အပိုင်း ၂၂၉-၂၃၀
Viewers 21k

Part 229


ခဏအကြာတွင်...


" မိုးကာအင်္ကျီဝတ်ထားသလိုပဲ

...မင်းနဲ့အဝေးကြီးမှာ" 


သူ့အသံက ပိုအက်ရှလာပြီး သူမကို ပို၍တင်းတင်းကျပ်ကျပ်ပွေ့ဖက်လိုက်၏။


လင်းလန် : ရှင် အမှန်တွေပြောနေတာပဲ... 


အမှန်ပင်။

၎င်းက အလွန်ထူလေရာ ခွဲစိတ်ခန်းသုံး ရာဘာလက်အိတ်ဖြင့် ဖမ်းဆုပ်ခံထားရသကဲ့သို့ ဖြစ်နေမည်ပင်။


လင်းလန်က ပြောစရာစကားမဲ့စွာဖြင့် စည်းချက်အတိုင်းလိုက်ရန် ညှိယူရုံသာတတ်နိုင်၏။


ခဏအကြာတွင်... ကိုယ်ဟန်အနေအထားပြောင်း... 

လင်းလန်: "ဘာလို့လဲ" 

အရမ်းကြာနေပြီလေ...


အတော်လေး ကြာပြီးနောက်... ကိုယ်ဟန်အနေအထားတွေ များစွားပြောင်းသည်... ရပ်ရန် ရည်ရွယ်ချက်မရှိသေးဘူးထင်၏...


လင်းလန် ရူးသွပ်သွားသလို ခံစားလိုက်ရသည်။ ဘာလို့ မပြီးသေးတာလဲ...


"အဲဒါ...ရှင်..."

 သူမ ထုတ်မမေး​နိုင်ပေ။


  ဟန်ချင်စုန့်"...ဒီပစ္စည်းနဲ့ဆို မိုးလင်းရင်တောင် အဆင်ပြေမှာ မဟုတ်ဘူး"


 လင်းလန်: ......ရှင်ဘာတွေ ဇီဇာကြောင်ဖို့ကြိုးစားနေတာလဲ...


...........


ဆောင်းဦးရာသီ၏လေထုမှာအေးစက်လန်းဆန်းဖွယ်ကောင်းပြီး တိမ်ဖြူများနှင့်အလွန်လှပေသော ကျေးလက်ရူခင်းအား လင်းလန် အလွန်ပင်နှစ်သက်လေသည် ။ ဆောင်းဦးကောက်ရိတ်သိမ်းပွဲဖြင့်သာ အလုပ်ရူပ်မနေခဲ့လျှင် အလွန်ပင်အနားယူနေထိုင်ဖွယ်ကောင်းမွန်လွန်းသည့် ရာသီဥတုပင် ။


ဆောင်းဦးရာသီ ရိတ်သိမ်းချိန်ကာလသည် အလွန်ရှည်လျားပြီး သုံးလနီးပါးကြာကာပင်ပန်းသော်လည်း  ရိတ်သိမ်းမူမှရရှိ​သောကောက်ပဲသီးနှံများကြောင့် လူတိုင်း အလွန်ပျော်ရွှင်နေကြသည်။ ယခုအခါ စပါးများအားလုံး ရိတ်သိမ်းပြီးဖြစ်၍ လယ်ထွန်ခြင်း၊ပျိုးကြဲခြင်း မြေသြဇာကျွေးခြင်းတို့ကို စောင့်ရုံသာဖြစ်သည်။ မိုးရွာပြီးနောက် စပါးစိုက်ပျိုးရန် စတင်ပြင်ဆင်ကြသည်။


ကန်စွန်းဥစိုက်ခင်းအတွက်မှာတော့ ဆောင်းဦးမတိုင်မှီကာလ၌အပြီးအခြောက်ခံပြီးဖြစ်၍ ဝေစုအလိုက်အသင်းဝင်များကိုဖြန့်ဖြူးပေးရန်သာကျန်ရှိလေသည် ။


ဆောင်းဦးတွင် နေမပြင်းသော်လည်း လေပြင်းသောကြောင့် ကန်စွန်းဥများကို ရက်အနည်းငယ် အခြောက်ခံထားနိုင်သည်။ ခြောက်သွေ့သောအခါတွင် ကောက်နှံဆိုင်တွင် သိမ်းဆည်းနိုင်ပြီး တိရစ္ဆာန်များကို အစာကျွေးရန်အတွက်နှင့်ခြောက်သွေ့သွားသည့် အကိုင်းအခက်များအား ရိက္ခာအဖြစ် အသုံးပြုနိုင်သည်။


ရွာမှ အဖွဲ့ဝင်များသည် ဤကုန်ကြမ်းအစေ့အဆန်များ အထူးသဖြင့် ကန်စွန်းဥများကို အားကိုးသောကြောင့် ဆာလောင်ခြင်းမရှိကြချေ ။ 


လူအများတွက် စပါးကို မပေးနိုင်သည့်အတွက် ကန်စွန်းဥများကို စိုက်ပြီး တစ်ဧက  နှစ်ထောင်ကတ်တီ သုံးထောင်ကတ်တီထိ ရိတ်သိမ်းကာ ကတ်တီ တစ်ထောင်အထိ အခြောက်ခံကြသည်။


အချိန်ကျလာသည်အခါ၌ လူတိုင်းအား ကန်စွန်းဥခြောက်ကျင်းတစ်ရာစာနှင့် အစိုကျင်းတစ်ရာအပြင် အာလူးအနည်းငယ်ကိုပါ ခွဲဝေပေးလိမ့်မည် ။ 


ကန်စွန်းဥများ မရိတ်သိမ်းမီ ကျေးရွာ၏ အတွင်းရေးမှူးသည် ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်များအား စပါးခွဲတမ်းများထဲသို့ ဦးစွာပို့ဆောင်ပြီး ကျန်အဖွဲ့ဝင်များထံ အမြန်ဝေငှရန် အချိန်ကိုက်လုပ်ဆောင်ရမည်ဖြစ်သည် ။


လူအချို့သည် ယခင်က ပိုင်းခြားထားသော ပြောင်းဆန်နှင့် ပဲပိစပ်ပမာဏကို တူညီစွာရရှိကြမည်ဖြစ်သော်လည်း  ယခုအခါ စပါးခွဲဝေမှု မရှိသဖြင့် မိသားစုဝင်အချို့မှာကောင်းမွန်စွာစားသောက်ခြင်းအားခေတ္တရပ်နားထားရမည်ဟု ခန့်မှန်းရသည်။


သို့သော်လည်း  လင်းလန်၏အိမ်တော့မပါဝင်ချေ ။


လင်းလန်၏မိသားစုသည် မပျင်းရိပေ။ ဟန်ချင်စုန့် ၊ တဝမ် နှင့် အခြားကလေးများသည် ယခုအလုပ်တွင် ကူညီနိုင်ပြီး မည်သူမျှ မပျင်းကြပေ ။ လင်းလန်က ပြင်းပြင်းထန်ထန် အလုပ်မလုပ်သော်လည်း သူမတတ်နိုင်သည့်ဘက်မှမခိုမကပ်ကြိုစားအားထုတ်ပေးခဲ့သည် ။


အခြားသူများ၏အိမ်ထောင်စုများ၌ အစားအစာပြင်ဆင်ပေးသောအခါတွင် အခြေခံအားဖြင့်  အလုပ်လုပ်သည့် အမျိုးသားများသာကောင်းကောင်းမွန်မွန်စားသောက်ကြပြီး  ကလေးများသည် အစာလျှော့စားကြကာ အမျိုးသမီးများသည် ၀မ်းဝရုံသာစားသောက်ကြလေသည်။


လင်းလန်မိသားစုမှ သားသမီးများသည် အမျိုးသားများ ၊ အမျိုးသမီးများမခွဲခြားဘဲ လူတိုင်း  သာတူညီမျှဖြစ်ပြီး သမာသမတ်ကျသည်။


လင်းလန် သည် မိသားစုစားနပ်ရိက္ခာအားစားသောက်၍ အမြဲအချိန်ဖြုန်းပြီး စားသောက်စရာမရှိသော အခြေအနေကို ဖန်တီးနေသည်ဟု  လူအများက အတင်းအဖျင်းပြောခြင်းကို ကြုံရသည်။ သူမအား အစားကြူးသောမယားအဖြစ် တိုက်ရိုက်ညွှန်းဆိုကြသည် ။


ဥပမာအားဖြင့် မြေပဲခင်းတွင်အလုပ်ဆင်း၍ဝေစုရသည်နှင့် သူမကကလေးများစားသောက်ရန်မချွင်းမချန်ချက်ပြုတ်ပစ်လိုက်မည်ပင် ကန်စွန်းဥရခဲ့လျှင်လည်း ကြော်စားပြုတ်စားလိုက်မည်သာဖြစ်ပြီး မည်ကဲ့သို့သောချွေတာသည့်စိတ်ဓာတ်မျိုးမှရှိမနေပါချေ ။ 


အနာဂတ်အတွက် တစ်ပြားချင်းစုဆောင်းနေရသော ဆင်းရဲ့သည့်မိသားစုများမှ အမျိုးသမီးများမှာသူမအား မည်သည့်အခါမျှ နားလည်နိုင်မည်မဟုတ်ပါချေ ။


လင်းလန်က ထိုစကားများကို ဂရုမစိုက်သော်လည်း မိသားစုတွင် အလုပ်လုပ်သူနည်းပါးလွန်းသည်ကို သတိပြုမိသွားသည်။ 


အလုပ်ချိန်နှင့်ရမှတ်မလုံလောက်ပါက စားနပ်ရိက္ခာပြတ်လပ်သွားပေမည်။


အရင်အချိန်များ၌ ဟန်ချင်စုန့်  က ​​နေ့တိုင်း အလုပ်အမှတ်ဆယ်မှတ်ရရှိနေဆဲဖြစ်သော်လည်း အလုပ်ပြောင်းပြီးနောက်တွင်တော့ သူ့ရဲ့အလုပ်အမှတ်များဆက်လက်မရရှိနိုင်တော့ပေ ။


သို့သော် လင်းလန်တွင် တစ်နေ့လျှင် အလုပ်မှတ် ခြောက်မှတ် သို့မဟုတ် ခုနစ်မှတ်ရှိနေဆဲဖြစ်ပြီး  ဟန်ချင်စုန့် က သူမအား ကူညီရန်ပြန်လာသည့်အခါ အမှတ်များများရနိုင်​သေးသည် ။


တဝမ်၌လည်း အလုပ်ရမှတ် ခြောက်မှတ်ရှိပြီး အခြားကလေးများတွင် ပျမ်းမျှအားဖြင့် သုံးလေးမှတ် ရှိသည် ။ ကျောင်းတက်ရဆဲဖြစ်သော်လည်း  အလုပ်ရမှတ်များ နည်းပါးမည်ဟု မဆိုလိုပေ ။


အဘယ်ကြောင့်ဆိုသော် လူများသည် ရိက္ခာအမှတ် လေးမှတ်နှင့် ခြောက်မှတ်ကိုသာလိုအပ် သောကြောင့် ဖြစ်သည်။ လေးဆယ်ရာခိုင်နှုန်းသည် လူဦးရေပေါ်တွင်မူတည်ပြီး 60% သည် အလုပ်အမှတ်ပေါ်တွင်မူတည်သည်။ ဤသည်က အစိုးရအဖွဲ့ဝင်တွေအတွက်အမှန်ပင်် အကျိုးပြုလေသည် ။


 လူဦးရေအလိုက်ရနိုင်သော်လည်း အလုပ်အမှတ်အရ  အိမ်ထောင်စုအရေအတွက် အကန့်အသတ်ရှိသည်။ ဤနည်းအားဖြင့်၊ သူမ မိသားစု၏ အလုပ်ရမှတ်များသည် မလုံလောက်လျင်  အစားအစာဝယ်ရန် ဟန်ချင်စုန့်  ၏လစာကို အားကိုးကြရသည်။


သူမ ဘာမျှ မပူပန်ရေသးခင်မှာပင် အားဝမ်

က အိမ်တွင်အစားအသောက် ဘယ်လောက်ရှိလဲ၊ ဘယ်အချိန်မှာ ကန်စွန်းဥကုန်သွားမလဲ ဆိုတာနှင့် ပတ်သက်ပြီး တစ်နေ့လုံး စိတ်ပူပန်နေသည် ။


အလွန်အမင်းချမ်းသာသောဘဝမျိုးအား သူမ မနှစ်သက်သော်လည်း ငွေရှာရခက်သည့်ဘ၀ကလည်းမလွယ်ကူပေ။


ယခု ခုနှစ်ဆယ် ခုနှစ် သာရှိသေးပြီး မြို့တွင်းရှိ စက်ရုံများ အားလုံးသည် နိုင်ငံပိုင်ဖြစ်၍ ပုဂ္ဂလိကပိုင် ဟူ၍ မရှိပေ။


ရပ်ကွက်များနှင့် ကျေးရွာများပင်လျှင် အစုလိုက်အပြုံလိုက် သီးသန့်မရှိကြသေးပေ။ 


အကယ်၍ လူတစ်​ယောက်သည် စက်မှုထုတ်ကုန်များကို ပြန်လည်ရောင်းချပါက သစ္စာဖောက်သူအ​​ဖြစ်ပင် တံဆိပ်ကပ်သတ်မှတ်ခံရလိမ့်မည်။


ယခုအချိန်တွင် ပိုက်ဆံရှိသော်လည်း  ဘာမှမတတ်နိုင်သောကြောင့် လင်းလန် က အစားအစာ၊ အဝတ်အစား၊ အိမ်ရာနှင့် သွား​ရေးလာရေးအတွက်သာ ပိုက်ဆံကို အသုံးပြုခဲ့ရသည်။


ငွေရှာနည်းကို အခြေခံအားဖြင့် ပိတ်ဆို့ထားသည်။

 အရေးတကြီးဆုံးအရာမှာ လူတစ်ဦး၏ "ယဉ်ကျေးမှုအရည်အသွေး" ကို မြှင့်တင်ရန်နှင့် အနည်းဆုံး အလုပ်-အမှတ် ထောက်ပံ့ကြေးရရှိရန် အလုပ်အကိုင်အချို့အတွက် အခွင့်အလမ်းကို ရှာဖွေရန်သာဖြစ်သည်။


Xxxxxxx

Part 230


ဤနည်းအားဖြင့်၊ အနည်းဆုံး ကိုယ်ပိုင် ရိက္ခာအတွက် ငွေပိုသုံးရန် မလိုအပ်တော့ဘဲ ကလေးများအတွက်  ရိက္ခာများ ရရှိနိုင်ရန် အခွင့်အလမ်းဖန်တီးရန် လိုအပ်သည်။ သူမက လူသိရှင်ကြား လမ်းကြောင်းကို လျှောက်လှမ်းရန် လိုအပ်နေသေးကြောင်း ခံစားခဲ့ရပြီး သူမ တတ်နိုင်သရွေ့ ရိက္ခာများ စု​ဆောင်းထားရမည်ဖြစ်သည်။ 


ဟန်ရုံဖန် နဲ့ စတင်ရမယ်  ဟန်ရုံဖန်  က သဘောတူရင် တုန်ဟွိုင်ဟွ ကသေချာပေါက်သဘောတူလိမ့်မယ်... 


ခဏအကြာတွင် စပါးခွဲတမ်းများဝေငှရန် တပ်မဟာ၏ခြံတွင် စိုက်ထုတ်ရေးအဖွဲ့အားလုံး စုစည်းကြချိန်၍ အဖွဲ့ဝင်ရွာသားများသည် ဒေါသတကြီး မျက်မှောင်ကြုတ်ကာ  ဆဲဆိုကြိမ်းမောင်းကြလေသည်။ 


ရွာသားများထဲတွင် အလုပ်ရမှတ်မလုံလောက်သည့်အပြင် ငွေမရှိသည့်အတွက် စားနပ်ရိက္ခာဝယ်ရန် ငွေလိုသော လူငါးပုံတစ်ပုံနီးပါးလည်း ရှိပသည်။ သူတို့အားလုံးဝယ်ဖို့ လူဦးရေ(မိသားစုဝင်အ​ရေအတွက်) ကို အားကိုးချင်ကြသော်လည်း  ထုံးစံအတိုင်းပင် အခြားအဖွဲ့ဝင်များက မလိုလားပါချေ ။


အလုပ်ပင်ပင်ပန်းပန်းလုပ်၍ အလုပ်ရမှတ်များများ ရှိသူများသည် လူဦးရေမခွဲခြားဘဲ အလုပ်အမှတ်ဖြင့် ပိုင်းခြားခြင်းကို ပို၍နှစ်သက်သည်။ထို့ ကြောင့် အစားအသောက် ဖြန့်ဝေချိန်ရောက်​ချိန်၌ အမျိုးမျိုးသောသဘောထား တေကွဲလွဲမှုများ ရှိနေတတ်သည် ။


အလုပ်မှတ်အလုံအလောက်မရှိသော အခြားလူများသည် အိမ်တွင်ငွေရှိသော်လည်း

 ပေးဆောင်ရန် မလိုလားကြပေ။ သူတို့က အသင်းကောင်စီမှ အကြွေးယူချင်ကြပြီး  အကြွေးအကောင့်သည် အချိန်အတော်ကြာသည့်အခါ၌ သူ့အလိုလို ပျောက်ကွယ်သွားလိမ့်ဟု တွေးထင်နေကြသည် ။


ဘယ်လိုမှပြန်မဆပ်သရွေ့ ဘယ်လောက်အကြွေးတင်နေတယ်ဆိုတာ အရေးမကြီး​​ တော့ပေ ။


တစ်ယောက်ယောက်က သူမအား လှောင်ပြောင်ပြီးပြောလေသည် ။


 "သူမက ချမ်းသာတယ်ဆိုတာ ကိုပြနေတာဘဲ "


အလုပ်မှတ်မလုံလောက်၍ငွေပေးရသည့် လင်းလန်၏ အပြုအမူအား လူအချို့မှာ နှိုင်းယှဥ်၍ အရှက်မရှိဟု ထင်ပြီး ငွေပိုပေးရန်ပြောဆိုကြလေသည် ။


" ကျောက်ကွေ့လန် မနှစ်ကအကြွေးကိုမဆပ်ရင် ဒီနှစ်အတွက်ခွဲတမ်းကိုမယူနဲ့ "


တတိယအသင်းမှခေါင်းဆောင်ကအော်ပြောလိုက်သည် ။


" ဟန်ချင်စုန့်တို့ မိသားစုကိုဘဲကြည့်အလုပ်ရမှတ်မလုံလောက်တာတောင် ပိုက်ဆံပေးပြီး အကြွေးအတင်မခံဘူး "


ကျောက်ကွေ့လန် ကသူမကိုယ်သမူ ဒုတိယအသင်း လက်ထောက်အသင်းခေါင်းဆောင်၏ မိသားစုဟူသည့်ဆက်နွယ်မူကို အားကိုးပြီး အလုပ်စလုပ်သောနေ့များတွင်် အရှက်မရှိရေသာခိုခဲ့သည်။ ကပ္ပတိန်က သူမအား ဤကဲသို့​ပြစ်တင်ပြောဆိုသည်အားကြားသောအခါ စိတ်မချမ်းမသာဖြစ်သွားရသည် ။


“ အရာရှိတွေက ချမ်းသာတယ်​လေ ကျွန်မက တခြားသူတွေနဲ့ အတူတူသာမန်လူတန်းစားလေးပါ  ”


ကျောက်ကွေ့လန်က သူမ၏ဘေးတွင်ရပ်နေသောပညာတတ်လူငယ်လေးအား တံတောင်နှင့်တွတ်ကာပြောလိုက်သည် ။


" ငါပြောတာမှန်တယ်မလား "


လင်းလန်က သူမအားစေ့စေ့ကြည့်၍ မျက်ခုံးပင့်၍ပြောလိုက်သည် ။


" ရှင်တို့မှာ သတ္တိရှိတယ်ဆိုရင် တပ်ထဲဝင်တာဝန်ထမ်းဆောင်ပြီးအရာရှိတစ်ယောက်ဖြစ်အောင်ကြိုစားလေ... သူများတကာကိုမနာလိုနေရလွန်းလို့ အရင်သေသွားမှာကိုဘဲစိုးရိမ်မိပါရဲ့ "


ထိုနောက် သူမကရိက္ခာအိတ်များကို ကလေးများထံသို့ပေး၍ အတန်းပြီးသည်နှင့်အိမ်ပြန်သယ်သွားရန်ညွှန်ကြားလိုက်လေသည် ။


လူတိုင်းက ကျောက်ကွေ့လန်အား စတင်လှောင်ရီကြလေသည် ။


" သူမရဲ့ယောက်ျားက စစ်မူမထမ်းနိုင်တော့ဘူးဆိုတော့ သူမရဲ့သားကိုစစ်ထဲဝင်ခိုင်းမလားဘဲ "


" အရာရှိတစ်ယောက်ဖြစ်ဖို့ဆိုတာက လွယ်တာမဟုတ်ဘူး စစ်တပ်ကကြုံရာလူကိုဆွဲသွင်းနေတယ်လို့များ ထင်နေတာလား "


တုန်ဟွိုင်ဟွက သူမ၏အမျိုးသားအားပြောလိုက်သည် ။


" လင်းလန်ကို အထုပ်တွေကူပို့ပေးပြီးတော့မှ ကျွန်မတို့အတွက် ရိက္ခာထုတ်ကြတာပေါ့ "


လင်းလန်က သူမအားအမြန်ကျေးဇူးတင်လိုက်ပြီး နောက်ပြုံးကာပြောလိုက်သည် ။


" ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ဟန်ချင်စုန့်အိမ်ပြန်ရောက်တာနဲ့ သူလာသယ်ပါလိမ့်မယ် "


လင်းလန်က တုန်ဟွိုင်ဟွ အား တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်း ထုတ်ဖော်ပြောဆိုလိုပြီး ၎င်းတွင်ပါဝင်၍အမှန်တကယ်အသုံးဝင်ခဲ့မည်ဆိုပါက အလုပ်အမှတ်များရနိုင်မလား မေးမြန်းချင်နေသည် ။


သို့သော်လည်း တုန်ဟွိုင်ဟွက ပြီးခဲ့သည့် အကြိမ်တွင် ၎င်းကို အလေးအနက်မထားသောကြောင့် ဟန်ရုံဖန် အား အကြံပြုရန် အခွင့်အရေးရှာလိုခဲ့သည် ။ 


ထိုအချိန်တွင် လူငယ်တစ်ယောက်ရောက်လာပြီး လင်းလန်အား ပြုံးပြကာပြောလေ၏ ။


 "ခယ်မ၊ ငါ့ကို နှစ်ဒေါ်လာ ချေးပါလား နောက်တစ်ရက်နေရင် ပြန်ပေးမယ်လေ "


လင်းလန်က သူ့ကို လှည့်ကြည့်လိုက်တော့ ချန်ဇီချင်း  ဖြစ်နေ၏ ။


လုရှုယွမ် ၏ လျှို့ဝှက်ချစ်သူ ဖြစ်သည်ကိုသိပြီးသည်အချိန် မှ စ၍လင်းလန်က  သူ့အပေါ် အလွန်ဆိုးရွားသော အမြင်တစ်ခုရှိခဲ့သည်။ သူသည်  အဆိုးဆုံးလူသားတစ်ယောက်ကဲ့သို့ပင် သူမနှင့်ရင်းနှီးလိုသောအမူအရာများပြသ၍ အချိန်တိုင်းလိုလိုပင် သူမအား ပြုံးပြနေခဲ့သည်။


သောက်ရူးကောင်!


သူမက မကြားချင်ယောင်ဆောင်ကာ တုန်ဟွိုင်ဟွနှင့်ဆက်လက်စကားပြောနေ၍ ချန်ဇီချင်း၏ အပြုံးမှာအနည်းငယ်ထူးဆန်းလာလေသည် ။


" ခယ်မလေးက ဒီလိုဘဲလူတိုင်းကိုလျစ်လျူရူထားတတ်တာလား ဟန်ချင်စုန့်အပေါ်ကိုလဲဒီလိုဘဲဆက်ဆံနေတာများလားနော် "


သေလိုက်လေ... ဒီလိုစကားလာပြောရလောက်တဲ့အထိ ကျွန်မတို့ကမရင်းနှီးပါဘူးနော်...


မူလ လင်းလန်၏မှတ်ဥာဏ်အတွင်းတွင်လှန်လှောရှာဖွေသည့်အခါတွင် မူလကိုယ်မှာလည်းသူ့အားမုန်းတီးနေပြီး ထိုသူမှာလည်း လင်းလန်အားအမြဲပင်ဝေဖန်နေခဲ့သည် ။


အို...နေစမ်းပါဦး ဟိုလိုလိုဒီလိုလိုလာလုပ်တာတော့ရှိတယ်လေ...


ဥပမာအားဖြင့်၊ သူအလုပ်သွားရာလမ်းမှာတွေ့တဲ့အခါ၊ ကြာကူလီ အသွင်အပြင်နဲ့ သူမကို ကြည့်တတ်သည်။ လိမ္မာပါးနပ်ကာမြူဆွယ်သည့်အကြည့်မျိုးပင် ။ ထိုသို့သောပုံစံကြောင့် လင်းလန်မှာ အိမ်ထောင်ရေးဖောက်ပြန်နေသည်ဟုပင်ဝေဖန်ခံခဲ့ရသေးသည် ။


ရွံဖို့ကောင်းလိုက်တဲ့လူ!


ဒီ ချန်ဇီချင်း က ရွာက အမျိုးသမီး အသိုင်းအဝိုင်းမှာ အတော်လေးနာမည်ကြီးသည်  ၊ သူက ဟာသပြောတတ်ကာပါးစပ် ချိုသည်။  ဤသို့ပင်မိန်းမများထံမှချူစားနေသော ယောက်ျားပိုင်းလုံးတစ်ယောက်ပါပင် ။


အဲ့ဒီလိုလူအကြောင်း အချိန်ကုန်ခံတွေးဖို့တောင်မတန်ဘူး...


တစ်ကြိမ်တစ်ခါမျက်နှာသာပေးလိုက်ပါက အဆုံးသတ်ရှိတော့မည်မဟုတ်ချေ ။ လင်းလန်က တစ်ချက်မျှသာငဲ့စောင်းကြည့်လိုက်ပြီး ထူးမခြားနားလေသံဖြင့်ပြောလိုက်သည် ။


" အောင် ချန်ဇီချင်းဘဲ "


ထိုနောက်ပြန်လည်လျှစ်လျူရူထားလိုက်ပါသော်လည်း ချန်ဇီချင်းက အရှက်မရှိသောအပြုံးမျိုးပြုံးနေရင်းဆက်ပြောလာသည် ။


" နှစ်ဒေါ်လာလောက်ချေးပါ မနက်ဖြန်အိမ်လာပေးပါ့မယ် "


ပညာတတ်လူငယ်များအားလုံး မြို့ထဲတွင် အိမ်ရှိကြပြီး အားလပ်ရက်များတွင် စာပို့ကာ ငွေလွှဲကြသည်။ ချန်ဇီချင်းက အခြားသူများအတွက် ပစ္စည်းများဝယ်​ယူ​ပေးခြင်းဖြင့်လည်း ကျော်ကြားမှုအချို့ကို စုဆောင်းခဲ့သည်။


တုန်ဟွိုင်ဟွ က သူ့ကိုသတိတကြီးကြည့်ကာ 


“မင်းဘာလို့ ပိုက်ဆံချေးတာလဲ ယွမ်ဘယ်လောက်လဲ"


ရှုယွမ်ကို ကိုယ်ဝန်ဖျက်ချခိုင်းမလို့များ ပိုက်ဆံလာချေးတာလား...


Xxxxxxx