အပိုင်း ၂၄၁-၂၄၂
Viewers 22k

Part 241


 နောက်ပိုင်းတွင် ဟန်ချင်စုန့် စစ်တပ်ထဲဝင်သောအခါ သူလည်း တပ်ထဲဝင်ခဲ့သည်။


 သို့သော် ဟန်ချင်စုန့်က သုံးနှစ်အကြာတွင် ရာထူးတိုးခံရသော်လည်း သူက တပ်ထဲကထွက်ခဲ့ရပြီး ပြည်သူ့စစ်ဖြစ်လာရန် အိမ်ပြန်ခဲ့ရ၏။


ထို့အပြင် ဟန်ချင်စုန့်က  သူ့မိန်းမထက်လှသော မိန်းမတစ်ဦးနှင့် လက်ထပ်ခဲ့သည်။


 လင်းလန်က ရန်လိုတတ်ပြီး တစ်နေ့တာလုံး အရာရာကို(ပြသနာရှာ) လုပ်နိုင်စွမ်းရှိသော်လည်း  သူ့က အတော်လေး သာလွန်သည်ဟု ခံစားရဆဲဖြစ်သည်။ 


မူလက တွေးမိခဲ့သည်မှာ ဟန်ချင်စုန့်က သူ့ထက်တော်ပြီး သူ့မိန်းမက လှပ သော်လည်း သူမက ကျန်းမာရေးမကောင်းသော အမျိုးသမီးဖြစ်၏။


နောက်ပိုင်းမှာ ဟန်ချင်စုန့်က  အလုပ်ပြောင်းသည့်အခါ ထိုထက်ဘာမှမပိုဟု သူထင်ခဲ့သည်။ရလဒ်အနေဖြင့် ဟန်ချင်စုန့်က   အလုပ်ပြောင်းပြီး ညွှန်မှူးဖြစ်လာ၏။ ထိုမျှတင်မကသေးဘဲ သူ့မိန်းမကလည်း ပိုကောင်းလာခဲ့သည်။


 ယခုအခါ သူမက နှုတ်ရေးကောင်းပြီး လှလှပပနှင့် ချစ်ချင်စဖွယ်ဖြစ်ကာ  မြို့သူတစ်ဦးကဲ့သို့ ပင်။


သူ့နှလုံးသားထဲမှာ ချဥ်တူးနေပြီး အားလည်းအားကျသလို မနာလိုလည်းဖြစ်နေကာ သူမှာ  ဒီလိုမိန်းမရှိရင်ဟု မတွေးဘဲ မနေနိုင်ပေ။ 


 အထူးသဖြင့် သူတို့ နှစ်ယောက် တူညီသည့်ဘောင်တစ်ခုထဲမှာပင်ရှိမနေပေ။  ပုတိုတို ၊အသားမည်းမည်းနှင့် သန်မာသော တုတ်ကြမ်းကြမ်း  အမျိုးသမီးက မကြည့်နိုင်လောက်အောင်ပင်။ ယှဥ်ကြည့်ပါက အတော်လေး  ကြေကွဲဖွယ်ဟု ဆိုနိုင်သည်။


သူနှင့် ဟန်ချင်စုန့်တို့သည် ငယ်စဉ်ကတည်းက မမြင်နိုင်သော ပြိုင်ပွဲများ ယှဥ်ပြိုင်ခဲ့ပြီး သူက ပွဲတိုင်းကို ရှုံးနိမ့်ခဲ့၏။


သာမညောင်သာမညမဖြစ်လိုသော ရည်မှန်းချက်ကြီးသူအတွက် ယခုလိုရလဒ်က အမြဲတမ်း ကျေနပ်စရာမရှိပါချေ။


 ဟန်ချင်ဖုန့်က ကျောက်ကွေ့ရှန်းကို  တားလိုက်ပြီး "အလုပ်ကို နှောင့်နှေးအောင်မလုပ်နဲ့"


သူတို့က  လျှိုရှုယွမ်ကို ဖမ်းချင်ပေမဲ့ တုန်ဟွိုင်ဟွက အားနှင့်မာန်နှင့် ပြောလာသည်။


 "ရှင်တို့ လူတွေကို လက်လွတ်စပယ်ဖမ်းဝံ့ရင် ဌာနခွဲအတွင်းရေးမှူးက ရှင်တို့ကို ခွင့်လွှတ်မှာမဟုတ်ဘူး"


ဟန်ရုံလု  မူလက ဟန်ရုံဖန်နှင့်လျှိုကွေ့ဖာတို့အိမ်မှာမရှိချိန်မှာ အခွင့်ကောင်းယူပြီး ဖမ်းဆီးချင်ခဲ့၏။ တုန်ဟွိုင်ဟွနှင့်လင်းလန် ရောက်လာမည်ဟု မမျှော်လင့်ထားသဖြင့် အမှားမကျူးလွန်ဝံ့ကြပေ။


တုန်ဟွိုင်ဟွကို မကြောက်သော်လည်း ဟန်ချင်စုန့်ကို ကြောက်ရလေသည်။


 "သူက မိန်းမပျက်... ဗိုက်ကြီးနေတာ... ငြင်းချင်သေးလား...လက်ထပ်ခင်မှာ ကိုယ်ဝန်ရှိနေရင် မိန်းမပျက်ပဲ... ဖမ်းပြီး ငါးစာကျွေးမယ်" 


ကျောက်ကွေ့ရှန်း  လင်းလန်ကို မရိုက်နိုင်၍ ဒေါသထွက်အလွန်ထွက်နေ၏။

လင်းလန်က အဝေးမှာ ရပ်လိုက်သည်... သူမ၏တံတွေးကနေ ပိုးမွှားတွေ စင်သွားမှာ ကြောက်၏။


"ငါပြောမယ်...နင်ဘာလို့ ဒီလောက်ယုတ်ပတ်ရတာလဲ...တခြားသူတွေရဲ့အိမ်ထဲကို အပြေးအလွှားဝင်ပြီး ကိုယ်ဝန်ရှိနေပါတယ်လို့ စွပ်စွဲနေတယ် ...နင် နေမကောင်းဘူးလား" 


လင်းလန်က လက်မခံရန် ငြင်းဆန်ကာ ဗရုတ်ကျလိုက်သည်။


"သူ့မှာ ကိုယ်ဝန်ရှိတယ် လူတစ်ယောက်က သတင်းပေးခဲ့တာ... သူက စစ်ဆေးဖို့ ခရိုင်ဆေးရုံကို သွားခဲ့တယ်... စစ်ဆေးမှု အစီရင်ခံစာလည်း ရှိတယ်" 


ကျောက်ကွေ့ရှန်းက  လူသက်သေရှိနေပြီဟု အခိုင်အမာဆိုကာ ယုံကြည်မှုရှိရှ် ပြောဆိုခဲ့၏။


 လင်းလန်က လှောင်လိုက်သည်။ 


“လေ တွေကို ရှူဖို့သုံးတဲ့ နင့်လည်ပင်းပေါ်မှာ ဆီးအိုးများတင်ထားသလား... အချည်းနှီး စကားတွေက အသုံးမဝင်ဘူး...စစ်ဆေးမှု အစီရင်ခံစာကို သိဖို့ ခရိုင်ဆေးရုံကို သွားပြီး နင့်အတွက် သက်သေပြဖို့ ဆရာဝန်ကို ရှာ...ပါးစပ်နဲ့စွပ်စွဲရုံနဲ့မရဘူးနော်... အားလုံးက သာမန်ပဲလို့ နင်ထင်နေတာလား"


ကျောက်ကွေ့ရှန်း လင်းလန်ကို ထပ်မံရိုက်လိုသော်လည်း ဟန်ချင်ဖုန့်က  သူမကို တားခဲ့သည်။


ဟန်ချင်ဖုန့်က ပြော၏။

 "ငါတို့ သူ့ကို တကယ် မှားယွင်းစွပ်စွဲတာ မဟုတ်ဘူး... သူက ယောက်မရဲ့စာအုပ်ကို ခရိုင်ဆေးရုံကို ယူသွားတယ်လို့ပြောတယ် "


ကျောက်ကွေ့ရှန်းက ချက်ချင်း ထခုန်ပြီးအော်ဟစ်လိုက်သည်။


 "ဒါဆို ဘယ်လိုလဲ... နင်က သူ့ယောက်မကို ပြန်လာစေ  ချင်တာလား...ဟုတ်တယ်... သူ့ခယ်မက ကိုယ်ဝန်မရှိဘူးဆိုတော့...သူဆိုတဲ့ အဓိပ္ပါယ်ပဲလေ..."


လျှိုရှုယွမ်၏ဒုတိယယောက်မက မနှစ်ကမှ ကလေးမွေးခဲ့ခြင်းဖြစ်ပြီး ကိုယ်ဝန်မရှိသည်က သေချာ၏။ သူမ၏အကြီးဆုံးယောက်မကလည်း  ကိုယ်ဝန်မဆောင်သည်က သုံးနှစ်ရှိပြီ မဟုတ်ပါလော ။


လင်းလန်က ငေါ့တော့တော့ဖြင့်ဆိုလိုက်သည်။

 " တကယ်ကို ဆီးအိုးပဲ...ဦးနှောက်မရှိဘူး... ရှုယွမ်ယောက်မက ကိုယ်ဝန်မရှိဘူးဆိုတာကို နင်ဘယ်လိုသိလဲ"


 

" စစ်ဆေးပြီးတာနဲ့ ကလေးရှိမရှိသိမှာပေါ့..."


ဟန်ရုံလုက  အလွန်ကိုမောက်မာနေ၏။ လျှိုရှုယွမ်က ကိုယ်ဝန်ရှိကိုရှိရမည်၊ ယင်းက မမှားနိုင်ပေ။ လင်းလန်က ကတ်ဖဲ့ပြီးပြောနေလျှင်ပင် အသုံးမဝင်ချေ။


တုန်ဟွိုင်ဟွက ပြောလာသည်။


 " ပြဿနာဆက်ရှာစရာ မလိုဘူး...ဌာနခွဲအတွင်းရေးမှူး လာတဲ့အခါမှ ပြောကြရအောင်" 


 သူမ ဝင်လာတုန်းက လျှိုရှုယွမ်၏ မိသားစုက ကလေးတွေကို ဌာနခွဲအတွင်းရေးမှူးကို ရှာဖွေရန် စေလွှတ်ထားပြီးသားဖြစ်ကာ မကြာခင် ရောက်လာမည်ဟု ယုံကြည်၏။


 

တုန်ဟွိုင်ဟွ  အဘိုးကြီးဟန်ရုံလုကို တကယ် မုန်းတီးသည်။  ဘာလို့ ဒီလောက်တောင် မသိနားမလည်ရတာလဲ... သိရင်တောင် အတတ်နိုင်ဆုံး ဖုံးကွယ်ထားမဲ့ဟာကို...


ထုတ်ပြောလိုက်တော့ ဘာကောင်းမှာမလို့လဲ...


မိသားစုနှစ်စုမှာ နက်ရှိုင်းသည့်   အမုန်းတရားတွေရှိနေခြင်း မဟုတ်ပဲ ဒီလိုဖြစ်စရာလိုလို့လား...

ဘယ်လောက်ရှက်စရာကောင်းလိုင်သလဲလို့...


မကြာခင်မှာပဲ ဟန်ရုံဖန်နှင့်အုပ်ချုပ်ရေးမှူးတို့ ပြေးလာကြ၏။


ဟန်ရုံဖန်က အော်လိုက်သည်။


 "မင်းဘာလုပ်နေတာလဲ...လုံခြုံရေးညွှန်မှူးရဲ့အိမ်မှာ လူတွေကိုဖမ်းဖို့ အာဏာက ဘယ်ကနေရောက်လာတာလဲ"


ဟန်ရုံလုအနေဖြင့် သေချာသည်ဆိုလျှင်ပင် ဟန်ရုံဖန်ကို  စိန်မခေါ်ရဲပေ။ သူကအမြန်ပြုံးကာ ပြောလိုက်၏။


"စိတ်ချရတဲ့သတင်းပါ...လျှိုရှုယွမ်က လော်လီဖောက်ပြားပြီး ဗိုက်ကြီးနေပါပြီ"


 ဟန်ရုံဖန်၏ မျက်ခုံးမွှေးဖြူဖြူတွေက တွန့်ချိုးနေအောင် မျက်မှောင်ကြုတ်သွားပြီး မျက်ခုံးတွေက စီချွမ်စာလုံးတွေလို တွန့်လိမ်သွားကာ လျှိုရှုယွမ်နှင့်ဟန်ရုံလုကို  ကြည့်လိုက်သည်။ 


"ငါပြောမယ်ရုံလု...မင်အမုန်းဖက်နေစရာမလိုဘူးနော်"


ဟန်ရုံလုက သူ့ရင်ဘက်ကို ပုတ်လိုက်ကာ

"မဟုတ်ဘူး... အထောက်အထားတွေ ရှိတယ်”


ဟန်ရုံဖန် : "အထောက်အထားက ဘယ်မှာလဲ

... ဒီလိုကိစ္စမျိူးကို ဖမ်းဆီးပြီး ယောကျာ်းလေးဖြစ်သူကိုအတူတူဖမ်းဖို့လိုတယ်"


ကျောက်ကွေ့ရှန်း   စိတ်ကြီးဝင်စွာ ပြောလေသည်။  -

"ဘာပဲဖြစ်ဖြစ် သူ့မှာ ကိုယ်ဝန်ရှိပြီး ဗိုက်ကြီးနေပြီ... နှစ်လလောက်ကြာရင် ဖုံးလို့မရတော့ဘူး..

 သူဘယ်လိုငြင်းမလဲဆိုတာ ကြည့်ရအောင်" 


 သူမက လင်းလန်ကို ရက်စက်သော အကြည့်တစ်လျက် ပေးလိုက်၏။


  လင်းလန် ဒေါသထွက်လာပြီးပြောလိုက်သည်။


 "တနေကုန် တခြားလူတွေရဲ့ ဗိုက်ကို ဘာလို့ စိုက်ကြည့်နေတာလဲ...နင်ဗိုက်ကြီးလာမှ ဒီအကြောင်းကို ပြောကြည့်ရအောင်"


 ဤတစ်ကြိမ်၌  သူမ ကျောက်ကွေ့ရှန်း၏အနာပေါ်  တည့်တည့်တက်နင်းမိလိုက်ပေပြီ။ အကြောင်းမှာ ကျောက်ကွေ့ရှန်းက အိမ်ထောင်ကျသည့်နှစ်တွေအတွင်းမှာ ကလေးမမွေးရသေးသောကြောင့်ပင်။


သူမ စူးစူးဝါးဝါးအော်ဟစ်ပြီး လင်းလန်ကို ရိုက်တော့မည်ပြု၏။


အုပ်ချုပ်ရေးမှူးက မြင်းကျာပွတ်ကို လက်ထဲတွင် ကိုင်ထားရင်  "ဗြန်း"ခနဲရိုက်လိုက်သည်။


 "ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းစမ်း"


၎င်းက ကျောက်ကွေ့ရှန်းနှင့်လွဲသွားသော်လည်း ထိုဟာက သူ ဒေါသဖြစ်နေကြောင်း ပြတ်ပြတ်သားသားသား သတိပေးခြင်းဖြစ်၏။


Xxxxxx

Part 242


ကျောက်ကွေ့ရှန်း ဟန်ချင်ဖုန့် အနားတွင် ဝမ်းနည်းစွာ ရပ်နေရုံမှတပါး ရွေးချယ်စရာမရှိပေ။


 ဟန်ချင်ဖုန့်က လင်းလန်ကို စိုက်ကြည့်လိုက်သည်။


 လင်းလန်က ချက်ချင်းပြန်ကြည့်လိုက်၏။

နင် ဘာကြည့်နေတာလဲ...

 "နင်က ကိုယ့်ကိုကိုယ်ကျ  ယောက်ျားအရင့်အမာတစ်ယောက်လို့ပြောတယ်...ယောကျာ်းတွေရဲ့ ကြီးကြီးမားမားကိစ္စကိုကျ ဘာတစ်ခုမှ မလုပ်ချင်ဘူး ... မိန်းမတွေကိုပဲ တစ်နေ့လုံး စိုက်ကြည့်နေတယ်... ​​ဒါက နင်တို့မိသားစုရဲ့ ပုံစံလား"


 ဟန်ချင်ဖုန့် ရုတ်ချည်း မျက်နှာဖြတ်ရိုက်ခံလိုက်ရပြီး နီမြန်းသွားသည်။


ဟန်ချင်စုန့်၏မိန်းမဆီကနေ  အရှက်ခွဲခံရခြင်းသည် အရှက်ရခြင်းကို နှစ်ဆတိုးစေ၏။


ဟန်ရုံဖန်က  သူ့လက်ကို နောက်ကျောမှာပစ်ပြီး မည်းမှောင်သည်မျက်နှာဖြင့် ဆိုလေသည်။


 "မင်းမှာ လူတွေကို လက်ငင်း ဖမ်းဖို့ သက်သေမရှိဘူး... အဲဒါက အဓိပ္ပာယ်မရှိဘူး... ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက် နောက်ထပ် ဒုက္ခမပေးနဲ့..."


 ဟန်ရုံလုက  လက်လျော့ရန်ငြင်းဆန်သည်။ ရမ်းကားမှုကို ဖမ်းမိသော်လည်း ရမ်းကားမှု ကျူးလွန်ခြင်း ရှိမရှိ သူ ဂရုမစိုက်ပေ။ သူဖမ်းမိသော အရာမှာ လော်လီဖောက်ပြားခဲ့သော လျှိုကွေ့ဖာ၏ သမီးဖြစ်သည်။  အိမ်ထောင်မပြုမီ ကိုယ်ဝန်ရခြင်းသည် သူ့တွင် ဖောက်ပြားသူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူမ၏ ပြစ်မှုကို သက်သေပြရန် လုံလောက်၏။


 သူက မာန်ဝင့်စွာပြောလိုက်သည်။


 "အတွင်းရေးမှူး...ဒီလိုလူမျိုးကို ငါတို့တပ်မဟာမှာ နေခွင့်ပေးလိုက်တာက ရှန်ရွေ့ရွာရဲ့ ဂုဏ်သိက္ခာကို ဖျက်စီးပစ်လိုက်တာပဲ...အဖွဲ့ဝင်တွေအကုန်လုံး အရယ်ခံရပြီး  နာမည်ဆိုးရသွားလိမ့်မယ်"


ဟန်ရုံဖန်၏ မျက်နှာက ပိုမည်းမှောင် လာပြီး၊ သူနှင့် လုံးဝ စကားမပြောချင်တော့ပဲ လှည့်ကာ ထွက်သွား၏။


ဟန်ရုံလုက ကျယ်လောင်စွာ အော်ပြောလိုက်သည်။


   "ချန်ဇီချင်းက သတင်းပို့တာ... သူ့မှာ အထောက်အထားရှိတယ်... အဲဒီနေ့ ခရိုင်ကိုသွားတဲ့အခါ လျှိုရှုယွမ် ခရိုင်ဆေးရုံကို သွားစစ်တာနဲ့တိုးခဲ့တာ... "

(ခွေးမျိူး)


ဘာ...


တုန်ဟွိုင်ဟွ   မိုးကြိုးပစ်ခံရသလိုမျိုးဖြစ်သွား၏။ ဒီလူယုတ်မာကတော့...သူ့ကိုဖမ်းပြီး အရှင်လတ်လတ် လှီးပစ်ရမှာ...


လင်းလန် ဤငါးဆားနူကောင်က သူ့အသိဥာဏ်ကို ရေမျှောပစ်လိုက်မည်ဟု  မမျှော်လင့်ထားခဲ့ပေ။


လျှိုရှုယွမ်နှင့် ပေါင်းသင်းပြီး  သူမ၏ ကြင်နာမှုနှင့် ချစ်ခြင်းမေတ္တာကို အသုံးချကာ သူ့ကိုလျှို့ဝှက်ထားခိုင်းခဲ့ပြီး  ကိုယ်ဝန်ဟူသောအသီးခါးကို သူမဘာသူမ သယ်ဆောင်ခိုင်းခဲ့သည် ။သူက ဝန်မခံရုံသာမက သူမကို တိုင်ကြားရန်လည်း အခွင့်အရေးယူခဲ့၏။


အကြီးကြီးတော့ခက်ပြီ...


 တတ်နိုင်သမျှ မြန်မြန်လည်း ထွက်ပြေးသေးသည်။ ထွက်မပြေးခင်မှာ လျှိုရှုယွမ်ကိုလည်း ဖော်ကောင်လုပ်ခဲ့သေး၏။  ဒါက ဘယ်လိုငါးဆားနူကောင်မျိုးလဲ...


လင်းလန်က သူမ အနှီကမ္ဘာကြီးကို နက်နက်ရှိုင်းရှိုင်း သံသယဝင်မိသလို ခံစားရသည်။


ဟန်ရုံဖန် ခဏလောက် အေးခဲသွား၏။ သူ ဤပြဿနာကိုလည်းမမျှော်လင့်ထားခဲ့ပေ။ သူက အုပ်ချုပ်ရေးမှူးဘက်ကို လှည့်ပြီး 

"ချန်ဇီချင်းလား..."


အုပ်ချုပ်ရေးမှူးက မျက်မှောင်ကြုတ်ကာ 

"မနေ့ညက ေကြးနန်းစာတစ်စောင် လာဖွင့်တယ်... သူ့အဖေက အသည်းအသန် နေမကောင်းဖြစ်နေတယ်ဆိုပြီ မြို့ကိုပြန်ဖို ခွင့်တိုင်သွားတယ်"


 ဟန်ရုံလုက ဂုဏ်ယူစွာ ပြောလိုက်သည်။


" သူက ငါ့ကို ပိုက်ဆံချေးခိုင်းပြီး သူ့ဘက်ကနေ  သတင်းပေး အစပျိုးခဲ့တာပဲ..."


တုန်ဟွိုင်ဟွက  ချက်ချင်း ဟောက်လိုက်၏။


"ချန်ဇီချင်းက မရှိတော့ဘူး...အဲ့ဒါကြောင့် သက်သေအဖြစ် ပေါ့ပေါ့တန်တန် ပြောနိုင်တာပေါ့... ရယ်စရာကောင်းလိုက်တာ... လူတွေကို အန္တရာယ်ပြုဖို့  ပိုက်ဆံသုံးပြီး သတင်းမှားလည်းဝယ်ခဲ့သေးတယ်..."


သူမ ဒေါသထွက်လွန်း၍ တဆတ်ဆတ်တုန်နေသည်။


သူမဘေးနားက လျှိုရှုယွမ်က  သည်းမခံနိုင်တော့ဘဲ ခေါင်းခါးရင်း သူမမျက်နှာက စက္ကူကဲ့သို့ဖြူဖွေးလာကာ တခဏတွင်းချင်း မူးလဲသွား၏။


 လင်းလန်က သူမကို အာရုံစိုက်နေသည်ဖြစ်ရာ လျှိုရှုယွမ် လဲကျသွားသည်ကို မြင်သောအခါ ချက်ချင်းပင် သူမကို အမြန်ပြေး တွဲလိုက်သောကြောင့်  မြေကြီးပေါ် တိုက်ရိုက်လဲမကျပေ။


လျှိုရှုယွမ်က   မူးလဲသွားပြီး ယင်းက သူမ၏ ပြစ်မှုကို သက်သေပြနေပုံပေါ်သဖြင့်  ဟန်ရုံလုနှင့် ကျောက်ကွေ့ရှန်းတို့ ပို၍ပင် စိတ်လှုပ်ရှားလာကြ သည်။


 "ကြည့်... သူ လန့်ပြီး မူးလဲသွားတာ"


 ဟန်ရုံဖန်   တစ်ခုခုမှားနေသည်ကို တန်းခံစားမိလိုက်၏။


 "ချန်ဇီချင်းရဲ့ ကြေးနန်းက ဘာလို့ ဒီလောက် တိုက်ဆိုင်တာလဲ" 


လင်းလန်လည်း ပူပေါင်းကြံစည်ထားသလားဟူသော အတွေးများရှိလာသည်။ ဒီငါးဆားနူကောင် ထွက်လမ်းကို အရင်ကတည်းကစဥ်းစားထားပြီး အိမ်ကို ကြေးနန်းရိုက်ပြီး သူ့အတွက် ကူဟန်ဆောင်ပေးခိုင်းတာလား...

 

သူမက ခေါင်းညိတ်ပြီးပြောလိုက်၏။


 "ဒါက တကယ်ကို တိုက်ဆိုင်လွန်းတယ်...  ရည်ရွယ်ချက်ရှိရှိလုပ်တယ်လို့ကိုထင်ရတယ်... သူသတင်းပို့တယ်ဆိုရင် ဘာကြောင့် သက်သေပြဖို့မနေတာလဲ...ဘာလို့ တစ်ယောက်​ယောက်က  သူ့မှာမရှိချိန်ကျမှ သက်သေခံပြခိုင်းတာလဲ

...အတုအယောင်ဆန်လွန်းတယ်"


ကျောက်ကွေ့ရှန်း  : "နင်က ဘယ်သူကို အတုလို့ ပြောနေတာလဲ...နင်ကမှ အတု...နင်ကမှ တနေကုန်အတု"   


လင်းလန်: .." စိတ်ထဲမှာ ကျင်ငယ်တွေ ပြည့်နေတဲ့ ဆီးအိုးတွေနဲ့ ငါ စကားမပြောဘူး"     


"နင်...နင်ရဲ့ နံနေတဲ့ ပါးစပ်ကို ဖြဲပစ်ရမယ်" 


ကျောက်ကွေ့ရှန်း   လုံးဝကို ရူးသွပ်သွားပြီး "အတွင်းရေးမှူး...ဦးလေးက  သူ့ကို ကာထားတုန်းပဲ...သူက ဒီနေ့ အကြိမ်ပေါင်းများစွာ ကျုပ်ကို ကျိန်ဆဲထားတာ... သူက ကျုပ်ခေါင်းကို ဆီးအိုးလို့ ခေါ်တယ်...ကျုပ် သူနဲ့ တိုက်မယ်..."     


အုပ်ချုပ်ရေးမှူး မရယ်ဘဲ မနေနိုင်တော့ပေ။ တသိမ့်သိမ့်တုန်အောင်ရယ်ရလွန်း​၍ လက်ထဲမှာ ကျာပွတ်ကို ကိုင်မထားနိုင်လောက်အောင်ပင်။ အထူးသဖြင့် ခြံထဲမှာ နှိုင်းယှဥ်စရာ  ဆီးအိုးအနက်ရောင်တစ်လုံးရှိလေရာ  တကယ်ကို တူ၏။

ဟားဟားဟား...


ဟန်ရုံဖန် : "....တော်စမ်း...ကောင်မလေးကို မြန်မြန်ကူညီလိုက်"  


ကျောက်ကွေ့ရှန်းက ခိုင်ခိုင်မာမာ ပံ့ပိုးမှု မရသည့်အတွက် မုန်းတီးမှုတွေကို ဖြေဖျောက်ရန် လော်လီသည့်ကိစ္စကိုပဲ အသုံးပြုခဲ့ရသည်။


 "သူက ကိုယ်ဝန်ရှိနေတာ ... နှစ်လအတွင်း ဖုံးကွယ်ထားနိုင်တော့မှာမဟုတ်ဘူး... ဗိုက်က စကားပြောလိမ့်မယ်...ကျုပ်သူ့ကို နေ့တိုင်း စောင့်ကြည့်နေရမယ်...ကိုယ်ဝန်ဖျက်ချဖို့ ဆေးရုံကို မသွားအောင်လို့လေ... ဟမ့်...ကျုပ်ကို လာအရူးလုပ်ချင်နေ....."


"တယ်... ငါရိုက်မိတော့မယ်...တဗျစ်ဗျစ်ပြောနေတယ်"


ဟန်ရုံဖန်က ဒေါသတကြီးပြောလိုက်၏။


 "မြန်မြန်  နင် လုံခြုံရေးညွှန်မှူးရဲ့ အိမ်ကို ခွင့်ပြုချက်မရှိဘဲ ဖောက်ထွင်းဝင်ရောက်ခဲ့တဲ့အကြောင်းသိပါရစေဦး ... မျက်နှာမသာမပေးလို့ ဆိုပြီး  ငါ့ကို အပြစ်မတင်နဲ့" 


သူက လက်ကို နောက်ပစ်ကာထွက်သွားသည်။


 အုပ်ချုပ်ရေးမှူးက သူ၏ကျာပွတ်ကို ထပ်မံ၍ ဖြန်းခနဲရိုက်လိုက်ကာ ပြော၏။


 “ သွားကြရအောင်...သူများအိမ်မှာ မရပ်မနားအနှောက်အယှက်ပေးမနေနဲ့... အရည်အချင်းရှိရင် သူများအဖေက အိမ်မှာရှိတဲ့အချိန်လာလေ... အိမ်မှာ ဘယ်သူမှမရှိတဲ့အခါ အခွင့်ကောင်းယူတာက  တော်တော်လေးစက်ဆုပ်စရာကောင်းတယ်"


    

...


 လင်းလန်နှင့် တုန်ဟွိုင်ဟွက လျှိုရှုယွမ်ကို အနွေးကုတက် ပေါ်သို့ သယ်သွားပြီး နောက်တစ်ကြိမ်  လှုပ်နှိုးလိုက်ရာ နောက်ဆုံးတွင် သူမသတိရလာသည်။


Xxxxxx