အပိုင်း ၂၂၇-၂၂၈
Viewers 23k

Part 227


သူ မြည်းကို လိုက်ဖမ်းသော်လည်း မည်ကဲ့သို့ ဖမ်းရမည်ကို မသိသောကြောင့် မြည်းကို ကုန်းစောင်းပေါ်က ပြုတ်ကျအောင်လိုက်ဖမ်းကာ ပထမမြည်းကို သတ်ပစ်လိုက်၏။


 မြည်းများက အလုပ်များများစားစား မလုပ်သလို  လှည်းဆွဲ၍ လယ်မထွန်နိုင်သော်လည်း မြည်းများသည် ကြိတ်စက်များတွင် အကောင်းဆုံးဖြစ်ပြီး ထုတ်လုပ်ရေးအဖွဲ့အတွက် မရှိမဖြစ်လိုအပ်သော တိရစ္ဆာန်များဖြစ်သည်။


    တိရိစ္ဆာန်တစ်ကောင်သေသွားသည့်အခါ ဟန်ရုံဖန်နှင့်  တခြားသူတွေ မည်မျှဝမ်းနည်းသွားသလဲဆိုသည်ကို ပြောစရာပင်မလိုချေ။ 


 ချန်ဇီချင်းက ဝမ်းနည်းခြင်းမရှိပဲ ထိုအစား သူက ဝမ်းသာနေခဲ့ပြီး  အခြားပညာတတ်လူငယ်များကို ကွယ်ရာတွင် "သေတာကောင်းတယ်...မသေရင် အသားစားလို့ရမလား"  ဟုပြောခဲ့၏။ထို့နောက် သူက  တခြားနေရာတွေမှာ တန်းကျော်ခဲ့ကြောင်းနှင့် တိရစ္ဆာန်တွေကို မည်သို့ ထိခိုက်စေခဲ့ကြောင်း ကောလဟာလတွေထွက်လာခဲ့သည်။အချို့အဖွဲ့ဝင်တွေက သူ့ဆီကနေအရူးလုပ်ခံရပြီး တိရစ္ဆာန်တွေကို သတ်ဖြတ်ပြီး အသားစားကြ၏။ 


    အဖွဲ့ဝင်အချို့က သူ့ဆီကကနေအလှည့်စားခံရကာ  သူ့စကားကို အလွန်နားထောင်ပြီး သူ့ကို ပင် ဖုံးဖိပေး ထားကြသည်။နောက်ပိုင်းတွင် သက်သေမရှိသလို စီရင်ချက်လည်း မရှိသော်လည်း မျက်နှာမပျက်ရန်အတွက် ညှိနှိုင်းမှုဖြင့် ဤနေရာသို့ ပြောင်းရွှေ့ခဲ့သည်။


    မြည်းသေဆုံးပြီးကတည်းက ဟန်ရုံဖန်က 

 ဤကိစ္စနှင့်ပတ်သက်၍ အလွန်စိုးရိမ်ပူပန်နေခဲ့ပြီး ပညာတတ်လူငယ်များအား အရေးကြီးသောအလုပ်များကို တာဝန်မပေးဘဲ လူတိုင်းနှင့် ယှဥ်တွဲလုပ်ကိုင်ခိုင်းကာ အရေးကြီးသည့် အထူးတာဝန်များကို ၎င်းတို့ထံ ပေးအပ်ခြင်းမပြုနိုင်ခဲ့ပေ။


    ကြိုတင်ကာကွယ်မှုများအရ ချန်ဇီချင်းက သည် ကြီးကြီးမားမား အမှားတစ်ခုကို ဘယ်သောအခါမှ မကျူးလွန်ခဲ့ပေ။  ပျင်းရိပြီး အစားအသောက်ကို လောဘကြီးခြင်းက အမှားမဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ  ပညာတတ်လူငယ်များသည် အလိုလိုက်ခံရကာ ပျက်စီးနေသူများဖြစ်ပေသည်။


ယခု သူက လုံခြုံရေးညွှန်မှူး၏ သမီးကို...ပေးလိုက်၏။ လက်ထပ်မယူပါက သူ့ခြေထောက်တွေမသန်မစွမ်းဖြစ်သွားလိမ့်မည်ဟု လင်းလန် ခံစားရသည်။


    "ရှင် ပြည်သူ့လုံခြုံရေးညွှန်မှူးနဲ့ စကားပြောပြီးပြီလား"


 ဟန်ချင်စုန့်: "သူ အိမ်မှာ မရှိဘူး... သူက လူတစ်ယောက်ကို ကန်စွန်းဥတွေကြည့်ဖို့ မြောက်ဘက်ကို ခေါ်သွားတယ်"


 လင်းလန်: "ဒါဆို ကျွန်မအမျိုးသမီးခေါင်းဆောင် နဲ့ စကားပြောပြီး သူ့ကို လျှိုရှုယွမ်နဲ့ စကားပြောခိုင်းလိုက်မယ်"

 


    ဤကိစ္စနှင့်ပတ်သက်၍ လူများစွာသိပါက မလွယ်ကူသော်လည်း တုန်ဟွိုင်ဟွက တိုင်းထွာတတ်ပြီး သူမက အမျိုးသမီးခေါင်းဆောင်  ဖြစ်၏။


 ချန်ဇီချင်း  နှင့် စေ့စပ်ညှိနှိုင်းရမည့် အချိန်ရောက်လာသောအခါ သူမက ရှေ့တက်ပြောဆိုရမည်ပင်။


 လင်းလန်က တုန်ဟွိုင်ဟွကို ဘေးခေါ်ပြီး ခေါင်းကို ယဉ်ယဉ်ကျေးကျေး မော့ကာ ခရိုင်ဆေးရုံတွင် လျှိုရှုယွမ်ကို တွေ့သည်ဟုသာ ပြောလိုက်ပြီး အသေးစိတ် မပြောခဲ့ပေ။


တုန်ဟိုင်ဟွက သူမ၏ပေါင်ကို ရိုက်လိုက်ပြီး "သွားပြီ...ငါသိတယ်...အခုတလော သူတစ်ခုခုဖြစ်နေတယ်လို့ ငါပြောပါတယ်... သူရဲ့ဆက်ဆံရေးက ဒီလိုကိုး"


    လင်းလန်က သူမကို ကြည့်လိုက်သည်။


တုန်ဟွိုင်ဟွက တိုးတိုးလေး ပြော၏။

 "လင်းလန်... သူများတွေကို မပြောနဲ့"


    လင်းလန်က ခေါင်းညိတ်ပြီး "ဘယ်သူကိုမှ မပြောပါဘူး...အဲ့ဒါကြောင့် ရှင်ကိုပြောတာပေါ့"


 တုန်ဟွိုင်ဟွ : "အိုး မင်းက တကယ်မှန်တာပဲ... မင်းအကြံပေးဖူးသလို   ဒီလိုကိစ္စကို လူသိများအောင် ဝါဒဖြန့်မှုမျိုးလုပ်ရမယ်... မဟုတ်ရင် ဒုက္ခတွေ ရှိလာမယ်...ဒီပညာတတ်လူငယ်တွေက တကယ့်ကို ဆိုးရွားတဲ့ဟာတွေပဲ... သူတို့အားလုံးက တစ်နေကုန် အပျင်းထူပြီး အငြိမ်မနေနိုင်ကြဘူး...ဒါတွေနဲ့ပဲလိုက်ငြိပြီး ဒိအကြောင်းပဲထိုင်စဥ်းစားနေကြတာ"


သူမ လျှိုရှုယွမ်၏အမေနှင့် လျှိုရှုယွမ်ကို အမြန်သွားရှာ၏။

လင်းလန်က ပြောင်ဖူးခွာရန် ပြန်လာခဲ့သည်။


    အချိန်နီးလာသောအခါတွင် သူမ ကလေးများကို အိမ်ပြန်ကာ အမြန်အိပ်ခိုင်းလိုက်၏။  ကလေးတွေ ကြီးထွားနေချိန် အိပ်ရေးမဝမည်ကို သူမ မလိုချင်ပေ။


    ညက မှောင်နေလေရာ ရှောင်ဝမ်လဲကျမည် စိုးသောကြောင့် သူမ သူ့ကို ပွေ့ချီထားချင်ခဲ့၏။


သို့သော် ဟန်ချင်စုန့်က သူ့ကို ကောက်ချီနေပြီးသားဖြစ်ကာ  သူ့ရင်ခွင်ထဲမှာ ထိုင်ခိုင်းလိုက်သည်။  စန်းဝမ်က  သူ့ကို မြင်ပြီး စိတ်လှုပ်ရှားစွာ ခုန်တက်လိုက်ကာ "အဖေ...သားကို...သားကို... "


ဟန်ချင်စုန့်က ဆိုလိုက်၏။

 "ကိုယ့်ဘာသာကိုယ် သွား"


စန်းဝမ် ဝမ်းနည်းသလို ခံစားလိုက်ရပြီး သူ့နဖူးပေါ်က အမာရွတ်ကို ထိလိုက်သည်။


  လင်းလန် ကမန်းကတန်းပြောလိုက်၏။ "ကျွန်မကငယ်ငယ်ကတည်းက သူ့ကို တစ်ခါမှ မပွေ့ဖက်ဖူးဘူး...တစ်ကြိမ်လောက် ပွေ့ပါရစေနော်"


    လင်းလန်ပြောသည်ကို ကြားသောအခါ ဟန်ချင်စုန့်က လက်ဆန့်၍    လင်းယုန်တစ်ကောင် ကြက်ပေါက်လေးကိုထိုးသုတ်သလို စန်းဝမ်ကို ပခုံးကနေမလိုက်သည်။


 "ဝါး~~ အရမ်းပျော်ဖို့ကောင်းတာပဲ..." 


စန်းဝမ်က   သူ့ခြေထောက်တွေကို ကန်ကျောက်ကာ သူ့အတန်းဖော်တွေနှင့် သူငယ်ချင်းတွေကို ကြွားလိုက်၏။


    တခြားကလေးတွေက ချက်ချင်း သူတို့အဖေတွေကို သူတို့နှင့်  ကစားရန်ပြောကြသော်လည်း သူတို့အားလုံး ခြွင်းချက်မရှိ အရိုက်ခံလိုက်ရသည်။


    သူတို့မိသားစု မရှိတော့သည့်အခါ တချို့လူတွေက သည်းမခံနိုင်တော့ဘဲ

 “ဘယ်အချိန်ရှိပြီလဲ... ရှစ်နာရီထိုးပြီလား... ”


    “ကိုးနာရီ ထိုးခါနီး ရှစ်နာရီခွဲပြီ” 


“သူတို့မိသားစုပဲ စောစောအိပ်ကြတယ်...ဆယ်နာရီမထိုးမချင်း အိပ်ရာဝင်တဲ့သူ ဘယ်သူရှိလို့လဲ"


    ဆောင်းဦးကောက်ရိတ်သိမ်းချိတ်အတွင်  လွန်ခဲ့သည့်ရက်အနည်းငယ်က ညဘက်မှာ အချိန်ပိုလုပ်ခြင်းအတွက်  အလုပ်မှတ်တွေရှိ၏။  အလုပ်မှတ်တွေ ပိုရရန်အတွက် သာမန်အဖွဲ့ဝင်တွေက နောက်ကျမှအိပ်ကာ အလုပ်ပိုလုပ်ကြသည်။


သို့ရာတွင်  လူတိုင်း အိပ်ယာဝင်နောက်ကျခြင်းကို တားဆီးရန်အတွက် ဟန်ရုံဖန်က  သူတို့ကို စုပေါင်းလိုက်၏။ လူတိုင်း၏ အရှိန်အရ၊ ပမာဏထဲကို 20% ထပ်ထည့်ပြီး အလုပ်မှတ်နံပါတ် သတ်မှတ်လိုက်သည်။  


    ဤနည်းဖြင့်  လူတိုင်း ကိုယ့်လက်ကိုယ်ခြေဖြင့် လျင်မြန်စွာ အလုပ်လုပ်နိုင်မည်ဖြစ်ကာ ယခင်ကဲ့သို့ အချိန်ပေါ်မူတည်ပြီး အလုပ်မှတ်များ မရရှိတော့ဘဲ ပြင်ပအလုပ်များကို လုပ်ရလွယ်ကူလေ၏။ 


  တုန်ဟွိုင်ဟွ တစ်ယောက်ယောက်က ချဉ်သောစကားများပြောသည်ကို ကြားသည့်အခါ ပြောလိုက်သည်။


 "သူတို့က နောက်ကျလာပြီး စောစောပြန်ပေမဲ့ စောစောလာပြီး နောက်ကျမှပြန်တဲ့ နင်တို့ထက်စာရင် အလုပ်ပိုလုပ်တယ်... သူ့တို့ကိုယ်သူတို့ ေ၀ဖန်မခံဘူး..."


    


ဤမိမစစ်ဖမစစ်တွေက သူတို့လင်မယား ဘာကြောင့် စောစောပြန်ကြတာလဲဟုသာ ပြောေနကြ၏။ 


သူတို့မှာ လုပ်စရာတစ်ခုခုရှိရမယ်...


လူအနည်းငယ်စုပြီး လှောင်ပြောင် ရယ်မောနေကြသည်။ တချို့ကလည်း သွားချောင်း နားထောင်သင့်သလားဟုပင် မေးကြသည်။


    အဆုံးတွင် မည်သူမျှ မသွားရဲကြပေ။ 


သူတို့သာ သူခိုးအဖြစ် အမိခံရလျင် အမြတ်က ဆုံးရှုံးရသည်နှင့် တန်မှာမဟုတ်ချေ။


    

Xxxxxxx

Part 228


အိမ်ပြန်ရောက်သည့်အခါ လင်းလန်က ကလေးတွေကို ခြေထောက်ဆေးခိုင်းလိုက်သည် သူတို့အနေဖြင့်  နေ့တိုင်း ရေချိုးစရာ မလိုပေမဲ့ ခြေလက်ဆေးရန် လိုပါသေး၏။


အားဝမ်က အလျင်စလိုမဖြစ်၊တဝမ်က ရိုးရိုးသားသား သွက်သွက်လက်လက်လုပ်ပြီး စန်းဝမ်ကမူ စစ်ပွဲကဲ့သို့ တိုက်ခိုက်နေသောကြောင့် မိုင်စွေ့ သူ့ကို ဆက်တိုက်ခေါ်နေရသည်။


သူတို့အားလုံး အနွေးကုတင် ပေါ်တက်ပြီး လဲလျောင်းကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခါမှ လင်းလန်က သူမကိုယ်သူမ တဖန် ဆေးကြောသန့်စင်လိုက်၏။


ဟန်ချင်စုန့်က ရှောင်ဝမ်ကို မှန်ကန်စွာ နေရာချထားပြီး အနွေးကုတင်ဘောင်ကိုမှီကာ တစ်စုံတစ်ခုကို ကြည့်နေလေသည်။ 


လင်းလန်က ဂွမ်းကပ်အနွေးထည်ကို ​ပြေးဝတ်ပြီး နောက် "ဒီလောက်မှောင်နေတဲ့အချိန်မှာ... ရှင်ကဘာကြည့်နေတာလဲ... သေသေချာချာ ပြပါဦး "


 ဟန်ချင်စုန့်က စာအုပ်တစ်အုပ်ဖတ်နေသည်ဟု သူမထင်ခဲ့၏။


ဟန်ချင်စုန့်  သူ့လက်ကိုလှန်ကာ လက်ဖဝါးထဲရှိ သူလေ့လာနေသည့်အရာများကို ထုတ်ဖော်ပြသလိုက်ရာ လင်းလန် အနွေးကုတင်ဗီရိုအတွင်း  ဝှက်ထားသော ကွန်ဒုံးဖြစ်နေသည်က အထင်အရှားပင်။


 သေပြီ...  မိန်းမကဖုံးထားပြီး ယောက်ျားတစ်ယောက်က လှန်ပစ်နိုင်လေသည်။  သူ့ဆီကနေ ဘာမှ ဖုံးကွယ်၍မရပေ။


လင်းလန် သူမ တည်ငြိမ်နေသည်ဟု ခံစားရသော်လည်း သူမ၏ပါးပြင်နှင့် လည်ပင်းတို့က နီရဲနေပြီဆိုသည်ကို သူမမသိပေ။ ယင်းတို့က  အလင်းရောင်ထဲတွင် ဟန်ချင်စုန့်၏ မျက်လုံးများထဲသို့ သက်ဆင်းလာသောအခါ သူမက ပွင့်လန်းနေသော ပန်းလေးကဲ့သို့ ဆွဲဆောင်မှုရှိလှသည်။


 သူမ အနွေးကုတင်ပေါ်တွင် တည်ငြိမ် ဟန်ဆောင်ကာ အိပ်ရာဝင်လိုက်ပြီး

 "ရှင်ဘာတွေလေ့လာနေတာလဲ"


    ဟန်ချင်စုန့် "ဒါက မင်းဟာမဟုတ်ဘူးလား" 

သူက အလွန် လေးလေးနက်နက် ထပ်ဖတ်လေ၏။

 "ကွန်ဒုံး"


လင်းလန်: "...ကျွန်မ မသိဘူး အယ်... ဘယ်ကရောက်လာတာလဲ... အဲဒါ ကျွန်မဟာမဟုတ်ဘူးရယ် ”


  ဟန်ချင်စုန့်က သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး အပေါ်က ရှင်းပြချက်ကို အသံနိမ့်နိမ့်နှင့် ဖတ်ပြသည်။ သူ့အသံက မူလကတည်းက အနည်းငယ် ဩရှပြီး သံလိုက်ဓာတ်(ဆွဲငင်မှု) အပြည့်ပါလေရာ သူက အသံကိုနှိမ့်လိုက်သောအခါ ရင်ခေါင်းထဲကဟိန်းသံက ဘက်ပေါင်းစုံ အသံနှင့်ပိုတူ၏။


 လင်းလန်၏ နားရွက်များ နီရဲလာသည်။


 ဟန်ချင်စုန့်က ထိုအရာကို လက်မနှင့်လက်ညှိုးကြားညှပ်ကာ သိချင်စိတ်ဖြင့်

  "ဒါက...သုံးလို့ ရလား"


လင်းလန်က သူမမျက်နှာကို သူရင်ဘတ်ထဲမြှုပ်လိုက်ပြီး "ဒေါက်တာ ကပြောတာပဲ"


"ဒေါက်တာ...ဘယ်ဒေါက်တာလဲ..."


"ခရိုင်ဆေးရုံ ဒေါက်တာကျောင်း... သားဖွားမီးယပ်ဌာနရဲ့ ညွှန်ကြားရေးမှူး... အခွင့်အာဏာအရှိဆုံးသူလေ"


 ဟန်ချင်စုန့်က သူမ၏မျက်နှာကို သူ့လက်ကြီးများဖြင့်အုပ်ကိုင်ကာ " သေချာလား ဒီဟာက...အလုပ်ဖြစ်တယ် ဆိုတာလေ"


    လင်းလန်က ကွန်ဒုံးကို နီးနီးကပ်ကပ် ကြည့်လိုက်ပြီး သူမ နှာသီးဖျားတွင် ချွေးတွေစို့လာ၏။ဘာလို့  လုပ်စရာတွေ အများကြီးရှိနေတာလဲလို့ပြောရင် သုံးလိုက်ရုံပဲလေ...


    "ကောင်းပြီ ဆရာဝန်က... ကလေးမလိုချင်ရင် သန္ဓေတားဆေးသုံးရမယ်...ဆေးကို လက်လွတ်စပယ်မသောက်ရဘူး...အဲ့ဒါကြောင့် ဒါကိုသုံးတာက အန္တရာယ်အကင်းဆုံးပဲ" 

 သူမ၏ အသံ သေးသထက် သေးလာသည်။


ဘယ်လောက်စျေးကြီးလိုက်သလဲလို့...


ဟန်ချင်စုန့်က သူမကို သံသယဖြင့် ကြည့်ပြီး "သေချာလား... တခြားနည်းလမ်းရှိလား"


  လင်းလန်: "... အမျိုးသမီးတွေက ကွင်းတွေ ဝတ်လို့ရပေမဲ့...  အလွယ်တကူ နေမကောင်းဖြစ်မယ်...သံကွင်းကို ဗိုက်ထဲမှာ ထည့်ထားတာက အချိန်အတော်ကြာရင်  သံချေးတက်ပြီး နေမကောင်းဖြစ်လိမ့်မယ်"


ဟန်ချင်စုန့်က ဆို၏။

“အဲ့ဒါကို ထည့်လို့ မရဘူး... တခြားနည်းလမ်း ရှိလား”


 လင်းလန် : “ဟင့်အင်း”


    သူမ သူ့ကို သားကြောဖြတ်ခြင်းအကြောင်း မပြောနိုင်သဖြင့်  မသိချင်ဟန်ပဲဆောင်နေလိုက်သည်။


ဟန်ချင်စုန့်က အနည်းငယ် မျက်မှောင်ကြုတ်ပြီး ထိုဟာကို  တစ်ချက် ပြန်ကြည့်လိုက်ပြီး လင်းလန်ကို ပေးလိုက်ကာ တိုးတိုးပြောလိုက်သည်။


 "မင်းဝတ်"


 လင်းလန်: "!!!"


    "ကျွန်မက ဘာလို့ဝတ်ရမှာလဲ...ဒါက ယောက်ျားအတွက်ပဲ... ပုံစံကိုလည်းကြည့်ဦး...ဒါက ....."


    "မင်း ကိုယ့်အတွက်  ဝတ်ပေး...ကိုယ်မလုပ်တတ်ဘူး"


ဟန်ချင်စုန့်က ယုံကြည်မှုအပြည့်နှင့်ပြောလိုက်ပေမဲ့ သူ့အသံက အက်ရှလာပြီး သူမ၏ ပုခုံးပေါ်က လက်က အလိုအလျောက် အားပါလာ၏။


လင်းလန် "..."


 သူမ အရင်က ဝတ်မပေးဖူးပေ...


ဟန်ချင်စုန့်၏ပုံစံက မင်းဝတ်ပေးရမယ်၊မင်းမှာတာဝန်ရှိတယ် မဟုတ်ရင် ကိုယ်မဝတ်ဘူးဟူ သောဟန်ရှိနေသည်။ 


လင်းလန် သူ၏ လေးနက် တည်ကြည်ပြီးအရှက်မဲ့သောပုံစံကို ကြည့်ပြီး သူမမျက်နှာက ရှက်ရွံ့မှုတွေကြောင့် ပူလောင်နေသည်။ သူမ၏ ဦးနှောက်က အေးခဲနေလျက် သူမမှာ ဘာကိုမှ တွေးတောရန် ခွန်အားမရှိသဖြင့်  သူ့ကို အမြန်ကူဝတ်ပေးချင်မိ၏။


 အရွယ်အစားက မကိုက်တာကြောင့်လားတော့ မသိဘူး…ဘယ်လိုပဲဖြစ်ဖြစ်... 


သူတို့နှစ်ခုကို ကပ်လိုက်သည်နှင့်  လင်းလန် သူက ယခုလို လုပ်နေသည်ကို နှစ်သက်သည်ဟု ခံစားရသည်။


 မထင်မှတ်ပဲ သူညီငယ်က အားတက်သရောနှင့် ခံစားချက်များဖြင့် ဆက်ခါဆက်ခါ လူးလွန့်လာပြီး  စိတ်ဆိုးမာန်ဆိုးဖြစ်နေသောကြောင့် ပျော့ညံ့ပုံမပေါ်ပေ။


 နောက်ဆုံးတော့ ဝတ်ပြီးသွားပြီ...


လင်းလန်က သက်ပြင်းတစ်ချက်ချလိုက်၏။


ဟန်ချင်စုန့် : "...အဆင်မပြေဘူး" 

အရမ်းကြပ်တယ်၊...အရွယ်အစားမှားနေတယ်...


လင်းလန် : "သည်းခံလိုက်ပါ ...ဒါဆို ကိုယ်ဝန်ရှိမှာမဟုတ်ဘူး...ကျွန်မတို့မှာ ငါးယောက်ရှိပြီးသား ..."


" ကိုယ်တို့ ဆယ်ယောက်လောက်တော့ တတ်နိုင်ပါတယ်" 


ဟန်ချင်စုန့်၏ အသံက တစ်စုံတစ်ခုကြောင့် မသဲမကွဲဖြစ်နေပြီး လည်ပင်းညှစ်ခံနေရသလိုပင်။


"ဒါပေမဲ့ ကျွန်မ... ကလေးမွေးရတာ အရမ်းပင်ပန်းတယ်လို့ ခံစားရတယ်...ရှင်သိလား...ကိုယ်ဝန်ရှိရင် ရှင်ကျွန်မကို ထိလို့ရဘူး... ကိုယ်ဝန် ဆယ်လ ရှင်အောင့်နိုင်ပါ့မလား..." 


သူမ ရှင် ကျွန်မကို သုံးနှစ်လောက် မထိရဘူးဟု ပြောဖို့ရာမ စောင့်နိုင်တော့ပေ။  သူကြောက်မကြောက် သိရအောင်လေ...


 ဟန်ချင်စုန့် ထိုအကြောင်းကို တွေးတောကြည့်ပါက ရူးသွားမည်ဖြစ်ပြီး သည်းခံနိုင်မည်မဟုတ်ပေ။


  "ဒါဆို သည်းခံလိုက်... ဒါမှမဟုတ် တစ်နှစ်လောက် မထိဘဲ ကိုယ့်ဘာသာ ဖြေရှင်းလိုက်... ရှင်တစ်ခုရွေး ဟမ့်..."


 လင်းလန်က သူ့ရင်ဘတ်ကို လက်ချောင်းသွယ်သွယ်လေးဖြင့် ညင်သာစွာ ကုတ်ခြစ် လိုက်သည်။


ဟန်ချင်စုန့် သူ့ကို လောင်မြိုက်စေသည့်   သူမလက်လေးကို  ဆုပ်ကိုင်၍ နမ်းလိုက်ပြီး 

 "ကြပ်လွန်းတယ်...ကိုယ်အသက်ရှူလို့ မရဘူး" 


"ကျင့်သားရအောင်ပဲလုပ်ကြည့်ပါ...." 


လင်းလန် သူ့ကို နှစ်သိမ့်ပေးရင်း တိတ်တဆိတ် ပျော်ရွှင်နေခဲ့သည်၊ ထိုသို့ဖြင့် နေ့စဉ်လေ့ကျင့်ခန်းက အပတ်စဉ်သို့ ပြောင်းလဲသွားနိုင်ပေသည်။


အရမ်းဉာဏ်ကောင်းတာပဲ...


Xxxxxx