အပိုင်း ၂၅၁-၂၅၂
Viewers 23k

Part 251


လက်ရှိမှာ ယင်းက ထိုပညာတတ်လူငယ်တွေနှင် ကွန်မြူနတီ  အဖွဲ့ဝင်လူငယ်တွေကို သူတို့၏တာဝန်ကို ထမ်းဆောင်စေရန်အတွက် ခြောက်လှန့်ဖို့ရာ ဥပမာကောင်းတစ်ခုပင်။


လင်းလန်က လျှိုကွေ့ဖာအား လျှိုရှုယွမ်ကို အများအမြင်ကနေရှောင်ရှားရန် ယုံကြည်ရသည့် ဆွေမျိုးအိမ်ဆီ နှစ်ရက်လောက် လွှတ်ထားရန် အကြံပေးခဲ့ပြီး နောက်ဘာဆက်လုပ်ရမလဲဆိုသည်ကို  စိတ်အေးအေးထားတွေးရန်ပြောခဲ့သည်။


လျှိုကွေ့ဖာက   သူ့မိန်းမနှင့် ဆွေးနွေးခဲ့ပြီး ဤအကြံပြုချက်ကို လက်ခံကာ လျှိုရှုယွမ်ကို သူမအဖွားအိမ်သို့ ခေတ္တစေလွှတ်ခဲ့၏။


ချန်ဇီချင်းက အခြားနေရာမှ ပညာတတ်လူငယ်တစ်ဦးဖြစ်သောကြောင့် ကွန်မြူနတီသို့ ပို့ဆောင်ခံရပြီး အခြေအနေကို ခရိုင်တော်လှန်ရေးကော်မတီထံ အစီရင်ခံတင်ပြရသဖြင့် ခဏအတွင်းမှာ အသတ်ခံရမည်မဟုတ်ပေ။


ရှန်ရွေ့ရွာက ယခင်ငြိမ်းချမ်းမှုသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ကွန်မြူနတီအဖွဲ့ဝင်များက ဆောင်းဦးထွန်ယက်ခြင်း၊ ဂျုံစိုက်ပျိုးခြင်း၊ ကန်စွန်းဥခြောက်များ ခွဲဝေခြင်း၊ ကန်စွန်းဥများခွဲဝေခြင်း၊ ထင်းဆွဲခြင်းစသည်ဖြင့် အလုပ်များနေသည်။


 အားလပ်ရာသီတွင် လင်းလန်အနေဖြင့်  ဝါဒဖြန့်ခြင်းနှင့် အလုပ်ရှုပ်နေရင်း ရှောင်ဝမ်အတွက်ပါ စီစဉ်ပေးရ၏။


ဆောင်းဦးမိုး အလွှာတစ်လွှာနှင့် အေးမြမှု တစ်လွှာ။ယနေ့ နေသာသည်၊ ကောင်းကင်ကကြည်လင်ပြီး တိမ်တွေ ပေါ့ပါးကာ နေကလည်းမြင့်မားနေ၏။ 


လင်းလန်မှာ အလုပ်မရှိသဖြင့် အိမ်တွင် ကန်စွန်းဥပြုတ်များကို အအေးခံကာ လှီးဖြတ်ပြိး နေပူတွင် အခြောက်လှန်းခဲ့သည်။


ဖျာပေါ်တွင် တစ်ခုပြီးတစ်ခု ချထား၍ ဖြစ်စေ တဝမ်နှင့် အခြားသူများခုတ်လှဲထားသော ဆူးကိုင်းများပေါ်တွင် တိုက်ရိုက်ဆွဲထား၍ဖြစ်စေ လေထဲတွင် အခြောက်ခံရန်အတွက် တံစက်မြိတ်အောက်မှာ တစ်ခုပြီးတစ်ခု ဆွဲထားရ၏။ သရေစာအဖြစ် သိမ်းထားပြီး ဖြည်းဖြည်းစား၍လည်းရသလို ကန်စွန်းဥအကြွပ်ကြော်အဖြစ် မွှေကြော်၍လည်းရလေသည်။


 ကန်စွန်းဥအချပ်အချို့ ကျန်နေသေးသဖြင့် ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ်ဖြန့်ထည့်ကာ ကန်စွန်းဥအချပ်များကို ထည့်ကြော်လိုက်၏။


နှစ်ဘက်လုံး ရွှေဝါရောင်သန်းသည့်အထိ အမြန်ကြော်ပြီးနောက် မွှေးကြိုင်ကာ အရသာရှိပြီး အနံ့ကလည်း စားချင်စဖွယ်ဖြစ်နေသည်။

ပြီးသွားသည့်အခါ၌  လင်းလန် အားဝမ်နှင့်မိုင်စွေ့ကို အိမ်မှာ ချက်ပြုတ်ခိုင်းလိုက်၏။ ထို့နောက်  ကန်စွန်းဥကြော်များကို ပန်းကန်လုံးကြီးတစ်လုံးအပြည့်ဖြည့်ပြီး ရှောင်ဝမ်ကို သူစားရန်အတွက် တစ်တုံးပေးလိုက်ကာ လက်သေးသေးလေးကို ကိုင်၍ ဟောင်ယွမ်ကို အရှာထွက်ခဲ့သည်။


ဟောင်ယွမ်၊ ဟန်ချင်းဖျင်နှင့် ပညာတတ်လူငယ်တစ်ဦးတို့က ကျောင်းရှိတဲနှစ်လုံးတွင် နေထိုင်ကြ၏။


 လင်းလန် ရှောင်ဝမ်ကို ခေါ်၍ဝင်သွားချိန်၌ သူတို့ သုံးယောက်က ညစာအတူတူစားနေကြသည်။


သူမရောက်လာသည်ကိုမြင်သောအခါ သူတို့ အတော်လေး လှိုက်လှိုက်လှဲလှဲရှိကြပြီး အထူးသဖြင့် ဟန်ချင်းဖျင်ပင်။

"ရဲဘော်လင်းလန် လာ... ထိုင်ပြီး စားလှဲ့..."


လင်းလန်က ပြုံးပြီး

"ကျောင်းအုပ်တို့အတွက် ကန်စွန်းဥကြော်တချို့ ကျွမ်လုပ်ထားတယ်"


 သူမ ပန်းကန်လုံးအကြီးကြီးကို ဟောင်ယွမ်ကို ပေးလိုက်ပြီး ဟောင်ယွမ်က ပန်းကန်ပြားထဲ အလျင်အမြန် လောင်းထည့်ကာ ပန်းကန်လုံးကို လင်းလန်ထံသို့ ပြန်ပေး၍ သူမကို နောက်တစ်ကြိမ် ထိုင်ခိုင်းလိုက်သည်။


လင်းလန်ကပြောလိုက်၏။

 "ဆရာဟောင် ဆရာကတော့  စွယ်စုံရပဲ...ပုံဆွဲ၊သီချင်းဆို၊စန္ဒယားတီးအကုန်ရတယ်... ကျွန်မတို့ရှောင်ဝမ်က ပုလွေမှုတ်တာကလွဲလို့  တခြားစိတ်ဝင်စားတာမရှိဘူး...ကျွန်မ သူ့ကို ဘာဂျာဝယ်ပေးခဲ့တယ်...ဆရာအားတဲ့အချိန်မှာ သူ့ကိုဘာဂျာတီးတတ်အောင် သင်ပေးလို့ရမလား"


ဟောင်ယွမ်ကရှောင်ဝမ်ကို တစ်ချက်ကြည့်လိုက်သည်။ရုပ်ရည်လှပကာ အကျင့်ကောင်းပြီး အနေအေးသည့် ကလေးတစ်ယောက်ကို မည်သူမှ သဘောမကျဘဲမနေနိုင်ပေ။ သူက ရှောင်ဝမ်ပုခုံးကို ကိုင်ကာ ဒူးထောက်ပြီး ပြောလိုက်၏။


  "ရှောင်ဝမ်... ဆရာဟောင်ဆီက သင်ဖို့ ဆန္ဒရှိလား"


ရှောင်ဝမ်က ခေါင်းညိတ်ပြကာ သူ၏ကိုယ်ပိုင်ဘာဂျာလေးကိုထုတ်၍ စတင်မှုတ်လေသည်။

တေးသွားမရှိသော်လည်း အသံတစ်ခုစီက သီးခြားဖြစ်ပြီး ကြုံရာကျပန်းမှုတ်ခြင်းမဟုတ်ပေ။


ဟောင်ယွမ်က အံ့အားသင့်စွာဖြင့်ဆိုလိုက်၏။


 "ရှောင်ဝမ်...သား က အရမ်းအံ့သြဖို့ကောင်းတာပဲ..." 

 ရှောင်ဝမ်၏ ဖြူဖွေး နူးညံ့သော မျက်နှာလနီမြန်းသွားသည်။


ဟောင်ယွမ်ကရှောင်ဝမ်ကိုလည်း ကျောင်းတက်ခွင့်ပြုရန် သဘောတူခဲ့သော်လည်း  သူက ငယ်သေးသည့်အတွက် နေ့တိုင်းလာရန် အကြံမပြုဘဲ၊ တစ်ပတ်ကို သုံးလေးရက် လာခိုင်းကာ ကျောင်းဝိုင်းထဲမှာ ဆော့ကစားစေရင်း  သူအားသည့်အချိန်တွင် ဘာဂျာမှုတ်နည်းနှင့်   ဂီတသီအိုရီဗဟုသုတအချို့သင်ပေးမည်ဖြစ်၏။


 လင်းလန်က  တဝမ် နှင့်စန်းဝမ်တို့အကြောင်း ဟန်ချင်းဖျင်ကို မေးလိုက်သည်။


မိုင်စွေ့က   သင်ယူရသည်ကို ဝါသနာပါ၏။ အားဝမ်ကမူ မိုင်စွေ့လောက် မတော်သော်လည်း မဆိုးလှပေ။လင်းလန်သူတို့ကို စိတ်မပူပေ၊သူ​

မစိတ်ပူသည်က တဝမ်နှင့်စန်းဝမ်ဖြစ်၏။


 "ကျောင်းအုပ်... အဲဒီအဆိုးအပေလေးနှစ်ယောက် နာခံမှုမရှိဘဲ ကျောင်အုပ်စကား  ကောင်းကောင်းနားမထောင်ရင် ဆုံးမသာဆုံးမပစ်ပါ"


ဟန်ချင်းဖျင် အတော်လေး  စိတ်သက်သာရာရစွာ ပြုံးလိုက်မိသည်။ ဆရာ၊ဆရာမများအတွက် ကျောင်းသားကောင်း ဆယ်ယောက်ကို ပညာသင်ပေးရုံနှင့် သုံးဖြုံးပျော်ပါးနေသော သားတစ်ယောက်ကို ပြန်ခေါ်ရန် မလုံလောက်ပါချေ။ ထို့အပြင် လှပပြီး မိမိကိုယ်ကိုနှိမ့်ချသော အပေါက်ဆိုးဆိုးအမျိုးသမီးကို  ကြည့်ခြင်းထက် ပို၍ လှပပြီး လိမ္မာပါးနပ်သော အမျိုးသမီးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသည့်ကိုကြည့်ရခြင်းက ပို၍ဝမ်းမြောက်ဖွယ်ရာမဟုတ်ပါလော။


သူမအမြင်အရ၊ လက်ရှိလင်းလန်က ရှန်ရွေ့ ရွာ၏ လှပမှုနှင့် ဉာဏ်ပညာအတွက် တာဝန်ရှိသူဖြစ်လေသည်။ ကျောင်းကို တစ်ခါမှ မရောက်ဖူးသလို ပညာတတ်လူငယ်တစ်ယောက်လည်း မဟုတ်သော်ငြား ၎င်းမှာ သူမအတွက် လင်းလန်အပေါ် တောင့်တမှုပင်ဖြစ်၏။

(T/N–ဒီအပိုင်းမှ ဟန်ချင်းဖျင်က မိန်းကလေးမှန်းသိရလို့ပါ)


အထူးသဖြင့် လျှိုရှုယွမ်ကိစ္စ၏ ငြိမ်းချမ်းသော ဖြေရှင်းမှုတွင် လင်းလန်၏ ပံ့ပိုးကူညီမှုသည် သူမကို စိတ်ရင်းဖြင့် အသိအမှတ်ပြုမိစေသည်။


"လင်းလန် စိတ်မပူပါနဲ့...ငါ လုံခြုံအောင် ထားပါ့မယ်...ခေါင်းဆောင်ဟန်က သူ့ကို ရိုက်သင့်တယ်လို့ ပြောထားပြီးသားပါ ...ဟား ဟား...အချိန်ကျရင်သာ စိတ်မဆိုးပါနဲ့" 


ထိုသို့ပြောပေမဲ့ အမှန်တွင် သူမက လက်ဖဝါးကိုရိုက်ခြင်းထက်ပိုရိုက်မှာမဟုတ်ပါချေ။


သူမ၏တာဝန်က ကျောင်းမှာနေရန် ပြဋ္ဌာန်းစာအုပ်တွေကို ကူးယူရန်၊ စာသားအားလုံးကို အလွှတ်ဆိုရန်တို့နှင့်  ညွှန်မှူးဟန်ကို နာခံမှုမရှိသော ပြဿနာရှာသူတွေကို ဖမ်းဆီးပြီး အလုပ်ကြမ်းနှင့် ပြုပြင်ပြောင်းလဲခိုင်းရန်ဖြစ်၏။


ပထမအနည်းငယ်ကို မပြောလိုသော်လည်း ညွှန်မှူးဟန်၏ ၎င်းတို့ကိုဖမ်းဆီးရေးနည်းလမ်းများက ၎င်းတို့အား တုန်လှုပ်ခြောက်ခြားဖွယ်ရာ အိပ်မက်ဆိုးများအဖြစ်နှင့် ရက်အနည်းငယ်ကြာအောင်အထိ ကြောက်လန့်စေနိုင်သည်။


အပြစ်ပေးခံရသော သူခိုးများက သူမစိတ်ထဲမှာ ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင်။ ဘယ်သူက မကြောက်ဘဲနေပါမည်နည်း။


Xxxxx

Part 252


ကလေးများ၏အမြင်မှာကား ခေါင်းဆောင်ဟန်က ရက်စက်ပြီး ယုတ်မာသည့် တည်ရှိမှုပင်။


မယုံလျှင် တဝမ်ကိုကြည့်ပါလေ။ တဝမ်က ကြမ်းတမ်း၊ခေါင်းမာပြီး သေမှာကို မကြောက်သည့် ကလေးဖြစ်သော်လည်း  ညွှန်မှူး ဟန်နှင့်တွေ့သောအခါ ထင်ရှုးပင်လို မတ်တပ်ရပ်ပြီး နာရီတစ်လုံးပဲငုတ်တုတ်ထိုင်နေတတ်သည်မဟုတ်ပါလော။


သူတို့က တဝမ်လောက် မသန်မာသည်ဖြစ်ရာ သဘာဝအတိုင်း  ပို၍ကြောက်တတ်ကြသည်ပင်။


 လင်းလန်က ဝါဒဖြန့်ရေး စိတ်ကူးများနှင့် ပတ်သက်၍ ဆရာများနှင့် စကားပြောဆိုကာ သူတို့ကို သီချင်းဆိုခြင်း၊ ကခြင်းဖြစ်စေ ပုံပြင်ပြောခြင်းဖြစ်စေ အကြံပြုချက်များနှင့် ဒီဇိုင်းအစီအစဉ်များ ပြုလုပ်ပေးရန် တောင်းဆိုခဲ့သည်။


ဟောင်ယွမ်က ဘာဂျာတီးတတ်ကာ ဟန်ချင်းဖျင်က  ဂစ်တာတီးတတ်ပြီး ၎င်းတို့နှစ်ဦးစလုံး ဝါဒဖြန့်ရေး အဖွဲ့တွင် ပါဝင်လိုကြ၏။


"အဲဒီအချိန်ကျရင် ရှောင်ဝမ်က ဘာဂျာလို့ရသေးတယ်လေ"


ဟောင်ယွမ်က ရှောင်ဝမ်ကို ချီးကျူးလိုက်သည်။


ဆရာများကို နှုတ်ဆက်ပြီးနောက် လင်းလန်က ရှောင်ဝမ် အိမ်ကို ပြန်ခေါ်သွားလိုက်သည်။ ထမင်းဟင်းကလည်း အဆင်သင့်ဖြစ်နေလေပြီ။


အားဝမ်၏ အချက်အပြုတ် ပညာက ပိုကောင်းလာခဲ့၏၊ အအေးခံထားသော ပင်လယ်ရေမှော်များ၊ ပဲနှင့် အာလူးပြုတ်၊ ပုစွန်အရေခွံ ကျောက်ဖရုံသီးဟင်းချိုတို့ဖြစ်ပြီး သာမန်ဟင်းလျာများမှာလည်း အရသာရှိနိုင်သည်။လင်းလန် အမေအိုကြီးကဲ့သို့ ဝမ်းသာအားရနေသော အပြုံးကို ပြသခဲ့၏။


"မင်းတို့အဖေက ဒီနေ့ ညစာစားဖို့ အိမ်ပြန်လာမှာမဟုတ်ဘူး... မြန်မြန်စား... ကျောင်းသွားရမယ်" 


လင်းလန် ရှောင်ဝမ်က ဆရာဟောင်ထံမှ ဂီတကို သင်ယူမည်ဟုလည်း ပြောပြီး သူ့ကိုကျောင်းသို့ ခေါ်သွားခိုင်းသည်။ 


 တဝမ် နှင့်စန်းဝမ်တို့က သူတို့နှင့် ဘာမှမဆိုင်သလို ပြုမူကာ မိုင်စွေ့နှင့်အားဝမ် တို့က လက်ခံရန် အစပြုခဲ့၏။


မိုင်စွေ့  : "ရှောင်ဝမ် ...မနက်အိပ်ရာထနိုင်လား... ဒါမှမဟုတ် ပထမတန်းပြီးရင် ကိုယ့်ဘာသာသွားလို့ရပါတယ် "


မည်သို့ပင်ဖြစ်စေ ရှောင်ဝမ်က   ရွာထဲမှာ မကြာခဏ ကစားလေ့ရှိသည်။


ရှောင်ဝမ်က လင်းလန်ကိုသာ ကြည့်လိုက်၏။


လင်းလန်က ပြောလိုက်သည်။

 "အိုကေ...ဘယ်လိုပဲဖြစ်ဖြစ်  ရှောင်ဝမ်က အတန်းမတက်ဘူးလေ... သူသွားကစားမှာ"


စန်းဝမ်:  "မားမားးးး... ဘာလို့ ကျွန်တော့်ကိုကျ အတင်းစာသင်ခိုင်းပြီး မကစားခိုင်းတာလဲ"


လင်းလန်က  သူ့ခေါင်းကို အသာအယာပုတ်ကာပြောလိုက်၏။

 "ဘာလို့မင်းအစ်ကိုနဲ့ကျမယှဥ်တာလဲ..."


စန်းဝမ်က တဝမ်ကို လက်ညှိုးထိုးပြပြီး 

"အစ်ကိုကြီးက ကျွန်တော့် ထက်ပိုပြီးတောင် ကစားချင်သေးတယ်"


တဝမ်က သူ့ကို စိုက်ကြည့်ကာ ပန်ကိတ်တစ်ခြမ်းကို ဖဲ့ပြီး စန်းဝမ်၏ပါးစပ်ထဲကို ထိုးထည့်လိုက်သဖြင့် စန်းဝမ်က ကျယ်လောင်စွာ ကန့်ကွက်တော့သည်။


အခန်းထဲတွင် ရယ်မောသံများ ထွက်လာ၏။


ထိုအချိန်မှစ၍ မိသားစုထဲတွင် အလုပ်အားသူမည်သူမှမရှိတော့ပေ ရှောင်ဝမ် ဝမ်ဝမ်ကို နေ့တိုင်း ကျောင်းသို့ခေါ်သွားသည်။ သို့သော်လည်း သူအဓိကအားဖြင့် ကစားရန်သွားခြင်းဖြစ်ရာ နောက်ကျသည်ဖြစ်စေ  စောစောထွက်သည်ဖြစ်စေ  အဆင်ပြေ၏။


ဤအရာက ငါးဖောင်ရိုးလေးစန်းဝမ်ကို မနာလိုဖြစ်စေသော်လည်း ကံမကောင်းစွာပဲ ဟန်ချင်းဖျင်က ၎င်းတို့အပေါ် လုံးဝပျော့ပျောင်းခြင်းမရှိခဲ့ဘဲ အကြိမ်ပေါင်းများစွာ ရိုက်ပြီးနောက် နောက်ကျဝံ့သူ တစ်ယောက်မှမရှိတော့ပေ။


ရက်အနည်းငယ်အကြာတွင် ဟန်ချင်စုန့်က ချန်ဇီချင်းနှင့်ပတ်သက်၍ မည်သို့မည်ပုံဖြေရှင်းရမည်ကို အစည်းအဝေးကျင်းပရန် ခရိုင်သို့သွားရင်း လုပ်သားပြုပြင်ပြောင်းလဲရေးစိုက်ခင်းတွင် ဟန်ချင်ဟွ  ကိုသွားရောက်ကြည့်ရှုခဲ့သည်။ 


ကျန်အချိန်အများစုကို သူ့ဇနီးကို ကူညီစိုက်ပျိိုးပေးခြင်း၊ တူးမြောင်းများ ပြုပြင်ခြင်း သို့မဟုတ် သူမကို အလုပ်မှတ်များရန် ကူညီပေးခြင်းတို့ဖြင့်  သူမနှင့်အတူ အိမ်တွင် ကုန်ဆုံးခဲ့၏။


လင်းလန်က သူ့ကို အနားယူစေချင်သော်လည်း သူက လက်မခံသဖြင့်  လွှတ်ထားလိုက်ရတော့ သည်။


တစ်မိသားစုလုံး အတူတကွ ကြိုးစားလုပ်ဆောင်ရသည်က တကယ်ကို ကောင်း၏။


လင်းလန် မီးမွှေးနေစဥ်တွင် အပြင်ကနေ လူတစ်ယောက်  ဝင်လာပြီးဆိုသည်။ 


"တဝမ်အမေ... အိမ်မှာ ဟင်းချက်နေတယ်ပေါ့"


လင်းလန် အမြန်ထရပ်လိုက်သည် ထိုသူက ရှုယွမ်အမေ ဖြစ်နေသည်ကို   မြင်ရသောအခါ  သူမ၏အမူအရာက ပိုမိုတောက်ပလာသည်။သူမ ကိုယ်ပေါ်မှ  ကျောက်ဆောင်ကြီးတစ်ခုကို ဖယ်ရှားလိုက်သလိုပင် လူတစ်ကိုယ်လုံး ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။


လင်းလန်က သူမကို အခန်းထဲမှာ စကားပြောရန် ဖိတ်လိုက်ပြီး "ရှုယွမ်  ပြန်ရောက်ပြီလား"ဟုမေးလိုက်သည်။


ရှုယွမ်အမေ စားပွဲပေါ် ကြက်ဥတောင်းလေးကို တင်လိုက်ပြီး ခေါင်းညိတ်ကာဆိုလေ၏။  "ပြန်လာပြီ... တဝမ်အမေ  ကျေးဇူးတင်ပါတယ်... ရှုယွမ်ရဲ့ကလေးက ဘေးကင်းတယ်...နင်က ငါတို့  လျှိုမိသားစုရဲ့ ကျေးဇူးရှင်ပါပဲ"


လင်းလန်က  ကမန်းကတန်းပြောလိုက်သည်။

 "ယောက်မ... နင်က ယဉ်ကျေးလွန်းနေတယ်...ဘယ်မှာ ငါလုပ်ခဲ့တာရှိလို့လဲ... ဌာနခွဲအတွင်းရေးမှူး၊အုပ်ချုပ်ရေးမှူးနဲ့အမျိုးသမီးခေါင်းဆောင်တို့က အဓိကပါ... ငါက ကူညီခဲ့ရုံပဲ"


ရှုယွမ်အမေကမူ သူမက ကိုယ့်ကိုကိုယ်နှိမ်ချပြောဆိုနေသည်ဟုသာ သတ်မှတ်ပြီး အပြုံးလေးဖြင့်ဆိုလိုက်၏။


 "နင့်စကားကို ငါ့သမီးက နားထောင်တယ်...ငါတို့ပြောတာကိုကျ သူကနားမထောင်ဘူးရယ်...နင်နဲ့ ချင်စုန့်ကြောင့်မဟုတ်ရင် ငါတို့မိသားစုက တကယ်ကို ဆုံးခန်းတိုင်သွားလိမ့်မယ်"


လင်းလန်က ရှုယွမ်ကို ဖြောင့်ဖြခဲ့ပြီး ဟန်ချင်စုန်ြက ချန်ဇီချင်းကို ပြန်ခေါ်လာခဲ့ခြင်းကြောင့်သာ မဟုတ်ပါလျှင် လျှိုမိသားစုအနေဖြင့်  တကယ့်ကို အကျင့်ပျက်မိသားစုအဖြစ် သတ်မှတ်ခံရမှာဖြစ်ပြီး   အနာဂတ်မှာ ခေါင်းဖော်နိုင်မည်မဟုတ်ပေ။ 


ယခုအချိန်၌မူ သူမကလက်ထပ်ရသေးသော်လည်း ချန်ဇီချင်းက သူရှုယွမ်ကိုလက်ထပ်တော့မှာဖြစ်ကြောင်း ကိုယ်တိုင်ကိုယ်ကျဝန်ခံခဲ့သည်။ဤသည်က ရှုယွမ်က လော်လီဖောက်ပြားခြင်းမဟုတ်ပေ။လက်ထပ်ရန်သဘောမတူလျှင်ပင်ပင် မည်သူမှ ဘာမှမပြောနိုင်ကြချေ။


 လျှိုရှုယွမ်က  သူမအဖွားအိမ်တွင် ရက်အနည်းငယ်ကြာနေထိုင်သွားခဲ့၏။ အတော်လေး စဉ်းစားပြီးနောက်တွင် သူမ ကလေးဖျက်ချရန် ဆုံးဖြတ်ခဲ့သည်။ ယခု ချန်ဇီချင်း ကို လုပ်သား ပြုပြင်ပြောင်းလဲရေးသို့ စေလွှတ်လိုက်သဖြင့် ဤကလေးကို စောင့်ရှောက်ရန် မလိုအပ်တော့ပေ။သူရှိနေလျှင်ပင် ကလေးက အနာဂတ်တွင် ပျော်ရွှင်ရမည်မဟုတ်ပေ။


ပထမက ဤကလေးကို မည်သို့ ပြုလုပ်ရမလဲဆိုသည်ကို သူမမဆုံးဖြတ်နိုင်သဖြင့် လင်းလန်နှင့် ဆွေးနွေးရန် ပြန်လာခဲ့၏။ အကြောင်းတစ်ခုခုကြောင့် လင်းလန်က သူမပတ်ဝန်းကျင်ရှိ လူတွေထက် ပိုကောင်းသည့်အရာတွေကို နားလည်သည်ဟု အမြဲခံစားခဲ့ရသည်။


ထို့အပြင် ပါးစပ်စည်းစောင့်ပြီး တခြားသူတွေ၏ အမှားအမှန်ကို ဘယ်တော့မှ သတင်းဖြန့်မည်မဟုတ်ပေ။     


လင်းလန်က စကားအများကြီးမပြောဘဲ ယခုလိုသာဆိုခဲ့၏။ 


“သူ့ကို အသက်တစ်ခုလို့မတွေးပါနဲ့...လက်ရှိမှာ သူက  အရမ်းငယ်သေးပြီး ဖြစ်တည်မလာ သေးတဲ့အတွက် သူ့မှာအတွေးအခေါ်တွေ မရှိဘူး... နင့်ရဲ့ အခြေအနေတွေကိုပဲ စဉ်းစားဖို့လိုတယ်...နင် သူ့ကို နင့်ဆီမှာ ထားမယ်ဆိုရင်  နင့်မိသားစု အဆင်ပြေမှာလား...နင် သူ့ကို ဆက်ထားရင် သူ့အနာဂတ်အတွက် ကောင်းမှာလား...စဉ်းစားရင် မင်း အကြံတစ်ခုတော့ ရလိမ့်မယ်"     


လျှိုရှုယွမ်က နောက်ထပ် နှစ်ရက် စဉ်းစားခဲ့ပြီး နောက်ဆုံးတွင် ကလေးကို ဖျက်ချရန်ဆုံးဖြတ်လိုက်သည်။သူမ အိမ်ထောင်မပြုချင်တော့ပေ။ ကလေးကို သူမကိုယ်သူမ ပျိုးထောင်ပါက  ကလေးအတွက် ဆိုးဆိုးရွားရွား ထိခိုက်နစ်နာစေသည့်အပြင် သူမမိသားစုအတွက်လည်း  လက်ရှိအချိန်မှာ တခြားသူတွေ၏ လက်ညိုးထိုးခြင်းကိုရလျှင် မတရားပေ။ထို့ကြောင့် သူမအနေဖြင့်  စွန့်စားပြီး ဤကိစ္စကို အဆုံးသတ်စေချင်၏။ 


Xxxxx