Part 257
သို့ရာတွင် ဟန်ချင်စုန့်က ၎င်းကို ပထမဆုံး နားထောင်ခြင်းဖြစ်သည်။လျှိုချွန်းချိုက်၏ အပြောအဆိုကို မြင်သည့်အခါ နေ့စဉ်အဖြစ်အပျက်များကို ပြောနေသည်ဟု သူထင်ခဲ့သော်လည်း လင်းလန်က ဇာတ်ညွှန်းရေးသည်ကိုသူမမျှော်လင့်ခဲ့ပေ။
တစ်စုံတစ်ယောက်က သူ့ဇနီးကို ကြံစည်နေသောအခါ လျှိုချွန်းချိုက်၏မျက်လုံးထဲကိုဓားသွားကဲ့သို့ စူးစိုက်ကြည့်လိုက်သည်။
လျှိုချွန်းချိုက် ဆီးသွားမိသည်အထိကြောက်လန့်မသွားသော်လည်း စိတ်လှုပ်ရှားသွားခဲ့၏။ စိတ်ထဲကနေ "ကယ်ပါဦး" ဟု ပြောမည်ပြု သော်လည်း မထင်မှတ်ဘဲ နှုတ်ကနေ ပြောလိုက်မိသည်။
လင်းလန် မရယ်ဘဲ မနေနိုင်ဘဲ ဟန်ချင်စုန့်ကို ငုံ့ကြည့်ကာ နှုတ်ခမ်းထောင့်စွန်းကို ပင့်ပြလိုက်၏။
ဟန်ချင်စုန့်၏ နဂိုက အေးစက်သော အမူအရာမှာ ပျော့ပြောင်းသွားလေသည်။
သူ့ဘေးက ဟန်ချင်းယွမ်က သိလိုစိတ်ဖြင့်မေး၏။
"တတိယအစ်ကို...မရီးက အစ်ကို့ကို ဘာပြောလိုက်တာလဲ"
ဟန်ချင်စုန့်: "ပြောလို့လား"
ဟန်ချင်းယွမ် :"မရီးက ဒီလိုမျိူးလေ..."
သူက အမူအရာလုပ်ပြပြီး"မြောင်..."
ပရိတ်သတ်တွေ ဝိုင်းရယ်ကြပြန်သည်။
လင်းလန်က လက်ခုပ်တီးပြီး ပြောလိုက်၏။
"ကဲ ဒီနေ့တော့ ပရိသတ်တွေကို ပုံပြင်လေးတစ်ပုဒ်ပြောပြဖို့ ဖိတ်ခေါ်လိုက်ရအောင်...ကိုယ့်ရဲ့ဘဝအကြောင်းကိုပဲ ပြောကြည့်... စိတ်ဝင်စားစရာ တစ်ခုခုရှိရင်မျှဝေပြီး အတူတူပျော်ရအောင််လား"
သူမက လူတစ်ချို့ကို ကြည့်ပဲကြည့်မနေစေချင်ရုံပင်။တခြားသူများ၏ရယ်စရာအဖြစ်အပျက်များကိုမြင်လျှင် လူတိုင်းက ၎င်းကို ပြောင်ပြောင်တင်းတင်း ရယ်မောပြီး ဟာသတစ်ခုလို လှောင်ရယ်ကြသဖြင့် ယခုလိုလုပ်လိုက်ပါက တခြားသူတွေကို ထပ်ရယ်တော့မှာမဟုတ်ေပေ ။
အချို့က ဟန်ချင်စုန့်ကို ရဲဝံ့စွာ လက်ညိုးထိုးပြပြီး "သူ့ကိုပြောခိုင်းပါ " ဟု တိတ်တိတ်လေး အော်ပြောကြသည်။
လင်းလန် နှင့်ဟန်ချင်စုန့်တို့ မျက်လုံးချင်းဆုံမိကြ၏။
ဟန်ချင်စုန့်က ချက်ခြင်းထရပ်ပြီး
"ငါလုပ်စရာရှိသေးတယ်...အရင်လှမ်း(ပြန်)နှင့်ဦးမယ်"
"မသွားပါနဲ့ တတိယအစ်ကို"
ဟန်ချင်းယွမ်က သူ့ကိုပြန်ဆွဲခိုင်းလိုက်ပြီး
"မြန်မြန်ပြောပါ"
ဟန်ချင်စုန့်ကပြောလိုက်သည်။
"ငါ့မှာ ရယ်စရာပြောစရာ မရှိဘူး...အဖြစ်အပျက်တစ်ခုနားထောင်မလား"
"နားထောင်မယ်...ပြောပါ"
ဟု ပရိသတ်က အော်၏။
ဟန်ချင်စုန့်က မြစ်ဝါတပ်မဟာ၏ စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်ကိုပြောပြလိုက်သည်။ လုပ်ငန်းစဥ်က လေးနက်ပြီး ရိုးရှင်းသော်လည်း လှည့်ကွက်များနှင့် ပြည့်နှက်နေ၏။
"နောက်ဆုံးကျတော့ရော... "
တစ်စုံတစ်ယောက်က မနေနိုင်ဘဲ မေးလိုက်သည်။
ဟန်ချင်စုန့်: "နောက်ဆုံးကျတော့လား... သေနတ်နဲ့ အပစ်သတ်ခံရတာပေါ့"
လူတိုင်း မတုန်ရီဘဲမနေနိုင်ကြပေ။
အရမ်းရက်စက်တယ်...
"ပစ်သတ်လို့ရရင် ပစ်သတ်ရမှာ...အဲ့ဒိလိုလူမျိုးက ပစ်သတ်ခံရသင့်တယ်..."
လင်းလန်က လက်ခုပ်တီးပြီးပြောလိုက်၏။
"ဒါဆိုကြည့်... နှိုင်းယှဉ်စရာတစ်ခုရှိတယ်.... ငါတို့ရဲ့ ဌာနခွဲအတွင်းရေးမှူးနဲ့ အုပ်ချုပ်ရေးမှူးက ဝီရိယရှိရှိအလုပ်အလုပ်ပြီး အဖွဲ့ဝင်တွေကို အလုပ်သွားပြီး လယ်ကွင်းကို သွားဖို့ဦးဆောင်ကြတယ်...ငါတို့ ကျေးဇူးတင်ရမယ်
အုပ်ချုပ်ရေးမှူးက ဝမ်းသာအားရ ထရပ်ကာ ပတ်ပတ်လည်ဆီသို့ လက်ခုပ်တီးကာပြော၏။
“အချစ်တွေကိုပြ...အချစ်တွေကိုပြ..."
ဟန်ရုံဖန်က လက်ဝှေ့ယမ်းကာ “ကောင်းပြီ... ဘာမဟုတ်တာလေးအတွက် ဒုက္ခမရှာပါနဲ့... အလုပ်ကိုသာ ကြိုးကြိုးစားစားလုပ်ပါ”
ကွန်မြူနတီအဖွဲ့ဝင်တွေက ရယ်မောပြီး ဝါဒဖြန့်ရေး ဘုတ်ကို တပ်ဆင်ပြီးနောက် ဌာနခွဲအတွင်းရေးမှူးက ပိုဖော်ရွေလာသည်ဟု ပြောကြသည်။
ဝါဒဖြန့်ရေးအဖွဲ့ကို တည်ထောင်လိုက်သောအခါ အားလုံးက ပျော်ရွှင်ကြ၏။ အဖွဲ့ဝင်များကပို၍ စည်းကမ်းရှိပြီး တစ်ကိုယ်ရေသန့်ရှင်းမှု ရှိလာကာ မိန်းကလေးများက ပို၍ ဖော်ရွေ တတ်လာကြကြောင်း ကေဒါများက တွေ့ရှိကြသည်။အဖွဲ့ဝင်များလည်း အားလပ်ရာသီတွင် ပျော်ရွှင်ကြရ၏။
လင်းလန်လည်း သူမလိုချင်သည့် အလုပ်မှတ်နှင့် အစားအသောက်တွေရခဲ့သည်။ တုန်ဟွိုင်ဟွကလည်း ကွန်မြူနတီတွင် ပါဝင်လာခဲ့၏။ထူးချွန်သည့်အမျိုးသမီးကေဒါများကို ပြောရပါလျှင်...
ပိုပို၍ သန်မာလာပြီးတက်ကြွစွာနှင့် အသိစိတ်ရှိရှိ လုပ်ဆောင်သည့် လျှိုရှုယွမ်လည်း ရှိ၏။
နောက်ပိုင်းတွင် လူငယ်အချို့က လျှိုရှုယွမ်ကို အခြားအမျိုးသားများ၏ အခွင့်ကောင်းယူခြင်းကို ခံရပြီးပြီဖြစ်၍ သူတို့သူမကိုအခွင့်ကောင်းမယူပါက နစ်နာလိမ့်မည်ဟုတွေးပြီး အခွင့်ကောင်းယူရန် ကြိုးစားကြသည်။
ရလဒ်အနေဖြင့် လျှိုရှုယွမ်က သူမအကျီလက်ကို လိပ်တင်ပြီး ပါးကို အချက်ရေအနည်းငယ် ရိုက်ကာ ဌာနခွဲအတွင်းရေးမှူးကို လာရမ်းကားနေပါသည်ဟု ပြောလိုက်သည်။ ဌာနခွဲအတွင်းရေးမှူးက ရဲမခေါ်သော်လည်း လူငယ်ကို ကြာပွတ်နဲ့ ရိုက်လိုက်၏။
ထိုအချိန်မှစ၍ ရွာရှိအမျိုးသားများအားလုံး အပိုးကျိုးသွားကြပြီး လျှိုရှုယွမ် နှင့် ပတ်သက်၍ ယုတ္တိမရှိသော အတွေးအမြင်များ ရှိလာမည်မဟုတ်ပေ။
ယခင်က လျှိုရှုယွမ်နှင့် ချစ်ကြိုက်ပြီး အိမ်ထောင်ပြုစေချင်ကြသည့် အမျိုးသမီးအချို့လည်း ရှိပေမဲ့ လျှိုရှုယွမ်က သူတို့သားလေးကို မချစ်ခဲ့ပေ။ယခု လျှိုရှုယွမ်ကို တွေ့သောအခါ သူတို့က ရွဲ့စောင်းလေးပြောကြသည်။
“အံ့သြစရာပဲ... အခု ကြွက်စုတ်နောက်လိုက်ပြီး ကြွက်စုတ်ဖြစ်နေတယ် ...ငယ်ငယ်ရွယ်ရွယ်နဲ့ လူကြီးကြီးလို ဖြစ်နေတာ ... ကိုယ့်ကိုယ်ကိုယ် နှိမ့်ကျအောင်လုပ်နေတာပဲ... နောင်မှာ ဘယ်သူမှ ဒီလိုလူနဲ့ လက်ထပ် ဝံ့မှာ မဟုတ်ဘူး ...တစ်သက်လုံး အပျိုကြီး ဖြစ်လိမ့်မယ် ”
လျှိုရှုယွမ်က လင်းလန်၏ သွန်သင်ချက်အတိုင်းတိုက်ရိုက် ပြန်ပက်လိုက်၏။
"ရှင့်ရဲ့ အကျင့်သီလနဲ့ဆို ...ရှင့်ရဲ့သား တံခါးကနေ ဖြတ်ဝင်မဝင် ကျွန်မ ဂရုမစိုက်ဘူး"
အမျိုးသမီးတွေက ဒေါသထွက်လွန်း၍ လျှိုရှုယွမ်က အပြောအဆိုပက်စက်သည်ဟု တုန်ဟွိုင်ဟွဆိ ဆက်တိုက် တိုင်တန်းကြသည်။
တုန်ဟွိုင်ဟွက လင်းလန်နှင့် အတင်းတုပ်ရသည်ကိုပျော်နေ၏။
"လင်းလန်... မင်းက ကောင်းကောင်း သင်ပေးထားတာပဲ... ငါတို့ရွာက ကောင်မလေးက အခု အပြင်ထွက်ရင် ဒုက္ခရောက်မှာ မကြောက်ရတော့ ဘူး... ဘယ်သူကမှ သူ့ကို အနိုင်ကျင့်ဝံ့မှာ မဟုတ်ဘူး... ဟားဟား"
လင်းလန်ကလည်း ဝမ်းသာနေသည်။
"ဒီလိုဆို ကျွန်မတို့ကြိုးစားသမျှက အချည်းနှီးမဟုတ်ဘူးလို မှတ်ယူလို့ရတာပေါ့"
သူမ၏အလုပ်က အမှန်ပင် အချည်းနှီးမဟုတ်ခဲ့ပေ။လျှိုရှုယွမ်၏ကိစ္စကို ဖြေရှင်းပြီးနောက် တုန်ဟွိုင်ဟွက သူမကို ပို၍ပင် သဘောကျလာခဲ့သည်။ ဌာနခွဲအတွင်းရေးမှုးနှင့် အုပ်ချုပ်ရေးမှူးတို့ အကုန်လုံးက သူမကို ကျေးဇူးရှင်တစ်ဦးအဖြစ် မှတ်ယူထားသည့် လျှိုမိသားစုကို မဖော်ပြဘဲ ဟန်ချင်စုန့်၏အကျိုးအတွက်မဟုတ်ဘဲ သူမကို စိတ်ရင်းမှန်ဖြင့် ချီးကျူးခဲ့သည်။ အခြားသူများကလည်း သူမက ကိစ္စများကို လုပ်ဆောင်နိုင်စွမ်းရှိပြီး ဒုက္ခရောက်မည်ကို မကြောက်ဟု ထင်မြင်ကြ၏။သူမက အခြားသူများကို အနိုင်ကျင့်ရန် ဟန်ချင်စုန့်ကို အားကိုးခြင်းမရှိသည့်အပြင် အခြားသူများကိုပါ ကူညီခဲ့သည်။
ယခုဆိုလျှင် ရှန်ရွေ့ရွာရှိ လင်းလန်၏ ဂုဏ်သတင်းသည် ပိုကောင်းလာခဲ့၏။
ရွာကလူတိုင်းက သူမကို ဆရာမတစ်ယောက်အလားမှတ်ယူကြပြီး “အမျိုးသမီးလင်းက အံ့သြစရာကောင်းတယ်...အမျိုးသမီးလင်းရဲ့
ဝါဒဖြန်ရေးသင်တန်းက လူတွေပြည့်လျှံနေတာပဲ"
ဟုပြောကာ အားလုံးက ချီးကျူးလက်မထောင်ကြသည်။
တစ်ဆက်တည်းမှာပင် တခြားတပ်မဟာများ၏ ဖိတ်ကြားချက်များကြောင့် အစားအသောက်ရသည့်အခါ အိမ်မှာရှိသည့် မိသားစုဘဝငယ်လေးက ပိုပိုပြီး သာယာဝပြောလာ၏။
Xxxxxxx
Part 258
ဤနေ့တွင် သူမနှင့်တုန်ဟွိုင်ဟွတို့ လျှိုရှုယွမ် ၊လျှိုချွန်းချိုက်နှင့် အခြားသူများကိုခေါ်၍ ဝါဒဖြန့်ရန် အနီးနားရှိ တပ်မဟာသို့ သွားခဲ့ကြ၏။
တပ်မဟာက ဝမ်းသားအားရဖြင့် ဝက်များပေါ်ပြီး မထွက်ခွာမီတွင် ဝက်သားတစ်ကတ်တီစီ ဝေပေးပြီး လင်းလန်ဆီတွင် ဝက်အသည်းတစ်ပိုင်း အပိုပါရှိလေသည်။
လူတော်တော်များများက အတော်လေးပျော်နေကြ၏။
" အသားကို လောဘတက်နေတာကြာပြီ...ငါတို့တပ်မဟာက ဝက်တွေကို မသတ်သေးဘူး..
ဒါက တကယ်ကို အချိန်ကိုက်ပဲ"
လင်းလန်လည်း ထိုအကြောင်းကို တွေးကြည့်သည်။ဟန်ချင်စုန့်က ခုရက်ပိုင်း ကွန်မြူနတီဆီကို မသွားပေ။ အိမ်မှာ အသားမရှိသည့်အတွက် ဗိုက်ဆာနေကြ၏။
လျှိုရှုယွမ်က လင်းလန် နှင့်တုန်ဟွိုင်ဟွတို့ကို အသား ခွဲပေးချင်သော်လည်း သူတို့က ငြင်းဆိုခဲ့သည်။
လင်းလန်က ပြုံးပြီးပြောလိုက်၏။
"နင် အရမ်းအလုပ်များတာ... ဒါက နင်နဲ့ထိုက်တန်တဲ့ဟာပဲ...ယူလိုက်..နောင်မှာလည်း နောက်ထပ်ရှိဦးမယ်"
လျှိုရှုယွမ်မှာ ယူထားရန်ကလွဲပြီး ရွေးချယ်စရာမရှိပေ။
လျှိုချွန်းချိုက်က ပြုံးပြီးပြောလေသည်။
"ယွမ်အာ... မင်းက အသားမစားရင် ငါ့ကို ပေးလိုက်ပါ... ငါဗိုက်ဆာလို့သေတော့မယ်"
တုန်ဟွိုက်ဟွက ရယ်ပြီး
"နင့်ကိုယ်မှာ အသားအများကြီးရှိတယ်မဟုတ်ဘူးလား“
စကားပြောကာ ရယ်မောပြီး ရွာကိုပြန်လာကြ၏။လင်းလန်က အသားတွေသယ်ပြီး အိမ်ကို လမ်းလျှောက်ပြန်ခဲ့သည်။
သူမသည် ဟန်အိမ်ဟောင်း၏လမ်းကြားထဲသို့ရောက်သောအခါ ဟန်ကျင်းယု ဤနေရာဆီသို့ ဦးတည်လျှောက်လာသည်ကို တွေ့လိုက်ရသောကြောင့် ခြေလှမ်းအနည်းငယ် အမြန်ပြေးသွားခဲ့၏။
"ရပ်စမ်း..."
ဟန်ကျင်းယုက ၎င်းကိုမြင်ပြီး သူမနောက်ကို ပြေးလိုက်သည်။ လင်းလန် အသားတစ်ပိုင်းကို ကိုင်ထားတာကို ရှင်းရှင်းလင်းလင်း မြင်နေရ၏။
လင်းလန် မည်သို့ ရပ်နိုင်ပါမည်နည်း။
သူမက လင်းလန်ကို ခေါ်လေလေ လင်းလန်က မြန်မြန်ပြေးလေလေဖြစ်ပြီး ခဏအကြာတွင် ပျောက်ကွယ်သွားသည်။
ဟန်ကျင်းယုက ဒေါသတကြီးဖြင့် ခြေဆောင့်ကာ အိမ်သို့ပြန်သွားပြီး အဖွားကြီးဟန်ကို ငိုယိုပြောလိုက်၏။
“အမေ..အဲဒီကြွက်စုတ်က အသားတစ်ပိုင်းရှိတယ်...အမေ့ကို ဘယ်လို ဦးချရမှန်းတောင် မသိဘူး”
အဖွားကြီးဟန် အလွန်ခဲ့သည့်ရက်အနည်းငယ်က ဒုတိယသားကို သူမ၏အငယ်ဆုံးသားထံသွားလည်ရန်ပြောခဲ့သည်။ ပြန်လာသည့်အခါ သားဖြစ်သူက စိတ်မသက်မသာဖြင့် ညည်းတွားလေ၏။
သူမက သားနှင့်ချွေးမများကို သူတို့ဘက်ကနေစ၍ အမေဖြစ်သူ နေမကောင်းကြောင်းပြောကာ တတိယမြောက်သားကိုခေါ်လာစေချင်ခဲ့သည်။သို့သော် ရလဒ်တစ်ခုအနေဖြင့် လမုန့်ပွဲတော်ကြောင့် ပထမချွေးမဟန်၏မျက်နှာက အေးစက်နေဆဲဖြစ်ပြီး သူမက အလုပ်နှင့် ချက်ပြုတ်ခြင်းမှလွဲ၍ တခြားအပို စကားမပြောပေ။
(T/N–ဆောင်းဦးပေါက်ပွဲတော်ကို လမုန့်ပွဲတော်လို့ပြောင်းရေးပါ့မယ်)
အစ်ကိုကြီးဟန်က ဇနီးဖြစ်သူ၏ မကျေမနပ်ဖြစ်ခြင်းကိုခံရပြီး သူ့ကို သူမနှင့် နီးကပ်ခွင့်မပြုခဲ့ပေ။ထို့ကြောင့် အားလပ်ရာသီတိုင်းတွင် သူအနေ ဖြင့် လူလုပ်လှုပ်ရှားမှုများဖြင့် အလုပ်ရှုပ်နေခဲ့ရသော်လည်း ယခုမူ ထိန်ချုပ်ထားရသဖြင့် သဘာဝအတိုင်း သူမှာ စွမ်းအင် အများကြီးရှိမနေပေ။
ထို့အပြင် အဖွားကြီးဟန်က သူမကို ခွဲထွက်ထားသည့် အပြင်လူတစ်ဦးဖြစ်ပြီး ထိုကြွက်စုတ်နှင့် စကားပြောသွားသောသူ ဘယ်သူမဆို မိသားစုထဲက အထုတ်ခံရမည်ဟုပြောထားခဲ့သဖြင့် အခြားသူများက လင်းလန်ကို သဘာဝအတိုင်း သွားမရှာကြပေ။
ယခုသူမကို တွေ့ချင်သော်လည်း ဘယ်သူကမှ သတင်းမပို့သေးပါချေ။
ညစာအတွက် ကန်စွန်းဥပြုတ်နှင့်ပြောင်းဆန်အနှစ်တွေပဲရှိပြီး ဟင်းသီးဟင်းရွက်တွေ မပါဘဲ အသီးအရွက်ချဥ်အတုံးလိုက်တွေပဲ ရှိတော့သည်။ ဟန်ကျင်းယု ဒေါသထွက်လွန်း၍ တူကိုချပြီး ထမင်းမစားတော့ပေ။
"ဟိုအိမ်ကလူတွေကကျ အသားတွေစားနေရတယ်...ဒီကျ အရွက်ခြောက်တွေပဲစားနေရတယ်"
ပထမချွေးမဟန်က သရော်လိုက်၏။
သူတို့အသားစားနိုင်သည်က သူတို့ရှာခဲ့၍ဖြစ်သည်။ခွဲထွက်ပြီးကတည်းက လင်းလန်၏ဘဝသည် မည်မျှချမ်းသာလာကာ ဂုဏ်သတင်း တိုးတက်လာသည်ဖြစ်စေ သူတို့နှင့်မဆိုင်တော့ပေ။
အခုတော့ ရွာထဲက ဘယ်သူမှ အမျိုးသမီးလင်းကို လက်မတထောင်ထောင်နဲ့လို့ မပြောကြဘူး...
ထုံးစံအတိုင်း လင်းလန်က သူတို့မိသားစု၏စွပ်စွဲမှုကို ဂရုမစိုက်ဘဲ အိမ်သို့ပြေးလာရင်း တစ်မိသားစုလုံးကို ဆုချရန် ဘာဟင်းချက်ရမည်ကို စဉ်းစားနေခဲ့သည်။
သူမ အလုပ်ရှုပ်နေစဥ်တွင် ရှုယွမ်အမေရောက်လာပြန်၏။
လျှိုရှုယွမ်က လင်းလန်နှင့် လွတ်လွတ်လပ်လပ်ဝါဒဖြန့်နေသောကြောင့် ရှုယွမ်အမေက ပို၍ လုံ့လစိုက်ထုတ်လာပြီး အကူအညီပေးစရာရှိမရှိ မေးရန် သို့မဟုတ် ရိက္ခာပို့ရန် စသဖြင့် ဤနေရာသို့ မကြာခဏလာခဲ့သည်။
အဖွားကြီး ဟန်နှင့်ဟန်ကျင်းယုတို့က လင်းလန် အခြားသူတွေအပေါ် ကောင်းသလို ယောက္ခမအပေါ်မကောင်းသည့်အတွက် ကျေးဇူးကန်းသည်ဟု အဆက်မပြတ်ပြောခဲ့ကြ၏။
"ကောင်မလေး.. လွန်ခဲ့တဲ့နှစ်ရက်က ငါ့မှာဘာမှာဘာမှလုပ်စရာမရှိလို့... နင်နဲ့ ချင်စုန့် အတွက် ဖိနပ်နှစ်ရံ ငါလုပ်ခဲ့တယ်...နင် အဲ့ဒါတွေကို ကိုက်မကိုက်ဝတ်ကြည့်ပါလား..."
သူမလက်ထဲက ချည်ဖိနပ်ကို လင်းလန်ကို ပေးလိုက်သည်။
လင်းလန်က ခြေနင်း အလွှာတစ်ထောင်ထည့်ထားသည့် ဖိနပ်ကို ကြည့်လိုက်ရာ ခြေနင်းတွေက ထူထဲပြီး ချုပ်ရိုးတွေလည်း ကောင်း၏။
"ယောင်းမ...နင်ဘာလို့ ဘယ်လောက်တောင် ကူညီထားတာလဲလို့... ဖိနပ်လုပ်ဖို့ မျက်စိတအားသုံးရတယ်... ဒါကြောင့် အဲ့လို မလုပ်ပါနဲ့"
ရှုယွမ်အမေကပြောလေသည်။
"ဘာကို အလုပ်ရှုပ်ရမှာလဲ...နည်းနည်းမှ အလုပ်မရှုပ်ဘူး... ဖိနပ်ရဲ့ခြေနင်းကို ကြည့်စရာမလိုပါဘူး...ဒုက္ခမများပါဘူး ...ဒါကမျက်လုံးသုံးရမဲ့နေရာပဲလေ... သူတို့အားလုံးကို ရှုယွမ်လုပ်ထားတာ... အဲဒီမိန်းကလေးကအရမ်းအဆင်ပြေတယ်...သူက သူ့အဒေါ်အတွက်ဖိနပ်လုပ်ရတာပျော်တယ်လေ ”
သူမက လင်းလန်ကို ဝတ်ကြည့်ရန်တိုက်တွန်းလိုက်၏။
“ပြန်မပေးနဲ့နော်... နင်နဲ့ ချင်စုန့်ရဲ့ခြေဖဝါးအတိုင်း လုပ်ထားတာ...တခြားသူတွေဝတ်လို့မရဘူး...လိမ္မာတဲ့ကောင်မလေး မြန်မြန်ဝတ်...အဆင်ပြေရင် ငါနင့်အတွက်လုပ်ပေးမယ်။”
သူမ၏မျက်နှာပေါ်ရှိ အမူအရာမှာ လင်းလန်က သူမ၏မျက်နှာသာပေးရန် ဖိနပ်ကို ဝတ်ရမလိုမျိူး ရိုသေကိုင်းရှိုင်းမှုအပြည့်ရှိနေသည်။
လင်းလန် အနည်းငယ် ချွေးစေးများထွက်လာသောကြောင့် အလျင်အမြန် ရှုယွမ်အမေကို အိမ်ထဲဆွဲခေါ်လာပြီး အဝတ်အစားနှင့်ဖိနပ်ချုပ်ရန် အသုံးပြုနိုင်သော အထည်ပိုင်းအချို့ကို ရှာဖွေခဲ့သည်။
ရှုယွမ်အမေက လက်မခံခဲ့ပါချေ။
လင်းလန်က မျက်နှာတည်တည်နှင့် ရည်ရွက်ချက်ရှိရှိပြောလိုက်၏။
"ငါက ဖိနပ်လုပ်တော့မှာ
...အချုပ်အလုပ်မကျွမ်းကျင်လို့ အရှက်ရမှာကြောက်ပြီး မလုပ်သေးတာ... ယောက်မ နင်ကငါ့ကိုအများကြီးကူညီခဲ့တယ်...နင်အထည်ကိုယူရမယ်... နင်မလိုချင်ရင် ငါလည်း နင့်ဖိနပ်တွေကို မလိုချင်ဘူး"
ရှုယွမ်အမေ မတတ်သာတော့ဘဲ လက်ခံလိုက်ရပြီး ရှက်ကိုးရှက်ကန်းနှင့် ပြောလေသည်။
"နင့်ကို ပေးဖို့အတွက် ငါကလာခဲ့တာလေ... နင့်ရဲ့ပစ္စည်းတွေကို ငါကဘာလို့ယူနေရသေးတာလဲ"
"မှန်တယ်မဟုတ်လား"
လင်းလန်က ပြုံးပြီးပြော၏။
"နင်တို့မိသားစု အသားကို ဘယ်လိုစားလဲ"
ရှုယွမ်အမေက ပျော်သွားပြန်ပြီး
"ဖက်ထုပ်လုပ်ကြတာ"
သူမက လင်းလန်၏ ဂျုံကောင်းကို အပြင်ကနေ လှမ်းကြည့်ကာဆိုလိုက်သည်။
"နင်တို့ရော ဖက်ထုပ်လုပ်တာလား... နင့်အတွက် အစာလုပ်ပေးမယ်"
Xxxxxx