Part 273
နောက်ဆုံးတွင် အစမ်းလေ့ကျင့်မှုပြီးသွားသောအခါ သူက ဇာတ်လမ်းထဲမှာ နှစ်မြုပ်နေဆဲဖြစ်ပြီး ပြန်အသိဝင်မလားသေးပေ။
လင်းလန်က သူနှင့်အတူ ခဏထိုင်နေပေးခဲ့ပြီး စင်မြင့်ပေါ်ရှိလူအားလုံး ထွက်သွားသောအခါ ရှောင်ဝမ်က ရုတ်တရက် သံစဥ်တစ်ခု စတင်၍ ညည်းလိုက်သည်။ သူ့အသံနှင့်ကာရံကို တိတိကျကျ မဖော်ပြနိုင်သော်လည်း သူညည်းလိုက်သော သံစဥ်များက အကုန်လုံးကောင်းနေ၏။
"မားမား...သားရဲ့အားဟူ အသံက ကောင်းရဲ့လား"
သူက လင်းလန်ကို သံစဥ်ညည်းပြီးနောက် မေးလိုက်သည်။
လင်းလန် စိတ်ရင်းဖြင့် ချီးကျူးလိုက်၏။ "အရမ်းကောင်းတယ်... ဒီလောက်ကောင်းတဲ့အသံမျိုး တစ်ခါမှ မကြားဖူးဘူး"
ရှောင်ဝမ် အတော်လေးပျော်သွားပြီး လင်းလန်၏လက်ကို ဆုပ်ကိုင်ကာ ရုတ်တရက် အလန့်တကြား မေးလေသည်။
"အဖေ ရော..."
ငါ့အဖေမရှိတော့ဘူးးးး...
လင်းလန်က ရယ်ပြီး သူ့ကို ပွေ့ချီကာ " အပြင်ကို သွားကြည့်ရအောင်"ဟုဆိုလိုက်၏။
သူတို့ ထွက်လာပြီးနောက် အားဝမ်နှင့်မိုင်စွေ့တို့ လည်း ထွက်လာသည်။ သူတို့ ဇာတ်လမ်းကို စိတ်လှုပ်ရှားစွာ ပြောနေကြစဥ်တွင် လင်းလန်တို့ ထွက်လာတာကို တွေ့သည်ကိုမြင်လိုက်ရပြီး သူတို့ အစမ်းလေ့ကျင့်မှုကို လွဲချော်ခဲ့ကြောင်း သိရတော့၏။
လင်းလန်က ပြုံးကာဆိုသည်။
"လောဘကြီးမနေနဲ့...တဝမ်နဲ့စန်းဝမ် မလာသေးဘူးလား"
အားဝမ် သူ့လက်ကို ဖြန့်ကာ
"ကျွန်တော်တို့ အပြင်ကိုကြည့်ပေမဲ့ မလာသေးဘူး"
လင်းလန်: "စိတ်မပူပါနဲ့... အချိန်တန်ရင် ပြန်လာမှာပါ "
သူတို့ အနောက်ကောင်းကင်ယံ၏အလယ်မှာ နေရောက်လျှင် ပြန်လာပြီးဆုံမည်ဟု ချိန်းထား၏။ မလာဘူးဆိုပါ အပြစ်ပေးရုံသာမက အနာဂတ်မှာ အပြင်ထွက်လည်ခွင့်ရှိတော့မည်မဟုတ်ပေ။
ခဏလောက် အနားယူပြီးနောက် လင်းလန် အပြင်မှာ လူတစ်ယောက် ဟော်သွန်းသကြားလုံးရောင်းနေသံကို ကြားလိုက်ရသည်။
လင်းလန်:"မားမားမင်းတို့ကို ဟော်သွန်းသကြားလုံးဝယ်ပေးမယ်...ဒါပေမဲ့ မင်းတို့မှာ ပိုက်ဆံကုန်သွားပြီဆိုတော့ တစ်ခုပဲဝယ်ပြီး မျှစားလို့ရတယ်"
ကလေးတွေလည်း အတော်လေးပျော်သွားကြ၏။
အားဝမ်က တစ်ခုဝယ်ပြီး ပြန်လာခဲ့သည်။ လင်းလန်ကို အရင်ကိုက်ခိုင်းပြီး တစ်လုံးကို ကျန်သူများအတွက်ချန်ကာ အဖေဖြစ်သူအတွက် နောက်တစ်လုံးနှင့် ကျန်သည်ကို ကလေးတွေမျှစားလိုင်သည်။
အနီရောင် ဟော်သွန်း +သီးကို ပယင်းရောင် သကြားရည်ဖြင့် ဖုံးအုပ်ထား၏။ အရသာက ကြွပ်ရွပြီး ချဥ်ချိုလေးဖြစ်သောကြောင့် လူတွေကို အပြီးသတ်ရန် ဝန်လေးစေသည်။
သိပ်မကြာခင်မှာပဲ ဟန်ချင်စုန့်က လက်ထဲမှာ ပစ္စည်း အိတ်တစ်လုံးနှင့် အရင်ပြန်ရောက်လာပြီး လင်းလန်ဆီ လွှဲပေး၏။
မိုင်စွေ့က ကျန်သော ဟော်သွန်းသီးကို ပေးလိုက်ပြီး ဟန်ချင်စုန့်က ၎င်းကို ယူကာ လင်းလန်၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။
လင်းလန် စက္ကူအိတ်ထဲရှိ အရာများကို ငုံ့ကြည့်နေရင်း ဟော်သွန်း သီးတစ်လုံးကို ရုတ်တရက်အခွံ့လိုက်ရသောအခါ ပါးပြင်များနီရဲလာ၏။
မိုင်စွေ့ နှင့်အားဝမ်တို့အနေဖြင့် ဖခင်ဖြစ်သူက အရသာရှိသော အစာအစာများကို သူတို့ကို မပေးဘဲ မိခင်ဖြစ်သူကို အရင်ပေးလေ့ရှိသည်ကို ကျင့်သားရနေပြီဖြစ်သောကြောင့်း ပြုံးပြီး မမြင်ချင်ယောင်ဆောင်ထားကြသည်။
လင်းလန် ချိုချဉ်အရသာကို မြည်းစမ်းရင်း ဟော်သွန်းသီးကို ဖြည်းညှင်းစွာ ဝါးလိုက်ပြီး ၎င်းနောက် လက်ထဲက စက္ကူအိတ်ကိုဖွင့်ကာဆိုလိုက်၏။
"ဝိုးးး...ကြည့်စမ်း..."
ကလေးတွေက သူမထံမှ အဆွဲဆောင်ခံရပြီး အမြန်ကြည့်လိုက်ရာ မှိုခြောက်တွေ အများကြီးဖြစ်နေသည်။
လင်းလန်က အံ့သြတကြီးမေးလိုက်၏။
" ဒီလောက်ကောင်းတဲ့မှိုတွေ ဘယ်ကရလာတာလဲ"
ကျေးလက်မှာပဲဖြစ်ဖြစ် မြို့ထဲမှာပဲဖြစ်ဖြစ် မှိုစိမ်းနှင့် မှိုခြောက်တွေက အလွန် ဈေးကြီးသည်။
လက်ရှိအချိန်မှာ လူလုပ်စိုက်ပျိုးမမှုများမရှိဘဲ ၎င်းတို့ကို တောထဲတောင်ထဲကနေပဲရ၏။ သူတို့ဘက်ခြမ်းက တောင်တန်းဒေသဟာ ကျတ်တီးမြေဖြစ်ပြီး မှိုမပေါများပါချေ။ နွေရာသီနှင့် ဆောင်းဦးမိုးရွာပြီးမှသာ မြက်တချို့ ပေါက်လာသည်ဖြစ်ရာ ဒေသခံတွေအတွက် မှိုကို စားရ,ခဲ,လေသည်။
ဟန်ချင်စုန့်က ပြော၏။
"တော်လှန်ရေး ကော်မတီရဲ့ အကျိုးအမြတ်က ငါ့အတွက် ဆုတစ်ခု အရင်က ပေးခဲ့တယ်..အဲ့ဒါကြောင့် နောက်ထပ် တစ်ခု ထပ်တောင်းခဲ့တယ်"
လင်းလန် ဤပစ္စည်း အလွန်ရှားပါးလေရာ တော်လှန်ရေး ကော်မတီမှာ လူအနည်းငယ်သာ ရရှိနိုင်သည်က သေချာပေါက်ပင်ဟုတွေးမိသည်။ ပထမနေရာမှာ မရှိခဲ့တာများလား... မျှတာလား...
သူမ အများကြီးမမေးတော့ဘဲ ပြုံးပြီးသာပြောလိုက်၏။
"နှစ်ရက်ကြာရင် ထုတ်လုပ်ရေးအဖွဲ့က ဝက်တွေကိုသတ်ပြီး အသားတွေဝေကြမှာ... မှိုနဲ့ ဝက်သားကြာဇံနှပ်ကြမယ်..."
ကလေးတွေက အလွန်ပျော်သွားကြသည်။ယခင်က ဟန်ချင်စုန့်က အိမ်သို့ မှိုတွေပြန် ပို့ပေးသော်လည်း အဖွားက အသားနှင့်နှပ်ပြီး အားလုံးကို အဒေါ်နှင့် ဦးလေးကိုပဲကျွေးခဲ့ပြီး သူတို့ တစ်ကိုက်မှမကိုက်ခဲ့ရပေ။
သို့ရာတွင် မွှေးရနံ့က သူတို့ စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲထင်နေပြီး အထူးသဖြင့် မိုင်စွေ့ပင်။ သူမ ဟန်ကျင်းယုစားပြီးနောက် မြည်းကြည့်ရာ အရသာက လျှာဖျားကို ချက်ချင်းရောက်သွားခဲ့သည်။
အနံ့က အရမ်းကောင်းတယ်...
လင်းလန် ဟန်ချင်စုန့် ၏ဆုလာဘ်အကြောင်း တစ်ချိန်လုံး တွေးနေခဲ့၏။ယခင်ကျောက်အန်းဖျင်၊ နောက်ပိုင်းမှာ မြစ်ဝါမြစ် ကပ္ပတိန် သူတို့အားလုံးက ဆုလာဘ်တစ်ခုရှိသည်ဟု ပြောခဲ့ကြပေမဲ့ အခုထိ မရသေးပါချေ။
ဟန်ချင်စုန့်က ၎င်းကို နှစ်ကုန်အထိ သိမ်းဆည်းပြီး ပေါင်းစည်းပေးမည်ဟု ဆိုသည်။
သူမ နှစ်ကုန်တွင် လက်ဆောင်အထုပ်ကြီးတစ်ထုပ်ပေးရန် စောင့်မျှော်နေသော်လည်း မကျေမနပ်ဖြစ်ကာ မပေးမည်ကိုလည်း စိုးရိမ်နေ၏။
"ကောင်လေးနှစ်ယောက်က အချိန်ကျနေပြီကို ဘာလို့ပြန်မလာတာလဲ"
ဟန်ချင်စုန့်က လိုက်ရှာမည်ဟုပြောသော်လည်း သူ ထွက်သွားခင် စန်းဝမ်က တဝမ် နောက်ကို အမောတကော ပြေးလိုက်ကာ ချိန်းထားသည့်အချိန်အရောက်လာပြန်လာကြသည်။
စန်းဝမ်က မောလွန်း၍ ဒူးထောက်ကာ ဟောဟဲလိုက်နေပြီး တဝမ်ကမူ အဆင်ပြေသော်လည်း နဖူးတွင် ချွေးများထွက်နေ၏။
သူတို့အဝတ်အစားတွေ ညစ်ပတ်နေပြီး မနက်ခင်းတုန်းက ထွက်ခဲ့သူတွေနှင့် လုံးဝ မတူတော့သည်ကို လင်းလန် မြင်လိုက်ရသောအခါ မေးလိုက်သည်။
"မင်းတို့နှစ်ယောက်... အုတ်တွေသယ်လာတာလား"
စန်းဝမ်: ဟီးဟီး...ဝူးဟူး... ဆွံ့အနေ
တဝမ် : "..." ရှင်းမပြဘူး...
ကလေး၏မိဘများအနေဖြင့် တစ်ချက်ကြည့်ရုံနှင့် တစ်စုံတစ်ခုမှားယွင်းနေသည်ကို သိရှိကြပြီး ဟန်ချင်စုန့် မျက်မှောင်ကြုတ်ကာ လက်သီးဆုပ်တော့မည်ပြုသည်။လင်းလန်က သူ့အကျီလက်ကို အလျင်အမြန်ဆွဲကာ တဝမ်ကို မငေါက်ရန်ပြောလိုက်၏။
ရွာက ထိုအမျိုးသမီးတွေက လမ်းမှာ ကလေးတွေကို ရိုက်နှက်သည်ကို သူကြားခဲ့ရပြီး ကျိန်ဆဲနေသည်ကလည်း တကယ်ကို စိတ်မချမ်းသာစရာပါပင်။ကလေးများ အရွယ်ရောက်လာသောအခါတွင် သူတို့မှာလည်း မိမိကိုယ်ကို လေးစားမှုနှင့် အရှက်တရားတို့လည်း ရှိတတ်သည်။တဝမ်က အထူးသဖြင့် သန်မာ၏။ သူမက သူမျက်နှာမပျက်အောင်ကာကွယ်လိုက်သော်လည်း မည်သို့ပင်ဖြစ်စေ သူတို့ ဘာလုပ်နေလဲဟု သေချာပေါက် မေးလိမ့်မည်ပင်။
စန်းဝမ်က သိပ်ပြီးနှုတ်မလုံပေ၊ သူမ နောက်မှ သူ့ကို တိတ်တိတ်လေး မေးပြီး သူ့ကိုပြောပြလိုက်မည်။
Xxxxx
Part 274
မိုင်စွေ့က ဂုဏ်ယူစွာ ပြောလိုက်သည်။
"ငါတို့က စာအုပ်တွေဝယ်တယ်...ရုပ်ရှင်ကြည့်တယ်...သကြားလုံးတွေ စားတယ်.."
စန်းဝမ် ချက်ချင်း မနာလိုဖြစ်သွား၏။
လင်းလန် တဝမ်ကိုမေးလိုက်သည်။
"ဘာဝယ်ခဲ့လဲ..."
တဝမ်က တစ်ယွမ် ထုတ်ပြီး လင်းလန်ထံ ပြန်ပေးကာဆို၏။
"အသားပါတဲ့ နှမ်းစေ့ကိတ်မုန့် လေးခုဝယ်ခဲ့တယ်... တစ်ယွမ်ပေးရတယ်..."
လင်းလန်: "မင်းမှာ လက်မှတ်မရှိဘူး ...ဘယ်လိုဝယ်လိုက်တာလဲ"
"သူတို့ကိုယ်တိုင်လုပ်ထားတာ... လက်မှတ်မလိုဘူး"
"တစ်ယွမ်အတွက် ကိတ်မုန့်လေးလုံး...တော်တော်ဈေးကြီးတယ်..."
လင်းလန် မတန်ဘူးဟုထင်မိသည်။
ဂျုံကောင်း တစ်ကတ်တီကို ဆင့်နှစ်ဆယ်နဲ့ ဝယ်လို့ရတယ်လေးးး...
စန်းဝမ်က ချက်ချင်းပြောလာ၏။
"မားမား... ကိတ်မုန့်က ကြီးတယ်"
သူက လက်ဟန်ခြေဟန်ပြလိုက်ပြီး ထိုဟာက သူ့မျက်နှာလောက်ကြီးသော်လည်း နည်းနည်းပါးကာ အသားသိပ်မပါဘဲ ပါးပါးလှီးထားသော ကြက်သွန်မြိတ်နည်းနည်းပဲပါသည်။
ဒါပေမဲ့ အရသာရှိတယ်...
"ကိတ်မုန့်စားပြီးတဲ့အပြင် ဘာလုပ်နေတာလဲ" လင်းလန်က မေးသည်။
တဝမ် : " ဒီတိုင်း ပတ်လျှောက်နေတာ "
စန်းဝမ်က လျင်မြန်စွာ ခေါင်းညိတ်ပြသော်လည်း သူ့မျက်လုံးထဲတွင် မရိုးသားသော အကြည့်က သူ့ကို သစ္စာဖောက်နေလေရာ လှည့်းစားထားသော အရာတစ်ခု ရှိကိုရှိနေရပေမည်။
ဟန်ချင်စုန့်က တဝမ်ကို တစ်ချက်ကြည့်လိုက်ပြီးပြော၏။
"အမှန်အတိုင်းပြော"
တဝမ်: "အမှန်အတိုင်းပြောတာပဲ"
သူ သူ့သား၏ စိတ်နေစိတ်ထားကို သိပြီး အူဘယ်နှစ်ခွေရှိလဲဆိုသည်ကိုပင် သိသည်။
အမှန်အတိုင်းပြောတာ လုံးဝမဟုတ်ဘူးးးး...
လင်းလန် သားအဖနှစ်ယောက် ရန်ဖြစ်မည်ကို ကြောက်မိ၏။ ဟန်ချင်စုန့်က လေးနက်သောသူဖြစ်ပြီး တဝမ်က ခေါင်းမာသူဖြစ်သောကြောင့် အပြင်တွင် ပြဿနာဖြစ်၍မရပေ။
သူမ ပြုံးပြီးဆိုလိုက်ရသည်။
"ကောင်းပြီ...အိမ်ပြန်ရအောင်"
သူမ ထွက်သွားသောအခါ တဝမ်က စက်ဘီးနှင့်နှစ်ယောက်ကို ဆက်တင်ပြီး ဟန်ချင်စုန့်က သုံးယောက်ကို တင်နင်း၏။
တဝမ် မျက်နှာမည်းအဖေက သူ့ကိုဖမ်းပြီး မေးခွန်းတွေမေးမှာကို ကြောက်သဖြင့် ဒုန်းဆိုင်းနင်းလာခဲ့သည်။ သူ့ခြေထောက်တွေက သိပ်မရှည်သော်လည်း သူ့ကို မြန်မြန်စီးခြင်း၊ကွေ့ခြင်း၊ယိမ်းထိုးခြင်းတို့ကနေမတားဆီးနိုင်ပေ အားဝမ်ကလန့်လွန်း၍ သူ့အနောက်ကခုံကို တင်းတင်းကြပ်ကြပ် ကိုင်ထားမိ၏။
လင်းလန်က လက်တစ်ဖက်ဖြင့် ရှောင်ဝမ်ကိုပေါင်တင်ပွေ့ကာ ထိုင်နေပြီး ကျန်တစ်ဖက်က ဟန်ချင်စုန့်၏ခါးမှာထားထားသည်။ သူမက တိုးတိုးလေး ပြောလိုက်၏။
"အိမ်ပြန်ရောက်ရင် စန်းဝမ်ကို အရင်မေးလိုက်မယ်...စိတ်မဆိုးပါနဲ့"
ဟန်ချင်စုန့်က သူမလက်ကို လှုပ်ခါလိုက်ပြီးဆိုသည်။
"စိတ်မဆိုးပါဘူး"
ရှေ့ရှိ တဝမ်က စက်ဘီးကို ရုတ်တရက် ရပ်လိုက်ပြီး စန်းဝမ်က ဘားတန်းပေါ်တွင် မတ်တပ်ရပ်ကာ လမ်းဘေးရှိ လူနှစ်ယောက်ကို ညွှန်ပြ၍ဆို၏။
"ဖေဖေ မားမား ကြည့်...."
လင်းလန်က သူညွှန်ပြသည့် ဘက်အတိုင်း လှမ်းကြည့်လိုက်သည်။ ဟန်ကျင်းယုနှင့် လူငယ်တစ်ယောက် လမ်းကူးနေသည်ကို တွေ့လိုက်ရသည်။
ဟန်ကျင်းယုက သူမလက်ထဲတွင် ဟော်သွန်း သကြားလုံးများကို ကိုင်ထားပြီး တောက်ပစွာ ပြုံးလိုက်သည်။
ရို့...ဒါက အပျိုဖြန်းလေးပဲ...
လင်းလန်က သူတို့ကို မနှောင့်ယှက်ဘဲ အမြန်သွားရန် အမူအရာပြလိုက်သည်။သူမနှင့်ဟန်ချင်စုန့် သဘောထားကွဲလွဲနေသော်လည်း သူတို့ သူများ၏ဘလိုင်းဒိတ်ကို မဖျက်ဆီးနိုင်ပေ။
လူငယ်က သူတို့ကိုမြင်သောအခါတွင် သူ၏အမူအရာမှာ ရွှင်မြူးသွားပြီး ဟန်ကျင်းယုနှင့် နှုတ်ဆက်ရန် ပြေးလာသည်ကို မည်သူသိပါမနည်း။
သူပြေးသည်က မြန်လွန်းပြီး
ဟန်ကျင်းယု အမီလိုက်နိုင်မလိုက်နိုင်ကိုပင် ဂရုမစိုက်ပေ။ သူက ဟန်ချင်စုန့်ဆီကို ပြေးလာပြီး မျက်နှာချိုသွေးသည့်အပြုံးဖြင့်ဆို၏။
"ဟယ်လို ညွှန်မှူးဟန်...ကျွန်တော့် နာမည်က စွန်းယောင်ဝူပါ...ကျွန်တော်က တော်လှန်ရေး ကော်မတီ သစ်တောဦးစီးဌာနခွဲရဲ့ အချက်အလက်မန်နေဂျာပါ ”
သူက ဦးညွတ်ကာ ဟန်ချင်စုန့်နှင့် လက်ဆွဲနှုတ်ဆက်ရန် လက်ကိုဆန့်လေသည်။
ဟန်ချင်စုန့်က မလှုပ်ရှားဘဲ ခေါင်းညိတ်ကာပြောလိုက်၏။
"ငါ့နာမည်က ဟန်ချင်စုန့်... သိပ်ယဉ်ကျေးနေစရာ မလိုဘူး"
သူက လက်အိတ်ဝတ်ထားပြီး စက်ဘီးလက်ကိုင်ကို ကိုင်ထားဆဲပင်။
“ဒါဆို တတိယအစ်ကိုလို့ ခေါ်မယ်”
လူငယ်လေးက စိတ်လှုပ်ရှားလွန်း၍ မျက်လုံးတွေ တောက်ပလာခဲ့သည်။
ဟန်ကျင်းယုက ပြေးလာပြီး မကျေမနပ်ဆို၏။
"တတိယအစ်ကို... ညီမကိုမစောင့်ဘဲ ကိုယ့်ဘာသာကိုယ် ထွက်သွားတယ်...ညီမ စက်ဘီးသွားငှားသွားရတာအကြာကြီးပဲ..."
ရွာမှာ စက်ဘီးအများကြီးမရှိတော့ဘူး...
ဟန်ချင်စုန့်ကပြောလိုက်သည်။
"ငါတို့က အိမ်ပြန်မလို့"
ဟန်ကျင်းယုက လင်းလန်ကို စူးစူးဝါးဝါးကြည့်ကာ လင်းလန်ကို ဆွဲချပြီး ၎င်းပေါ် သူမထိုင်လိုက်ရန် ဆန္ဒရှိနေ၏။
လင်းလန်က သူမကို လက်ဝှေ့ယမ်းပြကာဆိုလိုက်သည်။
“ပျော်ပါစေနော်... သွားကြရအောင်”
ဟန်ချင်စုန့်က ရှေ့က တဝမ်နောက် အမီလိုက်ရန်စက်ဘီးကို ကိုင်လိုက်သည် ။
စွန်းယောင်ဝူက ချက်ချင်းပြောလာ၏။
"မိန်းကလေး ဟန်...မင်းကို အိမ်ပြန်ပို့ပေးပါရစေ "
ဟန်ကျင်းယုက ကပျာကပျာ ငြင်းဆိုလိုက်ပြီး "မပို့နဲ့...မပို့ပါနဲ့...ငါ ဒီကို တစ်ယောက်တည်း စက်ဘီးစီးလာခဲ့တာ"
ဆက်ဆံရေးကို အတည်ပြုပြီးနောက် သူ့ကို မည်သို့ ပို့ပေးခိုင်း၍ရပါမည်နည်း။
စွန်းယောင်ဝူက အခိုင်အမာပြောနေဆဲပင်၊ ဟန်ကျင်းယု သူ့ကိုကို စိုက်ကြည့်နေလိုက်သည်။ သူမ ဒေါသတွေထွက်ပြီးရင်းထွက်လာသည်။
စွန်းယောင်ဝူက ချက်ချင်း ရယ်လိုက်ပြီးဆို၏။
"ကျွန်တော် မင်းကို လိုက်ပို့ရင် စကားများများပြောလို့ရတယ်လေ "
ဟန်ကျင်းယုက သရော်လိုက်သည်။
"နင်စကားပြောချင်တာက ငါ့ကိုလား...ညွှန်မှူးဟန်ကိုလား"
ယခုလိုအခြေအနေမျိုးက လူအများစုအတွက် ရှက်စရာကောင်းသော်လည်း စွန်းယောင်ဝူက ရိုးသားဟန်ဖြင့်ဆို၏။
"ဒါပေါ့ ညွှန်မှူးဟန်နဲ့ရော မင်းနဲ့ရောပေါ့...ကျွန်တော် ညွှန်မှူးဟန်ကို သတင်းမပို့ရသေးဘူး...ကျွန်တော်တို့ သစ်တောဌာနက....."
"ကောင်းပြီ... ငါရဲ့တတိယအစ်ကိုက နင့်ရဲ့သစ်တောဌာနကို ဂရုမစိုက်ဘူး...နင်ကဘာသတင်းပို့နေတာလဲ"
ဟန်ကျင်းယုက နှုတ်ခမ်းစူပြီးပြောလိုက်သည်။
"ချိန်းတွေ့တာက ငါ့အစ်ကိုကြောင့်လို့တော့မပြောနဲ့..."
“မဟုတ်ဘူး...မဟုတ်ပါဘူး...ကျွန်တော်အဲ့ဒါကို အခုမှသိတာပါ"
စွန်းယောင်ဝူက ငါဘယ်တော့မှ မလိမ်ညာတတ်ဘူးဟုသည့် မျက်နှာထားနှင့် ပြောခဲ့သော်လည်း သူ့စိတ်ထဲမှာမူ ယခုလိုပြောနေခဲ့သည်။
'မင်းက ကျေးလက်မှာ အမြဲတမ်းနေထိုင်ခွင့်မှတ်ပုံတင်ထားတယ်...မင်းက ရုပ်ရည်မလှဘူး...ဗျူရိုအကြီးအကဲအစ်ကိုတစ်ယောက်မရှိဘူးဆိုရင် မင်းကို ချိန်းတွေ့တဲ့လူရှိပါ့မလားဆိုတာ ငါစိုးမိတယ်'
ခရိုင်ရုံးများက မြို့ကြီးပြကြီးများကဲ့သို့ မတင်းကျပ်သော်လည်း ကျေးလက်အိမ်ထောင်စုစာရင်းကို မြို့ပြအိမ်ထောင်စုစာရင်းအဖြစ် ပြောင်းလဲရန် အလွန်ခက်ခဲသည်။
Xxxxx