အပိုင်း ၂၅၃-၂၅၄
Viewers 20k

Part 253


လျှိုကွေ့ဖာက  သူ့သမီးကို ကလေးဖျက်မချစေချင်ပေ။ ဆရာဝန်က သူမကျန်းမာရေးမကောင်းသည့်အတွက် အန္တရာယ်ရှိနိုင်သဖြင့် ဖျက်မချသည်က  အကောင်းဆုံးဟုဆိုသည်။ ကလေးက သူ့မြေးဖြစ်ပြီး အဖေမရှိလျှင်ပင် ကြောက်မှာမဟုတ်ဟု ဟုပြောခဲ့၏။  အစ်ကိုကြီးနှစ်ယောက်ကလည်း  ကလေးက အိမ်ထဲမှာနေ၍ရသည်၊ သူတို့အတွက်  အဖေဖြစ်မည်နှင့် အတူတူပဲဟုဆိုကြသည်။မိသားစုက သူမကို အဆုံးစွန်သော သည်းခံမှုကို ဖော်ပြခဲ့ကြ၏။ 


လျှိုရှုယွမ်အနေဖြင့် သူတို့ကိုပါ  ပတ်သက်ဆက်နွယ်စေမည်ကို မလိုလားသလို သူမ၏ကလေးကို အခြားသူများလက်ညိုးထိုးမည်ကိုလည်း  မခံလိုခဲ့ပေ။ 


နှစ်လခန့်သာရှိသေးပြီး အစောပိုင်းကာလဖြစ်သည်ကို အခွင့်ကောင်းယူကာ  သူမ လွန်ခဲ့သော ရက်အနည်းငယ်က ရှုယွမ်အမေနှင့်အတူ လိုက်သွား၍ ဒုတိယယောက်မ၏ မှတ်စုစာအုပ်ကို ကလေးကိုဖျက်ချရန် ခရိုင်သို့ ယူဆောင်သွားခဲ့သည်။ 


 လင်းလန်ကလည်း ယန်ဖန်ဖန်၏မျက်နှာသာပေးမှုဆီ အပ်နှံပြီး မည်သူမျှ ဘာမှမသိစေဖို့ရာ ကူညီဖုံးကွယ်ပေးရန် တောင်းဆိုခဲ့သည်။ ယန်ဖန်ဖန်က ဒေါက်တာကျောင်းနှင့် ကောင်းမွန်သောဆက်ဆံရေးရှိသောကြောင့် ပြဿနာမရှိပေ။ လုပ်ငန်းစဥ်အတွင်း နှစ်ကြိမ် ဆက်တိုက်သွေးထွက်လွန်ခဲ့သော်လည်း ဆရာဝန်၏ သူမကိုကယ်ရန် ကြိုးပမ်းအားထုတ်မှု၊ယန်ဟန်၏ အချိန်မီ သွေးသွင်းရန် စီစဉ်ပေးမှုနှင့် အသက်ရှင်လိုစိတ် ပြင်းပြမှုတို့ကြောင့် အဆုံးတွင် သူမ အသက်ရှင်ခဲ့သည်။


ဆေးရုံတွင် လေးရက်ကြာနေထိုင်ပြီးနောက် ပြန်လည်နာလန်ထူရန် အိမ်သို့ ဆေးရုံဆင်းလာခဲ့၏။လက်ရှိမှာ သူမကအဆင်ပြေသော်လည်း   ခန္ဓာကိုယ်မှာ အလွန်အားနည်းနေသေးကြောင်း သိရသည်။


"ငါတို့က ပင်ပင်ပန်းပန်းအလုပ်တွေ လုပ်ဖို့ အားနည်းလွန်းပေမဲ့ ငါတို့လည်း ကျေကျေနပ်နပ်ကြီး လုပ်ကြတယ်လေ...ဆုံးရှုံးမှုကနေသင်ခန်းစာယူပြီး မှားနေတာတွေကိုဖယ်ရှားလိုက်မှာပါ" 


ရှုယွမ်အမေ အလွန်ပျော်ရွှင်နေ၏။


လင်းလန်က ပြုံးပြီးပြောလိုက်သည်။


 "ခန္ဓာကိုယ်က ပြဿနာမဟုတ်ပါဘူး...ငယ်သေးတော့ နှစ်နှစ်လောက် ဂရုစိုက်ရုံနဲ့ရတယ်...  အိမ်မှာချည်းမနေဖို့ ရှုယွမ်ကိုပြောပေးပါ...သူအမှားမဟုတ်ပါဘူး... ရှက်စရာ ဘာမှမရှိဘူး...ပြောင်ပြောင်တင်းတင်း အပြင်ထွက်ပြီး ငါနဲ့ဟွိုင်ဟွကို အဆက်ဆံပိုလုပ်ပါ"


ရှုယွမ်အမေက ထပ်ခါတလဲလဲ တုံ့ပြန်ခဲ့ပြီး လင်းလန်ကို ပိုပိုပြီး နှစ်သက်လာတာကြောင့် လင်းလန် အလုပ်များနေပါက၊ သူအရင်ပြန်သွားမည်ဟုပြောခဲ့၏။


 လင်းလန်က ကြက်ဥတွေကို သူမဆီ အမြန်ပြန်ပေးလိုက်သည်။


"ယောက်မ...ရှုယွမ်က သူ့ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့လိုတယ်...နင်က ခက်ခက်ခဲခဲ သိမ်းထားခဲ့တာလေ.. သူ့အတွက် ချက်ပေးလိုက်ပါ"


"အိမ်မှာ တချို့ ရှိပါသေးတယ်...ငါ့ကြက်မ ဥတွေအရမ်းဥတာ"


"ယောက်မ... ငါ့ကြက်တွေကလည်း ဥတွေဥနေတာ.. စားဖို့လောက်တယ်ရယ်”


ထို့နောက်ငြင်းခုန်ရင်း လင်းလန် ခေါင်းကိုက်လာသဖြင့် လက်လျှော့ကာ ပြောလိုက်၏။


 "ယောက်မ...ဒီလိုလုပ်ရအောင်...ငါနင့်ကို ပိုက်ဆံပေးမယ်...ဒါမှမဟုတ် ရှုယွမ်သက်သာမှ နင်ငါ့ကို ဥတွေပေးတော့"


ရှုယွမ်အမေက  ​​ရိုးသား​သည့် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူမ၏ဦးနှောက်က သဘာဝအတိုင်း ဖျတ်လက်ခြင်းမရှိတဲ့အတွက် လင်းလန်ဆီကထိုသို့ပြောသည့်အခါ နောက်ဆုံးမှာ ကြက်ဥတွေကို ပြန်ယူခဲ့သော်လည်း  သူမက ကြက်ဥငါးခြောက်လုံးကို ချထားဆဲပင်။


 " ကလေးတွေအတွက် ချက်ပေးလိုက်နော်"


လင်းလန်က  လက်ခံလိုက်ပြီး သကြားညိုအိတ်တစ်ဝက်နှင့် *တရုတ်ဇီးသီးလက်တစ်ဆုပ်စာကို ရှုယွမ်အမေအားပေးကာပြောလိုက်သည်။

(T/N–ဂျူဂျူဘယ်ကို တရုတ်ဆီးသီးလို့ရေးပါတော့မယ်...လေခြူသီးမဟုတ်ပါဘူးနော်)


 "ဒါကဝယ်ရတာမလွယ်ဘူး... ရှုယွမ်အတွက် ချက်ပေးလိုက်ပါ...သေချာဂရုစိုက်... လိုအပ်တာ ငါ့ကိုပြော"    


ရှုယွမ်အမေ မျက်ရည်တွေကျလာပြီး 

"ကောင်မလေး  ကြည့်ပါဦး... ငါက နင့်ကို ကျေးဇူးတင်ဖို့လာခဲ့တာ... ဒါပေမဲ့ အဲ့ဒီအစား နင်အခု ရှုယွမ်အတွက်ပြန်ပေးလိုက်တယ်"


လင်းလန်က ပြုံးပြီး သူမကို အမြန် သွားရန်တွန်းလိုက်သည်။ 


 မကြာခင်မှာပဲ ချန်ဇီချင်း၏ စီရင်ချက် ထွက်လာ၏။  ယခုအချိန်တွင် ခရိုင်တော်လှန်ရေး ကော်မတီက မြစ်ဝါဗိုလ်မှူးကြောင့် စံနမူနာယူစရာများကို ဖမ်းဆုပ်ထားပြီး မကောင်းသည့် လူစုများကို နှိမ်နင်းနေသည်။


မူလက တော်လှန်ရေး ကော်မတီက သူ့ကို သေဒဏ်ချမှတ်ခဲ့သော်လည်း လျှိုကွေ့ဖာက  ဟန်ချင်စုန့် နှင့် ဟန်ရုံဖန်တို့ကို တောင်းပန်ရန် အစပြုခဲ့သည်။ ချန်ဇီချင်းက ရှုယွမ်၏ ဂုဏ်သိက္ခာကို အဖတ်ဆယ်ပြီး လွတ်မြောက်ရန် ကြိုးစားခဲ့သည်။လျှိုမိသားစုက သူ့အသက်ကို မလိုချင်ဘဲ သက်ညှာရန် မျှော်လင့်ခဲ့၏။


ထို့ကြောင့် ဟန်ရုံဖန်က   မေတ္တာစာတစ်စောင်ရေး၍  ဟန်ချင်စုန့်ကို တော်လှန်ရေး ကော်မတီဆီပို့စေခဲ့သဖြင့် စီရင်ချက်က တစ်သက်တစ်ကျွန်းအဖြစ်သို့ ပြောင်းလဲသွားပြီး လုပ်သား ပြုပြင်ပြောင်းလဲရေးစိုက်ခင်းဆီ အပို့ခံလိုက်ရသည်။


တစ်သက်တစ်ကျွန်းက ဟန်ချင်ဟွနှင့် ကျောက်ကျန့်ရှယ်ကဲ့သို့သောပြစ်မှုများ၏စီရင်ချက်နှင့် ကွဲပြား၏။


 မိသားစုက လာလည်၍ရသော ဟန်ချင်ဟွ၏အ အမျိုးအစားက လအနည်းငယ်လျှင်တစ်ကြိမ် အိမ်ပြန်ရန် လျှောက်ထားနိုင်ပြီး အလုပ်အတွက်အလုပ်မှတ်များလည်း ရှိသည်။  အနည်းဆုံးပြောရလျှင် ပင်ပန်းပြီး အခြားသူများ၏ စောင့်ကြည့်ခြင်းကို ခံနေရသော်လည်း အုပ်စုလိုက်အလုပ်လုပ်ကြရကာ  ရာဇ၀တ်ကောင်များကဲ့သို့မဟုတ်ပေ။


ပြစ်မှုကြီးသည့် တစ်သက်တစ်ကျွန်း အကျဥ်းသားများကမူ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရ၏။၎င်းတို့သည် အထူးအချုပ်ခန်းနှင့် လုပ်သား ပြုပြင်ပြောင်းလဲခြင်း ခံရသော ကြီးလေးသော ရာဇ၀တ်ကောင်များဖြစ်သည်။ပြင်ပလူများကို ၎င်းတို့ဆန္ဒအလျောက် လာရောက်ခွင့် မပေးသည့်အပြင် လုပ်သား ပြုပြင်ပြောင်းလဲရေး လယ်ယာမှ ထွက်ခွာခွင့် လျှောက်ထားရန် နေနေသာသာ ခွင့်ယူခြင်းပင် မပြုနိုင်ပေ။


 ခုခံခြင်းသို့မဟုတ် ထွက်ပြေးခြင်းပြုသည်နှင့် အစောင့်များက ၎င်းတို့ကို ချက်ချင်းပင် သတ်ပစ်နိုင်သည်။


ဤအရာက သူနှင့်ထိုက်တန်၏။


ရာသီဥတုကအေးလာပြီး ရှန်ရွေ့ရွာတွင် ကောက်ပဲသီးနှံတွေ အကုန်ရိတ်သိမ်းပြီး လယ်ထွန်ထားသည့်မြေမှာ ဂျုံစိုက်ပျိုးမှု ပြီးဆုံးသွားသည့်အတွက် အခြေခံအားဖြင့် အလုပ်မရှိတော့ပေ။


လယ်သမားများ အားလပ်သောရာသီသို့ ရောက်ရှိလာလေပြီ။


လင်းလန် နှင့်တုန်ဟွိုင်ဟွတို့၏ ဝါဒဖြန့်ခြင်း လုပ်ငန်းက တရားဝင်စတင်ခဲ့ပြီး သူမက အကြံဥာဏ်များပေးကာ တုန်ဟွိုင်ဟွက  လူအင်အားစုဆောင်းခြင်း နှင့် ကျင်းပရာနေရာပြင်ဆင်ခြင်းတို့ကို ပြုလုပ်ပြီး သူမ၏လက်ထောက်ကဲ့သို့ပင်ဖြစ်နေသည်။


 တပ်မဟာအစည်းအဝေးခန်းမ၌ အစည်းအဝေးကျင်းပပြီး မောင်းတွေ၊ဗုံတွေကို ကြိုတင်ကြေညာခဲ့၏။


 “အဖွဲ့ဝင်အားလုံး အာရုံစိုက်ပါ... အဖွဲ့ဝင်အားလုံး အာရုံစိုက်ပါ...  တပ်မဟာရဲ့ ဝါဒဖြန့်အဖွဲ့ဟာ ယနေ့ညမှာ ဖျော်ဖြေပွဲ ရှိမယ်...ဖျော်ဖြေပွဲ ရှိမယ်... “


ဤသည်က လင်းလန်၏ စိတ်ကူးပင်၊ အဖွဲ့ဝင်အားလုံးက ဤကဲ့သို့ချည်းသာဖြစ်ပြီး အစည်းအဝေးမှာ အလုပ်မှတ်မရှိပါက တက်ကြွမှာ မဟုတ်ပေ။ အလုပ်မှတ်တွေရှိပါက တစ်ယောက်ထက်တစ်​ယောက် ပိုတက်ကြွလိမ့်ပေမည်။


သူတို့က မည်သို့အလုပ်မှတ်ပေးမည်၊ဝါဒဖြန့်မည်၊အကြောင်းပြချက်ပေးမည်ကို မသိသော်လည်း အလုပ်မှတ်ပေးမည်ဆိုသည်နှင့်ပင် တက်တက်ကြွကြွဖြစ်နေလေပြီ။


ထို့ကြောင့် သူမကဖျော်ဖြေပွဲလုပ်ခိုင်းခြင်းဖြစ်၏။


Xxxxx

Part 254


အားလပ်ရာသီတွင် ကွန်မြူနတီ အဖွဲ့ဝင်များအနေဖြင့်  အလွန်ပျင်းကြပြီး အေးလွန်းသဖြင့် နေရာကျယ်ကျယ်ဝန်းဝန် အတူဆုံစကားဖောင်ဖွဲ့ခြင်းမပြုနိုင်ကြလေရာ လူအများ အုတ်အုတ်ကျက်ကျက်ဖြစ်ကုန်ကြသည်။


ဖျော်ဖြေပွဲရှိသည်ဟုကြားသောအခါ ညစာစားပြီးသည်နှင့် အပြေးအလွှားထိုင်ခုံဦးကြ၏။


လင်းလန်က အတန်းထဲတွင် ဆရာက ကျောင်းသားများကို သင်ပေးသည့်အတိုင်း အသိပညာကို နှိုက်နှိုက်ချွတ်ချွတ် မရှင်းပြချင်သော်လည်း ဗဟုသုတအားလုံးကို ဇာတ်လမ်းတိုများအဖြစ် ပေါင်းစပ်ကာ ကြိုတင်စီစဉ်ထားသည်။


ဇာတ်လမ်းများအပြင် ၎င်းတို့တွင် *အရိုင် နှင့် ဖျင်ရှု ကဲ့သို့သော အခြားပုံစံများလည်းပါရှိသည်။ မိမိဘာသာတစ်ယောက်တည်းက ပြောဆိုခြင်းသည် ဟောပြောပွဲတစ်ခုနှင့် အခြေခံအားဖြင့် အတူတူပင်ဖြစ်၏။

(T/N-1.စည်းချက်မြန်မြန်နှင့်တီးရသောတေးသွား

2.ဂီတအတွဲအဖက်မပါသော ပုံပြောခြင်းအနုပညာ)


လင်းလန်က  ဟာသပြဇာတ်တိုများနှင့် ဟောပြောပွဲများကို ဆွဲဆောင်ခဲ့ပြီး အရည်အချင်းရှိသူကို ရှာဖွေတွေ့ရှိခဲ့သည်။လျှိုချွန်းချိုက်ဟုခေါ်သော ကွန်မြူနတီအဖွဲ့ဝင်တစ်ဦးက နှုတ်ရေးကောင်းပြီး  ညစ်ညမ်းဟာသများပြောဆိုရခြင်းကို နှစ်သက်၏။ သူ့ကို အမျိုးသားနှင့် အမျိုးသမီး ကွန်မြူနတီအဖွဲ့ဝင်နှစ်မျိုးလုံးက ချစ်ခင်နှစ်သက်ကြသည်။


လင်းလန်က သူဆီကနေ  နှစ်ကြိမ်တိုင်တိုင် လှည့်စားပြီး ကြိမ်းမောင်းခံခဲ့ရဖူးကာ နောက်ပိုင်း သူ့ကို ပြန်ဖိတ်သောအခါ  ကြောက်လွန်း၍ သူ ရမ်းကားမူကြောင့် အဖမ်းအဆီးခံရတော့မည်ဟုပင် ထင်ခဲ့မိ၏။


ရလဒ်တစ်ခုအနေဖြင့်  လင်းလန်က သူမရေးထားသော ဇာတ်ညွှန်းကို အလွတ် ဖတ်ပြပြီး “အမှန်အတိုင်းပဲပြော...ကျွန်မ ရှင့်ကို ဖမ်းပြီး ထောင်ချနိုင်မှာ မဟုတ်ဘူး” ဟု ခြိမ်းခြောက်လိုက်သည်။


လျှိုချွန်းချိုက်က ပင်ကိုယ်စွမ်းရည်ရှိသူဖြစ်ပြီး လင်းလန်ကို အကြောက်လွန်ကာ အကြိမ်ပေါင်းများစွာအလွတ်ဆိုပြခဲ့၏။


 သူက လင်းလန်အား  ပြောင်းလဲရန်နှင့်  အဖွဲ့ဝင်များ ၎င်းကို ပိုမို နားလည်လက်ခံနိုင်စေရန်  အရပ်သုံးစကားဖြင့် ပိုပြောဆိုနိုင်ရန်  ကူညီပေးခဲ့သည်။


လင်းလန်က သူ့အကြံကို လက်ခံလိုက်၏။


ပထမအစီအစဉ်မှာ မိသားစုရှိခြင်းအကြောင်း ဆွေးနွေးသည့် လျှိုချွန်းချိုက်၏ဟောပြောပွဲ ဖြစ်သည်။


“ဒီလို မိသားစုမျိုးရှိတယ်.. အဘွားကြီးက ခြေထောက်ကိုစည်းနှောင်ထားပြီး တနှစ်ပတ်လုံး ခြေမဆေးဘူး... နှစ်သစ်ကူး ဆဋ္ဌမနေ့မှာ သခင်ယန်က နံစော်တဲ့ အသားတွေကို ရေဆေးတယ်လို့ ပြောလေ့ရှိတယ်... ဒီရက်တွေမှာပဲ သူ့ရဲ့ခြေထောက်ကို ဆေးလို့ရတယ် မဟုတ်ရင် မာရ်နတ်ငယ်က သူ့ခြေဖဝါးကို ကိုက်ဖြတ်လိမ့်မယ်တဲ့...သူက ဆယ်ရက်တစ်ကြိမ်လည်းခြေမဆေးသလို လဝက်တစ်ကြိမ်လည်း မဆေးဘူး...ခြောက်လကြာအောင် မဆေးရင် ခြေဖဝါးတွေ အနံ့ထွက်လာတယ်...သူက သူ့ကိုယ်သူ ခြေထုပ်ထဲမှာ ထုပ်ပိုးထားသလိုမျိုး မခံစားရဘူး... ခြေဖဝါးကိုဖွင့်ပြီးတာနဲ့ ဆယ့်ရှစ်မိုင်အကွာအဝေးထိ အနံ့အသက်တွေ ထွက်လာပြီး…..”



“နောက်ထပ် မိသားစုတစ်စု... တစ်ယောက်က ပျင်းရိပြီး နောက်တစ်ယောက်ကတော့ လောဘကြီးတဲ့သူ..."


"လျှိုချွန်းချိုက်... အဲဒီ့အနံ့ဆိုးခြေဖဝါးက ဘာဖြစ်သွားတာလဲ...နောက်တော့ ဘာဖြစ်လဲ" 


အဖွဲ့ဝင်တစ်ယောက်က စိုးရိမ်တကြီးမေးလိုက်၏။

 "သူ့ရဲ့အနံ့ဆိုးခြေဖဝါးက ဘာဖြစ်သွားလဲ"


လျှိုချွန်းချိုက်  မျက်နှာထားတည်တည်နှင့် ပြောလိုက်သည်။ 

"ဘာရှိရမှာ...အနံဆိုးတဲ့ခြေဖဝါးပဲပေါ့... ခြေထောက်တွေ နံစော်နေတာ ကြာပြီဆိုတော့ နောက်ဆက်တွဲ မရှိဘူး...နံတယ် နံတယ်ပဲ..."


သူက ချဲ့ကားပြီး နှာခေါင်းကိုညစ်ကာ   လက်ဖြင့်လေကိုခါထုတ်ချိန်တွင်  လူတချို့က ရယ်မောကာ အချင်းချင်း ဟိုတွန်းသည်တွန်းလုပ်ကြကုန်၏။


 “မင်းခြေထောက်မဆေးတာ ဆယ်ရက်ရှိပြီမဟုတ်လား”


    

“အေးနေလို့ ခြေမဆေးတာလား” 


"အနွေးကုတင်ပေါ်မှာလား"

    

” ဟားဟား... သေအောင်နံတယ် ...အဲ့ဒီနောက် မရှိတော့ဘူးလား"


နောက်ပိုင်းမှာ လျှိုချွန်းချိုက်က  တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုမစိုက်သည့် လူငယ်လင်မယားအကြောင်း ပြောပြသည်။


တခြားတစ်ယောက်ယောက်က နောက်ပြီးဘာဖြစ်လဲဟုမေးလာ၏။


အဖွဲ့ဝင်အချို့က "နောက်ပြီး ဘာဖြစ်မလဲဟုတ်လား... ဖျားပြီး သေသွားတာလား... နောက်တစ်ခု ဘယ်လိုလုပ်ဖြစ်လာနိုင်မှာလဲ" ဟုအော်ဟစ်ကြသည်။


လူတိုင်းက ရယ်မောကြ၏။

"ဟားဟားဟားဟား" 


လင်းလန်က ယခုလိုမျိုး အကျိုးသက်ရောက်မှုကို လိုချင်ခြင်းဖြစ်သည်။ ထိုမှသာ ရယ်မော နေရင်း သင်ယူရသည့်အတွက် လေးလေးနက်နက် မှတ်မိကြလိမ့်ပေမည်။


ဤနည်းအားဖြင့် သူတို့မိသားစုဘဝတွေ အိမ်ထောင်သည် လင်မယားအဖြစ် နေထိုင်ကြသည့်အခါ တစ်ကိုယ်ရေ သန့်ရှင်းမှုကိုလည်း ဂရုပြုကြမည်ဖြစ်သည်။ တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုမစိုက်ပါက ဤဟာသကို တွေးမိချိန်မှာ စိတ်မသက်မသာ ဖြစ်တတ်သည့်အတွက်  ၎င်းကိုအာရုံစိုက်လာကြပေလိမ့်မည်။


ဤဟာသကိုပြောပြီးသည်နှင့် သူမက စာအုပ်တစ်အုပ်ဖြင့် ထွက်လာပြီး အဆင့်မြှင့်တင်ရန် ပရော်ဖက်ရှင်နယ်ဝေါဟာရအနည်းငယ်ကို ဖတ်လိုက်သည့် အတွက် အဖွဲ့ဝင်တွေဘာတွေဖြစ်မှန်းမသိဖြစ်နေကြ၏။ ဤသည်က ထရိုင်ခိုမိုနပ်(စ်)နှင့်မှိုများကဲ့သို့ပင်။မည်သို့ပင်ဖြစ်စေ သူတို့က  အလွန် ကြောက်စရာကောင်းပြီး ရက်စက်လွန်းကာ အမျိုးသမီးတွေကို နေမကောင်းဖြစ်စေသည့်အရာတစ်ခုဖြစ်လေသည်။


(T/N–ပရိုတိုဇွန်ကပ်ပါးပိုးကြောင့်ဖြစ်သည့် လိင်မှတစ်ဆင့် ကူးစက်သောရောဂါ...မှိုက စားရတဲ့မှိုမဟုတ်ဘူးနော်...မှိုစွဲ၊မှိုတက် အဲ့သလိုမှိုပါ)


 ပါးစပ်ဟ၍ ပြက်လုံး နှစ်ခုသုံးခုပြောပြီး ဆောင်းပါးနှစ်ပုဒ်ဖတ်သည်က တစ်နာရီခန့် ကြာသွား၏။


ကွန်မြူနတီ  အဖွဲ့ဝင်တွေ ညနေပိုင်းပြန်သွားသည်အခါ  စားမြုံ့ပြန်ပြီးနောက် စိတ်ဝင်စားပါက  ဇနီးမောင်နှံများအနေဖြင့်  သူတို့လုပ်ချင်သည့်အရာကို အာရုံစိုက်ရပေမည်။


လှုပ်ရှားရသည်ကို ပျင်းသော ယောကျာ်းတွေလည်း ရှိလေသည်။ထိုအခါက မိန်းမဖြစ်သူက "မဆေးရင် ကျွန်မကို မထိနဲ့... လူတွေပြောတာကို ကျွန်မမကြားဘူးထင်မနေနဲ့...ရှင့်မှာအဲ့ပိုးရှိရင် ပုပ်သွားလိမ့်မယ်...ရှင်ဘာလို့  ဘာလို့ ဒီလောက်ဆိုးနေရတာလဲ...ကျွန်မကို ပုပ်သွားစေချင်တာလား"


ဤနည်းဖြင့်  'ရေမဆေးရင် မလုပ်နဲ့၊ လုပ်ချင်ရင် ရေဆေး'ဖြစ်လာပြီး တစ်ရွာလုံး တစ်ကိုယ်ရေ  သန့်ရှင်းရေး စတင်လုပ်ကြလိမ့်မည်။


လင်းလန် သူမ၏ မြှင့်တင်ရေး လှုပ်ရှားမှုများကိုလည်း အဆင့်ဆင့် လုပ်ဆောင်နေခဲ့သည်။ထုံးစံအတိုင်း သူမက အစပိုင်းမှာ ရုပ်ပိုင်းဆိုင်ရာ သန့်ရှင်းရေးနှင့်ပတ်သက်သည့် ပေါက်ကွဲစေတတ်သော အသိပညာအကြောင်း ပြောလိမ့်မည်မဟုတ်ပေ။သူမအနေဖြင့် တစ်ကိုယ်ရေသန့်ရှင်းရေးဖြင့် စတင်ကာ အချိန်ယူရမည်ဖြစ်၏။


အစပိုင်းမှာ အဖွဲ့ဝက်တော်တော်များများက ယခင်လို ငြီးငွေ့စရာကောင်းသည့် ဟောပြောပွဲမျိုးဟု ထင်ကြပြီး မလာချင်ကြပေ။နောက်ပိုင်းမှာ စိတ်ဝင်စားစရာ ကောင်းသည်ဟု ကြားသောအခါ  အားလုံးက ညစာကို စောစောစားပြီး  မိသားစုတစ်စုလုံးအတွက် နေရာဦးရန် ခုံတန်းလေးတွေရွေ့လာကြသည်။


 နောက်ပိုင်းမှာ အစည်းအဝေးခန်းတွင် ထိုင်စရာနေရာမရှိသဖြင့် လူအချို့ ခြံဝင်းထဲတွင် ပြွတ်သိပ်ကာ နေကြ၏။


နောက်ပိုင်းတွင် သူတို့က “ကျောင်းကို သွား... ကျောင်းမှာ အခန်းကြီးကြီးရှိတယ်”ဟု တိုက်ရိုက်ပြောလာကြသည်။


အနီးနားက ရွာက ရွာသားတွေပင် ပါဝင်ပူးပေါင်းလာကြပြီး“ငါတို့ရွာက သိပ်စိတ်ဝင်စားစရာမကောင်းဘူးကွ... လာလေ့လာကြစို့” ဟုဆိုကြ၏။


Xxxxx