အပိုင်း ၂၇၁-၂၇၂
Viewers 20k

Part 271


ယခုအချိန်တွင် ခရိုင်အတွင်း၌ အထပ်မြင့် အဆောက်အအုံများ မရှိသေးဘဲ အခြေခံအားဖြင့် တစ်ထပ်အိမ်များ ဖြစ်ကြ သည်။ရံဖန်ရံခါတွင် အချို့သော အဆောက်အအုံများက နှစ်ထပ်အနိမ့် အဆောက်အအုံဖြစ်ပြီး သုံးထပ်အဆောက်အဦး နည်းပါး၏။ လမ်းကြားတစ်ဖက်တစ်ချက်စီမှာ ပေါ့ပလာတေပင်တွေ စိုက်ထားပြီး အိမ်တိုင်းက စောင်တွေကို သူတို့ပေါ်မှာ  ကြိုးနှင့်ချည်ချိတ်ဆွဲထားကြသည်။တဝမ်က သူ့ကို ဤနေရာသို့ဦးဆောင် ခေါ်လာပြီး မကြာခင် ခြံဝင်းတံခါးတစ်ခုဆီကို ရောက်သွား၏။


မဝင်ခင်မှာ သူကစန်းဝမ်ကို စိုက်ကြည့်ပြီးပြောလိုက်သည်။


 " မင်းလိုက်လို့ရတယ်...ဒါပေမဲ့ ဘယ်သူ့ကိုမှ မပြောရဘူး... မိဘတွေကိုတောင် ပြောခွင့်မရှိဘူး "


စန်းဝမ် ခဏလောက် တုံ့ဆိုင်းသွားပြီး သူ့အစ်ကိုကြီး ပြောသွားသည့် ပျော်စရာတွေကို စိတ်ဝင်စားစိတ်က လင်းလန်၏ အလေးအနက် သွန်သင်ချက်တွေကို ချက်ချင်း လွှမ်းမိုးသွား၏။


 “အစ်ကိုကြီး... ကျွန်တော် သေသေချာချာ လျှို့ဝှက်ထားပါ့မယ်..."


 သူ့အစ်ကိုကြီးနောက်ကို လိုက်သွားချင်သလိုမျိုး သူ့ရင်ထဲမှာ စိတ်လှုပ်ရှားမှုတွေ တဟုန်ထိုး ထိုးတက်လာသည်ကို ခံစားလိုက်ရသည်။


 သူရဲကောင်းဆန်သော စွန့်လွှတ်အနစ်နာခံမှုကို ပြသနေသည့် သူ့မျက်နှာပေါ်ရှိ တည်ကြည်လေးနက်သော အသွင်အပြင်ကို မြင်လိုက်ရသောအခါ တဝမ်  မရယ်ဘဲ မနေနိုင်တော့ပဲ သူ့ခေါင်းကို ပွတ်သပ်ပေးလိုက်၏။


 “မင်း စစ်ဆေးမေးမြန်းခံရတဲ့အခါ သေအောင်အရိုက်ခံရရင်တောင် မပုန်ကန်ရဘူးနော်..."

 (သစ္စာမဖောက်ရဘူးနော်)


“အစ်ကိုကြီး..ကျွန်တော်ကတိပေးတယ်."


စန်းဝမ်က တက်ကြွစွာပြောလိုက်ပြီး အကြောင်းအရာအသစ်များကို စူးစမ်းရန် သူ့အစ်ကိုကြီးနောက်သို့ လိုက်သွားခဲ့သည်။ လင်းလန်  နှင့် သူမဝါဒဖြန့်ရေးအဖွဲ့၏ဖျော်ဖြေပွဲများ လွှမ်းမိုးမှုနှင့်အတူ စန်းဝမ်၏ ဖျော်ဖြေလိုစိတ်သည် ပိုမိုအားကောင်းလာခဲ့၏။


တဝမ်က သူ့ကို တံခါးကနေ ဦးဆောင်ပြီးခေါ်ဝင်သွားသည်။


........


လျင်မြန်စွာပင် ထွက်သွားသော သားနှစ်ယောက်၏ လွတ်လပ်ပြီး အထိန်းအကွပ်မဲ့နေသော ပုံသဏ္ဍာန်တွေကို ကြည့်ပြီး လင်းလန် မျက်မှောင်ကြုတ်ကာဆိုလိုက်၏။


 "ဒီနှစ်ကောင်ကတော့... "


သူမနှင့်ဟန်ချင်စုန့်က တခြားကလေးသုံးယောက်ကို ခေါ်ကာ တစ်လှမ်းချင်းလျှောက်လာခဲ့ပြီး ပထမမှတ်တိုင်ကား စာအုပ်ဆိုင်ဖြစ်လေသည်။


ရှင်းဟွာစာအုပ်ဆိုင်သည် ထိုအချိန်က အလွန်သေးငယ်ပြီး အခန်းသုံးခန်းသာရှိကာ *စာအုပ်နီမှ ကိုးကားချက်များ၊ ခေတ်မမီသော သတင်းဓာတ်ပုံများ၊ သတင်းစာများနှင့် အချို့သော ပြည်မပြန်လည်ပြုပြုခြင်းနှင့်တရုတ်နိုင်ငံတော်အသစ်တည်ဆောက်ခြင်းတို့ ထင်ဟပ်နေသည့် ဝတ္ထုတိုများ၊ အတန်းအားလုံးအတွက် ပြဌာန်းစာအုပ်များများမှလွဲ၍ စာအုပ်အများကြီးရှိမနေပေ။

(T/N–မော်စီတုန်း၏မိန့်ခွန်းများ၊စားအုပ်များမှ အဆိုကို စုစည်းထားသော စာအုပ်ငယ်)


အခြားစာအုပ်စင်များတွင် ရုပ်ပြစာအုပ်များ၊ ရုပ်ပုံများ စသည်တို့ဖြင့် ပြည့်နေသည်။မိုင်စွေ့  နှင့်အားဝမ်တို့ သူတို့ကို လက်ကမချနိုင်ဖြစ်နေပြီး ငုတ်တုတ်ထိုင်နေကြကာ ထွက်မသွားချင်ပေ။


အထူးသဖြင့် မိုင်စွေ့က စကားလုံးအားလုံးကို မဖတ်နိုင်သော်လည်း ယင်းက သူမကို အမြန်ဖတ်ခြင်းကနေ မရပ်တန့်နိုင်ပေ။ သူမသည် ရုပ်ပြစာအုပ်တစ်အုပ်ကို မိနစ်အနည်းငယ်အတွင်း အပြီးသတ်နိုင်ပြီး နောက်တစ်ပုဒ်ကိုဖတ်ရန် မစောင့်နိုင်တော့ပေ။


ဟန်ချင်စုန့်က အခြားသော အတတ်ပညာဆိုင်ရာ စာအုပ်များကို ဖတ်ခဲ့၏။


လင်းလန်က ရှောင်ဝမ်ကိုခေါ်၍ ဂီတနှင့် အနုပညာ ထုတ်ကုန်များ ရှိမရှိကို သွားကြည့်ခဲ့သည်။ သူမ  သတင်းစာအချို့နှင့် ဝါဒဖြန့်ရေး  သတင်းစာများကို ဝယ်ကာ လက်မှုပစ္စည်း ရှိမရှိကိုလည်း ကြည့်ချင်၏။အ


အဆုံးတွင် သူမ ကလေးတွေကို လင်္ကာပုဒ်၊ ဂီတစသည်ဖြင့်တို့ သိတတ်အောင် သင်ပေးနိုင်ပြီး မိမိဘာဘာသာ ရိုးရှင်းသည့်တေးသွားများပြုလုပ်နိုင်သည့် တုတ်တံကို ရွေးချယ်ခဲ့သည်။ 


အနှီရှောင်ဝမ်လေး ဟောင်ယွမ် ဆီက သင်ယူပြီးနောက် အိမ်ပြန်လာအခါ ၎င်းနှင့် သူ့ဘာသာသူ လေ့ကျင့်နိုင်၏။


ရှောင်ဝမ်က အမျိုးမျိုးသော အလုပ်များကို ပိုမိုလျင်မြန်စွာ၊ ပိုမိုကျင်လယ်စွာလုပ်ဆောင်နိုင်ရန်အတွက် လက်ရှိလိုအပ်ချက်များနှင့် အလွန်ကိုက်ညီရှိသော ပုံကြမ်းများ၊ ရေဆေးပန်းချီ၊ တရုတ်ရိုးရာပန်းချီများ စသည်တို့ပါရှိသော အထွေထွေစာအုပ်တစ်အုပ်ဖြစ်သည့် ပန်းချီစာအုပ်တစ်အုပ်ကိုလည်း ရွေးချယ်ခဲ့သည်။


ထို့အပြင် လင်းလန်က "လျှိုချွမ်"၊ "အလံနီ"၊ "စစ်တေး လော့လျန့် " စသည်ဖြင့် ခေတ်မမီတော့သော လစဉ်ဝတ္ထုအချို့ကိုလည်း ဝယ်ယူခဲ့၏။ ၎င်းတို့ကို မိသားစုတစ်စုလုံး ဖတ်ရှုနိုင်ပြီး ကွန်မြူနတီ  အဖွဲ့ဝင်များလည်း ဖတ်ရှုနိုင်ပေသည်။


၎င်းသည် သက်တမ်းကုန် သွားသောကြောင့် အလွန်စျေးသက်သာပြီး တစ်ယွမ်တည်းဖြင့် အထပ်ကြီးတစ်ထပ် တစ်ခုကို ဝယ်နိုင်၏။


စာအုပ်ဆိုင်မှာ အချိန်မည်မျှကုန်နေပြိလဲဆိုသည်ကို တွေ့သော် လင်းလန်က သူတို့ကိုသတိပေးလိုက်သည်။

 "သွားကြမယ်... မင်းတို့ရွေးပြီးပြီလား"


သူတို့နှစ်ယောက်က တုံ့ဆိုင်းနေပြီးနောက် အားဝမ်က မြန်မြန်ဆန်ဆန်၊ စျေးသက်သက်သာသာနှင့် ချွေတာနိုင်သော လိုအပ်ချက်တွေနှင့်ပြည့်မီသည့်အပြင် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသော ဟင်းချက်နည်းစာအုပ်တစ်အုပ်ကို ရွေးလိုက်၏။  စာအုပ်တစ်အုပ်တည်းမှာ ဗဟုသုတတွေ အများကြီးရသဖြင့် ထိုစာအုပ်ကို ဝယ်ခြင်းက စာအုပ်ပေါင်းများစွာဝယ်ခြင်းနှင့် တူညီပြီး တန်နေဆဲပင်။သူက ကျေးလက်တွင် တစ်ခါမှ မဖတ်ဖူးသော စိတ်ပညာဆိုင်ရာနှင့် နှုတ်ရေးကြွယ်ခြင်းဆိုင်ရာ အခြားစာအုပ်နှစ်အုပ်ကိုလည်း ကောက်ယူခဲ့သည်။


သို့ရာတွင် ယင်းက အလွန်အကျွံဖြစ်ပေလိမ့်မည်။


 လူတစ်ဦးက ယွမ်အများကြီးသံုးဝယ်ပါက အလွန်အကျွံဖြစ်မည်ဟု လင်းလန်ကပြောသောကြောင့် သူတို့ ဤသို့ မရောက်မီ ဟော်သွန်းသကြားလုံးများ လိုချင်သည်ဟု ပြောခဲ့သော်လည်း မစားခဲ့ပေ။


လင်းလန် ကြည့်လိုက်ရာ မိုင်စွေ့က အဝတ်အထည်ချုပ်နည်း စာအုပ်နှင့်ယခု ဝေဖန်ခံနေရသည့် အထိအခိုက်မခံသောအရာများနှင့်ပတ်သတ်သည့် စာအုပ်တစ်အုပ်တိုအတွက် ရုန်းကန်နေရသည်ကို တွေ့လိုက်ရသည်။ ဤစာအုပ်သည် ပိတ်ပင်ခြင်း မခံရသည်မှာ အံ့သြစရာပင်၊ မည်သို့ပင်ဖြစ်စေ ယင်းက ဆုတ်ယုတ်မှု ဦးသျှောင်နှင့် အရင်းရှင် အရင်းရှင်ဝါဒကို သုံသပ်ထားသောစာအုပ်ဖြစ်၏။


မိုင်စွေ့၏စာအုပ်က ပုံများပါသောကြောင့် ဈေးပိုကြီးသည်၊  စာအုပ်နှစ်အုပ်ကို တစ်ယွမ်ထက် ပိုသော်လည်း သူမအတွက် ရွေးရခက်နေသည်။


အားဝမ် ၏စာအုပ်များသည်စျေးပေါသည်၊ စာအုပ်သုံးအုပ်ကိုတစ်ယွမ်ဖြင့် ဝယ်နိုင်ပြီးနောက်ဆုံးတွင် အခြား တစ်အုပ်ကိုပြန်ချထားလိုက်၏။


သူတို့ သံယောဇဉ်မပြတ်ဖြစ်နေသည်ကိုမြင်သောအခါ လင်းလန်လည်း သက်ပြင်းချလိုက်သည်။ သူတို့၏ အရိုးစွဲနေသော အရာများကို ပြောင်းလဲရန် ခဲယဉ်းလှသော်လည်း ကံကောင်းထောက်မစွာဖြင့် သူတို့က သူတို့၏ အထူးကျွမ်းကျင်မှုများကို စွဲစွဲမြဲမြဲ စွဲကိုင်ကာ ဤဘဝတွင် မှန်ကန်သော လမ်းကြောင်းပေါ်တွင် လျှောက်လှမ်း၍ တစ်စုံတစ်ခု အောင်မြင်မည်မှာ သေချာပေ၏။ 


"အားဝမ်  ငါဘယ်ဟာ ကိုရွေးသင့်တယ်လို့ နင်ထင်လဲ" 

မိုင်စွေ့  ခေါင်းရှုပ်နေသည်။


အားဝမ် ထိုစာအုပ်နှစ်အုပ်လုံးက ပျင်းစရာကောင်းသည်ကိုတွေ့လိုက်ရပြီး  တစ်အုပ်ကို လွှင့်ပစ်နိုင်သော်လည်း မိုင်စွေ့ က သူ့ကိုယ်ပိုင်ပစ္စည်းများကို လွှင့်ပစ်ပြီး သူမနှင့် ပိုက်ဆံမျှသုံးရမည်ကို စိုးရိမ်သောကြောင့် သူ မကောင်းသောစာအုပ်ကိုပဲ ရွေးလိုက်သည်။


"အခုအထည်မရှိဘူး...အဲ့ဒါကိုအဝတ်အစားချုပ်ချင်တာလား...နောက်ပြီး အဝတ်အစားလုပ်နည်းကို နင်သင်ခဲ့လို့လား...နင်ကက ငယ်သေးတယ်...ကြီးလာရင်လည်း ဝယ်လို့ရတာပဲ"


မိုင်စွေ့က ခေါင်းခါလိုက်ပြီး "ဒါပေမဲ့ ငါကကြည့်ရုံကြည့်ချင်တာလေ... ဒီနည်းနဲ့ ပိုကြည့်ကောင်းအောင် ငါတို့ရဲ့အဝတ်အစားတွေကို ပြောင်းချင်တယ်"


Xxxxxx

Part 272


ယခု သူတို့အားလုံး အိတ်တွေဝတ်ထားသလို ဖြစ်နေပြီး အရုပ်ဆိုးလှသည်။ သူတို့မားမား၏အချုပ်အလုပ်ပညာက အားကိုး၍မရသဖြင့် လှချင်ပါက ကိုယ်ဘာကိုယ်လုပ်ရမည်ပင်။


ဟန်ချင်စုန့်က ရှောင်ဝမ်ကို သူ့ပုခုံးပေါ်တင်လိုက်ပြီးသတိပေးလိုက်၏


 "နောက်ဆုံးမိနစ်"


မိုင်စွေ့က ပျာသွားပြီး လင်းလန်ကို အကူအညီတောင်းသလိုမျိုးကြည့်ကာ  နည်းလမ်းရှာခိုင်းလာသည်။


လင်းလန်က မျက်လုံးပြူးပြီး ရှောင်ဝမ်ကို လက်ညှိုးထိုးပြသည်။ ရှောင်ဝမ်က စာအုပ်တစ်အုပ်ပဲဝယ်ထားပြီး ပိုက်ဆံကျန်သေး၏။


မိုင်စွေ့က ရှောင်ဝမ်နှင့် ဆွေးနွေးရန် ချက်ချင်းပြေးလာသည်။


ရှောင်ဝမ်က သဘောထားကြီးစွာပြောလိုက်၏။ "ဟုတ်"


မိုင်စွေ့  သူမ၏ဆန္ဒပြည့်ဝသွားပြီး  ချက်ချင်းပျော်သွားသည်။


အားဝမ်  အနည်းငယ် ဝမ်းနည်းမိသည်။ အဘယ်ကြောင့် သူ၎င်းကို မစဉ်းစားမိပါသနည်း၊ စောစောက သိခဲ့လျှင် ရှောင်ဝမ်နှင့် စောစောကတည်းက သဘောတူညီမှုလုပ်ခဲ့ပေလိမ့်မည်။


သူက သူ့မိဘတွေကို မကုန်စေချင်ရုံဖြစ်၏။


လင်းလန်က ပြုံးပြုံးလေးဆိုလိုက်သည်။  

"အားဝမ်... ဒီအကြံအစည်ကို ပထမဆုံးတွေးတဲ့သူက ရွှေရောင်စိတ်ကူးပဲ... ဒုတိယတစ်ယောက်က တုန်းရှီအတုယူမှု ...တတိယကကျ ညစ်ညမ်းတဲ့ကလိမ်ကကျစ်ဖြစ်ပြီး ငြီးငွေ့စရာကောင်းသွားပြီ"


အားဝမ် ခေါင်းကုတ်ကာ လက်လျော့လိုက်ရပြီး သူလည်း အကြံကောင်းတွေ စတင်ကာ စဥ်ဆက်မပြတ်တွေးတော့၏။


ထို့နောက် သူတို့စျေးဝယ်ထွက်ကြပြီး ကျောင်းများ၊ အစိုးရရုံးများကို သွားကြည့်ကြကာ နောက်ဆုံးတွင် သမဝါယမနှင့် ပြဇာတ်ရုံများသို့ရောက်ရှိလာကြသည်။


လင်းလန် ထိုကလေးက ယခင်က ခရိုင်သို့ မကြာခဏ ရောက်ဖူးသည့်အတွက် လမ်းတစ်လျှောက်တွင် တဝမ်နှင့် အခြားသူများကို မတွေ့ရသည်ကို စိတ်မပူပေ။


သူတို့သည် ထောက်ပံ့ရေးနှင့်ရောင်းဝယ်ရေး သမဝါယမသို့ ဦးစွာသွားခဲ့ကြပြီး လင်းလန်က ရှောင်ဝမ်ကို ၂၁ပေါက်ဘာဂျာ၊တုန်ဖန်း အမှတ်တံဆိပ် အသစ်စက်စက်ကို ဝယ်ပေးခဲ့သည်။


ရှောင်ဝမ်  ပျော်လွန်း၍  မျက်လုံးလေးများ တောက်ပလာကာ ထိုနေရာမှာတင်  သူစပြီး အစမ်းမှုတ်ကြည့်လေရာ သမဝါယမမှ အရောင်းသမားများက ကလေးတစ်ယောက်က ဤမျှတော်သည့်အတွက် ချီးကျူးခဲ့ကြ၏။


ထို့အပြင် လင်းလန်  နှုတ်ခမ်းအဆီအနည်းငယ်၊ Vaseline တစ်ပုလင်း၊ ပရုတ်ဆီတစ်ဗူးနှင့် ပျိုးနီ အမှတ်တံဆိပ် မျက်နှာလိမ်းခရင်မ်တစ်ပုလင်းတို့ကို ဝယ်ယူခဲ့သည်။


အသားအရေထိန်းသိမ်းပစ္စည်းတွေက စျေးမနည်းသည့််အတွက်  မိန်းကလေးတွေကလွဲ၍  အများစုက မဝယ်ကြသဖြင့် နေ့စဥ်လိုအပ်ချက်များဖြစ်သော အစားအသောက်နှင့်ဆီတို့လောက်  မသုံးကြသောကြောင့် လက်မှတ်မလိုပေ။


စင်စစ်အားဖြင့်  အေးနေချိန်မှာ အသားခြောက်၊အသားပတ်ခြင်းမှ  ကာကွယ်ရန် ဤပစ္စည်းကို လူအများစုက ဝယ်ကြပြီး ပူနွေးသည့်ရာသီမှာ အသုံးမပြုကြပေ။


ပြန်ကြည့်မည်ဆိုပါက ဝယ်စရာဘာမှမရှိပါချေ။ အဓိကအချက်က လက်မှတ်မရှိသူတွေကို မရောင်းရခြင်းပင်။ လက်မှတ်မလိုသည့်နေ့စဉ်သုံးပစ္စည်းတွေက ၎င်းတို့ရောက်သည့်နေ့မှာ အခြေခံအားဖြင့် ရောင်းကုန်ကြသည်။ 


ထောက်ပံ့ရေးနှင့် ရောင်းဝယ်ရေး သမဝါယမအမှ ထွက်ခွာပြီးနောက် ပြဇာတ်ရုံသို့ သွားကြ၏။စားသောက်ရန် အပြင်ဘက် လက်မှတ်ရုံရှိ ထိုင်ခုံများတွင် ထိုင်ကြသည်။


ဟန်ချင်စုန့်ကလည်း ရေနွေးတစ်အိုးသွားတောင်းပြီး လင်းလန်က ကလေးတွေစားရအောင် ပန်ကိတ်ကို နေ့လည်စာဘူးကိုသုံး၍ နွေးခဲ့၏။


"တဝမ်နဲ့ စန်းဝမ် ဘယ်ကိုသွားတာလဲ" 


သူတို့သွားလည်၍ရသည့်နေရာအနည်းငယ်ပဲရှိပြီး  အားလုံးလည်ပတ်ပြီးပြီဖြစ်သော်လည်း တဝမ်တို့ ကိုမတွေ့ခဲ့ကြပေ။


ဟန်ချင်စုန့်:"စိတ်မပူနဲ့ "


သူက ၎င်းကိုသွားကြည့်ပြီး ပြန်လာကာ လင်းလန်ကိုမေးသည်။


"ရုပ်ရှင်ကြည့်ချင်လား"  

 

လက်ရှိအချိန်၌ ရုပ်ရှင်က အဖြူအမည်းဖြစ်ပြီး

အသံအရည်အသွေးကလည်းမကောင်းသည့်အပြင် အထဲမှာလည်း မှောင်မဲနေသဖြင့် ရှောင်ဝမ်၏ မျက်လုံးများကို ကျိမ်းစပ်စေမည်ဖြစ်လေရာ အဆင်မပြေဟုလင်းလန်တွေးမိ၏။သို့ပေမဲ့ အားဝမ်နှင့်မိုင်စွေ့တို့က  တကယ်ကြည့်ချင်နေကြသဖြင့် လင်းလန်ပြုံးကာပြောလိုက်သည်။

      

"မင်းတို့ နှစ်ယောက်က ကျောင်းမှာ စာကြိုးစားကြတယ်... မိဘတွေ စိတ်ပူစရာ မလိုဘူး...မိဘတွေကို အိမ်မှုကိစ္စတွေတောင် ကူညီတာသေးတာ... အရမ်းတော်တယ်...အဲဒါကြောင့် မိဘတွေက မင်တို့ကို ရုပ်ရှင်ကြည့်ဖို့ဖိတ်ခေါ်ပြီး ဆုပေးမယ် "

       

သူတို့နှစ်ယောက် နားထောင်ပြီးနောက် ဝမ်းသာလွန်း၍ လက်ခုပ်တီးကာဆိုကြ၏။

         

"ကျေးဇူးတင်ပါတယ် မားမားနဲ့အဖေ"


ဤသည်က သူတို့အတွက် ပထမဆုံးအကြိမ်ရုပ်ရှင်ကြည့်ခြင်းဖြစ်သည်။ ရုပ်ရှင်ကြည့်သည်က မလွယ်ကူ၊  လက်မှတ်တစ်ခုလိုပြီး လက်မှတ်ဝယ်ရသည်ကလည်း ခက်သည်ဟု ဆရာမကပြော၏။


လင်းလန်က ဟန်ချင်စုန့် ကို  သူတို့နှစ်ယောက် ရုပ်ရှင်ကြည့်ရန် လက်မှတ်ဝယ်ခိုင်းလိုက်သည်။ ဆယ့်ငါးမိနစ်အကြာမှာ "ရဲရဲတောက်မီးလိုလူငယ်"ပြသပေလိမ့်မည်။


"ရုပ်ရှင်ကြည့်မယ်ရေး....  "

ကလေးနှစ်ယောက် ပျော်ရွှင်စွာ ခုန်ပေါက်ကြ၏။


လင်းလန်က ရှောင်ဝမ်ကို ချော့လိုက်သည်။ "ပေါင်ပေါင်းက ငယ်သေးတယ်... ကြီးလာရင် အဲဒါကို ကြည့်ဖို့ မားမားလိုက်ပြပေးမယ်နော်"


ရှောင်ဝမ်က လိမ်လိမ်မာမာ  ခေါင်းညိတ်ပြီးဆို၏။

 "ဟုတ်ကဲ့"


 ဟန်ချင်စုန့် ကလေးနှစ်ယောက် ရုပ်ရှင်သွားကြည့်ရန် သူ့အလုပ် IDနှင့် လက်မှတ်တွေ ဝယ်လိုက်သည်။ သူက တော်လှန်ရေးကောင်စီ ပြည်သူ့လုံခြုံရေးဗျူရို၏ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သည်ကို မြင်သောအခါ လက်မှတ်ရောင်းသမားက အလွန်စိတ်အားထက်သန်စွာဖြင့် ပြဇာတ်ရုံက နမူနာပြဇာတ်ကို အစမ်းလေ့ကျင့်နေကြောင်း ပြောပြလာသည်။

 

ဟန်ချင်စုန့်က ဘယ်လိုဇာတ်မျိုးလဲဟုမေးလိုက်၏။


"ရှာကျားပန်း...ကြည့်ချင်ရင် သွားကြည့်ရုံပဲ"


ဟန်ချင်စုန့်က ပြန်လာပြီး လင်းလန်ကို ကြည့်ချင်လားဟုမေးသည်။


လင်းလန်က  ပြုံးပြီးဆိုလိုက်၏။

 "ဒါဆို ရှောင်ဝမ်ကို သွားကြည့်ခိုင်းရအောင်" 


ဝန်ထမ်းက လက်မှတ်တစ်ခုပေးကာ ကိုယ့်ဘာကိုယ် သွားကြည့်ရန်ပြောလေသည်။ ဟန်ချင်စုန့် လင်းလန်နှင့်ရှောင်ဝမ့်ကို ထိုနေရာသို့ ခေါ်သွားရာ စင်မြင့်ပေါ်တွင် ကြက်သွေးရင့်ရောင် ကန့်လန့်ကာကို တွဲလောင်းချထားသည်ကို တွေ့လိုက်ရ၏။သရုပ်ဆောင် တစ်ဒါဇင်ကျော် အဆင်သင့်ဖြစ်နေပြီဖြစ်သလို အချို့သော သရုပ်ဆောင်များက သွေးပူအောင် ကခုန်နေကြပြီး အချို့မှာ အသံနိမ့်၍ တီးမှုတ်နေကြကာ သက်ဝင်လှုပ်ရှားနေသည်။


ရှောင်ဝမ်  ချက်ချင်းပင် သဘောကျသွား၏။ဟန်ချင်စုန့်က လင်းလန်ကို ရောက်ပြီဖြစ်ကြောင်း အချက်ပြပြီး သူက အလုပ်ကိစ္စများလုပ်ရန်ရှိသဖြင့် အပြင်ထွက်မည်ဖြစ်ကာ နောက်မှ သူမကို ပြန်လာခေါ်မည်ဖြစ်သည်။


လင်းလန်က ခေါင်းညိတ်ကာ အသံနိမ့်၍ ပြောလိုက်၏။

 "သွားလေ...ကျွန်မတို့စောစောပြီးသွားရင် ရှင့်ကို လက်မှတ်ရောင်းတဲ့ နေရာမှာပဲ စောင့်နေမယ်"


ထိုသို့ဖြင့်ဟန်ချင်စုန့်က အရင်ထွက်သွားသည်။


လင်းလန်က ရှောင်ဝမ်ကို အစမ်းလေ့ကျင့်မှု ကြည့်ရှုရန် ဦးဆောင်ခေါ်သွားခဲ့၏။


၎င်းတို့၏ အစမ်းလေ့ကျင့်မှုမှာ အလွန်ပေါ့ပေါ့ပါးပါးဖြစ်ပြီး ဖျော်ဖြေမှုတစ်ခုလုံးက မပြီးသေးသော်လည်း ၎င်းတို့သည် ဖျော်ဖြေပွဲထဲသို့ တစ်ရွေ့ရွေ့ဝင်ရောက်လာကာတစ်ခါမှမမြင်ဖူးသော အဖွဲ့ဝင်များအတွက်လည်း အလွန်စိတ်ဝင်စားစရာကောင်းခဲ့သည်။


ထိုကြောင့် ဝန်ထမ်းတွေက ဇနီးနှင့် ကလေးတွေကို ခေါ် ကြည့်ရန် ဟန်ချင်စုန့်ကို ညွှန်းဆိုခဲ့ခြင်းပင်။


လူတစ်ဦးက *အားဟူကို စတင်တီးခတ်သောအခါ ရှောင်ဝမ် ပို၍ ဂရုတစိုက် နားထောင်ခဲ့ပြီး သူ၏ မျက်လုံးရွဲကြီးများက တောက်ပနေလျက် မလှုပ်မယှက်ရှိနေခဲ့၏။

(T/N–တရုတ်တယောဟုခေါ်ကြသော နှစ်ကြိုးတပ်တူရိယာ)


Xxxxxx