အပိုင်း ၂၃၃-၂၃၄
Viewers 21k

Part 233


ဟန်ချင်စုန့်  သည် ဤနှစ်ရက်အတွင်း အလုပ်များနေသောကြောင့် သူမကိုယ်တိုင် အဝတ်အစားများ ပြင်ဆင်ခြင်းအလုပ်ကို လုပ်ရလေသည်။


သူမ၏ချုပ်နည်းကို ပြန်ကြည့်လိုက်သည့်အချိန်၌ ဟန်ချင်စုန့် ချုပ်ထားသော ချည်သားအင်္ကျီကို ကြည့်ပြီး အရမ်းရှက်သွားရလေသည် ။


ဟန်ချင်စုန့် ကလည်း သူမအား နှစ်သိမ့်ပေးရှာလေသည် ။ အပ်ချုပ်သမားအများစုမှာ ယောက်ျားများဖြစ်ကြသည်ဟု ဆိုသည်။


 သူမတွေးနေသည့်အချိန်၌ အပြင်ဘက်တွင် လှုပ်ရှားသံကိုကြားရပြီး တံခါးဖွင့်ရန် ချက်ခြင်းကုတင်ပေါ်မှ ခုန်ဆင်းသွားခဲ့သည်။


 “ အရမ်းနောက်ကျနေပြီ၊ခရိုင်ကနေရွာထိ  တောက်လျှောက်ပြန်လာရတာ ပင်ပန်းလိမ့်မယ် ”


မည်မျှပင် အလုပ်များကာနောက်ကျသည်ဖြစ်ပါစေ ဟန်ချင်စုန့်မှာအိမ်သို့မရောက်ရောက်အောင်ပြန်လာလေ့ရှိပြီး အပြင်၌ညဘက်လေ့မရှိချေ ။


ဟန်ချင်စုန့် ကသူမထံသို့ထမင်းဘူးနှစ်ဘူး ကမ်းပေးရင်းပြောလိုက်သည် ။


 " စားစရိတ် နှစ်ယွမ်"


မင်းအတွက် လင်းလန်က လေးလံနေဆဲဖြစ်သည့်

ထမင်းဘူးကို ကိုင်ရင်း ဟန်ချင်စုန့် မစားရသေးမှန်းသိကာ ရယ်မော၍ပြောလိုက်သည် ။


" ရှင်မစားရသေးဘူးမလား ကျွန်မတို့အတူတူစားကြမယ်လေ ရှင်ဗိုက်ဆာဆာနဲ့အိပ်ရမယ်ဆိုရင် ကျွန်မစိတ်မကောင်းဖြစ်ရမှာ "


ဟန်ချင်စုန့်၏ နှလုံးသားလေးမှာ လူပ်ခါသွားရပြီး လင်းလန်၏ခါးကိုဖက်ကာ သူမအားနမ်းရူံ့လိုက်သည် ။


" ရှင်အိမ်ထဲမဝင်တော့ဘူးလား "


ဟန်ချင်စုန့်က ခပ်ဖွဖွရီမောရင်း ခြံဝတွင်ထားခဲ့သောစက်ဘီးအား ဂိုထောင်ထဲသို့သွားထည့်လိုက်လေသည် ။ 


အခန်းထဲသို့ရောက်သည်နှင့် အေးစက်နေသောအဝတ်အစားများကိုချွတ်လိုက်လေသည် ။ ဟန်ချင်စုန့် ခြေထောက်ဆေးနိုင်ရန်အတွက် လင်းလန်က ရေနွေးဇလုံကိုယူလာပေးပြီးနောက် လင်းလန်ကစားစာများကိုပြန်နွှေးရန်မီးမွှေးနေသည် ။


" ကိုယ်အေးနေလည်းစားနိုင်ပါတယ် "


သူမကို ပင်ပန်းစေမည့်အစား အစားအသောက်အေးအေးကြီးများကိုသာသည်းခံစားလိုက်မည် ။


" အဲ့ဒီလိုမျိူးမပြောစမ်းပါနဲ့ ဟောင်းလောင်းဖြစ်နေတဲ့အစာအိမ်ထဲကို အစာမာမာတွေစားလိုက်ရင် ရှင်နေမကောင်းဖြစ်လိမ့်မယ် "


လင်းလန်က ပြောဆိုရင်း ပြင်ဆင်နေခြင်းကြောင့်အစားအသောက်များမှာ အချိန်တိုအတွင်းနွှေးပြီးဖြစ်သွားသည် ။ လင်းလန်က ယခင်ကနှင့်မတူညီဘဲသူ့အား ချော့မော့ပြောဆိုနေသည်ဟုခံစားရသော်လည်း သူမမှယသူ့အပေါ်အရမ်းကောင်းလွန်းလှသည် ။


ဟန်ချင်စုန့် ကသူ့၏နှလုံးသားထဲတွင်ချိုမြမြအရသာလေးကိုခံစားလိုက်ရသော်လည်း မျက်နှာ၌မပေါ်လွင်စေခဲ့ပေ ။ လင်းလန်က ယနေ့ရိက္ခာခွဲဝေရာတွင် အလုပ်ရမှတ်မလုံလောက်၍ပိုက်ဆံပေးခဲ့ရကြောင်းပြောပြလိုက်သည် ။


" မင်းမှာ ပိုက်ဆံလောက်ရဲ့လား "


လင်းလန်က ပြုံးပြကာပြောလိုက်သည် ။


" ရှင့်ရဲ့လစာကအရမ်းများပါတယ် ကျွန်မတို့တစ်မိသားစုလုံးအေးအေးဆေးဆေးစားသောက်လို့ရတယ် အလုပ်ရမှတ်တွေမရှိပေမဲ့လည်း ပိုက်ဆံနဲ့ဝယ်လို့ရလို့အဆင်ပြေသေးတာပေါ့ "


" နောက်ကျရက် မကြာခဏကိုယ်အိမ်ပြန်လာပြီးကူညီပါ့မယ် "


ပိုက်ဆံဖြင့် အစားအသောက်များကိုဝယ်ယူနိုင်သော်လည်း ကလေးများ၏ကျောင်းသုံးပစ္စည်းများဝယ်ယူရန်အတွက်မူ အနည်းငယ်အခက်အခဲဖြစ်နိုင်လေသည် ။ ဟန်ချင်စုန့်က လင်းလန်အား သားရေဖိနပ်တစ်ရံဝယ်ပေးလိုပါသော်လည်း သူမကငွေအပိုကုန်သည်ဟုဆိုကာ လက်မခံမည်စိုး၍ထုတ်မပြောရဲပေ ။


အရမ်းနောက်ကျနေပြီဖြစ်၍ လင်းလန်ကစကားအနည်ငယ်ပြောဆို၍ အိပ်ရာဝင်ချင်ပါသော်လည်း မမျှော်မှန်းနိုင်သောဖြစ်ရပ်များဖြစ်လာနိုင်သည်အား သူမကြိုသိနေသည် ။ တစ်နေကုန်ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီးသည့်တိုင် ဟန်ချင်စုန့်မှာ ပူစပ်ပူလောင်အလုပ်များအားလုပ်ကန်အားအင်ပြည့်ဝနေဆဲပင် ။ သူမတစ်ယောက်သာအသက်ကြီးလာသောအခါ၌ ဟန်ချင်စုန့် ဒူးမကောင်းတော့မည်နှင့်ကျောက်ကပ်ပျက်စီးသွားမည်အားစိုးရိမ်ပေးနေရသည် ။


နောက်တစ်နေ့နံနက်၌ ဟန်ချင်စုန့်ကပုံမှန်ကဲ့သို့ပင်မနက်စောစောအလုပ်သွားပြီး လင်းလန်က ကန်စွန်းဥများကိုအခြောက်လှန်းရန်ပြင်နေခဲ့သည် ။ အခြောက်လှန်းရသည်မှာမပင်ပန်းသော်လည်း သူမအလွန်စိတ်ပျက်နေပြီဖြစ်သည် ။


တစ်မီတာထက် ပိုရှည်သော သစ်သားပျဉ်ပြားကို အသုံးပြု၍ တစ်ဖက်တွင် အပေါက်တစ်ခုဖွင့်ကာ ဓားရှည်ကို သံချောင်းဖြင့် ခြင်းတောင်းပေါ်တွင် တင်ထားရသည် ။ လူမှာ သစ်သားပျဉ်ပေါ်တွင် စီးကာ ကန်စွန်းဥများကို လက်နှစ်ဘက်ဖြင့် ကိုင်၍ “ဖြတ် ” ရန် ဘယ်မှညာသို့ဆွဲဖွင့်ရသည် ။


တချို့သူတွေက အရမ်းကျွမ်းကျင်သော်လည်း  ဘယ်လိုဖြတ်ရမှန်းမသိ​သော ချွန်ထက်သည့်ဓားများက  လက်ကိုထိပွတ်မိပါက သွေးထွက်သံယိုဖြစ်မှာ အသေအချာပင် လင်းလန်က ဒါကို မလုပ်နိုင်ပေ ။


ကံကောင်းစွာနှင့်ပင် တဝမ် က မကြောက်ပေ ။ သူသည် အလွန်ကျွမ်းကျင်သော မိန်းမထက် ပင်သာ၍ သွက်သွက်လက်လက် အလုပ်လုပ်တတ်သူဖြစ်သည်။


တဝမ်က ကျောင်းတက်နေရဆဲဖြစ်ပြီး တစ်နေကုန် အလုပ်မလုပ်နိုင်တော့သော်လည်း ဟန်ချင်းဖျင်က  မနက်ပိုင်း အတန်း နှစ်ခုနှင့်နေ့လည် စာသင်ချိန် နှစ်တန်းကို ခွဲခြားသင်ကြားပြီး အခြားအချိန်များတွင် ကလေးများကို လယ်ကွင်းထဲတွင် ကန်စွန်းဥခြောက်လုပ်ရန် ခေါ်သွားတတ်သည်။ 


ညစာစားပြီးနောက် လင်းလန်က ကလေးများကိုကစားရန် လွှတ်လိုက်ပြီး ရှောင်ဝမ် ကိုပြန်သွားခေါ်သည့်အချိန်တွင်   တုန်ဟွိုင်ဟွ က စိုးရိမ်နေသည့်ပုံဖြင့်အပြေးရောက်လာလေသည် ။


 " လင်းလန်  လာကူညီပါဦး " 


လင်းလန်က စိတ်ပူပန်စွာမေးလိုက်သည် ။


 " ဘာစိတ်တွေပူနေတာလဲအမ "


" မင်းပြောခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး သန့်ရှင်းရေး ဝါဒဖြန့်မှုမျိုးလဲ.. ..အစ်မကိုရှင်းပြပေးပါဦး "


လင်းလန်က ရှောင်ဝမ်အား ကလေးများနှင့်အတူဆော့ကစားနေရန်မှာပြီး နောက်တုန်ဟွိုင်ဟွ၏အိမ်သို့လိုက်သွားလေသည် ။ တုန်ဟွိုင်ဟွ ၏အိမ်သည် မြောက်-တောင် ကန်အိမ်တွင် တိုင်များထားရှိရန်၊ လည်ပတ်မှုမှာ ရှင်းရှင်းလင်းလင်းမရှိသည့်အပြင် အိမ်သည် အမြင့်မလုံလောက်ချေ ။ 


 လင်းလန်က ကျယ်ဝန်းသော အိမ်ကြီးမှ  ဤကဲ့သို့​တဲပုံစံထဲသို့ ဝင်သောအခါတွင် သူမ ကျဥ်းကျပ်သွားသလို ခံစားရသည်။ တုန်ဟွိုင်ဟွ ကလင်းလန် အားကြည့်ကာ အနည်းငယ်ရှက်ရွံ့သွားရသည် ။


" အိုး မင်းကျောင်းမတက်ဖူးဘူးဆိုတာ အမမေ့သွားတယ် "


လင်းလန်က ပြုံးပြကာပြန်ပြောလိုက်သည် ။


" ရပါတယ် ကလေးတွေနဲ့အတူတူကျောင်းသွားတက်ပြီး ကျွန်မစာသင်ပါတယ် "


မိုင်စွေ့က လျင်မြန်စွာ သင်ယူတတ်မြောက်ပြီး ဟန်ချင်းဖျင် ထံမှ စီနီယာတန်းစာအုပ်များကို ငှားရမ်းခဲ့ရသည်။ 


လင်းလန်ကမိုင်စွေ့နှင့်အတူပြီးတချို့စာအုပ်တွေကိုသူမကိုယ်တိုင်ဖတ်ရူတတ်သေးသည် ။ ထို့အပြင် သူမက ဟန်ချင်စုန့်  နှင့်အခါအားလျော်စွာတိုင်ပင်တတ်သည်  ။ သူမ၏သင်ကြားမူနူန်းမှာ အလွန်လျှင်မြန်သောကြောင့် ဟန်ချင်စုန့်ပင်အံ့သြနေရသည် ။


သူမက တခြားသူများအား ဟန်ချင်စုန့် စာသင်ပေးသည်ဟုပြောဆိုခဲ့ပြီး ဟန်ချင်စုန့်အား ကလေးများနှင့်အတူကျောင်းတွင်သင်ယူခဲ့သည်ဟုပြောလိုက်သည် ။


ဘယ်သူမှသူမကိုနေ့တိုင်း လာစောင့်မကြည့်နိုင်ဘဲလေ...


တုန်ဟွိုင်ဟွက စိတ်ခံစားချက်အပြည့်နှင့်ပြောလိုက်သည် ။ 


" လင်းလန် အမျိုးသားနှင့်အမျိုးသမီးကြားဆက်ဆံရေးကို အသိပညာဗတုသုတတိုးပွားစေဖို့အတွက် ရွာမှာအကြောင်းကြားထားတယ်.. တကိုယ်ရေသန့်ရှင်းရေးအကြောင်းကို ပြောပြပေးပါလား... "


သူမ၏ အခြေအနေမှာအမှန်ပင်အကန့်အသတ်ရှိလေသည် ။ သူမ၏ဆင့်မှာ မူလတန်းသာဖြစ်၍ အကန့်အသတ်ထက်ကျော်လွန်သောစကားများအားပြောမကောင်းသဖြင့် တုန်ဟွိုင်ဟွအားအကူအညီတောင်းလိုက်သည် ။


နည်းနည်းလောက်ကန်းချင်ယောင်ဆောင်လို့လဲအဆင်ပြေပါတယ်...


Xxxxxxx

Part 234


အကြံဥာဏ်မှာ လင်းလန်ပေးခဲ့သည်ဖြစ်၍ တုန်ဟွိုင်ဟွက ကူညီရန်သဘောတူညီသောကြောင့် လင်းလန်အရမ်းပျော်ရွှင်သွားရသည် ။


" တကယ်လားအမ "


သူမက အမှတ်မလုံလောက်၍စိတ်ဒုက္ခရောက်နေသည့်အချိန်တွင် အခွင့်အရေးကြီးမှာတံခါးဝသို့ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလေ၍ ပြုံးကာပြောလိုက်သည် ။


" တကယ်အဆင်ပြေပါတယ်အမရယ် ကန်စွန်းဥတွေအခြောက်လှန်းပြီးတဲ့ကာလပြီးသွားရင် အလုပ်တွေမရှိသလောက်ဖြစ်သွားပြီဆိုတော့ အဲ့ဒီအချိန်ကျ ကျွန်မတို့စလို့ရပြီ "


ဟောပြောချက်များကို အဆင့်အလိုက်သတ်မှတ်ထားပြီး မှတ်စုများဖြင့် ရွာသားအချင်းချင်းပြန်လည်မျှဝေပေးနိုင်သေးသည် ။


" အ​ကောင်းဆုံးကတော့ တင်ဆက်မူပုံစံနဲ့ပြောပြလို့ရတာဘဲ... ဆိုကလို့ရတဲ့အပြင် ပြဇာတ်တောင်ကပြလို့ရသေးတယ်... ကျွန်မတို့မှာ မြို့မှာပညာသင်လာတဲ့ အဖွဲ့ဝင်တွေရှိတာဘဲ သူတို့ကိုအကုအညီတောင်းလိုက်ရင်ပိုပြီးအဆင်ပြေမှာပါ "


သူမ၏အပြောအဆိုမှာ အလွန်အထက်တန်းကျအကွက်စေ့နေသောကြောင့် တုန်ဟွိုင်ဟွ ပါးစပ်အဟောင်းသားဖြင့် သူ၏အစီအစဥ်များအားထိုင်နားထောင်နေမိသည်။ သူမက လင်းလန်၏လက်ကိုဝမ်းသာအာရဆွဲရမ်းလူပ်ခါလိုက်သည် ။


" တခြားသူတစ်ယောက်လိုပြောင်းလဲသွားသလိုဘဲ အရမ်းတော်လိုက်တာ "


လင်းလန်က ရှင်းပြရမည်ပျင်းလွန်း၍ ထင်ချင်သလိုသာထင်ခိုင်းထားလိုက်သည် ။


" သေမင်းတံခါးဝရောက်ပြီးတော့မှ ကိစ္စတချို့ကိုရှင်းရှင်းလင်းလင်းမြင်နိုင်လာတာပါ "


တုန်ဟွိုင်ဟွက သူမကိုချီးကျူးလေသူမ၏စကားများမှာ နားလည်နိုင်ကန်ပိုမိုခက်ခဲလာလေပင် ။ သို့သော်လည်း လင်းလန်၏ဟောပြောချက်မှာ နောင်တစ်ချိန်၌ အမျိုးထုတစ်ခုလုံးအတွက်အလွန်ပင်အကျိုးပြုပေလိမ့်မည် ။


အချိန်အတန်ကြာတိုင်ပင်ဆွေးနွေးပြီးနောက်တွင် လင်းလန်က မေးလိုက်လေသည် ။


" ဟောပြောပေးရင် ကျွန်မကအလုပ်ရမှတ်အပြင် ပိုက်ဆံပါရနိုင်မှာလား "


သူမက စီးပွားရေးသမားတစ်ယောက်ဖြစ်သည့်အတွက် အလုပ်ကိစ္စအားမေ့မထားနိုင်ပါချေ ။


တုန်ဟွိုင်ဟွက ရီမောကာပြောလိုက်သည် ။


" ဒါပေါ့ ရသမျှပိုက်ဆံကနင့်အတွက်ဘဲ တခြားရွာတွေမှာသွားပြောပေးမယ်ဆိုရင်တောင်ရသေးတယ် "


လင်းလန် အလွန်ပျော်ရွှင်သွားသည် ။


" ပိုက်ဆံကအရေးမကြီးပါဘူး ကျွန်မကစားစရာဘဲလိုအပ်တာပါ "


အစားအသောက်အတွက်ပူပန်စရာမလိုတော့ပါက သူမ၏ကလေးများအတွက်ကျောင်းသုံးစာရေးကိရိယာများအား စိတ်ချလက်ချဝယ်ယူပေးနိုင်ပြီဖြစ်သည် ။ မဟုတ်လျှင် စာမသင်ချင်သောတဝမ်နှင့် စန်းဝမ်တို့မှာ မိသားစုစားဝတ်နေရအားဖြေရှင်းရန်သေချာပေါက်အလုပ်ထွက်လုပ်ကြလိမ့်မည် ။


တုန်ဟွိုင်ဟွက အစီအစဥ်ကိုအမြန်ဆုံးအကောင်အထည်ဖော်ရန် လင်းလန်အား ဟန်ရုံဖန် ထံသို့ခေါ်သွားလေသည် ။


" ကျွန်မတစ်ယောက်တည်း ဆိုရင်ဘယ်လိုမှကိုင်တွယ်နိုင်မှာမဟုတ်ဘူး... ကျွန်မလင်းလန်ရဲ့အကူအညီကိုလိုအပ်တယ် "


ဟန်ရုံဖန်က ယနေ့နံနက်တွင်ယာယီအရေးပေါ်အစည်းအဝေးတစ်ခုတက်ရောက်ရန်သွားခဲ့ရပြီး ဖြစ်ပျက်နေသည့်ကိစ္စများအား သဘောပေါက်ပြီးဖြစ်သည် ။ ဒါရိုက်တာဟောင်းမှာအလွန်ဒေါသူပုန်ထနေကာ အရည်အချင်းမရှိသည့်ကေဒါများအား ပြစ်တင်ပြောဆိုနေပြီး လိုအက်သည့်အသိပညာများနှင့်မိမိကိုယ်ကိုယ်ပြန်လည်ဆန်းစစ်ခြင်းအားပြုလုပ်ရန် ပြောဆိုခဲ့သည် ။


ဤစီမံချက်သည် အမှန်တကယ် လိုအပ်သည်ဟုဟန်ရုံဖန် ကိုယ်တိုင်ကိုယ်ကျ ခံစားမိသည်။  ပညာတတ်လူငယ်များနှင့် အဖွဲ့ဝင်များနှင့် အစွန်းရောက်သူများပင်လျှင် လက်ခံရန်လွယ်ကူသောစံမံချက်ဖြစ်သည်။ 


မြစ်ဝါမြစ်ကြောင်းတပ်မဟာမှူးကို လွန်ခဲ့သည့်ရက်အနည်းငယ်က ပြည်သူ့လုံခြုံရေးဗျူရိုက ဖမ်းဆီးခဲ့သည်။ နှစ်အနည်းငယ်အတွင်း သူသည် သူ၏အာဏာကိုအလွဲသုံးစားပြုကာ ကလေးသူငယ်များ  နှင့်ဒါဇင်နှင့်ချီသော  အမျိုးသမီးဝန်ထမ်းများကိုအနိုင်ကျင့် ခဲ့ကြောင်း တွေ့ရှိခဲ့သည်။ ထိုသို့​ဖော်ထုတ်ခံလိုက်ရသည့်သက်ရောက်မှုက တကယ်ကို ဆိုးရွားခဲ့သည် ။


ဟန်ချင်စုန့်က လူများကို ဖမ်းဆီးခြင်းအမိန့်အား အတည်ပြုရန် ပုဂ္ဂိုလ်ရေးအရ အစည်းအ​ဝေးတစ်ခုခေါ်ဆောင်ပြီးနောက် ၎င်း၏စီရင်ချက်ချခြင်းလုပ်ငန်းကို ဆွေးနွေးရန် ခရိုင်တော်လှန်ရေးကော်မတီထံ တိုက်ရိုက်ပေးပို့ခဲ့သည်။


မနေ့က ညသန်းခေါင်၌ သေဒဏ်ဆိုသည့် အရေးတကြီး စာတမ်းတစ်စောင် ထုတ်ပြန်ခဲ့လေသည် ။


ထိုထုတ်​ပြန်ချက်က အောက်ခြေမှ ကေဒါတွေအား အကြော်ခံရတော့မည့်ကြက်ဥတစ်လုံးကဲ့သို့ အစည်းအဝေးကိုအပြေးအလွှားတက်ရောက်စေခဲ့သည် ။


“ ကျွန်မတို့  သေသေချာချာစီစဥ်ပြီးလုပ်ကြမှာပါ "


 တုန်ဟွိုင်ဟွက စကားအနည်းငယ်ပြောပြီး လင်းလန်အားအဖွဲ့ထဲသို့ထည့်ခိုင်းသည် ။


လင်းလန်သည် ခဏတာ စကားပြောပြီး တုန်ဟွိုင်၏ရပ်တည်မူရာထူးအား မခိုးယူခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူမသည် အလုပ်အမှတ်များနှင့် ငွေများကို သာလိုချင်ပြီး အမျိုးသမီး ကေဒါမဖြစ်ချင်ခဲ့ပေ ။ 


အရှေ့နှင့်အနောက်ကြား ကွဲလွဲမှုများကို ဖျန်ဖြေပေးရန် သူမမတတ်နိုင်ပေ ။


ဟန်ရုံဖန်က  ခေါင်းညိတ်ပြကာဆိုလိုက်သည်။


 "ဒါက ကောင်းတဲ့အကြံပဲ"


တုန်ဟွိုင်ဟွ က အလုပ်အမှတ်များနှင့် ထောက်ပံ့ကြေးများအကြောင်း ထပ်မေးသည်။ 


ဟန်ရုံဖန်ကပြောလိုက်သည် ။ 


" ဒီလိုလုပ်ရအောင် မင်းတို့နှစ်ယောက်က 12 မှတ်ရလိမ့်မယ်.. လူသိရှင်ကြားဟောပြောတဲ့နေ့မှာအပို 10 မှတ်ရရှိမယ်.. မဲဆွယ်မှုတစ်ခုအတွက် အနည်းဆုံး ငါးရက် သို့မဟုတ် ခြောက်ရက် ကြာနိုင်တယ်  အနာဂတ်မှာ မင်းတို့တွေအောင်မြင်လာတာနဲ့ ပိုက်ဆံ ဒါမှမဟုတ် စားစရာပေးဖို့ ညှိနှိုင်းနိုင်တယ် ”


လင်းလန် အရမ်းပျော်သွားလေသည် ။


 “အတွင်းရေးမှူး ဝါဒဖြန့်တဲ့အခါမှာ ကျွန်မတို့​ကိုယ်တိုင် ဖျော်ဖြေတင်ဆက်ရမဲ့အပြင် ဆရာတွေနဲ့ ပညာတတ်လူငယ်တွေကို ဖိတ်ခေါ်ဖို့လိုအပ်တယ် အဲဒါကို ဘယ်လိုစီမံကြမလဲ "


" စိတ်မပူပါနဲ့ ငြင်းဆန်တဲ့လူဘယ်သူကိုမဆို ဦးလေးကောင်းကောင်းကြီးဆူပေးမယ်... ဒီလိုအကျိုးရှိတဲ့နေရာမှာဝင်မပါဘဲ သူတို့ကဘာလုပ်ချင်နေကြသေးလို့တုန်း "


လင်းလန် လက်မထောင်ပြလိုက်လေသည် ။


ဦးလေးက အရမ်းအာဏာရှိတာဘဲ!


တုန်ဟွိုင်ဟွကလည်းပြောလိုက်သည် ။


" လင်းလန်က ဒီကိစ္စကိုအရင်အကြံပေးခဲ့တာဆိုတော့ သူများတွေသေချာပေါက် အောင်မြင်တာနဲ့မနာလိုဖြစ်ကြမှာဘဲ "


သူမက လင်းလန် အား ထုတ်လုပ်ရေး အဖွဲ့ခေါင်းဆောင်တစ်ဦးစီကို အသိပေးပြီး အလုပ်သွားသည့်အခါတွင် အဖွဲ့ဝင်များနှင့် သဟဇာတဖြစ်စေရန် နှင့်အချိန်ကျလာသောအခါတွင် အားလုံးပူးပေါင်းပါဝင်နိုင်ပြီး ပိုမိုတက်ကြွလာစေရန်အတွက် မိတ်ဆက်ပေးထားလိုက်သည်  


ဟန်ရုံဖန်က လည်းအကြံကောင်းဖြစ်၍သဘောတူလိုက်သည် ။


ဟန်ရုံဖန်ထံမှပြန်လာသည်နှင့် လင်းလန်ကကျောင်းသို့သွားလိုပါသော်လည်း တုန်ဟွိုင်ဟွကသူမအားအလွတ်မပေးပါချေ ။


" သွားမယ်...အလုပ်အရင်သွားလုပ်ရအောင် "


တုန်ဟွိုင်ဟွ၏ ထူးဆန်းသောအမူအယာကြောင့် တစ်နေရာအားကြည့်လိုက်သည့်အချိန်တွင် လျိုရူယွမ်နှင့် ချန်ဇီချင်းတို့ဖြစ်နေကြောင်းတွေ့လိုက်ရသည် ။


လင်းလန်က ထိုနှစ်ယောက်၏အရုပ်တော်ပုံတင်ထဲတွက်ပါဝင်ရန်ပျင်းလွန်းသည် ။


 တုန်ဟွိုင်ဟွက ပြတ်ပြတ်သားသားပင်လင်းလန်မည်မျှငြင်းဆန်နေပါစေ သူမ၏တွဲဖက်ရာထူးအားပေးကိုပေးမည်ပင် ။


" ငါတို့ရဲ့ရာထူးအကြောင်းတရားဝင်အသိပေးရအောင် "


Xxxxxxxxx