အပိုင်း ၂၃၁-၂၃၂
Viewers 21k

Part 231


လင်းလန်က သူမရှုယွမ်အား ဆေးရုံတွင်တွေ့ဆုံခဲ့ကြောင်းမပြောပြမှီကပင် တုန်ဟွိုင်ဟွက ရူယွမ်၏အပြုအမူအနေအထိုင်များအား ကလေးများမှတစ်ဆင့်သတိထားမေးမြန်းခဲ့သည် ။ သံသယများအားလုံးပေါင်းစပ်လိုက်သည့်အခါတွင် လုရှုယွမ်မှာ ချန်ဇီချင်းနှင့်ကိုယ်ဝန်ရခဲ့ကြောင်းမှာသေချာသွားခဲ့သည် ။


တုန်ဟွိုင်ဟွမှာ ရွာအမျိုးသမီးထု၏ခေါင်းဆောင်အဖြစ်နှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်လာသောကြောင့် သူမ၏စူးရှသောအမြင်အာရုံမှဖုံးကွယ်မထားနိုင်ပါချေ ။

ချန်ဇီချင်းအား ကြည့်သောသူမ၏အကြည့်များမှာ ဓားတစ်ချောင်းကဲ့သို့ထက်ရှနေသည် ။


ချန်ဇီချင်းမှာ အနည်းငယ်စိုးရိမ်သွားသော်လည်း သူမ သိနိုင်စရာအကြောင်းမရှိဟုတွေးမိကာ စိတ်သက်သာရာရသွားရသည် ။ လုရှုယွမ်၏အကျင့်စရိုက်အရလည်း အရှက်ကွဲမည်အစားအသေသာခံမည်ဖြစ်၍ သူမထံမှပေါက်ကြားစရာအကြောင်းမရှိပါချေ ။


ဒါကြောင့် တုန်ဟွိုင်ဟွသိစရာအကြောင်းမရှိဘူး...


ချန်ဇီချင်း၏ အပြုံးများမှာပိုမို၍ပင်တောက်ပထူးဆန်းလာသည် ။


" အများကြီးမဟုတ်ပါဘူး ကျွန်တော်နည်းနည်းဘဲလိုပါတယ် "


တုန်ဟွိုင်ဟွက သူမ၏ရွံရှာသောအပြုအမူအားဖုံးကွယ်မထားပါချေ ။


" ဆယ်ယွမ်တောင်လေ ဘယ်သူကနင်ပြန်ပေးမယ်ဆိုတာကို ယုံပြီးထုတ်ပေးမှာလဲ ရူးနေတာမှမဟုတ်တာ "


" မဟုတ်ပါဘူး ခယ်မလေးက ကျွန်တော့်ကိုယုံတယ်မလား "


ချန်ဇီချင်းက ပြုံးကာ လင်းလန်ကို ကြည့်၍မြှောက်ပင့်ပြောဆိုလိုက်သည် ။


 " တခြားသူတွေမှာပိုက်ဆံ မရှိဘူးဆိုပေမဲ့ ခယ်မမှာ ရှိရမယ်လေ ခယ်မကို အခုမြင်နေရတာက တကယ်ကို ကြည်နူးစရာကောင်းတယ် ကြည့်လိုက်တဲ့အချိန်တိုင်း အရမ်းဆွဲဆောင်မှုရှိပြီး စိတ်ခံစားချက်ကောင်းတယ်လို့ ခံစားရတယ် ”


လင်းလန်က မသိမသာ မျက်စောင်းထိုးကာ ပြုံးနေသောလူကို လက်ဖြင့် မထိမိစေရန် ပြောလိုက်သည်။ 


"တောင်းပန်ပါတယ် ကျွန်မမှာ ဆယ်ယွမ် မရှိဘူး"


“ဒါဆို နှစ်ဆယ်က သိပ်မဆိုးပါဘူး..ဟား..ငါ့ခယ်မက ငါ့ကို ငါးဆယ်တစ်ရာ ချေးရင်တောင်

 ငါအံ့သြမှာ မဟုတ်ဘူး "


လင်းလန်က သူ၏ကြွားလုံးထုတ်နေသည့်ပုံစံကြောင့် အံ့အားသင့်သွားရပုံနှင့်ပြောလိုက်သည် ။


" ရှင်ပြန်ပေးဖို့တတ်နိုင်လို့လား "


ချန်ဇီချင်း "...."


မိန်းမဆိုးကြီးကတော့ တကယ်ကိုမိန်းမဆိုးဖြစ်နေဆဲပါဘဲ သူမအရင်ကထက်ပိုပြီးစိတ်ထားကောင်းလာတယ်လို့ ထင်ခဲ့မိတာမှားတာဘဲ...


ချန်ဇီချင်းက လင်းလန်သည် သူနှင့် ပတ်သက်၍အီစီကလီရိုက်ဆော့ကစားလိုသောမိန်းမမျိုးမဟုတ်ကြောင်းနှင့် လှည့်စားရမလွယ်ကူကြောင်းသဘောပေါက်သွားသဖြင့် အခြားသူများထံတွင်သာပိုက်ဆံချေးရန် မူန်ကုပ်ကုပ်နှင့်ထွက်သွားလေသည် ။


ချန်ဇီချင်း အနည်းငယ်အလှမ်းဝေးသောနေရာသို့ရောက်သွားသည့်အခါမှ လင်းလန်ကတုန်ဟွိုင်ဟွ၏ နားသို့တိုးတိုးလေးကပ်မေးလိုက်သည် ။


" သူဘာလို့ပိုက်ဆံလာချေးတာလို့ အမထင်လဲ "


" ဟိုကိစ္စကြောင့်ဘဲဖြစ်မှာပေါ့ "


လင်းလန်က သူမဆိုလိုသည်အား နားလည်၍တိတ်တဆိတ်သာနေလိုက်သည် ။ သူမအနေနှင့်အမျိုးသမီးများ၏တကိုယ်ရေ ကျန်းမာရေးအပြင် လိင်မူကိစ္စအသိပညာပေးခြင်ူတို့ကို အချိန်တိုအတွင်းအလျှင်အမြန်ဆောင်ရွက်နိုင်ပြီး ထပ်မံနစ်နာသူမရှိတော့စေရန်သာဆုတောင်းမိလေသည် ။


.....


ခရိုင်ကော်မတီအစည်းအဝေးခန်းအတွင်းရှိလေထုအခြေအနေမှာ တိမ်မဲများထူထပ်ကာတင်းမာနေလေသည် ။ မနက်အစောကတည်းက စတင်ခဲ့သောအစည်းအဝေးမှာ နေ့လည်စာထမင်းနှစ်လုတ်မျှသာစားပြီးပြန်လည်စတင်ခဲ့သော်ဘည်း တိကျသောဆုံးဖြတ်ချက်တစ်ခုကိုမချမှတ်နိုင်သေးပေ ။


ဟန်ချင်စုန့်က  မှုန်ကုပ်ကုပ်ဖြင့် သူ့ထိုင်ခုံတွင် ထိုင်နေပြီး သူ တိတ်တိတ်ဆိတ်ဆိတ်ပင် အခြားသူများ၏စကားကို နားထောင်နေသည် ။


လက်ထောက်လီက အလွန်စိတ်လှုပ်ရှားနေသည် ။


 “ မြစ်ဝါမြစ်တပ်မဟာမှူးက လူယုတ်မာတစ်ယောက်ဘဲ တပ်မှူးအဖြစ် သုံးနှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီး သူက အမျိုးသမီး တစ်ဒါဇင်ကျော်ကို ဒုက္ခပေးခဲ့တယ် ... ဒါပေမဲ့လည်း သူ့အပြစ်ကနေတနည်းမဟုတ်တနည်းနဲ့လွတ်မြောက်နေတုန်းဘဲ "


 သူ့လက်ကို အားကြိုးမာန်တက် ဝှေ့ယမ်းပြီး လေသံမာမာနှင့်ပြောလိုက်သည် ။


“အဲဒါကို စဉ်းစားကြည့်စမ်းပါ ငါတို့အားလုံးက ကေဒါတွေပဲမဟုတ်လား ....သူတို့နှလုံးသားကို ငါတို့ နှလုံးသားနဲ့ နှိုင်းယှဉ်ကြည့်ရအောင် "


ဟန်ချင်စုန့်က ရုတ်ရက်ထပြောလိုက်သည် ။


" နိူင်းယှဥ်ပြီးပြောရမယ်ဆိုရင် ငါ့မိန်းမနဲ့သမီးကိုအနိုင်ကျင့်တဲ့ ဘယ်သူ့ကိုမဆို သတ်ပစ်မှာဘဲ "


အစည်းအဝေးခန်းမမှာ ရေခဲ့ရေများလောင်းချသလိုက်သလိုပင် အေးစက်သွားပြီးမည်သူမျှ စကားမပြောရဲကြတော့ချေ ။


 လက်ထောက်လီက ဟန်ချင်စုန့်၏ စကားများကြောင့် ကြောက်လန့်သွားရသည် ။


" မင်း...မင်းဘာပြောလိုက်တာလဲ "


ဟန်ချင်စုန့်က ထူးမခြားနားလေသံနှင့်ပြောလိုက်သည် ။


" ကျွန်တော်က ဖမ်းဆီးပြီးတာနဲ့သက်သေတွေကိုစုဆောင်းပြီး သေဒဏ်ချဖို့တောင်းဆိုမှာ "


" သေဒဏ် "


လက်ထောက်လီက စားပွဲအားဒေါသတကြီးရိုက်ချလိုက်သည် ။


" ဒီမှာ မင်းတို့ရဲ့စစ်တပ်ထဲကလို ဒီနေရာကထစ်ခနဲရှိလူသတ်သေမိန့်ပေးလို့ရတဲ့နေရာမဟုတ်ဘူး အဘက်ဘက်ကစဥ်းစားရမှာတွေအများကြီးရှိတယ် သူ့ကိုရာထူးချလိုက်တာကအဆင်ပြေပေမဲ့ သေဒဏ်ချလိုက်ရင် ဘယ်သူကများအဲ့နေရာမှာဆက်ပြီးတာဝန်ထမ်းဆောင်ချင်မှာတဲ့လဲ ...နှစ်အနည်းငယ်အတွင်းတည်ငြိမ်နေခဲ့တာတွေအကုန် လုံးကိုဖျက်ဆီးချင်နေတာလား "


လက်ထောက်လီမှာ စိတ်လူပ်ရှားမူကြောင့် အသံများအနည်းငယ်တုန်ရီနေသော်လည်း စတင်သေမိန့်ချသောပြည်နယ်မှာ သူတို့ပြည်နယ်မဟုတ်စေရေးအတွက် အတတ်နိုင်ဆုံးကြိုးပမ်းပြောဆိုနေသည် ။


သူသည် လူများစွာကို ကောင်းပြနေသည်မှာ သံသယရှိစရာအချက်ပင်  အနည်းဆုံး ကေဒါများက ထိုသို့သောသူမျိုးများအား ပိုသဘောကျကြလိမ့်မည် ။ အမှန်တွင်တော့ ကေဒါဖြစ်သူ မည်သူမဆို၏ ရည်မှန်းချက်မှာ ပြည်သူကို အလုပ်အကျွေးပြုရန် ဖြစ်ရမည်ဖြစ်ပြီး ကိုယ်ပိုင် ရည်မှန်းချက်များနှင့် ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် သို့မဟုတ် ငွေကြေးနှင့် အာဏာအချို့ကို ဖြုန်းတီးခြင်းဖြစ်စေ အမိန့်ချမှတ်ခြင်းကို အလျင်စလို မလုပ်သင့်ပေ ။


ဟန်ချင်စုန့် နှင့် ဒါရိုက်တာဟောင်းသည် တစ်ချိန်လုံး စကားမပြောဘဲအချင်းချင်းသာစိုက်ကြည့်နေကြသည်။ 


လက်ထောက်လီဘေးတွင် ထိုင်နေသော အဆင့်မြင့်လက်ထောက်က ငြင်းခုံရန်အလွန်ပင် ပင်ပန်းနေခဲ့သည်။ လောလောဆယ်တွင် သူတို့က အားအင်ကုန်ခန်းသွားပုံရကာ ဟန်ချင်စုန့်ကိုသာဝိုင်းကြည့်နေကြ၏ ။


လော့ဟိုင်ချန်က ဟန်ချင်စုန့်၏အနီးအနားတွင်ရပ်နေရင်း လက်ထောက်လီ၏စကားအားအလွန်ခံပြင်းနေသည် ။


စစ်သားတစ်ယောက်ဖြစ်နေတာက ဘာအပြစ်ရှိလို့လဲ....


သူတို့ကအလကားအပြစ်မရှိတဲ့လူကို သေဒဏ်ချခိုင်းနေတာမို့လို့လား...တိုင်းပြည်အတွင်းမှာနေပြီး ကိုယ့်လူမျိုးအချင်ချင်းပြန်သွေးစုပ်နေတဲ့လူတစ်​ယောက်ကို မြန်မြန်သတ်ပစ်လိုက်တာအေးမသွားဘူးလား...


ထို ဗိုလ်မူးမှာ ပါတီနှင့်ပြည်သူတို့၏အကျိုးစီးပွားကို ဆိုးဆိုးရွားရွားထိခိုက်စေပြီး ပြည်သူလူထု၏ရန်သူပင် ။ သူကမတ်တပ်ထရပ်ကာ ခိုင်ခိုင်မာမာပင် သတိပေးပြောဆိုလိုက်သည် ။


" ကျွန်တော်ခင်ဗျားတို့ကိုပြောပြချင်တာက ငါးနှစ်အတွင်းမှာ နစ်နာခဲ့ရတဲ့အမျိုးသမီးသုံးဆယ့်နှစ်ယောက်ရှိခဲ့ပြီး အဲ့ဒီထဲက နှစ်ယောက်ကအသက် ဆယ့်သုံးနှစ်ဘဲရှိသေးတဲ့ကလေးလေးတွေဘဲ "


မည်သူမျှ စကားမဆိုရဲကြတော့သော်လည်းရုတ်တရက် လူတစ်ယောက်ကထရီလိုက်သည် ။


Xxxxxx

Part 232


 မျှော်လင့်မထားစွာပင် ထိုလူမှာ ဟန်ချင်စုန့်ဖြစ်နေလေသည် ။ လက်ထောက်လီက ဟန်ချင်စုန့်အား စိတ်မကြည်စွာကြည့်၍မေးလိုက်သည် ။


" ဘာများရီစရာပါနေလို့လဲ "


" ကျွန်တော်တို့အားလုံး ကျောင်းမတက်ဖူးတဲ့ တောင်သူလယ်သမား စစ်သားတွေပါ စစ်တပ်ထဲမှာ အရာရှိတွေက ဆုငွေနဲ့ ပြစ်ဒဏ်တွေက ရှင်းလင်းစွာ သတ်မှတ်ထားပါတယ်လို့ ပြောတာကို ကြားခဲ့ရပြီး ကျွန်တော်တို့က တိုင်းပြည်အတွက်အသက်ပေးထားခဲ့ရတာ!” 


သူဘာမှပြန်မပြောမီ လောက်ထောက်လီ၏မကျေနပ်သောမျက်လုံးများကို တိုက်ရိုက်ကြည့်လိုက်သည်။


သူ၏တင်းမာသောအမူအရာသည် ပို၍ပို၍ပြင်းထန်လာပြီး မျက်လုံးများက ဓားကဲ့သို့ အေးစက်ထက်ရှနေသောကြောင့် လက်​ထောက်လီ၏နှလုံးမှာ တုန်လှုပ်ခြောက်ခြားသွားသည်အား မထိန်းနိုင်ဘဲ ဖြစ်နေသည်။


တပ်မဟာကေဒါများသည် ပညာတတ်လူငယ်များနှင့် အမျိုးသမီးများကို အနိုင်ကျင့်ရန် ၎င်းတို့၏အာဏာကို အသုံးပြုနေခြင်းမှာ လျှို့ဝှက်ချက်မဟုတ်ခဲ့ပေ ။ တပ်မဟာတော်တော်များများတွင် ဤကဲ့သို့အခြေအနေများရှိနေ၏ ။ တပ်မဟာတင်မက မြို့ထဲရှိ ပညာတတ်လူငယ်ရုံးက ပို၍ပင်ဆိုးရွားသေးသော်လည်း မည်သူမျှအပြစ်ပေးမခံရသေးချေ ။


လက်မထပ်ရသေးသော အမျိုးသားနှင့် အမျိုးသမီး နှစ်ဦး ဆက်ဆံရေး ရှိပြီး သား ဖြစ်ရပ်သည် အဓမ္မကျင့်မှုနှင့် လူမှုကျင့်ဝတ်ဆိုင်ရာ ရာဇ၀တ်မှုများဖြင့် စွပ်စွဲခံရနိုင်သော်လည်း ယင်းဖြစ်ရပ်မျိုးကို အခြေခံအားဖြင့် ဂရုတစိုက်နှိမ်နင်းရမည်ပင် ။ 


အချိန်အတော်ကြာတိတ်ဆိတ်သွားပြီးနောက် ဒါရိုက်တာဟောင်းက ကျယ်လောင်သောအသံဖြင့်ပြောလိုက်သည် ။


 “ ပြည်သူတွေရဲ့အကျိုးစီးပွားကို ဖျက်ဆီးနေတဲ့လူတွေကိုသေချာပေါက်အပြစ်ပေးရမှာပေါ့ "


တစ်ဦးတစ်ယောက်၏ကိုယ်ပိုင် ရာထူးအာဏာအတွက် လျှစ်လျူရူထားနိုင်သောကိစ္စမျိုးမဟုတ်ပေ ။


သူက ဟန်ချင်စုန့် အားလှည့်ကြည့်လိုက်ကာ အသက်ပြင်းပြင်းရူရင်းပြောလိုက်သည် ။


" တပ်မဟာရဲ့ ကေဒါ​တွေကယဉ်ကျေးမှု အရည်အသွေး နိမ့်ပါးပြီး မြှင့်တင်ဖို့လိုအပ်နေသေးတယ်... သူတို့ရဲ့ လေ့လာမှုနဲ့ ပညာရေးကို အားကောင်းအောင်လုပ်ဖို့ သေသေချာချာစီမံရမယ်  ကေဒါတွေအကုန်ကျင့်ဝတ်စည်းမျဥ်းတွေကို လေ့လာဖို့ ခရိုင်တစ်ခုလုံးကို အသိပေးလိုက် "


လော့ဟိုင်ချန်က သက်ပြင်းချကာ ဟန်ချင်စုန့်  ကို ပြုံးပြလိုက်သည်။ ဟန်ချင်စုန့်  ၏ အမူအရာသည် အေးစက်နေသေးပြီး အနည်းငယ် မျှသောပေါ့ပါးမှုကိုပင်   သူ မမြင်နိုင်ပေ။ 


ဟန်ချင်စုန့် ကပြောလိုက်သည် ။


“ ညွှန်ကြားရေးမှူး၊ ရပ်ကွက်တွေမှာတပ်မဟာရဲ့ အသိပညာပေးမှုတွေ ဆက်လုပ်သင့်သလား”


“ဒါက ပုံမှန်တိုင်းပဲ .. မြို့ထဲမှာရှိတဲ့  ကေဒါတွေကို

မေလ ၇ ရက်နေ့ ကျောင်းမှာ အလုပ်လုပ်ရင်း ကျေးလက်ဒေသသို့ သွားပြီးတာဝန်ထမ်းဆောင်ခိုင်းလိုက် ကျေးလက်မှာရှိတဲ့ ကေဒါတွေကသီအိုရီနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတတွေကို သင်ယူရမယ်  သင်ယူမှုကို ယူနစ်တစ်ခုအနေနဲ့ အဖွဲ့တွေစုစည်းပြီး ထူးချွန်တဲ့သူတွေက ခရိုင်ကိုလာရောက်လေ့လာရမယ် ... ဟန်ချင်စုန့်  မင်း ဘာများ အကြံပြုချင်သေးလဲ "


ဟန်ချင်စုန့် က ခဏလောက်စဉ်းစားပြီးနောက်ပြောလိုက်သည် ။


 “ဒါရိုက်တာ၊ တိုင်းပြည်က အမျိုးသမီးတွေကို အကာအကွယ်ပေးရေး…” 


ဝေါဟာရကို သုံးသပ်ပြီးနောက် လင်းလန်  ပြောခဲ့သောစကားများအားတွေးပြီးထပ်မံပြောလိုက်သည် ။


 “ဇီဝကမ္မဆိုင်ရာ တစ်ကိုယ်ရေသန့်ရှင်းရေးကို အမှီလိုက်ဖို့ လိုအပ်တယ် ဆေးရုံက ဦးဆောင်ပြီး သင်တန်းပေးနိုင်ပြီး  ရပ်ကွက်တွေကအမျိုးသမီးတွေရဲ့ သင်တန်းတက်ရောက်ဖို့ကို ကတော့တပ်မဟာက စည်းရုံးစီမံပေးလို့ရပါတယ် "


" ကောင်းပြီ၊ ဒါကမဆိုးဘူး!"


 ဒါရိုက်တာဟောင်းက စားပွဲကို လက်ဖြင့်ပုတ်ပြီးအားရဝမ်းသာပြောလိုက်သည် ။


 “ ကောင်းတယ် အဲ့ဒီအတွေးကအရမ်းကောင်းတယ် "


ဟန်ချင်စုန့်က အစည်းအဝေးရဲ့ စိတ်အားထက်သန်မှုကို အခွင့်ကောင်းယူကာ ချက်ချင်းအကျိုးသက်ရောက်မူရှိရန် အတွက် ညတွင်းချင်း စီရင်ချက်ချဖို့ သတိပေးချက် ထုတ်ပြန်ခဲ့သည် ။


 တပ်မဟာရှိ ကေဒါအများအပြားသည် ယင်းအကြောင်းကို သိရှိပြီး ရလဒ်ကို မျှော်လင့်ကာ အိပ်မပျော်ခဲ့ကြပေ။ သေဒဏ် ကြေငြာချက်သည် အဟန့်အတားဖြစ်နေရာ ညသန်းခေါင်တွင်ကြေငြာလိုက်လျှင် အလွန်အထိတ်တလန့်ဖြစ်သွားရပေလိမ့်မည် ။ 


နောက်တစ်နေ့နံနက်တွင် ကွန်မြူနတီ၌ လေ့လာရေးအစည်းအဝေးကို ချက်ချင်းလိုက်နာကြပြီး အကျိုးသက်ရောက်မှု ပိုကောင်းလာမည်ဖြစ်သည်။


ထိုအချိန်တွင် ရုံးကန်တင်း၌ညစာအဆင့်သင့်ဖြစ်သော်လည်း စားသင့်မစားသင့်ဝေခွဲမရဖြစ်နေလေသည် ။ ဒါရိုက်တာဟောင်းနှင့်အခြားသူများမှာ နောက်ကျမှအိမ်ပြန်ရသည်ဖြစ်၍ အကြောင်းမရှိပေ ။


အကြီးတန်းလက်ထောက်မှ ဟန်ချင်စုန့်အားစကားစပြောလာသည် ။


" ထမင်းတစ်နပ်လောက်အတူတူစားရအောင် "


" တောင်းပန်ပါတယ် နောက်ကျနေပြီမို့လို့ ကျွန်တော်တကယ်အိမ်အမြန်ပြန်ရမှာမို့လို့ မစားနိုင်တော့ပါဘူး "


ဟန်ချင်စုန့်က လော့ဟိုင်ချန်ကို လှည့်ကာပြောလိုက်သည် ။


" မင်းသူတို့နဲ့အတူတူညစာလိုက်စားလိုက် "


လော့ဟိုင်ချန် သည် ဤနေရာတွင် မိနစ်အနည်းငယ်ကြာမျှ အေးဆေး စားသောက်ရန် စဉ်းစားထားသော်လည်း အစည်းအဝေးရှိစဉ်က တောင်တစ်လုံးကဲ့သို့ မလှုပ်မရှား ငြိမ်သက်နေသော ဟန်ချင်စုန့်မှာ တည်ငြိမ်သည့်အနေအထားမရှိသည်ကို တွေ့ရသဖြင့် အိမ်ပြန်ရန်အမှန်အလျင်လိုနေကြောင်းသိလိုက်ရသည် ။


" ဒါဆိုလဲ စားစရာတွေအိမ်ပြန်ယူသွားလိုက်လေ "


အကြီးတန်းလက်ထောက်မှ ဟန်ချင်စုန့်၏ ပခုံးကိုပုတ်၍နွေးထွေးစွာပြောလိုက်သည် ။


" ငါတို့တွေမှာ တူညီတဲ့အကျင့်စရိုက်တွေရှိတယ် မကြာခဏဆက်သွယ်ရအောင် "


" အားတဲ့အချိန်ကျ ကျွန်တော်တို့ တွေ့ကြတာပေါ့ "


လက်ထောက်လီက သူ့အားမည်သုမျှအဖက်မလုပ်သည့်အတွက် ဒေါသတကြီးခုံကိုရိုက်ချလိုက်သည် ။


" ငါလဲလူဘဲလေ ဘာလို့ငါ့ကိုကျရှိတယ်မထင်ရတာလဲ "


" လက်ထောက်လီအရမ်းစိတ်မဆိုးပါနဲ့ ကိုယ်ကျိုးအတွက်လုပ်နေတယ်လို့ မင်းကိုဘယ်သူမှဝေဖန်ရဲမှာမဟုတ်ပါဘူး "


ဟန်ချင်စုန့်က ရဲဘော်များနှင့်အချိန်ခဏအဖော်ပြုပေးပြီးနောက် သူတို့နှင့်အတူရွာသို့ပြန်လာခဲ့သည် ။ နူတ်ဆက်ချိန်ရောက်သည့်အခါ လော့ဟိုင်ချန်က ပြောလိုက်သည် ။


" ငါတို့ဌာနကတော့ ပြဿနာပေါင်းစုံစုစည်းရာဘဲဟေ့ "


ဟန်ချင်စုန့်က ပြောလိုက်သည် ။


"  ငါတို့ဌာနကို နှစ်နှစ်အတွင်းတိုးတက်အောင်လုပ်ပြီး လုံခြုံရေးဗျူရိုကိုဖြုတ်ချရမယ်  "


လော့ဟိုင်ချန်က ကျယ်လောင်စွာရီမောလိုက်သည် ။


" အကိုကြီးပြောတာကိုနားထောင်ပါ့မယ် "


အခြားသောရဲဘော်များသည်လည်း ရီမောကြလေသည် ။


" နားထောင်ရမှာပေါ့ "


ပြည့်သူ့လုံခြုံရေးဗျူရိုမှာ အသုံးမဝင်တော့သောဌာနတစ်ခုပင် ကွန်မြူနတီ၌ယခင်က ပြည်သူ့လုံခြုံရေးဗျူရိုကို မလိုအပ်သော်လည်းတော်လှန်ရေးကော်မတီလက်ထပ်တွင် စတင် ဖွဲ့စည်းခဲ့သည် ။ 


ရုတ်တရက်ကြီး ဖျက်သိမ်းလိုက်ရင် ပြဿနာတွေတစ်ပုံကြီးတက်သွားနိုင်သော်လည်း ဟန်ချင်စုန့် ၏စကားများကြောင့်လူတိုင်း တက်ကြွသွားရကြသည် ။


ဟန်ချင်စုန့် က သူ့လက်ကို ဝှေ့ယမ်းပြီးနူတ်ဆက်ကာ အိမ်ပြန်ခဲ့လိုက်သည် ။ 


အဝေးမှသူ့ခြံဲထဲရှိ မီးမှိန်မှိန်မှိန်ပျပျကို မြင်လိုက်ရပြီးနောက်၌ သူ့နှလုံးသားထဲမှာ နွေးထွေးတဲ့ လျှပ်စီးကြောင်းတစ်ခု ထွက်ပေါ်လာသည်။ သူ့စိတ်ထဲရှိ စိတ်ဓာတ်ကျခြင်းများမှာ လွင့်စင်သွားရပြီး  သူ၏ခြေတံရှည်များဖြင့် အားကြိုးမာန်တက်အမြန်နင်းပြန်တော့သည် ။


အချိန်မစောတော့ပြီဖြစ်သောကြောင့် ကလေးများကအိပ်စက်သွားကြပြီးဖြစ်ပြီး လင်းလန်သာအဝတ်များချုပ်ရင်း ဟန်ချင်စုန့်ကိုစောင့်နေလေသည် ။ 


တဝမ်နှင့်စန်းဝမ်တို့မှာ အရပ်ရှည်လာ၍ အဝတ်အစားတချို့မှာဝတ်ရန်မတော်တော့ချေ ။ 


Xxxxxx