အပိုင်း ၂၇၇-၂၇၈
Viewers 21k

Part 277


အောက်တိုဘာလ၏နေရောင်အောက်တွင် ဟန်ချင်စုန့်က စွပ်ကျယ်တစ်ထည်ကိုသာအထဲတွင်ဝတ်ထားပြီး အပြင်တွင် စစ်ယူနီဖောင်းတစ်ထည်ကိုဝတ်ထားသည်။ သူ့က အရပ်ရှည်ကာ ပခုံးတို့ကျယ်ပြန့်ပြီး ခါးကျဉ်ကျဉ်လေးလည်းရှိလေရာ လူများစွာက သူတို့တွင်လုပ်စရာမရှိပါက လမ်းပေါ်ကိုတစ်ချက်စောင်းငဲ့ကြည့်ကြစမြဲဖြစ်သည်။


ပုံမှန်အားဖြင့် တဝမ်နှင့် အားဝမ်တို့က ခပ်ထူထူအပေါ်အင်္ကျီတို့မဝတ်နိုင်ကြသော်လည်း နှစ်ယောက်စလုံးက အင်္ကျီဖားလျားကြီးများကို ဝတ်ဆင်ထားကြလေသည်။


တဝမ်က အဆင်ပြေသော်လည်း အားဝမ်က အအေးဓာတ်ကြောင့်တုန်ယင်နေသည်။ သို့သော်ပြေးနေရ၍ နွေးထွေးနေပေသည်။


စန်းဝမ်က လမ်းဘေးရှိ ကောက်ရိုးပုံဘေးတွင် လူးလာခေါက်တွန့်လျောက်နေပြီး တဝမ်အလာကိုစောင့်နေကာ တဝမ်လာသည်ကိုမြင်သည်နှင့် ပလုံးပထွေးပြောရင်း သူ့အစ်ကိုအကြီးဆုံးကို အရိပ်အမြွက်ပြသည်။


တဝမ်ကထိုသည်ကိုမြင်ပြီး ရပ်ရန်လုပ်လိုက်သော်လည်း သူ့ကိုဟန်ချင်စုန့်ကအော်လိုက်လေသည်။

"ဆက်ပြေးနေ..." 


တဝမ် ဆက်ပြေးလိုက်ရပြီး စန်းဝမ်က အလွန်အမင်းကို စိတ်လှုပ်ရှားပူပင်နေရလေသည်။


ဟန်ချင်စုန့် ထိပ်ဆုံးကနေပြေးလေပြီး လမ်းဘေးတစ်ဖက်ရှိစန်းဝမ်ကိုမြင်ချိန်တွင် လက်ဝှေ့ရမ်းပြလိုက်သည်။


စန်းဝမ်က သူ့ကိုရှာတွေ့သွားကြောင်းသိလိုက်ရ၍ အပြင်ထွက်လာခဲ့သည်။


ဟန်ချင်စုန့် :"ခိုးကြောင်ခိုးဝှက်နဲ့ဘာလုပ်နေတာလဲ...."


စန်းဝမ်:.... အဖေ့ကိုပုန်းနေတာလေ...


"အဖေတို့ ပြေးနေတာကို... လာ... လာကြည့်တာ...."


ဟန်ချင်စုန့် :"သားရောပြေးချင်လို့လား...."


စန်းဝမ်က ငြင်းရန်ပြင်ချိန်တွင် ဟန်ချင်းစုန့်ကပြောလိုက်သည်။


"ဂွမ်းကပ်ကိုချွတ်ပြီး စပြေးတော့လေ...."


စန်းဝမ် :"!"


ဟင့်အင်းနော်....


ဟန်ချင်းစုန့်က ဟာသလုပ်နေခြင်းမဟုတ်ပေ။ သူ(စန်းဝမ်)ထနိုင်သည်ဆိုကတည်းက ကြိုးစားကြည့်ရန်ဆန္ဒရှိနေခြင်းဖြစ်၍ သူကလည်း စန်းဝမ်၏ပူးပေါင်းလိုစိတ်ကိုမငြင်းပါချေ။ စန်းဝမ်ရှက်နေသည်ကိုမြင်၍ ချက်ခင်းအော်လိုက်သည်။


"အမိန့်ကိုလိုက်နာရမယ်..."


စန်းဝမ် အလွန်ကြောက်သွားကြီး ချက်ချင်းသူ၏ဂွမ်းကပ်ကိုချွတ်ပစ်လိုက်သည်။


လေအေးလေးတစ်ချက်တိုက်လိုက်သည်နှင့် ဘုရားတသွားမိသည်။


ဟန်ချင်စုန့်က သူ၏ဂွမ်းကပ်ကိုသယ်ပေးကာ သူ့ကိုတစ်လှမ်းခြင်းပြေးခိုင်းပြီး ပြေးခိုင်းနေစဉ်တွင် သူ၏ပြေးပုံ၊ ပြေးနှုန်း၊ အသက်ရှူပုံတို့ကအစ အားလုံးကို ပြင်ပေးနေသည်။


စန်းဝမ်က အေးလွန်း၍တုန်နေလေပြီး သူ၏အကျင့်မကောင်းသည့်အဖေ၏ အော်သံကိုနားထောင်ရင်း သူ့အစ်ကိုကြီးသာ သူ့အမေထံမှ အဖမ်းခံရပါလျှင် သူလည်းပဲမလွတ်ကြောင်း တွေးမိလိုက်သည်။


နောက်ထပ်တစ်ပတ်တွင် တဝမ်နှင့်တွေ့ချိန်တွင် သူချက်ချင်း ပြဿနာတက်လေပြီး အမောတကောအသံဖြင့်ပြောလေသည်။


"ဖော်ထုတ်... ဖော်ထုတ်ခံလိုက်ရပြီ~~~"


တဝမ်ကခေါင်းလှည့်ကြည့်ကာ အရှိန်လျော့ရင်းသူ့ကို ခပ်နှေးနှေးပြောစေလိုသည်။


ဟန်ချင်စုန့်:"အရှိန်မြှင့်မယ်...."တဝမ်နားမထောင်ချင်ပါသော်လည်း သူ၏စိတ်ထက် ခန္ဓာကိုယ်က သူ၏အကျင့်မကောင်းသော အဖေ၏ အမိန့်များကိုလွယ်လွယ်ကူကူနာခံနေပြီး ပုံမှန်အရှိန်နှုန်းအတိုင်းဆက်ပြေးလေတော့သည်။


စန်းဝမ်က ဒေါသတကြီးအော်လေသည်။

"ဖော်ထုတ်ခံလိုက်ရပြီတဲ့လား....."


တဝမ်ခဏမျှတုန်ယင်သွားပြီး ချက်ချင်းစိတ်လှုပ်ရှားလာသည်။


သူကပြေး၍ပြီးလေပြီ။ ဤသည်မှာ နောက်ဆုံးအပတ်လည်းဖြစ်နေလေသည်။ သူတောင်ဘက်ကိုရောက်လာပြီး အိမ်သို့ပြန်ရာတွင် တံခါးဝ၌လင်းလန်ကလက်ထဲတွင် တုတ်တစ်ချောင်းကိုင်ထားပြီး "သောက်ကလေးတွေသေဖို့သာပြင်"ဟူသော အကြည့်ဖြင့် သူ့မျက်လုံးတည့်တည့်ကိုကြည့်လာသည်။


တဝမ်: ဝမ်းတွင်းမဲစုံတွဲပဲ... တကယ့်ကို လူရမ်းကားစုံတွဲ... ထွက်ပြေးချင်နေပါပြီနော်...


အိမ်ထဲသို့ပြေးဝင်လာပြီး ခြံဝန်းထဲခြေချလိုက်ချိန်ကတည်းက ထိုနေရာတွင်သာ တောင့်တောင့်ကြီးရပ်နေပြီး အိမ်စည်းကမ်းများကို အလွတ်ရွတ်ပြလိုက်ရသည်။


ထို့နောက်တွင် တပ်ဖြုတ်၍ရပြီး ခြေလက်လေ့ကျင့်ခန်းသို့သောအရာများကိုလုပ်ရလေသည်။


ထို့နောက်တွင် ရေနွေးစိမ်တဘက်များဖြင့် တစ်ကိုယ်လုံးကိုသုတ်ရပြီး အဝတ်ပြန်ဝတ်ကာ စားသောက်ရန်နှင့် ကျောင်းသွားရန်ပြင်ရလေသည်။


လင်းလန်က စန်းဝမ်တစ်ယောက် အေးလွန်းတို့ တခိုက်ခိုက်တုန်ကာ ပတ်ပြေးနေသည်ကိုကြည့်ပြီး မျက်ခုံးပင့်လိုက်သည်။


"အိုး... အစ်ကိုကြီး အရမ်းတွေများတက်ကြွသွားပြီလား...."


စန်းဝမ်က ချက်ချင်းပင်လဲသေသွားချင်သည်။

အဖေကတမင်သက်သက်လုပ်တာဆိုပေမဲ့... အမေကပါတကယ်ကြီး ပူးပေါင်းပါဝင်နေမယ်လို့ မထင်ခဲ့ဘူး....


"ဝူး.... မာမား.... သားက သားအရင်းရောဟုတ်ရဲ့လား....."


စန်းဝမ်က ခဏမျှခုန်ဆွခုန်ဆွလုပ်ပြီး အဝတ်အစားဝတ်ချင်နေသည်။


ဟန်ချင်စုန့် : "နေရာမှာရပ်နေပြီး အိမ်ရဲ့စည်းကမ်းတွေကို အလွတ်ရွတ်နေလိုက်..."


စန်းဝမ်က တတောက်တောက်နေအောင်ရွတ်ဆိုသွားပြီး လက်ခုပ်နှစ်ချက်တီးလိုက်ကာ ချက်ချင်းမှန်ကန်သွားသည်။


အကုန်ပြီးဆုံးမှ ညီအစ်ကိုနှစ်ယောက်သားက အိမ်ထဲကိုဝင်နိုငိသွားတော့သည်။


သူ မနွေးထွေးသေး၍ အေနွးကုတင်ပေါ်သို့တက်လိုက်သည်။

"အမေရေ..... သွားပြီ... နေ့ရက်ကောင်းလေးတွေတော့အဆုံးသတ်ပါပြီ...."


တဝမ်က ထိုင်ခုံပေါ်တွက်ထိုင်နေပြီး သူ့ကိုနက်နဲလှသည့်ခံစားချက်များဖြင့်ကြည့်လေသည်။

"စန်းဝမ်...."


စန်းဝမ် ထရပ်လိုက်သည်။

"အစ်ကိုကြီး....."


နှစ်ယောက်သား အကြည့်ချင်းဖလှယ်ကာ တီးတိုးဆက်သွယ်နေကြပြီး အချက်အလက်များလဲလှယ်နေကြသည်။


အားဝမ် : "မင်းတို့ဘာပေါက်ကရလုပ်တမ်းကစားနေကြတာလဲ...."


ဂျုံစေ့များက ကျက်သွားပြီဖြစ်၍ စားရတော့မည်ဟူသောအသံကြားသည်နှင့် ပျော်ရွှင်သွားကြသည်။


စန်းဝမ် :"အစ်မက... အရမ်းဆိုးဝါးတာပဲ...."


မိုင်စွေ့နှာမှုတ်လိုက်သည်။


"နင်တို့ နှမ်းစေ့ကိတ်တွေစားနေရတာကို နင်တို့အစ်မကိုဘာလို့သတိမရ ရတာလဲ...."


စန်းဝမ်ကပြောသည်။

"ကျွန်တော်တို့မစားပါဘူး...."


ထိုသို့ပြောပြီးနောက်တွင် သူ့ပါးစပ်သူအုပ်လိုက်သောအခါတွင် အရာအားလုံးကိုဖော်ထုတ်ပြီးသားဖြစ်သွားလေသည်။


တဝမ်ကသူ့ကို အကူအညီမဲ့သလိုကြည့်လိုက်သော်လည်း အပြစ်မတင်ဘဲ ခေါင်းကိုသာပွတ်ပေးလိုက်သည်။


မိုင်စွေ့ကပြောသည်။

"အိုး.... နင်တို့ကစားပြီးပြီပဲ...."


စန်းဝမ်က အော်ဟစ်ငိုကြွေးလေသည်။

"ကျွန်တော်ကနေမကောင်းဖြစ်နေတာ.... လူတစ်ယောက်လုံးနေမကောင်းဖြစ်နေတာကို အစ်မတို့ထဲကဘယ်သူကများ ကူညီလို့လဲ.... ဘယ်သူကများ ကျွန်တော့်ကိုပြုစုပေးလို့လဲ... အား..."


မိုင်စွေ့က သူ့ကိုရိုက်ချင်သွားသည်။

"ဟန်ဆောင်နေတာ ရပ်လိုက်စမ်း..."


စားသောက်ချိန်တွင် အရာတိုင်းကပုံမှန်သာပြန်ဖြစ်သွားပြီး ဟန်ချင်စုန့်က လင်းလန်ကလွဲ၍ ကျန်သည့်သူများအပေါ် မျက်နှာသေကြီးသာဖြစ်နေဆဲဖြစ်သည်။


လင်းလန်က တဝမ်နှင့် စန်းဝမ်တို့ကို အပြုံးဖြင့်ကြည့်နေသော်လည်း သူတို့သူမကို မော့ကြည့်ချိန်တွင် ခုဏလေးတင် မှုန်ကုတ်နေသည့်အပြုံးမျက်နှာနှင့် တခြားဆီဖြစ်သွားပြီး နူးညံ့သွားသည်။


စန်းဝမ် အဆင်မပြေတော့ပေ။


တဝမ်၏မျက်နှာကလည်း မှုန်ကုတ်နေဆဲဖြစ်သော်လည်း သူ့စိတ်ထဲတွင်လည်း လွယ်ကူမနေပေ။


"မြန်မြန်လုပ်ပြီး ကျောင်းသွားကြ.... နောက်မကျစေနဲ့...."


ဒါ ကစားနေတာမဟုတ်ဘူးလား....


တဝမ်နှင့်စန်းဝမ်တို့က အကြည့်ချင်းဖလှယ်ကာ ချက်ချင်းပြေးထွက်သွားကြလေသည်။


မိုင်စွေ့က ရှောင်ဝမ်နှင့်အားဝမ်တို့ကို လွယ်အိတ်များပေးလိုက်သည်။


ရှောင်ဝမ် မနေ့ကမြို့ထဲသို့သွားခဲ့ကတည်းက သူ၏ အသိတချိူ့ရသွားသဖြင့် ဘာဂျာမှုတ်နည်းကိုလေ့လာနေခဲ့သည်။


အသံက ချောမွေ့ကာလွတ်လပ်ပေါ့ပါးပြီး ကြွပ်ဆတ်နေကာ အရင်ကထက်အချိုးအကွေ့များပိုကောင်းလာလေသည်။


"မာမားရဲ့ ကလေးလေးက တော်လိုက်တာ...."

လင်းလန်သူ့ကိုနမ်းလိုက်သည်။

"ကျောင်းသွားတော့နော်...."


ရှောင်ဝမ်က လင်းလန်ကိုလက်ဝှေ့ရမ်းပြီး နှုတ်ဆက်လေသည်။

"မာမား.... တာ့တာ...."


Xxxxx

Part 278


ကလေးများကျောင်းသို့သွားပြီးနောက်တွင် လင်းလန်က ဟန်ချင်စုန့်ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။


ဟန်ချင်းစုန့်က သူမကိုကြည့်လာသည်။


လင်းလန်က အပြင်ဘက်ကိုကြည့်ကာ အခြားသူများလာမည်ကိုကာကွယ်သည့်အနေဖြင့် တံခါးပိတ်လိုက်သည်။


သူဟန်ချင်စုန့်ကို အနောက်ဘက်သို့ဆွဲခေါ်ပြီး တံခါးပိတ်လိုက်သည်။


ဟန်ချင်းစုန့် : ဒါဘယ်လိုအခြေအနေကြီးလဲ....


"တတိယအစ်ကို~~~"


လင်းလန်သူ့ကို ခပ်တိုးတိုးကပ်ခေါ်လိုက်သည်။ သူမက သူ့ကိုတဝမ်အကြောင်း ဂရုတစိုက်ပြောလာပြီး သူ့ကိုရန်စသည့်အကြောင်းမဟုတ်သလို ဒေါသထွက်အောင်ပြောခြင်းလည်းမဟုတ်၍ တဝမ်ကိုအိမ်ပေါ်ဆွဲခေါ်ပြီး ရိုက်ပစ်ရန်မဟုတ်ပေ။


ဟန်ချင်စုန့်၏နားရွက်များက နီရဲနေကာသူ့မကိုသာ စိုက်ကြည့်နေပြီး ဘာမှပြောမလာပေ။

"....."


"ကျွန်မ ရှင့်ကိုပြောနေတာက....."


လင်းလန် သူ့ကိုအောက်ဆွဲချပြီး တိုးတိုးလေးပြောသည်။


ဟန်ချင်စုန့်တစ်ယောက် သူ့ရင်ဘတ်ထဲတွင် အပူဓာတ်တို့ဖြတ်စီးသွားသလို ခံစားရသော်လည်း သူ့ခေါင်းကို လိမ်လိမ်မာမာလေးငုံ့ကိုင်းပေးပြီး သူ့နှုတ်ခမ်းများနားသို့ သူ့ပါးပြင်ကိုတိုးပေးလိုက်သည်။


သူမ၏လက်များကို သူ့နားရွက်များနားတွင်ထားပြီး ခပ်ဖြေးဖြေးအသက်ရှူထုတ်နေလေရာ သူ့ကို ကိုယ့်ကိုယ်ကိုယ် အနည်းပင်မထိန်းနိုင်ဖြစ်သွားစေပြီး သူ့လက်နှစ်ဖက်က ခန်ကိုတင်းတင်းကိုင်ထားမိသည်။


"ဒါ...."

သူစကားစပြောရန် ဆုံးဖြတ်လိုက်သည်။


လင်းလန် "ဟမ်...."


"အခုမဟုတ်သေးဘူး...." သူပြောလိုက်သည်။


လင်းလန်ကပြောသည်။

"ဘာလို့လဲ.... ရှင်အလုပ်သွားဖို့ အလျှင်လိုနေတာလား.... အချိန်ခဏပဲယူမှာပါ သိပ်မကြာပါဘူး....."


ဟန်ချင်းစုန့် ပြန်ပြောသည်။

"အချိန်ခဏပဲဟုတ်လား.... သေချာလို့လား...."


လင်းလန်ကလုံးဝသေချာနေဟန် ခေါင်းငြိမ့်ပြလေသည်။

"တကယ် အချိန်ခဏလေးပဲ...."


သူ သူမကိုနံရံပေါ်ဖိချလိုက်ပြီး ခေါင်းငုံ့ကာ သူမကိုနမ်းရှိုက်လိုက်သည်။

"မင်းရဲ့ခန္ဓာကိုယ်က.... ပြန်မကောင်းသေးဘူးလေ...."


သူစိတ်လှုပ်ရှားနေပါသော်လည်း အလွန်ထိန်းချုပ်နိုင်ကာ သည်းခံနိုင်ပေသည်။


လင်းလန် :"....."

ရှင်.... ရှင် ဘာတွေအထင်လွဲနေတာလဲ....


"ကျွန်မက တဝမ်လို့ပြောနေတာ...."


ဟန်ချင်းစုန့်က "အိုး..."ဟုပြောသော်လည်း သူ၏ကိုယ်နေဟန်ထားကို မပြင်ပေ။ အချိန်ခဏကြာမှစကားစပြောလာပြီး သူ့အသံက အနည်းငယ် ဩရှနေသည်။

"မင်း အမှန်တရားကိုသိသွားပြီလား...."


လင်းလန်က သူ့ကို သိချင်စိတ်အပြည့်ဖြင့်ကြည့်လိုက်သည်။

"စိတ်မဆိုးရဘူးနော်...."


ဟန်ချင်းစုန့် ပြောလိုက်သည်။

"သူ ဥပဒေချိုးဖောက်လို့လား...."


"အဲ့လိုဆိုတာထက် တစ်ယောက်ယောက်နဲ့ ဖဲရိုက်တာပါ...."

သူမ မချင့်မရဲပြုံးလိုက်သည်။


ဟန်ချင်စုန့်က သူမ၏မျက်နှာကို သူ၏ ကြီးမားလှသည့်လက်ကြီးဖြင့် ထိတွေ့ကာ သူမ၏ပါးပြင်ကို ခပ်ဖွဖွညှစ်လိုက်သည်။

"မချင်မရဲမပြုံးနဲ့... ဘာရှိသေးလဲပြော...."


ဖဲရိုက်သည်တစ်ခုတည်းရှိပါက ဤသို့ဖြစ်နေမည်မဟုတ်ပေ။ ထို့ကြောင့် ပိုကြီးသည့်တစ်ခုခုကို ကျူးလွန်ခဲ့ခြင်းဖြစ်ရပေမည်။


လင်းလန်ကပြောသည်။

"ဖဲရိုက်တယ်.... သူ ပိုက်ဆံအချို့ကို ကစားလိုက်မိတယ်.... သူသင်ခန်းစာရနေပါပြီ...."


ဟန်ချင်းစုန့်၏မျက်နှာက ချက်ချင်း နက်မှောင်သွားကာ မျက်လုံးများမဲမှောင်သွားသည်။


လင်းလန်က အပူရှိန်ပင်ထိုးကျသွားသည်ဟုခံစားရပြီး သူမ၏လက်နောက်ကိုပွတ်ပြီးပြောလိုက်သည်။


"အခု တဝမ်ကအတော်လေးတိုးတက်လာပါပြီ... ဒါပေမဲ့ ပိုက်ဆံနဲ့ဆော့တာမျိုးက ခွင့်ပြုလို့မရတာမျိုးပဲလေ...ပညာသင်ဖို့ကဦးစားပေးဖြစ်သင့်တာလေ..."


ဟန်ချင်းစုန့်က သူမကိုဖက်လိုက်ပြီး နောက်ဆုံးတွင် အနမ်းတစ်ပွင့်ပေးလိုက်သည်။


"ကိုယ့်ကိုယ်သာယုံလိုက်ပါ...."


ထို့နောက်တွင် သူမကိုလွှတ်ပေးလိုက်ကာ ထွက်သွားလေသည်။


လင်းလန်ကသူ့နောက်ခပ်မြန်မြန်လိုက်သွားသည်။


"ရှင့်ရဲ့ကိုယ်ပိုင်သွေးသားဆိုတာကို သတိရနော်...သေအောင်မရိုက်ခဲ့နဲ့ဦး..."


ဟန်ချင်းစုန့်က အိမ်ပြင်ထွက်သွားလိုက်ပြီး သူမကိုကြညိ့ကာ လက်ဝှေ့ရမ်းပြလိုက်သည်။

"ကိုယ် အလုပ်သွားပြီ....."


လင်းလန် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူမက ဟန်ချင်စုန့်အမှန်တကယ်ဒေါသထွက်နေကြောင်း ခံစားမိပြီး တဝမ်ဆီသွားပြီး တဝမ်ကို ကောင်းကောင်းကြီး ဆော်ပလော်တီးလိုက်မည်ကို ကြောက်နေခဲ့သည်။


သူ၏လက်များကသန်မာလှပြီး ဒေါသတရားနှင့်ပေါင်းစပ်လိုက်သောအတွင် ကလေးကိုရိုက်နှက်ဆုံးမသည်မှာ ကောင်းသည်လား ဆိုးသည်လား မသိတော့ပေ။


သို့သော် ငယ်ငယ်ရွယ်ရွယ်နှင့် လောင်းကစားလုပ်သည်က သေချာပေါက်ပညာပေးသင့်လေသည်။


ဟန်ချင်းစုန့်က အိမ်မှစက်ဘီးစီးကာထွက်လာပြီး ကျောင်းသို့သွားကာ ဟန်ချင်းပေါင်ကို အရင်သွားရှာလေသည်။


ကလေးများက စာသင်ခန်းထဲတွင်ရှိနေပြီး စာသင်နေကြဆဲဖြစ်သည်။ အချို့က စကားများကာအရှုပ်များလုပ်နေကြသည်။ဟန်ချင်းစုန့် လာသည်ကိုမြင်သည်နှင့် သူတို့အားလုံး ချက်ချင်းထိုင်ကာ စာကိုကျယ်ကျယ်လောင်လောင်ဖတ်နေကြသည်။


စာသင်နေသည့် ဟန်ချင်းပေါင်က အတော်လေးအံ့ဩသွားပြီးကလေးများက ဘာကြောင့်ရုတ်တရက်ကြီး လိမ္မာနာခံသွားသလဲ သိချင်သွားသည်။ ထို့နောက်တွင် ဟန်ချင်စုန့်ကိုမြင်လိုက်ရသည်။


"ချင်စုန့်...." သူနှုတ်ဆက်လိုက်သည်။


ဟန်ချင်စုန့်က သူ့ကိုပြန်နှုတ်ဆက်ကာ စာသင်ခန်းထဲဝင်ပြီး လက်မြောက်ကာ စာဆိုတာရပ်ရန် အမူအရာပြလိုက်သည်။


စာသင်ခန်းက ရုတ်တရက်ကြီး တိတ်ကျသွားပြီး ထိုညီညာလှသည့်အခြေအနေက ဟန်ချင်းပေါင်ကို သူ့ကျောင်းသားများမှဟုတ်ပါ့မလားဟုပင် သံသယဝင်သွားစေသည်။


ဟန်ချင်စုန့်က စာသင်ခန်း၏ထိပ်ဆုံးတွင်ရပ်နေပြီး သူ၏ကိုယ်ဟန်အမူအရာက ဖြောင့်မတ်နေသော်လည်း သူ၏ချောမောလှသည့်မျက်နှာပေါ်ရှိ မျက်ခုံးမျက်လုံးတို့က ထက်ရှနေသည်။ သူကျောင်းသားများကို ဖြေးဖြေးချင်းစိုက်ကြည့်လေပြီး သူ့အကြည့်များက တဝမ်ဆီရောင်သွားချိန်တွင် တဝမ်နှလုံးသားလေးဆောင့်ခုန်သွားပြီး လက်သီးများပင်ဆုပ်သွားမိသည်။


ကံကောင်းစွာဖြင့် ဟန်ချင်းစုန့်က သူ့ကိုနှစ်စက္ကန့်မျှသာကြည့်ပြီး စန်းဝမ်၊ မိုင်စွေ့၊ အားဝမ်နှင့် ရှောင်ဝမ်တို့ဆီ အကြည့်ရောက်သွားသည်။


ရှောင်ဝမ်က သူ၏မျက်နှာသေးသေးလေးကိုမော်ချီပြီး သူ့အဖေ၏တည်ကြည်လှသည့် မျက်နှာကိုကြည့်ပြီး သူ၏မျက်နှာလေးကိုပါ တည်တင်းအောင် လိုက်တုလေသည်။


ကျောင်းသားတစ်ယောင်ချင်းစီကို အသေအချာကြည့်ပြီးနောက်တွင် ဟန်ချင်စုန့်အကြည့်ရုတ်လိုက်သည်။


"အခုတလော ပြည်သူ့လုံခြုံရေးဗျူရိုက လောင်းကစားကိစ္စတွေကို ပြင်းပြင်းထန်ထန်စုံစမ်းနေတယ်... မင်းတို့မိသားစု ဒါမှမဟုတ် သူငယ်ချင်းတွေထဲမှာ လောင်းကစားခိုးလုပ်နေတဲ့လူတွေ့တာနဲ့ ချက်ချင်းတိုင်ကြားရမယ်... သတင်းပေးနိုင်ရင် ပြည်သူ့လုံခြုံရေးဗျူရိုက မင်းတို့ကိုဆုချပေးလိမ့်မယ်...."


ရှောင်ဝမ်က လက်မြှောက်လိုက်သည်။


ဟန်ချင်းစုန့်ကသူ့ကိုကြည့်လိုက်သည်။

"ပြော...."


ရှောင်ဝမ်က မတ်တတ်ထရပ်ကာ သူ၏နို့နံ့မစင်သေးသောအသံပိစိလေးဖြင့်မေးလေသည်။

"အဖေ... ဒါရိုက်တာဟန်... လောင်းကစားဆိုတာဘာလဲဟင်...."


သူက အဖေဟုခေါ်ချင်သော်လည်း လူတိုင်းက ဒါရိုက်တာဟန်ဟုခေါ်ကြသည်ကို သတိရသွားသဖြင့် သူ့စကားကိုမြန်မြန်ပြင်လိုက်သည်။


Xxxxxx