အပိုင်း ၂၆၇-၂၆၈
Viewers 22k

Part 267


နောက်ဆုံးတွင် အုပ်ချုပ်ရေးမှူးအနေဖြင့်  ဟန်ရုံဖန်ကို ဖိတ်ကြားရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။


ဟန်ရုံဖန်က  အခြားသူများပြောသည်ကို ကြားပြီးဖြစ်သားကာဆိုလိုက်၏။


 "တစ်စုံတစ်ဦးရဲ့ ပစ္စည်းဥစ္စာကို ရည်ရွယ်ချက်ရှိရှိ ပျက်စီးစေရင် အဲ့ဒါကို  ပေးဆောင်ရမှာဖြစ်တယ်...တဝမ်အမေကပိုမတောင်းဘူး... နှစ်ယွမ်က ကျိုးကြောင်းဆီလျော်တယ်" 


ဌာနခွဲအတွင်းဝန်ရေးမှူးက ကျိုးကြောင်းဆီလျော်စွာ ပြောကြားခဲ့သည်။ ကျိုးကြောင်းဆီလျော်နေ၍ အုပ်ချုပ်ရေးမှူးက လုချွမ်းဖန်ကို ငွေအလျော်ပေးခိုင်းခဲ့၏။


ပိုက်ဆံမပေးပါက တပ်မဟာအတွင်း အလုပ်မှတ်များကို နုတ်ယူမည်ဖြစ်သည်။ဤသည်က တပ်မဟာကေဒါများအတွက် ပဋိပက္ခများကို ချိန်ညှိသည့်နည်းလမ်းဖြစ်၏။


လုချွမ်းဖန် ဖိအားများစွာဖြင့် လင်းလန်ကို နှစ်ယွမ်ပေးရုံမှတပါး ရွေးချယ်စရာမရှိပေ။


 ထျဲထုန်က ငွေတစ်ပြားကို သူ့ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားလိုက်ပြီး တစ်ခါမှ  မထုတ်ခဲ့ပါပေ။ လင်းလန်က သူ့ကို အနှောက်အယှက်မပေးသည့်အတွက်  လင်းလန်က အလွန် ကျိုးကြောင်းဆီလျော်သည်ဟု  သူခံစားခဲ့ရသည်။


 သူ့အမေသိပါက သတ်ပစ်မည်ဟု ခန့်မှန်း၍ရ၏။ 


လုချွမ်းဖန် အသက်ပင်မရှုနိုင်ဘဲ သူမသားထျဲထုန်ကို တရွတ်တိုက်ဆွဲသွားကာပြောလိုက်သည်။


 "သွား... ကွန်မြူနတီကို သွားတိုင်ချေ... ကြွက်စုတ်ရဲ့ မျက်နှာကို ဖော်ထုတ်ပြီး ညွှန်မှူးဟန်နဲ့ ရဲတွေ သိစေရမယ်" 


သူမက ထျဲထုန်နှင့်အတူ ကွန်မြူနတီဆီ ဦးတည်သွားခဲ့၏။


ထိုနေရာ၌ ဟန်ချင်စုန့်က ပစ္စည်းတစ်စုကို လွှဲပေးနေပြီး ၎င်းနောက် သူ့ရဲဘော်တွေဆီ စာတစ်စောင်ရေးကာ တရုတ်တိုင်းရင်းဆေးဝယ်၍  သူတို့ဆီပို့ပေးရန် အကူအညီတောင်းလိုက်သည်။

 

ထိုအချိန်တွင် စွန်းကျောက်ဝမ်က လုချွမ်းဖန်နှင်ထျဲထုန်ကိုခေါ်၍ ဝင်လာပြီးပြော၏။


 "ခေါင်းဆောင်ဟန်  မိသားစုဝင်တွေက ရှာနေတယ်"

 (ဘာကို မိသားစုဝင်)

 

အခန်းထဲသို့ဝင်လာသည်နှင့် လုချွမ်းဖန်က တုန်တုန်ယင်ယင် ငိုကြွေးနေတော့သည်။

"အစ်ကိုချင်စုန့်~~"     


ဟန်ချင်စုန့်က မျက်မှောင်ကြုတ်ကာအေးစက်စွာပြောလိုက်၏။

 "မင်းက ဘယ်သူလဲ... "


လုချွမ်းဖန်  မတရားသလိုသာ ခံစားရ၏။ မူလက အနှီလူက သူမ၏လူဖြစ်ပြီး သူမက ညွှန်မှူး၏ဇနီးဖြစ်မည်ဖြစ်သော်လည်း  လင်းလန်က ၎င်းကို အခွင့်ကောင်းဝင်ယူခဲ့သည်။


 သူမကိုယ်သူမ စိတ်မကောင်းဖြစ်မိကာ အထိန်းအကွပ်မဲ့စွာ ငိုကြွေးရင်း ဟန်ချင်စုန့်က သူမကို နှစ်သိမ့်ပေးရန် ရောက်လာမည်ဟု ခံစားလိုက်ရပြီး သူမပုခုံးကို လာပုတ်ပေးလောက်သည် ဟုပင် စိတ်ကူးမယဉ်ဘဲမနေနိုင်ခဲ့ပေ။ထို့ထက်ပိုတိုး၍ စိတ်ကူးယဥ်ရင်း သူမပါးပြင်တွေ ပူလောင်လာ၏။


 ဟန်ချင်စုန့် စကားမပြောဘဲ ငိုပဲငိုနေသည့်သူမကို မြင်သောအခါ  သူတကယ်ကို စိတ်မရှည်တော့ဘဲအော်လိုက်သည်။

 "စွန်းကျောက်ဝမ်... "


စွန်းကျောက်ဝမ်က အမြန်ဝင်လာပြီး

 "ခေါင်းဆောင်ဟန်..."


"ဘာကိုမိသားစုဆိုပြီးလာရှုပ်တာလဲ"


စွန်းကျောက်ဝမ်က လုချွမ်းဖန် တစ်ချက်ကြည့်လိုက်ရင်း  အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး ၎င်းနောက် ဟန်ချင်စုန့်၏အမူအရာကိုကြည့်ကာ နားလည်မှုလွဲနေပြီဟု ချက်ချင်းနားလည်သွား၏။


လုချွမ်းဖန်နှင့်တွေ့စဥ်က ညွှန်မှူးဟန်ကို ရှာချင်သည်ဟုပြောခဲ့ပြီး အမူအရာနှင့်စကားလုံးတွေ၏နောက်ကွယ်ရှိ အဓိပ္ပာယ်က ခေါင်းဆောင်ဟန်နှင့်ထိုသို့သော ဆက်ဆံရေးမျိုး ရှိသည်ဆိုခြင်းကို ရှင်းရှင်းလင်းလင်း ပြသနေခဲ့သည်။ခေါင်းဆောင်ဟန်၏အိမ်ကမိန်းမဖြစ်ပြီး မတရားဆက်ဆံခံရသည်ဟုခံစားရ၍ ယောကျ်ားဖြစ်သူကို လာတိုင်ခြင်းဟု သူထင်ခဲ့၏။


မဟုတ်ဘူးဆိုတာ ဘယ်လိုလုပ်သိမှာလဲ...

သူမနေနိုင်ဘဲ မကျေမနပ် မေးလိုက်မိသည်။

  "မင်းက ဘယ်သူလဲ"


လုချွမ်းဖန်က ကပျာကယာ တောင်းပန်ပြီး သူမက ညွှန်းမှူဟန်နှင့် တစ်ရွာတည်းသားဖြစ်ကြောင်း ပြောရတော့၏။


စွန်းကျောက်ဝမ်  ချွေးစေးတွေ ပြန်လာပြီး အပြုံးလေးနှင့် အမြန်တောင်းပန်လိုက်သည်။

 "ခေါင်းဆောင်ဟန်... ငါ ရှင်းရှင်းလင်းလင်း မမေးမိဘူး...အပစ်မယူလိုက်ပါနဲ့ "


  ဟန်ချင်စုန့်က ပြောလိုက်၏။

 " အခုချိန်ကစပြီး လင်းလန်ကလွဲရင်  တစ်ရွာတည်းသားတွေဆိုရင်တောင် ငါ့ကို ဘာမှပြောစရာ မလိုဘူး ...လော့ဟိုင်ချန်နဲ့ဟန်ချင်းယွမ်တို့ဆီကို ထားခဲ့လိုက် "


 စွန်းကျောက်ဝမ်က အလျင်အမြန်  ခေါင်းညိတ်ပြီး ချွေးစေးတွေကို သုတ်ရင်း လုချွမ်းဖန်ကို  ထွက်သွားရန်ပြောလိုက်သည်။


လုချွမ်းဖန်က သူ့သားကို ချက်ချင်းလှမ်းဆွဲပြီး "ကျွန်မ...ကျွန်မတို့  တရားစွဲဖို့ လာတာ"


 ဟန်ချင်စုန့် ပို၍ပင် စိတ်မရှည်တော့ဘဲ လော့ဟိုင်ချန်ဆီကို လွှတ်ရန် သူ့လက်ကို ဝှေ့ယမ်းလိုက်၏။


လုချွမ်းဖန် သူက သူမအပေါ် ယုတ္တိကင်းမဲ့ပြီး ရက်စက်သူဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။မည်သို့ပင်ဖြစ်စေ သူမတို့က ဘလိုင်းဒိတ်လုပ်ဖူးခဲ့ကြပြီး ရင်းနှီးမှုအကြောင်းမပြောလျှင်ပင် အနည်းဆုံး ယဉ်ကျေးမှုရှိသင့်သည်။


သူမက နှစ်ခါရှိုက်ငင်ကာဆိုလိုက်၏။

"ချင်စုန့် ..."


ဟန်ချင်စုန့်က မျက်မှောင်ကြုတ်ကာ ရုတ်တရက်မေးလိုက်သည်။

 "မင်းက ဘယ်သူ့မိသားစုကလဲ"


ယေဘုယျအားဖြင့် ကျေးလက်တွင် သက်ကြီးဝါကြီးများက အမျိုးသားများထံမှ ဆင်းသက်လာကြသည်။အချို့သော ယောက်ျားများက အခြားသူများ၏ ဇနီးမယားများကို ပေါ့ပေါ့ဆဆ မဆက်ဆံကြပေ။ လုပ်စရာရှိလျှင် ယောက်ျားအချင်းချင်းသာ အမြဲရှာကြ၏။


 ထို့ကြောင့် ဟန်ချင်စုန့်က ဤမေးခွန်းကို မေးခဲ့ခြင်းဖြစ်သည်။


လုချွမ်းဖန်က သူမယောက်ျား၏နာမည်ကို ပြောပြ၏။သူမ၏ အမျိုးသားဟာ ဟွေ့မိသားစုကဖြစ်ပြီး ဟန်ချင်စုန့်တူဖြစ်သည်။


 ဟန်ချင်စုန့်က သူမကို စူးရှစွာကြည့်ကာပြောလေ၏။

 "အခုကနေစပြီး ငါ့ကိုဦးလေးလို့ခေါ်..."

 (ဟားဟား)


လုချွမ်းဖန်၏နှုတ်ခမ်းများလှုပ်ခတ်သွားကာ "ဒါပေမဲ့...ကျွန်မ...ကျွန်မတိုလျှိုမိသားစုက ရှင့်ကို အစ်ကိုလို့ ခေါ်တာ"


" အခု သွားတိုင်ချေ" 

ဟန်ချင်စုန့်က သူ့လက်များကို စိတ်မရှည်စွာ ဝှေ့ယမ်းကာ ခေါင်းငုံ့၍ ဆက်အလုပ်လုပ်သည်။


လုချွမ်းဖန်က ကျေအေးမပေးနိုင်သဖြင့် အသံကိုမြင့်ကာပြောလိုက်၏။

 "ကျွန်မ ရှင့်ကိုတရားစွဲချင်တယ်..."


ဟန်ချင်စုန့်က ခေါင်းကိုပြန်မော့ပြီး

 "ငါ့ကို..."


လုချွမ်းဖန်က သားဖြစ်သူ၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ နှုတ်ခမ်းကိုကိုက်၍ပြောလိုက်သည်။

 "ရှင့်...ရှင့်မိန်းမ လင်းလန်”


ဟန်ချင်စုန့် တစ်စုံတစ်ယောက်က သူ့မိန်းမကိူ   တရားစွဲမည်ကြားသောအခါ စာဖိုင်ကို လွှင့်ပစ်ပြီး "စွန်းကျောက်ဝမ်..."ဟုအော်လိုက်၏။


စွန်းကျောက်ဝမ်က "ခေါင်းဆောင်ဟန် "ဟု ထပ်ပြောပြန်သည်။


ဟန်ချင်စုန့်: "လော့ဟိုင်ချန်ကို ခေါ်လိုက်...ဟန်ချင်းယွမ်ကို မှတ်စု​ရေးခိုင်း..."


 စွန်းကျောက်ဝမ်  ချက်ချင်းပင် ဝမ်းသာအားရ ထွက်သွားခဲ့ပြီး သူကိုယ်တိုင် ဤအရာများကို လုပ်ရန် မလိုအပ်သော်လည်း သူက အလွန်ကြိုးစားပြီး ခေါင်းဆောင်ဟန်နှင့်ဆက်ဆံရေးကောင်းကြောင်း ပြသနိုင်သကဲ့သို့ ဟန်ချင်စုန့်၏ ရှေ့တွင် တဝဲလည်လည်လုပ်နေရန် ဆန္ဒရှိနေသည်။ 


 များမကြာမီ သူတို့ စုံစမ်းစစ်ဆေးရေးအခန်းသို့ ပြောင်းရွှေ့သွားကာ ဟန်ချင်စုန့်ကလည်း ထိုင်ချလိုက်ပြီး လော့ဟိုင်ချန် နှင့်ဟန်ချင်းယွမ်တို့က ရှေ့တွင် မှတ်စုများယူကြ၏။


ဇာတ်ကားထဲက အမှုစစ်ဆေးမှု (၃) ခု၏ ကိုယ်ဟန်အနေအထားကို မြင်သောအခါ လုချွမ်းဖန်ထိတ်လန့်တုန်ယင်သွားသည်။ သူမက ဟန်ချင်စုန့်နှင့်ပတ်သတ်လိုကာ သူမကိုသနားလာအောင် နှိုးဆော်၍ လင်းလန်၏ကြွက်စုတ် သဘောသဘာဝကို ရှင်းရှင်းလင်းလင်း မြင်စေချင်ပြီး လင်းလန်က သူ့နှင့် မတန်ကြောင်းနှင့် သူမက လင်းလန်ထက် အဆတစ်ရာ ပိုကောင်းကြောင်းသိစေလိုခဲ့၏။


ဟန်ချင်စုန့်က ဘယ်လိုလုပ် ဒီလောက်  ကိစ္စကြီးအောင်လုပ်လိုက်တာလဲ...


သူမ  တဝမ်က သံခေါင်းကို ရိုက်သည်ဟုပြောပြီ သူမသား၏ မျက်နှာကို ညွှန်ပြလိုက်သည်။

တစ်ချက်ကြည့်ရုံနှင့်ပင် သူတို့ကတကယ်ကို ကြမ်းကြမ်းတမ်းတမ်းကစားခဲ့ကြောင်း  လူတိုင်းမြင်နိုင်၏။


 ဟန်ချင်စုန့်: "ဘာလို့ တဝမ်က ရန်ဖြစ်တာလဲ"


သူ့ကိုယ်တိုင် လေ့ကျင့်ပေးထားသည့် သူသား၏ စိတ်နေစိတ်ထားကို သူသိသည်။ သူ့စိတ်ကို အမွေခံထားသည်ဟုပြော၍ရပြီး ကောင်လေးက ခေါင်းမာသော်လည်း တခြားသူတွေကိုအနိုင်မကျင့်တတ်ပေ။


လုချွမ်းဖန်  မပြောချင်သော်လည်း အကြောင်းပြချက်မရှိဘဲရိုက်ခြင်းဖြစ်ပြီး တဝမ်ကအနိုင်ကျင့်ခြင်းဟူ​သောပြောလိုက်သည်။


 ဟန်ချင်စုန့်: "လမ်းလျှောက်နေရင်း တစ်ယောက်ယောက်က မင်းကို ရိုက်လိုက်တယ်ပေါ့"


လုချွမ်းဖန်  ဖြူဖျော့လာ၏။ ဟန်ချင်စုန့်၏ အရှိန်အဝါက ပြင်းထန်လွန်းသည် သူမနှင့် တပြေးတည်းဖြစ်သော်လည်း သူက သူမကို သေအောင် ခြောက်လန့်နေသလိုခံစားခဲ့ရသည်။


ဟန်ချင်စုန့်၏ မျက်လုံးများက သူမကို စိုက်ကြည့်လျက်ရှိကာ အောက်ခြေမရှိသော တွင်းကြီးတစ်ခုလို နက်မှောင်နေပြီး ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်က လူများကို စားသောက်ရန် ထွက်လာတော့မလိုမျိူးဖြစ်နေသဖြင့် သူမ တိုက်ရိုက်မကြည့်ဝံ့ပေ။


ဟန်ချင်စုန့်က စားပွဲကို ရိုက်လိုက်ပြီးဆို၏။

 "ပြောစမ်း ကောင်လေး..." 


ထျဲထုန်လည်း အတော်လေးကြောက်လန့်နေပြီ​ဖြစ်ကာ သူကမလာချင်ပဲ သူအမေကအတင်းလာခိုင်း၍လာရသည်ဟုပင်   မပြောနိုင်ပေ။

ကြည့်... ဘာကောင်းတာရှိလို့လဲ...


သူ နောက်ဆုံးတွင် ဇာတ်လမ်းကို အစအဆုံးပြောပြရန်ဆုံးဖြတ်ခဲ့သည်။


ဟန်ချင်စုန့်က ရယ်ပြီးဆို၏။

 " တဝမ်က ကလေးခေါင်းဆောင်ဟုတ်လား... မင်းက သံခေါင်းပါ ...သူက မင်းထက် ဘာလို့ ပိုသန်ရတာလဲ "


 သံခေါင်းက တကယ်ကို အခိုင်အမာယုံကြည်နေပြီး " သူက သံထက် ပိုမာတယ် "ဟုပြောလိုက်သည်။ 


 လူတော်တော်များများက ရယ်ကြ၏။


 

Xxxxxx

Part 268


ဟန်ချင်စုန့်၏ အမူအရာက လေးနက်နေပြီး ပေါ့ပေါ့ပါးပါး ဆိုသည်။


 "ကလေးတွေ ရန်ဖြစ်တာ အဆင်ပြေပါတယ်...ရှောင်ဝမ်ရဲ့ဘာဂျာအတွက်တော့ ပေးဆောင်ရလိမ့်မယ်"


လုချွမ်းဖန်ကသူ့ကို မယုံကြည်နိုင်စွာဖြင့်  ကြည့်လိုက်၏။ ဒီအဘိုးကြီးက အဲ့ဒီကြွက်စုတ်လင်းလန်ဘက်ကနေချင်တယ်ပေါ့...


အကယ်၍ ဟန်ချင်စုန့်မသိကြောင်း မသေချာပါက၊ သူတို့ တိုင်ပင်ပြီးလုပ်သည်ဟုပင် သူမ ထင်ပေလိမ့်မည်။


သူက ထိုဟာကိုဟာသတစ်ခုအနေနှင့်သာ  မြင်ပြီး ဂရုစိုက်ရမှာ  ပျင်းလွန်းနေသည်ကို  လုချွမ်းဖန်မြင်လိုက်ရ၏။ သူက သူမကိုပင်  ဆုံးမလိုက်သေးသည်။

 "ဒီလိုကိစ္စမျိုးက ရွာမှာ သေးငယ်တဲ့ ပဋိပက္ခပါ... အမျိုးသမီးခေါင်းဆောင်နဲ့ လုံခြုံရေးညွှန်မှူးကို ရှာ... ပြည်သူ့လုံခြုံရေးဗျူရိုမှာ ဒါကို ကိုင်တွယ်ဖို့ အချိန်မရှိဘူး...အနာဂတ်မှာ သတိထားပါ... ဒါပါပဲ"


လုချွမ်းဖန်  ခေါင်းညိတ်ရုံသာ တတ်နိုင်ခဲ့ပြီး မူလက သူမ လင်းလန်၏ကြွက်စုတ်စရိုက်ကို ဟန်ချင်စုန့်အား ထုတ်ဖော်ပြသ ချင်သော်လည်း  သူက လျစ်လျူရှုရုံသာမက ဖုံးထားပေးလိမ့်မည်ဟု သူမ မသိခဲ့ပေ။ 


သူမ သည်းခံရုံသာတတ်နိုင်သည်။


 သူမ ဟန်ချင်စုန့်ကိုကြည့်ကာ အလုပ်ဆင်းပြီးနောက် အိမ်ပြန်ချိန်၌ သူမနှင့် သူ့သားတို့  သူ့စက်ဘီးစီး၍ရမလားဟု လေးလေးနက်မေးလိုက်၏။


ဟန်ချင်စုန့်က သူမကို လျစ်လျူရှုပြီး ထထွက်သွားမည်ဟု မည်သူသိပါမည်နည်း။ 


 ဟန်ချင်းယွမ်က သူမအမှားကို မဖြေဘဲ မြန်မြန်ပြန်သွားခိုင်းပြီး သူလည်း ထွက်သွားတော့သည်။


လုချွမ်းဖန်  ခွဲခြားဆက်ဆံခံရသလို ခံစားရပြီး ဝမ်းနည်းကာ ကိုယ့်ကိုယ်ကိုယ် သနားနေမိ၏။


ဟန်ချင်းယွမ်က ဟန်ချင်စုန့်ကို အမီလိုက်ပြ ပြောသည်။

 "တတိယအစ်ကို ... သူ့က တစ်ခုခုမှားနေပြီ"


 ဟန်ချင်စုန့်: "ဘာဖြစ်နေတာလဲ..."


"သူက အစ်ကို့ကို စိတ်ဝင်စားနေတာထင်တယ် ..."


ဟန်ချင်စုန့်က မျက်မှောင်ကြုတ်ပြီး သူ့ကိုကြည့်၏။


"စကားကို ဂရုစိုက်ပြီးပြော"


 "ဟားဟား... အဆင်ပြေပါတယ်" 


ဟန်ချင်းယွမ်က သူ့ခေါင်းကို ကုတ်လိုက်ပြီး

 "အဲဒီတုန်းက သူကအစ်ကို​နဲ့ ဘလိုင်းဒိတ်တစ်ခု​လုပ်ခဲ့တယ်လို့ကျွန်တော်ကြားတယ် "

 

 "အဓိပ္ပာယ်မရှိတာ... ငါသူ့ကိုမသိဘူး" 

 ဟန်ချင်စုန့်က  သူ့ရုံးခန်းကို ပြန်သွားပြီး စာတစ်စောင်ရေးကာ စာကိုလက်ခံရရန်တာဝန်ရှိသူထံ လွှဲအပ်ပြီး တစ်စုတစ်စည်းတည်း ပို့လိုက်သည်။


 "ညွှန်မှူးဟန်  တံဆိပ်ခေါင်းတွေကို ဘယ်လိုလုပ် ကိုယ့်ဘာကိုယ်ကပ်ရတာလဲ" 

ယေဘုယျအားဖြင့် သူတို့က တပေါင်းတည်း ဖြစ်ပြီး ကိုယ်ပိုင်ငွေသုံးစရာ မလိုပေ။


ဟန်ချင်စုန့်က ဆို၏။

  "ဒါက ငါ့စာပါ... ကိုယ်တိုင် တံဆိပ်တုံး ကပ်လိုက်တာပဲ ကောင်းပါတယ်" 


ထိုလူက ထပ်မမေးတော့ဘဲ အတူတူ သိမ်းသွားလေသည်။


    ...


ဟန်ချင်စုန့်် အိမ်ပြန်ရောက်ပြီးနောက် လင်းလန်က တစ်ခုခုပြောနေသည်ကို ကြားသော်လည်း သူဘာမှမပြောပေ။ယခုလိုအသေးအမွှားကိစ္စလေးတွေအတွက် သူမစိတ်တိုင်းကျ ဆုံးဖြတ်နိုင်၏။


 သို့သော် ထိုကောင်လေးတဝမ်၏မျက်နှာကိုကြည့်လိုက်ရာ သူ့မျက်နှာပေါ်တွင် ကျေနပ်မှုအပြည့်ရှိနေသည်။


တဝမ်က  သူ့ညီလေးကြောင့် နာမည်ကြီးလာပြီး ချက်ချင်းပင် ရွာရှိ ညီငယ်များ၏အသည်းကြော် (idol )ဖြစ်လာကာကာ လူထုတစ်ရပ်လုံး၏အစ်ကိုကောင်းတစ်ယောက် ဖြစ်လာခဲ့သည်။


သူတို့အစ်ကိုကြီးတွေကို ကြည့်လိုက်ပါက အစားအသောက်တွေ လုပြီး သူတို့ဘာသူတို့ ကစားကြ၏။ အစ်ကိုကြီးနှင့်တူသောသူ တစ်ယောက်မှမရှိပေ။ 


ရှောင်ဝမ််အစ်ကိုကို ကြည့်ပါဦး... 


တဝမ်က  ဤနည်းဖြင့် အရိုသေလေးစားခံလာရပြီး သူယခင်က ယဉ်ပါးအောင်လုပ်ခဲ့သော အဆိုးအပေလေးများနှင့်  နှိုင်းယှဥ်ပြီး သူ့ကိုယ်သူ အလွန့်အလွန် ဂုဏ်ယူမိသည် ။


မျက်နှာမှာ ပေါ်လွင်ထင်ရှားခြင်းမရှိသော်လည်း စိတ်ထဲမှာ တဖျတ်ဖျတ်ခါနေ၏။

သူ့ကိုယ်သူ မခံစားမိသော်လည်း လင်းလန်က ယင်းကို ချက်ချင်းမြင်လိုက်သည် ။သူမ  သူ့ကိုဖော်ကောင်လုပ်မနေပေ။သူက အလယ်တန်းဒုတိယနှစ်ပဲ ရှိသေးသည့်ကလေးတစ်ယောက်သာဖြစ်၏။ကလေးများ၏ ရန်ပွဲက ကြီးကြီးမားမားကိစ္စ မဟုတ်ပေ။


ကလေးတော်တော်များများက အခုမှဆော့ကောင်းတုန်းရှိသေးသော်လည်း သူတို့ တစ်ခုခုမှားပြောမိသည့်အခါ ရန်ဖြစ်မည်ဖြစ်ပြီး ၎င်းနောက်ပြန်တည့်လိမ့်မည်ပင်။


လူကြီးတွေက သူတို့ထဲဝင်ပါ၍ ရန်ဖြစ်ရင် အဆုံး မရှိတဲ့ တရားစွဲမှုတွေ ရှိလာမည်ဖြစ်ပြီး လူကြီးတွေက ငြိမ်းချမ်းရေးကို ထိခိုက်သော်လည်း ကလေးတွေကအဆင်ပြေပေလိမ့်မည်။


ထို့ကြောင့် ကျိုးကြောင်းဆီလျော်သော မိဘများက အခြေခံအားဖြင့် ဤအရာကို ဂရုမစိုက်ဘဲ အလွန်အကျွံမရိုက်နှက်ကြသရွေ့ အဆင်ပြေပြီး  သားသမီးများကို ဆူပူရိုက်နှက်ရုံသာလုပ်ကြသည်။


 လင်းလန် အခြားကလေးတစ်ယောက်ဖြစ်လျှင် စိတ်တိုမည်မဟုတ်သော်လည်း ရှောင်ဝမ်ကို အနိုင်ကျင့်မှုကြောင့် သူမ အတော်လေး ဒေါသထွက်ခဲ့၏။


စန်းဝမ်က အနည်းငယ် အဆော့သန်သည်ဟုပြော၍ရသော်လည်း တချို့ကလေးတွေက သူ့နှင့်ရန်မဖြစ်ချင်၍ အဆင်ပြေလေသည်။ ရှောင်ဝမ် က နေ့တိုင်း  ဘယ်သူ့ကိုမှ ရန်မစမသလို ဘယ်သူ့ကမကောင်းဟူ၍လည်းမပြောပေ။ လမ်းပေါ်မှာ ကစားလျှင်ပင်  ဘာဂျာမှုတ်၍ပဲဖြစ်ဖြစ် အသံမျိုးစုံကို နားထောင်ရင်း ငေးကြောင်ကြောင်လေ ထိုင်နေ၍ပဲဖြစ်ဖြစ်နေတတ်၏။


 ဤကဲ့သို့ပင် ယင်းက ကလေးဆိုးများ၏ အမြင်ကို ပိတ်ဆို့နိုင်ပြီး  သူ့ကို အနိုင်ကျင့်စေခဲ့သည်။


 တကယ်ကိုမုန်းစရာကောင်း၏။


 နောက်ပိုင်းတွင် လင်းလန် စိုးရိမ်သဖြင့် ဝါဒဖြန့်ရေး  အစည်းအဝေးတွင် ထပ်ခါတလဲလဲ ပြောခဲ့သည်။ရှောင်ဝမ်၏ခေါင်းကို မည်သူ့ကိုမျှ ထိခွင့်မပြု၊ သူ၏ဆံပင်များကိုလည်း မည်သူ့ကိုမျှ  ပွတ်ခွင့်မပြုဟူ၍ဖြစ်၏။


အဖွဲ့ဝင်များ အားလုံးက ရယ်မောကြပြီး ကလေးက နာကျင်နေသောကြောင့် နောင်တွင် ၎င်းကို မထိမိစေရန် ကြိုးစားကြမည်ဟု ဆိုကြသည်။


ထို့နောက် ဟောင်ယွမ်က ရှောင်ဝမ်ကို ဦးဆောင်၍   လူတိုင်းအတွက် "အလုပ်များတဲ့လယ်လုပ်ငန်း" နှင့် "နွားကျောင်းသားလေး" တေးသွားနှစ်ခုကို တီးမှုတ်ခဲ့ပြီး အသံက ကြည်လင်ငြိမ့်ညောင်းကာ ကျွမ်းကျင်စွာ တီးမှုတ်ခဲ့၏။


 အဖွဲ့ဝင်များက အထပ်ထပ်အခါခါ ချီးကျူးကြပြီး အဆုံးတွင် လှိုက်လှိုက်လှဲလှဲ အားပေးကြသည်။


"ဒီလိုငယ်ငယ်လေးနဲ့ တကယ်ကို အံ့သြစရာပဲ

..."


ရှောင်ဝမ့်ကို အရူးဟု ပြောဖူးသည့်သူတွေ ယခု ဘာမှ မပြောရဲကြတော့ပေ။


လူတွေဘာလို့ ဒီလောက်တုံးရတာလဲ...


ရှောင်ဝမ်က  ​​ဉာဏ်ကြီးရှင်ဟု ပညာတတ်လူငယ်တွေက ပြောကြ၏။ 


နောက်ပိုင်းတွင် လင်းလန်က ကလေးတွေအတွက် အထူးဝါဒဖြန့်ရေးသင်တန်းများပေးခဲ့ပြီး  ကလေးများကို တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် မိမိကိုယ်ကို ကာကွယ်ခြင်းအကြောင်း သင်ကြားပေးရုံသာမက ကြောက်ရွံ့ထိတ်လန့်တတ်အောင်လည်း သင်ကြားပို့ချပေးခဲ့သည်။


ကိုယ့်နှင့်မတူသော ကလေးတစ်ယောက်ကို မြင်သည့်အခါ အနိုင်အကျင့်ချင်ပါနဲ့...မင်းက သူတို့ထဲကတစ်ယောက်ဖြစ်ရမည်... သူတစ်ပါးဆီက သင်ယူမှုသင့်သော၊အလေးအမြတ်ထားသင့်သော အရာတစ်ခုခု အမြဲတမ်းရှိသည်...စသဖြင့်ပင်။


 သေချာ၏၊ သူမက ပျင်းစရာကောင်းအောင် ရိုးရိုးရှင်းရှင်းကြီးပြောမှာမဟုတ်ဘဲ  ကလေးတွေကို ပါဝင်ခွင့်ပေးရန်အတွက် ဇာတ်လမ်းတိုလေးတွေနှင့်ဟာသဇာတ်လမ်းတိုများ ဖန်တီးထားခဲ်သည်။


 ထိုအချိန်မှစ၍ 'ရှန်ရွေ့ရွာ ကလေးသူငယ်ဝါဒဖြန့်ရေးအသင်း'သည်လည်း စတင်ဖွဲ့စည်းခဲ့၏။ ကောင်းမွန်စွာ စွမ်းဆောင်နိုင်သော ကလေးများသာ ပါဝင်ခွင့် ရှိလေသည်။ အခြားကလေးများ အနေဖြင့် ဖျော်ဖြေပွဲများတွင် ပါဝင်လိုပါက ၎င်းတို့အနေဖြင့် ကြိုးစားအားထုတ်ရမည်ဖြစ်၏။


ဤသည်က နောက်ပိုင်းမှသာဖြစ်ပေသည်။


Xxxxxxx