Part 239
လျှိုရှုယွမ်၏အကြောင်းကို အမှန်တကယ် လူသိရှင်ကြား ထုတ်ပြခဲ့မည်ဆိုလျှင် သူတို့မိသားစုအတွက် ဆိုးရွားသော ထိခိုက်မှုဖြစ်ပေလိမ့်မည်။ တချို့လူတွေက သူမနှင့်မတူ၊ ဂုဏ်သိက္ခာကို အသက်ထက် ပိုတန်ဖိုးထားကြ၏။
ဟန်ချင်စုန့်: "ကိုယ် အဲဒီပညာတတ်လူငယ်နဲ့ စကားပြောရမလား"
လင်းလန်က ဤစကားကို စောင့်နေခြင်းဖြစ်လေရာ
"ကောင်းပြီ...ရှင်က တခြားသူတွေထက် ပိုထိရောက်တယ်"
လင်းလန်:"ဒါနဲ့ကျွန်မ ရှင့်ကို ကိစ္စကောင်းတစ်ခုပြောစရာရှိတယ်"
ဟန်ချင်စုန့် အွန်းဟုအသံပြုသော်လည်း သူ့စိတ်က အကြောင်းအရာပေါ်မှာ မရှိတော့ပေ။
"တပ်မဟာက တစ်ကိုယ်ရေသန့်ရှင်းရေးကို မြှင့်တင်ပေးစေချင်နေတယ်...ညွှန်းမှူးတုန်က ကျွန်မကို အကူအညီတောင်းတယ်... ဌာနခွဲအတွင်းရေးမှူးကလည်း သဘောတူတယ်..ပြီးတော့ သူက ကျွန်မကို ဖြည့်စွက်အလုပ်အမှတ်တွေလည်း ပေးသေးတယ်... နောင်မှာ အလုပ်မှတ် ၁၂ မှတ်ရမှာရှင့်..."
သူမ အနည်းငယ် ဂုဏ်ယူနေမိသည်။
ဟန်ချင်စုန့်က သူမကို နမ်းလိုက်ကာ ဆို၏။
"ကောင်းတယ်... ကိုယ်တို့ မိသားစုရဲ့ အလုပ်မှတ်တွေ အတွက် မင်းကို အားကိုးရမှာပဲ"
လင်းလန်က မေးကိုချီလျက် အဘိုးကြီး တစ်ယောက်၏ဟန်ပန်ဖြင့် ချဲ့ကားပြီးပြောလိုက်သည်။
"လာ...ဦးလေးကို ပြုံးပြပါဦး"
ဟန်ချင်စုန့်က ပူလောင်ပြင်းပြသည့် မျက်လုံးများဖြင့် သူမကို ကြည့်နေပြီး သူ့နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားကာ သူ့မျက်လုံးများရှိ အပြုံးများက ဆန္ဒအဖြစ်သို့ ပြောင်းလဲသွား၏။
လင်းလန်က "နောက်ကျနေပြီ အိပ်တော့" ဟု ကမန်းကတန်းပြောလိုက်ရသည်။
မလုံလောက်ဘူးဆိုလျှင်ပင် လေ့ကျင့်ခန်းကို ေတာ်ရုံသင့်ရုံပဲ လုပ်သင့်၏။ ဆရာဝန်တွေပြောသလိုပဲ လူငယ်တွေအနေနဲ့ ကိုယ့်ခန္ဓာကိုယ်ကို တန်ဖိုးထားပြီး လေ့ကျင့်ခန်းကို လျော့လျော့ပေါ့ပေါ့လေးလုပ်သင့်တယ်လေ...
သို့ပေမဲ့ သိသိသာသာကိုပင် ညွှန်မှူးဟန်အတွက်မူ ထိုသို့သော လျော့လျော့ပေါ့ပေါ့ဆိုသည့်အရာမျိုးမရှိရေးချမရှိပေ။
ဒုတိယနေ့တွင် ဟန်ချင်စုန့် အိမ်မှာ မနက်စာစားပြီးနောက် အလုပ်သွားရန် အလျင်စလိုမဖြစ်ဘဲ လင်းလန်ကို အရင်ဆုံး အလုပ်လိုက်ပို့ပြီး ၎င်းနောက် တစ်လက်စတည်း ချန်ဇီချင်း ဆီကိုသွားခဲ့သည်။
သို့ပေမဲ့ သူတို့ သူ့ကိုမတွေ့ခဲ့ပေ။ချန်ဇီချင်းက မနေ့က သူ့မိသားစုဆီကနေ သူ့အဖေ အသည်းအသန်ဖြစ်နေသည်ဟူသော ကြေးနန်းစာတစ်စောင် ရုတ်တရက်ရရှိခဲ့သဖြင့် မိတ်ဆက်စာတစ်စောင်ရေးကာ ညလယ်ခေါင်မှာ ခွင့်တိုင်ထွက်သွားသည်ဟု တခြားပညာတတ်လူငယ်တွေက ပြောကြ၏။
ဟန်ချင်စုန့် လင်းလန်နှင့် အရင်စကားပြောရန် ပြန်သွားခဲ့၏။
လင်းလန်က ပျာယာခတ်သွားပြီး
"ဒီငါးဆားနူကောင်က ညဉ့်နက်သန်းခေါင်ကြီး ထွက်ပြေးသွားတယ်... သူ့ခြေထောက်တွေကို မနေ့ကတည်းက ချိုးလိုက်ရမှာ..."
သူမက ကန်စွန်းဥခြောက်ကို ပစ်ချကာ ပြောလေသည်။
"မဟုတ်ဘူး...သူ့ကိုသွားဖမ်း... ခွေးသတောင်းစား...စားသောက်ပြီး ဖင်လေးခါထွက်သွားချင်တယ်ပေါ့...မရဘူးပဲ"
ဟန်ချင်စုန့်က သူမလက်မောင်းကို ကိုင်ကာပြော၏။
"စိတ်မဆိုးပါနဲ့ ...မင်းအတွက် ကိုယ်ရှာပေးပါ့မယ်"
အမြန်ဆုံးနည်းလမ်းက သူ့ကို တိုက်ရိုက်ဖမ်းရန်ပင်၊သို့ပေမဲ့ တစ်ယောက်တည်းသွားရသည်က အဆင်မပြေသဖြင့် ကွန်မြူနတီသို့ စက်ဘီးအရင်စီးသွားကာ လော့ဟိုင်ချန်ကိုရှာပြီးပြန်စီစဥ်ရသည်။
ကွန်မြူနတီကနေ လျှိုကျန့်ယွမ် ဆီသို့ ကြေးနန်းစာတစ်စောင် ပေးပို့ပြီး အခြားအရာများထက် ပိုမြန်သော ရထားဘူတာသို့ လူတွေကို ခေါ်သွားခိုင်းလိုက်၏။
လင်းလန် ဟန်ချင်စုန့်၏အကူအညီကို တွေးပြီး ပြဿနာက သိပ်ကြီးကြီးမားမား မဖြစ်လောက်သဖြင့် တုန်ဟွိုင်ဟွ ဆီကို သွားခဲ့သည်။
တုန်ဟွိုင်ဟွလည်း ပျာယာခတ်သွားပြီး
"ဒီလူယုတ်မာကတော့... ငါတို့ရဲ့ နာမည်ဂုဏ်သတင်းကြောင့် သူ့ကို ဘယ်သူမှ မကြည့်ကြ ဘူး... အဲ့ဒါကြောင့် သူ့ကို ဒီလောက်စက်ဆုပ်စရာကောင်းတဲ့လူလို့ ငါမထင်ထားခဲ့ဘူး... သူ့အမေကြီးကို ထွက်ပြေး..."
သူတို့ ရှုယွမ်အမေကို အရင်ဦးဆုံး သွားရှာပြီး ဘေးဆွဲကာ တစ်ခုခုပြောလိုက်၏။
ရှုယွမ်အမေ ထိုစကားကိုကြားသောအခါ ပူပန်စိတ်ကြောင့် မျက်နှာဖြူဖျော့သွားပြီးဆိုလေသည်။
"ဘာလို့များ ငါတို့ရှုယွမ်က ဒီလောက်အဖြစ်ဆိုးရတာလဲ... သူ့အဖေသိရင် သူ့ကို သေအောင် ရိုက်မှာ"
လင်းလန် သူမ ဘာလုပ်ရမှန်းမသိဖြစ်နေသည်ကိုမြင်သောအခါ စိုးရိမ်သွားပြီး စိတ်ကို တည်ငြိမ်အောင်ထားရန် တခြားသူတွေ အသုံးချမခံရစေရန် အသံမထွက်မိစေဖို့ သတိပေးလိုက်၏။
ရှုယွမ်အမေ က စိုးရိမ်တကြီးဖြင့် ပေါင်ကို ရိုက်လိုက်ပြီး ပြောသည်။
"အမလေး စောစောကတည်းက သိခဲ့ရင် ငါပြောမှာပေါ့ ...ဘာလို့...ဘာလို့ ရှုယွမ်ကိုဟော်ထွင်က လောင်ယန့်ဆီမလိုက်ခိုင်းရမှာလဲ"
ဟော်ထွင်က လောင်ယန်...
လောင်ယန်က ကလေးဘဝတုန်းက အရိုက်ခံရပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာအချို့ရှိ၏။ နှစ်အတော်ကြာသည့်တိုင် မည်သူနှင့်မှ အိမ်ထောင်မပြုသော လူပျိုသိုးကြီးဖြစ်သည်။
လူပျိုကြီးများသည် ဤအရာများကို များများစားစား မသိကြသဖြင့် သူတို့ အိမ်ထောင်ကျပြီး ခုနစ်လ သို့မဟုတ် ရှစ်လကြာလျှင် ကလေးမွေးပါက အချိန်မတိုင်မီကလေးမွေးခြင်းကို ကြောက်စရာမလိုပေ။
လင်းလန်လည်း ရှုယွမ်အမေ၏ စိတ်ကူးကို လက်ခံ၏။ပြဿနာတစ်ခု ကြုံတွေ့ရသောအခါ ဆက်ခံမည့်သူအား ရှာဖွေရန် ကြင်နာမနေနိုင်ပေ။နောက်ဆုံးတွင် ပြဿနာရှိသော လူပျိုကြီးတစ်ဦးနှင့် သူမသမီးကို လက်ထပ်ပေးချင်ခဲ့သည်။
ဝါဒဖြန့်ရန်က တကယ်ကို မရှိမဖြစ်လိုအပ်ဟန်ပင်၊ နောက်ထပ် နှောင့်နှေး၍ မရတော့ပေ။
"ငါ့ရဲ့ တတိယအစ်ကိုက လူသွားဖမ်းတော့မယ်... စောင့်ရအောင်"
ရှုယွမ်အမေအနေဖြင့် ဟန်ချင်စုန့် ကြားဝင်စွက်ဖက်ကြောင်း သူမကြားလိုက်ရသောအခါတွင် အမှန်တကယ်ပင် စိတ်သက်သာရာရသွားကာသူမ၏ ဖြူရော်ရော် မျက်နှာမှာ အနည်းငယ်နီမြန်းသွားခဲ့သည်။
လင်းလန် : "...."
နင်ငါ့ရဲ့ တတိယအစ်ကိုကို အထင်လွဲနေတာများရှိလား...
ရှုယွမ်အမေက အစပိုင်းတွင် အနည်းငယ် အာရုံထွေပြား နေသေးသော်လည်း ယခုမူ ငြိမ်သက်သွားကာ ကျိုးကြောင်းဆင်ခြင်တတ်သည့်အမူအရာဖြင့် အလုပ်သွားလုပ်ခဲ့သည်။ သူမက ကန်စွန်းဥအချပ်များကို ပွတ်တိုက်ရာတွင် ကျွမ်းကျင်ဖြစ်ပြီး ဘယ်ညာ ငုံ့၍ သုတ်ပေးကာ ကန်စွန်းဥအချပ်များက နှင်းပွင့်များကဲ့သို့ လွင့်ထွက်သွားသည်။
လင်းလန် ချန်ဇီချင်းကို ပွတ်တိုက်နေသလိုမျိူး ခံစားချက်ကို ခံစားခဲ့ရ၏။
ဟန်ချင်စုန့်ပါ ပါလာသဖြင့် တုန်ဟွိုင်ဟွသည်လည်း ဘေးကင်းသည်ဟု ခံစားမိသောကြောင့် စိတ်အေးလက်အေးဖြစ်သွားပြီး ဝါဒဖြန့်ခြင်းနှင့်ပတ်သတ်၍ ပြောရန် လင်းလန်ကို ဆွဲခေါ်သွားခဲ့သည်။
လင်းလန်က သူမ၏အစီအစဉ်အကြောင်း ပြောပြလိုက်ရာ တုန်ဟွိုင်ဟွက စိတ်လှုပ်ရှားနေပြီး အသေးစိတ်လေ့လာရန် လင်းလန်ကို ဆွဲခေါ်သွားပြန်၏။
ရွာထဲသို့ဝင်လာသောအခါတွင် ဒုတိယအဖွဲ့မှ လက်ထောက်ခေါင်းဆောင်က သားဖြစ်သူ*ဟန်ချင်ဖုန့်၊ ချွေးမကျောက်ကွေ့ရှန်းနှင့် အခြားလူများကို ဦးဆောင်ခေါ်လာပြီး “မြန်မြန် ...သူ့ကိုထွက်မပြေးစေနဲ့"ဟုဆိုနေသည်ကိုတွေ့လိုက်ရသည်။
(T/N–ဟန်ချင်စုန့်နဲ့နာမည်တူတဲ့လူ)
တုန်ဟွိုင်ဟွ၏မျက်နှာက ရုတ်ချည်းပြောင်းလဲသွားပြီး သူမ၏အသံတုန်တုန်ယင်ယင်ဖြင့် ရေရွတ်လိုက်သည်။
"သွားပြီ...သွားပြီ...သွားပြီ...သူဘယ်လိုများသိသွားတာလဲ"
Xxxxxx
Part 240
အစက သူတို့ တိတ်တိတ်လေးပဲ လုပ်ခဲ့ပြီး အပြင်လူတွေမသိစေဘဲ နှစ်ယောက်သားကို စေ့စပ်၍ လက်ထပ်ခိုင်းလိုက်သည်က အန္တရာယ်အကင်းဆုံးနည်းလမ်းဖြစ်၏။
ဟန်ရုံလု၏ စွက်ဖက်မှုက သူတို့၏ ယခင်အစီအစဉ်များအားလုံးကို ဖျက်စီးပစ်မည်ကို မည်သူသိပါမည်နည်း။ ထိုအကြောင်းကို တစ်ရွာလုံး သိကုန်လောက်မှန်းသေချာ၏။
သူမ လင်းလန်ကိုဆွဲခေါ်ကာ လျှိုရှုယွမ်၏အိမ်ဆီသို့ ပြေးသွားခဲ့သည်။သူမကိုရပ်ခိုင်းနေသည့် လင်းလန်၏စကားကိုနားမထောင်ဘဲ တစ်စုံတစ်ယောက်ကို သူမဘာသာသူမ ခေါ်လိုက်သည်။
ဟန်ရုံလုက လူများကို လျှိုကွေ့ဖာ၏အိမ်သို့ စိတ်လှုပ်ရှားစွာ ခေါ်ဆောင်လာပြီး *မိန်းမပျက်ကို ဝေဖန်ရန် လျှိုရှုယွမ်ကို ဖမ်းဆီးရမည်ဖြစ်သည်။
(ဝေဖန်=ပြစ်တင်ပြောဆို)
သူတို့က အမြန်လှုပ်ရှားကြ၏။
သူတို့ အိမ်ထဲကို အမြန်ပြေးဝင်လာသည့်အခါ လျှိုရှုယွမ်က အိမ်မှာ မုန့်ပေါင်းလုပ်နေဆဲဖြစ်သည်။ သူမ အလုပ်မသွားဖြစ်သည်မှာ ရက်အနည်းငယ်ကြာနေလေပြီ။ သူမက နေမကောင်းဖြစ်နေသည်ဟုဆိုသဖြင့် သူမအမေက အိမ်မှာ ထမင်းချက်ခိုင်းထား၏။
"ဘာလုပ်နေတာလဲ"
လျှိုရှုယွမ် ထိုလူများ အပြင်းအထန် ပြေးလာသည်ကို မြင်သောအခါ တုန်လှုပ်သွားသည်။
ဟန်ရုံလု၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် နီရဲနေပြီး "ဒီအရှက်မရှိတဲ့ မိန်းမပျက်ကို ငါ့အတွက် ချည်ထားလိုက်စမ်း... အစည်းအဝေးမှာ တပ်မဟာတစ်ခုလုံ မိန်းမပျက်ကို ဝေဖန်ရမယ်"
လျှိုရှုယွမ် တစ်ကိုယ်လုံး တုန်ရီသွားပြီး သူမခန္ဓာကိုယ်ထဲ သွေးတွေအကုန်လုံးဖောက်ထုတ်ခံရသကဲ့သို့ ချက်ခြင်း ဖြူဆုပ်လာသည်။
ဟန်ရုံလု ပို၍ပင် ဂုဏ်ယူသွားပြီး သူ့ချွေးမကို လျှိုရှုယွမ် ပြေးမရအောင် ကြိုးနဲ့ချည်ခိုင်းလိုက်၏။
"လျှိုရှုယွမ် နင်နဲ့ဖောက်ပြားတဲ့သူကို တတ်နိုင်သမျှမြန်မြန် ဝန်ခံဖို့ ငါပြောချင်တယ်...မဟုတ်ရင်နင်ပိုအပြစ်ပေးခံရမယ်... မိန်းမပျက်တွေနဲ့ လူရမ်းကားတွေကို အတူတူဖမ်းပြီး အပြစ်ပေးကြစို့..." ဟု သူက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
"နင်...နင်...ငါ့ကို လွှတ်ပေး " လျှိုရှုယွမ် ရုန်းကန်ခဲ့သော်လည်း သူမက ကျောက်ကွေ့ရှန်း၏ ၏ပြိုင်ဘက်မဟုတ်သဖြင့် တင်းတင်းကျပ်ကျပ် ချည်နှောင်ခံထားရ၏။
တုန်ဟွိုင်ဟွက လင်းလန်၏လက်ကိုဆွဲကာ ပြေးဝင်လိုက်ပြီး အော်လိုက်သည်။
"ဦးလေး ဘာလုပ်နေတာလဲ"
သူမက ဟန်ချင်ဖုန့် ကို တွန်းထုတ်ကာ လျှိုရှုယွမ်၏ကြိုးကိုဆွဲ၍ ဒေါသတကြီးပြောလိုက်သည်။
"ဖြည်စမ်း...ဖြည်စမ်း... "
လင်းလန်က တုန်ဟွိုင်ဟွ နောက်ကနေ လိုက်သွားပြီ ကြိုးကို ဖြည်ရန် ရှေ့တက်သွား၏။
ကျောက်ကွေ့ရှန်းက လင်းလန်၏ ရင်ဘတ်ကို တွန်းလိုက်ပြီး လင်းလန်ကို ယိမ်းထိုးသွားစေ သည်။ သူမ အသံမာမာဖြင့် အော်လေ၏။
"ဘာလုပ်နေတာလဲ... နင်တို့က မိန်းမပျက်နဲ့ဘာလုပ်နေတာလဲ"
ကျောက်ကွေ့ရှန်းက ပုတုတ်တုတ်နှင့် အသားမည်းမည်း ကြမ်းကြမ်းတမ်းတမ်း မိန်းကလေးဖြစ်၏။ဤအငတ်ဘေးခေတ်အတွင်မှာ ယခုလိုဖြစ်ရန်က မလွယ်ကူပေ။
လင်းလန်က တုန်ဟွိုင်ဟွ၏ နောက်မှာပဲနေပြီး ဘာမှ မလုပ်ခဲ့ပေ။တုန်ဟွိုင်ဟွကို တွန်းမည့်အစား ကျောက်ကွေ့ရှန်းက သူမကို တွန်းထုတ်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူမဘေးမှာရပ်နေသည့် ဟန်ချင်ဖုန့်က သူမကို လက်တစ်ဖက်ကမ်းကူကာဆိုလာသည်။
"သတိထား"
လင်းလန်က သူ့ကို ခါချလိုက်၏။ သူမက ကျောက်ကွေ့ရှန်းထက် အရပ်မြင့်ပြီး အကြင်နာမဲ့စွာ ပြန်လှည့်လိုက်ကာ ပြောလိုက်သည်။
"နင်က ဘယ်သူလဲ... ငါ့ကို ဘာလို့တွန်းထုတ်တာလဲ ...ဒီလောက် ညစ်ပတ်တဲ့ပါးစပ်ပေါက်နဲ့ ချီးစားပြီးကြီးလာတာလား"
(ကန်တော့ ကန်တော့... )
သူမကပြောရင်းဆိုရင်း ကျောက်ကွေ့ရှန်း၏ခေါင်းကို ပြင်းပြင်းထန်ထန် တွန်းလိုက်ပြီး ကျောက်ကွေ့ရှန်းကို ထိုင်လျက်သားကျသွားစေ၏။
ကျောက်ကွေ့ရှန်း လင်းလန်က သူမကို ပြန်တွန်းလှန်ရဲလိမ့်မည် မမျှော်လင့်ထားခဲ့ပေ။ပြောရမည်ဆိုလျင် ထုတ်လုပ်ရေးအဖွဲ့က ဘယ်သူကမှလည်း သူမနှင့် လာမရှုပ်ဝံ့ပေ။
သူမက လင်းလန်ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး တမင်တကာ လင်းလန်၏ ရင်ဘတ်ကို တွန်းလိုက်ခြင်း ဖြစ်သည်။ နေ့တိုင်း သူမ၏ ပြည့်မောက်သော ရင်သားတွေကို မြင်နေရသည်မှာ အဆင်မပြေလှပေ။
ထိုပြင် လင်းလန်က သူမ ညီမ ကျောက်ကွေ့လျန်နှင့်လဲ မတည့်ပေ။
လင်းလန်က ပြန်လည်တိုက်ခိုက်သည်ကိုမြင်သောအခါ သူမက ခုန်ထပြီး လင်းလန်ကို လက်မည်းကြီးဖြင့် ပါးရိုက်ကာ ဆိုလိုက်သည်။
"ခွေးမ...နင့်ကို မိန်းမပျက်လို ဝေဖန်ရမယ်ထင်တယ်"
ဟန်ရုံလုနှင့်ဟန်ချင်ဖုန့်တို့ လန့်ဖျပ်သွားပြီး သူမကို အမြန်တားလိုက်သည်။
"လူတွေကို မရိုက်နဲ့လေ..."
"ဖြန်း"ခနဲအသံတစ်ခု ခပ်ပြတ်ပြတ် ထွက်ပေါ်လာပြီး အသံကပြင်းထန်ပြီး ပြတ်သားထင်ရှား၏။
...
ကျောက်ကွေ့ရှန်း၏ မျက်နှာကြီး တစ်ဖက်သို့ လည်ထွက်သွားသည်။
လင်းလန်က ဟန်ရုံလု၏နောက်မှာ အမြန်ပုန်းနေပြီး ဆိုလိုက်၏။
"ဦးလေး... သူကျွန်မကိုထိဝံ့ရင် ကျွန်မယောက်ျားက ဦးလေးရဲ့မိသားစုတစ်ခုလုံးကို ချေမွပစ်လိမ့်မယ်...မယုံရင် စောင့်ကြည့်..."
ဟန်ရုံလု ၊ဟန်ချင်ဖုန့်: "... "
ကျောက်ကွေ့ရှန်းက လင်းလန်၏နောက်ကို ပြေးလိုက်ကာ ပြောလေသည်။
"အနံဆိုးကောင်းတဲ့မိန်းမ... မပြေးနဲ့ အဲဒီမှာ ရပ်နေ"
လင်းလန်က သူမကို တံတွေးနှင့်ထွေးကာ ပြောလိုက်၏။
" နင်က ငတုံးပဲ...ငါကမပြေးဘဲ နင်ငါ့ကို လာရိုက်မှာကို စောင့်နေရမှာလား...ပြီးတော့ နင်က နင်တို့ဒုတိယအဖွဲ့က မွေးမြူရေး တိရစ္ဆာန်တွေထက်တောင် ပိုအနံ့ဆိုးပြီး ရုပ်ဆိုးမှန်း သိသာတယ်... ဒါကြောင့် ငါ့ကို ဒီလိုခေါ်ရတာ မရှက်ဘူးလား”
ကျောက်ကွေ့ရှန်းက သူမကို အရူးလို လိုက်ရိုက်နေသော်လည်း တခြားသူတွေက မကူညီရဲကြပေ။
လင်းလန်က သွယ်လျသောအသွင်အပြင်ရှိသည်။ သူမ၏ရင်ဘတ်က တခြားသူတွေထက် ပိုကြီးသော်လည်း ခါးသွယ်သွယ်နှင့် ခြေတံရှည်ပြ ခန္ဓာကိုယ် အချိုးအစားကောင်းမွန်သည်။ ထို့ပြင်သူမက စနေ၊တနဂ်နွေ နေ့များတွင် လှုပ်ရှားမှုများစွာပြုလုပ်သောကြောင့် အလွန်ပေါ့ပါးစွာပြေးနိုင်၏။ ကျောက်ကွေ့ရှန်းက ခန္ဓာကိုယ် တောင့်တင်းသော်လည်း အရပ်ပုပုနှင့် ခြေတံတိုသောကြောင့် လင်းလန်နှင့် လိုက်မမှီနိုင်ဘဲ ဟောဟဲလိုက်နေသည်။
ဟန်ရုံလု၏ မျက်နှာက သေလောက်အောင် ဒေါသထွက်နေသော်လည်း လင်းလန်ကို မထိဝံ့ပေ။ ထိုသို့လုပ်ရန်ကို မဆိုထားနှင့်၊ သူမကို ဆူပူကြိမ်းမောင်းဝံ့ခြင်းပင်မရှိချေ။
ဟန်ချင်စုန့်က ထိုနေ့တုန်းက ကျန်းဟေးလုကိုအပြတ်အသတ် အနိုင်ပိုင်းခဲ့ပြီး သေနတ်ဖြင့်ပင် ကစားခဲ့လေရာ သူ အဘယ်သို့ သတ္တိရှိနိုင်မည်နည်း။
ထို့ပြင် ဟန်ချင်စုန့်က လွန်ခဲ့သည့် ရက်အနည်းငယ်က ကပ္ပတိန်တစ်ဦးကိုလည်း
ဖမ်းဆီးခဲ့ပြီး ထိုသူက အပစ်သတ်ခံရတော့မည်ဟုလည်း သူကြား၏။
သူ့မိသားစုထဲက အမျိုးသမီးကလည်း ရှုပ်ရန်နေနေသာသာ ကြွက်စုတ်ပဲဖြစ်နေသည်။
"ချင်ဖုန့်... မင်းမိန်းမကို ဂရုစိုက်စမ်း"
သူက သူ့သားကို စိုက်ကြည့်လိုက်၏။
ဟန်ချင်ဖုန့်၏ မျက်လုံးများက လင်းလန်ကိုပဲ ဆက်ပြီး စူးစူးစိုက်စိုက်ကြည့်နေသည်။ သူနှင့် ဟန်ချင်စုန့်တို့က အသက်အရွယ် အတူတူပင် ဖြစ်၏။ သူတို့၏ နာမည်များကြောင့် ငယ်ငယ်ကတည်းက ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ဘဲ နှိုင်းယှဉ်ခံခဲ့ရသည်။ ထို့ကြောင့် သူဘာပဲလုပ်လုပ် ဟန်ချင်စုန့်ကို ကျော်တက်အောင် ကောင်းကောင်းကြိုးစားခဲ့၏။
Xxxxxx