အပိုင်း ၂၄၅-၂၄၆
Viewers 23k

Part 245


လင်းလန်က ပြောလိုက်သည်။


     "ဆွေးနွေးစရာဘာမှမရှိဘူး…တကယ်လို့လက်မထပ်ရသေးပဲ ဗိုက်ကြီးခဲ့ရင်တောင်…လက်ထပ်လို့ရတယ်"


 အခြားသူများ၏အတွင်ရေးကိစွများကို ဆွေးနွေးရသည်မှာ အင်မတန် ခေါင်းမူးလှသည် ထိုကဲသို့သော ကိစ္စများကို သူမ စိတ်မဝင်စားပေ။ သို့သော် ယခုအချိန်၌ ကိစ္စများက ဤကဲ့သို ဖြစ်လာလေရာ မတတ်နိုင်တော့၊ ဟန်ရုံလုက လာဖမ်းလိမ့်မည်ဟု မည်သူသိပါမည်နည်း။ 


 အစည်းအဝေးတွင် ဟန်ရုံလု တကယ်ကို စိတ်လှုပ်ရှားနေခဲ့သည်။ တိုင်းပြည်နှင့်လူမျိုးအားဒုက္ခဖြစ်စေသည့် ဆုတကျီကဲ့သို့မြေခွေးမတစ်ကောင်ကို ဖမ်းမိထားသလိုမျိုး တကြွကြွဖြစ်နေပြီး စကားတွေအများကြီးပြောနေ၏။


 လျှိုရှုယွမ်ကို ဝေဖန်သည့် အစည်းအဝေးမျိုး မလုပ်ပါက ရှန်ရွေ့ ကျေးရွာ၏ဂုဏ်သတင်းကျဆင်းတော့မည်ကဲ့သို့ဖြစ်နေသည်။ တစ်ရွာလုံး အပြင်မထွက်နိုင်ဖြစ်ကာ မည်သို့မျှ ခေါင်းမဖော်နိုင်ပဲ ရှိပေလိမ့်မည်။


အစည်းအဝေးတွင် သူက ဤသို့ လှုံဆော်ခဲ့ပြီး အပြင်ဘက်ရှိ ကျောက်ကွေ့ရှန်းနှင့် ကျောက်ကွေ့လျန် တို့ကလည်း  တပ်မဟာ ဝန်းထဲတွင် အော်ဟစ် ဆဲဆိုနေကြသော သက်လတ်ပိုင်းနှင့်သက်ကြီးရွယ်အို အမျိုးသမီးအုပ်စုကြီးနှင့် အရှုပ်အထွေးဖြစ်အောင်လုပ်နေသည် ။


အနှီအမျိုးသမီးများသည် အတင်းအဖျင်းများနားထောင်ရင်းဖြင့်အလုပ်ရှုပ်နေသူများဖြစ်ကြလေသည် ။ တစ်ယောက်ပြောစကားကို အခြားတစ်ယောက်မှ မျက်စိမှိတ်ယုံကြပြီး သူတို့က ဦးနှောက်မဲ့ကာ စိတ်လှုပ်ရှားလွယ် ၊ ထိလွယ်ရှလွယ်များ ဖြစ်ကြလေ၏။


ရလဒ်အနေဖြင့် ထိုအမျိုးသမီးဒါဇင်ကျော်က လျှိုရှုယွမ်၏ အိမ်သို့ချီတက်လာကြကာ တံခါးရှေ့တွင် ဆဲဆို ကြိမ်းမောင်းပြီး ကျောက်ခဲများဖြင့်  လျှိုအိမ်ကို ထုကြသည် ။


    "မိန်းမပျက်ကြောင့် ငါတို့ သိက္ခာကျတယ်ဟဲ့…တစ်ရွာလုံးနင့်ကို မမြင်ချင်ကြဘူး…"


    သူတို့လူအုပ်ထဲတွင် တကယ်ကို နာမည်ဆိုးရှိနေကြသည့် လူအချို့ပါဝင်နေလေသည်။ ယုဝူဇီကဲ့သို့ ပစ္စည်းများခိုးကာ မဟုတ်မဟတ် သတင်းလွှင့်တတ်ကြသူများ ဖြစ်သည် ။


 လက်ရှိမှာ အခြားသူများကို နင်းချေနိုင်မည့် အခွင့်အရေးတစ်ခုအား နောက်ဆုံးတွင်  တွေ့ခဲ့၏။သဘာဝအတိုင်း ကြိုးကြိုးစားစားဖြင့် လျှိုရှုယွမ်ကို သူတို့ထက်ပင် ဆိုးဝါးသည့်နည်းလမ်းဖြင့် နင်းချေရပေမည်။


ဆယ့်ရှစ်ထပ်​မြောက်ငရဲမှာကျပြီး ဘယ်တော့မှ ပြန်တက်မလာနိုင်ရင် အကောင်းဆုံးပဲ...

(T/N-သူတို့ဆီမှာ ငရဲကဆယ့်ရှစ်ထပ်ပါ)


စင်စစ်အားဖြင့်  သူတို့က ပစ္စည်းခိုးခြင်း၊ 

အတင်းတုပ်ခြင်း သို့မဟုတ် အခြားအမှားများပြုလုပ်ခြင်းတို့က လက်မထပ်ရသေးခင် *လော်လီဖောက်ပြားပြီး ကိုယ်ဝန်ရခြင်းလောက် ရှက်စရာမကောင်းဟု ထင်ကြလေသည်။

(T/N–ဖိနပ်ပျက်လို့သုံးထား)


  ထို့ကြောင့် သူတို့က ပိုမိုသာလွန်သည်ဟု ခံစားရကာ ထိုဖိနပ်ကိုပင်ပိုမိုပျက်စီးအောင် လုပ်ဆောင်ကြ၏။


 ကျောက်ကွေ့လျန် သူမ၏အမုန်းတရားကို သည်တိုင်းမထားနိုင်၊ သူမက လျှိုအိမ်တံခါးကို အစပျိုးဖွင့်ကာ အိမ်ထဲသို့ ပစ္စည်းများဖြင့် ပစ်ပေါက်လိုက်သည် ။


 ရှုယွမ်၏အမေက အိမ်မှာ သူမ၏သမီးကိုအဖော်ပြုနေလေ၏ ။ ထို့အပြင် အလုပ်မသွားနိုင်သည့် ကလေးနှစ်ယောက်လည်း ရှိသည် ။အခြားသူများမှာ အလုပ်လုပ် နေကြသောကြောင့် အိမ်တွင် မရှိကြချေ။


 ခြံဝန်းထဲရှိ ဆီးအိုးကို ကျောက်ကွေ့လျန်က ရိုက်ခွဲပစ်ခဲ့သည် ။ ပဲများလှန်းသည့် စင်သည်လည်း ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်၏။


ရှုယွမ်အမေက  ပြေးထွက်ကာ တောင်းပန်လေသည်။


 "ရွာက အဖွဲ့ဝင်တွေရယ်...ငါတို့ကို မျက်နှာသာပေးပါဦး...မဖျက်စီးပါနဲ့…မဖျက်စီးကြပါနဲ့…"


    ကျောက်ကွေ့ရှန်းက ပြောလိုက်၏။


     " မိန်းမပျက်ရဲ့အမေက မိန်းမပျက်ပဲ…သူတို့အကုန်လုံးက စက်ဆုပ်စရာကောင်းတဲ့လူတွေချည်း"


  ရှုယွမ်အမေက သူမ၏ ပြိုင်ဘက်အဘယ်သို့ဖြစ်နိုင်ပါမည်နည်း။


   "နင်…နင် ဌာနခွဲ အတွင်းရေးမှုးက နင့်ကို ဒီကိုမလာရဘူးလို့ပြောထားတယ်လေ"


    "အတွင်းရေးမှုးက နင်တို့ကိုဘာလုပ်ရမလဲဆိုတာ အစည်းအဝေးမှာဆွေးနွေးနေတယ်…လျှိုကွေ့ဖာကို လုံခြုံရေးညွှန်မှူးဖြစ်ဦးမယ် ထင်မနေနဲ့…"


    ကျောက်ကွေရှန်းက အားရကျေနပ်စွာပြောလိုက်သည်။


  သူမ၏ အစ်မအားတစ်ချက်ကြည့်လိုက်ကာ ကျောက်ကွေလျန်က အထဲသို့ပြေးဝင်၍ လျှိုရှုယွမ်ကို အနွေးကုတင်ပေါ်က ဆွဲချလိုက်၏။


    "မိန်းမပျက်…အိမ်မှာပဲနေပြီး အလုပ်မလုပ်တာရှက်စရာကောင်းလွန်းတယ်…နင်က တစ်ရွာလုံးရဲ့ဆန်ကုန်မြေလေးလား…"


 ကျောက်ကွေ့လျန်က အလုပ်မှတ်များ လုံလုံလောက်လောက်မရှိသည်အပြင် အကြွေးလည်း တင်ဖူးသည် ။ထို့ကြောင့် ယခုနှစ်တွင် အကြွေးဆပ်ခိုင်းသောအခါ သူမ သေအောင်  မုန်းတီးနေ၏။


 လျှိုရှုယွမ် ဝံပုလွေကဲ့သို့သော အမျိုးသမီးများစွာ၏တရွတ်တိုက် ဆွဲခြင်းခံရပြီး အနွေးကုတင်ပေါ်ကနေ ဆွဲချခံရကာ ဝိုင်းထဲသို့ပစ်ထုတ်ခံလိုက်ရသည်။


 အချို့သော အမျိုးသမီးများက သူမပေါ်တွင် တံတွေးသွားထွေးကြပြီး ကျိန်ဆဲငေါက်ငမ်းကြကာ  ထိုးကြိတ်၍ပင် ဆံပင်များအား ဆောင့်ဆွဲကြလေသည်။


 ရှုယွမ်အမေက ငိုယိုကာဖြင့် သူမ၏သမီးဖြစ်သူကိုကာကွယ်ရန်ပြေးသွား၏။


  "မရိုက်ကြပါနဲ့…မရိုက်ကြပါနဲ့…ငါ့ကိုမျက်နှာသာပေးကြပါဦ...ရှုယွမ်ကိုမရိုက်ကြပါနဲ့... ကောင်းကောင်းမွန်မွန်ပြောကြပါ…နင်တို့ကိုဒူးထောက်တောင်းပန်ပါ့မယ် …ကျေးဇူးပြုပြီးတော့…"


သူမလျှိုရှုယွမ်အပေါ်မှ ဖက်ထားကာ ကာကွယ်ပေးလိုက်သည် ။ ထိုအရာကို ကျောက်ကွေရှန်းတွေ့လိုက်ရသောအခါ ပို၍ဒေါသထွက်သွား၏။

 သူ့ကို ကာကွယ်မဲ့လူရှိသေးတယ်ပေါ့...

 

လူအုပ်ကြီးသည် ကြောက်မွက်ဖွယ်သက်ရှိများအဖြစ်သို့ပြောင်းလဲသွားပြီး  ရှု​ယွမ်အမေ နှင့် လျှိုရှုယွမ်တို့ကို လက်သီးများနှင့်ထိုးကာ ကန်ကျောက်ကြ လေသည်။


    "အား…" 


    ပထမတုန်းက မတုန့်ပြန်သည့် လျှိုရှုယွမ်က ရုတ်တရက် အော်ဟစ် ကုန်းထပြီး ကျောက်ကွေ့ရှန်းကို ထုရိုက်၏ ။


 သူမ၏ဆံပင်များက ဖရိုဖရဲဖြစ်နေကာ မျက်နှာမတွင်လည်း ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နေသည်။ သူမထိုအရာများအား ဂရုမစိုက်နိုင်တော့ဘဲ ကျောက်ကွေရှန်းကိုသာ တစစီဖြဲချင်နေ၏။


 ကျောက်ကွေရှန့်နှင့်အခြားလူများ ဒေါသမိုးမီးလောင်ကာ ပို၍ပြင်းပြင်းထန်ထန် ရိုက်ကြလေသည် ။


    ထိုအချိန်တွင် လျှိုကွေ့ဖာ အပြင်မှပြန်ရောက်လာကာထိုမြင်ကွင်းအားတွေ့သွား၏။ သူ့မျက်လုံးတွေ ရဲရဲနီသွားပြီး"သွားစမ်း.."ဟုဆိုရင်း ကျောက်ကွေရှန်း၏ခေါင်းကို လက်ပြန်ဖြတ်ရိုက်ကာ လက်မောင်းမှဆွဲ၍ကိုင်ပေါက်လိုက်၏။


ကျောက်ကွေ့ရှန်း နံရံခြေသို့ ဂုန်နီအိတ်တစ်အိတ်အလား ပစ်ပေါက်ခံလိုက်ရပြီး သူမ ရိုက်ခွဲခဲ့သော ဆီးအိုးအပေါ် ကျသွားကာ စူးစူးဝါးဝါးအော်ဟစ်လေတော့သည် ။


 ကျောက်ကွေ့လျန်က သူမကို အလျင်အမြန် သွားကူညီပြီး စတင်အော်ဟစ်၏။


  "လျှိုကွေ့ဖာက တစ်ယောက်ယောက်ကို ရိုက်လိုက်တယ်တော့...လျှိုကွေ့ဖာက လူရိုက်လိုက်ပြီ..."


အမျိုးသမီးများက ချက်ချင်းကျောက်တုံးများကိုကောက်ကာ  လျှိုကွေ့ဖာကို ပစ်ပေါက်ကြလေသည် ။


လျှိုကွေ့ဖာက လက်မောင်းမြှောက်ကာ သူ့မိန်းမနှင့်သမီးကို ကာကွယ်ပေးလိုက်၏။ရှုယွမ်အမေက  "အိမ်ခန်းထဲကိုအမြန်ဝင် အိမ်ခန်းထဲကိုအမြန်ဝင်"ဟု အော်လေသည်။


ကွန်မြူနတီထဲမှ တစ်ယောက်က ထိုအရာကိုမြင်သွားကာ အပြေးအလွှား သတင်းပို့မည်ပြုသောအခါ လူတစ်ချို့မှလာကာ သူ့ကိုဖြောင့်ဖြကြ၏။


 "နင်ဘာလုပ်နေတာလဲ ဝမ်ဖာ..."

   

 "ဝမ်ဖာရေမိန်းမပျက်ကိုဖျက်စီးပစ်လိုက်ရအောင်" 

     

ကျောက်ကွေ့ရှန်းက အော်လိုက်သည်။

      

"ဘာပဲဖြစ်ပါစေဦး ငါတို့ဖိနပ်တွေတော့ ပျက်လို့မရဘူးလေ"

 (လော်လီဖောက်ပြားလို့မရလေ)

 

သူတို့ဆီမှ အသိမ်းသွင်းခံရပြီးနောက် လူတချိုကပါ ပါဝင်ရိုက်နှက်လာကြပြီး အတင်းတုတ်သောမိန်းမထက်ပင် ပို၍ အပေါက်ဆိုးကာ အပျင်းထူသည့်ယောကျာ်းများပင် ပါဝင်ကြ၏။


Xxxxxxx

Part 246


 လျှိုကွေ့ဖာ အရိုက်ခံရလွန်းသောကြောင့်သူ၏မျက်လုံးများက ဖွင့်မရအောင်ဖူးယောင်နေသည် ။ ထို့နောက် လူတစ်ယောက်က တုတ်တစ်ချောင်းကောက်လာကာသူ့ကိုရိုက်နှက်လေ၏။သူအနေဖြင့်  သူ့ မိန်းမနှင့်သမီးကို ကာကွယ်ရန်အတွက် ကျောပေးခံလိုက်ရုံသာတတ်နိုင်တော့သည်။


ထိုအချိန်တွင် လျှိုရှုယွမ်က မည်သည့်နေရာကမှန်းမသိ ခွန်အားတွေရရှိလာကာ လျှိုကွေ့ဖာနှင့် သူ့ကိုရိုက်နှက်နေသူအား အဝေးသို့ တွန်းထုတ်လိုက်၏။ ထို့နောက် ထိုတုတ်ကို ဆွဲလုကာ တွေးမနေဘဲ ယင်းလူများကို အဆက်မပြတ်ရိုက်လေတော့သည် ။


သူမ၏မျက်နှာသည် ဖြူဖျော့နေကာ စကားလည်းမပြောပေ။ တုတ်ချောင်းကိုပဲဆွဲကိုင်ကာ စက်ရုပ်တစ်ရုပ်လိုမျိုး ထိုယောက်ျားနှင့်မိန်းများအားလုံးကို ငယ်သံပါအောင်အော်သည်အထိ လိုက်လံရိုက်နှက်တော့၏။


လျှိုကွေ့ဖာ   သူ့သမီးထိုသို့ ရုတ်တရက် ပြောင်းလဲသွားသည်ကိုမြင်လျှင်  သူမ အရိုက်ခံရမည်စိုးသောကြောင့် ကာကွယ်ရန် အပြေးသွားလိုက်သည်။သူက တုတ်တစ်ချောင်းကိုကောက်၍ ထို ပျော့တီးပျော့ဖတ် ယောကျာ်းများကို နှစ်ချက်တည်းနှင့် ပတ်ပြေးအောင်ရိုက်လေ၏။ 


ရလဒ်အနေဖြင့် သားအဖနှစ်ယောက် လက်ထဲတွင် တုတ်ချောင်းများ ကိုယ်စီဖြင့် ခြံထဲမှ လူအုပ်ကို လိုက်လံ ရိုက်နှက်ကြသည်။တဖြန်းဖြန်း တဖြောင်းဖြောင်းဖြင့် အလွန်အသက်ဝင်လှသည်။


ထိုအချိန်တွင် ဟန်ရုံဖန် ၊အုပ်ချုပ်ရေးမှူးနှင့် အခြားသူများလည်း အလျင်စလို ရောက်ရှိလာကြလေ၏။ မြေကြီးပေါ်တွင် သွေးများစွန်းနေသည်ကိုအတိုင်းသား မြင်နေရသည် ။ ထိုမြင်ကွင်းကို တွေ့သောအခါ ဟန်ရုံဖန်၏မျက်နာက မုန်တိုင်း တိုက်ခတ်ခါနီး ကောင်းကင်ကဲ့သို့ မည်းမှောင်သွားတော့၏။


 ပြဿနာရှာရန်ရောက်လာသူများသည် ထိုသားအဖထံမှ လိုက်လံ ရိုက်နှက်ခြင်းကိုခံနေရလေသည် ။ ထိုသို့ ဌာနခွဲအတွင်းရေးမှုးနှင့် တပ်မဟာ အတွင်းရေးမှုးတို့ ရောက်လာသည်ကို မြင်လျှင် ကသောကမြော  အကူအညီတောင်းကြကုန်၏။

   

 "ဌာနခွဲအတွင်းရေးမှုး ကယ်ပါဦးလုံခြုံရေးညွှန်မှူးက  တစ်ယောက်ယောက်ကို သတ်လိုက်တယ်


"ရူးလိုက်တာ..."


လျှိုကွေ့ဖာက တုတ်ချောင်းကို ပစ်လိုက်သည် ။


လျှိုရှုယွမ်ကလည်း အင်အားတွေကုန်ဆုံသွားသကဲ့သို့ ကယိမ်းကယိုင်ဖြစ်နေပြီး သူမအမေက သူမကို ချော့မော့ကာ အိမ်ထဲသို့ ခေါ်သွား၏။


 ဟန်ရုံဖန်၏မျက်နှာက မည်းမှောင်နေပြီး သူက ကူညီမည့်အစား ငေါက်လိုက်သည်။

      

"နင်တို့ကတကယ်ကို တစ်မျိုးထဲလိုမပြောရဘူး...တစ်ယောက်ပြီးတစ်ယောက်... ကလေးတွေကို အတုယူမှားအောင်မလုပ်စမ်းနဲ့"


    

ဟန်ယုံဖန်က အုပ်ချုပ်ရေးမှူ၏ လက်ထဲမှ ကြာပွတ်အား လှမ်းယူကာ "ဝှစ်"ခနဲ လွှဲယမ်းလိုက်ရင်းပြော၏။


"နင်တို့ ဘယ်လိုလုပ် ဒီလောက်တော်နေတတ်နေ ရတာလဲ...ငါစကားပြောနေတာတောင်ဖြတ်ပြောရဲတယ်"

    

သူက ကြာပွတ်ကို တစ်ချက်ပြီးတစ်ချက် လွှဲရိုက်လိုက်သည် ။  လျှိုရှုယွမ်တို့သားအမိကို ကန်ကြောက်ထိုးကြိတ်ခဲ့သူများ ရုတ်တရက် ကြက်သေသေ သွားကြ၏။သူတို့အားလုံး အားလုံး နာကျင်မှုကြောင့် ရှောင်တိမ်းရဲ၊အော်ဟစ်ရဲကြသော်လည်း မခုခံရဲကြပေ။


ဟန်ရုံဖန်က သူတို့ကို ကြာပွတ်နှင့်ရွယ်ကာ ပြောလေသည်။


 "နင်တို့ ကိုယ့်ကိုကိုယ်ကြည့်ကြစမ်း...ရွာထဲကိုသာ ချွေးတပ်တွေဝင်လာရင်  ခွေးလိုနွားလိုအတင်းအကျပ်ခိုင်းခံပြီး သတ္တိကြောင်ကြတာနင်တို့ပဲ...အဲ့ဒီစစ်တပ်တွေ ထွက်သွားတာနဲ့ နင်တိုလကအပျော်ဆုံးဖြစ်ပြီးထတောင်ခုန်ဦးမယ်...ပြီးရင်

  ရွာထဲကကိုယ့်လူတွေကိုယ် အနိုင်ကျင့်မယ်"


တချို့လူတွေကမူ သူက ထိုစဥ်က ငယ်ငယ်လေးရှိသေးသည့်အတွက် သူနှင့်ဘာမှမဆိုင်ဟု တိုးတိုးတိတ်တိတ် ရေရွတ်ကြ၏။


ဟန်ရုံဖန်က  ကြာပွတ်ကို လေထဲသို့ တစ်ချက် ဖြောင်း ကနဲမြည်သွားအောင် ရိုက်လိုက်သည်။


 "နင့်တို့မိဘတွေကလည်း နင်တို့လိုပဲသတ္တိကြောင်ကြတာ... နင်တို့ကိုစကားပြန်ပြောအောင်လုပ်ပေးမယ်လေဟုတ်ပြီလား"

 

ကျောက်ကွေ့လျန်က ကျောက်ကွေရှင်းကို ထရအောင် ကူညီပေးလိုက်၏။။ ကံကောင်းထောက်မစွာဖြင့် ဤတစ်ကြိမ်တွင်သူမ အဝတ်ထူထူဝတ်ထားသည့်ဒဏ်ရာမပြင်းထန်သလို သေလောက်သည့်ဒဏ်ရာမရ သို့သော် သူမသွေးကိုတော့ မြင်ခဲ့ရသည် ။

   

 "အတွင်းရေးမှုးကြီး လျှိုကွေ့ဖာကလူတွေကိုရိုက်ပါတယ်...အတွင်းရေးမှူးကြီးဆုံးဖြတ်ရမယ်"


ယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ် ဟန်ရုံဖန်က  ဂရုမစိုက်ပေ ။ သူစိတ်ဆိုးလာလျှင် သူရိုက်စရာရှိသည်ကိုရိုက်သည် ။ ညီအစ်မများဖြစ်သော ကျောက်ကွေရှန်းနှင့် ကျောက်ကွေ့လျန်တို့၏ မျက်နှာနှင့်ခေါင်းကိုရိုက်ကာ သူက ပြောလိုက်၏။


  "ငါကနင်တို့ ဆုံးမဖို့ကြိုးစားနေတာလေ...ငါ့မှာအချိန်တွေပေါနေတယ်များထင်လား"

       

"ဌာနခွဲအတွင်းရေးမှုးက တစ်ယောက်ယောက်ကိုရိုက်လိုက်တယ်...လူကိုရိုက်နေပါတယ်တော့..."

    

ဟန်ရုံလုနှင့် ဟန်ချင်ဖုန့်တို့က သူတို့လူတွေနှင့် ပြေးလာပြီး ပြောလေသည်။


"အစ်ကိုဘာတွေလုပ်နေတာလဲ"


ဟန်ရုံလုက ဟန်ရုံဖန်၏ကြာပွတ်ကို အလျင်အမြန်ဆွဲလိုက်၏။

  ဟန်ရုံဖန်က သူကိုထိုသို့သောပုံစံဖြင့်မတွေ့ဖူးပေ။သူ ဒေါသထွက်လာသောအခါ လူတိုင်းကို  ရိုက်လိမ့်မည်ဖြစ်ပြီး ဟန်ရုံလု ဘက်သို့ကြာပွတ်ကိူချိန်ရွယ်ကာ ပြောလိုက်သည်။

     

"မင်းလိပ်ဥကောင်... ငါဒေါသမထွက်တာ နှစ်နဲ့ချီကြာနေပြီမလို့ သံမဏိအမြှောက်က လေသေနတ်ဖြစ်သွားပြီလို့ မင်းထင်နေတာလားမင်းကိုပတ်ခုန်အောင်လုပ်ပေးမယ်ကွ "

     

ဟန်ရုံလု အရိုက်ခံရပြီး ဝိုင်းအနှံပြေးလွှားနေရတော့၏။ သူ့အနေဖြင့်  ပြန်မတိုက်ခိုက်ရဲသောကြောင့် အလျင်အမြန် ခွင့်လွှတ်ရန် တောင်းပန်လေသည် ။

     

"အစ်ကိုအစ်ကိုငါမှားသွားပါတယ်မရိုက်ပါနဲ့..မရိုက်ပါနဲ့"


ဟန်ချင်ဖုန့်က လက်မခံ ၊ စစ်သားတစ်ယောက်ဖြစ်နေသည်ကို အားကိုး၍ ဟန်ရုံဖန်၏ကြာပွတ်ကိုဆွဲယူရန် ကြိုးစား၏။


ဟန်ရုံဖန်က တစ်ယောက်ထဲလာသည်မဟုတ်၊ အုပ်ချုပ်ရေးမှူးနှင့် အခြားလူငယ်များပါ ပါလာကြသည်။ ဟန်ချင်ဖုန့်လှုပ်ရှားတော့မည်ကိုတွေ့သောအခါ ချက်ချင်း သူ့ကိုတားဆီးကြလေ၏ ။


ဟန်ချင်ဖုန့်က နှာမှုတ်လိုက်သည်။


ဟန်ရုံဖန်က ဖြန်းခနဲရိုက်လိုက်ကာ ကြာပွတ်က ဗလာကိုထိမိသွားပြီး သူကပြောလိုက်၏။


 "ဘာလို့လဲ...လက်မခံဘူးလား...ငယ်ငယ်တုန်းက မင်းကငါ့ရဲ့ပြိုင်ဘက်လို့ ထင်နေတာလား... မင်းစစ်သားဖြစ်ဖူးတယ်ပေါ့ဟုတ်လား... ငါက လေစားဖို့ စစ်သားဖြစ်ခဲ့တာများထင်နေလား... ဒီလောင်ဇီကမင်းတပ်ထဲရောက်နေချိန်မှာ ဂျပန်တွေနဲ့ချွေးတပ်တွေကိုရိုက်နှက်ခဲ့တာကွ... ငါစစ်ထဲဝင်တုန်းက မင်းက မင်းအမေဗိုက်ထဲမှာ ချီးစားနေတုန်းပဲရှိသေးတယ်..."

 (T/N–နယ်ချဲ့သူတွေက သူတို့နယ်ချဲ့ထားတဲ့နိုင်ငံက လူတွေထဲကနေ တပ်သားသစ်စုဆောင်းပြီးဖွဲ့ထားတဲ့တပ်။ )

   

 "ဦးလေးကအကြီးဖြစ်ရင်တောင် သူများတွေကိုအဲ့လိုပြောလို့မရဘူးလေ"


ဟန်ချင်ဖုန့်၏မျက်နှာက စိမ်းဖန့်နေလေသည် ။

    

ဟန်ရုံဖန်က နှာခေါင်းရှုံ့ကာ

        

"ပြောတော့ဘာဖြစ်လို့လဲ

   

ဟန်ချင်ဖုန့်က ယုံကြည်မှုအပြည့်နှင့်ပြောသည်။

       

" လျှိုရှုယွမ်က အကျင့်ပျက်ပြီး ယောကျ်ားနဲ့မိန်းမကြားဆက်ဆံရေးကို ဖျက်စီးတာ ...သူကဝေဖန် ခံသင့်တယ်...အဲ့လိုလုပ်တာ ဘာမှမမှားဘူး"


ဟန်ရုံဖန်က ဟန်ရုံလုနှင့် သူ့သားကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ကာ  အေးစက်စွာပြောလိုက်၏။


"သက်သေတွေကဘယ်မှာလဲ"


ဟန်ချင်ဖုန့်က     ချန်ဇီချင်းရေးထားသည့် တိုင်စာကိုထုတ်လိုက်သည်။


 "သူက အဲ့ဒါကို ခရိုင်ဆေးရုံမှာမြင်ခဲ့တာ... အဲ့တာကအလုပ်မဖြစ်ဘူးဆိုရင် လျှိုရှုယွမ်ကို ဆေးရုံခေါ်သွားပြီး အတည်ပြုခိုင်းလိုက်"

    

ထိုအချိန်တွင် လင်းလန်၏ မာဆတ်ဆတ် အသံထွက်ပေါ်လာ၏။


"သူက ယောက်ျားနဲ့မိန်းမဆက်ဆံရေးကို ဖျက်စီးခဲ့တယ်လို့ ဘယ်သူကပြောတာလဲချန်ဇီချင်းနဲ့လျှိုရှုယွမ် တို့က လပ်ထပ်ကြတော့မှာ "

 

Xxxxx