အပိုင်း ၂၃၅-၂၃၆
Viewers 21k

Part 235


ကြေငြာစာကပ်ပြီးနောင် တုန်ဟွိုင်ဟွက လင်းလန်နှင့်အတူ လျိုရူယွမ်အလုပ်မဆင်းခင်သွားခေါ်ကြလေသည် ။


လျိုရူယွမ်မှာ ဤရက်ပိုင်းအတွင်းနေမကောင်းသည်ကိုအကြောင်းပြကာ အိမ်တွင်သာချက်ပြုတ်နေသည်ဟုသတင်းလွှင့်ထားပါသော်လည်း အိမ်တံခါးကိုမဖွင့်ထားပါချေ ။


သူမ၏မိခင်ဖြစ်သူလည်းအိမ်မှာရှိနေပြီး တီးတိုးပြောဆိုနေကြကာ တုန်ဟွိုင်ဟွ၏အသံကြားသည်နှင့် ထွက်လာကာအလျှင်စလိုနူတ်ဆက်လေသည် ။


သူမက လင်းလန်အားမြင်သောအခါ အနည်းငယ်တုံ့ဆိုင်းသွားလေသည် တုန်ဟွိုင်ဟွက သူမ၏အမူအရာအားသတိထားမိ၍ပြောလိုက်သည် ။


" စိတ်မပူပါနဲ့ လင်းလန်က ပါးစပ်ဖွာတဲ့လူမျိုးမဟုတ်ပါဘူး ...သူမပြောသင့်တာနဲ့မပြောသင့်တာကိုကောင်းကောင်းခွဲခြားနိုင်ပါတယ် "


လျိုရူယွမ်၏ အမေမှာ ပတ်ဝန်းကျင်ကိုသတိထားကြည့်ကာ အိမ်ထဲဖိတ်ခေါ်ပြီးနောက် ဝမ်းနည်းစွာပြောလိုက်သည် ။


" ကျွန်မရဲ့သမီးကိုတကယ်ဘဲ​ဖြောင်းဖျပေးနိုင်ပါ့မလား "


ထိုနောက် သူမကမျက်ရည်များကိုသုတ်ရင်းတိုးတိုးလေးပြောရှာလေသည် ။


" အစကမြို့ကဆေးရုံကိုသွားပြီးဖျက်ချဖို့ကြိုးစားပေမဲ့ ဗိုက်ထဲကအမျိုးယုတ်ကလေးကမသေဘူးတဲ့လေ "


တုန်ဟွိုင်ဟွက သူမ၏ပုခုံးကိုပုတ်ပေးကာမေးလိုက်သည် ။


" ကျွန်မကိုအကြောင်းစုံပြောပြပါဦး "


" ဖျက်ချချင်တယ်ဘဲပြောနေပေမဲ့... ဖျက်ချလိုက်ရင် သူမကိုထိခိုက်စေပြီးနောက်ထပ်ကလေးမွေးနိုင်တော့မှာမဟုတ်ဘူးတဲ့လေ...သူ့အဖေသိရင်တကယ်အရှင်လတ်လတ်မီးရိူ့ပစ်လိမ့်မယ် "


တုန်ဟွိုင်ဟွကပြောလိုက်သည် ။


" အဲ့ဒီလူကိုရှာဖို့မခက်ပါဘူး သူမနဲ့သက်တူရွယ်တူထဲကပဲဖြစ်လိမ့်မယ် ပြဿနာကရှာတွေ့ရင် ဘယ်လိုလုပ်မလဲဆိုတာဘဲ "


သူမက ပြင်းထန်စွာတုံ့ပြန်လာလေသည် ။


" ချင်စုန်ရဲ့ဇနီးလေး.သေချာပေါက်အဲ့ဒီလူကိုမြန်မြန်ရှာပြီး သူတို့နှစ်ယောက်ကိုမြန်မြန်လက်ထပ်ခိုင်းရမယ်...အချိန်အကြာကြီးဆွဲရင်တကယ်ပြဿနာတက်ကုန်လိမ့်မယ် "


လူသိရှင်ကြားလက်ထပ်လိုက်သည်နှင့် ထိကိုယ်ဝန်မှာ လက်ထပ်သည့်အမျိုးသားနှင့် သက်ဆိုင်လေသည်ဟူသည့်သဘောတရားပင် ။ မိခင်ဖြစ်သူမှာငိုယိုနေကာ စကားပင်လေလုံးဆက်အောင်မပြောနိုင်ပါတော့ချေ ။


ချန်ဇီချင်းက လျိုရူယွမ်အား လက်ထပ်မည်မဟုတ်မှန်းလင်းလန် သိလေသည် ။ လက်ထပ်လိုက်သည်နှင့်တောရွာမှာသာနေထိုင်ရတော့မည်ဖြစ်ကာ ခြေချုပ်မိသွားပြီပင် ။


သူကပညာတတ်လူငယ်တစ်ဦးဖြစ်သောကြောင့်အစစအရာရာအဆင်မပြေသည့်တောရွာ၌ အခြေချချင်လိမ့်မည်မဟုတ်... မြို့သို့သာပြန်ရန်ကြိုးစားနေလိမ့်မည်။ ထို့အပြင် သူ၏မိဘများမှာအလုပ်ရှင်များဖြစ်သည့်အပြင် အငယ်များရှိသေးသည့်အတွက် စီးပွားရေးလုပ်ရန်ပြန်ခေါ်ပါက သေချာပေါက်ပြန်သွားရမည်ပင် ။


လက်ထပ်ရန်ငြင်းဆန်မည်မှာ မြေကြီးလက်ခတ်မလွဲပင် ။


 လင်းလန်က ဇာတ်လမ်းအကြောင်းအရာအားမှန်းဆမိလေသည် ။ တောရွာတွင်အိမ်ထောင်ပြုသွားသည်ဖြစ်စေ မြို့အသိုင်းအဝိုင်းရှိ မည်သူမျှမသိပါက ထိုဇနီးမှာတရားဝင်ခြင်းမရှိဘဲ အသိအမှတ်ပြုမည်လည်းမဟုတ်ပေ ။


ဒါတီဗီထဲမှာကြည့်နေကျဘဲ...


တုန်ဟွိုင်ဟွကပြောလိုက်သည် ။


" ကျွန်မတို့ ရူယွမ်နဲ့စကားပြောလို့ရမလား "


မည်သို့ပင် ဖြစ်စေရှုယွမ်၏အမေမှာမိခင်တစ်ယောက်ဖြစ်သည့်အပြင် ဇနီးတစ်ယောက်လည်းဖြစ်နေသေးသည် ။ အသိပညာခေါင်းပါးမူကြောင့် မည်သို့ကိုယ်တွယ်ရမည်ကိုမသိသည့်အပြင် သူမအမျိုးသား၏ဒေါသအားလည်းကြောက်နေရသေးသည် ။


ဤရက်များအတွင်း သူမမှာသေတော့မလိုပင်ခံစားနေရသည် ။


လင်းလန်မျှော်မှန်းထားသလိုပင် လျိုရှုယွမ်မှာ အသေခံကာ ထိုလူ၏အမည်ကိုထုတ်မပြောဟုခေါင်းမာနေဆဲပင် ။


တုန်ဟွိုင်ဟွက ချန်ဇီချင်း၏ အမည်ကိုတိုက်ရိုက်ပြောလာသည့်အခါမှသူမအနည်းငယ်လူပ်လူပ်ရှားရှားဖြစ်လာလေသည် ။ သို့သော်လည်း အမြန်ပင်စိတ်တည်ငြိမ်သွားကာ ငြင်းဆန်ပြန်လေသည် ။


လင်းလန်က သူမကိုဖြောင်းဖြရန်ကြိုးစားလိုက်သည် ။


" ရှုယွမ် နင်ကဖျက်ချဖို့ကြိုးစားပေမဲ့ မရခဲ့ဘူးမဟုတ်လား လက်ထပ်လိုက်မယ်ဆိုရင်တောင် ဗိုက်ကအရမ်းသိသာနေမှာဘဲ အချိန်မလွန်ခင်ဖြေရှင်းနိုင်မှ နင့်အတွက်ကောင်းမှာနင့်မိဘတွေကိုပါတစ်ရွာလုံးဝိုင်းကဲ့ရဲ့တာခံစေချင်နေတာလား "


" ဒါ..ဒါပေမဲ့ ကျွန်မသူရဲ့အနာဂတ်ကိုဖျက်ဆီးပစ်လိုက်လို့မဖြစ်ဘူး..."


လျိုရှုယွမ်က ခေါင်းငုံ့ရင်းငိုရိူက်နေတော့သည် ။


" သူကမြို့မှာအလုပ်ကြိုးစားပြီးရင် ကျွန်မကိုပြန်လာပြီးလက်ထပ်ယူမယ်လို့ပြောတယ် "


တုန်ဟွိုင်ဟွကဒေါသတကြီးပြောလိုက်သည် ။


" မြို့ကိုပြန်ဦးမယ်ဟုတ်လား.... သူ့မှာတောက်ပတဲ့အနာဂတ်ရှိနေပြီး နင်ကျတော့ဘယ်လိုလုပ်မလဲ... နင့်အစ်ကို...နင့်အဖေနဲ့အမေ ကနင့်ကြောင့်အရှက်ကွဲခံရမှာတဲ့လား " 


လျိုရှုယွမ်၏ မျက်နှာမှာစက္ကူတစ်ရွက်လိုဖြူဖျော့သွားကာ ဘာမျှဆက်မပြောနိုင်တော့ချေ ။ 


နောက်ဆုံး၌ တုန်ဟွိုင်ဟွက လင်းလန်အားဆွဲကာပြောလိုက်သည် ။


" ဒါကရူယွမ်ရဲ့ပြဿနာပဲမဟုတ်ဘူး ငါတို့ရွာရဲ့ပြဿနာဆိုလဲဟုတ်တယ်... ဒီအကြောင်းသာပျံ့နှံ့သွားမယ်ဆိုရင် ငါတို့ရွာကအရှက်ကွဲရလွန်းလို့ခေါင်းတောင်ဖော်နိုင်တော့မှာမဟုတ်ဘူး... "


လင်းလန်​ကပြောလိုက်သည် ။


" ချန်ဇီချင်းကိုသွားရှာရအောင် "


ထို့နောက် ချန်ဇီချင်းအား စကားပြောရန်သွားရှာခဲ့သည် ။ ချန်ဇီချင်း ကစကားချိုချိုလေးများပြောချင်ပါသော်လည်း ရေခဲကဲ့သို့အေးစက်နေသောမျက်နှာထားများကြောင့် လန့်သွားရသည် ။


သူက မျက်နှာထားကိုအမြန်ပြင်လိုက်ကာ ပြောလေ၏။


" ကျွန်တော်က တကယ်ရိုးသားပါတယ်နော် တစ်စုံတစ်ယောက်ကိုယ်ဝန်ရှိတာနဲ့ပဲ ကျွန်တော်ပါလို့တွေးလိုက်လို့မရဘူးလေ... ကျွန်တော့်ကလေးပါလို့ ကိုယ်တိုင်ဝန်ခံခိုင်းလိုက်လေ "


လင်းလန်က ချက်ချင်းပင် ထိုကျက်သရေတုံးအား တိုင်ချက်ဖွင့်ကာ ဖမ်းဆီးခိုင်းလိုက်ချင်နေသည် ။


" ငါတို့ဘာမှတောင်မပြောရသေးဘူး ဘာလို့အသည်းအသန်ငြင်းနေတာလဲ သူမမှာကိုယ်ဝန်ရှိနေတယ်လို့လဲ ငါတစ်ခွန်းမှမပြောရသေးပါဘူး "


ချန်ဇီချင်းက ကျိန်ဆိုသည့်အနေဖြင့်လက်သုံးချောင်းထောင်ကာပြောလိုက်သည် ။


" ကျွန်တော်က တကယ်ရိုးသားပါတယ် လျိုရူယွမ်နဲ့ စကားအနည်းငယ်ပြောရုံကလွဲပြီး တခြားဘာမှမပက်သက်ပါဘူး...သူမကဘယ်သူတွေနဲ့ထပ်ပက်သက်မေလဲဆိုတာ ဘယ်သူသိမှာလဲ...ကျွန်တော်တော့မဟုတ်တာသေချာတယ် "


ငါဒီလောက်အရှက်မရှိတဲ့လူကိုတစ်ခါမှမမြင်ဖူးဘူး! .


လင်းလန် က ချန်ဇီချင်းအား သူမသိသမျှအဆဲစကားလုံးများနှင့်ဆဲရေး​ပြောဆိုလာသည့်အတွက် ချန်ဇီချင်းလန့်သွားရသည် ။


 "မင်း...ကြွက်စုတ်ကြွက်စုတ်...မင်း ငါ့ကို ရိုက်ရဲတယ်ပေါ့" 


သူက တုံ့ပြန်ပြီး ချက်ချင်း ပြန်တိုက်ခိုက်ချင်သွားသည်။


တုန်ဟွိုင်ဟွက သူ့ကို ဘေးကနေ ပြင်းပြင်းထန်ထန် ကန်လိုက်ပြီး ဒေါသတကြီးဖြင့်  ကြိတ်အော်လိုက်၏။


 "တိတ်တိတ်နေရင်  ပိုကောင်းမယ်...အားလုံးဝိုင်းကြည့်ကြရင် ဘာဖြစ်မလဲသိလား"


ချန်ဇီချင်း တကယ်ကို ပါးစပ်ပိတ်သွားသည် သူ့မျက်နှာက ဒေါသဖြင့် နီရဲနေသော်ငြား ဘာတစ်ခုမှ မပြောဝံ့ပေ။ 


Xxxxx

Part 236


လင်းလန်က အေးစက်စွာပြောလိုက်သည်။

 "မင်းက မသိနားမလည်တဲ့ ရှုယွမ််ကို အနုဆွဲဆွဲပြီး လျှို့ဝှက်ထားခိုင်းရင် ဘယ်သူမှမသိတော့ဘူးလို့  ထင်နေလား...မင်း သူကို တိတ်တိတ်လေးတွေ့ခဲ့တယ် ..ကလေးတွေက အဲဒါ အကြိမ်ပေါင်းများစွာ တွေ့ဖူးတယ်... သူတို့ကို မင်းနဲ့ ထိပ်တိုက်ပြောခိုင်းစေချင်လား"


"ကလေးတွေပြောတာကို ယုံနေတာလား... သူတို့ လိမ်ပြီး အပျော်လုပ်ကြည့်နေမယ်ဆိုတာ ဘယ်သူသိမှာလဲ" 


ချန်ဇိချင်းက  သူ့အပေါ် ကောင်းကင်ဘုံက မတရားပြုထားသလိုပုံစံဖြစ်နေပြီး သူ့ကို ကြမ်းကြမ်းတမ်းတမ်း အမျိုးသမီး နှစ်ယောက်က ဝိုင်းရံထားကာ သူထွက်သွားချင်လျှင်ပင်ထွက်မသွားနိုင်ပေ။


 အဓိကအချက်သည် လင်းလန်၏အမူအရာက' မင်းက ငယ်ပါသေးတယ်...ပြေးကြည့်စမ်းပါ... ငါ့ယောက်ျားကို မင်းလက်မောင်းတွေကို ချိုးခိုင်းမခိုင်းကြည့်ရအောင်'ဟူ၍ ရှင်းလင်းလင်းပြောနေ၏။


တုန်ဟွိုင်ဟွက စိတ်လှုပ်ရှားစွာနှင့်ဆိုလိုက်သည်။


"ဒါ နင့်အမေကြီးကို လုပ်ခဲ့တာဆိုတော့ နင်တာဝန်ယူရမှာ...နင်  လက်ထပ်ကိုလက်ထပ်ရမယ်... လက်မထပ်ရင် ဝေဖန်ခံရမယ်မှတ်...မြို့ကို ဘယ်တော့မှ ပြန်သွားနိုင်မှာမဟုတ်ဘဲ ငါတို့ရှန်ရွေ့ရွာမှာပဲ တစ်သက်လုံးနေရမှာ...ငါက အမျိုးသမီးခေါင်းဆောင်ပဲမို့ မလုပ်နိုင်ဘူးလို့ မထင်လိုက်နဲ့ ... ငါပြောထားမယ် ..."


ချန်ဇီချင်း၏ မျက်နှာမှာ ဖြူဖွေး သွားပြီး သူ့တစ်ကိုယ်လုံး တုန်ခါသွားကာ ယခုမှသာ ဤကိစ္စက လေးနက်လာသည်ဟု သူခံစားရ၏။


လင်းလန်ကလည်း ထိုကဲ့သို့သော ဆုံးဖြတ်ချက်ကို ထောက်ခံသည်။အနှီကျေးလက်သူ မိန်းကလေးတွေက တကယ့်ကို ရိုးစင်းကာ မသိနားမလည်ကြသလို  ကမ္ဘာကြီးကိုလည်း မမြင်ဖူးကြပေ။ ပညာတတ်လူငယ်တွေက သီချင်းနည်းနည်းဆို၊ စကားကောင်းကောင်းလေးတွေ အနည်းငယ်ပြောပြီး စနောက်ကြသည်နှင့် သူတို့ဟာ များသောအားဖြင့် ကြွေဆင်းကုန်ကြမည်ပင်။


 အစတုန်းက မင်းမှမင်းပဲဟု အချင်းချင်း ကတိပြုကြပြီး လက်ထဲရောက်သွားသည့်အခါတွင်မူ အထီးကျန်ခြင်းနှင့် ဆန္ဒတွေကိုလွှတ်ထုတ်ရန် ကိရိယာတစ်ခုအနေနှင့်သာ အသုံးချကြပြီး တာဝန်ယူရန်ကား မဖြစ်နိုင်ပေ။


သို့သော် သူတို့က ရိုးအလွန်း၍ ယောကျာ်းများက အပျော့ဆွဲဆွဲကြသည့်အခါ  ၎င်းတို့၏ဂုဏ်သတင်း၊ အနာဂတ်နှင့် ဘဝတို့ကို တွေးတောကာ  သေအောင် ရိုက်နှက်ခံရပြီး အပြစ်ဒဏ်ပေးခံရမည်ကို စိုးရိမ်သောကြောင့် *အသီးခါးများကို ဗိုက်ထဲ မျိုချထားရပေလိမ့်မည်။

(T/N–မကောင်းသည့်အကျိုးဆက်ကို ကြိတ်မှိတ်လက်ခံ)


 နောက်ဆုံးတွင်၊ အဆိုးရွားဆုံးအချက်မှာ အမျိုးသမီးက ဝန်ခံရန် ငြင်းဆိုပြီး တုံဏိဘာဝေ  သို့မဟုတ် တက်တက်ကြွကြွဖြင့်  မြစ်ထဲကို ခုန်ချခြင်း၊ ကြိုးဆွဲချ သေဆုံးခြင်း တို့ဖြင့် စိတ်ဆင်းရဲစွာ သေဆုံးရခြင်း ဖြစ်သည်။


ဤကိစ္စကို ကောင်းစွာမဖြေရှင်းနိုင်ပါက လျှိုမိသားစုအနေဖြင့်  နောက်ဆုံးမှာ မျက်နှာပျက်သွားမှာဖြစ်ပြီး ရွာသားတွေက လက်ညှိိုးဝိုင်းထိုးပြီး စောင့်ကြည့်ကြလိမ့်မည်။နောက်ဆုံးတွင် လျှိုရှုယွမ်က အတင်းအဖျင်းပြောစကားတွေနှင့်သူမမိသားစု၏ အကြည့်များကို သည်းမခံနိုင်သည့်အတွက် သူကိုယ်တိုင်သူ မြစ်ထဲသို့ခုန်ချလိမ့်မည်။


လျှိုရှုယွမ်က တုံးအပြီး မသိနားမလည်သော်လည်း လင်းလန် ထိုသို့သော ရလဒ်ကို မမြင်ချင်ပေ။ ထိုနွေးထွေးကြင်နာသောကလေးမလေးအကြောင်းကိုတွေးကြည့်ပါက ချန်ကျစ်ချင်က အတော်လေးကို စက်ဆုပ်ရွံ့ရှာစရာကောင်းသည်ဟု သူမခံစားရ၏။


တာဝန်မယူရဲရင် ပရောပရည်မလုပ်နဲ့လေ...


*အတင်းဆွတ်ထားသော ဖရဲသီးက မချိုသော်လည်း ဤဖရဲသီးကို မတင်းမဆွတ်ပါက ရွာ၏ ဂုဏ်သိက္ခာကို ပျက်ပြားစေလိမ့်မည်ဖြစ်၍ ဤဖရဲသီးက အတင်းဆွတ်ကိုဆွတ်ရမည်ပင်။

(T/N–ဖိအားပေးလက်ထပ်ခံရသော အိမ်ထောင်ရေးက မပျော်ရ)


စင်စစ်တွင်မူ ဖရဲသီးများကို ငါးဆားနူကောင် ချန်ဇီချင်းက စိုက်ခဲ့ခြင်းဖြစ်သည်။


 လူမြင်ခံရခြင်းနှင့် သံသယဖြစ်ခြင်းတို့ကို ရှောင်ရှားရန်အတွက် သူတို့ စကားများများစားစား မပြောဘဲ ချန်ဇီချင်းကို အချိန်မရွေး လာရှာမည်ဖြစ်ကြောင်း သတိပေးခဲ့၏။


 ယင်းကိုတွေ့သည့်အခါ ချန်ဇီချင်းက ချက်ချင်းလှည့်ထွက်ပြေးသွားသည်။


 လင်းလန် တုန်ဟွိုင်ဟွနှင့် ဟန်ရုံဖန်ကို အကူအညီတောင်းသင့်မတောင်းသင့် ဆွေးနွေးခဲ့ပေမဲ့ တုန်ဟွိုင်ဟွက အသံတွေအများကြီးထွက်လာမှာ ကြောက်နေ၏။   ဤအကြောင်းကိုသိသူ များလွန်းသွားပါက  ဒုက္ခရောက်ပေလိမ့်မည်။


"မင်းမသိဘူး...ငါတို့တပ်မဟာထဲက လူတချို့ အထူးသဖြင့် ဟန်ရုံလုရဲ့ မိသားစုက ဆက်ဆံရအရမ်းခက်တယ် ...မင်း သူ့ကို အသိပေးရင် ပြဿနာ အများကြီးရှိလာလိမ့်မယ်"


သူမက  လင်းလန်ကို မိသားစုနှစ်စုကြားက မကျေလည်မှုတွေအကြောင်း ပြောပြသည်။သဘာဝဘေးအန္တရာယ်များ ကျရောက်ခဲ့သည့် နှစ်များအတွင်း၌ ၎င်းတို့နှစ်ဦးစလုံးက တစ်ယောက်မှ  အဖွဲ့ကေဒါများ မဟုတ်ခဲ့ကြပေ။ ဟန်ရုံလုက ဇနီးနှင့် သားသမီးများကို လယ်ကွင်းများတွင် ပြောင်းဖူးနှင့် ကန်စွန်းဥများ ခိုးယူရန် စေလွှတ် ခဲ့သော်လည်း လျှိုကွေ့ဖာက ၎င်းတို့ကို မြင်သွားသည်။ လျှိုကွေ့ဖာက သူ့ကို လွှတ်မပေး ဘဲ တပ်မဟာဌာနချုပ်ဆီမှာ အဖမ်းခံခိုင်းပြီး ထိုသို့မဟုတ်ပါက သူ ဖော်ထုတ်ပစ်လိုက်မည်ဟုပြော၏။


ဟန်ရုံလုက သူ့ကိုယ်သူ အဖမ်းခံရန် ငြင်းဆန်ပြီး စားစရာတွေကို ချထားရန် ငြင်းဆိုသည့်အတွက် သူတို့ ရန်ဖြစ်ခဲ့ကြသည်။ သူ့မိန်းမ၊ သားသမီးတွေနှင့်အတူ လျှိုကွေ့ဖာကို ဝိုင်းရိုက်ကြ၏။လျှိုကွေ့ဖာက  သူ့ကို ဖော်ထုတ်လိုက်တော့သည်


။ ထို့နောက် ဟန်ရုံလုကို တစ်ရွာလုံးက ဝေဖန်ခဲ့ကြ၏။


ထိုအချိန်မှစ၍ မိသားစုနှစ်စု တသီးတခြားစီဖြစ်သွားကြသည်။


 ဤသည်က ကျေးလက်မှာ ဖြစ်နေကျပင်။ တစ်ခါတလေ မည်မျှပဲ အာဃာတတွေ ကြီးမားနေပါစေ အချိန်ကြာလာသည်နှင့်အမျှ အပြုံးတစ်ပွင့်နှင့်  ပျောက်ကွယ်သွားနိုင်သည့်ဟုထင်ရ၏။

သို့ပေမဲ့ တစ်ခါတလေမှာ တချို့လူတွေက ကိစ္စသေးသေးလေးကို တစ်သက်လုံး မှတ်မိနိုင်သလို၊ တစ်သက်လုံး စကားမပြောဖြစ်ကြဘဲ မိသားစုနှစ်စု တစ်ဘက်နှင့်တစ်ဘက် ရန်ငြိုးဖွဲ့ကြသည်။


လျိုကွေ့ဖာက အနှီဆက်ဆံရေး တစ်ချိန်လုံး အေးခဲသွားစေရန် မစဉ်းစားခဲ့သော်လည်း ဟန်ရုံလုက လက်မလျော့ဘဲ ငြင်းဆန်ခဲ့ပြီး လျှိုကွေ့ဖာမှာ မကောင်းသော အကြံအစည်များ ရှိခဲ့ကာ နာမည်ကောင်းရရန်အတွက်  သူ့မိသားစုကို  အစာငတ်ခံသေစေလိုကြောင်း ပြောဆိုခဲ့၏။


 အထူးသဖြင့် လျှိုကွေ့ဖာက နောက်ပိုင်းတွင် ပြည်သူ့လုံခြုံရေးညွှန်မှူးဖြစ်လာသောအခါ

 နာမည်ကောင်းရခြင်းကနေ ထိုရာထူးကိုရသွားသည်ဟု သူထင်ခဲ့သည်။


နောက်ပိုင်းတွင် သဘောထားကွဲလွဲမှုများ အများအပြားရှိလားပြီး ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ပါဘဲ မိသားစုနှစ်စုသည် သဘာဝအလျောက် စကားစဲသွားကြ၏။


ကံကောင်းထောက်မစွာဖြင့် သူမက အဝေးတွင်ရောက်နေပြီး  ထုတ်လုပ်ရေးအဖွဲ့တွင် ရှိမနေပေ။ သူမ စကားမပြောပါက ပြိုလဲသွာလိမ့်ပေမည်။


သို့ပေမဲ့ ယခုအချိန်မှာ လျှိုရှုယွမ်ဆီမှာ တစ်ခုခုဖြစ်သွားခဲ့ပြီး ဟန်ရုံလုသာ ၍ကိစ္စကို သိသွားပါက သူ လွှတ်ထားမှာ မဟုတ်ပေ။


 လင်းလန်လည်း အခြေအနေက ပြင်းထန်သည်ဟု ခံစားသည်။


 "တကယ် မဖြစ်နိုင်ဘူးပဲ...ကျွန်မရဲ့ တတိယအစ်ကို ပြန်လာတဲ့အခါ ချန်ဇီချင်းကိုကူညီပြီးဖိအားေပးခိုင်းကြတာပေါ့... မြန်မြန်လက်ထပ်ဖို့ အဆိုပြုပြီး လက်ထပ်ဖို့ ရက်သတ်မှတ်ကြရမယ်"


လက်ထပ်ပြီး ကွာရှင်းပြတ်စဲခြင်းသည် လျှိုမိသားစုအတွက် လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရသည်ထက် ပိုကောင်း၏။


ကွာရှင်းခြင်း၊ မုဆိုးမဖြစ်ခြင်းနှင့် လက်မထပ်ဘဲ ကိုယ်ဝန်ရှိခြင်းအားလုံးတွင် အထင်သေးခံရခြင်းအကျိုးဆက်များရှိလေသည်။


Xxxxxx