Part 247
ဟန်ချင်စုန့်က စကားဝင်မပြောသော်လည်း သူ၏မျက်နှာက အေးစက်နေသည်။ လင်းလန်ဘေးတွင်ရပ်နေကာ သူအရှိန်အဝါက အားကောင်းလွန်းသဖြင့် လူတွေက မသိစိတ်ဖြင့် သူ့ကိာ လမ်းဖယ်ပေးလိုက်ကြသည်။
သူတို့၏နောက်တွင် လောဟိုင်ချန်နှင့် ကျန်းဟေးလုတို့ရှိနေကာ ချန်ဇီချင်းက အထိတ်ထိတ်အပျာပျာဖြစ်နေလေသည် ။
လင်းလန်က ချန်ဇီချင်း၏ ပခုံးကို ပုတ်လိုက်ကာ ကျယ်လောင်စွာပြောလိုက်၏။
"ချန်ဇီချင်းက ခွင့်ယူပြီး သူ့မိဘတွေကိုအကြောင်းကြားဖို့ အိမ်ပြန်ခဲ့တာ...သူပြန်လာရင် ရှုယွမ်ကို လက်ထပ်မှာ... အခြေအနေကို နားမလည်ဘဲ ဒီကိုလာပြဿနာရှာတာက လူထုအမိန့်ကို ဆန့်ကျင့်တာပဲ...ငါတို့ရဲခေါ်လိုက်မယ်"
တုန်ဟွိုင်ဟွကလည်း အားတက်သရော ခေါင်းညိမ့်ကာ
"ကောင်းပြီ ...ပြည်သူ့လုံခြုံရေးရဲဘော်... ငါတို့အမှုတစ်ခု သတင်းပို့ချင်ပါတယ်...သူတို့က သက်သေမရှိဘဲ မိန်းကလေးရှုယွမ်က ယောက်ျားနဲ့မိန်းမကြားကဆက်ဆံရေးကို စည်းဖောက်တယ်လို့ပြောတာက ရဲဘော်အမျိုးသမီးများရဲ့ အပြစ်ကင်းစင်မှုကိုသာ ရှုံ့ချခြင်းဖြစ်တယ်"
သူတို့နှစ်ယောက်မှထိုသို့ပြောသောအခါ လျှိုမိသားစုက စာနာသောသူများမှ စတင်သဘောတူကြလေသည်။
"ဟုတ်တယ်ဟုတ်တယ်...ဒီလူတွေက တရားလွန်တာပဲ...သူတို့က အိမ်ထဲကိုအတင်းဝင်ပြီး လူဆိုးဓားပြတွေလို သတ်ဖို့ လုပ်နေတာ.."
"ကိုယ်ရေးကိုယ်တာကိစ္စတွေကို လက်စားမချေနဲ့အဖမ်းခံပြီးအတူတူစစ်ဆေးခံကြ"
ဟန်ရုံလုမျက်နှာပျက်သွားကာ သူ၏လက်ကို အလျင်အမြန်ဝှေ့ယမ်းပြီး ပြောလိုက်သည်။
"ဘာမှမဟုတ်ပါဘူး...ဘာမှမဟုတ်ပါဘူးအထင်လွဲတာပါ...ဒါတွေအကုန်လုံး အထင်လွဲတာပါ"
ဟန်ချင်စုန့်က စကားမပြောသော်လည်း ဤနေရာမှာရပ်နေသည်ဖြစ်ရာ သူ၏အားကောင်းသော အရှိန်အဝါက အပြည့်အဝထွက်ပေါ်နေပြီး ကျောချမ်းဖွယ် အပြစ်ရှိစိတ်ကို ခံစားရစေရန် လုံလောက်လေ၏။
ဟန်ချင်ဖုန့်က သူနှင့်ဆက်လက်ယှဉ်ပြိုင်နေချင်သေးပြီး သူ့ကို စိုက်ကြည့်လိုက်သော်လည်း ဟန်ချင်စုန့်၏အကြည့်က သူ့မျက်နှာပေါ်တွင် တစ်စက္ကန့်မျှပင် မကြာလိုက်ပေ။
ဟန်ရုံလု အသိပြန်ဝင်လာပြီး ချန်ဇီချင်းဆီပြေးသွားကာ ကြမ်းတမ်းစွာ စိုက်ကြည့်လိုက်သည် ။
"အဲ့ကိစ္စကို သတင်းပို့တုန်းက မင်းဘာပြောခဲ့လဲ..."
ချန်ဇီချင်းအနေဖြင့် ယခုအချိန်ရောက်မှ မည့်သည်ကို ပြောနိုင်တော့မည်နည်း။
သူက ရထားပေါ်သို့ရောက်ပြီးနေပြီဖြစ်သော်လည်း ရထားမထွက်မီတစ်မိနစ်အလိုတွင် ဟန်ချင်စုန့် ရောက်လာကာ ရထားပေါ်ခုန်တက်လာပြီး သူ့ကို ကန်ချသည် ။
ဟန်းချင့်စုန့်၏ အားကောင်းသောအရှိန်အဝါကြောင့် သူဖိနှိပ်ခံရကာ ထိုနေရာတွင်ပင် သေးပေါက်ချမိခဲ့၏။
ထို့နောက် ဟန်းချင်စုန့် ဘာမှမပြောပဲ သူ့အားတိုက်ရိုက်ခေါ်ကာ အခြားလူများနှင့်အတူ အိမ်သို့အပြေးအလွှားပြန်ကြသည်။
သူတို့ အလျင်လိုနေသောကြောင့် သတင်းများကိုပင် လမ်းတွင်ဆက်သွယ်ကြရ၏။ သူတို့ကြည့်ရသည်မှာ အချိန်တစ်စက္ကန့်မျှပင် မဖြုန်းတီးချင်နေကြသည့်ပုံပင်ဖြစ်လေသည်။
သို့သော် ထိုမြည်းမည်းက ပြောနေသည်ကို သူရှင်းရှင်းလင်းလင်း ကြားခဲ့ရ၏။
"အဲ့ကောင်ကိုဘာလို့ပြန်ဖမ်းလာရတာလဲမင်းဒီတိုင်း ပစ်သတ်လိုက်လို့ရတာပဲ"
လောဟိုင်ချန်ဟုခေါ်သည့်လူမှ ပြောလေသည်။
"မဟုတ်ဘူး...ငါတို့ ရွာကိုပြန်ပြီး ဒုက္ခတွေရှင်းရဦးမယ်...သူကအေးအေးဆေးဆေးပူးပေါင်းရင် တော့ သူအဆင်ပြေမှာပါမပူးပေါင်းဘူးဆိုရင်တော့ အရင်ဆုံးထောင်ထဲဝင်ရမှာလေ...ပြီးရင် ရမ်းကားမှုနဲ့ အပစ်သတ်ခံရမှာ"
ရှုယွမ်က သူ့ကိုထုတ်ပြောပစ်လိုက်ပြီဟု သူယုံကြည်သည်။မည်သို့ပင်ဖြစ်စေ သူက ဟန်ရုံလုကို ပိုက်ဆံချေးခြင်းအတွက် တိုင်ကြားရန် ပြောခဲ့သည်။ ရှုယွမ်က သူ့ကို မုန်းနေသည်မှာသေချာပြီး သူ့ကို မတိုင်ဘဲနေသည်က မဖြစ်နိုင်ပေ။
သို့သော် လျှိုမိသားစု၏ ဂုဏ်သတင်းက ရှိနေသေးသည် ။ ထိုကိစ္စအား ဖုံးကွယ်ရန် သေချာပေါက်ပင် နည်းလမ်းရှာမည် ဖြစ်၏ ။ ဟန်ချင်စုန့်က သူကို လာရောက်ဖမ်းစီးသည်ကိုကြည့်လျှင် အကယ်၍ သူသာ ဖော်ထုတ်ခံရပါလျှင် သူတို့ သူ့ကို လာရှာရန် မလိုအပ်ကြောင်း သူသိသည်။
အများဆုံး သူ့ကို ပြင်းပြင်းထန်ထန်ရိုက်စစ်ကြရုံသာဖြစ်ပြီး အသတ်မည်မဟုတ်သည်က သေချာပြီး စီရင်ချက်ချရန်ကား ဝေးရော့ပင်။
သူတို့က သူ့ကိုသေချာပေါက် ပြန်သွားပြီး လက်ထပ်စေချင်ခြင်းဖြစ်၏။
ထိုကဲ့သို့တွေးလိုက်ခြင်းက သူ့စိတ်ကိုပိုမိုတည်ငြိမ်စေခဲ့သည်။
အထူးသဖြင့်ရွာနားသို့ ကပ်လာသောအခါ ဟန်ချင်စုန့်က သူ့ကို အေးစက်စွာကြည့်ကာ ပြောလေသည် ။
"မင်းဘာလုပ်ရမလဲဆိုတာ သိပါတယ်"
သူက ဥာဏ်ကောင်းသောသူဖြစ်၏။ အရာအားလုံးအားထုတ်ဖော်လိုက်ပါက အပင်ပန်းခံစာမလိုတော့သည်ကို သူသိသည်။သူတစ်ခုမှ မလုပ်ခဲ့ဟု သူပြောရဲပါက လျှိုရှုယွမ်က သူ့ကို သွားပုတ်လေလွင့်ပြောလိမ့်မည်ဖြစ်ကာ ဟန်ချင်စုန့်လည်း ထိုနေရာတွင်ပင် သူ့ကို ပစ်သတ်ပေလိမ့်မည်။
ထိုကဲ့သို့သော ပုံစံကိုတွေးကြည့်ပါက သူသေလောက်အောင်ပင် ကြောက်မိသည် ။
သူက တစ်ခုခုကို အစပျိုးပြောဆိုလိုက်၏။
"ဟန်...ညွှန်မှူးဟန် ခင်...ခင်ဗျားသိလားကျွန်...ကျွန်တော်ထွက်မပြေးချင်ပါဘူးကျွန်...ကျွန်တော်က အိမ်ကိုပြန်ပြီးကျွန်တော့်မိဘတွေကိုပြောချင်တာပါ ...ကျွန်တော်ပြန်လာရင် ကျွန်...ကျွန်တော် ရှုယွမ်ကို လက်ထပ်မှာပါကျွန်တော် အဝေးကိုထွက်ပြေးတာမဟုတ်ရပါဘူး...ကျွန်...ကျွန်တော် တကယ်... ကျွန်တော့်ကို ယုံ...ယုံပါ"
ဟန်ချင်စုန့်က အေးစက်စွာပြောလာခဲ့သည် ။
"မင်းကငါ့ကို ဘာကိုယုံစေချင်တာလဲ"
ချန်ဇီချင်း၏ အမြင်အရ ဟန်ချင်စုန့်က ရက်စက်ကာအန္တရာယ်ရှိသောလူဟု မြင်၏။ သူ စိတ်မပျော်လျှင် သူ့တစ်ကိုယ်လုံး ရိုက်နှက်တော့မည် စိတ်ခံစားချက်ကို ရနေသည် ။ ထို့ကြောင့် သူ အီးပင်မပေါက်ရဲဖြစ်ကာ နာခံစွာဖြင့် လိုက်လာခဲ့ရသည် ။
ထိုအချိန်တွင် သူနှင့်ရှုယွမ်လက်ထပ်ကြတော့မည်ဟု လင်းလန်ပြောနေသည်ကို ကြားခဲ့လိုက်သည်။ ထို့ကြောင့် အသက်ကယ် ကောက်ရိုးတမျှင်အား ဆုပ်ကိုင်သည့်အနေဖြင့် သူမြဲမြဲဖက်တွယ်လိုက်၏။
ဟန်ရုံလုက သူ့ကို မေးခွန်းထုတ်နေသည်ကိုတွေသောအခါ သူက တုန်တုန်ရီရီဖြင့် အထစ်ထစ်အငေါ့ငေါ့ပြောလိုက်သည်။
"လက်ထောက်ခေါင်းဆောင်...ခင်ဗျား...ခင်ဗျားတို့အထင်လွဲနေတာပါ...ကျွန်တော် အဲ့တာကို မတိုင်ကြားခဲ့ပါဘူး...ကျွန်တော်က...အိမ်ပြန်ဖို့ ပိုက်ဆံချေးချင်ခဲ့ရုံပါ...ကျွန်တော်ပြန်လာရင်ရှုယွမ်ကို လက်ထပ်မှာပါ"
ဟန်ရုံလု၏မျက်လုံးထောင့်များက ပေါက်ကွဲထွက်မတတ်နီရဲလာပြီး ချန်ဇီချင်းကို ကော်လံမှဆွဲမကာ ဒေါသတကြီး ပြောလိုက်သည်။
"ငါ့ကို စောက်ရေးမပါတာတွေလာမပြောနဲ့"
ဟန်ရုံဖန်က အေးစက်စွာ ပြော၏။
"ဒါက ဘာအတွက်လဲ...တခြားသူတွေကို
ထိခိုက်အောင် သူများကို ဖိအားပေးတာလား..."
ဟန်ရုံလု ဒေါသထွက်လွန်း၍ တိုင်ကြားစာအား ဆွဲဖြန့်လိုက်ကာ ချန်ဇီချင်းဆီ ပစ်ပေါက်လိုက်သည်။
"မင်းဘာမင်းပြော..."
ချန်ဇီချင်းက ခေါင်းငုံ့ကာ ခါရမ်းလိုက်၏။ အရူးပင် ဟန်ချင်စုန့် နားထောင်နေမှန်း သိသည်သူ တိုးတိုးလေး ပြောလိုက်၏။
"ကျွန်တော် ကျွန်တော် ခင်ဗျားကိုလိမ်ခဲ့တာ"
"မင်းမေ."
ဟန်ရုံလုက ရှေ့တိုးကာ သူ့ကို ထိုးကြိတ်ကန်ကျောက်လေတော့သည် ။
လူတွေက ဝိုင်းကြည့်နေကြသော်လည်း ဘယ်သူမှ ရှေ့တက်မဆွဲကြပေ။
ချန်ဇီချင်း ပထမအစတွင် တအီအီငိုကာ အကူအညီတောင်းခဲ့သော်လည်း သူ့ကို မည်သူမှ ဂရုမစိုက်သောကြောင့် ခေါင်းကိုလက်မောင်းဖြင့်ကာ၍ ပုစွန်ထုပ်ကဲ့သို့ ခန္ဓာကိုယ်ကိုကွေးကာ သူ့ခေါင်းနှင့်ဗိုက်တို့ကို မထိခိုက်အောင် ကာကွယ်ပြီး ထွက်ပြေးရုံသာတတ်နိုင်၏။
Xxxxxxx
Part 248
ဟန်ရုံလုကလည်း သူ့ကိုလိုက်ရိုက်သည်။
ဟန်ယုံဖန့်က ချောင်းဟန့်လိုက်ကာ "လုံလောက်ပြီ ..."
ဟန်ရုံလုရှက်သွားပြီး ဟန်ရုံဖန်က လျှိုကွေ့ဖာကိုကာကွယ်နေကြောင်းသိသဖြင့် မကျေမနပ်ဖြင့် သူ့ကိုခေါ်သွားလိုက်ရတော့၏။
လင်းလန်က ကျောက်ကွေရှန်းတို့ညီအစ်မရှိနေသည်ကိုတွေ့သောအခါ ချက်ချင်း ထပြောလိုက်သည်။
"အိုး...ဆီးအိုးနှစ်ခုပါလားအဲ့တာကြောင့် နံစော်နေတာကိုး..."
အစ်မဖြစ်သူ ကျောက်ကွေရှန်း စိတ်တိုလွန်း၍ လင်းလန်အနားသို့သွားကာ မျက်နှာကို ကုတ်ဖဲ့ပစ်လိုက်ချင်နေသည်။ သို့သော် လူအုပ်ကြီးက သူမအားကြည့်နေ၏ ။ အထူးသဖြင့် ဟန်ချင်စုန့်၏ မျက်လုံးများက လူတွေကို စားပစ်ချင်သည့်အတိုင်း ကြည့်နေလေသည်။
နှစ်ယောက်သား ကြောက်လွန်း၍ ကပျာကယာ တစ်ယောက်ကိုတစ်ယောက် တွဲကာထွက်သွားကြ၏။
အနည်းငယ်သွားပြီးသော် ကျောက်ကွေရှန်း နာကျင်မှုကြောင့် ငိုကြွေးတော့သည်။
" သူတို့က ဘာဖြစ်လို့ဒီလောက် အပေါ်စီးကနေ ဆက်ဆံရတာလဲသူတို့တွေက လူတွေကို နှိပ်ကွပ်ချင်နေကြတာ...သွားပြီးတရားစွဲကြမယ်"
ဟန်ချင်ဖု့န်က ဒေါသတကြီး ပြောလေ၏။
"ရပ်စမ်း... သူ့ကြောင့်သာမဟုတ်ဘူးဆိုရင် သုံးနှစ်လောက် တစ်ရွာလုံးက လူ တစ်ဝက်ကျော် ငတ်သေကုန်ကုန်မှာ"
တိုင်နေလည်း အသုံးမဝင်ပေ။
ဤသည်မှာ ကျေးရွာရှိ ပုဂ္ဂိုလ်ရေးအငြင်းပွားမှုမျှသာဖြစ်ပြီး ဌာနခွဲအတွင်းရေးမှူးက ပြဿနာတစ်စုံတစ်ရာမရှိဘဲ ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းခဲ့သည်။နည်းလမ်းက ကြမ်းတမ်းသော်လည်း မည်သူကိုမျှ မသတ်ခဲ့သလို သူ့အထက်လူကြီးများကလည်း ထိုဟာကို ဂရုမစိုက်ကြပေ။
သို့ပေမဲ့ လျှိုရှုယွမ်က မြစ်ထဲကို တကယ်ခုန်ချခဲ့မည်ဆိုပါက သူတို့ ရှောင်ပြေးနိုင်မှာ မဟုတ်ပါချေ။
ကျောက်ကွေ့ရှန်း သူမ၏ တင်ပါးများကို ဆုပ်ကိုင်ကာ ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲလိုက်သည်။
ဟန်ချင်ဖုန့်က ငေါက်လိုက်၏။
"မင်းကို ဘယ်သူက လုပ်ခိုင်းလို့လဲ..."
ထိုအချိန်က လျှိုကွေ့ဖာကို လူမြင်ကွင်းတွင် ဝေဖန်ရန်အတွက် လူလာဖမ်းခဲ့သော်လည်း ယခုတွင် သူတို့အနေဖြင့် ဤကဲ့သို့ ဒုက္ခရှာရန် ရောက်လာသလိုဖြစ်သွားပြီး ဟန်ရုံဖန်၏ တားမြစ်ချက်ကို ချိုးဖောက်မိခဲ့သည်။
ဟန်ရုံဖန်က အခြားသူများ၏ အိမ်ထဲသို့ ပြေးဝင်ကာ ရိုက်ခွဲလုယက် မီးရှို့သည့် လူတစ်စုကို မုန်းတီးသည်။ဘာကြောင့်ဖြစ်သည်ကို သူတို့ မသိသော်လည်း သူက ယင်းကို အလွန်မုန်းတီးကာ ရွာထဲတွင် လုံးဝ ခွင့်မပြုပေ။
ယခုမူ ကောင်းရော့ပင်၊ သူတို့ ချန်ဇီချင်းကို ရှာတွေ့ပြီး သူတို့လူအဖြစ် ပေါင်းစည်းလိုက်၏။
ကျောက်ကွေ့ရှန်း စကားမပြောရဲတော့ပေ။
ဟန်ရုံဖန်က တစ်ချက်လှမ်းကြည့်လိုက်ပြီး အုပ်ချုပ်ရေးမှူးကိုပြော၏။
"သောက်ရေးမပါတဲ့အဂ်တေလို ဒီမှာဘာလုပ်နေတာလဲ... အလုပ်သွားစရာ မလိုဘူးလား"
အုပ်ချုပ်ရေးမှူးက သူ့စကားကို နာခံပြီး အလုပ်သွားရန် ချက်ချင်း လောဆော်လိုက်သည်။
"နောက်တစ်ခါ ဒီလိုလုပ်ရင် ပျင်းပြီး ငတ်သေမယ်နှော..."
အပျင်းထူသူတွေက အလျင်စလို လူစုခွဲကြပြီး အလုပ်သွားသည့်သူတွေက အလုပ်သွားကြကာ တခြားအလုပ်တွေနှင့် အလုပ်ရှုပ်ကုန်ကြ၏။
ဟန်ချင်စုန့် နှင့် အခြားသူများက ချန်ဇီချင်းကို အချိန်မီဖမ်းဆီးနိုင်ခဲ့သောကြောင့် ချန်ဇီချင်းက ရှုယွမ်နှင့် လက်ထပ်မည်ဖြစ်ကြောင်း ဝန်ခံခဲ့ပြီး ဟန်ရုံဖန်က အင်အားလုံလုံလောက်လောက်ဖြင့် ဤကိစ္စကို နှိမ်နင်းခဲ့သည်။
ကျောက်ကွေ့ရှန်း နှင့် အခြားသူများက မယုံကြည်ကြသေးဘဲ နောက်ကွယ်တွင် အတင်းအဖျင်းပြောကြသော်လည်း လျှို၏အိမ်သို့ မျက်နှာချင်းဆိုင်ပြောရန် မည်သူမျှ မလာရဲကြပေ။
နှစ်ရက်အကြာတွင် လျှိုမိသားစုက ဟန်ရုံဖန်၊အုပ်ချုပ်ရေးမှူး ၊ လင်းလန်၊ ဟန်ချင်စုန့် နှင့် တုန်ဟွိုင်ဟွတို့ကို သက်သေအဖြစ် ဖိတ်ကြားလိုသည်ဟုပြောကာ ဖိတ်ခေါ်ခဲ့သည်။
လင်းလန်က လပ်ထပ်ပွဲအကြောင်း ပြောရန် ဖြစ်နိုင်သည်ဟု ခန့်မှန်းမိ၏။ယခုလို အဖြစ်အပျက်တွေဖြစ်ပြီးနေပြီဖြစ်ရာ မင်္ဂလာပွဲ ကျင်းပရန် မလိုတော့ဘဲ တပ်မဟာက တိုက်ရိုက် ကြေငြာစာ ထုတ်နိုင်သလို ကွန်မြူနတီ လက်မှတ်ကိုပဲ တောင်း၍လည်း ရပေသည်။
ရွာကလူတွေက သံသယဖြစ်နေကြသော်လည်း တရားဝင်လင်မယားဆိုသည့်အတွက် ဘယ်သူမှ မပြောရဲကြပေ။
သူမက ဟန်ချင်စုန့်ဆီမှာ မညည်းညူဘဲ မနေနိုင်ခဲ့ချေ။
"ဒီငါးဆားနူအတွက် တကယ်စျေးပေါတယ်... သူဒီလိုလုပ်ခဲ့ပြီး တာဝန်မယူဘူး... သူက တကယ် ရှုယွမ်ကို သစ္စာဖောက်ပြီး သူ့ဘာသာသူ ထွက်ပြေးခဲ့တာလေ"
သူ့ခြေထောက်တွေ အချိုးခံရသင့်တာ...
သူမ ယခုလိုပြောပေမဲ့ လျှိုမိသားစုက ရှုယွမ်ကို လက်ထပ်ခိုင်းမည်ဆိုခြင်းအား သူမသိထားပြီးဖြစ်ကာ ဤဂုဏ်သတင်းကြောင့် ဘယ်သူကမှ တာဝန်မဲ့မှတ်ချက်ချရန် အခွင့်အရေးရှိမှာမဟုတ်ပါချေ။
ဟန်ချင်စုန့်က သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး ဘာမှမပြောပေ။သူတို့ လျှိုအိမ်သို့ရောက်သောအခါတွင် အခန်းအပြည့် လူများရှိနေလေပြီ။သူတို့ရောက်လာသည်ကိုမြင်လျှင် ရှုယွမ်အမေက ဌာနခွဲအတွင်းရေး မှူးနှင့်အုပ်ချုပ်ရေးမှူးတို့၏ဘေးတွင်ထိုင်ရန် လှိုက်လှိုက်လှဲလှဲဖိတ်ခေါ်လာသည်။
လင်းလန်က ဟန်ချင်စုန့်ကို လွှတ်လိုက်ပြီး တုန်ဟွိုင်ဟွနှင့် လိုက်သွား၏။
ချန်ဇီချင်းက အပြင်မထွက်မီ ဆယ်ရက်ခန့် အမှောင်ခန်းကျဉ်းလေးတွင် ငုတ်တုတ်ထိုင်နေခဲ့ရသကဲ့သို့ ခေါင်းငုံ့ကာ မျက်တွင်းဟောက်ပက်
ဖြင့် မတ်တပ်ရပ်နေပြီး သူ့မျက်နှာက ဖြူဖျော့နေသည်။
အမှန်တွင် လျှိုကွေ့ဖာ သူ့ကို ရိုက်နှက်ခဲ့ခြင်းမရှိပေ။မည်သို့ပင်ဖြစ်စေ သူ့သမီးက ချန်ဇီချင်းနှင့် လက်ထပ်တော့မည်ဖြစ်၏။
သူအမှားတစ်ခုခုလုပ်ထားမိပြီး ရှုယွမ်က မြစ်ထဲခုန်ချတော့မည်ဆိုသည့်သတင်းကိုကြားကာ ထိတ်လန့်လွန်း၍ အိပ်မပျော်စားမဝင်ဖြစ်ခဲ့သဖြင့် သဘာဝအတိုင်း ယခုလိုဖြစ်သွားခြင်းပင်။
ထိုအချိန်တုန်းက သူတကယ်ကို ကြောက်ရွံ့ပြီး တစ်စုံတစ်ဦး တွေ့သွားပါက ဖမ်းဆီးခံရမည်ကို စိုးရိမ်သောကြောင့် သူ့မိသားစုထံ အကူအညီတောင်းရန် ကြေးနန်းစာတစ်စောင် ပေးပို့ခဲ့သည်။ သူမိသားစုဆီက ကြေးနန်းရောက်လာပြီး သူ့အနေဖြင့် ရထားလက်မှတ်ဝယ်ရန် ပိုက်ဆံချေးရတော့၏။ သို့ပေမဲ့ ဘယ်သူမှ သူ့ကို ပိုက်ဆံအများကြီးမချေးနိုင်သလို ရထားလက်မှတ်တွေကလည်း ဈေးကြီးသည့်အတွက် သူ့မှာ ရွေးချယ်စရာမရှိဘဲ ဟန်ရုံလုဆီသွားပြီး ရှုယွမ်ဆေးရုံသွားသည့်သတင်းကို ဟန်ရုံလုအား ငါးယွမ်နှင့် ရောင်းလိုက်သည်။
ရှုယွမ်၏အဖေက လုံခြုံရေးညွှန်မှူးဖြစ်ပြီး လျှိုရှုယွမ်ကလည်း အလွန်နာမည်ကြီးသောကြောင့် လူတိုင်းက သူမကို ပို၍သည်းခံနိုင်လိမ့်မည်ဟု သူထင်ခဲ့၏။ ဟန်ရုံလုက အနှောင့်အယှက်တစ်ခုမျှသာဖြစ်ပြီး ဆိုးရွားလှသည်မဟုတ်ကြောင်း သူသိသည်။
(ဪ)
လျှိုကွေ့ဖာက သူ့ကို ပြန်ခေါ်သွားသည့်အခါ အခန်းထဲကို ဝင်လိုက်သည်နှင့် ဒူးထောက်ပြီး ရှုယွမ်အား သူ့ကို ခွင့်လွှတ်ပေးရန် တောင်းပန်ခဲ့၏။
ရှုယွမ်က သူ့ကို ပြည်သူ့လုံခြုံရေးဗျူရိုသို့ ရက်ရက်စက်စက် ပို့ပစ်ပြီး လူရမ်းကားတစ်ယောက်၏ နမူနာအဖြစ် ပစ်သတ်ခံရမည်ကို ကြောက်လွန်း၍ သူ့ဘောင်းဘီထဲမှာ ထပ်ပြီး သေးပေါက်ချမိပြန်သည်။
(ဟိုက ကြိုက်နေသေးရင်တောင် ထူးဆန်းဦးမယ်)
"ညွှန်မှူး...ကျွန်တော်က တကယ်ကို အိမ်လွမ်းနေပြီး ဖြေရှင်းနည်းတစ်ခုရှာဖို့ကြိုးစား ခဲ့တာပါ...ရှုယွမ် တစ်ယောက်တည်း ထားခဲ့တာ မဟုတ်ရပါဘူး..."
သူက ကပ်ဖဲ့ပြီးဘူးခါငြင်းချင်နေဆဲဖြစ်၏။
ရလဒ်အနေဖြင့် လျှိုကွေ့ဖာက သူ့ကို ရိုက်လည်းမရိုက် ၊ဘာကြောင့် ထွက်ပြေးသွားတာလဲဟုလည်း မစုံစမ်း၊ ဘာမှလည်း မလုပ်ခိုင်းဘဲ "ငါတို့က လက်ထပ်ဖို့ ကတိပြုပြီးပြီဆိုတော့... အခုကနေစပြီး ကောင်းမွန်တဲ့ ဘဝကို ဖြတ်သန်းနိုင်မှာပါ"ဟုသာဆိုလာသည်။
ဟန်ရုံဖန်ကလည်း ပြောခဲ့၏။
" အရင်တုန်းကတော့ သူများတွေ ဘယ်လိုပဲတွေးနေပါစေ... အခု မင်းတို့က လက်ထပ်ပြီး လင်မယားတွေဖြစ်သွားပြီဆိုတာ သွားသက်သေပြတော့... အနာဂတ်မှာ ဘယ်သူကမှ ကောင်းတယ် ဆိုးတယ် ပြောမှာမဟုတ်ဘူး... ဘဝကိုကောင်းကောင်းမွန်မွန် ဖြတ်သန်းပြီး အဲဒီလူတွေရဲ့ ပါးစပ်ကို ပိတ်ပစ်လိုက်..."
Xxxxxxxx