Part 263
လင်းလန်က အာရုံမစိုက်ချင်ဘဲ လှည့်ထွက်သွားကာ သားသမီးများကို ကြည့်ရန် ကျောင်းသို့သွားခဲ့သည်။
သူမမိသားစုက သားသမီးတွေကသာ သူမနှလုံးသားကို အသက်ရောက်နိုင်ဆုံးပင်။
ရလဒ်တစ်ခုအနေဖြင့် ရှောင်ဝမ်က ကျောင်းမတက်တော့ဘဲ ဆရာဟောင်က သူ့ကို မနက်ခင်းတွင် သင်ပေးပြီးနောက် ကွန်မြူနတီကျောင်းသို့ စာသွားသင်ကာ ရှောင်ဝမ့်ကို ကစားခိုင်းထားသည်။
လင်းလန်က တုန်ဟွိုင်ဟွ၏အိမ်သို့သွားပြီး အချိန်အတော်ကြာ ဆွေးနွေးခဲ့ကာ ရာသီဥတုကိုကြည့်၍ နေ့လယ်မှာ အိမ်ပြန်ခဲ့သည်။
ရှောင်ဝမ်နှင့်ဝမ်ဝမ်တို့က တံခါး၏ ကျောက်လှေကားထစ်များပေါ်တွင် ဘေးချင်းယှဉ်ထိုင်ကာ သူမကို စောင့်မျှော်နေကြသည်။လက်သေးသေးလေးများက ခွေးသားမွေးများကို စည်းချက်ညီညီ ပွတ်တိုက်ပေးနေကြ၏။ဝမ်ဝမ်က အလွန်သက်တောင့်သက်သာရှိနေပြီး သူ့ခေါင်းကို ရှောင်ဝမ်၏လက်နှစ်ဖက်ထဲ ထိုးထည့်ကာ သက်သောင့်သက်သာရှိစွာ အသံပြုလိုက်သည်။
ဝမ်ဝမ်၏ရွှေရောင်သားမွှေးက နေရောင်အောက်တွင် အထူးတလည် လှပနေပြီး ရှောင်ဝမ်ကလည်း လက်ရှိမှာ ဖြူဖွေးလှပနေလေရာ ကလေးတစ်ယောက်နှင့်ခွေးတစ်ကောင်၏မြင်ကွင်းက လင်းလန်ကို ချစ်စရာကောင်းသည်ဟု ခံစားရစေ၏။
နဂိုက မှုန်ကုပ်နေသော စိတ်က တခဏချင်း ပျောက်ကွယ်သွားသည်။
သူမက ပြုံးပြီး ပြေးလာကာ ပြောလိုက်၏။
"ပေါင်ပေါင်း...မားမားကိုစောင့်နေတာလား"
ရှောင်ဝမ်က သူမကို ချက်ချင်း ဖက်လာပြီး လင်းလန်လည်း သူ့ကို ပွေ့ဖက်ကာ ချီမြှောက်လိုက်သည်။
"သူငယ်ချင်းတွေနဲ့ ဘာလို့ မဆော့တာလဲ"
ရှောင်ဝမ်က ရုပ်ချောကာ လိမ္မာရေးခြားရှိပြီး ဘာဂျာမှုတ်တတ်သူဖြစ်သဖြင့် ကလေးများက သူ့ကို အလွန်နှစ်သက်ကြ၏။
လင်းလန်က သူ့မှာ သူငယ်ချင်းရှိနေလောက်ပြီဟု ခံစားရသည်။
သူက လင်းလန်၏လည်ပင်းကို ပွေ့ဖက်ကာ သူ့ခေါင်းလေးကို လင်းလန်လည်ပင်းနှင့်ပွတ်သပ်ကာဆို၏။
“မားမားကို လွမ်းတယ်”
လင်းလန်၏ နှလုံးသားက ချက်ချင်း ပျော့ပျောင်းသွားပြီး သူ့ကို အိမ်သို့ချီသွားကာပြောလိုက်သည်။
“မားမား သားအတွက် ဖက်ထုပ်ကြော်ပေးမယ်နော်”
မနေ့ညက ဖက်ထုပ်နည်းနည်းကျန်သေးရာ ယင်းက ရှောင်ဝမ်စားရန်ဖြစ်လာ၏။
လင်းလန်က ဖက်ထုပ်ကြော်နေပြီး
ရှောင်ဝမ်က သူ့မားမားအတွက် ဆရာဟောင်၏ တေးသွားအသစ်ကို တီးခတ်မည်ပြု သော်လည်း
အသံက ကြောက်စရာကောင်းနေသည်။
လင်းလန်က ချက်ချင်းကြားသွားပြီး လှမ်းကြည့်ကာပြောလိုက်၏။
"ပေါင်ပေါင်း... ဘာလို့ အထဲမှာ သဲတွေ ပါနေတာလဲ"
သူမ မီးခြစ်ဆံကိုယူပြီး ထိုးကလော်ပေးလိုက်သော်လည်း အထဲမှာ သဲတွေကျန်နေသေးသည်ကို တွေ့လိုက်ရသည်။
"ပေါင်ပေါင်း... သဲတွေ ထည့်ထားရင် ဘာဂျာကပျက်သွားလိမ့်မယ်...ဆက်ကစားလို့မရတော့ဘူး"
ရှောင်ဝမ်က ချက်ချင်းဆိုသလို အမှားတစ်ခုခုလုပ်မိထားသလိုမျိူး ဝမ်းနည်းစွာ ခေါင်းငုံ့လိုက်ပြီး စကားမပြောရဲပေ။
လင်းလန်သည် သူက မကြာခဏဆိုသလို ခွေးလေးတွေနှင့် ကစားတတ်သဖြင့် ဝမ်ဝမ်နှင့်ကစားနေချိန်မှာလုပ်မိခဲ့ခြင်းဖြစ်မည်ဟု တွေးလိုက်၏။ သူ ကစားနေချိန်မှာ ဝမ်ဝမ်နှင့် တိုက်မိသွားပြီး ဝမ်ဝမ်၏ခန္ဓာကိုယ် ခွေးအမွေးနှင့်ဖုန်တွေဖြင့် ညစ်ပတ်နေခြင်းဖြစ်ရမည်။
သို့ရာတွင် ရှောင်ဝမ်က နည်းနည်း စိတ်ဓာတ်ကျနေသလို သူမခံစားရသည်။
"ပေါင်ပေါင်း... အပြင်မှာ ကစားတုန်းက သားကို တစ်ယောက်ယောက်က အနိုင်ကျင့်ခဲ့တာလား"
ရှောင်ဝမ်က ခေါင်းခါပြီး
"မဟုတ်ဘူး"
"သားကို တစ်စုံတစ်ယောက်က ထိခဲ့တာလား"
ရှောင်ဝမ် : "ဟုတ်တယ် အများကြီးပဲ..."
လင်းလန် လန့်ဖျပ်သွားပြီးမေးလိုက်၏။
"ဘယ်ကိုထိတာလဲ"
ရှောင်ဝမ်က သူ့ခေါင်းနှင့် မျက်နှာကို ညွှန်ပြပြီးဆိုသည်။
"မားမား...သားဆံပင်တွေအကုန်ထိသွားတာ"
လင်လန်က သူ့ဆံပင်လေးတွေကို ပူပန်စွာ ကိုင်လိုက်ပြီးပြော၏။
"မားမား သူတို့ကို နောင်ကျရင် မားမားသားလေးရဲ့ခေါင်းကိုမထိဖို့ပြောလိုက်မယ်နော်"
ရှောင်ဝမ်က သန့်ရှင်းကာ လှပသဖြင့် လူကြီးတွေမြင်သည့်အခါ “ဒီကလေးကို ကြည့်ပါဦး...သူက ချောမောပြီး လိမ္မာရေးခြားရှိတာပဲ” ဟုပြောပြီး ခေါင်းကို ပုတ်ကြသည်။
အလုပ်ကြမ်းများလုပ်ထားသည့်အတွက် သူတို့၏လက်များက ကြမ်းတမ်းမာကျောနေလေရာ ကလေး၏ခေါင်းကို ခြစ်မိသွားစေနိုင်သည်မဟုတ်ပါလော။
လင်းလန် နောက်လာမည့်ဝါဒဖြန့်ရေးများတွင် ရှောင်ဝမ်၏ခေါင်းကိုမည်သူမျှထိခွင့်မပြုကြောင်း အလေးပေးပြောကြားရန် ဆုံးဖြတ်ခဲ့သည်။
ရှောင်ဝမ်က သူမကို ချက်ချင်း ပွတ်သပ်လိုက်ပြီး "မားမားတစ်ယောက်ပဲထိလို့ရတာ"
လင်းလန်က သူ့ကို ဂရုတစိုက်နှင့် ထိလိုက်၏။ ဆံပင်ကို အလွန်အကျွံထိမိပါက ဒုက္ခဖြစ်မှာကို ကြောက်မိသည်။
ဝမ်ဝမ် ငယ်ငယ်တုန်းက ကလေးတွေက ခွေးကို တနေကုန် ပွတ်သပ်နေကြသဖြင့် ခွေးထိပ်ပြောင်သွားသည်ကို သူမမှတ်မိနေသေး၏။ ယင်းက ကြောက်စရာကောင်းလှသည်။
မှန်သည်ပင်၊ ယင်းက သူ၏ အမွှေးကျွတ်ခြင်းကြောင့်လည်းဖြစ်သည်။
လင်းလန် လူတွေကို သူ့ညီငယ်လေးအားထိခွင့်မပြုရန်၊ လူတွေကို ပေါ့ပေါ့ဆဆ နမ်းခွင့်မပြုရန် ကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာတစ်ကိုယ်ရေသန့်ရှင်းမှုနှင့် ပတ်သတ်သော ဗဟုသုတအချို့ကို ရှောင်ဝမ်အား ပြောပြခဲ့သည်။
ရှောင်ဝမ်ကလည်း ဂရုတစိုက်နားထောင်၏။
လင်းလန် သူမ ယောင်ဝါးဝါး သတိရမိသည့် ကလေးကဗျာအချို့ကိုလည်း ပြင်ဆင်ပြီး ရှောင်ဝမ်ကိုဆိုစေသည်။
"... ဘောင်းဘီတိုနဲ့စွပ်ကျယ်က ခန္ဓာကိုယ်ကို ကာကွယ်ထားကြ ... တခြားသူတွေ ထိလို့မရ...ကျယ်ကျယ်ဆိုပါဗျ..."
ရှောင်ဝမ်က တစ်ကြိမ် သင်ယူပြီးသည့်နှင့် တန်းဆိုနိုင်သွားသည် အသံက နူးညံ့ပျော့ပြောင်းပြီး အလွန် ချစ်စရာကောင်း၏။
လင်းလန်က ထပ်သင်ပေးပြန်သည်။
"ညီငယ်လေးဟာ ဆီးသွားရာနေရာပါ...တခြားသူတွေကို ကစားခိုင်းလို့မရတယ် ကိုယ်တိုင်လည်း မကစားကြနဲ့ကွယ်... နေ့တိုင်း ရေသန့်နဲ့ ဆေးပေးကြ ပိုးကောင်တွေ ဝင်လာရင် ညီညီလေး နာကျင်လိမ့်မယ်ဗျ..."
ရှောင်ဝမ်က သေသေချာချာ နားထောင်ပြီးပြောလိုက်ဆိုသည်။
လင်းလန်က ချီးကျူးလိုက်သည်။
"ပေါင်ပေါင်းက အရမ်းတော်တာပဲ...မားမား ကလေးတွေကို သားဆိုတာ အတူတူ နားထောင်ခိုင်းလိုက်မယ်နော်"
ကလေးတွေ နေ့လည်စာပြန်စားသည်ကို စောင့်နေသည့် လင်းလန်က မိုင်စွေ့နှင့်အားဝမ် ကို တိတ်တဆိတ်မေးလိုက်၏။
"ရှောင်ဝမ် ဒီနေ့ အတန်းထဲမှာ မပျော်ဘူးလား"
သူတို့က ခေါင်းခါပြပြီး
"အဆင်ပြေပါတယ်... ဘာဖြစ်လို့လဲ... ဆရာဟောင်က သူ့ကို ခေါ်သွားတာ...သူပျော်ပါတယ်... နောက်ပိုင်း ဆရာဟောင် စာသွားသင်တော့ သူ့ဘာသူဆော့နေတာ"
လင်းလန်:"ဘာမှမဟုတ်ပါဘူး"
သူမက စန်းဝမ် ထပ်မေးပြန်သည်။
"စန်းဝမ် သားညီကို အနိုင်ကျင့်တဲ့ သူရှိလား"
စန်းဝမ်: "မရှိပါဘူး...ကျွန်တော် ရှိတယ်လေ... ဘယ်သူက သူ့ကို အနိုင်ကျင့်ရဲလဲ”
လင်းလန်က ရယ်ပြီးပြောလိုက်၏။
“မင်းက အစ်ကိုကြီးနဲ့တကယ်တူတယ်”
လင်းလန်ကမေးသည့်အခါ ရှောင်ဝမ်က ယနေ့ အလွန်စိတ်ဓာတ်ကျနေပြီး မကစားဘဲ ဘာဂျာကိုပဲ တိတ်တိတ်လေး ထိုင်မှုတ်နေသည် သူတို့သတိထားမိလိုက်ကြသည်။ သူတို့အားလုံး ပဟေဠိဖြစ်သွားကြပြီး မေးလိုက်၏။
"ရှောင်ဝမ် ဘာဖြစ်တာလဲ "
ရှောင်ဝမ်က ခေါင်းခါပြီး"ဘာမှမဖြစ်ဘူး"ဟုဆိုသည်။
စန်းဝမ်က သူ့အကျီလက်ကိုလိပ်တင်ကာပြောလိုက်၏။
"ဘယ်သူ မင်းကိုအနိုင့်ကျင့်နေတာလဲ...ငါ့ကိုပြော...ငါသူ့ကိုရိုက်ပစ်လိုက်မယ်"
သူက သူအပြင်ထွက်မည်ဟုပြောသော်လည်း တဝမ်၏ ပြန်ခေါ်သွားခြင်းကိုခံရလေသည်။
ထမင်းစားပြီးနောက် ကလေးတွေက ကျောင်းကို ပြန်သွားကြ၏။ ရှောင်ဝမ် စိတ်ဓာတ်ကျနေသည်ကို မြင်သောအခါ လင်းလန်က သူ့ကို အတူခေါ်သွားပြီး တုန်ဟွိုင်ဟွကိုသွားရှာသည်။
xxxxxx
Part 264
ဟန်ချင်စုန့်က ညနေပိုင်းတွင် ညစာစားရန် မပြန်လာခဲ့ဘဲ ရှစ်နာရီကျမှပြန်လာ၏။
"ဒီနေ့ အလုပ်များနေတာလား"
လင်းလန်က သူအတွက်ထမင်းဟင်းကို နွေးလိုက်သည်။ဟန်ချင်စုန့်က အရေးကြီးသောအရာတစ်ခုခုကို ပြီးမြောက်ခဲ့ပုံရပြီး စိတ်အေးလက်အေး အမူအရာဖြင့်ဆို၏။
"မနက်ဖြန်ကိုယ်နဲ့လိုက်ခဲ့"
"ဘယ်ကိစ္စကိုဖြေရှင်းမှာမလို့ ကျွန်မကိုခေါ်သွားတာလဲ"
လင်းလန် ပဟေဋ္ဌိဖြစ်နေသည်။
ဟန်ချင်စုန့်:"လိုက်ပဲလိုက်ခဲ့ပါ"
သူက လျှို့ဝှက်ထားဖို့ ကြိုးစားနေတုန်းလား...
လင်းလန်က သူ့ကို အတင်းပြောခိုင်းမနေဘဲ သဘောတူလိုက်၏။ နောက်တစ်နေ့မနက်တွင် သူမ မိုင်စွေ့အား ရှောင်ဝမ်ကိုခေါ်သွားရန် ပြောပြီး ဟန်ချင်စုန့်နှင့်အတူ ထွက်လာခဲ့သည်။
စက်ဘီးနှင့်ရောက်ရန်က အချိန်တော်တော်ကြာ၏။ပေကျင်းကွန်မြူနတီလက်အောက်ရှိ တပ်မဟာတစ်ခုသည် သူတို့၏အိမ်မှ မိုင်ပေါင်းများစွာ ဝေးသည်။
ဟန်ချင်စုန့်ကပြော၏။
"သူတို့ရဲ့တပ်မဟာမှာ ဒေါက်တာရှုရှိတယ်"
ရှုမိသားစုသည် မျိုးဆက်ပေါင်းများစွာ ဆေးပညာကို လိုက်စားခဲ့ပြီး သူတို့ဘိုးဘေးက သားဖွားမီးယပ်ကုသမှုပညာတွင် အလွန်တော်သော နန်းတွင်းသမားတော်တစ်ဦးဟု ဆိုကြသည်။
တရုတ်ဆရာဝန်အိုကြီးက လွန်ခဲ့သော နှစ်အနည်းငယ်က ဝေဒနာများစွာ ခံစားခဲ့ရပြီး ခြေတစ်ဖက်ဆာနေ၏။ ယခုအချိန်တွင် သူ့မှာ ဆံပင်ဖြူနှင့်မုတ်ဆိတ်မွေးဖြူများရှိနေသည်။
လင်းလန်က ရိုးရာယဉ်ကျေးမှုကို အမြဲတစေ ကြောက်ရွံ့နေသောကြောင့် သူမ ဤနေရာကို လာသောအခါတွင် သွားရောက်ကြည့်ရှု့ကာ ဆရာဝန်၏ သတိပေးချက်များကို ဂရုတစိုက်နားထောင်ပြီး ဆေးစာအတွက်ပေးချေခဲ့သည်။
ဆေးဖက်ဝင်ပစ္စည်းတွေက ကွန်မြူနတီမှာမရှိသလို ခရိုင်မြို့မှာပင်မရှိသဖြင့် ၎င်းတို့ကို ရှာဖွေရန် မြို့ကြီးတွေကို သွားရမည်ဖြစ်၏။
ဟောင်းလေးဟောင်း ပျက်စီးသွားသောအခါတွင် ပြည်တွင်းမှ တရုတ်ဆေးပညာရှင်များလည်း အပြင်းအထန် ထိခိုက်ခဲ့ရပြီး စုန်းအတတ်၊ ဗေဒင်နှင့် တူသော သူများနှင့် ပေါင်း၍ ရှုပ်ယှက်ခတ်နေသော အချို့သောသူများကို ဘုတ်အဖွဲ့ကနေ ပိတ်ပင်ထားသည်။
ယခု ကောလဟာလတွေအရ သိပ်မတင်းကျပ်တော့ဘဲ ကျေးလက်မှာ ကျန်းမာရေးမှူးတွေလည်း လေ့ကျင့်ပေးနေကြပြီဖြစ်သဖြင့် သူတို့အနေဖြင့် ပြန်ပြီး အတည်တကျ အလုပ်လုပ်နိုင်နေလေပြီ။
ဟန်ချင်စုန့်လည်း နောက်ဆုံးမှာ ရှာတွေ့သွား၏။
လျှိုရှုယွမ်၏ ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်လာရန် လိုအပ်သည်ဟု လင်းလန် တွေးပြီး မေးလိုက်ရာ ဒေါက်တာရှုက လူကိုယ်တိုင်ရောက်လာကာ မြင်ပြီးကြားပြီးသောအခါမှ မှန်ကန်သောဆေးညွှန်းကို ပေးနိုင်ကြောင်း ပြောသည်။
လင်းလန်က ပြန်လှည့်ပြီး လျှိုရှုယွမ်ကို လာပြခိုင်းချင်၏။
ထင်ယောင်ထင်မှားဖြစ်သလားမသိသော်လည်း ထိုကိုသွားသည့်အခါ နှေးသည်ဟု ခံစားရပြီး အပြန်တွင်မူ အများကြီး ပိုမြန်လာပြီး အိမ်ပြန်ရောက်သည့်အခါ သုံးနာရီခွဲ လောက်ပဲ ရှိသေးသည်။
ဟန်ချင်စုန့်က ကွန်မြူနတီသို့ သွားနေရဆဲဖြစ်သောကြောင့် လင်းလန် ရွာအဝင်ပေါက်မှာ ဆင်းကာ အိမ်သို့ အရင်သွားခဲ့၏။
ရွာထဲရောက်သည်နှင့် အော်ဟစ်ငိုယိုသံများနှင့် အမျိုးသမီးတွေကို ရိုက်နှက်ဆူပူကြိမ်းမောင်းသံတွေကို ကြားလိုက်ရသည်။
တံခါးဖွင့်လိုက်စဉ်မှာပင် အသံက နီးကပ်လာပြီး "လင်းလန်...နင်က ဝါဒဖြန့်နေတုန်းပဲလား...နင့် ကလေးတွေကို ဘယ်လိုသင်ပေးနေတာလဲ"
လုချွမ်းဖန်က တင်းမာသောမျက်နှာဖြင့် သူမဆီသို့ လျှောက်လာကာ အရွယ်မရောက်သေးသော ကောင်လေးတစ်ယောက်ကို ဆွဲခေါ်လာသည်ကို မြင်လိုက်ရ၏။
အိုး... ပန်းပွင့်ဖြူလေးမှာလည်း ကြမ်းတမ်းတဲ့တဖက်ခြမ်းရှိတာပဲ...
လင်းလန် : "ဘယ်လေတိုက်ပြီးရောက်လာတာလဲ"
လုချွမ်းဖန် ဒေါသထွက်လွန်း၍ မျက်လုံးတွေ နီရဲလာပြီးပြောလေသည်။
"ကြည့်စမ်း...ငါတို့ သံခေါင်းအရိုက်ခံထားရတာတွေ့လား... "
သူမက သူမသားကို ရှေ့ကို တွန်းလိုက်ပြီး "သေချာကြည့်..."
လင်းလန် မျက်နှာပျက်သွား၏။
"နင်နေမကောင်းဘူးလား... ငါအခုပဲ အိမ်ပြန်ရောက်တာ...နင့်သားကို ဘယ်တုန်းက ရိုက်လိုက်တာလဲ"
လုချွမ်းဖန်က မျက်ရည်တွေကို သုတ်လိုက်ပြီးဆိုသည်။
"နင်သူ့ကို မရိုက်ဘူး...နင့်သားတဝမ်ကို သူ့ကို ရိုက် ခိုင်းတာလေ... နင့်သား ဘာလုပ်နေတယ်ထင်လဲ... ဆိုးလိုက်တာ ...ငယ်ငယ်ရွယ်ရွယ်နဲ့ လူတစ်ယောက်ကို သတ်ပစ်တော့မှာလား..."
"ပါးစပ်ပိတ်ထား..."
လင်းလန်က ဒေါသတကြီးအော်လိုက်ပြီး
"နင့်ဘာနင် ရူးရင် တစ်ယောက်တည်းရူးစမ်း... သူများတွေကို သိက္ခာချမနေနဲ့...နင်က အရိုက်နှက်ခံရမှာ သိလား"
လုချွမ်းဖန် သူမကြောင့် ထိတ်လန့်သွားပြီး ကြို့ထိုးလာသည်။
ထိုအချိန်တွင် ပွဲလိုက်ကြည့်နေသော အမျိုးသမီးများထဲမှ တစ်ဦးကအော်လိုက်၏။
"တဝမ်က ထျဲထုန်နဲ့ ရန်ဖြစ်နေတာ... လူတော်လေး... ထျဲထုန်က အသက်နှစ်နှစ်ပိုကြီးပြီး အရပ်တစ်ဝက်လောက်ပိုရှည်ပေမဲ့ သူ့ကိုတဝမ်က ရိုက်ပြီး မြေကြီးပေါ် လှိမ့်ပစ်လိုက်တယ်"
(T/N–Tiě tóu=သံခေါင်း)
" ဒီတဝမ်ကိုလည်း ဂရုစိုက်ရမယ်... နေ့တိုင်းမျက်လုံးကို ရှင်ရှင်ထားစမ်းပါ...ဘယ်သူမှ မမှန်ဘူး...ရိုက်ရင်ရိုက် ဆူရင်လည်းဆူပစ်"
ကျောက်ကွေ့ရှန်းကလည်း ပွဲထဲဝင်ပါလိုက်သည်။
လင်းလန်က မျက်မှောင်ကြုတ်ကာ ပြန်ကြည့်ပြီး ပြောလိုက်၏။
"တဝမ်က နေ့တိုင်း ကျောင်းသွားနေတာ... ကျောင်းမပျက်ရဲဘူး...သူက နင့်ကိုရိုက်နေဆူပူနေလို့လား... ဘယ်အချိန် ဘယ်နေရာမှာလဲ ပြောစမ်းပါ..."
အမျိုးသမီးက မျက်လုံးလိမ့်လိုက်သော်လည်း သူမ လင်းလန်ကိုပြန်မအော်ဝံ့ပေ။ လင်းလန်က ရွာမှာ နာမည်ကြီးအရှင်သခင်မဖြစ်ပြီး ဘယ်သူကို မဆို ရိုက်နှက် ၊ဆူပူကြိမ်းမောင်းနိုင်သည့်အပြင် သူမကိုကာကွယ်မည့် ခင်ပွန်း လည်း ရှိသည်။
လုချွမ်းဖန်က ငိုယိုကာပြော၏။
"ဘာပဲဖြစ်ဖြစ် တဝမ်က ငါတို့သံခေါင်းကို ရိုက်တယ်.. လူတော်တော်များများလည်း ကြည့်နေကြတာ... ပါးစပ်ကွဲတာ၊ နှာခေါင်းကွဲတာ၊ နှာခေါင်းရိုး ကောက်နေတာ၊ နဖူးက ကွဲသွားတာကို နင်ကြည့်လို့ရတယ်...ဝူး ဝူး... "
လင်းလန် ထျဲထုန်ကို တစ်ချက်ကြည့်လိုက်သည်။ ခေါင်းက နည်းနည်းကြောက်စရာကောင်း၏၊ သံခေါင်းက ဝက်ခေါင်းဖြစ်အောင်အရိုက်ခံလိုက်ရသည်။ ဒီ... ခေါင်းပေါ်က ဘုကြီးတွေက မျက်စိကျစရာ ကောင်းလွန်း၏။
တဝမ်သည် ရက်ပေါင်းများစွာ ရန်မဖြစ်ခဲ့ဘဲ... အနည်းဆုံး ကျောင်းတက်ကတည်းက ရန်မဖြစ်ခဲ့ပေ။
ဒီနေ့ သူဘာလို့ ထပ်ပြီး ရန်ဖြစ်ရတာလဲ...
တစ်စုံတစ်ဦးနှင့် ပဋိပက္ခဖြစ်လျှင်လည်း ကျိုးကြောင်းဆီလျော်မှုရှိရန် သူမအမြဲအလေးပေးပြောဆိုခဲ့သည်။အခြားသူက ကျိုးကြောင်းမညီပါက အကြောင်းပြချက်ကို စီရင်ရန် ဆရာ သို့မဟုတ် ကေဒါထံသို့သွားနိုင်ပြီး သူ ရိုက်၍မရကြောင်းပြောခဲ့၏။
သူမက ထျဲထုန်ကိုမေးလိုက်သည်။
"ကောင်လေး...တဝမ်က မင်းကိုဘာလို့ရိုက်တာလဲ"
ထျဲထုန်က ငိုပြီး တဝမ်က သူ့ကို အကြောင်းပြချက်မရှိဘဲ ရိုက်နှက်သည်ဟု ဆို၏။
လုချွမ်းဖန်က ခါးခါးသီးသီးဖြင့်ပြောလိုက်သည်။
"နင် ဘာလုပ်နိုင်မလဲ...နင့်တဝမ် အရှင်သခင်ဖြစ်ဖို့ တနေကုန် ပြင်းပြင်းထန်ထန် ကြိုးစားနေတာလေ...သူအမြင်ကောင်းအောင် ဘယ်သူကမှ မျက်နှာချိုသွေးနေမှာမဟုတ်ဘူး...ဘာလို့ဆို ငါတို့သံခေါင်းက သူ့အမိန့်ကို နားမထောင်ချင်လို့ပဲ"
လင်းလန်က သူ့မမျက်ခုံးများကိုပင့်ကာ
“ငါတော့အဲ့လို မထင်ပါဘူး...ငါတို့ တဝမ်က ကလေး ဘုရင်ဖြစ်ရတာကို သဘောကျပေမဲ့...ကလေးတိုင်းကိုတော့မျက်စိမကျတတ်ဘူးလေ"
သူမကထိုသို့ပြောလိုက်သောအခါ တဝမ် ယဥ်ပါး အောင်လုပ်ခဲ့သည့်(အနိုင်ပိုင်း) အမျိုးသမီး ပေါင်းများစွာ၏သားသမီးတွေက ကျေနပ်သွား၏။ ယခုအချိန်တွင် တဝမ်က အဓိကလူ ဖြစ်နေသည်ဖြစ်ရာ အကြောင်းတစ်ခုခုကြောင့် ပျားရည်ကဲ့သို့သော ကျေနပ်အားရသည့် ခံစားချက်မျိုး ရသည်။
တဝမ်၏ မျက်နှာသာအပေးခံရခြင်းက ကြီးကျယ်ခမ်းနားသော အရာတစ်ခု ဖြစ်သောကြောင့် သူတို့ အလွန်ဂုဏ်ယူ၏။
လုချွမ်းဖန် ဒေါသထွက်၍ သေတော့မလိုဖြစ်နေပြီး လင်းလန်က လျှောက်ပတ်ပြောနေသည်ဟု စွပ်စွဲခဲ့သည်။
လင်းလန် စိတ်မရှည်စွာဖြင့်ပြောလိုက်၏။
“လာ... ရှင်းရှင်းပြော ထျဲထုန်... အမှန်အတိုင်းပြောပါ...တဝမ်က မင်းကိုဘာလို့ရိုက်တာလဲ”
ထျဲထုန်က ဘာမှပြန်မပြောချင်သည်ကိုမြင်သည့်အခါ သူမက ချက်ချင်းပဲ “ဒီမှာ ပိုက်ဆံတစ်ပြားရှိတယ်... မင်း အမှန်အတိုင်းပြောရင် ဒါကမင်းအတွက်ပဲ"
(T/N–တစ်ပြား=ဆယ်ဆင့်)
ထျဲထုန် ချက်ခြင်းပင် စိတ်လှုပ်ရှားသွားသည်။
Xxxxxxx