အပိုင်း ၂၆၁-၂၆၂
Viewers 23k

Part 261


လူတိုင်းက ရယ်မောပြီး လျှောက်အော်နေခြင်းကို ရပ်ရန် စန်းဝမ်ကိုပြောကြသည်။

 အရမ်းအရုပ်ဆိုးတာပဲ...


 လင်းလန်က ဖက်ထုပ်ပန်းကန်လုံးကြီးတစ်လုံးကို ခပ်ထည့်လိုက်ပြီး သူတို့ကိုကြည့်လိုက်သည်။

ဒီလောက်ဆို သူမမိသားစုအတွက် လုံလောက်လောက်၏။


သူမက အားဝမ်နှင့်မိုင်စွေ့ကိုအော်ခေါ်လိုက်ပြီး

 "ကုမိန်ကို တိတ်တိတ်လေး ခေါ်ပြီး ဖက်ထုပ်တွေကို ပြန်ယူသွားပြီး စားခိုင်းလိုက်" ဟုဆိုလိုက်သည်။ 


မိသားစု မခွဲထွက်ခင်တုန်းက ပထမချွေးမဟန်နှင်အစ်ကိုကြီးဟန်က သူတို့နှင့် အဆင်ပြေနေသေးပေမဲ့ အဖွားကြီးဟန်ကြောင့်  ကိစ္စတော်တော်များများက ခြောက်ကပ်ကပ် ဖြစ်သွား၏။


လင်းလန်က ကုမိန်ကိုတွေ့သည့်အခါ တိတ်တိတ်လေး စားစရာတစ်ခုခုပေးလေ့ရှိသည်။


အားဝမ် နှင့်မိုင်စွေ့တို့က ယခင်က လင်းလန်  သူတို့အဒေါ်ထံ အစားအသောက်များ ပေးပို့ရာတွင်လည်း ကူညီပေးခဲ့ဖူးသည်။သူတို့က အတွေ့အကြုံရှိပြီး သတိလည်းထားကြသဖြင့် အမှားလုပ်မိရန် ခဲယဥ်း၏။


 အဒေါ်မိသားစုကို ပေးရသည်အား ပျော်နေသေးသော်လည်း  တခြားသူတွေကို ပေးပါက ပျော်မှာ မဟုတ်ပေ။ တကယ်တမ်းတွင် အိမ်မှာ သိပ်မရှိတော့ချေ။


 သူတို့နှစ်ယောက် ပြန်ရောက်သောအခါ လင်းလန်က ညစာ အဆင်သင့်ဖြစ်ပြီဟု ပြောသည်။


 ဖက်ထုပ်များ စားပွဲပေါ်သို့ ရောက်သောအခါ အသားအပြည့် ဖက်ထုပ်များ၏ ထူးခြားသော ရနံ့များ ပျံ့လွင့်လာခဲ့၏။ကလေးများက လက်ညိုးထိုးကြည့်ကြပြီး စန်းဝမ်ကမူ ပုံကြီးချဲ့ကာဖြင့် တံတွေးကိုပင်  မျိုချလိုက်သေးသည်။


 စတင်မစားခင်မှာ ဟန်ချင်စုန့်က​ပြော၏။ 

"ဒါက အသိပညာကို အားကိုးပြီး မင်းတို့မားမားရခဲ့တဲ့ ဖက်ထုပ်ဖြစ်တယ်... မိသားစုတစ်ခုလုံးကျေးဇူးတင်သင့်တယ်" 


ကလေးတွေအားလုံးက ပြောကြသည်။ "ကျေးဇူးတင်ပါတယ် မားမားးးး..."


တဝမ်မှလွဲ၍ လူတိုင်းကအော်ကြ၏။

"ငါတို့ ကြိုးစားလေ့လာပြီး အသိပညာကနေ ငွေရှာရမယ်"


စန်းဝမ်ကမူ ဒုက္ခရောက်နေသည့် ရေတွေကို ကယ်တင်ရန် ကြိုးကြိုးစားစား စာသင်ရမယ်ဟုကျယ်လောင်စွာ အော်လိုက်သည်။


လင်းလန်က ပြုံးပြီးပြော၏။

 "စားကြစို့"


ဝက်သား၊ ပုစွန်ခြောက်နှင့် ဂေါ်ဖီထုပ်အစာသွပ်က  အနံ့ အရသာရှိပြီး ကိုက်လိုက်သည်နှင့် ချိုမြိန်သည့် ဟင်းရည်က ပါးစပ်ထဲကို စိမ့်ဝင်လာသည်။ပူနွေးပြီး လတ်လတ်ဆတ်ဆတ်လေးတွေဖြစ်ရာ ကလေးတွေ လျှာကိုပါ မျိုချရန် မစောင့်နိုင်တော့ပေ။


အားလုံးက အပြုံးတွေအပြည့်နှင့်ဖြစ်ပြီး စကားပြောရန်အချိန်မရှိကြ၊ စားသောက်ခြင်းမှာပဲ နစ်မြုပ်နေကြ၏။


 တဝမ်ပင်လျှင် မျက်လုံးများ တောက်ပနေပြီး သူ့နှာခေါင်း၌ ချွေးများသီးနေသည်။


အရသာရှိစွာစားနေကြသည်ကိုမြင်ရသည့်အခါ လင်းလန်လည်း အများကြီး ပျော်သွား၏။သူမလည်း အသိပညာကိုမှီခိုပြီး အစားအသောက်ကို တိုးမြင့်ပေးနိုင်ခဲ့သည်။ ယင်းက သူမကိုပြီးမြောက်အောင်မြင်သလို ခံစားစေရ၏။


 ဖက်ထုပ်များကို စားပြီးနောက် ကလေးများက ဖက်ထုပ်စွပ်ပြုတ်ကို သောက်ရင်း ဗိုက်ကို ပွတ်နေကြကာ   မူလဟင်းရည်ကို မူရင်းအစားအစာအဖြစ် ပြောင်းလဲပစ်လိုက်ကြသည်။


 လင်းလန်က လက်ဖျောက်တီးကာပြောလိုက်၏။

 "ငါ အခု စည်းကမ်းချက်တစ်ချို့ကို အင်မတန် လေးလေးနက်နက် ကြေငြာလိုက်မယ်" 


ကလေးတွေက သူမ၏လက်ဖျောက်တီးခြင်းကနေ  ဆွဲဆောင်ခံလိုက်ရပြီး တစ်ယောက်ကိုတစ်ယောက် လိုက်အတုခိုးကြသည်။ စန်းဝမ်က လက်ဆယ်ချောင်းကို အသံမထွက်ဘဲ ပြင်းပြင်းထန်ထန် ပွတ်တိုက်လိုက်၏။ဟန်ချင်စုန့် က သူတို့ကို တစ်ချက်ကြည့်လိုက်ရာ တစ်ယောက်ချင်းစီက ချက်ချင်း နောက်ကျောကို မတ်မတ် ထားလိုက်ကြပြီး အမူအရာက လေးနက်လာကာ လက်ကို နာခံစွာ ပြန်ချထားကြသည်။


ဝမ်ဝမ်က သူ့ဘေးနားတွင် ဝပ်နေပြီး လင်းလန်ကို သေချာ မော့ကြည့်လိုက်၏။


  "ပထမဆုံး လူသားတစ်ယောက်ဖြစ်နေတဲ့အတွက် သူတစ်ပါးကို မထိခိုက်စေရဘူး...သူတစ်ပါးကို ရန်မလိုရဘူး... ဖြောင့်မတ်ရမယ်... သူတစ်ပါးကို မထိခိုက်ရဘူး... မရူးမိုက်ရ၊ ဘူး....သတိထားရမယ်...သူများတွေ မင်းတို့ကို သိက္ခာကျစေမဲ့ အရာတစ်ခုခု လုပ်ခိုင်းရင် မင်းတို့ ကြိုတင်ကာကွယ်မှုတွေလုပ်ထားရမယ်"


 ဤအဆုံးအမက ကလေးတိုင်းအတွက် ရည်ရွယ်လေသည်။ မူရင်းဇာတ်ကြောင်းတွင် တဝမ်က မရဏလမ်းသို့သွားခဲ့ကာ အားဝမ်က အမြဲတမ်း စား၊သောက်၊ပျော်ပါး၊လောင်းကစားလုပ်သည့် လူ အာသွက်လျှာသွက်လူတစ်ယောက်ဖြစ်လာခဲ့ပြီး စန်းဝမ်ကမူ တက်ကြွရန်ကြိုးစားရင်း သူကိုယ်သူသတ်မိခဲ့၏။


"ဒုတိယအချက်ကတော့ စာကျက်ချိန်ကို တန်ဖိုးထားပြီး တတ်နိုင်သမျှ အချိန်အားလုံးကို ဆုပ်ကိုင်ထားရမယ်...လေ့လာမှုနဲ့ စာတတ်မြောက်မှုက အသုံးမဝင်ဘူးလို့ မင်းတို့ထင်ကောင်းထင်နိုင်ပေမဲ့ အနာဂတ်မှာ ကြီးပြင်းလာတဲ့အခါ တစ်နေ့ကျရင် စာအုပ်တွေကို အသုံးချတတ်လာတာကို တွေ့ရလိမ့်မယ်"


"တတိယအချက်ကတော့ ငွေနဲ့ပတ်သက်ပြီး လုံလောက်ရင်အဆင်ပြေတယ်.. ပိုက်ဆံဆိုတာ က အရာအားလုံးမဟုတ်ဘူး... ဒါပေမဲ့ ပိုက်ဆံမရှိရင် လုံးဝမဖြစ်နိုင်ဘူး... ငါတို့ကိုယ်ပိုင် စည်းစိမ်ကို ဖန်တီးဖို့အတွက် ကိုယ်ပိုင်ဥာဏ်နဲ့ လုပ်အားကို အားကိုးရမယ်... ငါတို့မှာ ပိုက်ဆံလုံလုံလောက်လောက်ရှိလာတဲ့အခါ ငါတို့အတွက် ပိုက်ဆံက နံပါတ်တစ်ခုပဲဖြစ်လာလိမ့်မယ်... လောဘမကြီးနဲ့... ငွေနဲ့ စည်းစိမ်ဥစ္စာတွေကို အကန့်အသတ်မဲ့မပိုင်ဆိုင်ရဘူး... အဲဒါက  ဘေးဥပဒ်ကို ဖြစ်ပေါ်စေလိမ့်မယ်” 


 ပြောပြီးသည့်အခါ သူမက ခေတ္တရပ်ကာ ပြုံးပြီး ဆက်ပြောလိုက်၏။


 “မင်းတို့ အခုနားမလည်လည်း ကိစ္စမရှိပါဘူး...မှတ်ပဲမှတ်ထားကြ...မင်းတို့ ကြီးလာတဲ့အခါ အလိုလို  နားလည်လာလိမ့်မယ်"


ဟန်ချင်စုန့် : "အကုန်လုံးကို မှတ်မိလား"


 အားဝမ်: "မှတ်မိတယ်"


ဟန်ချင်စုန့် : "ပြန်ပြောပြကြည့်"


အားဝမ်က အဓိကအချက်တွေကို  ထပ်ခါထပ်ခါရွတ်ပြသည်။


ထို့နောက် မိုင်စွေ့နှင့်တဝမ်တို့အလှည့် ရောက်လာ၏။ 


 တဝမ်က  ပုန်ကန်တတ်သော်လည်း လင်းလန်၏ စကားတွေ နားထောင်ပြီး နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ ဂရုမစိုက်၊ ရိုက်နှက်ခံရမည်ကို ကြောက်ပါက မှတ်မိရန်ပဲလိုလေသည်။


 ရိုးရိုးသားသားပြောရပါလျှင် သူ သူ၏မျက်နှာမည်းအဖေဆီကနေ  အရိုက်ခံရမှာကို ကြောက်နေဆဲဖြစ်၏။


စန်းဝမ်က  ရှင်းရှင်းလင်းလင်းမပြောမိ စိတ်ထဲ၌ သုံးကြိမ်ဆိုကြည့်လိုက်ပြီး တတိယအကြိမ်ပြီးနောက်မှသာ ၎င်းကို အလွတ်ကျက်နိုင်ခဲ့သည်။


ရှောင်ဝမ်က စတင်သီဆိုလိုက်၏။


 "သူတစ်ပါးကို ထိခိုက်စေမဲ့ နှလုံးသားက မရှိသင့်ပါကွယ်... တခြားသူတွေကို ရန်လိုတဲ့ နှလုံးသားလည်း မရှိသင့်ပါတယ်... အချိန်ကို မြတ်နိုးလို့ စာကြိုးစားရမယ်... ကြီးပြင်းလာတဲ့အခါ လူတွေအတွက် အကူအညီပေးပါကွယ်... ပိုက်ဆံမရှိရင် အသက်မရှင်နိုင်ဘူးတကယ်... ပိုက်ဆံမလောက်ရင် ...သုံးပဲ...သုံးလိုက်ပါ...ကွယ်..."

 


 "ဝိုး...ရှောင်ဝမ်ကတော်လိုက်တာ..." 

အကုန်လုံးက ဝိုင်းချီးကျူးကြသည်။


ရှောင်ဝမ် အနည်းငယ်ရှက်သွားပြီး မျက်နှာလေးနီရဲလာကာ မျက်လုံးလေးများ ကွေးအောင်ပြုံးလိုက်သည်။


 လင်းလန်က သူ့ကို နမ်းလိုက်သည်။

 "ပေါင်ပေါင်ကတော်လိုက်တာ...ကောင်းပြီ.. ခဏလောက် ကစားကြ...ပြီးရင်  စာအုပ်ဖတ်ပြီး အိပ်ရာဝင်ဖို့ ပြင်" 


ကလေးတွေ ဆော့နေချိန်၌ ဟန်ချင်စုန့်က အိမ်မှာ သိမ်းထားသည့် ပြောင်းနှံကို ထုတ်ယူလိုက်ပြီး ယင်းက ခြွေလှေ့ပြီးသားဖြစ်၍ ယခု တံစက်မြိတ်အောက်တွင်သာထားကာ တံမြက်စည်းလုပ်ရန်သာ အသုံးပြုသည်။


ထိုစဥ်က လယ်သမားများအသုံးပြုသည့် တံမြက်စည်းများ အများအပြားရှိခဲ့သည်။ရှည်သည့်များကို တံမြက်စည်းပင်ဟုခေါ်သည့် ဝါးပျိုးပင်များဖြင့် ပြုလုပ်ထားပြီး ကျယ်ဝန်းသောခြံကို တံမြက်စည်းလှည်းရန်အတွက် အသုံးပြုကြသည်။


Xxxxxx

Part 262


ဟန်ချင်စုန့်က ခပ်မြန်မြန် လှုပ်ရှားပြီး လင်းလန် ၏အကူအညီဖြင့် တံမြက်စည်းနှစ်ချောင်းကို အချိန်တိုအတွင်း ချည်လိုက်သည်။

လင်းလန်က ကြိုးစားကြည့်ပြီး မြှောက်ပင့်လိုက်၏။


"ညွှန်းမှူးဟန်က တက

ယ်ကို စွယ်စုံရ...တံမြက်စည်းလဲ ထိုးတတ်တယ်...ကောင်းကောင်း လုပ်ထားတာပဲ"


အချို့လူတွေဆို တံမြက်စည်းရိုး မည်သို့ထိုးရမှန်းမသိသဖြင့် သူများဆီအကူအညီတောင်းရသည်။

 

ဟန်ချင်စုန့်အနေဖြင့် သူမ၏ပျားရည်ကဲ့သို့ချိုမြိန်သော ပါးစပ်လေးနှင့် ကျင့်သားရနေပြီဖြစ်ကာ သူမ သူ့ကို မြှောက်ပင့်သည့်အခါတိုင်း သူ သူမကိုနမ်းချင်မိ၏။


ပြီးခါနီးသည်ကို တွေ့လျှင်အဆုံးမသတ်ဘဲ ဘေးမှာချထားလိုက်သည်။


လင်းလန်:"မချည်ဘူးလား"


ဟန်ချင်စုန့်:"နောက်ကျနေပြီ"


လင်းလန်:"..."

နောက်မကျပါဘူးနော်...အရမ်းကိုစောနေသေးတယ်...


နောက်ကျနေပြီဟု ဟန်ချင်စုန့်က သူမကိုပြောလာပါက ၎င်းသည် အချို့သောလှုပ်ရှားမှုများစတင်ရန် အချက်ပြခြင်းဖြစ်၏။


ယင်းက"မိန်းမရေ...ကိုယ်မင်းကိုလိုချင်နေပြီ...

မြန်မြန်အနွေးကုတင်ပေါ်တက်ရအောင်"ဟူ၍ အဓိပ္ပါယ်ရသည်။


လင်းလန်က သူ့ကို စကားလုံးတချို့တီးတိုးပြောလိုက်၏။ယနေ့ သူမမှာလွှတ်မြောက်ရန် အခွင့်အရေးရှိလေသည်။


ဟန်ချင်စုန့်က သူမကိုကြည့်ကာ 

"ရက်နည်းနည်းလောက် ကျန်သေးတယ်မဟုတ်ဘူးလား"


သူက သူမ၏ရာသီစက်ဝန်းကို  သူမထက်ပင်ပို၍ကောင်းကောင်းသိ၏။


လင်းလန်:"ရှင်သိလား ဒါက မိုးလေဝါသခန့်မှန်းချက်လိုမျိူးပဲ...အခြေခံအားဖြင့် မတိကျဘူး...အမြဲလိုလို နှစ်ရက်လောက်စောရင်စော ဒါမှမဟုတ် နောက်ကျတတ်တယ်...အလုပ်ရှုပ်ရင်၊ ပင်ပန်းရင်၊စိတ်အ​ခြေအနေမကောင်းရင်အဲ့လိုတွေပဲဖြစ်ဖြစ်... အေးရင်ပူရင်ပဲဖြစ်ဖြစ် အကုန်လုံးသက်ရောက်တယ်...စိတ်ပူစရာမလိုဘူး"


ဟန်ချင်စုန့်က ပြောလာသည်။

"မင်း တရုတ်သမားတော်ကြီးဆီသွားပြပြီး ပြန်သက်သာအောင် ဆေးတချို့ညွှန်ကြားခိုင်းသင့်တယ်"


လင်းလန်က သူ့ကို အလွန်နားလည်ပါသည်ဟူသော အကြည့်ဖြင့်ကြည့်ကာပြောလိုက်၏။

"ရှင်ကနားလည်တာလား"


ဟန်ချင်စုန့်: "အဲ့ဒါကို ကျန်းမာရေး လက်စွဲစာအုပ်ထဲမှာ ရာသီမမှန်ခြင်းလို့ခေါ်တယ်"


လင်းလန်:"..."

ရှင်က ဒီလိုရုပ်တည်ကြီးနဲ့ လေးလေးနက်နက်​ပြောတော့ ကြားရတာထူးဆန်းလွန်းတယ်...


"ကျွန်မ တရုတ်ဆီးသီးသကြားညိုပြုတ်ရည်သောက်လိုက်မယ်...ကိုယ့်ကိုယ့်ပဲဂရုစိုက်"


ဤသည်က ဖြေဆေးမရှိဘဲ မိန်းကလေးဆယ်ယောက်လျှင် ရှစ်​ယောက်ဖြစ်တတ်ကြပြီး ကုသ၍မရပေ။


ယခုကဲ့သိုဖြစ်မဖြစ်ကိုပင် သေချာမသိရပါချေ။


နောက်တစ်နေ့တွင် ဟန်ချင်စုန့် ကွန်မြူနတီသို့သွားသောအခါ လင်းလန်က  အိမ်တွင် မနက်ခင်းမှာ  ဇာတ်ညွှန်းအသစ်တစ်ခုကို ရေးခဲ့သည်။သူမ ကွန်မြူနတီအဖွဲ့ဝင်များထံမှ ကြားသိရသမျှ စိတ်ဝင်စားဖွယ်ရာများကို စုစည်းခဲ့ပြီး ၎င်းတို့ ဇာတ်လမ်းအဖြစ် အသုံးပြုနိုင်ပေသည်။


ပင်ပန်းနေသဖြင့် သကြားညိုနှင့် ဂျင်းပြုတ်ရည်တစ်ပန်းကန်  သွားသောက်ခဲ့၏။


သောက်နေရင်း အပြင်မှ  တစ်ယောက်ယောက်၏အော်ဟစ်ဆဲဆိုသံကို ကြားလိုက်ရသည်။


"လင်းလန်... လင်းလန်...နင် တော်တော်ဆိုးတာပဲ" 

ဒုတိယချွေးမဟန်က အရှက်မဲ့စွာ ငေါက်ငမ်းပြီး ပြေးဝင်လာ၏။


 လင်းလန်က မျက်မှောင်ကြုတ်ကာ ပန်းကန်ကို စားပွဲပေါ်တင်၍ ထင်းချောင်းကို ကောက်ကိုင်ပြီးတံခါးကနေထွက်လာခဲ့သည်။


 “ဒုတိယယောက်မ...နင်က စကားကောင်းပြောဖိုလာရင်တောင် ငါက နင့်ကို ကြိုဆိုမှာ မဟုတ်ဘူး...အခုနင်က လာပြီးဆဲတာဆိုတော့  အေးအေးဆေးဆေးနေနေရတာ ငြီးငွေ့နေလို့ အရိုက်ခံချင်တာလား” 

 

ဒုတိယချွေးမဟန် လင်းလန်က သူမရှေ့တွင် မပျော့ညံ့ရုံသာမက ကြီးစိုးလွန်းနေသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်း အားပျော့သွားပြီး ခြေထောက်တွေကို ပုတ်၍ငိုတော့၏။


  "နင့်ကိုယ်နင် စိတ်ရင်းမှန်တယ်ထင်လား...ရှောင်ဖူက အဖျားကြီးပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး အန်နေတယ်... တစ်ညလုံး လူးလိမ့်နေပြီး အခုသေတော့မလိုဖြစ်နေတယ်"


 လင်းလန်က အံ့ဩ သွားသည်။

 " ရှောင်ဖူနေမကောင်းဖြစ်လို့ ငါစိတ်မကောင်းပါဘူး... ဒါပေမဲ့  နင်ကငါ့ကိုလာအားကိုးနေတာလား

...ဆီးအိုးညီအစ်မနှစ်ယောက်နဲ့ သုံးယောက်တွဲ

အလုပ်လုပ်ရမှာကိုကြောက်နေတာလား "


လင်းလန်က ကျောက်ကွေ့ရှန်းတို့ညီအစ်မကို ဆီးအိုးကျိန်ဆဲခဲ့သည်ကို ဒုတိယချွေးမဟန်သိ၏။  သူမ၏အမူအရာမှာ ချက်ချင်းပြောင်းလဲသွားကာ ပြောလေသည်။


"နင်က ငါ့ရဲ့ဒုတိယယောက်မကို အဲ့ဒီလို  ကျိန်ဆဲခဲ့တဲ့သူလား"


   

 "ဒါဆို ငါက နင့်ကို ဘယ်လို ကြိမ်းမောင်းရတော့မှာလဲ"ဟု ဒုတိယချွေးမဟန်က ထပ်ပြီးငိုပြန်၏။


 လင်းလန် စိတ်ရှူပ်စွာဖြင့်ပြောလိုက်သည်။

 “ကောင်းပြီ... ပြောစရာရှိရင် မြန်မြန်ပြောစမ်းပါ” 


ဒုတိယချွေးမဟန်က ငိုယိုကာပြော၏။


“နင်ဖက်ထုပ်လုပ်တာကို ငါတို့ကို  ဘာလို့မပေးတာလဲ... ဘာလို့ငါတို့ကို မပေးဘဲ ရှောင်ဖူကို ဖက်ထုပ်အစိမ်းတွေ ပေးရတာလဲ...နင်တို့တွေ

သိပ်ကိုဆိုးရွားလွန်းတယ်"


လင်းလန်: "ငါ သူ့ကို မပေးဘူး...ဘယ်ကရလဲမသိဘူး...ငါ့ကို အားကိုးမနေနဲ့...မြန်မြန်လေး ငါ့ကိုလာ ဆဲ... ဒုက္ခဖြစ်စေလို့ဆိုပြီး နင့်ကို တရားစွဲဲ ဖမ်းခိုင်းရအောင်"


ဒုတိယချွေးမဟန်က လျော်ကြေးအဖြစ် ယွမ်အနည်းငယ် တောင်းချင်ခဲ့သော်လည်း ရှောင်ဖူကို ဂရုမစိုက်ဘဲ သူမကို ဖမ်းမည်ဟုပင် ခြိမ်းခြောက်နေသော လင်းလန်၏ သဘောထားကို မြင်သောအခါ သူမ မည်သို့ တရားမမျှတဟုမခံစား၊ဝမ်းမနည်း၊ဒေါသမထွက်ဘဲနေနိုင်ပါမည်နည်း။ 


    


လင်းလန်က သူမကို တွန်းထုတ်လိုက်ပြီး ပြော၏။

 "ငါ အပြင်ထွက်စရာရှိတယ်...မြန်မြန်...တံခါးကို သော့ခတ်ချင်လို့"


ဒုတိယချွေးမဟန်: "နင် ပိုက်ဆံပေးရမယ်..."


လင်းလန်က သူမကို လှမ်းကြည့်လိုက်ရာ  ဒုတိယချွေးမဟန် မသိစိတ်ဖြင့် ရင်ဘတ်ကို ချက်ခြင်းကော့လိုက်မိသည်။


လင်းလန်က မတ်တပ်ထရပ်ပြီးပြောလိုက်၏။

 "ငါက နင့်ထက်ကြီးတယ်ဆိုတော့ကော့ ပြစရာတောင်မလိုဘူး"


ဒုတိယချွေးမဟန်: "...ဒါက ဘာပြဿနာကြီးမလို့လဲ... နင့်ရှောင်ဝမ် ဝမ်းပျက်သွားတာအတွက် ပိုက်ဆံပေးရမယ်မဟုတ်ဘူးလား..."


 လင်းလန်: "ငါ နင့်ကို နှစ်ယွမ်ပေးရင် ရှောင်ဖူက နေမကောင်းမဖြစ်တော့မှာမလို့လား ...ရှောင်ဖူ နေမကောင်းဖြစ်လို့ ငါ့ဆီက ပိုက်ဆံချေးချင်တာလား... တစ်ရွာလုံးက တစ်ခုခု့ဖြစ်တိုင်းငါ့ဆီ လာတောင်းနေရင်ရော ...နင်ကငါ့ကို ဘဏ်ဖွင့်ထားတယ်များထင်နေလား"


သူမက စကားပြတ်ပြတ်ပြောလိုက်ပြီး ဒုတိယချွေးမဟန်ကို မျက်လုံးလှန်ပြကာ တံခါးကို သော့ခတ်ပြီး ထွက်လာခဲ့သည်။


ယေဘုယျအားဖြင့် ပြောရပါလျှင် လူတွေက  ကလေးများကို စာနာသည်ဟုဆိုတွင် ယင်းက လီမိသားစု သို့မဟုတ် လျှိုမိသားစုမှ ကလေးများမဟုတ်သော ကလေးအုပ်စုကို ရိုးရိုးရှင်းရှင်း ညွှန်းဆိုကြခြင်းပင်။


    

ပြိုင်ဘက်၏ သားသမီးဖြစ်ပါက အိမ်အတွက်ပင် ​ငြီးငွေ့မှာစိုးရိမ်နေရသေးလေရာ အဘယ်​ကြောင့် ချစ်ခြင်းမေတ္တာနှင့် စာနာမှုအကြောင်း ပြောနေရဦးမည်နည်း။


တခါတစ်ရံတွင် ကမ္ဘာ့ရန်၏ကလေးထက် သူစိမ်း၏ကလေးအပေါ် စာနာမှုပိုရှိခြင်းက ပိုကောင်းသည်။


ထို့အပြင် ရှောင်ဖူဝမ်းလျှောခြင်းနှင့်ပတ်သက်၍ ဘာလုပ်ရမည်နည်း။ ထိုသည်က သူမအပြစ်မဟုတ်ပေ။


သူမကိုယ်တိုင်လည်း နေမကောင်းဖြစ်ပြီး သားသမီးတွေလည်း နေမကောင်းဖြစ်နေခဲ့၏။ သူမကရော ကိုယ်ချင်းစာတရားအတွက် ငွေညှစ်ဖို့ လူတွေကို ပတ်ရှာနေခဲ့လို့လား...


    

ထိုသို့ဆိုလျှင်  သူမက ရှောင်ဖူနေမကောင်းဖြစ်သည့်အခါ သူမက အဘယ်ကြောင့် စာနာစိတ်ပြသပြိး ပိုက်ဆံပေးရမည်နည်း။


အဲ့ဒါက ဘာလော့ဂျစ်ကြီးလဲ...


Xxxxxxx