အပိုင်း ၂၄၃-၂၄၄
Viewers 23k

Part 243


 လျှိုရှုယွမ်၏ မျက်နှာက သနားစရာကောင်းလောက်အောင် ဖြူဖျော့နေပြီး သူမ၏ မျက်လုံးများက ဟာလာဟင်းလင်းဖြစ်နေကယ

သူမ၏ ဝိညာဉ် စုပ်ထုတ်ခံလိုက်ရသလိုမျိုး ဖြစ်နေ၏။


ဤကဲ့သိုသော  ထိုးနှက်ချက်က လူတွေကို စိတ်ပျက်အားငယ်သွားစေရန် လုံလောက်မှန်း လင်းလန်သိသည်။


    အထူးသဖြင့် လျှိုရှုယွမ်ကဲ့သို့ ဖြူစင်သော၊ မသိနားမလည်သော၊ ကြင်နာတတ်ပြီး ပျော့ညံ့သောမိန်းကလေးများဖြစ်ကြ၏။ သူတို့က အချစ်အတွက် သန်မာနေကြစဥ်တွင် လူယုတ်မာကို ကာကွယ်ရန် သူတို့ကိုယ့်သူတို့အနစ်နာခံသည်ဟု ထင်မြင်ကြပြီး အခြားတစ်ဖက်တွင်မူ  လူယုတ်မာများက သူတို့ကို အသုံးချကာ သစ္စာဖောက်ကြပြီး  ပြင်းထန်သော ထိုးနှက်ချက်ကိုပေးကြသည်။


သူမ လုံးဝတောင့်မခံနိုင်တော့ပေ။


 လျှိုရှုယွမ်၏ဗလာကျင်းနေသောမျက်လုံးများမှ မသိစိတ်ဖြင့် မျက်ရည်များကျလာသည်ကိုမြင်သောအခါ သူမကပြောလိုက်၏။


 "ဒီလိုလူမျိုးက အပစ်သတ်ခံရဖို့ ထိုက်တန်တယ်...သူ့ကိုဖမ်းမိရင် နင့်ကို ပစ်သတ်ဖို့ လွှတ်လိုက်ရမယ်"


"နင် သူ့ကို ကာကွယ်ချင်နေသေးတာလား... သူက ဒီလိုဖြစ်နေပြီကို..."


 လျူရှုယွမ်က သူမ၏ ဝိညာဉ်ဆုံးရှုံးသွားသလိုမျိုး လုံးဝတုံ့ပြန်ခြင်းမရှိပေ။


တုန်ဟွိုင်ဟွက ဒေါသတကြီးဖြင့် ဆိုလေသည်။


" ချင်စုန့်က သူ့ကို ဖမ်းဖို့ တစ်ယောက်ယောက်ကို ခေါ်သွားတယ်... မြို့ထဲကိုပဲပြန်သွားသွား... ဘယ်ကိုပဲသွားသွား...ကမ္ဘာအစွန်ဆုံးထိပြေးရင်တောင် သူ့အမေကြီးကို အဖမ်းခံရမှာပဲ..."


 သူမဒေါသထွက်လွန်း၍ သူ့အမေကို ကြိမ်းမောင်းမိလိုက်ပြီး အမျိုးသမီး ကေဒါတစ်ယောက်အနေဖြင့်  သိက္ခာရှိရမည်ဆိုသည်ကို လုံးလုံးမေ့သွား၏။


 သူမစကားပြောနေစဉ်တွင် လျှိုကွေ့ဖာက  ခေါင်းလောင်းသံကဲ့သို့အပြင်ကနေ ဟိန်းဟောက်လိုက်သည်။


 "လျှိုရှုယွမ် ထွက်ခဲ့စမ်း..."


လင်းလန် လန့်လွန်း၍  နှလုံးပါတုန်သွားကာ တုန်ဟွိုင်ဟွကို ချက်ချင်းတွန်းပြီးပြောလိုက်၏။

 "ညွှန်မှူး ရှင်သွား..."


 တုန်ဟိုင်ဟွ  : " ... ငါမလုပ်နိုင်ဘူး ငါကြောက်တယ်"


ချက်ခြင်းပဲ ရှုယွမ်အမေ၏ တောင်းပန်နေသောအသံက ကပ်ပါလာသည်။


 "အဖေကြီး...တော်ဘာလုပ်နေတာလဲ...တော်ဘာလုပ်နေတာလဲလို့...တော့်အသံကို ထိန်းပါဦးရှင်... ကလေးရဲ့အသက်ကို လိုချင်နေတာလား...သူက လုံလောက်အောင် ခံစားနေရတာပါ"


လျှိုကွေ့ဖာက ဒေါသတကြီး အော်ဟစ်လိုက်၏။


"ငါသူ့ကို ယောကျာ်းဖြစ်သူရဲ့ မိသားစုကို စောစော ရှာဖို့ပြောတယ်...သူက မကြိုက်ဘူး...

အခုတော့ ဘာလို့...  ငါ့ကို မဆွဲနဲ့ လွှတ်ပေးစမ်း..."


 တုတ်တစ်ချောင်းကို သူ့လက်ထဲမှာ ကိုင်ကာ ပြေးဝင်လာပြီး အနွေးကုတင်ပေါ်က ကောင်မလေးဆီကို ပစ်ချလိုက်သည်။ 


လင်းလန်က ပြတ်ပြတ်သားသား အော်ပြောလိုက်၏။ 

 “ရိုက်...ရိုက်...ကျွန်မကိုရိုက်”


တုတ်က လေအရှိန်နှင့်အတူ ပါလာသော်လည်း လင်းလန် စကားပြောနေချိန်တွင် ရုတ်တရက် ရပ်တန့်သွားသည်။ မဟုတ်ပါက နောက်အခိုက်အတန့်အတွင်း လျှိုရှုယွမ်၏ ဦးခေါင်းကို သေအောင် ရိုက်တော့မည်ဖြစ်သည်။


လင်းလန်က သူ့ကိုငေါက်လိုက်သည်။


 “ရှင်က လူမြင်အောင် ပြနေတာလား...ရှင်ကရန်သူလား.. အဖေလား... ကလေးကို ရိုက်ချင်ရင် ကလေးက ဘယ်လိုလုပ် ပုန်းနိုင်မှာလဲ...ရှင်က ဒီလို တုတ်အတုတ်ကြီးကို သုံးနေတုန်းပဲ...အဲ့ဒီအပြင် ရှင်က  ဥပဒေကို ချိုးဖောက်သေးတယ်... ဒီမှာ ပြည်သူ့လုံခြုံရေးဗျူရိုက လူတွေရှိနေတယ်တွေ့လား... ဘာအကြောင်းကြောင့် သတ်ချက်ဖြတ်ချင်နေရတာလဲ... ရှင့်ရဲ့အပေါ်စီးဆန်တဲ့မိဘပုံစံက အရမ်းဆိုးတယ်...ဒါက ပဒေသရာဇ်ခတ်ကဘိုးဘေးတွေရဲ့ပုံစံပဲ... ရှင် အမှားလုပ်မိလိမ့်မယ်"


တုန်ဟွိုင်ဟွ ဆွံ့အသွား၏။  ယနေ့ သူမ လင်းလန်ကြောင့် ရှော့ရနေရကာ  မျက်လုံးတွေ ထပ်ခါထပ်ခါ ထွက်ကျမတတ်ပြူးလာပြီး ၎င်းနောက် တိတ်တိတ်လေး ပြန်ဝင်သွားသည်။ 


ဒါက တကယ် တကယ်ကို...မတူတဲ့လူ...


လျှိုကွေ့ဖာက လင်းလန်၏ ကြိမ်းမောင်းခံခြင်းကနေ  ခဏလောက်ကြာသည်အထိ အသိပြန်မဝင်သေးပေ။ 


 သူ့ကို ဒီလိုမျိုး ဘယ်သူမှ မငေါက်ဖူးဘူး...


အထူးသဖြင့် သူ့မိဘတွေ ဆုံးပါးသွားပြီးနောက် ဌာနခွဲအတွင်းရေးမှူးကပင်  သူ့ကို ငေါက်မှာမဟုတ်ပေ။ 


လင်းလန် သူမှင်သက်နေသည်ကိုမြင်လျှင် ဆက်၍အလုပ်ကြိုးစားလိုက်၏။


" တစ်ခုခုဖြစ်သွားရင် ရှင် ဒီတစ်ယောက်ကို သတ်မှာလား ဟိုတစ်ယောက်ကို သတ်မှာလား... ကိုယ့်ကိုကိုယ် ပြန်မသုံးသပ်ဘူးလား...ဘာကြောင့် ဒီလိုအရာ ဖြစ်သွားရတာလဲ...အရင်က ပညာမသင်ခဲ့ဘူးလား...ရှင့်သမီးကို ဂရုစိုက်လေ့ရောရှိရဲ့လား...ကိုယ့်သမီးကို နေ့တိုင်း ဂရုမစိုက်ဘဲ တစ်ခုခုဖြစ်ခါမှ  အစွမ်းကုန် ခုန်ထွက်၊အဖေတစ်ယောက်ရဲ့အာဏာကိုပြပြီး ရိုက်နှက်သတ်ပစ်လိုက်မယ်ပေါ့လေ"


    "ရှင်ဘယ်လိုများ ဒီလိုလုပ်နိုင်ရတာလဲ...ရှင့်ကိုယ်ရှင် တရုတ်ပြည်သူ့ ဥပဒေရဲ့ သမာသမတ် ဘက်တော်သားကြီးလို့ ထင်နေတာလား"


လျှိုကွေ့ဖာ လုံးဝ မှင်တက်မိနေသည် ။


ရှုယွမ်အမေက စိတ်သက်သာရစွာဖြင့်   သက်ပြင်းရှည်ကြီး ရှူထုတ်လိုက်သည် သူမခြေထောက်တွေပျော့ခွေနေသလို ခံစားရသဖြင့် ရုတ်ချည်းထိုင်ခုံပေါ်ထိုင်ချပြီး စားပွဲကိုမှီ၍ ပင့်သက်ရှိုက် လိုက်၏ ။


 သူမ သူမယောက်ျား၏ ဒေါသကို ကောင်းကောင်းသိသည် ။ သူက ဒေါသကြီးကာ အသည်းမာပြီး သူဆုံးဖြတ်ထားပါက နွားရှစ်ကောင်ဖြင့်ပင် မဆွဲနိုင်ပေ။ သူဒေါသထွက်လာသောအခါ  တစ်ရွာလုံး ဘယ်သူမှမဆွဲနိုင်ချေ။ 


ညွှန်မှူးကတော်ကိုပဲ ကျေးဇူးတင်ရပေမည်။

ဤနေရာတွင် ညွှန်မှူး၏ဇနီးရှိနေခြင်းကြောင့် သာမဟုတ်ပါက သူမသမီးလေးက နှစ်ခါပြန်သေမှာဖြစ်၏။


ဘုရားမပေလို့....


ရှုယွမ်အမေအနေဖြင့်   လင်းလန်ကို ဝပ်တွားဦးတင်ချင်မိပြီး စက္ကူနှင့်အမွှေးနံ့သာများကိုပင်မီးရှို့၍ ဘုရားလောင်းကဲ့သို့ ပူဇော်ချင်လေသည် ။


ဤရက်များတွင် သူမ ဘိုးဘွားတို့၏ အုတ်ဂူများပေါ်တွင် အမွှေးနံ့သာများကို တိတ်တဆိတ်ထားခဲ့ပြီး ဘုရားလောင်းအား မြေရှင်ကြီးကိုတောင်းဆိုပေးရန် တောင်းပန်ခဲ့ပြီး *ဟွမ်တရှန့်ကိုပင် တောင်းပန်ခဲ့၏။ သို့သော် သူမသိလိုက်ရသည်ကား လင်းလန်က အလုပ်ဖြစ်နေသေးသည်။ 

(T/N–တာအိုနတ်ဘုရားတစ်ပါး)


"ညွှန်မှူးရဲ့ဇနီးကို ကောင်းချီးပေးပါစေ…" 

 သူမစိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းလိုက်၏။


 လင်းလန် ရုတ်တရက်ကြီး သိမ့်ခနဲခံစားလိုက်ရသည်။ အစ်မေစ...တက်ကြွလွန်းမနေဘူးလား...


သူမ မသိစိတ်၏စေ့ဆော်မှုအရ ရှုယွမ်အမေကို  တိတ်တဆိတ်စိုက်ကြည့်မိလိုက်ပြီး  နှစ်ယောက်သား အကြည့်ချင်းဆုံသွား၏။ ရှုယွမ်အမေက ယုံကြည်သက်ဝင်သူတစ်ယောက်ကဲ့သို့ ရိုသေကိုင်းရှိုင်းနေကာ  လင်းလန်ကို လွန်လွန်ကဲကဲ ပြုံးပြလေသည်။


 လင်းလန် မြင်လိုက်သည်မှာမှန်လျှင် လက်နှစ်ဖက်ကိုပင် ပူး၍ လှုပ်ခါနေသေး၏။


  လင်းလန်: !!!


တုန်ဟွိုင်ဟွကပြောလာသည်။


 "အစ်ကိုကွေ့ဖာ ရှင် အခု ရိုက်မိလုနီးပါးပဲ…ဒီလိုကိစ္စမျိုးမှာ ရှင်ကအရင်ဆုံး လာတိုက်ခိုက်နေတယ်...သူများကို နိုင်ပေါက်ပေးနေတာမဟုတ်လား…အဲ့ဒီ*လိပ်ဥအောက်တန်းစားကိုသာဖမ်းပြီး မသန်မစွမ်းဖြစ်အောင်လုပ်ပစ်စမ်းပါ...နောက်ထပ် မပြေးနိုင်အောင်လို့..."

 (T/N–မန်ဒရင်းဘာသာစကားမှာ လိပ်ဥလို့ဆဲတာက အတော်လေးဆိုရွားတဲ့ဆဲရေးစကားပါတဲ့။လိပ်တွေကအဖေဘယ်သူလဲမသိကြတော့ လိပ်ဥလို့ဆဲတာက အမေဖြစ်သူကိုစော်ကားလိုတာနဲ့အတူတူပါပဲ)

 

 လျှိုကွေ့ဖာက မြေကြီးပေါ်တွင် ဆောင့်ကြောင့်  ထိုင်ချလိုက်ကာ ဘာမှ မပြောပဲနေလေ၏။


ယခုလေးတင် တုန်ဟွိုင်ဟွက  ဒေါသကြီးနေခဲ့သော်လည်း  သူမက သည်းကြီးမည်းကြီး​ဖြစ် မနေဘဲ  လိပ်ဥများကို ရိုက်နှက်ရန်သာ တိုက်တွန်းလေသည်။ 


Xxxxxxx

Part 244


တကယ်တမ်းတွင် အနှီရှက်စရာကောင်းသောအရာကို တခြားသူများက ဖိအားပေးခြင်းမဟုတ်ဘဲ လျှိုရှုယွမ် သူမစိတ်သဘောဖြင့်လုပ်ခဲ့ခြင်းဖြစ်၏။

   

 ထိုအချိန်တွင် ရှုယွမ်၏ယောက်မနှစ်ယောက် ပြန်ရောက်လာလေသည် ။


ရှုယွမ်၏ ဒုတိယယောင်းမက ခြံထဲတွင် မကျေမနပ် ပြောနေ၏။


 "ရှက်စရာပဲ…တပ်မဟာတစ်ခုလုံးရှက်နေကြတာ

 ...အဲ့တာတွေဖြစ်ပြီးတာတောင် ဘယ်လိုများ အပြင်ထွက်နိုင်ဦးမှာလဲ…ငါ့မိဘတွေအိမ် ပြန်သွားလို့မရတော့ဘူး"


 တုန်ဟွိုင်ဟွက ပြောလိုက်သည်။

 "နင်ဘာတွေပြောနေတာလဲ...နင်တို့​ကမိသားစုတွေလေ"


     "မိသားစုကဘာဖြစ်လို့ငါတို့ကိုဆွဲချရတာလဲ…ငါ့ရဲ့မှတ်စုစာအုပ်ကိုတောင် စစ်ဆေးဖို့ယူသွားတယ်…ငါက ဘာအပြစ်များ လုပ်ထားလို့လဲ…" 


 ရှုယွမ်၏ဒုတိယ ယောင်းမက ဖြေရှင်းရန် တစ်ခွန်းမပြောဘဲ အမုန်းစကားတွေချည်းဆိုနေ၏။


တကယ့်ယောက်မလေးပဲ...

 သူမက(ရှုယွမ်) သာမန်နေ့များတွင် ရိုးသား​ဖြူစင်ပုံ ပေါက်သော်လည်း ထိုကဲ့သို့သော ကျွမ်းကျင်မှု  ရှိလိမ့်မည်ဟု သူမ မျှော်လင့်မထား​ခဲ့ပေ။


လူတွေကို ပုံပန်းသွင်ပြင်ကိုကြည့်ပြီး အကဲဖြတ်၍မရဆိုသည်က မှန်ပေသည်။

ပို၍ ရိုးသားပုံပေါက်လေလေ ပို၍ကြောက်စရာကောင်းလေလေဖြစ်၏။


    ရှုယွမ်၏အကြီးဆုံးယောက်မက ပြောလေသည်။


     "အဲ့လိုမပြောပါနဲ့…ကောင်းမွန်တဲ့ဘဝမှာနေနေရတာတောင် ဘာလို့ဒီလိုလုပ်နေရတာလဲ...

တစ်ခုခုဖြစ်ရင် ဖြေရှင်းနည်းကိုပဲ အရင်စဉ်းစားသင့်တယ်…"


    "ငါကဘာလုပ်နိုင်မှာလဲ…" 


    ဒုတိယ ယောင်းမက သူမ၏နာမည်ပျက်သွားသကဲ့ပင်  မုန်းတီးနေ၏။


ရှုယွမ်၏အကြီးဆုံးယောက်မ မည်သည့်စကားမှ မပြောချင်တော့ပေ။


 ဒုတိယယောင်းမကမူ ဖောက်ပြားသူကို တတ်နိုင်သမျှ မြန်မြန် ဖမ်းဆီးရန် ပြောနေလေသည်။ သူမ ဒီတိုင်းလွှတ်မပေးနိုင်ချေ။


    တုန်ဟွိုင်ဟွက ပြောလိုက်သည်။


 "ဘာလို့ ဖောက်ပြားတဲ့သူလို့​ပြောနေတာလဲ...နင်က ရှူယွမ်ရဲ့ယောင်းမလေ …ဘာဖြစ်လို့ ခွကျအောင် စကားကိုပြောနေရတာလဲ…ရှုယွမ်နဲ့ချန်ဇီချင်းတို့က တစ်ယောက်နဲ့တစ်ယောက် ချစ်ကြတယ်…မိဘတွေကလဲအရင်ထဲကသဘောတူခဲ့တာ…သူတို့ကရက်ချိန်းတောင်ယူပြီးပြီ"


    သူမက ရှုယွမ်အမေကို တစ်ချက်ကြည့်လိုက်၏။


ရှုယွမ်အမေက  ချက်ချင်းသဘောပေါက်ကာ သူမသမီး၏ အိတ်ထဲမှ အနီရောင်ပိတ်ကျဲပုဝါကို သွားထုတ်ယူလိုက်လေသည်။


    တုန်ဟွိုင်ဟွက ထိုဟာကို ဆွဲယူကာပြောလိုက်၏။


     "ဒါက အချစ်သင်ကေတ...အသွင်းပစ္စည်းပဲ…ဘာပဲဖြစ်ဖြစ် သူက ရှန်ရွေ့ ရွာမှာအခြေချချင်တာဆိုတော့ ပညာတ်လူငယ်တွေက အသွင်းပစ္စည်းမလိုဘူး "


"ဘာ…သူက တံခါးကိုဇောက်ထိုးဖြတ်ဝင်ချင်နေတာလား…အဲ့တာဆိုငါတို့ ဘာလုပ်ကြမလဲ…ငါ့တို့မှာကသားတွေ မြေးတွေရှိတယ် ...ဘယ်သူကများ တံခါးကို ဇောက်ထိုးဖြတ်ချင်မှာလဲ…ဘယ်သူ့ကိုအပြစ်တင်ရမလဲ…"


    ရှုယွမ်၏ ဒုတိယယောင်းမက သဘောမတူပေ။ 


    "နင်ကဘာတွေ အော်ဟစ်နေတာလဲ…နင့်ကိုတံခါးကိုဇောက်ထိုးဖြတ်ဝင်မယ်လို့ ဘယ်သူပြောလို့လဲ…ချန်ဇီချင်းက ငါတို့တပ်မဟာမှာ အခြေချခဲ့တာ …အိမ်ထောင်ကျပြီးတော့လည်း တပ်မဟာမှာပဲ နေမှာ … ဟုတ်တာပေါ့ သူနဲ့ နင်က မတူညီတဲ့  မိသားစုနှစ်ခုကလေ …သူ့မျိုးရိုးနာမည်က ချန်…နင့်က လျှို…"


    ရှုယွမ်၏ဒုတိယယောက်မက စကားပြောရပ်လိုက်သော်လည်း လက်ခံခြင်း မရှိသေးပေ။


 လင်းလန်က ပြောလိုက်သည်။


  "အဆင်ပြေပါတယ် အရင်သွားရအောင်.."


ကျွန်မအိမ်မှာတောင် ရှုပ်ထွေးနေတုန်းကို တခြားလူတွေရဲ့ အိမ်တွင်းရေးမှာ ဝင်မပါချင်ဘူး... ယောက္ခမနဲ့ယောက်မက နေ့တိုင်းစောင့်ကြည့်နေတာ ....


သူမက ရှုယွမ်အမေကို တီးတိုးပြောလိုက်၏။


 "သူကိုသေချာဂရုစိုက်ကြည့်နေ... ခြေတစ်လှမ်းမှမခွါနဲ့…ရူးမိုက်တာတွေလုပ်ခွင့်မပေးနဲ့…"


 ရှုယွမ်အမေက ချက်ခြင်း ခေါင်းညိမ့်လိုက်သည်။ 

 "ကောင်းပြီ…"


ရှုယွမ်၏ဒုတိယ ယောင်းမသာ ဤသို့ဖြစ်နေပါက ရှုယွမ်အနေဖြင့် အပြစ်ရှိသည်ဟု နက်နက်နဲနဲ ခံစားရပေလိမ့်မည် ။ ချန်ဇီချင်း၏ထိုးနှက်ချက်နှင့်အတူ ထိုသို့သောဖိအားမျိုးကို ခံနိုင်ရည်ကောင်းကောင်းမရှိမည်ကို သူမကြောက်မိ၏။


 သူမ လျှိုရှုယွမ်ကို ပြောလိုက်သည်။


  "ရှုယွမ် နင်ကြိုက်သည်ဖြစ်ဖြစ် မကြိုက်သည်ဖြစ်ဖြစ် အဒေါ်ကနင့်ကိုပြောရလိမ့်မယ် …ဒါကကြီးမားတဲ့ကိစ္စတော့ မဟုတ်ပါဘူး…ခေတ်နောက်ပြန်ဆွဲတာကြောင့် လူတိုင်းအဲ့ဒါကို နားမလည်ကြသေးတာပါ …နောက်နှစ်အနည်းငယ်အတွင်းတိုင်းပြည်တစ်ခုလုံး စည်းလုံးညီညွတ်လာလိမ့်မယ်…လွပ်လပ်တဲ့အချစ်မျိုးကိုလည်း နင်တောင့်တနိုင်တယ် …အဲ့ဒါရဲ့ တန်ကြေးကတော့ နင်ကမကောင်းတဲ့ကောင်တွေနဲ့ပိုတွေ့နိုင်ချေရှိတာမလို့ နင့်မိဘတွေအကူအညီကို လက်ခံသင့်တယ်…"


    လျှိုရှုယွမ်က မည်သို့မျှ မတုံ့ပြန်သော်လည်း သူမ၏ မျက်လုံးများ လှုပ်ရှားသွားသောကြောင့်နားထောင်နေသည်မှာ သေချာ၏။ 


    လင်းလန်က ထပ်ပြောလိုက်သည် ။


    "ဒီလိုလူယုတ်မာမျိုးဆိုက တကယ့်ကိုဆန်ကုန်မြေလေးပဲ …ဘယ်သူပဲဖြစ်ဖြစ် သူနဲ့လက်ထပ်တဲ့မိန်းကလေးက မိန်းမတွေကိုစော်ကားလိုက်တာပဲ.. နင်က သူလှည့်စားတာကို ခံလိုက်ရတာ …နင့်အမှားမဟုတ်ဘူး...ငါတို့မှာ ပညာနဲ့အသိအမြင် နည်းပါးတော့  ဒီလူယုတ်မာတွေရဲ့မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်ခဲ့တာ …အခုကစပြီးတော့…ငါတို့တပ်မဟာက ဝါဖြန့်မှုနဲ့ပညာပေးမှု တွေကို ဆက်တိုက်လုပ်ကြမှာ…ခေါင်းဆောင်နဲ့ငါက ဝါဒဖြန့်မှုတွေပိုလုပ်မယ်...ဆိုတော့... အဲ့ဒါကိုစဉ်းစားထားပါ…"


    လင်းလန် အရင်ထွက်ခွါလာခဲ့၏။


    သူမခြံထဲသို့ရောက်သောအခါ ရှုယွမ်၏ ဒုတိယ ယောက်မကိုကြည့်ကာ ပြောလိုက်သည်။


 "နင်ကရှုယွမ်ရဲ့ဒုတိယယောက်မပဲ…နင်တို့မှာကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့ဖူးတယ်…ရှုယွမ်ကလည်း သူ့ယောက်မကိုအရမ်းလေးစားတယ်…အခုလိုအခက်အခဲကြုံလာရတဲ့အခါ အတူတူကျော်ဖြတ်ဖို့ နည်းလမ်းရှာသင့်တယ်…ထိုင်ပြီးတော့ပဲတွေးမနေနဲ့…မှန်မှန်ကန်ကန်နေနေသရွေ့နင့်ကိုဘယ်သူမှ မတားဆီးနိုင်ဘူး...အခုတော့ နင်က ပြဿနာတစ်ခုကြုံရတဲ့အခါ လက်ညှိိုးဝိုင်းထိုးကြတဲ့ အပြင်လူတွေထက် ပိုအေးစက်ပြီး ပိုမုန်းစရာကောင်းတဲ့ အေးစက်စက်အကြည့်ကို နင့်မိသားစုကိုပေးနေတယ်"


    ရှုယွမ်၏ဒုတိယယောက်မက လက်ခံခြင်းမရှိသော်လည်း သူမမှာ အဒေါ်ဟုခေါ်ရလောက်သည့် အကြီးပင်ဖြစ်ကာ လင်းလန်၏ခင်ပွန်းကလည်း ပြည့်သူ့လုံခြုံရေးဗျူရို ၏ညွှန်မှူးဖြစ်နေသောကြောင့် တစ်ခုခုပြန်မပြောဝံ့ပေ။ 


သူမအနေဖြင့် ဒေါသကိုထိန်းထားပြီး အသက်အောင့်ထားရုံမှတပါး ရွေးချယ်စရာရှိချေ။


"အဒေါ်...အဒေါ်မှန်ပါတယ်"

 

တုန်ဟွိုင်ဟွ ချက်ချင်းပြောလေသည်။


  " နင်စိတ်ထဲမှာ လက်မခံနိုင်သေးဘူးလို့တော့မပြောနဲ့…နင်ကောင်းဖို့ကိုနင့်အဒေါ်ကပြောတာ…သူကဘယ်သူမလို့လဲ... နေ့တိုင်းအလုပ်ရှုပ်နေရတာ…ငါအရင်တုန်းကကျောင်းသွားဖို့အခွင့်အရေးမရှိခဲ့ဘူး…အခုအလုပ်မှာ ကလေးတွေဆီကပြန်သင်နေရတယ်…နောက်ကျရင် ငါက ဇီဝကမ္မဆိုင်ရာ တစ်ကိုယ်ရည်သန့်ရှင်းရေးအကြောင်းလေ့လာဖို့အသင်းဝင်တွေကို ဦးဆောင် စည်းရုံမှာ... နင်တို့မကုန်လုံးတက်တက်ကြွကြွပါဝင်ရမယ်...နောက်ကျန်မနေနဲ့"


သူမက ရှုယွမ်၏အမေကဲ့သို့ ရိုသေကိုင်းရှိုင်းမနေ  သော်လည်း လင်းလန်ကို အသိအမှတ်ပြုနေဆဲပင်ဖြစ်သည် ။


သူတို့အပြင်သို့ထွက်သွားကြသောအခါ ကျောက်ကွေ့ရှန်းက အပြင်မှာ ဟိုယောင်ယောင်သည်ယောင်ယောင်ဖြင့် ဟိုစမ်းသည်စမ်းလုပ်နေသည်ကိုတွေ့လိုက်ရ၏။


  တုန်ဟွိုင်ဟွ ဒေါသထွက်ကာ မာန်မဲလိုက်သည် ။

"အလုပ်မသွားဘူးလား…ဘာလို့သူများအိမ်ကို တစ်နေကုန်ရပ်ကြည့်နေတာလဲ…."


    ကျောက်ကွေရှန်း ချက်ချင်းသူမ၏ခေါင်းကို ပြန်တည့်လိုက်လေ၏။


 ထိုကဲ့သို့ပွက်လောရိုက်ပြီးသည့်နောက်တွင် နေ့ခင်းသို့ပင်ရောက်လေပြီ။နှစ်ယောက်သား အသီးသီး အိမ်တွင်ပြန်လည်ချက်ပြုတ်ရန် လူခွဲခဲ့ကြသည် ။


 ညစာ စားပြိီးနောက်တွင် လျှိုရှုယွမ်နှင့်ချန်ဇီချင်းအကြောင်းဆွေးနွေးရန် အစည်းအဝေးသို့တက်ရောက်ဖို့ရာ  လင်းလန်ကို တုန်ဟွိုင်ဟွကလာပြောလေ၏ ။


Xxxxxxx