အပိုင်း ၂၈၁-၂၈၂
Viewers 20k

Part 281


အားဝမ်က ပြုံးစိစိလုပ်လိုက်သည်။ ပြောင်းရိုးများက ခြောက်သွေ့နေ၍ ကြွပ်ဆတ်ပေသည်။ ရိုက်လိုက်သည်နှင့် ကျိုးကျသွား၍ ရိုက်လို့ကောင်းသည့်အရာမျိုးမဟုတ်ပေ။


ဟန်ချင်းစုန့်က လင်းလန်လက်ထဲရှိပြောင်းရိုးကို ယူကာ သူမခါးကိုကိုင်ပြီး နောက်ကိုဆွဲလိုကိသည်။


"ထားလိုက်ပါ... ဒေါသမထွက်နဲ့တော့.... ကိုယ်ရိုက်လိုက်မယ်...."


တဝမ်၏မျက်နှာက ချက်ချင်းပြောင်းသွားသည်။


သူ့မာမားက အော်ဟစ်နေပါသော်လည်း တုတ်တစ်ချောင်းပြီးတစ်ချောင်းပြောင်းကာ နောက်ဆုံးတွင် ပြောင်းရိုးကိုပင်ယူလာလေရာ သူ့အဖေသူ့ကို ပြင်းပြင်းထန်ထန်ရိုက်မည်စိုး၍ ကာနေသည်သာဖြစ်ရမည်။


ယခုတွင် အဖေက ရိုက်ရန်လက်ဦးမှုရယူနေ၍ သူ့တွင် ထွက်ပြေးရန်လမ်းပိတ်သွားလေပြီ။


သူ သက်ပြင်းမချဘဲမနေနိုင်တော့ပေ။

ဟိုးရှေးခေတ်ကတည်းက သူရဲကောင်းဆိုတာ စောစောသေတယ်ဆိုတာမရှိဘူး... နောက်ဆယ့်တစ်နှစ်နေရင်လည်း သူ သူရဲကောင်းဖြစ်နိုင်ပါသေးတယ်....


"ဘောင်းဘီချွတ်လိုက်...."


ဟန်ချင်းစုန့်၏ လေသံက အောက်တိုဘာလ၏ လေအေးထက် ပို၍အေးစက်နေသည်။


တဝမ်က သူ၏ခါးပတ်ကိုဖြေးဖြေးချင်းဖြေချကာ ဘောင်းဘီချွတ်လိုက်ပြီး နံရံပေါ်မှီလိုက်သည်။


ဟန်ချင်စုန့်က ကျယ်လောင်စွာပြောလိုက်သည်။


"နှစ်ယွမ်နဲ့လောင်းကစားလုပ်တယ်.... ပေါက်ဆီ ဆယ့်ငါးလုံးခိုးပြီးဝယ်စားတယ်.... ဒါကိုဖုံးကွယ်ထားတယ်... နံရံဘက်ကိုလှည့်ပြီး ကိုယ့်အပြစ်ကိုယ်ပြန်သုံးသပ်နေစမ်း..."


တဝမ်က အံတင်းတင်းကြိတ်ကာ အင်းဟုပြောလိုက်သည်။


ဟန်ချင်းစုန့်ကသုံးပေမျှရှည်သည့် သစ်ကိုင်းတစ်ခုကိုယူလိုက်ကာ လက်ကိုမမြှောက်ပဲ လက်ကောင်ဝတ်အားဖြင့်သာ "တရွှမ်း ရွှမ်း"မြည်အောင် ရိုက်လေသည်။


ကြိမ်လုံးနှင့် လူ့အသားနှင့် ထိခတ်သံကကျွတ်ဆတ်နေသည်။


တဝမ်က နာကျင်မှုကြောင့်အံကြိတ်နေရသည်။


ဟန်ချင်းစုန့်က အားဝမ်ကိုကြည့်လိုက်သည်။


အားဝမ်က ချက်ချင်းပြောင်းဖူးရိုးသွားရှာကာ သူ့အစ်ကိုကိုပေးလိုက်သည်။


"အစ်ကိုကြီး... ဒါကိုကိုက်လိုက်...."


တဝမ်က ၎င်းကိုတင်းတင်းကိုက်လိုက်သည်။


ခဏမျှရပ်ပြီးနောက်တွင် ဒုတိယအကြိမ်အရိုက်ခံရပြန်သည်။


တဝမ်၏နှဖူးတွင် ချွေးတို့စို့လာသည်။


တစ်ခါတည်းဆက်တိုက်ရိုက်သည်က ပိုကောင်းသည်ဟုထင်လိုက်သည်။ ဤသို့ ခဏရပ်လိုက်သည်က နာကျင်မှုကိုပိုမိုတိုးပွားလာစေခဲ့သည်။


မူလက လင်းလန်မှာ တဝမ်၏စကားမှ ယိုပေါက်များကိုပြန်တွေးသော်လည်း သူမ သေချာအဖြေမထုတ်ရသေးခင် ဟန်ချင်းစုန့်က စတင်ရိုက်နှက်နေပြီဖြစ်သည်။


သုံးချက်မျှရိုက်ပြီးနောက်တွင် လင်းလန်က ထပ်မကြည့်နိုင်တော့ပေ။ ရှောင်ဝမ်က ကြည့်ပင်မကြည့်ရဲတော့ဘဲ သူ့နှလုံးသားလေးပင်နာကျင်လာ၍ လင်းလန်၏လက်မောင်းပေါ်တွင် မျက်နှာအပ်နေလိုက်သည်။ သူ့နားရွက်များက နီရဲနေကာ လင်းလန်၏လက်မောင်းပေါ်တွင် မှီနေရင်း မျက်ရည်သုတ်နေသည်။


စန်းဝမ်က မျက်ရည်များစီးကျလာသည်။


"ဝူး... အမေ...အဖေ... မရိုက်ကြပါနဲ့... သားလည်းအမှားလုပ်မိပါတယ်... သားကိုလည်းရိုက်ပါ ဝူး...."


အတော်လေးစိတ်ဖိစီးရသော်လည်း လင်းလန်က မကာကွယ်ပေးသလို မတားလိုက်ပေ။


သူမကိုယ်တိုင်လည်း တဝမ်က သင်ခန်းစာအပေးခံရရန်လိုအပ်သည်ဟု ခံစားရသည်။


ကလေးများကို နေ့တိုင်းမရိုက်ဘဲ ပြင်းထန်သည့်ကိစ္စတစ်ခုခုရှိမှရိုက်ချင်းက အခါတစ်ရာရိုက်ခြင်းထက် ပိုမိုထိရောက်လေသည်။


ယနေ့အတွက် စားစရာမှာ ချက်ပြုတ်ပြီးလေပြီ။


ခြောက်ချက်ရိုက်ပြီးနောက်တွင် လင်းလန်ကအော်လိုက်သည်။


"သတင်းပို့ပါတယ်...."


ဟန်ချင်းစုန့်က လက်အမူအရာပြကာ မျက်လုံးပင့်ကြည့်လိုက်သည်။


"ပြောပါ...."


လင်းလန်က ချွေးသုတ်လိုက်ရပြီး သူမအသံကချုပ်တီးထားနေရပုံပေါက်နေသည်။


"ရှင်.... ဆုပေးဒဏ်ပေးစနစ်လုပ်လို့မရဘူးလား.... ကံကောင်းစွာနဲ့ တဝမ်က ပြင်မရတဲ့အမှားကိုမကြူးလွန်မိသေးဘူးလေ.... အချိန်မှန်မှာ အပြစ် ဝန်ခံလိုက်လို့ရပါသေးတယ်... ဒါဆို ဆုပေးဒဏ်ပေးစနစ်ပဲလေနော်.. "


တဝမ်က နှာရှုတ်လိုက်သည်။ အရိုက်ခံရသည်မှာနာကျင်လွန်းလှသည်။ သူက သူ့အဖေတစ်ယောက်ယောက်ကို ရိုက်ချိန်တွင် လေလည်သလောက်ပင်မနာကြောင်း သိနေခဲ့သည်။ ယခုအချိန်တွင်လည်း ကလိယားထိုးသလောက်သာရှိမည်ဟု ထင်ခဲ့သော်လည်း အလွန်နာကျင်နေရသည်။


သူ ခေါင်းငြိမ့်ပြကာ တအင်းအင်းအသံပြုပြီး အပြစ်ဝန်ခံချင်ကြောင်းအမူအရာပြနေသည်။


လင်းလန်ကပြောလိုက်သည်။


"ဒါရိုက်တာဟန်.... ကြည့်လေ... ရဲဘော်တဝမ်က အပြစ်ဝန်ခံချင်ပြီး ကောင်းတာလုပ်ချင်ပါတယ်တဲ့.... သူ့ကို အခွင့်အရေးတစ်ခုပေးရအောင်ပါ...."


ဟန်ချင်းစုန့်က သစ်ကိုင်းကို တင်းတင်းကိုင်ကာပြောလိုက်သည်။


"ပုံမှန်အပြစ်က ဆယ်ချက်ရိုက်ဖို့ထိုက်တန်တယ်.... အခုကသုံးချက်ကျန်သေးတယ်...."


လင်းလန်က ပုံမှန်ဆို သူက သူမပြောသမျှနားထောင်ကြောင်းသိသော်လည်း သူက အမှားအမှန် စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သတ်လျှင် မည်သူ့ဝင်ရောက်စွက်ဖက်မှုကိုမှ လက်ခံရန်ဆန္ဒမရှိနေပေ။


သူမ ဘာမှထပ်မပြောတော့ချေ။


အချက်နှစ်ဆယ်မှ ဆယ်ချက်အထိလျော့ကျသွားလေရာ အတော်လေးမျက်နှာသာပေးပြီးသားဖြစ်လေသည်။


တဝမ်က သင်ခန်းစာရသွားသင့်သည်။


သုံးချက်ထပ်ရိုက်ပြီးနောက်တွင် ဟန်ချင်းစုန့်ကပြောလိုက်သည်။


"ဒီတစ်ကြိမ်မှာဆယ်ချက်ပဲ.... နောက်တစ်ကြိမ်ဆို နှစ်ယွမ်မပြောနဲ့ နှစ်ပဲနိဆိုရင်တောင်မရတော့ဘူး.... မင်းပိုက်ဆံရှာနိုင်တယ်... ဒါပေမဲ့ သမားရိုးကျနည်းနဲ့ပဲရှာရမယ်... လောင်းကစား၊ ခိုးဝှက်မှု နဲ့ ဓားပြတိုက်၊ လုယက်တာတွေ ခွင့်မပြုထားဘူး...."


တဝမ်က ပြောင်းဖူးရိုးကို ထွေးထုတ်လိုက်ပြီး ခပ်ကျယ်ကျယ်အော်လိုက်သည်။


"မှတ်မိပါပြီ...."


လင်းလန်က ချက်ချင်းပြောလိုက်သည်။

"အထဲဝင်ပြီး  အားဝမ်ကို ဆေးဝိုင်လိမ်းခိုင်းလိုက်...."


သူမတွက် ဟန်ချင်းစုန့်ယူလာပေးသော ဆေးဝိုင်ရှိလေပြီး ၎င်းက သွေးလည်ပတ်မှုကောင်းစေကာ ယောင်ယမ်းခြင်းနှင့် နာကျင်မှုကိုလျော့ချပေးသည်။ မည်သို့ပင်ဆိုစေ ကောင်းကျိုးများစွာရှိလေရာ သက်ရောက်မှုက မဆိုးလှပေ။


အရေပြားက ပွန်းပဲ့နေ၍ ဆေးဝိုင်လိမ်းရာတွင် သေချာပေါက် စပ်ကာနာကျင်ပေလိမ့်မည်။


အားဝမ်က တဝမ်ကို အိမ်ထဲခေါ်ကာ ဆေးလိမ်းပေးလိုက်ပြီး မိုင်စွေ့က မနက်စာပြင်လေသည်။


ရိုက်ပြီးနောက်တွင် ဟန်ချင်းစုန့်က အဝတ်စတစ်ခုယူကာ ကြိမ်လုံးကိုသန့်ရှင်းရေးလုပ်ပြီး နေရာတစ်နေရာတွင်ထားလိုက်သည်။  


ကြိမ်လုံးကို အသေအချာပွတ်တိုက်ထားသည်မှာ တောက်ပြောင်ချောမွေ့နေလေသညခ။


သူအထဲဝင်လာချိန်တွင် လင်းလန်ကပြောလိုက်သည်။

"သူ့ကို ခွင့်တိုင်ပေးချင်လား...."


ဤအနာများဖြင့် ထိုင်၍မရလောက်ပေ။


ဟန်ချင်းစုန့်ကပြောလိုက်သည်။

"တစ်ခြမ်းစောင်းထိုင်ခိုင်းလိုက်.... ကျောင်းစာကိုနောက်မကျစေနဲ့...."


လင်းလန် : "....."

အိုကေပါ...နောက်ဆုံးတော့ သူဘယ်လောက်တောင် ကြီးမြတ်လဲဆိုတာ ငါသိသွားခဲ့ပြီ...


သူမက ကလေးများကိုဆုံးမရန် အခွင့်အရေးကို အဆုံးအရှုံးမခံလိုက်ပေ။


"အခုတော့ တကယ့်အမှားတစ်ခုလုပ်ရင်ဘယ်လိုနေလဲဆိုတာ သိကြပြီမလား.... မိဘတွေက အမြဲတမ်းညှာတာနေမှာမဟုတ်ဘူး... ကလေးဆိုတာ မိဘရဲ့အုပ်ထိန်းမှုအောက်မှာရှိတယ်.... မိဘတွေကသာ ကလေးတွေ အမှားလုပ်တာကို ဂရုမစိုက်ရင် ကလေးတွေက တကယ့်ပြစ်မှုကိုလုပ်မိတဲ့အခါမှာ ပြည်သူ့လုံခြုံရေးဗျူရိုလက်အောက်ကိုရောက်သွားရလိမ့်မယ်... ဒါဆိုရင်အရမ်းနောက်ကျသွားရပြီ‌လေ.... "


ရှောင်ဝမ်က ပြင်းပြင်းထန်ထန်ခေါင်းငြိမ့်ပြလိုက်သည်။

"စတုတ္ထဦးလေးလိုလား...."


လင်းလန်က ခေါင်းငုံ့ပြီး သူ့နှဖူးလေးကိုနမ်းလိုက်သည်။

"ဒါပေါ့...."


ရှောင်ဝမ်က ချက်ချင်း ခန်ပေါ်ကိုတက်လိုက်ပြီး တဝမ်၏နားရွက်နားသို့ကပ်ကာပြောလိုက်သည်။


"အစ်ကိုကြီး... သားတို့မိဘတွေက အစ်ကိုကြီးပေါ်အရမ်းကောင်းတာပဲ... သားဖြင့် အစ်ကိုကြီးအဝေးကိုအပို့ခံလိုက်ရမှာစိုးရိမ်မိခဲ့တာ... စတုတ္ထဦးလေး ဆီကမသင်ယူနဲ့နော်..."


တဝမ် ထိတ်လန့်သွားရသည်။ သူက ဟန်ချင်းဟွဆီက အမှန်တကယ်သင်ယူခဲ့ခြင်းဖြစ်သည်။


Xxxxxx

Part 282


အားဝမ်နှင့်စန်းဝမ်တို့က တဝမ်ကိုဆေးဝိုင်လိမ်းကူပေးလိုက်သည်။ အားဝမ်က လက်သွက်ခြေသွက်ဖြင့် သေချာလိမ်းပေးလိုက်သော်လည်း စန်းဝမ်က သူ၏ အကြီးဆုံးအစ်ကိုအပေါ် သစ္စာဖောက်မိ၍ အပြစ်ရှိသလိုခံစားနေရပြီး အလွန်စိတ်မကောင်းဖြစ်နေရသည်။


လင်းလန်က ၎င်းကိုမြင်ပြီး စန်းဝမ်၏လက်ကိုဆွဲခေါ်ကာ ထမင်းစားရန်ခေါ်သွားလိုက်ပြီးနောက် တ၀မ်ကို ဆေးသွားလိမ်းပေးလိုက်သည်။


သူမ၏လက်များက ပိုမိုသေးသွယ်ကာ ကျွမ်းကျင်နေ၍ ဆေးလိမ်းပေးရာတွင် ပိုမိုမြန်ဆန်လေရာ တဝမ်နာကျင်မှုလျော့သွားရသည်။


"ဘုန်း...."

လင်းလန်တစ်ယောက်တစ်ယောက် ယုကျုံးရှင်း၏ အမေအိုးကြီး ပုံစံစတင်သရုပ်ဆောင်လိုက်သည်။


တဝမ်က နှာရှုံ့လိုက်သည်။


"သားအရိုက်ခံရတော့ သားအဖေကိုမုန်းလား...."


"ဟင့်အင်း...."


တဝမ် နာလွန်း၍အံကြိတ်နေလိုက်သည်။


လင်းလန်က သူ့ကိုမျက်ရည်သုတ်ပေးလေသည်။


"ဒီအမုန်းတရားကိုမှတ်ထားလို့ရပါတယ်... ဘယ်သူကများ အရိုက်ခံရတာကို မမုန်းမှာလဲ.... ဆယ်ကျော်သက်အရွယ်မှာတော့ ကိုယ့်ကိုယ်ကိုယ်အရမ်း ထူးခြားတဲ့လူတစ်ယောက်လို့ထင်ကြတာပဲ.... အနာဂတ်မှာဆိုရင် ကိုယ့်မိဘတွေနဲ့ ကွာခြားတဲ့ဘဝကိုရမယ့်သူတွေလေ... ကလေးတွေဆိုတာ ရည်မှန်းချက်ကြီးသင့်ပါတယ်လေ... ဒါပေမဲ့ နည်းလမ်းမှန်မှရမယ်... အကယ်၍ နည်းလမ်းကမှားနေရင် ကိုယ့်ကိုယ်ကိုယ်တင်မက ကိုယ့်မိသားစုကိုပါ ဖျက်ဆီးပစ်လိုက်နိုင်တယ်....."


တဝမ်က ဘာမှမပြောပေ။


လင်းလန်က ဆက်ပြောသည်။

"သားဒါကို မှတ်ထားမယ်ဆို မှတ်ထားလို့ရတယ်... သားကြီးလာလို့ အတွေ့အကြုံတွေအများကြီးရှိလာတဲ့အခါကြရင် နားလည်လာလိမ့်မယ်... သားရဲ့မိဘတွေ သားကို ရိုက်ခဲ့တဲ့အချိန်တွေက သားအတွက်တကယ်ကောင်းတယ်ဆိုတာကိုလည်း သိလာလိမ့်မယ်... သားသာ လမ်းကြောင်းမှန်ကိုသွားနိုင်ရင် သားရဲ့မိဘတွေ သားကိုရိုက်ခဲ့တာ ကံကောင်းတယ်လို့တွေးမိလိမ့်မယ်... ဒါပေမဲ့ သားသာ မှားနေတဲ့လမ်းကိုလျှောက်မိမယ်ဆိုရင် သားမိဘတွေပြောတဲ့စကားကို နားမထောင်မိတာ နောင်တရလိမ့်မယ်...."


သူမ သက်ပြင်းချကာ ငြင်သာစွာပြောလိုက်သည်။

"သားမှာ ရွေးချယ်စရာလမ်းဘယ်လောက်ရှိပါစေ... ဘယ်လိုမျိူးအနာဂတ်ကိုပဲရွေးချယ်ချင်ပါစေ... အဆုံးမှာတော့ သားက လမ်းကြောင်းတစ်ခုကိုပဲရွေးချယ်ရမှာပဲလေ... ဖြောင့်မတ်ပြီး  အရည်အချင်းရှိတဲ့လူပဲဖြစ်ဖြစ် ယုတ်မာပြီး ခက်ထန်တဲ့လူပဲဖြစ်ဖြစ် အကုန်လုံးက လူတွေပဲမလား..."


ထို့သို့ပြောပြီးနောက်တွင် သူမဆက်မပြောတော့ဘဲ ဆေးဝိုင်ဖြင့်သုတ်ပေးလိုက်ကာ သူ့ကို အဝတ်စဖြင့် စီးနှောင်ပြီး စောင်ခြုံပေးလိုက်ကာ သူ့ကိုထိုအကြောင်းတွေးနေစေလိုက်သည်။


လူတိုင်းက မနက်စာစားပွဲတွင် တိတ်ဆိတ်စွာစားနေကြပြီး ဝမ်ဝမ်ပင်လျှင် ဘာအသံမှမထွက်ဘဲ တိတ်တိတ်လေးစားနေသည်။


စန်းဝမ်က ငိုနေဆဲဖြစ်ပြီး မျက်ရည်များက ပန်းကန်ထဲကျနေသည်။


လင်းလန်က သူ့အတွက်ကြက်ဥတစ်ဇွန်းကော်၍ထည့်ပေးလိုက်သည်။


"တတိယအစ်ကိုလေး... သားစိတ်လျော့ထားလို့ရပါတယ်... ကိုယ့်ကိုယ်ကိုယ်ဖိအားမပေးနဲ့... သားသာ မပြောပြခဲ့ရင် သားအစ်ကိုက အနာဂတ်မှာ ပိုကြီးတဲ့အမှားတွေကို လုပ်နိုင်တယ်... ဒါဆိုရင် သားက သူ့ကိုဒီလိုဖြစ်စေတဲ့လူဖြစ်သွားမယ်လေ... သားက သားအစ်ကိုကို ပိုကြီးတဲ့အမှားတွေလုပ်တာကနေ တားနိုင်ခဲ့တာ တစ်မိသားစုလုံးက သားကိုကျေးဇူးတင်တယ်သိလား...."


ရှောင်ဝမ်က သူ့အိတ်ကပ်ထဲနှိုက်လိုက်ပြီး သူစားဖို့သိမ်းထားသည့် ချိုချဉ်လေးကို စန်းဝမ်၏အိတ်ကပ်ထဲ ထည့်ပေးလိုက်သည်။


"ညီလေးက ဒါလေးပေးမယ်....."


လင်းလန်က စန်းဝမ်ကို တတိယအစ်ကိုလေးဟုခေါ်လိုက်ခြင်းမှာ ရင်းရင်းနှီးနှီးပိုဖြစ်ကာ လေးနက်နေသောလေထုကိုလျော့ကျစေရန်ဖြစ်သည်။ ဟန်ချင်းစုန့်ကိုယ်တိုင်ကလည်း တတိယအစ်ကိုဖြစ်သလို တတိယမောင်လေးဖြစ်၍လည်းဖြစ်သည်။


ထိုသည်ကိုနားထောင်ပြီးနောက်တွင် စန်းဝမ်က အပြစ်ရှိစိတ်တို့လျော့ကျသွားပြီး နှာရှုံ့လိုက်သည်။

"အနာဂတ်မှာလည်း သား အစ်ကိုကြီးကို အမှားမလုပ်မိအောင် သတိပေးပါ့မယ်...."


လင်းလန် ပြုံးပြီးပြောလိုက်သည်။


"တော်လိုက်တဲ့ကောင်လေး...."


သူ အားဝမ်နှင့် မိုင်စွေ့ကိုထပ်ကြည့်လိုက်သည်။


"မင်းတို့အားလုံးက မိဘတွေအတွက် လိမ္မာတဲ့ကလေးတွေချည်းပဲ... မင်းတို့က စာတော်ကြတယ် ယဉ်ကျေးသိမ်မွေ့ကြတယ်... တခြားသူတွေရဲ့အမြင်မှာလည်း မင်းတို့လေးတွေက လိမ္မာတဲ့ကလေးတွေပဲ... ဒီတော့ အနာဂတ်မှာလည်း လူကောင်းတွေအဖြစ် လူမှုအသိုင်းအဝိုင်းထဲကိုဝင်ရမယ်.."


အဖွဲ့၏လက်ထောက်က လူတိုင်းအားလုံးကို စာသင်ကြားခွင့်ရရန် စည်းရုံးလေ့ရှိသည်။ စောစော စီးစီးစာသင်ကြားခိုင်းကြပြီး နောက်ပိုင်းတွင် သတင်းပြန်ပို့ခိုင်းကာ ဆောင်ပုဒ်များကိုအော်ဟစ်ခိုင်းကြသည်။


 ကလေးများ၏မျက်နှာက တစ်ယောက်ပြီးတစ်ယောက် တင်းမာလာကာ သူတို့၏မျက်လုံးများက ခိုင်မာလှသော အကြည့်များကိုပြနေပြီး ပုံစံများက ဘယ်အချိန်မဆိုပေါက်ကွဲတော့မည့် အိတ်တစ်လုံးကိုသယ်ထားရသည့်အလား ဖြစ်နေသည်။


လင်းလန် "......"


အလွယ်တကူ ဦးနှောက်ဆေးခံရပြီး လှုံ့ဆော်ပေးခံရခြင်းမှာ မကောင်းလှပေ။ ထို့ကြောင့် ဘယ်အရာက ကျိူးကြောင်းဆီလျော်မှုမရှိကြောင်းနှင့် ဘယ်အရာက ကောင်းမွန်ကြောင်း ခွဲခြားနိုင်အောင် ပညာသင်ကြားရမည်ဖြစ်သည်။


တဝမ်က မြန်မြန်ထကာ မနက်စာစားပြီး ကျောင်းသို့သွားသော်လည်း သူ့တင်ပါးများက နာနေဆဲဖြစ်၍ တည်တည်ငြိမ်ငြိမ်မထိုင်နိုင်ပေ။


ကံကောင်းစွာဖြင့် ဟန်ချင်းစုန့်က တင်ပါးတစ်ခြမ်းကိုသာရိုက်ခဲ့သဖြင့် တခြားတစ်ခြမ်းဖြင့်ထိုင်နိုင်သေးလေသည်။


ကလေးများက မနက်စာစားပြီးသည်နှင့် ကျောင်းသို့သွားကြသည်။


တဝမ်က ထထော့နဲ့ထော့နဲ့ဖြင့်လမ်းလျှောက်နေပြီးအံတငိးတင်းကြိတ်ထားကာ ပုံမှန်ဖြစ်နေသယောင်ဟန်ဆောင်နေသည်။


သို့သော် အဆုံးတွင် သူက ဆယ့်တစ်နှစ်အရွယ်ကလေးတစ်ယောက်သာရှိသေးသည်။ စောစောအရွယ်ရောက်ပြီး အရပ်ရှည်နေသော်လည်း ကလေးငယ်တစ်ယောက်သာရှိသေးလေရာ မိနစ်အနည်းငယ်မျှထက် တောင့်မခံနိုင်ပေ။


အားဝမ်က သူ့ကိုကူညီရန် လက်ဦးမှုယူလိုက်သည်။


"အစ်ကိုကြီး.... သားကူတွဲပေးမယ်...'


တဝမ်က တောင့်ခံနိုင်တုန်းပင်။

"မလိုဘူး...."


လမ်းပေါ်က တစ်စုံတစ်ယောက်က သူ့ကိုမြင်လျှင် မီးဟပ်ခံရသလို ပူပြင်းကာ ရှက်သည်ထက်ရှက်လာသည်။


ကြည့်ရသည်မှာ အမှားတစ်စုံတစ်ရာလုပ်ခြင်းက တန်ဖိုးကြီးလှပြီး စစ်မေးခံရချိန်တွင် စိတ်ပိုင်းဆိုင်ရာ ညှဉ်းဆဲသလိုခံစားရပြီး မိဘများအပေါ် လိပ်ပြာမလုံသလိုခံစားရသည့်အပြင် သူ့အမေကပင် သူ့ကို မျက်ရည်သုတ်ပေးခဲ့ရသည်။


အရိုက်ခံထားရ၍ ထိုင်ရာလှဲရာတွင်ပင် ခက်ခဲနေပြီး ဘယ်လှုပ်ရှားမှုမဆို လက်ညှိုးထိုးအပြောခံနေရကာ စာသင်ခန်းထဲရောက်ချိန်တွင် အခြားသူများက စပ်စုလာကြသေးသည်။


ပြဿနာအတော်များလေသည်။


အမှားလုပ်မိခြင်းက အတော်လေး တန်ဖိုးကြီးပေသည်။


အတန်းဖော်တဝမ်က ထိုင်ရာ ထရာ လမ်းလျှောက်ရာတွင် အခက်အခဲဖြစ်နေသော်လည်း မနက်ခင်းတွင် သူ၏လေ့ကျင့်ခန်းများကို နှေးဖင့်အောင်လုပ်၍မရသောကြောင့် သူ့အရှိန်ကိုလည်းနှေး၍မရပေ။ ဘာလုပ်လုပ်နာကျင်နေရသည်ချည်းသာဖြစ်သည်။


သို့သော် သူက အံတင်းတင်းကြိတ်ထားပြီး ကြိတ်မှိတ်သည်းခံလေသည်။


လင်းလန်လည်းပဲစိတ်ဖိစီးလာရပြီး ဟင်းကောင်းကောင်းချက်ကာ မနက်ခင်းတွင် တဝမ်အတွက် ကြက်၍တစ်လုံးလုံးပေးလိုက်သည်။


သို့သော် တဝမ်က သူ့မိသားစုတွင် ကြက်ဥများကိုမတတ်နိုင်မှန်းသိ၍ စားရန်ငြင်းလိုက်သည်။


Xxxxx