ဒေါသတကြီး ပြောလိုက်သည်။
ဟန်ချင်စုန့်: "...သူကသူလေ "
"ရှုယွမ် လှည့်စားခံရတယ်ဆိုရင် ဘယ်လောက်ကံဆိုးလိုက်သလဲ... ဒီလောက်ကောင်းတဲ့ မိန်းကလေးကို...အဲဒီငါးဆားနူကောင် က ဘယ်သူလဲ"
ဟန်ချင်စုန့်: "ငါးဆားနူ..."
လင်းလန် ချက်ချင်း အသိဝင်လာ၏။ သူမဒေါသထွက်လွန်းသည့်အတွက်သာမက တစ်ချိန်တည်းမှာပင် ဟန်ချင်စုန့်နှင့် အကျွမ်းဝင်နေပြီဖြစ်သဖြင့် သတိကို လျှော့ချလိုက်မိရာ ခေတ်ပေါ်ဝေါဟာရအချို့ကို ခဏခဏ ပြောထုတ်လာမိပြီး သူ့ကို သံသယဖြစ်စေခဲ့သည်။
"အခုအဲ့ဒါက ဘာလဲ... ဒီလိုယောကျာ်းနဲ့ငါးဆားနူ ကြား ဘာကွာလို့လဲ... သူက ယောက်ျားတွေရဲ့အညစ်အကြေး...ငါးဆားနူပဲ"
သူမ သူမ၏ဇဝနဉာဏ်ကို တိတ်တိတ်လေး ချီးကျူးလိုက်၏။
ဟန်ချင်စုန့်က ခေါင်းညိတ်ပြကာ "ကွက်တိပဲ"
...
ပြောင်းဖူးကို အခွံခွာသည့်အခါ ယောက်ျားနှင့်မိန်းမက အစုအပုံလိုက် ခွဲပြီး ကလေးတွေက ပြန်စုကြသည်။
ယောက်ျားတစ်ချို့က ပရောပရည်လုပ်ချင်လျှင် သို့မဟုတ် တစ်ချို့အမျိုးသမီးတွေက ယောက်ျားတွေကိုကြည့်ချင်လျှင်ပင် ပြောင်ပြောင်တင်းတင်းလုပ်၍မကောင်းပေ။ သူတို့အနေဖြင့် မြက်ပွေ့ခြင်း၊ ပြောင်းဖူးသွားကောက်ခြင်း စသည်တို့ဖြင့်သာ နီးနီူကပ်ကပ်နေနိုင်ပြီး သူများတွေဆီက ကဲ့ရဲ့ခံရရန် လွယ်ကူလေသည်။
သို့ပေမဲ့ ဟန်ချင်စုန့်က ထိုကိစ္စကို လုံးဝမစဉ်းစားဘဲ သူရောက်သည်နှင့် လင်းလန်နောက်ကလိုက်သွားသည်။
လင်းလန်.. မိုင်စွေ့နှင့် တခြားသူတွေကို တွေ့လိုက်ရ၏။
တပည့်တွေက ဆရာ့နောက်ကို လိုက်ကြသည်။
ဟန်ချင်းဖျင်နှင့် ဟောင်ယွမ်က သူတို့လာနေသည်ကို တွေ့သောအခါ နှုတ်ဆက်ကြ၏။
အမျိုးသမီးတစ်ဦးက ဤသည်ကို ကြားသောအခါ ရေရွတ်လေသည်။
"အလိုတော်... ဒီနှစ်ယောက်က ကြင်စဦးတွေထက်တောင် ပူးကပ်နေတာပဲ...အတူတူလာတာဖြစ်ရမယ်"
"သူတို့က ဒီကို လာတာတောင် လက်တွဲလာတာ ကို နင် မမြင်ဘူးလား"
"အိုး အမေရေ... အပြင်ထွက်တဲ့အခါ သူများတွေက သူတို့ကို လင်မယားမှန်း မသိရင် လူရမ်းကားဆိုပြီး ဖမ်းဆီးအပြစ်ပေး ကြမှာမဟုတ်ဘူးလား"
"ယောကျားနဲ့မိန်းမဆိုတာ ဒိလိုဖြစ်စရာမလိုပါဘူး...ဘယ်လောက်မရိုးဖြောင့်လိုက်သလဲလို့...အငွေ့အသက်တွေ မကောင်းတော့ဘူး "
"အဲ့လိုလည်းမဟုတ်ပါဘူး...အကျိုးဆက်ကို လုံးဂရုမစိုက်ကြတာ"
တုန်ဟွိုင်ဟွ ထိုဟာကို ကြားသည့်အခါ အော်ပြောလိုက်၏။
“အရိုက်ခံရနီးနေပြီ...နင်တို့မှာ ယောက်ျားမရှိဘူးလား... ဘာလို့ ဒီလောက် ချဉ်နေတာလဲ... သူက တခြားယောကျာ်းရဲ့လက်ကို ကိုင်နေတာမှမဟုတ်တာ... နင်တို့က ဘာလို့ မပျော်မရွင် ဖြစ်နေတာလဲ...ကိုယ့်ယောက်ျားလက်ကိုယ် သွားကိုင်ကြ...ဒီမှာလာချဥ်မနေနဲ့"
အမျိုးသမီးညွန်မှူး ပြောသည်ကိုကြားသောအခါ အားလုံးက ရယ်မောကြပြီး
"ရယ်စရာပြောတာပါ... ဟားဟား...အဲဒါကို အလေးအနက်မထားပါနဲ့"
တုန်ဟွိုင်ဟွ တိတ်တိတ်လေး ထိုင်နေသည့် လျှိုရှုယွမ်ကို လှမ်းကြည့်လိုက်သည်။
သူမက ငြိမ်သက်နေပြီး ခေါင်းငုံ့ကာ လက်ထဲတွင် ပြောင်းဖူးကိုကိုင်လိက် မလှုပ်မယှက်ဘဲနေသည်မှာ ကျောက်ရုပ်တုအဖြစ်သို့ပင် ပြောင်းလဲသွားတော့မည်။
"ရှုယွမ်...မင်းနေမကောင်းရင် ပြန်အိပ်လိုက်ပါ... ဒီည သိပ်အလုပ်မများဘူး..."
လျှိုရှုယွမ်က နေ့ခင်းဘက် ခွင့်ယူထားသည်ကို သူမသိသဖြင့် ရာသီအောင့်တာ သို့မဟုတ် တခြားအရာတွေ ဖြစ်နိုင်သည်ဟု သူမထင်ခဲ့သည်။
လျှိုရှုယွမ်က သူမနေကောင်းကြောင်း ကမန်းကတန်းပြောသော်လည်း ရုတ်တရက် သူမဗိုက်ထဲက တလိမ့်လိမ့်ဖြစ်လာပြီး ပျို့အန်ချင်လာသဖြင့် အမြန်ထရပ်ကာ တတ်နိုင်သမျှဝေးဝေးသို့ ပြေးအန်ခဲ့၏။
သူမက လူကြီးများနှင့် ဝေးဝေးနေရန် အာရုံစိုက်လိုက်သော်လည်း ကလေးများထံသို့ မတော်တဆ ချဉ်းကပ်သွားခဲ့မိသည်။
Xxxxxx
Part 226
ကလေးတွေက နားအလွန်ကောင်း၏။
တချို့လူတွေက စတင်၍ လိုက်လုပ်ကြသည်။.
“အွတ်အွတ်”
လင်းလန် : “....“ဘာလို့ ဒီလောက် ကမြင်းရတာလဲ...(ကလေးတွေ)
သူမက စန်းဝမ်ကို ပြောလိုက်သည်။
"နောင်မှာ လက်လွတ်စပယ် လျှောက်မစားနဲ့... မင်းဗိုက်မကောင်းရင် အန်မယ်... ဝမ်းပျက်လိမ့်မယ်"
စန်းဝမ်: "မမရှုယွမ်က ဗိုက်မကောင်းဘူးလား"
လင်းလန်က တိုးတိုးလေး ပြော၏။
"မမရှုယွမ်မှန်း မင်းဘယ်လိုသိလဲ"
စန်းဝမ်က ဆရာတွေကို ကြည့်ပြီး လင်းလန့်နားနားကပ်ကာ
"သူက အရသာရှိတဲ့ အစားအစာတွေကို ခိုးယူဖို့ အဲဒီပညာတတ်လူငယ်ဆီ မကြာခဏ သွားလေ့ရှိတယ်...ပြီးတော့ ဗိုက်မကောင်းတာဖြစ်နိုင်တယ်"
လင်းလန် : "!!!"
လူတော်တော်များများက သူတို့ကို ဘယ်သူမှမသိဟုထင်ကြသည်။ သူတို့မသိသည်က သူတို့ ရွာထဲက အနှီပဲစေ့လေးတွေဆီကနေ ဖုံးကွယ်ထား၍ မရသည်ကိုပင်။
ကလေးတွေကို လျစ်လျူရှုဝံ့သူသည် ၎င်း၏လျှို့ဝှက်ချက်ကို ထုတ်ဖော်ခံရလိမ့်မည်။
သူမ အတော်လေး စိတ်လှုပ်ရှားသွားသည်။
သူမက ခေါင်းလှည့်ပြီး ဟန်ချင်စုန့်ကို တီးတိုးပြောလိုက်၏။
"လုံခြုံရေးညွှန်မှူးကို တိတ်တိတ်လေးသတိပေးချင်လား"
လုံခြုံရေးညွှန်မှူးက အတော် ရိုးဖြောင့်သူဖြစ်သည်။ သူက ရွာကကေဒါတစ်ယောက်ဖြစ်ပေမဲ့ ရိုးသား၏။ လူတိုင်းက သူ့ကို သမာသမတ်ကျသည်ဟု ပြောကြသည်။
လင်းလန်သည်လည်း သူ့အပေါ်တွင် အထင်မြင်ကောင်းရှိ၏။
ဤကိစ္စသာပေါ်သွားပါက လျှိုမိသားစု ခေါင်းထောင်နိုင်မှာမတော့ပေ။
ထို့အပြင် အဖွဲ့ဝင်များက လက်ညိုးထိုးကာ အတင်းအဖျင်းပြောကြပေလိမ့်မည်။ လျှိုရှုယွမ် ၏ စရိုက်လက္ခဏာအရ ထိုယောကျာ်းက သူမကို လက်မထပ်ပါက တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်မိသည်။
လုံခြုံရေးညွှန်မှူးကို ကြိုအကြောင်းကြားပြီး ထိုယောက်ျားနှင့် ဆက်သွယ်ခိုင်းရမည်။ အခုချက်ချင်း စေ့စပ်ပြီး လက်ထပ်လိုက်ပါက ဤကိစ္စကို ဖိနှိပ်နိုင်လိမ့်မည်။
သူမ ခုနက ကြားခဲ့သည့် စကားများအရ ထိုယောက်ျားက အတော်လေး ငါးဆားနူဆန်၏။
သူမသာဆိုပါက သေချာပေါက် လက်ထပ်မှာမဟုတ်ပေ။ ကလေးကိုသာ ဖျက်ချပစ်ချင်မည်ပင်။ အကယ်၍ ကျန်းမာရေးမကောင်း၍ မဖျက်ချနိုင်ပါကလည်း ကိုယ့်ဘာသာကိုယ်မွေးပြီး ကျွေးမွေးပြုစုမည်ဖြစ်သည်။
ငါးဆားနူတစ်ယောက်နဲ့ လက်ထပ်ဖို့ စိတ်မကူးဘူး...
အမှန်တွင် သူမကရှက်ကြောက်တာမဟုတ်ပေ။ သူများတွေ လက်ညိုးထိုးကာ အတင်းပြောမည်ကို သူမမကြောက်ချေ။
လျှိုရှုယွမ်ကမူ မတူပါပေ။ လျှို မိသားစုကလည်း ရွာမှာ အတော်လေး ဂုဏ်သိက္ခာရှိသည့်မိသားစုပင်။
သူတို့၏အမြင်သုံးခုသည် သူမနှင့် ကွဲပြားပြီး ပြဿနာများကို ကိုင်တွယ်ဖြေရှင်းပုံ မလွဲဧကန် ကွဲပြားနေမည်ဖြစ်သည်။ လျှိုရှုယွမ်အတွက် အကောင်းဆုံးနည်းလမ်းမှာ ထိုယောက်ျားကို အရင်လက်ထပ်ရန်ဖြစ်၏။
ထိုယောကျာ်းအတွက်မူ သူက ငါးဆားနူဖြစ်ရမည်ကို မကြောက်လျှင်ပင် လူတော်တော်များများက သူ့ကို မျက်စိထောက်ထောက်ကြည့်နေကြမှာဖြစ်သည်။
သူက ငါးဆားနူကောင်ဖြစ်လျှင်ပင် သူမ အနာဂတ်မှာ ကွာရှင်း၍ရသေး၏။
အိမ်ထောင်မပြုမီ ကိုယ်ဝန်ရှိ၍ အတင်းအဖျင်းပြောသူများ၏ ကဲ့ရဲ့ခြင်းကို ခံရခြင်းသည် လျှိုရှုယွမ်တို့ကဲ့သို့သော ဂုဏ်သိက္ခာကိုအလေးထားသည့် မိသားစုအတွက် ကွာရှင်းခြင်းထက် ပို၍ အန္တရာယ်ဖြစ်စေသည်။
စင်စစ်အားဖြင့် ယခုတွင် 70ခုနှစ်များသာ ရှိသေးလေရာ ရမ်းကားခြင်း ပြစ်မှုများရှိပြီး *ဖိနပ်ပျက်ခြင်း ရာဇ၀တ်မှု များပင် ရှိ၏။ကွန်မြူနတီ၏အဖွဲ့ဝင်များက အနှီကိစ္စကို ပြဿနာရှာရန် အသုံးပြုပါက ဝေဖန်ခံရမည်က မြေကြီးလက်ခတ်မလွဲပင်။
(T/N– ရှေးတရုတ်လူမျိုးတွေရဲ့အမြင်မှာ ခြေထောက်က အမျိုးသားအဂ်ါကို ကိုယ်စားပြုပြီး ဖိနပ်ကအမျိုးသမီးအဂ်ါကို ကိုယ်စားပြုပါတယ်တဲ့။ ဖိနပ်ပျက်ဆိုတာက လျှပ်ပေါ် လော်လည်တဲ့မိန်းမတွေကိုခေါ်တာပါတဲ့။ အိမ်ထောင်ရှိပြီးဖောက်ပြန်တဲ့သူ၊ပြည့်တန်ဆာ၊ လက်မထပ်ခင် ကိုယ်ဝန်ရသူ အစသဖြင့်... )
သူမက ဟန်ချင်စုန့်ကို နားနားကပ်၍ ပြောပြလိုက်ပြီး သူမ၏ အသံသည် တိုးနေကာ သူမ၏ အသက်ရှုသံကပြင်းနေသည် ။ ဟန်ချင်စုန့် မလှုပ်ဝံ့၊ သူ့နားများက မီးတောက်နေသော်လည်း သူမ အသက်ရှုလိုက်သောအခါ အေးသွားကာ အဓိပ္ပါယ် မဖော်နိုင်သော ကျေနပ်နှစ်သိမ့်မှုကို ခံစားရပြီး ထုံကျင်သွား၏။ ထုံလွန်း၍ သူ့မှာ သူမကို အိမ်ပြန်ခေါ်သွားချင်စိတ် အမှန်ကို ဖြစ်လာရသည်။
ပြောပြီးသည့်အခါ လင်းလန်က ဟန်ချင်စုန့်၏ လက်မောင်းကို ပုတ်လိုက်ပြီး
"တတိယအစ်ကို... မြန်မြန်လုပ်"
တတိယ အစ်ကို~~
၎င်းက မှန်ကန်သင့်တော်သည့် အခေါ်အဝေါ်ဖြစ်သော်လည်း သူမနှုတ်မှပြောသောအခါ တစ်ခြားသူများခေါ်သည်နှင့် မတူပဲ အလွန်နှစ်လိုဖွယ်ရှိပြီး နူးညံ့သလို ခံစားလိုက်ရသည်။
သူမက တတိယအစ်ကိုဟု နူးညံ့သည့် အဆုံးသတ်ဖြင့်ခေါ်ဆိုခဲ့ပြီး သူမက ကလေးလေးတစ်ယောက်လို ပြုမူနေပြီး သူ့ကို မြူဆွယ်နေသကဲ့သို့ပင်။
သူက သူမလက်ကိုဆွဲကိုင်ပြီး "ကောင်းပြီ" ဟုပြောလိုက်သည်။
သူထလိုက်သော အခါတွင် လူအမြင်မသင့်သောနေရာကိုကာရန်အတွက် သူ့အောက်ပိုင်းက အဝတ်ကိုဖြန့်ထားလိုက်ရ၏။
ခဏအကြာတွင် ဟန်ချင်စုန့် လင်းလန်ဆီသို့ ပြန်လာသည်။
လင်းလန်က သူက သူမကို ပြောပြဖို့ အစပြုလိမ့်မည်ဟု တွေးထားသော်လည်း သူက ပြောင်းဖူးခွာခြင်း မှလွဲ၍ ဘာမှမပြောဘဲ ခေါင်းလောင်းတစ်ခုလို ထိုင်နေလေ၏။
သူမမှာ နောက်တစ်ကြိမ် စောင်းငဲ့ကြည့်ရန်ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။
"ရှင်ပြောခဲ့လား"
ဟန်ချင်စုန့် : "ထပ်ခေါ်"
လင်းလန်: "ဘာကိုခေါ်ရမှာလဲ"
ဟန်ချင်စုန့်: "ခုနကခေါ်တဲ့ဟာ"
လင်းလန်က ကျိတ်ရယ်ရင်း သူနားဆီသို့မီရန်အတွက် သူ့အင်္ကျီစတွေကို ဆွဲကာ သူမနှုတ်ခမ်းများကို သူ့နားရွက်နားကပ်ပြီး တိုးတိုးလေးဆိုလိုက်သည်။
"အချစ်ရေ"
သူမ စကားမဆုံးမီတွင် သူနားရွက်များ လောင်ကျွမ်းတော့မတတ် ပူလာသည်ကို ခံစားလိုက်ရ၏။
စန်ဝမ်း : " မားမားနဲ့အဖေ ဘာတွေ ပြောနေတာလဲ...သားလည်း နားထောင်ချင်တယ်"
(စန်းဝမ်=ဒိန်းဒေါင်း)
လင်းလန်: ... ဒီကံဆိုးကောင်လေး...
ဟန်ချင်းဖျင် နှင့် ဟောင်ယွမ်က သူတို့ကို ကြည့်ကာ ပြုံးသည်။
လင်းလန်က ခပ်မာမာဆိုလိုက်၏။
“မင်းအဖေနဲ့ငါက အခုတလော မင်း ဆိုးပေနေသလားဆိုတာကိုဆွေးနွေးနေတာ...ပြန်ရောက်ရင် မင်းလိုရိုက်မလို့"
စန်းဝမ်က ဆတ်ခနဲ ထရပ်လိုက်ပြီး
“ကျွန်တော်က အစ်ကို့ထက် အများကြီး ပိုကောင်းတယ်...သွားတော့မယ် "
ထိုသို့ပြောပြီးနောက် သူက ယုန်ထက် ပိုမြန်အောင် ပြေးသွားသည်။
ဟန်ချင်စုန့်က ခေါင်း လှည့်ပြီး "ချန်ဇီချင်း"ဟု လင်းလန်ကို တိုးတိုးလေးပြော၏။
ချန်ဇီချင်း...သူက ငါးဆားနူကို သွားစုံစမ်းတာလား...ကွန်ဖူးပညာရှင်လားဟ... နောက်ပြီး အလိုလိုသိစိတ်ကလည်း မြန်သေးတယ်...
လင်းလန်က ခဏလောက်စဉ်းစားပြီး "အိုး...ဆရာကြီးသုံးယောက် နေတဲ့ နေရာကမဟုတ်လား"
ချန်ဇီချင်းက မြို့ကနေရောက်လာသော ပညာတတ်လူငယ်တစ်ဦးဖြစ်သည်။ သူက အရပ်မရှည်ဘဲ သာမန်ရုပ်ရည်သာရှိသော်လည်း နှုတ်ချိုလေသည်။ စကားကြွယ်သူများက အထူးသဖြင့် လူတွေကို ချော့မော့နူးနှပ်သည့်နေရာမှာ တော်ကြ၏။ သူက အကြောင်း တစ်ခုခုကြောင့် ရွာကို ပြောင်းရွှေ့ လာပြီး ရောက်ရောက်ခြင်း ပြဿနာရှာခဲ့သည်။
သူက ဝန်ခံခြင်းမရှိသော်လည်း လူများစွာက သူပြုလုပ်သည်ဟု ယုံကြည်ကြ၏။
ယမန်နှစ်ကုန်တွင် သူ ဤနေရာကို ပြောင်းရွှေ့လာချိန်က သူသည် တိရိစ္ဆာန်များကို ဦးစီးရန် တာဝန်ယူခဲ့ဖူးသည်။
ထိုစဥ်က မြည်းတစ်ကောင် ရုတ်တရက် ထိတ်လန့်စွာ ထွက်ပြေးသွားခဲ့သည်။
Xxxxxx