အပိုင်း ၂၅၅-၂၅၆
Viewers 23k

Part 255


ယခုကဲ့သို့ ရက်အနည်းငယ်ကြာလာသည့်အခါ ရာသီဥတုက ပိုအေးလာသည်။


 ဝါဒဖြန့်ခြင်းလုပ်ငန်းက အလွန်ချောချောမွေ့မွေ့ဖြစ်ခဲ့ပြီး လင်းလန် နှင့် တုန်ဟွိုင်ဟွတို့ ၏အလုပ်က ပို၍ပို၍ အလှုပ်ရှုပ်လာခဲ့၏။ လင်းလန်ကလည်း ထိုထဲတွင် ဟာသပြဇာတ်တိုများကို ထည့်သွင်းခဲ့ပြီး သူမ အလုပ်မနိုင်လုနီးပါးဖြစ်ခဲ့သည်။


 မိမိ၏တပ်မဟာသာမက အနီးနားမှာရှိသည် တပ်မဟာတွေကလည်း သူတို့ကို ဟောပြောပွဲနှင့် လေ့ကျင့်ရေး ပေးရန် ဖိတ်ခေါ်ကြပြီး ဟောပြောပြီးသည်နှင့်  စပါးငါးကတ်တီပေးမည်ဖြစ်၏။


လင်းလန် အလွန်စိတ်လှုပ်ရှားသွားသဖြင့် သူမတုန်ဟွိုင်ဟွကို ထိုနေရာသို့ တစ်ခါတည်းခေါ်သွားကာ  စပါး ငါးကတ်တီကို ယူပြန်လာခဲ့သည်။


ယင်းကပိုက်ဆံဖြင့်ဆို လေးယွမ်ထက်နည်းသော်လည်း ယခုအချိန်၌  အစားအသောက်က ဈေးကြီးပြီး တစ်ခါတလေ ပိုက်ဆံနှင့်ပင် အစားအသောက်ကို ဝယ်၍မရပေ။


လင်းလန် အတော်လေးကို ပျော်သွား၏။ 


အမျိုးသမီးခေါင်းဆောင်တစ်ယောက်အနေ အဖြစ် တုန်ဟွိုင်ဟွက  အလွန်ရက်ရောသူဖြစ်ပြီး လင်းလန်ကို ပိုခွဲပေးခဲ့သည်။


လင်းလန် ပို၍ပင် ပျော်သွား၏။ 


ယနေ့တွင် သူမက တပ်မဟာအတွက် ပြင်ဆင်နေချိန် ပိန်သွယ်သွယ်ရုပ်သဏ္ဍာန်တစ်ခု သူမဆီသို့ လျှောက်လာနေသည်ကို သူမမြင်လိုက်ရသည်။ အမြင်မှားသည်ဟု သူမထင်ခဲ့သော်လည်း တကယ်ကို ရှုယွမ်  ဖြစ်နေလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။


သူမက ရှုယွမ်ကို လက်ဝှေ့ယမ်းပြလိုက်ပြီး "ရှုယွမ်... ဒီကိုလာလေ"


လျှိုရှုယွမ်က    သူမကို ပြုံးပြပြီး အလျင်အမြန် ပြေးလာကာဆိုလေသည်။

 "အဒေါ်... အဒေါ် လူအင်အားနည်းနေတယ်လို ကျွန်မ  ကြားတယ်...အဲ့ဒါကြောင့် ကျွန်မ အဒေါ့် ကို ကူညီမယ်"


လင်းလန်က ဝမ်းသာအားရ ပြောလိုက်၏။ "ဒါပေမဲ့ နင်ကလည်း လူအင်အားလိုတာပဲလေ... နင်ငါ့ကိုကူညီလို့ရတယ်...နင့်အတွက် အလုပ်မှတ်တွေကို ခွဲပေးဖို့ ဌာနခွဲအတွင်းရေးမှူးကို ငါပြောပေးမယ်"


လျှိုရှုယွမ်က ပြုံးပြီး

 “အဒေါ်...ကျွန်မ  အလုပ်မှတ်တွေ မလိုချင်ဘူး... ကူညီချင်ရုံသက်သက်ပဲ” 


 ခဏအကြာ အလုပ်ရှုပ်နေပြီးနောက် တစ်ချို့လူတွေက လျှိုရှုယွမ်ကိုမြင်ပြီး အတော်လေး  သိချင်နေကြပြီး  အဖွဲ့ဝင်အချိူ့တွေကလည်း လက်ညိုးထိုးပြကြသည်။


သူတို့ ရှုယွမ်ကို ရက်အနည်းငယ်ကြာအောင် မတွေ့ခဲ့ရဘဲ ယခုတွင် သူမကို တခြားလူတစ်ယောက်လို မြင်လာကြ၏။


သူမသည် ယခင်က နူးညံ့သိမ်မွေ့ပြီး ရိုးရိုးရှင်းရှင်း နေတတ်သူဖြစ်ကာ မြင်သူတိုင်းကို ပြုံးပြ၍ ပန်းပွင့်လေးတစ်ပွင့်လို ပြုံးနေတတ်သူဖြစ် သော်လည်း ယခုတွင် သူမက ပြုံးနေမြဲဖြစ်ပေငြာ္သူမ၏ မျက်လုံးများကမူ ဆူးပင်ကဲ့သို့ အေးစက်နေသည်။


လူငယ်နှစ်ယောက်က သူမကို  ရှေ့တိုးကာ စနောက်လာ၏။

 "ရှုယွမ်... ငါ နင့်ကို ကောင်းကောင်း မမြင်တာကြာပြီ ....နင်ငါ့ကို လွမ်းနေလား "     


လျှိုရှုယွမ်က  သူတို့ကို ကြည့်ပြီး အေးစက်စွာပြောလိုက်သည်။


 " နင်က ဘယ်သူလဲ "ကောလာဟာလများကို ကြားပြီးနောက် အနှီလူငယ်များသည် လျှိုရှုယွမ်က ချန်ဇီချင်းနှင့်အိပ်ခဲ့သည်ဟု ယုံကြည်ကြပြီး လက်ထပ်ပွဲကလည်း ပျက်သွားပြန်ရာ အနာဂတ်မှာ  ဘယ်သူမှသူမကို လက်ထပ်ယူချင်မှာမဟုတ်ပေ။  ဤကဲ့သို့သော မိန်းမမျိုးက အိမ်ထောင်မပြုနိုင်ချေ။ သူတို့ ရနိုင်မလားဆိုပြီး ပရောပရည်လုပ်ချင်ကြပြီး ၎င်းကိုအခွင့်ကောင်းယူကြခြင်းဖြစ်၏။


လူငယ်က ပြောလိုက်သည်။

"ရှုယွမ်က  ငါ့ကိုမသိဘူးလား... နင်တကယ်မေ့တတ်တာပဲ... ချန်ဇီချင်းကို နင်လက်မလျှော့သေးဘူးထင်တယ်...သူက နင်နဲ့ အတူအိပ်ဖူးတယ်ဆိုတော့  နင်ဘာလို့ အလုပ်ကြမ်းစခန်းကို လိုက်မသွားတာလဲ"


လင်းလန် ထိုစကားကို ကြားသောအခါ  မျက်မှောင်ကြုတ်၍ ဟန်ဟွေ့နုန်ကို  ကြိမ်းမောင်းမည်ပြုသော်လည်း ရှုယွမ်က ရုတ်တရက် လက်ကိုမြှောက်ကာ ထိုလူငယ်ကို "ဖြန်း"ခနဲ ပါးရိုက်လိုက်၏။


ဟန်ဟွေ့နုန်က ဒေါသတကြီးဖြင့် 

 "လျှိုရှုယွမ်  ရှက်မနေပါနဲ့...နင်က မိန်းမပျက်ပဲ..." 


လင်းလန်က ရှေ့ကို လှမ်းလိုက်ပြီး ပေတံတစ်ချောင်းဖြင့် သူ့ကိုရိုက်ကာပြောလိုက်သည်။


 "ထပ် ပြောလိုက်စမ်း...နင်ကမှ အပျက် နင်တို့တစ်မိသားစုလုံးကသာ အပျက်..."


ဟန်ဟွေ့နုန်က လင်းလန်ကို ပြန်မလုပ်ဝံ့ဘဲ"အဒေါ်...အဒေါ်... ပြောစရာရှိရင်ပါးစပ်နဲ့ပြောပါ"ဟုသာဆိုလာ၏။


လင်းလန် : “နင်တို့ နှစ်ယောက်” 

လင်းလန် ပေတံတစ်ချောင်းနှင့် သူတို့နှစ်ယောက်ကို ထိုးပြကာပြောလိုက်သည်။


 “ဒီကနေ ထွက်သွား...နင်တို့ကို ဒီနေ့ အတန်းတက်ဖို့ ခွင့်မပြုဘူး...နင်တို့နဲ့  မထိုက်တန်ဘူး..."


လူငယ်တွေက သူမအမှန်တကယ် ဒေါသထွက်နေသည်ကိုမြင်လျှင် အလျင်အမြန် ထွက်ပြေးကြပြီး ယခုလို အော်ရန်လည်းမမေ့ကြပေ။


"လျှိုရှုယွမ်က  အရမ်းသိမ်မွေ့တာကို *ကြွက်စုတ်နဲ့ ပေါင်းဖို့ ခေါင်းမာနေတယ်... အခု သူကလည်း  ကြွက်စုတ် ဖြစ်သွားပြီ "

(T/N—အပေါက်ဆိုးဆိုးအမျိုးသမီး)


တုန်ဟွိုင်ဟွက   တစ်ဖက်ကနေ ထွက်လာချင်းချင်းပဲ   သူတို့ပြောသည်ကို ကြားလိုက်ရပြီး စိတ်ဆိုးလွန်း၍ ဘေးက ထင်းတစ်ချောင်းကို ဆွဲထုတ်ကာ ဒေါသတကြီးပြေးလာရင်းပြောလိုက်၏။


 “အေး နင်တို့ပါးစပ်တွေကို အသုံးမဝင်အောင်လုပ်ပေးမယ်...အေပါက်ပိတ်စေရမယ်..."


လူငယ်တော်တော်များများက အော်ဟစ်ကြသည်။

 “ကြွက်စုတ်သုံးကောင်... ကြွက်စုတ်သုံးကောင်... သူတို့နဲ့ သွားမရှုပ်နဲ့ ...ပြေး ပြေး..."


တုန်ဟွိုင်ဟွက   အကြိမ်အနည်းငယ် ကျိန်ဆဲပြီးနောက် လင်းလန်ကို လာနှုတ်ဆက်ကာ လျှိုရှုယွမ်ကိုနှစ်သိမ့်လိုက်၏။

 "သူတို့လို့ အသိဉာဏ်မရှိတဲ့လူတွေနဲ့ သွားဖက်ပြိုင်မနေနဲ့"


လျှိုရှုယွမ်က ပြုံးပြီး တည်ငြိမ်သည့် မျက်နှာဖြင့် ပြောလေသည်။


 "အဒေါ်... စိတ်မပူနဲ့ ကျွန်မမကြောက်ပါဘူး...သူတို့ ဘာပဲပြောပြော ကျွန်မက လူသတ်၊ မီးရှို့ ၊ခိုး ဆိုး လုယက်ခဲ့တာ မဟုတ်ဘူး...ကျွန်မ အမှားတွေကို ဝန်ခံပြီး နောင်တရခဲ့တာ... သူတို့မှာ ကျွန်မအကြောင်းပြောပိုင်ခွင့်မရှိဘူး"

 

လင်းလန် ခေါင်းညိတ်ပြပြီး

"ဒီလိုပဲဖြစ်ရမယ်"


လျှိုရှုယွမ်က အဝေးကိုကြည့်ကာဆို၏။

 “ကျွန်မရဲ့ သင်ခန်းစာကနေ မိန်းကလေးတွေ များများလေ့လာစေချင်တယ်... ဒီလို မရိုးသားတဲ့ လူယုတ်မာတွေဆီကနေ အလှည့်စားမခံရဖို့အတွက်ပေါ့ ... နှစ်ယောက်သား တကယ်ပျော်နေတယ်ဆိုရင် သူတို့မိဘတွေကို အကြောင်းကြား ရမယ်...ပြီးတော့ မိဘတွေက ချစ်ဖို့ သဘောတူရင်  လက်ထပ်လိုက်ကြမယ်... မိဘသဘောမတူရင် ဒီလိုကိစ္စတွေ မဖြစ်နိုင်တော့ဘူး” 


ယနေ့ခတ်တွင် မိဘတွေက သဘောမတူပါက ငယ်ငယ်ရွယ်ရွယ်နှင့် သေချာပေါက်  အတူတူနေနိုင်မှာမဟုတ်ပေ။ အကြောင်းမှာ မိဘများကလက်မခံလျှင် သူတို့အနေဖြင့် အိမ်ထောင်စုစာရင်း သို့မဟုတ် အလုပ်မှတ်များ မရနိုင်ပေ။


လင်းလန်က ချီးကျူးလိုက်သည်။


 "တော်တယ်... နင်ပြောတာမှန်တယ်... လက်ထပ်ဖို့ ရည်ရွယ်ချက်မရှိဘဲ ချစ်ရင် လူရမ်းကားလုပ်နေတာပဲ လို့ ဥက္ကဋ္ဌ M က တစ်ချိန်က ပြောခဲ့ဖူးတယ်... ချစ်ကြိုက်ချင်တယ်ဆိုရင် လက်ထပ်ဖို့အစီအစဥ်ချကိုချထားရမယ်... မဟုတ်ရင် မိန်းကလေးတွေနဲ့ ပရောပရည်မလုပ်ရဘူး"

 

ရှိတ်စပီးယားက ဤသည်ကိုပြောပြီး အဘိုး M က ထိုဟာကို ကိုးကားထား၏။ တုန်ဟွိုင်ဟွ ဤအရာက အလွန်ကောင်းသည်ဟု ထင်သောကြောင့် သူမ "လက်မထပ်ဘဲ ချစ်ကြိုက်ခြင်းက လူရမ်းကားလုပ်ခြင်းပဲ"ဟူသည်ကို ထိုမိန်းကလေးများအား ဝါဒဖြန့်ရန် ဆောင်ပုဒ်အဖြစ်  အသုံးပြုခဲ့သည်။ 


Xxxxx

Part 256


လူငယ်တစ်ယောက်က သင်နှင့် ချစ်ကြိုက်ချင်ပါက ပညာတတ်လူငယ်ပဲ ဖြစ်စေ  ရွာသားပဲဖြစ်စေ  သူ့မိဘတွေ၏ သဘောတူညီချက် ရှိမရှိနှင့် သူမကို လက်ထပ်ယူလိုခြင်းရှိမရှိ အရင်မေးရပေမည်။ထိုသို့ဆိုပါက သူမမိဘတွေဆီသွားပြီး လက်ထပ်ခွင့်တောင်းကာ ၎င်းနောက် ချစ်ကြိုက်ကြပြီး  လက်ထပ်လိုက်ကြရုံပင်။ 


ချစ်ပဲချစ်ချင်ပြီး လက်မထပ်ချင်ဘူးဆိုရင်တော့ ဆောရီးပဲ...ရမ်းကားခြင်းပြစ်မှုကို တိုင်ကြားတာက ညှိနှိုင်းလို့မရဘူးးး...

 

မကြာခင်မှာ ရွာက "အချစ်နှင့်အိမ်ထောင်ရေး"မြင့်တင်ခြင်းဆိုင်ရာလှုပ်ရှားမှုကို စတင်ခဲ့သည်။လင်းလန်က  ဟောပြောပွဲများ၊ဟာသပြဇာတ်တိုများ သီချင်းဆိုခြင်းနှင့် အကများကဲ့သို့သော ဇာတ်ညွှန်းများကို တည်းဖြတ်ရန် တာဝန်ယူထားပြီး သင့်လျော်သည့်အခန်းကဏ္ဍများအတွက် လူတိုင်းတွင် တာဝန်ရှိပေသည်။ ယင်းတို့အနက် တစ်ခုမှ လျှိုရှုယွမ်ကို အခြေခံထားသော ဇာတ်လမ်းတိုဖြစ်၏။ 


ပညာတတ်လူငယ် လျှိုချွန်းချိုက်က

ကျေးလက်တွင် အထီးကျန်နေသည်။ ပထမဆုံး သူက ဟော်ယွမ်၏လက်အောက်ရှိ အမျိုးသမီး ပညာတတ်လူငယ်ကို ဦးစွာ ပရောပရည်လုပ်သည်။ အမျိုးသမီးပညာတတ်လူငယ်က ၎င်းကို မကြိုက်သောအခါ ကျေးလက်အမျိုးသမီးကေဒါ တုန်ဟွိုင်ဟွကို ပရောပရည်လုပ်၏။ 


ထို့နောက် ပညာတတ်လူငယ်က ဟန်ချင်းဖျင်အုပ်ထိန်းသည့် အမျိုးသမီးကွန်မြူနတီအဖွဲ့ဝင် များနှင့် ပရောပရည်လုပ်လာကြသည်။ ဟန်ချင်းဖျင်က သွယ်လျပြီး အသားအရည်ဖြူဖွေးကာ နူညံ့သိမ်မွေ့သူတစ်ဦးဖြစ်ပြီး  ဂွမ်းကပ်အင်္ကျီနှင့်  ပန်းနီရဲရဲတို့ကို ဆင်မြန်းထားလေရာ သူမက ရွာပန်းတစ်ပွင့်ကဲ့သို့ ဖြစ်နေသည်။ 


အမျိုးသမီးကွန်မြူနတီအဖွဲ့ဝင်များက  အစပိုင်းမှာ သဘောမတူဘဲ ဖြောင့်မတ်မှန်ကန်စွာ ငြင်းဆိုခဲ့ပေမဲ့ ပညာတတ်လူငယ်မှာ နည်းလမ်းများစွာရှိပြီး ခဏတာ ကဗျာတစ်ပုဒ်ရေး၊ခဏတာ သီချင်းဆို၊ ခဏတာ သကြားလုံးတစ်လုံး ပေးကာ...     


နောက်ဆုံးမှာ သူတို့က ဘယ်သူမှမရှိသည့်အချိန်ဆိုပါက အချင်းချင်းပွေ့ဖက်ကုန်ကြ၏။ တစ်ယောက်နှင့်တစ်ယောက် မတွေ့ဖြစ်မှာ ကြောက်လာကြသည်။


ဤကဲ့သို့ အပြန်ပြန်အလှန်လှန် လည်ပတ်ပြီးနောက် အမျိုးသမီးကွန်မြူနတီအဖွဲ့ဝင်များသည် သူ၏ သိမ်းပိုက်ခြင်းက ခံလိုက်ကြရ၏။  ထိုအခါ ပညာတတ်လူငယ်က ဥပေက္ခာပြုလာပြီး  မြို့မှလာသည်ဟု ဆိုကာ မျက်နှာလွှဲ၍  အခြားသူများကို လျစ်လျူရှုခဲ့သည်။  နောင်တွင် မြို့သို့ပြန်လိုပါက သူ့အနေဖြင့်  ကျေးလက်ဒေသခံတစ်ဦးနှင့် မည်သို့လက်ထပ်နိုင်ပါမည်နည်း။ ယင်းက  သူ၏တောက်ပသော အနာဂတ်ကို ပျက်စီးစေပေလိမ့်မည်။


သူက အမျိုးသမီး ကွန်မြူနစ်အဖွဲ့ဝင်များကို  သူ့အတွက် မည်ကဲ့သို့ ပေးဆပ်ရမည်၊ မည်သို့ စောင့်ဆိုင်းရမည်၊ မည်သို့ ကြံ့ကြံ့ခံရမည်၊ သူ မြို့သို့ ပြန်သောအခါ သူမကို ကယ်ထုတ်ရန် သေချာပေါက်  နည်းလမ်းရှာမည်ဖြစ်ကြောင်း  ဦးနှောက်ဆေးခဲ့သည်။  နောက်ပိုင်းတွင် ပညာတတ်လူငယ်က ဖခင်၏အလုပ်ကိုတာဝန်ယူရန် မြို့သို့ပြန်သွားကာ မြို့မှမိန်းကလေးတစ်ဦးနှင့် လက်ထပ်ခဲ့ပြီး ပြန်မလာတော့ပေ။  


အမျိုးသမီး ကွန်မြူနစ်အဖွဲ့ဝင်များကမူ သူပြန်လာမည်ကို  ကျောက်တုံးကြီးဖြစ်လာမတတ် စောင့်မျှော်လျက် နေခဲ့ကြသည်။    

 

"ဒီအသဲနှလုံးမရှိတဲ့ယောကျာ်းကို သေအောင် သတ်ပစ်..."   


  " ပေါင်ကုန်းကို ဒီချန်ရှီမိန်ကို သတ်ခိုင်း..."

(T/N–ပေါင်ကုန်းက မြန်မာတွေသိတဲ့ပေါင်ချိန်ပါ...ချန်ရှီမိန်က အသဲနှလုံးမရှိ၊သစ္စာမရှိတဲ့ ယောကျာ်းတစ်ယောက်ဖြစ်ပြီး မင်းသမီးတစ်ယောက်နဲ့လက်ထပ်ကာ သူ့ပထမဇနီးကို သတ်ဖို့အမိန့်ပေးခဲ့သူဖြစ်ပါတယ်...နောက်ပိုင်းမှာ သူပေါင်ချိန်ဆီမှာ တရားစီရင်ခြင်းခံရပြီး ခေါင်းဖြတ်ကွပ်မျက်ခံလိုက်ရပါတယ်)


 ကွန်မြူနတီ  အဖွဲ့ဝင်အချို့က လျှိုချွန်းချိုက်ကို ရိုက်နှက်ရန် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။လျှိုချွန်းချိုက်  ကြောက်လွန်း၍ ထွက်ပြေးကာ  "မရိုက်ပါနဲ့...မရိုက်ပါကြပါ... ငါက သရုပ်ဆောင်ပါ... သရုပ်ဆောင်နေရုံပါ... အတုပါအတု..." ဟုဆို၏။

 

ဇာတ်လမ်းက အလွန်ကောင်းသလို သရုပ်ဆောင်ချက်က လက်တွေ့ဆန်လွန်းသည်။ သူတို့အားလုံးသည် စိတ်လှုပ်ရှားသွားကြပြီး အထူးသဖြင့်  ဟန်ချင်းဖျင်၏ နူးညံသောစိတ်ခံစားမှုများပင်။


 အမျိုးသားတစ်ဦးက အမျိုးသမီးကို ကစားလျှင်ပင် အမျိုးသမီးများက သူသည်  စကားပြောကောင်းပြီး ကြင်နာယုယတတ်သည့်အတွက် ထိုသူက သတိထားရမည့်ယောက်ျားဖြစ်သည်ကို မေ့သွားကြသည်။     


လင်းလန်သာ သရုပ်ဆောင်ခွင့်ရပါက လှပပြီး ချစ်စရာကောင်းသည့် အမျိုးသမီးအဖွဲ့ဝင်တွေကို စွန့်လွှတ်ပြီး လျှိုချွန်းချိုက် ကို အရှင်လတ်လတ် စုတ်ဖြဲကြမှာဖြစ်၏။ စိတ်မြန်လွန်းနေကြ၍    လင်းလန် နှင့် တုန်ဟွိုင်တို့က အလျင်အမြန် ဝင်ရောက်ထိန်းသိမ်းကြရတော့သည်။


 "ဒါက သရုပ်ဆောင်တာ မြန်မြန်ပြန်ထိုင်...စိတ်မလှုပ်ရှားပါနဲ့... စိတ်မလှုပ်ရှားကြပါနဲ့..."


အုပ်ချုပ်ရေးမှူးက သူ့ကြာပွတ်ကို ဖြန်းခနဲရိုက်လိုက်ပြီး

 "လူတိုင်း ဒီပွဲကို တိတ်တိတ်လေးကြည့်... နှောင့်နှေးအောင်မလုပ်နဲ့... ငါပြောမယ်... မင်းတို့က အရမ်းစိတ်လှုပ်ရှားနေတယ်...မင်းတို့မှာ အဲဒီအကြံအစည်ရှိနေမှာ ကြောက်ရတယ်" 


လူတိုင်းက အလျင်အမြန်  ရယ်မောကြပြီး ဆိုလေသည်။ 

 "ဘယ်လိုလုပ် လက်ထပ်ဖို့ ရည်ရွယ်ချက်မရှိဘဲ ချိန်းတွေ့ရဲမှာလဲ...အဲ့ဒါက ရမ်းကားတာပဲလေ...ညွှန်မှူးဟန်ရဲ့ အဖမ်းခံရမှာကို မကြောက်တဲ့သူ ဘယ်သူရှိလို့လဲ "


 ထိုအချိန်တွင် ဟန်ချင်စုန့်က ကွန်မြူနတီမှ ပြန်လာပြီး   စက်ဘီးစီးကာ လင်းလန်ကို ရှာရန် လာခဲ့၏။


အားလုံးက သူ့အကြောင်းပြောနေသည်ကိုကြားသောအခါ စက်ဘီးပေါ်ကဆင်းပြီး “ဘာလဲ”ဟုမေးလိုက်သည်။ 


လူတိုင်းက ရယ်ချင်ပေမဲ့ မရယ်ရဲသည့်အတွက်  ချက်ခြင်း တိတ်ကျသွား၏။


ဟန်ချင်စုန့်က သူတို့ကို ကြည့်ပြီး  စင်ပေါ်က လင်းလန်ကို ကြည့်လိုက်ရာ ဖျော်ဖြေပွဲက လေးနက်ကာ ခါးသီးမှုတွေ မုန်းတီးမှုတွေနှင့် ပြင်းပြင်းထန်ထန် သရုပ်ဆောင်နေဟန်ပင်။


လင်းလန်က သူ့ကို ပြုံးပြပြီး လက်ညိုးထိုးပြကာ ထိုင်နားထောင်ခိုင်းသည်။


 ဟန်ချင်စုန့်  ထိုင်ခုံတစ်လုံးကိုတွေ့သွားပြီး လူတိုင်းက သူ့ကို ဌာနခွဲအတွင်းရေးမှူးဘေးမှာ ထိုင်ခိုင်း၏။


ဟန်ရုံဖန်နှင့် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းမူကြောင့် ပတ်ဝန်းကျင်က လစ်ဟာနေပြီး အကင်ခံရမည် ၊အနှပ်ခံရမည် စိုးရိမ်၍ မည်သူမျှ ရှေ့သို့ မတက်ရဲကြပေ။


ယခုမူ ဟန်ချင်စုန့်က ထိုင်လိုက်ပြန်သည်။


 မေမေရေ... အခန်းထဲကလူတိုင်း စိတ်ဓာတ်ကျသလိုခံစားရသည်။ အနှီအရှိန်အဝါကနေ သက်ရောက်နေသည့် ဖိအားက မယုံနိုင်စရာပါပင်။


ဟန်ချင်စုန့်က ဤနေရာတွင်ထိုင်နေသောကြောင့် လျှိုချွန်းချိုက် ဟောပြောပွဲ အကြောင်းပြောသောအခါတွင် အနည်းငယ်တုန်ယင်နေပြီး ခဏလောက်အထိ အမှားမှားအယွင်းနှင့်  ထစ်တီးထစ်ငေါ့ဖြစ်နေ၏။


 အထူးသဖြင့် ယခုလိုပြောသည့်နေရာတွင်ပင်။

 "ဒီမိန်းမပျင်းက အချုပ်အလုပ် မတတ်ဘူး... ဒါကြောင့် သူက လိုက်သွား...လိုက်သွားပြီး သူ့ယောက်ျားကို ရှင်...ရှင်...ရှင်လုပ် ဆိုပြီး ပြောလိုက်တယ်..."


ဟန်ချင်စုန့် က သူ့ကို လှမ်းကြည့်လာရာ ရုတ်တရက်ကြီး ဘာမှပြောရဲတော့ပေ။ဘယ်လိုပြောရမှန်းလည်း မသိသ​ဖြင့် စိတ်ထဲမှာ  ညွှန်မှူးဟန် မြန်မြန်ထွက်သွားပါစေဟု ဆုတောင်းလိုက်၏။


“ဟားဟားဟား…” 

ပရိသတ်တွေက ရယ်မောလိုက်ကြသည်။


ဤစာပိုဒ်က လင်းလန်၏ကိုယ့်ကိုကိုယ်နှိမ်ချပြောဆိုခြင်းလည်းဖြစ်၏။မည်သို့ပင်ဆိုစေကာမူ ရွာရှိလူတိုင်းသိကြပြီး ၎င်းကိုလုပ်ဆောင်ရန်အဆင်ပြေလေသည်။ လူတိုင်းမှတ်မိနိုင်စေရန်အတွက် အဖွဲ့ဝင်များ၏နေ့စဉ်ဘဝကိုပြသရန်လိုအပ်ပေသည်။


အဖွဲ့ဝင်တွေလည်း ကျင့်သားရနေပြီဖြစ်၏။


 xxxxxx