Part 265
လုချွမ်းဖန်က ကြိမ်းမောင်းတော့၏။
"နင်က လာဘ်ထိုးနေတာ... ကလေးကို မက်လုံးပေးနေတာ"
ထျဲထုန်က ပိုက်ဆံကို လုယူလိုက်ပြီး အမြန်ပြောလေသည်။
"ကျွန်တော်တို့လန့်ထုန်က ရှောင်ဝမ်ကိုရိုက်ပြီး ရှောင်ဝမ်ရဲ့ ဘာဂျာထဲ ရွှံ့တွေ ထည့်လိုက်တာ...တဝမ်က သိသွားတော့လာရိုက်တယ်... လန့်ထုန်က ငယ်လွန်းပြီး အစ်ကိုက ဂရုမစိုက်လို့ညီကာ အမှားလုပ်တာလို့လည်း သူကပြောတယ် ...အဲ့ဒါကြောင့် ကျွန်တော့်ကို ရိုက်တာတဲ့... ဝူး ဝူး ဝူး...ကျွန်တော် မတရားခံရတာပါ...တူကြီးက ကျွန်တော့် စကားကိုနားမထောင်ဘူး...သူဘာလို့ ကျွန်တော့်ကို ရိုက်တာလဲ"
(T/N–Lang Tou=ကြီးမားသောတူ)
လုချွမ်းဖန်က သူ့ကိုလက်ညိုးထိုးပြီးပြော၏။
"မင်း ...မင်း မျိုးမစစ်လေး ... မင်းက တစ်ပြားတစ်ချပ်မှ အသိစိတ်မရှိလို့ ရူးရူးမိုက်မိုက်ပြောနေတာ"
လင်းလန်က အေးစက်စွာ ပြောလိုက်သည်။
"လုချွမ်းဖန် နင်လာခဲ့...နင်က မစုံစမ်းဘဲ ပြစ်မှုကိုမေးဖို့ ငါ့အိမ်ကိုလာတယ်ပေါ့...နင်နဲ့ငါ အခုမပြီးသေးဘူး...ငါ့မိသားစုကရှောင်ဝမ်က ဘာလို့ဒီနှစ်ရက်မှာ ဒီလောက် စိတ်ဓာတ်ကျနေရတာလဲ မေးနေရတာ... နင့်ရဲ့လန့်ထုန်က သူ့ကို အနိုင်ကျင့်ခဲ့တာပဲ"
သူမက လုချွမ်းဖန်၏လက်ကောက်ဝတ်ကိုဆွဲကာပြောလိုက်၏။
"လာ အုပ်ချုပ်ရေးမှူးကို ထင်မြင်ချက် ပေးခိုင်းဖို့ သွားကြရအောင်"
ဤကဲ့သိုသောကိစ္စမျိုးများကို လုံခြုံရေးညွှန်မှူးနှင့် အမျိုးသမီးခေါင်းဆောင်ဆို့ဆီ ရည်ညွှန်းလေ့ရှိသော်လည်း သူမက ၎င်းတို့နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသောကြောင့် လုချွမ်းဖန်က ထိုဟာကို လက်ခံမည်မဟုတ်ပေ။
ထို့နောက်သူမတို့ အုပ်ချုပ်ရေးမှူးကို သွားရှာကြသည်။
အုပ်ချုပ်ရေးမှူးက ဟန်ရုံဖန်၏အိမ်တွင် အခြားသူများနှင့်အတူ ရေဒီယို နားထောင်နေ၏။ထင်မြင်ချက်ပေးရန် တောင်းဆိုသည်ကို ကြားသောအခါတွင် ခါးတွင်ချည်ထားသော ကြာပွတ်ကို ချွတ်လိုက်၏။
ဟန်ရုံဖန်က သူ့လက်ကို ဝှေ့ယမ်းပြီးပြောသည် "ကောင်းပြီ...အရာအားလုံးအတွက် ကြာပွတ်ကို မသုံးနဲ့"
အုပ်ချုပ်ရေးမှူးက ပြော၏။
"ကျုပ် ဒီကြာပွတ်နဲ့ ကစားမလို့... လူတွေကို အကြိမ်တိုင်း ကြာပွတ်နဲ့ရိုက်တာက ခင်ဗျားပဲ မဟုတ်လား"
ဟန်ရုံဖန်: " မင်းသွားတော့ကွာ"
လင်းလန်က လုချွမ်းဖန်ကို တရွတ်တိုက်ဆွဲခေါ် လာသည်၊ လုချွမ်းဖန်က ဆက်တိုက်ငိုကာ လင်းလန်က တခြား တခြားသူတွေကို အနိုင်ကျင့်နေပါသည်ဟုအော်ဟစ်နေသည်။
လင်းလန်ကပြောလိုက်၏။
"မူလအတိုင်းဆို လူကြီးတွေက ကလေးတွေ ရန်ပွဲမှာ မပါဝင်တာ ပိုကောင်းတယ်...သူတို့ ဒီနေ့ ဒါမှမဟုတ် မနက်ဖြန် ပြန်တည့် နိုင်မလားဆိုတာ ဘယ်သူသိမှာလဲ... ဒါပေမဲ့ နင်ကငါ့ရဲ့ ဝမ်အာလေးကို အနိုင်ကျင့်တဲ့ကိစ္စကို ငါဒီတိုင်းမပြီးနိုင်ဘူး...ငါ့သားကစကားပြောရတာ မကြိုက်ဘူး...ဘယ်လိုရန်ဖြစ်ရမှန်းသိဖို့ကိုဆိုပြောမနေနဲ့ ...အဲ့တော့ အနိုင်ကျင့်ခံရတဲ့အခါ မတိုင်တတ်ဘူးမဟုတ်လား...သူ့ကို လုပ်မလုပ် စုံစမ်းဖို့ ကျောင်းအုပ် ဆီသွားလိုက်မယ်"
တက်ကြွသူများက ကျောင်းကို အမြန်ပြေးပြီး ေကျာင်းအုပ်ဆီ သတင်းပြောပြကြသည်။
ဟန်ချင်းဖျင်က အတန်းထဲတွင် ရှိနေသဖြင့် ထိုအကြောင်းကို ကြားသောအခါတွင် ကလေးများအား မိမိဘာသာ စာဖတ်နေရန်ပြောပြီး တဝမ် နှင့် ရှောင်ဝမ်တို့ကို ခေါ်လာခဲ့၏။
စန်းဝမ်က အခြေအနေ ကိုကြည့်နေလေရာ ထုံးစံအတိုင်း နောက်ကျကျန်မနေဘဲ သူ့ဒုတိယအစ်ကိုနှင့်ဒုတိယအစ်မကို သူတို့ အတူတူ အတူတူထွက်သွားကြောင်း ချက်ချင်းပြောလိုက်၏။
သူတို့အားလုံး ထွက်လာာသည်ကိုမြင်သောအခါ
ဟန်ချင်းဖျင်ကပြောလိုက်သည်။
"မင်းတို့ အလုပ်မဟုတ်ဘူး...အတန်းသွားတက်ချေ "
စန်းဝမ် : "ဘယ်လိုအဆင်ပြေမှာလဲ ...တူကြီးက ကျွန်တော့ညီကိုလုပ်တာလေ...."
ဟန်ချင်းဖျင်: "အိုကေ... အတူတူသွားကြမယ် “
သူတို့အားလုံး လမ်းပေါ်ထွက်လာကြ၏။ အလုပ်သမားတွေနှင့် တောင်သူလယ်သမားတွေ အလုပ်သွားရမည့်အချိန်မဟုတ်သဖြင့် ကွန်မြူနတီထဲက အဖွဲ့ဝင်တွေက အထဲမှာ သုံးထပ်နှင့်အပြင်က သုံးထပ်က ဝိုင်းပြီး ပွဲကြည့်ရန်ရောက်လာကြသည်။(လူများလွန်းလို့)
"လမ်းဖယ်စမ်း... ဘေးမှာရပ်ချေ.... လမ်းကို ပိတ်ရပ်ပြီး ဘာလုပ်နေတာလဲ"
အုပ်ချုပ်ရေးမှူးက ကြာပွတ်ကို ဝှေ့ယမ်းလိုက်လေရာ အဖွဲ့ဝင်တွေက ချက်ချင်းပဲ လမ်းပေါ်က ဆင်းပြီး အားလုံးက လမ်းကိုတစ်ဖက်စီကို လျှောက်သွားကြကာ အလယ်ကောင်ကို ပါဝင်ပတ်သတ်နေသူများအတွက် စင်မြင့်အဖြစ် အသုံးပြုလိုက်ကြ၏။
လုချွမ်းဖန် ယခုမျက်ရည်များကို သုတ်ကာ ငိုရုံသာ တတ်နိုင်ပြီး အားနည်းသောခံရသူသဖွယ်ဖြစ်နေသည်။ လင်းလန်၏ကြွက်စုတ်ပုံရိပ်ကို ထိထိရောက်ရောက် ဖော်ထုတ်ပေးမည်ဟု စိတ်ထဲမှ ကြုံးဝါးနေ၏
မကြာမီ တဝမ် နှင့်ရှောင်ဝမ်တို့က ဟန်ချင်းဖျင်၏နောက်ကနေ လိုက်လာခဲ့ပြီး လန့်ထုန်နှင့် ကလေးအနည်းငယ်ကိုလည်း ခေါ်ဆောင်လာခဲ့သည်။
ရှန်ရွေ့ရွာက မသေးငယ်ပေ၊ အိမ်ခြေရာနှင့်ချီရှိသော ရွာကြီးဖြစ်ပြီး အပိုင်းများစွာခွဲထား၏။
အဖွဲ့ဝင်များက ရင်းနှီးသူ၊ခပ်တန်းတန်းဖြစ်သူများရှိကြသလို ကလေးများကလည်း သဘာဝအတိုင်း တည့်သူ၊မတည့်သူရှိကြပြီး သူတို့အားလုံး စုပေါင်းပြီး အုပ်စုများခွဲကြသည်။
ပုဂ္ဂိုလ်ရေးမကျေနပ်ချက်များကြောင့် ကျောက်ကွေ့ရှန်း ၊ကျောက်ကွေ့လျန်၊လုချွမ်းဖန် နှင့် အခြားသူများမှာ လင်းလန်တို့မိသားစုနှင့် အလွန်သာမန်ဖြစ်သော ဆက်ဆံရေးရှိပြီး သူတို့က ဆိုးရွားသောဆက်ဆံရေးရှိသည်ဟုပင် ဆိုနိုင်၏။
အုပ်ချုပ်ရေးမှူးက ကြာပွတ်တစ်ချက်နှင့်အတူ အမှန်တရားက ထွက်ပေါ်လာခဲ့ပြီး မည်သူမျှ မကြောက်ဘဲမနေခဲ့ပေ။ အထူးသဖြင့် ထျဲထုန်နှင့်လန့်ထုန်တို့က ကလေးများဖြစ်ပြီး အခြားကလေးများလည်း ပါဝင်သောကြောင့် သူတို့ကို လုံး၀ အားမစိုက်စရာမလိုဘဲ တိုက်ရိုက်ခေါ်ယူခဲ့သည်။
လန့်ထုန်က စန်းဝမ်နှင့် အသက်ရွယ်တူဖြစ်ပြီး အရွယ်တူကလေးအုပ်စုကို သူနှင့်နေ့တိုင်း ခေါ်ဆောင်လာခဲ့သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ကျောင်းမတက်၊ အလုပ်လည်း မလုပ်ဘဲ လှည့်ပတ်သွားလာကာ အခြားသူများကို ဒုက္ခလိုက်ပေး၏။
တစ်စုံတစ်ယောက်၏ မုန်လာဥကို ဆွဲထုတ်ခြင်း၊ သို့မဟုတ် ဂေါ်ဖီထုပ်ကို ကန်ခြင်း၊ သို့မဟုတ် အခြားသူများ၏ ကြက်ပေါက်လေးများကို ရိုက်နှက်ခြင်း၊ အခြားသူများ၏ သားသမီးများကို အနိုင်ကျင့်ခြင်း စသဖြင့်ပြုလုပ်ကြသည်။
ရှောင်ဝမ်က ရုပ်ရည်ချောမောပြီး သပ်ရပ်စွာ ၀တ်ဆင်ထားကာ မျက်မှန်တပ်၍ ဂီတတူရိယာ တီးမှုတ်နေသည့်အတွက် တခြားသူများနှင့် ကွဲပြားနေသည်။ ပထမ၌သူတို့ သိချင်စိတ်ပြင်းပြခဲ့ကြသော်လည်း သူ့မိသားစုက ရှောင်ဝမ်ကိုအရူးလေးဟုပြောသည်ကို ကြားရသည့်အခါ စတင် မုန်းတီးလာပါတော့၏။
ထို့အပြင် အခြားကလေးငယ်များ၊ အထူးသဖြင့် မိန်းကလေးများက ရှောင်ဝမ်နှင့်အတူ ကစားရသည်ကို နှစ်သက်ကြသည်။၎င်းကို လန့်ထုန်က သည်းမခံနိုင်သောကြောင့် ပြဿနာရှာရန် လိုက်သွားခဲ့သည်။
ကလေးများက လန့်ထုန်နှင့် အခြားသူများနှင့်အတူ မကစားချင်ကြသောကြောင့် လန့်ထုန်က ရှောင်ဝမ်၏အမှားဖြစ်သည်ဟု ထင်ကာ ဒေါသပိုထွက်ခဲ့၏။ရှောင်ဝမ်က သန့်ရှင်းလွန်းနေသည်ကို မြင်လျှင် သူသိက္ခာကျသလိုခံစားရပြီး ဘာဂျာမှုတ်နေသည်ကိုမြင်လျှင် မြို့ကလူတွေလိုပဲ အတုအယောင်ဟု ခံစားရသည်။
သူတို့က ရှောင်ဝမ့်ကို လမ်းပိတ်ပြီး မြေကြီးပေါ်တွန်းချ၊ ဘာဂျာဆွဲလု၍ သဲတွေ လောင်းထည့်ကြ၏။ ရှောင်ဝမ်ကို မတိုင်ရန် ခြိမ်းခြောက်ကာ သူ့ညီလေးကို ကြိုးချည်ပြီး ဆီးသွားမရအောင် ပိတ်ထားလိုက်သည်။
xxxxxxx
Part 266
လူကြီးတွေဆီ တိုင်ပါက မည်သူမဆို ကတုံးပြောင်ရိတ်ကာ ဘောင်းဘီကို ချွတ်၍ လမ်းများပေါ်တွင် လှည့်ပတ်သွားလာနေသည့် ဂြိုလ်ကောင်ဖြစ်သည်ဟု ကလေးများက ပြောလေ့ရှိ၏။
ရှောင်ဝမ်က အခြားကလေးများထက် ဖြူစင်ပြီး ခေါင်းမာသူဖြစ်သည်။သူမတိုင်နိုင်ဟုထင်ပါက သူတကယ်မတိုင်ပေ။ သူတို့ သူ့ကိုရိုက်နှက်သောအခါတွင် အသနားခံခြင်းလည်းမပြု ငိုလည်းမငိုဘဲ ထိုကနေစပြီး သူတို့ကိုရှောင်နေပေလိမ့်မည်။
သို့ပေမဲ့ သူတို့က သူ့ကို ဒီတိုင်းထားရန် ငြင်းဆိုကြပြီး ထိုဟာနှင့်တစ်နေကုန်အကြိုက်တွေ့နေကာ ရှောင်ဝမ်ကို လိုက်ရှာ၍ သူ့ကိုမြင်တိုင်း အနိုင်ကျင့်ချင်ကြ၏။
အဆုံးတွင် လင်းလန်က တစ်ခုခုဖြစ်နေမှန်းသိသွားပြီးကလေးတွေကိုမေးကြည့်သော်လည်း ကလေးတွေက မသိကြပေ။တဝမ်က ကျူးဇီအား ထိုအကြောင်းကို စုံစမ်းခိုင်းလိုက်သည်။
ကြာကြာမစုံစမ်းရပါချေ။
၎င်းနောက်၌ တဝမ်က လန့်ထုန်ကိုစာရင်းသွားရှင်းခဲ့၏။
လန့်ထုန်က အဆိုးအပေတစ်ယောက်ဖြစ်သော်ငြား တကယ်တမ်းတွင် သူက ခြောက်နှစ်ခုနှစ်နှစ်သာရှိသေးရာ သူက(တဝမ်) သူ့ပြိုင်ဘက်များကို တစ်ချက်တည်းနှင့် လဲအောင်ကန်နိုင်သည်။
သူအနေဖြင့် ကလေးတွေကို အနိုင်မကျင့်ချင်သည့်အတွက် လန့်ထုန်၏အစ်ကို ထျဲထုန်ကို သွားရှာခဲ့၏။
"မင်းညီလေးက ငါညီလေးကို ရိုက်လိုက်တယ်...ငါက မင်းကို အစ်ကိုကြီးတစ်ယောက်အနေနဲ့ရိုက်မယ်..."
ညီဖြစ်သူက အမှားလုပ်ရင် အစ်ကိုက သူ့အတွက်အရိုက်ခံရပေမည်။သူ ထိုဟာနှင့်ပတ်သတ်၍ မှားယွင်းသည်ဟုမခံစားရပေ။
ထျဲထုန်က သူ့ကိုယ်သူ တဝမ်ထက်အရပ်ရှည်ပြီးပိုသန်မာသည်ကို အားကိုးသဖြင့် သဘာဝအတိုင် လက်မခံလေရာ ကလေးနှစ်ယောက် ရန်ဖြစ်ကြတော့သည်။
တဝမ်က အစပိုင်းကတည်းက တိုက်ခိုက်ဝံ့ပြီး ကြမ်းကြုတ်ကာ နာကျင်မှုကို မကြောက်ပေ။ နောက်ပိုင်းတွင် သူ့ကို ဟန်ချင်စုန့်က လေ့ကျင့်ပေးသဖြင့် အကွက်အသစ်များကို သင်ယူခဲ့ကာ ရန်ဖြစ်ရာတွင် တိုက်ကွက်များကို အသုံးပြုခဲ့သည်။ ရဲရင့်ပြီး သတ္တိရှိသောတဝမ်က သံခေါင်းမျှသာဖြစ်သောသူနှင့် မည်သို့ ပြိုင်ဘက်ဖြစ်နိုင်ပါမည်နည်း။
နှာခေါင်းပွန်းပြီး မျက်နှာရောင်နေသည်အထိ သံခေါင်းကို ရိုက်ရုံတင်မက အံသွားတစ်ခုလုံးပါ မြေကြီးပေါ်လိုက်ရှာလိုက်ရပြီး အဆုံးမှာ တဝမ်က သူ့ဦးခေါင်းကို ကြည့်ကာပြောလိုက်၏။
"မင်းခေါင်းက သံနဲ့လုပ်ထားတာလား... စမ်းကြည့်ရအောင်...”
သူက ကျောက်တုံးကို ကောက်ကိုင်ပြီး ပစ်တော့မည်ပြုရာ ထျဲထုန်က ကြောက်လန့်တကြားအော်ဟစ်သဖြင့် နောက်ဆုံးတွင် တဝမ်က ကျောက်တုံးကို ပစ်ချကာ ထျဲထုန်၏ခေါင်းကို ဖမ်းကိုင်၍ သူ့ခေါင်းနှင့်တိုက်လိုက်သည်။
ထျဲထုန်၏ နဖူးမှာ ဘုကြီးတစ်ခုဖြင့် ရောင်ရမ်းသွား၏။
တဝမ်က အထင်အမြင်သေးစွာ သရောလိုက်သေးသည်။
"သံခေါင်းတဲ့လား ဖွီ...သေးအိုးနီးနီးပဲ"
ဖြစ်စဉ်တစ်ခုလုံးကို သိပြီးနောက် လုချွန်းဖန်က ပိုပင် သနားစရာကောင်းအောင် ငိုကြွေးတော့၏။ သူမသား၏ခေါင်းကို ဆီးအိုးဟုပြောရအောင် လင်းလန်မသင်ပေး၍ မည်သူသင်ပေးပါမည်နည်း။
တခြားသူတွေကလည်း ရယ်မောကြသည်။
လူအုပ်ထဲတွင် ပွဲကြည့်နေကြသော ကျောက်ကွေ့လန်တို့ညီအစ်မများ ပွဲကြည့်ပြီးနောက် အရှက်ကွဲလိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ဘဲ ဒေါသထွက်လွန်း၍ စိုးစိုးဆတ်ဆတ်တုန်နေကြကာ လင်းလန်က အခြားသူများကို အနိုင်ကျင့်သည်ဟု ဆက်တိုက် ပြောနေကြ၏။
အုပ်ချုပ်ရေးမှူးက လုချွမ်းဖန်နှင့် တခြားသူတွေကို လက်ညှိုးထိုးပြပြီးပြောလေသည်။
"နင်တို့ကိုယ်နင်တို့ ကြည့်စမ်း... တစ်နေ့ကုန် ဒီအရှုပ်တွေချည်း လုပ်နေတာ... နင်ဘာလို့ လေးလေးနက်နက် မလုပ်နိုင်ရတာလဲ... လင်းလန်က ဝါဒဖြန့်ရေးနဲ့ အလုပ်ရှုပ်နေတာ ဘယ်လိုလုပ်ဒီအတွက် အချိန်ရမှာလဲ... မင်းလည်းအတူတူပဲ...”
သူက လန့်ထုန်ကိုညွှန်ပြလိုက်၏။
လန့်ထုန် ကြောက်လွန်း၍တုန်နေပြီး ကြာပွတ်ဒဏ်ခံရမည်ကို ကြောက်သောကြောင့် အော်ဟစ်ငိုယိုနေ၏။
အုပ်ချုပ်ရေးမှူး: "မင်းဘာလို့ငိုနေတာလဲ ...ရှောင်ဝမ်ကို မင်းအနိုင်ကျင့်တုန်းကကျ...မင်းဘာလို့မကြောက်တာလဲ"
လန့်ထုန်က မကျေမနပ်ဖြင့်ပြောလေသည်။
"ရှောင်ဝမ်က မတိုင်ဘူးလေ"
သူ့ကို တဝမ်က ကန်ထားသဖြင့် ထော့နဲ့ထော့နဲ့ နှင့် လမ်းလျှောက်နေရဆဲပင်။
စန်းဝမ်က သူ့ကို တံတွေးနှင့်ထွေးပြီးပြော၏။
"မင်းကိုတွေ့တိုင်း ငါရိုက်မယ်ကွ..."
လန့်ထုန်က မတရားသလိုခံစားရပြီး
"ငါ...ငါကရှောင်ဝမ်ကို စရုံပဲ မဟုတ်ဘူးလား"
"ကောင်းပြီ...နောင်ကျရင် ငါတို့မင်းကိုတွေ့တိုင် စ,မယ် ...မင်းစောင့်နေလိုက်..."
လန့်ထုန် ပို၍ပင်ငိုသွားသည်။
အုပ်ချုပ်ရေးမှူးက ငြိမ်းချမ်းရေးကို ဖန်တီးသူဖြစ်ထိုက်ပါ၏။
လင်းလန်က သက်ညာမနေနိုင်သဖြင့်ပြောလိုက်သည်။
"လန့်ထုန်...JJ လေးကို ကြိုးနဲ့ချည်လိုက်တဲ့အခါ ဘယ်လိုပုံစံလဲဆိုတာမင်းသိလား"
လန်ထုန့်က ဝမ်းနည်းနေသည့်မျက်နှာဖြင့် ငိုယိုရင်း ခေါင်းညိတ်လိုက်၏။
"အနောက်ဘက်မှာရှိတဲ့ ကုံးကျားရွာမှာ အစ်မနှစ်ယောက်က ...သူတို့မောင်လေး အနွေးကုတင်ပေါ်မှာ အမြဲတမ်းသေးပေါက်ချနေလိုဆိုပြီး... သူ့JJလေးကို ကြိုးနဲ့ချည်ထားလိုက်တာ နောက်ဆုံးမှာ သူတို့မောင်လေး အသက်ရှုကြပ်ပြီး သေအောင်လုပ်မိသွားတယ်...အဲ့ဒါကို မင်းကြားဖူးတယ်မလား ”
လင်းလန်က တင်းမာစွာပြောလိုက်သည်။
ဤအဖြစ်အပျက်က သူတို့ရွာကိုလည်း ပျံ့နှံ့သွားပြီး လူတိုင်းကြားသိကြကာ ပျောက်နေသည့်အရာတွေကို ဖြည့်စွက်ရန် *ဆီနှင့်ရှာလကာရည်တွေ အများကြီးထည့်ကြ၏။
(T/N–ပို၍စိတ်ဝင်စားစရာကောင်းအောင် အသေးစိတ်တွေထပ်ထည့်သည်)
ကလေးများအနေဖြင့် လူကြီးများဆီကနေ သဘာဝအတိုင်း ထိုဟာကိုအသုံးပြု၍ ခြောက်လှန့်ခံခဲ့ရသည်။
လင်းလန် လန့်ထုန်က ရှောင်ဝမ်ကို ထိုသို့ခြောက်လှန့်ရန် သတ္တိရှိနေသည်ကို မြင်လိုက်ရပြီး ၎င်းကို (ထိုအဖြစ်အပျက်ကို) သူတို့ အမှန်တကယ် စဉ်းစားခဲ့ကြောင်း ပြသနေသည်။ ကလေးများက မသိနားမလည်ကြကာ အမိုက်မဲဆုံးနှင့် အရက်စက်ဆုံးသူများဖြစ်ကြပြီး ဆိုးရွားသောအကျိုးဆက်များကို မသိကြပေ။
သူတို့ကို ကြာကြာမှတ်မိမနေခိုင်းနိုင်ရင် သူတို့က ပြောင်းလဲမှာ မဟုတ်ဘူး...
လင်းလန်က အေးစက်စွာပြောလိုက်၏။ "ကလေးတွေ ရန်ဖြစ်ရုံကအဆင်ပြေပါတယ် ... ကလေးတွေက မသိနားမလည်ရင် သူတို့အမှားတွေကို ပြင်ရင်အဆင်ပြေတယ်... ဒါပေမဲ့ ငါ့သားရဲ့ ဘာဂျာ ပျက်သွားတာဖြစ်တဲ့အတွက် အလျော်ပေးရမယ်"
အုပ်ချုပ်ရေးမှူးကလည်း ခေါင်းညိတ်ပြီးဆိုသည်။
"လျော်ပေးသင့်တယ်"
လုချွမ်းဖန် မျက်ရည်တွေကျလာပြီး
"ဘာလို့ ပေးရမှာလဲ... ငါတို့ ပိုက်ဆံက လေတိုက်ပြီးရလာတာမဟုတ်ဘူး"
လင်းလန်က အေးစက်စွာပြောလိုက်၏။
" ဒီဘာဂျာက ၄၈ ဆင့်ပဲ ကုန်ကျပေမဲ့ ခရိုင်ကို အသွားအပြန်လုပ်ပြီးဝယ်ထားရတာ ...စက်ဘီးကစီးရမယ်...ပြီးတော့ပိုက်ဆံလည်းကုန်သေးတယ်... အချိန်လည်း ယူရတယ်... အနည်းဆုံး နင်ငါ့ကို ယွမ်နှစ်ယွမ် ပေးရမယ်... နှစ်ယွမ်မပေးရင် နင်နဲ့ငါမပြီးဘူးမှတ်"
ယွမ်နှစ်ယွမ်က လုချွမ်းဖန်အတွက် နာကျင်ရန်လုံလောက်လေသည်။
လုချွမ်းဖန်က ငိုယိုကာ မြေပြင်ပေါ်ထိုင်ပြီးအော်ဟစ်၏။
"လူတွေကို အနိုင်ကျင့်နေတာ... အနိုင်ကျင့်နေတာ..."
အခြားသူများကလည်း လင်းလန်က တောင်းသည့်ပိုက်ဆံကများလွန်းသည်ဟု ထင်ကာ တိုးတိုးတိုးတိုးပြောကြသည်။
"နင့်မှာစက်ဘီးရှိတာပဲ...နင်ဘာနင်ပြန်ဝယ်လို့ရတယ်လေ "
တစ်စုံတစ်ယောက်က ရေရွတ်လိုက်၏။
လင်းလန်က နှာခေါင်းရှုံ့ကာပြောလိုက်သည်။
"တခြားသူရဲ့ ဥစ္စာကို မတော်တဆ ထိခိုက်မိရင် လျော်ကြေးပေးလိမ့်မယ်... တခြားလူရဲ့ ပစ္စည်းဥစ္စာကို ရည်ရွယ်ချက်ရှိရှိ ပျက်စီးစေခဲ့ရင်တော့ လျော်ကြေး နှစ်ဆ ပေးရမယ်"
ဟန်ချင်စုန့်မှာ ခရိုင်ကို သွားဖို့အချိန်ရှိရင်တောင် သူက လန့်ထုန်ရဲ့အမှားအတွက် ဘာလို့ ပြန်လုပ်ပေးရမှာလဲ...
ပိုက်ဆံမပေးရရင်လည်း ရတယ်... ဒီတော့ စီးပွားရေးလုပ်ကြတာပေါ့...
Xxxxxx