အပိုင်း ၂၇၉-၂၈၀
Viewers 23k

Part 279


ဟန်ချင်းစုန့်က သူ့ကိုပြန်ထိုင်ရန်ပြောလိုက်သည်။


"အရမ်းကောင်းတဲ့မေးခွန်းပဲ.... လောင်းကစားဆိုတာက ပိုက်ဆံကိုကစားတဲ့နည်းတစ်မျိုးပဲ.... ဒါပေမဲ့ သူ့မှာက ကန့်သတ်ချက်ကမရှိနေဘူး... ဥပမာအားဖြင့် ဖဲကစားတာပေါ့...."


သူပတ်ပတ်လည်ကို ကြည့်ပြီးမှဆက်ပြောသည်။

"အံစာပစ်တာ၊ ကြက်တိုက်တာ၊ပုရစ်တိုက်တာ ဒီလိုကစားနည်းတွေမှာ ပိုက်ဆံ ဒါမှမဟုတ် ပိုက်ဆံအစားထိုးအခြားပစ္စည်းတွေကိုသုံးပြီးလောင်းကြတာမျိုးပေါ့... ဒီလိုပိုက်ဆံကို ကစားတာမျိုးကို အခုငါတို့တွေလိုက်လံဖမ်းစီးနေပြီ...."


ထိုသို့ပြောပြီးနောက်တွင် သူ့လက်ကိုဝှေ့ရမ်းလိုက်သည်။


"ကျောင်းသားတွေအားလုံး ဒီကိစ္စတွေကို သတင်းပေးရင် ဆုပြန်ရမယ်... ဟုတ်ပြီလား... ဒါပါပဲ...."


ထို့နောက်တွင် သူထွက်သွားလေသည်။


ဟန်ချင်းပေါင်က သူနောက်လိုက်ပြီး ခပ်တိုးတိုးမေးလေသည်။

"ဒါရိုကိတာဟန်... ဒါတကယ်ကြီးလား...."


ဟန်ချင်စုနိ့ကပြောသည်။


"ဒါပေါ့.... လောင်းကစားဆိုတာကခိုးမှုထက် စက်ဆုပ်စရာကောင်းပြီး ပိုတောင်ဆိုးသေးတယ်...."


ဟန်ချင်းပေါင် ခေါင်းငြိမ့်ပြသည်။

"နားလည်ပြီ...."


ဟန်ချင်စုန့်က စကားပြောရင်းလမ်းလျှောက်နေသည်။


ရွာထဲတွင် လောင်းကစားမှုများ ထပ်မံတိုးပွားလာပုံပင်။ အထူးသဖြင့် ဟိုးအရင်ကတည်းက လောင်းကစားကိုစီးပွားရေးအဖြစ်လုပ်ကိုင်ခဲ့ဖူးသူများနှင့် နိုင်ငံတွင်းတိုက်ပွဲများကြောင့် လောင်းကစားမလုပ်ရသည်မှာ အတော်ကြာ၍ လက်ယားနေကြပြီဖြစ်သောလူများပင်ဖြစ်သည်။ အရင်နှစ်များတွင် စီးပွားရေးက ချွတ်ချုံကျပြီး စားဖို့ပင်အနိုင်နိုင်ဖြစ်နေခဲ့၍ မည်သူမှ လောင်းကစားမလုပ်ကြပေ။


လက်တလောနှစ်များတွင် စီးပွားရေးက တိုးတက်ခါပြီဖြစ်၍ သူတို့၏ခြေထောက်များကို စတင်ပြသလာပြီဖြစ်သည်။ သူနာမည်အချို့ကိုပြောလိုက်သည်။


ဟန်ချင်စုန့်ကပြောလိုက်သည်။

"ဆရာ... ဒီကိစ္စကအတော်လေး အချိန်ကိုက်ဖြစ်သွားရတာပဲ... ဒါကိုအာရုံစိုက်ပြီး လူအချို့ကိုသက်သေစုဆောင်းဖို့ ပို့ပေးလိုက်မယ်...."


ဟန်ချင်းပေါင်က သူ့အပိုင်းသူတာဝန်ကျေပွန်နိုင်ခဲ့၍ အတော်လေးပျော်ရွှင်သွားရပြီး ဟန်ချင်စုန့်ပြန်ထွက်သွားသည်ကိုကြည့်နေခဲ့သည်။ သူပျော်ပျော်ကြီးပြောလိုက်သည်။

"လူတွေအပေါ် လက်တွေ့ကျကျတာဝန်ကျေတဲ့ခေါင်းဆောင်တစ်ယောက်ပဲ...."


သူစာသင်ခန်းထဲ ပျော်ပျော်ကြီးပြန်ဝင်လာပြီး ဟန်ချင်စုန့်ကိုမြှောက်ပြောလေသည်။


"မင်းတို့အားလုံး ဒါရိုက်တာဟန်ဆီကသင်ယူရမယ်နော်.... စာကြိုးစားပြီးလူတွေအတွက်အကျိုးဆောင်ပေးရမယ်....."


ကျောင်းသားတစ်ယောက်ကထပြောသည်။

"ဆရာပြောတာ... လျန့်ကျုံးကိုဖတ်ပြီး လောကကြီးကို ပြုပြင်ဖို့အိမ်ပြန်ရမှာလား... စာကောင်းကောင်းလေ့လာတော့ဘာဖြစ်မှာလဲ... ပြီးတော့ လောကကြီးကို ပြန်လည်ပြုပြင်တာက လူတွေအတွက် ပြည်သူ့ရိက္ခာပိုရအောင်လို့ပဲလေ....."


လူတိုင်းရယ်ကြသည်။


စုန့်ချင်းပေါင် ခုံကိုရိုက်လိုက်သည်။

"မင်းတို့သာ စာကောင်းကောင်းလေ့လာရင်ခေါင်းဆောင်တစ်ယောက်ဖြစ်လာနိုင်တယ်...အဲ့လိုလူတွေကို အရည်အချင်းရှိမှရွေးကြတာဆိုတော့ သဘာဝကျကျစာကောင်းကောင်းလေ့လာတဲ့လူတွေပဲပါတာပေါ့.... မင်းတို့သာပညာတတ်ကြီးဖြစ်ရင် လယ်ယာတွေကို ပိုကောင်းအောင်စိုက်နိုင်တာပေါ့...."


"ဒါဆို ဆရာက အတော်လေးပညာတတ်တော့ လယ်ယာစိုက်ပျိုးတာတော်မှာပေါ့နော်... ဒါဆိုဆရာ့မှာ ဘာလို့လယ်မရှိရတာလဲ...."


ထိုကလေးက အတော်မွှေသည့်ငမွှေထိုးလေးပင်။


ဟန်ချင်းပေါင်က စာသင်ရာတွင်ဥပမာအဖြစ် ဟန်ချင်စုန့်ကို ဥပမာပေးလိုက်သည်။


"ဆရာ.... ဒါရိုက်တာဟန်က စစ်တပ်ကနေ ရာထူးပြောင်းလာတာပါ... ကျောင်းကနေမဟုတ်ဘူးလေ...."


ဟန်ချင်းပေါင် : "တိတ်ကြစမ်း...."


ငါမင်းတို့ ကောင်စုတ်လေးတွေကိုဂရုမစိုက်တော့ဘူးကွ....


စန်းဝမ်က အတိုးဆုံးအသံဖြင့်ပြောလိုက်သည်။

"အစ်ကိုကြီး.... အဖေလေ... သိလား...."


တဝမ်က သူ့ရင်ထဲတွင် သမင်တစ်ကောင် ကဆုန်ပေါက်နေသလို ခံစားလိုက်ရပြီး နှုတ်ခမ်းနာနာကိုက်ကာ မျက်နှာက အေးစက်နေသည်။


"မင်း သစ္စာမဖောက်ရသေးဘူးမလား...."


စန်းဝမ်က ခါးသီးစွာပြောလိုက်သည်။

"အစ်ကိုကြီး.... မာမားက ဝန်ခံရင်သက်ညှာပေးပြီး ခွင့်လွှတ်ပေးမယ်ပြောတယ်... အဖေသာ ရှာတွေ့သွားရင် နှစ်ယောက်လုံး အသေပဲဖြစ်သွားလိမ့်မယ်... "


အစ်ကိုအကြီးဆုံးက သူ့ဘာသာဝန်ခံပါက အရိုက်ခံရခြင်းမှလွတ်နိုင်ပေလိမ့်မည်။ ထွက်ပြေးလိုက်ပါက ပိုဆိုးပေလိမ့်မည်။ သူက သူ၏အစ်ကိုအကြီးဆုံးမှာ ပြင်းပြင်းထန်ထန်အရိုက်ခံရခြင်းမှ လွတ်မြောက်နိုင်မည်ဟုမထင်ပေ။


တဝမ်၏မျက်နှာက မဲမှောင်သွားလေသည်။


ဘယ်သူမှကြည့်မနေကြောင်းမြင်၍ စန်းဝမ်ကသူ့ကိုတီးတိုးပြောလေသည်။

"အစ်ကိုကြီး.... သားမှာလည်းသုံးစရာအကွက်မရှိတော့လို့ပါ... ဒါကြောင့် ပိုက်ဆံနဲ့ဖဲကစားတယ်လို့ပြောပြလိုက်တယ်...."


တဝမ်က သူ့ကိုစိုက်ကြည့်ကာ သူ့မျက်လုံးများက အရူးတစ်ယောက်ကိုကြည့်သလိုဖြစ်နေသည်။

မင်းပါးစပ်ကိုဖွင့်ထားရင် ဘာများပြောမထွက်တာရှိတော့လို့လဲ....


လူတွေက ဒါရိုက်တာဟန်မှာခွေးနှာခေါင်းရှိတယ်လို့ပြောတာ မကြားဖူးဘူးလား.... သူ့ကိုအနံ့လေးနည်းနည်းတောင်မရစေနဲ့... မဟုတ်ရင် မင်းကိုသေချာပေါက်လာစစ်မယ်တဲ့....


မြစ်ဝါကျည်းတပ်၏  ခေါင်းဆောင် ကျောက်အန်းဖျင်နှင့် အခြားလူများအားလုံး မည်ကဲ့သို့အဆုံးသတ်သွားကြခဲ့သနည်း။


တဝမ်လည်း စိတ်ညစ်သွားရသည်။


ငါဘာလုပ်ရမလဲ.. ဝန်ခံလိုက်ရမလား... လက်ဦးမှုယူပြီး ပြောပြလိုက်မရလား... ဘယ်လိုများဝန်ခံရမှာလဲ...


မနက်ခင်းတုန်းက သူကအရိုက်ခံရန်အဆင်သင့်ပြင်ထားသော်လည်း သူ့အမေနှင့်အဖေက သူ့ကိုမရိုက်ခဲ့ပေ။ အခုတွင် အဖေစကားပြောသွားခဲ့သည်။ သူကနေ့လည်ခင်းတွင် အရိုက်ခံရန်အသင့်ပြင်ထားလိုက်သည်။ ရလဒ်အနေဖြင့် ဟန်ချင်စုန့်က နေ့လည်ခင်းအိမ်ပြန်မလာခဲ့ပေ။ ဟန်ချင်းယွမ်ကသာ အိမ်သို့လာပြီး သူတို့ ကောင်တီသို့သွားမည်ဟုပြောခဲ့သည်။


တဝမ်က ညဘက်တွင်အရိုက်ခံရန်ပြင်ထားခဲ့သည်။


ရလဒ်အနေဖြင့် ဟန်ချင်စုန့်က ညနေခင်းတွင်ပြန်လာခဲ့သည်။ သူ့မျက်နှာက တင်းမာနေသော်လည်း သူ့ကိုမရိုက်ခဲ့ပေ။ အရာအားလုံးက ပုံမှန်လိုသာဖြစ်နေပြီး စားသောက်ပြီးနောက်အိပ်လိုက်ရသည်။


သူ့နှလုံးသားကို တုံးနေသောဓားတစ်ချောင်းဖြင့် တမြေ့မြေ့လှီးဖြတ်နေသလိုခံစားလိုက်ရသည်။


တဝမ်က ထိုနေ့ညတွင် အိပ်မပျော်ဖြစ်သွားခဲ့သည်။


မုသားပြောသူများက များသောအားဖြင့် အိပ်မပျော်တတ်ကြပေ။


သင်အိပ်မပျော်သည်နှင့် အခြားသူများ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့်အသံကို ကြားလျှင် မသက်မသာဖြစ်ရသည်။


စန်းဝမ်က သစ္စာဖောက်လေးဖြစ်သော်လည်း သူကတော့အေးအေးချမ်းချမ်းအိပ်နေနိုင်သည်။ သူ့ပါးစပ်ထဲတွင် တစ်ခုခုဝါးနေသလို တပျက်ပျက်လုပ်နေပြီး ခြေလက်များကလည်း သိုင်းချနေသလိုလုပ်နေသည်။ ကြည့်ရသည်မှာ အိပ်မက်ထဲတွင် အစားအသောက်များကိုကာကွယ်နေရသည့်ပုံပင်။


နောက်ဆုံးတွင် တဝမ်အိပ်ပျော်သွားခဲ့ပြီး တစ်ညလုံးအိပ်မက်ဆိုးမက်လေသည်။ သူ့အဖေဆီမှအရိုက်ခံရပြီး သူ့အမေဆီမှာ လျစ်လျူရှူခံရကာ ရွာသားများ၏လက်ညှိုးထိုးခြင်းကို ခံရလေသည်။


နောက်ဆုံးတွင် ကြက်တွန်သံကြားချိန်မှ သူ့ရင်ထဲတွင် သမင်တစ်ကောင် ကဆုန်ပေါက်နေသလိုခံစားချက်ဖြင့် ခေါင်းကိုက်ရင်းနိုးလာခဲ့သည်။


ဟန်ချင်စုန့်က နိုးနေပြီဖြစ်ပြီး လေချွန်လိုက်ကာ မနက်ခင်းလေ့ကျင့်ခန်းလုပ်ရန် အချက်ပြလိုက်သည်။

.

တဝမ်၊ အားဝမ်တို့က ချက်ချင်းထကာ အဝတ်အစားဝတ်သော်လည်း စန်းဝမ်က အိပ်နေဆဲပင်။


တဝမ် ဒေါသထွက်သွားပြီး စောင်ကိုဆွဲချလိုက်သည်။ 


Xxxxxx

Part 280


အနွေးကုတင် ကတစ်ညလုံးအပူပေးထားသော်လည်း မနက်ရောက်ပြီဖြစ်၍အေးစက်နေလေပြီ။ စောင်ကိုဆွဲချခံလိုက်ရသည်နှင့် လေအေးတစ်ချက်တိုက်လာပြီး စန်းဝမ်ကအေးလွန်း၍ ထထိုင်မိလေသည်။


"အခန်းက မလုံဘူးပဲ...."


တဝမ်က နှာမှုတ်လိုက်သည်။

"မနက်ခင်းလေ့ကျင့်ခန်း လုပ်ရတော့မယ်...."


စန်းဝမ်က စတင်ငိုကြွေးတော့သည်။

"အစ်ကိုကြီး.... သားကိုခွင့်လွှတ်ပါ...."


အပြင်ဘက်မှ ဟန်ချင်စုန့်၏အေးစက်နေသောလေသံထွက်ပေါ်လာသည်။

"၁......၂....."


တဝမ်နှင့် အားဝမ်တို့က ချက်ချင်းပြေးထွက်သွားကြသည်။


စန်းဝမ်က ကြောက်လွန်း၍ ချက်ချင်းအဝတ်ထပ်ဝတ်လိုက်လေသည်။


ပုံမှန်အားဖြင့် ဟန်ချင်စုန့်က ၃ အထိသာရေတွက်လေသည်။ သို့သော် ယနေ့တွင် စန်းဝမ်ကြောင့် ၅အထိရေတွက်လိုက်ရပြီး ၆ အထိပင်ရောက်သွားရသည်။


မိုင်စွေ့ : "စန်းဝမ်... မြန်မြန်လုပ်စမ်းပါ... ငါ့ရဲ့အိပ်ချိန်တွေကို မဖြုန်းတီးစမ်းနဲ့... တစ်မိနစ်ဖြစ်ဖြစ် ဆယ်မိနစ်ဖြစ်ဖြစ် အိပ်ခွင့်ရသလောက် နေလို့ကောင်းတယ်ဟ...."


စန်းဝမ်က အလောတကြီးအပြင်ထွက်လာသောအခါတွင် ဟန်ချင်းစုန့်က ရေတွက်နေရာမှရပ်လိုက်သည်။


တဝမ်နှင့်စန်းဝမ်က သွေးပူလေ့ကျင့်ခန်းစလုပ်နေပြီဖြစ်သည်။


ဟန်ချင်စုန့်က စန်းဝမ်ကို ရိုးရှင်းသော လှုပ်ရှားမှုအချို့ကို သူကိုယ်တိုင်သင်ပေးလိုက်သည်။


လင်းလန်က ပြတင်းပေါက်ကို တံမြက်စည်းဖြင့်ရိုက်ပြီးေပြာလိုက်သည်။


"နောက်ဆို သွေးပူလေ့ကျင့်ခန်းလုပ်ရင် အပြင်ထွက်လုပ်... အရမ်းဆူတာပဲ...."


ဟန်ချင်စုန့်က ကလေးများကို အပြင်ထွက်ရန် အမူအရာပြလိုက်သည်။

"ကိုယ်သိပြီ... မင်းဆက်အိပ်လို့ရတယ်နော်...."


လင်းလန်က ပျော်ပျော်ကြီးပြုံးလိုက်ပြီး တဝမ်ကိုဖိအားပေးလိုက်သည်။


အရင်က သူမကဆူညံလွန်းသည်ဟုမပြောဖူး၍ ယခုတွင်တဝမ်တစ်ယောက် ထိုအကြောင်းကိုအများကြီးတွေးနေလောက်လေပြီ။


သေချာပေါက်ပင်။ တဝမ်က ဤမနက်တွင်ပြေးနေရင်း အများကြီးလျှောက်တွေးခဲ့သညိ။ သူ့စိတ်ထဲရှိ သမင်လေးက ကဆုန်ပေါက်နေ၍ သူ့ကိုကောင်းကောင်းမစဉ်းစားနိုင်အောင်လုပ်နေသည်။ ပြဿနာအကုန်တွေးပြီးနောက်တွင် သူက သူ့ဘာသာတွေးလိုက်သည်။

ထားလိုက်ပါတော့... ဝန်ခံလိုက်ပါတော့မယ်...


သူ ပြေးပြီးသည်နှင့် အိမ်သို့ပြေးသွားကာ လေ့ကျင့်ခန်းလုပ်ပြီးအဆုံးသတ်ကာ သူကိုယ်သူသန့်ရှင်းရေးလုပ်ပြီးနောက်တွင် အိမ်တံခါးပေါက်ရှေ့တွင်ရပ်လိုက်သည်။


"သတင်းပို့ပါတယ်.... အမှားဝန်ခံချင်လို့ပါ...."


မီးဖိုထဲတွင် ယာဂုချက်နေသည့်လင်းလန်က မပြုံးပဲမနေနိုင်တော့ပေ။ သူမအော်ဟစ်ရယ်မောမိသွားမည်စိုးရိမ်၍ ပါးစပ်အုပ်က ပခုံးသားတို့သိမ့်သိမ့်တုန်အောင်ကြိတ်ရယ်လေသည်။ ရဲဘော်တဝမ်မှာ နောက်ဆုံးတွင် တွက်ချက်၍ပြီးသွားလေပြီ။


မိုင်စွေ့က လင်းလန်ကို စိုးရိမ်တကြီးကြည့်ကာ တဝမ်ကိုကြည့်ပြီး အပြစ်တင်လိုက်သည်။


"အစ်ကိုကြီး.... အစ်ကိုကြီးနဲ့အမေနဲ့အခုတလော ရန်ဖြစ်ထားကြသလိုဖြစ်နေတာ သိသာနေတာ... ဒီနေ့တွေမှာ နေရတာ သက်သောင့်သက်သာမရှိနေလို့ ညီမမှာ ကောင်းကောင်းတောင်မစားနိုင် မအိပ်နိုင်ဘူး..."


ဟန်ချင်စုန့်က အပြင်ဘက်တွင် အမူအရာမဲ့စွာရပ်နေသသည် သူ၏ရှည်လျားလှသော မျက်တောင်မွှေးအောက်မှ မျက်လုံးများက သူ၏အတွေးများကို ထင်ရှားနေစေသော်လည်း သူမရယ်ခဲ့ပေ။


လင်းလန်က ညက သူ့လက်မောင်းထဲဝင်လာပြီး တဝမ်ကဲ့သို့ကလေးမျိုးကို ကိုင်တွယ်ရာတွင် ရိုက်ရုံဖြင့်မရဘဲ သူကအရိုက်ခံရသည်ကို မကြောက်သည့်အပြင် သူ့အရေပြားကိုအရိုက်ခံပြီး ဘာမှပြောင်းလဲသွားမည်မဟုတ်ဟုပြောခဲ့သည်။


သူက သင့်ကိုပို၍ဒေါသထွက်စေနိုင်သည်။


ထို့ကြောင့် သူ့ကိုသူ့ဘာသာ ကြောက်လန့်နေစေပြီး သူ့ဘာသာပေါက်ကရတွေးနေစေခိုင်းရမည်။


ဤနည်းဖြင့် သူ့ကို အပြစ်သိစေနိုင်သည်။


အမှန်တကယ် ဤသို့ဖြစ်လာချိန်တွင် သူကစိတ်လှုပ်ရှားပြီး တုန်ပင်တုန်နေခဲ့သည်။


ဟန်ချင်စုန့်က အတွေးများရပ်ကာ မျက်လုံးပင့်ရင်း တဝမ်ကိုကြည့်လိုက်သည်။


"ဝန်ခံမယ်.. ဘာကိုလဲ...."


တဝမ်က ထုတ်ပြောပစ်လိုက်ရန် သတ္တိအကုန်ဆင့်ခေါ်သော်လည်း အလွန်ကြောက်လန့်နေ၍ ပုံမှန်အတိုင်းကတ်တီးကပ်ဖဲ့သာပြောချင်သည်။ ၎င်းက အပြစ်လုပ်ထားသူတစ်ယောက်၏ပုံမှန်တုံ့ပြန်ချက်သာဖြစ်သည်။


သူ၏တုန့်ဆိုင်းနေမှုကိုတွေ့၍ ဟန်ချင်စုန့်က သူဘာစဉ်းစားနေလဲသိ၍ အေးစက်စွာပြောလိုက်သည်။


"ယောက်ျားတစ်ယောက်ဖြစ်ချင်ရင် လုပ်ရဲရင်ခံရဲရတယ်... မင်းဝန်ခံချင်တယ်ဆိုရင် ပျော်ပျော်ကြီးဝန်ခံပြီး ဖုံးကွယ်မနေနဲ့...."


တဝမ်ကအအော်ခံလိုက်ရ၍ အံတင်းတင်းကြိတ်ကာပြောလိုက်သည်။


"သား မြို့ပေါ်ကိုသွားတုန်းက ဘီစကစ်မဝယ်ခဲ့ဘူး... နှစ်ယွမ်သုံးပြီး ဖဲကစားခဲ့တာ...."


ထို့သို့ပြောပြီးနောက်တွင် ခေါင်းသာငုံ့နေပြီး အပြစ်မကင်းစိတ်တို့ထွက်ပေါ်လာသည်။


လင်းလန်က အပြင်ထွက်လာသော်လည်း တခြားအရာကိုသာအာရုံစိုက်လိုက်သည်။


"ဒါဆို... သားတစ်ချိန်လုံး ဗိုက်ဆာနေခဲ့ရတာလား...."


စန်းဝမ်က သူ့အစ်ကိုအကြီးဆုံးက သူ့ကိုပါဆွဲထည့်မည်စိုး၍ ချက်ချင်းဖြတ်ပြောလိုက်သည်။


"မဟုတ်ပါဘူး.... သားတို့ပေါက်စီတွေစားခဲ့ကြတာ..."


လင်းလန် : "ပေါက်စီကဘယ်လိုဝယ်ကြတာလဲ...."


တဝမ် :"သားနိုင်ခဲ့တယ်လေ...."


လင်းလန် :"....."


အိုး... ဟုတ်သားပဲ.... သူရှူံးပြီးပိုက်ဆံတွေကုန်သွားမယ်ထင်နေတာ သူကတကယ်တော့နိုင်ခဲ့တာပဲ....


စန်းဝမ်က ယခုတွင် အကုန်ပြောပြလာတော့သည်။

"အစ်ကိုကြီးက အရမ်းကောင်းတယ်လေ.... တစ်ယွမ်သုံးပြီး ငါးယွမ်တောင်နိုင်တာ... သားတို့ တစ်ဒေါ်လာနဲ့ ပေါက်စီအကြီးကြီးဆယ့်ငါးခုဝယ်ခဲ့တယ်လေ... အရမ်းမွှေးတာပဲ...."


လင်းလန် : ဒီကလေးပေါက်စနှစ်ယောက်ကတော့ ငါးယွမ်နိုင်ပြီး ဒီအမေအတွက် ပေါက်စီတွေတောင်မယူခဲ့ကြဘူး.... ဟမ့်


အို့... မဟုတ်သေးပါဘူး... ဒီကလေးက အကုန်ဖောက်သည်ချနေတာပဲ... အဓိကအချက်က ငွေရတာမရတာထက် လောင်းကစားမလုပ်ဖို့ပြောရမှာ အဓိကပဲ...


စန်းဝမ်က ပေါက်စီများ၏အရသာကိုပြန်လည်တမ်းတနေဟန်ဖြင့် သူ့ပါးစပ်လေးသူအုပ်လိုက်သည်။


"သားက မာမားအတွက်ယူလာပေးမလို့ပဲ... ဒါပေမဲ့ အစ်ကိုကြီးက သားကဖော်ထုတ်မိသွားနိုင်တယ်လို့ပြောလို့ အကုန်စားပစ်လိုက်ကြတာ,..."


သူက သူ့ပါးစပ်ထဲပေါက်စီများအပြည့်သွပ်ခဲ့ရသည့်အချိန်ကို ပြန်လည်တမ်းတနေသော်လည်း သူ့မိဘများအဓိကဝန်ခံစေချင်သည်မှာ လောင်းကစားလုပ်ခဲ့သည့်အကြောင်းကိုဖြစ်သည်။


အလတ်လေးကတော်ချက်ပဲ....


လင်းလန်က ပတ်ပတ်လည်ကိုလျှောက်ကြည့်ပြီး သူ့ကလေးကိုရိုက်၍ရနိုင်သည့် တုတ်ကိုရှာနေ၍ မိုင်စွေ့ကအိမ်ထဲမှ တံမြက်စည်းကိုယူပေးလိုက်သည်။


လင်းလန်က ၎င်းနှင့်မရိုက်နိုင်၍ အောက်ပြန်ချလိုက်သည်။


စန်းဝမ်: "မာမားက အရမ်းကောင်းတာပဲ... သားကိုတောင်မရိုက်ဘူး...."


လင်းလန်က အေးစက်နေသောမျက်နှာဖြင့်ပြောလိုက်သည်။


"ဒီတံမြက်စည်းက မင်းအဖေကိုယ်တိုင်လုပ်ပေးထားတာလေ... ဒါနဲ့ဘယ်လိုလုပ်ရိုက်ရမှာလဲ... ငါ့ကိုတုတ်ကောက်ပေးစမ်း...."


ရှောင်ဝမ်က ထင်းချောင်းကိုကောက်ကာပေးလိုက်သည်။


တစ်လက်မစာထူလေသည်။


လင်းလန်က အလေးချိန် ချိန်ညှိလိုက်ပြီး အတော်လေးထူနေသည်။

"ဒါက အမေ့အကြိုက်ဆုံးထင်းချောင်းကြီးလေ... လာမနှောင့်ယှက်နဲ့တခြားဟာပြောင်းပေး...."


အားဝမ်က အပြင်ဘက်မှသစ်ချောင်းတစ်ခုကိုတွေ့လာခဲ့သည်။


စန်းဝမ်က ရုတ်တရက်ကြီးထခုန်လာသည်။


"ဒုတိယအစ်ကို.... ညီအစ်ကိုချင်းလေဗျာ... ဘာလို့များ မီးလောင်ရာလေပင့်လုပ်နေရတာလဲ...."


လင်းလန် : လျှောက်အော်နေရုံနဲ့ စကားပုံတွေပါ ပါးစပ်ထဲကထွက်လာပြီ...


သစ်ချောင်းဖြင့်ရိုက်ပါက အတော်လေးနာပေသည်။ တစ်ကြိမ်က သူမကိုယ်သူမ ထိုသစ်ချောင်းမျိုးဖြင့် ရိုက်မိရာ အတော်လေးနာသွားခဲ့ဖူးသည်။


သူမ ခြံဝန်းထဲပတ်ကြည့်လိုက်ကာ ပြောင်းရိုးတစ်ခုကိုဆွဲနှုတ်လိုက်သည်။


သူမ ပြုံးပြီးပြောလိုက်သည်။


"ဒါတွေက အရမ်းသေးတော့ ပျော်ဖို့မကောင်းဘူး.... ပိုထူတဲ့ဟာရှာရမယ်...."


Xxxxx