အပိုင်း ၂၇၅-၂၇၆
Viewers 23k

Part 275


ပထမဦးစွာ ဌာနက စပါးနှင့် ဆီစာရင်းကို လက်ခံရမည်ဖြစ်ပြီး အိမ်ကိုလည်း အမှတ်ပေးရမည်ဖြစ်ကာ ယင်းက အခွင့်အလမ်းအများစုကို ပိတ်ဆို့ပေလိမ့်မည်။


 ဟန်ကျင်းယုက သူ့ကို လက်ထပ်လျှင် သူ့အိမ်ထောင်စုစာရင်းကို သူ့မိသားစုထံ လွှဲပေးနိုင်ပါ၏။ ယင်းက လုပ်ရမည့်ဟာပင်။ကံကောင်းထောက်မစွာဖြင့်  သူတို့နှစ်ယောက်စလုံးက တော်လှန်ရေးကောင်စီအဖွဲ့ဝင်တွေဖြစ်ကြသည့်အတွက် စီမံရသည်က ပိုအဆင်ပြေလေသည်။


သို့ပေ​မဲ့ သူက ဆန္ဒပိုစောလာသောအခါ ဟန်ကျင်းယုက ​နောက်​ပြန်​ဆုတ်​သွား၏။


သူမ အိမ်မှာနေရသည်ကို အလွန်ငြီးငွေ့နေပြီဖြစ်ကာ  အလုပ်ထဲမှာ လုံးဝမပါဝင်ချင်တော့သဖြင့်  ဤပြဿနာကို ဖြေရှင်းရန် အိမ်ထောင်ပြုချင်ခဲ့သည်။


ရွာသားတစ်ဦးနှင့် လက်ထပ်ပါက သူမကလယ်သမားပဲဖြစ်ပြီး အလုပ်ဆက်လက်လုပ်ကိုင်နေရဦးမှာဖြစ်၍ ပြဿနာကို မဖြေရှင်းနိုင်ပေ။


ထို့ကြောင့် သူမအနေဖြင့်  မြို့သားတစ်ဦးနှင့်လက်ထပ်ရမည်ဖြစ်ပြီး၊ ထောက်ပံ့ကြေး အစားအသောက်စားကာ ထိုအချိန်၌ သူမအတွက် အလုပ်တစ်ခုစီစဉ်ပေးနိုင်မည်ဖြစ်သဖြင့် 

မိုးရွာရွာနေပူပူ အလုပ်လုပ်နေရမှာမျိုးရှိတော့မည်မဟုတ်ပေ။


ကျောင်းတက်တုန်းက ကျောက်ကျန့်ရှယ်နှင့် ချစ်ကြိုက်ခဲ့ပြီး သူက အတော်လေး  အသုံးမကျဘူးဆိုသည်ကို သူမသိခဲ့ရ၏။


နောက်ပိုင်းတွင် ဟန်ချင်စုန့် အခြားအလုပ်မှ ပြန်လာခဲ့ပြီး ယခုအခါတွင် သူမအစ်ကိုက ဗျူရို၏အကြီးအကဲဖြစ်ကြောင်း အတန်းဖော်များအားလုံးသိကြသောကြောင့် အကုန်လုံးက သူမကို မျက်နှာသာပေးကြကာ ယောကျာ်းလေးတစ်ယောက်နှင့်ပင် မိတ်ဆက်ပေးခဲ့သည်။


ယခုလည်း သူမနှင့် ချိန်းတွေ့ရန်အတွက် တန်းစီစောင့်ဆိုင်းနေကြဆဲပင်။


အိမ်ပြန်ရောက်ပြီးနောက် လင်းလန် တဝမ်ကို ရှောင်ပြီး စန်းဝမ်ကို တစ်ယောက်တည်း သွေးဆောင်ရန် အခွင့်အရေးမရခဲ့ပေ။


အဆုံးမှာ သူ နောက်တစ်နေ့မနက် တဝမ်နှင့်အားဝမ် သွားပြေးသည်ကို အခွင့်ကောင်းယူပြီး စန်းဝမ်ကိုနှိုးလိုက်၏။


စန်းဝမ်က သူ့အစ်ကိုအကြီးဆုံး၏ ခေါင်းအုံးကို ဖက်ထားရင်း သွားရည်တွေယိုနေပြီး ဝက်ခြေထောက်ကြီးကို စားရသည်ဟု အိပ်မက်မက်နေသည်။


လင်းလန်ကြောင့် နိုးလာသောအခါ အိပ်ချင်မူးတူး မျက်လုံးများကို ပွတ်သပ်ကာ ငူငူကြီး ဆို၏။

 "မားမား... ဘာလို့ အိမ်မက်ထဲမှာပါလာတာလဲ... ဝက်ခြေထောက် စားချင်လို့လား"  


 ထိုသို့ပြောကာ သူက လင်းလန်၏ ပါးစပ်နားသို ခေါင်းအုံးကို တေ့ပေးလိုက်သည်။


လင်းလန် ခေါင်းအုံးကို ပြန်ဆွဲချပြီးပြောလိုက်၏။

 "သားအလိမ္မာလေး... မင်းနဲ့ အစ်ကိုတို့ ခရိုင်မှာ ဘာတွေလုပ်နေလဲ မားမားကို ပြောပြ... တပ်မဟာက ဝက်ပေါ်ပြီးရင် မင်းအတွက် အရသာတစ်ခုခုချက်ပေးမယ်"

 

စန်းဝမ်က  သူ့ပါးစပ်ကို ရိုက်ပြီး ပိတ်လိုက်သည်။ သူ မျက်လုံးမှိတ်ကာ ရေရွတ်နေလေ၏။

 " ဆော့တယ်...ကျွမ်းထိုးတယ်...ဂျင်ပေါက်တယ်... အစ်ကိုကြီးက အကောင်းဆုံးပဲ "


 လင်းလန် : " ဒါပဲလား "


စန်းဝမ် : " ဟုတ်တယ် "


လင်းလန်က   ခဏလောက် စဉ်းစားပြီးဆိုလိုက်သည်။

 "မင်းအစ်ကိုနဲ့ ကစားမည့်လူဘယ်နှစ်ယောက်ရှိလဲ"


"ငါး...ကိုး...ခုနစ်ယောက်..."


 "မင်းတို့ ဂျင်လှည့်တုန်းက အဲဒီလူခုနစ်ယောက်ရှစ်ယောက်ကဘာလုပ်နေလဲ "


"သူတို့... အမ်..." 

စန်းဝမ် စပြီး အကြပ်ရိုက်သွားပြီး သူ့မျက်ခုံးလေးတွေ ကြုံသွားကာ ပြန်အိပ်တော့မည့်ဟန်ရှိ၏။


လင်းလန် တံမြက်စည်းပျိုးပင်တစ်ပင်ကို ဆွဲကိုင်လိုက်ပြီး သူ့နှာခေါင်းကို တို့လိုက်သည်။စန်းဝမ်က သူ့လက်မြှောက်လာသော်လည်း လင်းလန်က မကုတ်စေရန် သူ့လက်ကို ကိုင်လိုက်၏။


ပိုပိုပြီး ယားယံလာသဖြငွ စန်းဝမ်က မျက်လုံးဖွင့်ပြီးဆိုလေသည်။

 "မားမား...ဘာလို့ ကျွန်တော့်ကို ခိုးလုပ်နေတာလဲ"


လင်းလန်: "ပြော...မင်းအစ်ကိုကြီး ဘာလုပ်နေတာလဲ"


 "အစ်ကိုကြီး... ကျွန်တော်လည်းမသိဘူး" 

စန်းဝမ်၏မျက်လုံးများက တကယ်မလိမ်သလိုမျိုး မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြစ်နေ၏။


 သူ့မျက်လုံးတွေက သူ့အဖေနှင့်အစ်ကိုလောက် မရှည်သော်လည်း လင်းလန်၏မျက်လုံးဝိုင်းဝိုင်းကြီးများနှင့် ပိုတူလေသည်။သူတို့က ထောင့်စွန်း စောင်းစောင်းလေးတွေနှင့် မက်မုံပွင့်သဏ္ဍာန်မျက်လုံးရွဲဲကြီးများဖြစ်ပြီး အနီးကပ်ကြည့်သည့်အခါ သိပ်ကိုလှ၏။


သူ့တွင် လှပသော မျက်ဆံနက်နက်များရှိနေသော်လည်း တုံးအပြီး အသားမည်း၏။  လူအများစုက သူက တက်ကြွသည် ပြောကြပေမဲ့ ရှောင်ဝမ်လိုမျိုး သူ့ အလှကြောင့် သူ့ကို ဘယ်သူမှ ချီးကျူးမှာ မဟုတ်ပါချေ။


လင်းလန်က ပြုံးကာ မျက်လုံးမှေးပြလိုက်ပြီး  သူမမျက်လုံးတွေက ခြိမ်းခြောက်နေသည်။


 "ညီငယ်လေး... မင်းအဖေ မသိတာဘာရှိလို့လဲ...ကေဒါတွေက ဘယ်သူတွေ ဘာလုပ်နေလဲဆိုတာသိကြတယ်...ခုခံခြင်းက တင်းကြပ်ပြီး ဝန်ခံခြင်းက သက်ညှာတယ်ဆိုတာ မင်းသိလား..."


စန်းဝမ်က တုန်တုန်ယင်ယင်ဖြင့်ဆို၏။


 "သိပါတယ်..ပြည်သူ့လုံခြုံရေးဗျူရိုက... နံရံမှာ နားတွေ ရှိတယ်တဲ့" 


 အနှီထုတ်ပြန်ချက်က ရေဒီယိုမှာ မကြာခဏဆိုသလို ဝါဒဖြန့် ထုတ်ပြန်လေ့ရှိပြီး ဤသည်က လူတွေ၏နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည်ဟု ဆိုနိုင်ပေသည်။


"ဒါဆို မင်းဘာလို့ အမှန်တရားကို မဖိတ်ခေါ်တာလဲ" 


လင်းလန်က ခေါင်းအုံးကို ရိုက်ပြီး စန်းဝမ်ဆီ ပြန်တွန်းလိုက်ကာဆို၏။


 "မင်းရဲ့ ဝက်ခြေထောက် ကြီးကိုကိုင်ပြီး... မင်းအစ်ကိုကြီး ဘာလို့ ထွက်သွားတာလဲ ငါ့ကို ရိုးရိုးသားသားပြောစမ်း"


စန်းဝမ်: "...မားမား ...ကျွန်...ကျွန်တော် သစ္စာဖောက် မလုပ်နိုင်ဘူး ” 


 သူ ရုန်းကန်နေရတုန်းပဲဟု သူခံစားရသည်။ 


လင်းလန်က နှာမှုတ်ကာ  အင်္ကျီလက်တွေကို လိပ်တင်လိုက်ပြီးပြော၏။

 "မင်း *ကျားခုံနဲ့ ငရုတ်သီးရေပေါ်မှာ အလုပ်လုပ်နေ ချင်လားးးး..." 


 သူမက အနွေးကုတင်အနားကို ပုတ်ကာ ခြိမ်းခြောက်လိုက်သည်။

  "ပြော..."


စန်းဝမ် အဖွဲ့အစည်း၏လျှိုဝှက်ချက်တွေကို ထိန်းသိမ်းရန်အတွက် သူ သေချာပေါက် နှိပ်စက်ခံရလိမ့်မည်ဟု ခံစားခဲ့ရသည်။  သို့သော်  ဝန်ခံခြင်းထက် အသေသာခံလိုက်မည်ဖြစ်ပြီး ဘယ်တော့မှ အရှုံးပေးမည်မဟုတ်ပေ။


အဖွဲ့အစည်း၏ ပြုစုပျိုးထောင်မှုနှင့်အညီ နေထိုင်ခဲ့သည်ဟု ခံစားရရင်း သူ၏သစ္စာစောင့်သိမှုကြောင့် ရင်ထဲထိကာ မျက်ရည်များဝဲလာချိန်တွင်  သူလက်ချောင်းများတွင် ရုတ်ချည်း နာကျင်မှုကိုခံစားရသဖြင့် အလန့်တကြားအော်လိုက်၏။ 


“မားမား ဘာလုပ်နေတာလဲ”


လင်းလန်: “တကယ်လို့ မင်းဘာမှမပြောရင် မင်းရဲ့လက်သည်းတွေကို ဆွဲခွာပစ်မယ်... မင်းအဖေ ဒေါသထွက်ရင် မင်းအစ်ကိုက အပြစ်ပေးခံရပြီး ရိုက်ခံရလိမ့်မယ်...မင်းကငါ့နဲ့နေရင် နှစ်ဆပိုပေးဆပ်ရမယ်..."


"*ကျားခုံလား...ငရုတ်ရေလား...လက်သည်းခွာတာလား...အသားတုံးအကြီးကြီးနှစ်တုံးစားမလား ကြိုက်တာရွေး..."

(T/N–အရင်ဆုံး လူတစ်ယောက်ကို ခုံပေါ်မှာ ခြေဆင်းထိုင်ခိုင်းပြီး ဒူးဆစ်တွေကို ခုံနဲ့တွဲချည်ထားတယ်။အဲ့ဒီနောက် ဒူး ဒါမှမဟုတ်  ခြေထောက်မကျိုးမချင်း ခြေထောက် အောက်မှာ အုတ်ခဲတွေ ခုထားတာပါ)


ဤအကျပ်ကိုင်မှုသည် စန်းဝမ်ကို ရူးသွပ်သွားစေပြီး အရင်က တဝမ်၏အရူးလုပ်ခြင်းခံရသကဲ့သို့ပင် ၊သူက ချက်ချင်း အညံ့ခံလိုက်တော့သည်။


"မလုပ်ပါနဲ့...ကျွန်တော်ပြောမယ်"


Xxxxx

Part 276


အနောက်ဘက်ရှိရှောင်ဝမ်မှာ အိပ်နေဆဲဖြစ်ပြီး မြောက်ဘက်ကုတင်ပေါ်ရှိ လင်းလန်က ဝါဂွမ်းစောင်ပေါ်မှတဆင့် စန်းဝမ်၏စိတ်လှုပ်တရှားဖြစ်နေပုံကိုကြည့်နေလိုက်သည်။


လင်းလန်က သူမ၏ ပုံစံအတိုင်းနေပြီး စာအုပ်အသေးလေးတစ်အုပ်ကိုယူလိုက်သည်။


"မြေကြီးပေါ်ကဟာကို ပြန်ကောက်ခဲ့...."


"အစ်ကိုကြီးက...."


စန်းဝမ်တုံ့ဆိုင်းသွားပြီး ဘာဖြစ်လာမလဲကို မှန်းဆနေပုံပင်။


သူကလုံးဝနိုးနေပြီဖြစ်ပြီး သူ့ရှေ့ရှိအခြေအနေကိုနားလည်လေသည်။


လင်းလန်သူ့ကိုစိုက်ကြည့်လိုက်သည်။


"ဘယ်ဘက်မှာရှိတဲ့အသားတုံးကြီးအကြောင်းတွေးပြီး ညာဘက်က ကျင်းထောင်နဲ့ကြော်ထားတဲ့အသား... စာသားကိုကူးရေးစမ်း...."


စန်းဝမ်က အံတင်းတင်းကြိတ်လိုက်သည်။


ငါ့အစ်ကိုကြီးကလည်းငါ့ကို မကူညီနိုင်ဘူး... ငါ့မိဘတွေကလည်း အရမ်းရက်စက်ကြတယ်.... ဘာမှမပြောရသေးဘူး သူတို့ကသိနေကြပြီ.... ငါအပြစ်ဝန်ခံမှရတော့မယ်....


"သူ.... သူ... သွား... သွားတယ်...."


စန်းဝမ် မျက်လုံးလေးများလှန်ကာ အပြင်ဘက်ကိုနားစွင့်ရင်း သူ့အစ်ကိုအကြီးဆုံးပြန်လာသည်ကို မြင်ချင်နေသည်။


"ပြောလေ...."


လင်းလန်က မဲ့ပြုံးပြုံးလိုက်သည်။

"အသေးလေး.... အဲ့ဒါကသားကို ပြန်မကောင်းစေဘူးနော်...."


စန်းဝမ်ကအလွန်ကြောက်လန့်သွားပြီး သူ့တစ်ကိုယ်လုံးကို နံရံပေါ်တွင်ကပ်ကာ ပုံစံကိုကြည့်လိုက်သည်။


လင်းလန်ကသူ့ကို ခဲတံတစ်ချောင်းဖြင့် အမူအရာပြလိုက်သည်။


"သားသာ တောက်တဲ့ဖြစ်သွားရင် နံရံပေါ်ကနေခွာလို့မရတော့ဘူးနော်... ဒီအတိုင်းပဲအမြဲတမ်းရှက်စရာပုံကြီးနဲ့ နေတော့မလို့လား...."


"သူဖဲသွားကစားတယ်...."


စန်းဝမ် အသက်တစ်ရှိုက်အတွင်း ပြောလိုက်ပြီး မျက်လုံးမြန်မြန်မှိတ်ချလိုက်သည်။


လင်းလန် မျက်မှောင်ကြုတ်သွားသည်။

"ဖဲသွားကစားတယ်...."


စန်းဝမ်ခေါင်းငြိမ့်လိုက်ပြီး သူမကို ချောင်းကြည့်လိုက်သည်။

"ဟုတ်တယ်...."


"ဖဲကစားတာက ကစားတာပေါ့... သားကဘာလို့အဲ့လောက်ကြောက်နေရတာလဲ...."


လင်းလန် သိချင်နေသည်။

 

နယ်ဘက်ဒေသများတွင် များသောအားဖြင့် ဖဲကစားကြပြီး မာကျောက်ကစားသည်ကရှားပါးပေသည်။


နယ်ဘက်များတွင် အပန်းဖြေ ဖျော်ဖြေမှုတို့ အများကြီးမရှိချေ။ ကောက်ရိတ်သိမ်းချိန်တွင် အမျိုးသားများက အိမ်တွင်အတူတူစု၍ ဖဲကစားကြပြီး အမျိုးသမီးများပင်ကစားကြသေးသည်။


သို့သော် အရင်နှစ်များတွင် ရွာထဲရှိဖဲချပ်များက မီးရှို့ခံလိုက်ရပြီး ထပ်ကစားရန်ခွင့်မပြုတော့ပေ။ အဘယ်ကြောင့်ဆိုသော် အချို့လူများက ပျင်းရိနှေးဖင့်ကာ အီလေးဆွဲလာကြပြီး ဖဲကစားရန်သာအာရုံရှိတော့၍ လောင်းကစားလုပ်သည့်အဆင့်ထိရောက်သွားပေသည်။


တစ်နေ့လုံးညလုံး လောင်းကစားလုပ်ကြ၍ ဟန်ရုံဖန်က စိတ်အနှောင့်အယှက်ဖြစ်ပြီး ထိုလူများကို အကြိမ်ရေများစွာတားပြီးနောက် ဖဲချပ်များကိုမီးရှို့ကာ သူတို့အားလုံးကို အလုပ်ကြမ်းများတာဝန်ချမှတ်လိုက်သည်။ ထို့နောက်တွင် အုပ်ချုပ်ရေးအဖွဲ့က တစ်ညလုံးကင်းလှည့်လေပြီး လောင်းကစားလုပ်သည့်လူတိုင်းကိုဖမ်းခဲ့သည်။


ရွာထဲမှလူတိုင်းက အဖမ်းခံရမည်အရိုက်ခံရမည်ကိုကြောက်၍ လုံးဝထပ်မကစားတော့ပေ။


သို့သော် လောင်းကစားဆိုသည်မှာ ပေါင်းမြက်များလို မည်သည့်နေရာတွင်မဆိုပေါ်ပေါက်နိုင်ပြီး အထူးသဖြင့် ဆောင်းတွင်းကောက်ရိတ်သိမ်းချိန်တွင်ဖြစ်သည်။


လူတိုင်းက ဆင်းရဲကြသော်လည်း ငွေစအနည်းငယ်ရှိကြပြီး အစားအသောက်များကိုဆောင်းဦးတွင်ပြန်လည်ဖြန့်ဝေမည်ဖြစ်၍ သူတို့အားလုံး အနည်းငယ်ချမ်းသာနေကြသည်။ သူတို့အားလုံး ကြေးကြီးကြီးနှင့်မကစားကြဘဲ ငွေဆင့်အနည်းငယ်ကိုသာသုံးကြလေရာ ရှုံးရှုံးနိုင်နိုင် ငွေဆင့်အနည်းသာဖြစ်သည်။


သို့သော် တစ်ခါတစ်ရံတွင် လူအချို့က မရောင့်ရဲကြပဲ ကြေးကြီးကြီးဆော့လိုကြသည်။အဆုံးတွင် ငွေယွမ်အနည်းငယ်ကိုပါသုံးကြပြီး အချို့က လုံးဝချွတ်ချုံကျသွားကြသည်။


သို့သော် ယခုလက်ရှိလူနေမှုအခေုအနေအရ ထိုသို့ကိစ္စမျိုးကအလွန်ဆိုးရွားသည်ဖြစ်ရာ ဟန်ရုံဖန်က တစ်ပဲနိကြေးမျှပင် မကစားခိုင်းတော့ပေ။


သင်သာကစားလိုပါက ငွေတန်ဖိုးအများကြီးမရှိသည့် ပစ္စည်းများဖြင့်ကစားနိုင်သည်။ ဥပမာအားဖြင့် လယ်ကွက်ထဲမှရသည့် ပစ္စည်းအချို့ဖြစ်စည်။


သင်ဖဲကစားချင်လျှင် ကစားနိုင်သည်။ သို့သော် ငွေကိုနိုင်သွား၍မရသလိုရှုံးသွား၍လည်းမရပေ။ မဟုတ်ပါက လောင်းကစားအဖြစ်သတ်မှတ်ခံရလေသည်။


ယခုတွင် သူမက ဝါဒဖြန့်အဖွဲ့ကို စိတ်ဝင်စားနေ၍ ရွာထဲတွင် လောင်းကစားလုပ်ရန်မဖြစ်နိုင်ကြောင်းသိလေသည်။ တဝမ်ဤသို့လုပ်မည်ဟု လုံးဝမမျှော်လင့်မိခဲ့ပေ။


ဒီကလေး ဘယ်ကသင်လာတာများလဲ...


ဒါအရင်က ဟန်ချင်းဟွဆီက သင်ဖူးထားတာလား....


လင်းလန်က ရုတ်တရက် မူလဇာတ်ကြောင်းမှပြောထားသည်ကို သတိရသွားသည်။ တဝမ်က အစကတည်းက ဟန်ချင်းဟွနောက်သို့လိုက်ကာကျောက်ကျန့်ရှယ်နှင့်တွေ့ခဲ့သည်။ နောက်ပိုင်းတွင် နယ်ခံခေါင်းဆောင်ဖြစ်လာကာ စားသောက်ပျော်ပါးပြီးလောင်းကစားလုပ်ခဲ့သည်။


သူမ ဇာတ်ကြောင်းကို ပြောင်းလို့မဖြစ်နိုင်တာများလား.... တဝမ်ကအခုထိ မူလဇာတ်ကြောင်းအတိုင်းလျောက်နေသေးတာပဲ....


သူမအတော်လေး စိတ်ဖိစီးသလိုခံစားလိုက်ရပြီးသူမ၏အမူအရာက မှောင်မှိုင်းလာကာ မျက်မှောင်ကြုတ်လိုက်သည်။


စန်းဝမ်က သူ့အမေမျက်နှာပေါ်ရှိ မှုန်မှိုင်းနေသော အမူအရာကိုကြည့်ပြီး သူ့နှလုံးသားလေးဆောင့်ခုန်သွားသည်။


"မာမား... သား... သားဝန်ခံပါ့မယ်... အစ်ကိုအကြီးဆုံးကလေ ပိုက်ဆံနဲ့ဖဲဆော့နေတာပါ..."


လင်းလန်အံတင်းတင်းကြိတ်လိုက်သော်လည်း ပြုံးရန်အကောင်းဆုံးကြိုးစားနေဆဲဖြစ်သည်။


စန်းဝမ် ကြောက်လွန်း၍ တုန်ယင်လာသည်။


"မာမား... စိတ်မဆိုးပါနဲ့... အစ်ကိုကြီး.... သူ... သူ ပိုက်ဆံမရှုံးပါဘူး...."


ရှုံးရှုံးနိုင်နိုင် ကိစ္စရှိလို့လား....


လင်းလန်က ချက်ချင်းသူမ၏စိတ်အခြေအနေကို ချိန်ညှိလိုက်သည်။ စန်းဝမ်ကြောက်နေသည်ကိုကြည့်ပြီး ချက်ချင်းပြုံးကာ စန်းဝမ်ခေါင်းကိုထိလိုက်သည်။


"သားလေးက အပြစ်ဝန်ခံလိုက်တာပဲ... မာမားကသားအတွက် ဝေစုကိုညီညီမျှမျှပေးမယ့်အပြင် သားအစ်ကိုကြီးရဲ့ ဝေစုကိုလည်းပေးမယ်...."


စန်းဝမ်လေးက ပျော်ရမည့်အစား ခါးသီးသလိုခံစားနေရသည်။


ဝူး... အစ်ကိုအကြီးဆုံးက ဘာလို့ပြန်မလာသေးတာလဲ...


သူက လင်းလန်အပြင်ထွက်သွားသည်ကိုကြည့်ပြီး သူ့အမေ၏နောက်ကျောတွင် လူသတ်ငွေ့တို့ဝေ့နေသည်ကို ခံစားလိုက်ရပြီး သူ့အဝတ်များကို ခပ်မြန်မြန်ဝတ်လိုက်ပြီး ခြေအိတ်စွပ်လိုက်သည်။


မိုင်စွေ့ကသူ့ကို လှမ်းခေါ်သည်။

"စန်းဝမ်... နင်ဘယ်သွားမလို့လဲ...."


စန်းဝမ်က သူမကိုလှမ်းပြောသည်။

"အစ်မ... အစ်မ...သားကိုကယ်ပါဦး...."


မိန်စွေ့က လက်ခါပြလိုက်သည်။


"ငါ အစ်ကိုအကြီးဆုံးကို ထပ်မရိုက်နိုင်တော့ဘူး... နင် အဖေ့ကိုသွားပြောသင့်တယ်...."


စန်းဝမ်ပြေးထွက်သွားသည်။ လင်းလန်ကတံခါးဝတွင်ရပ်ပြီး သူ့အစ်ကိုအကြီးဆုံးကိုစောင့်နေသည်ကိုမြင်ပြီးနောက် ကောက်ရိုးပုံထဲမှတဆင့်တိုးထွက်ကာ ရှေ့ပြေးလိုက်မြောက်ပြေးလိုက်လုပ်ရင်း တဝမ်ကိုရှာလေသည်။


တဝမ်နှင့် အားဝမ်တို့က ဟန်ချင်စုန့်နှင့်အတူပြေးနေကြသည်။


ဟန်ချင်စုန့်က အလုပ်ပြောင်းလိုက်ပြီဖြစ်သော်လည်း သူ၏နေ့စဉ်လေ့ကျင့်ခန်းကို ဘယ်သောအခါမှမပျက်ကွက်ပေ။


ယခုတွင် သူက တဝမ်နှင့်ဝမ်ဝမ်တို့နှင့်အတူပြေး နေသည်။ ဟန်ချင်းယွမ်ကလည်း တစ်ခါတစ်ရံသူတို့နှင့်အတူပြေးသလို ကျူးဇီမှ အချို့ကလေးများကလည်း သူတို့နှင့်ပြေးကြသည်။ 


သို့သော် သူတို့အားလုံးက အနောက်တွင်ထားခဲ့ခံရသည်မှာကြာလှပေပြီ။


Xxxxxx