Ch 4
ရှူကျစ်ယွီက ပြုံးရုံသာပြုံးလိုက်ပြီး ဘာစကားမှ ပြန်မပြောခဲ့ပေ။ စစ်သူကြီးချီသည် အပြင်ပန်းတွင် အေးစက်သော်လည်း အတွင်းစိတ် နွေးထွေးသည့် လူကောင်းတစ်ဦးဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။ သို့သော် ဤလျှို့ဝှက်ချက်ကို သူတစ်ဦးတည်းသာ သိထားချင်သည်။ သူ့တွင် အကျင့်ဆိုးတစ်ခုရှိသည်၊ ကောင်းမွန်သောအရာများကို မိမိတစ်ဦးတည်းသာ သိမ်းဆည်းထားချင်ပြီး အခြားသူများကို မမြင်စေချင်ပေ။
အအေးမိပျောက်ဆေးရည်ကို သယ်ဆောင်ရင်း ရှူကျစ်ယွီသည် စစ်သူကြီး၏ တဲအပြင်ဘက်သို့ ရောက်လာခဲ့သည်။ တဲထဲသို့ မဝင်မီမှာပင် ဖြူစင်သန့်ရှင်းသည့် လူငယ်တစ်ဦး တဲထဲမှ ထွက်လာသည်နှင့် ဆုံလေသည်။
ရှူကျစ်ယွီသည် မိမိရှေ့မှ ကလေးမျက်နှာနှင့် လူငယ်ကို တည်ငြိမ်စွာ အကဲခတ်လိုက်သည်။ ပိန်ပါးသော ခန္ဓာကိုယ်နှင့် စစ်စခန်းနှင့် လုံးဝမအပ်စပ်သည့် နုနယ်သော အသားအရေကို ကြည့်ခြင်းအားဖြင့် (အဓိကအကျဆုံးမှာ သူ၏ အစေအပါး ဝတ်စုံပင် ဖြစ်သည်) ဤသူသည် ဤဇာတ်လမ်း၏ အဓိကဇာတ်လိုက် ဖြစ်ပေလိမ့်မည်။
ဟုတ်ပြီ... ဟုတ်ပြီ... အချိန်အတော်ကြာအောင် သူသည် ရှောင်ကျန်းရှို့ တွင် နာမည်ရှိသည်ကိုပင် မေ့လုနီးပါး ဖြစ်ခဲ့သည်။ နောက်ဆုံးတော့ သူ၏ စိတ်ထဲတွင် ကျန်ရစ်နေသည့် တစ်ခုတည်းသော အမှတ်အသားမှာ ဤဦးနှောက်မပါသည့် ပျော့ညံ့သော အမျိုးသား၏ အလွန်တရာ အသုံးမကျလှသော စရိုက်ပင် ဖြစ်သည်။
နေပါဦး... ထို "မြေခွေးမ" ရဲ့ နာမည်က ဘာတဲ့လဲ?
ခဏမျှ ပြန်စဉ်းစားကြည့်ပြီးနောက် ဤလူယုတ်မာလေး၏ အမည်မှာ ချန်ရိကျစ် ဖြစ်ကြောင်း မှတ်မိသွားသည်။ "ဟူး... ကံမကောင်းတာက သူ့မျိုးရိုးနာမည်က 'ကျူး' (ဝက်) မဖြစ်နေတာပဲ" ဟု ရှူကျစ်ယွီက စိတ်မကောင်းစွာဖြင့် တွေးလိုက်မိသည်။ သို့သော် သူ၏ ဉာဏ်ရည်မှာမူ ဝက်နှင့် သိပ်ကွာခြားမည် မဟုတ်ပေ။
"အာ..." ချန်ရိကျစ်သည် တဲထဲမှ ထွက်လာသည်နှင့် ရေနွေးငွေ့များ တထောင်းထောင်းထနေသည့် ဆေးရည်ခွက်ကို ကိုင်ကာ သူ့ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်နေသည့် ချောမောသော အမျိုးသားကို မြင်လိုက်ရသည်။
သူသည် ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာလေး အနည်းငယ် နီမြန်းသွားပြီး အကြည့်ကို လွှဲဖယ်လိုက်မိရာ ရင်ထဲတွင် တဒိတ်ဒိတ် ခုန်သွားတော့သည်။
"တောင်းပန်ပါတယ်..." ချောမောသော ထိုအမျိုးသားက ညင်သာစွာ ပြောလိုက်ရာ ချန်ယီကျစ်က ခေါင်းကို အမြန်ပင် မော့ကြည့်လိုက်သည်။
"မင်း ငါ့လမ်းကို ပိတ်နေလို့" ရှူကျစ်ယွီက မျက်နှာသေဖြင့် စကားကို အဆုံးသတ်လိုက်ပြီးနောက် အမြင်မကြည်စရာ တစ်ခုခုကို ဖယ်ရှားလိုက်သကဲ့သို့ ချန်ယီကျစ်ကို ဘေးသို့ ဆွဲဖယ်လိုက်သည်။ ထို့နောက် မျက်နှာအမူအရာကို ပြင်ဆင်ကာ ချိုသာသော အပြုံးဖြင့် စစ်သူကြီး၏ တဲထဲသို့ ဝင်သွားတော့သည်။
"အယ်?" ချန်ရိကျစ်သည် မှင်တက်ကျန်ရစ်ခဲ့ပြီးမှ သတိပြန်ဝင်လာကာ - "ဟေး... ခင်ဗျား ဝင်သွားလို့ မရဘူး၊ ကျွန်တော် အကြောင်းမကြားရသေးဘူး..."
ကြည့်ပါဦး... ဤအချက်မှာ ရှူကျစ်ယွီက ထို "မြေခွေးမ" ကို မုန်းတီးရသည့် အကြောင်းရင်းများထဲမှ တစ်ခုပင် ဖြစ်သည်။ သူ၏ ဉာဏ်ရည်မှာ နိမ့်လွန်းပြီး အလွန်အမင်း တုံးအလွန်းလှသည်။
"မင်းက စာပေသမားတစ်ယောက်လို့ ဆိုပြီး စစ်တပ်ထဲဝင်လာတယ်၊ လေ့ကျင့်ခန်းတွေကို မလိုက်နိုင်လောက်အောင် ပျော့ညံ့နေတော့ အစေအပါး လုပ်ရတယ်ပေါ့၊ မင်းက အသုံးမကျတဲ့ စာပေသမားပဲ၊ မင်းဦးနှောက်က စာကျက်ဖို့တောင် ခက်ခဲနေတာကို စစ်သူကြီးက မင်းကို စစ်ဗျူဟာမှူး ခန့်လိမ့်မယ်လို့ မျှော်လင့်နေတာလား?"
နိုးထစမ်းပါ ကလေးရယ်! အကယ်၍သာ ထိုသို့ဖြစ်ခဲ့လျှင် ချီယွီရွှမ်း ကို "စစ်နတ်ဘုရား" ဟု ခေါ်ဝေါ်ကြမည် မဟုတ်ပေ။
ကြည့်စမ်းပါဦး... ဤကဲ့သို့ အဆင့်မရှိသော ကောင်လေးက အစေအပါး တာဝန်ကိုပင် ကျေပွန်အောင် မလုပ်နိုင်ဘဲ ဒုက္ခပေးတာကလွဲလို့ ဘာလုပ်တတ်ဦးမှာလဲ?
ဤသို့ ကြည့်မည်ဆိုလျှင် ထိုလူယုတ်မာမှာလည်း သနားစရာပင်။ ဤကဲ့သို့ ဦးနှောက်မပါသည့် အစုတ်အပဲ့လေးကို နောက်ဆုံးတွင် ဇနီးအဖြစ် မည်သို့ လက်ထပ်နိုင်ခဲ့ပါလိမ့်။ ပြောရမည်ဆိုလျှင်... ဤမျှ ဉာဏ်ရည်မျိုးဖြင့်ဆိုလျှင် မင်းသားစံအိမ်၏ အနောက်ဆောင်ထဲတွင် ဤ "မြေခွေးမ" တစ်ယောက် တကယ်ပဲ အသက်ရှင်နိုင်ပါ့မလား?
ကောင်းပြီ... ဤကိစ္စများသည် ရှူကျစ်ယွီနှင့် ဘာမှမသက်ဆိုင်ပေ။ ဆိုရိုးစကား ရှိသည်မဟုတ်ပါလား၊ "လူယုတ်မာအချင်းချင်းပဲ ချစ်ကြိုက်ကြတာ" ဟု။ ထိုလူယုတ်မာ နှစ်ယောက်ကိုသာ အတူတူ ပေးစားလိုက်ရင်လည်းကောင်းသည်။၊ သူ၏ အဖိုးတန် "ရှောက်ရွှမ်းရွှမ်း" ကို လာပြီး အန္တရာယ် ပေးမည်ကို မလိုချင်ပေ။
"စစ်သူကြီး" ရှူကျစ်ယွီသည် တဲထဲသို့ ဝင်သွားသည်နှင့် အဝေးမှပင် နှုတ်ဆက်လိုက်သည်။
ချီယွီရွှမ်း နှင့် လက်ထောက်ဗိုလ်အချို့ စကားပြောနေကြပြီး ထိုထဲတွင် ရင်းနှီးနေသော ရုန့်ရင်းသည့် အသံတစ်ခုလည်း ပါဝင်နေသည်။
"မင်းက ဘယ်သူလဲ? ဘာလို့ အကြောင်းမကြားဘဲ ဝင်လာရတာလဲ?" ချီယွီရွှမ်း၏ တင်းမာခက်ထန်သော မျက်နှာထက်တွင် မကျေနပ်သည့် အရိပ်အယောင်များ ပေါ်လာပြီး သူ၏နောက်မှ လိုက်လာသည့် ချန်ရိကျစ်အပေါ် ထားရှိသော အကြည့်မှာ ပို၍ပင် ကြောက်စရာ ကောင်းနေသည်။
ဤသည်မှာ ရှူကျစ်ယွီအနေဖြင့် ချီယွီရွှမ်း၏ ရုပ်ရည်အစစ်အမှန်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။ စာအုပ်ထဲတွင် ဖော်ပြထားသည့်အတိုင်း ချီယွီရွှမ်း၏ ရုပ်ရည်မှာ ခက်ထန်ပြတ်သားပြီး မျက်ခုံးနှစ်ဖက်မှာ နားထင်သို့ ထိုးတက်နေကာ မေးစေ့မှ မုတ်ဆိတ်မွေးမှာလည်း သေသပ်လှသည်။ သို့သော် သူ၏ တစ်ကိုယ်လုံးမှ အေးစက်စက်နိုင်ပြီး သူစိမ်းဆန်သည့် အငွေ့အသက်များ ထွက်ပေါ်နေသည်။
"သူ... သူက..." ချန်ယီကျစ်မှာ ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေပြီး ရှင်းပြနိုင်ခြင်း မရှိပေ။ စစ်သူကြီး၏ မျက်နှာကို မြင်တိုင်း သူသည် အလွန်တရာ တုန်လှုပ်ချောက်ချားမိသည်။ ထို့အပြင် ပင်းရှီးစစ်သူကြီးသည် လူသတ်ရာတွင် မျက်တောင်တစ်ချက် မခတ်သူဖြစ်ကြောင်း ကြားဖူးနားဝရှိသဖြင့် သူသည် ကြောက်လွန်း၍ အသက်ရှူပင် ရပ်လုနီးပါး ဖြစ်နေသည်။
ချီယွီရွှမ်း၏ ထူထဲနက်မှောင်သော မျက်ခုံးနှစ်ဖက်မှာ အနည်းငယ် တွန့်ချိုးသွားသည်။ ဤအစေအပါးလေးကို လွန်ခဲ့သော နှစ်ရက်ကမှ သူ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ယခင် အစေအပါးမှာ ဖခင်ဖြစ်သူ ပြင်းထန်စွာ ဖျားနာနေသဖြင့် အိမ်သို့ ပြန်ပို့လိုက်ရခြင်းဖြစ်ပြီး ဤလူသစ်မှာမူ အသုံးမဝင်လှဟု သူ ခံစားနေရသည်။
ချီယွီရွှမ်းသည် မျက်မှောင်ကြုတ်ကာ ချန်ယီကျစ်ကို စိုက်ကြည့်လိုက်သည် - "တံခါးဝက အစောင့်တွေ ဘယ်မှာလဲ?"
ချန်ယီကျစ်မှာ တစ်ခွန်းမှ မပြောနိုင်ဘဲ တုန်ရင်နေသည်မှာ အတော်ကြာလှပြီဖြစ်သည်။ ဘေးတွင် ရပ်နေသည့် ရှူကျစ်ယွီပင်လျှင် သူ့အတွက် စိုးရိမ်ပေးမိသည်။
ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် တစ်ဦးတစ်ယောက်က သူ့ကို ကယ်တင်လိုက်သည် - "ဟေး... မင်းက မြစ်ထဲခုန်ချတဲ့သူ မဟုတ်လား? စစ်သူကြီး... သူက ဒီမနက် စစ်သူကြီး ကယ်ခဲ့တဲ့သူလေ" ဟု အရပ်ရှည်ပြီး ဗလကောင်းလှသည့် ဝက်ဝံနှင့်တူသော အမျိုးသားတစ်ဦးက ရုတ်တရက် ပြောလိုက်သည်။ သို့သော် ဤလူ့မျက်နှာမှာ မုတ်ဆိတ်မွေးများဖြင့် ဖုံးလွှမ်းနေသဖြင့် သူ့ကို ဝက်ဝံဟု ခေါ်လျှင်တောင်မမှားလောက်ပေ။
ရှူကျစ်ယွီ၏ မျက်တောင်များ တဆတ်ဆတ် တုန်သွားပြီး ထိုဝက်ဝံလူသားကို မသိမသာ စိုက်ကြည့်လိုက်မိသည် - ဒီလူကတော့... ဘာလို့ ငါ့ရဲ့ အောက်တန်းကျတဲ့ အတိတ်ကိုမှ ရွေးပြောနေရတာလဲ၊ မြစ်ထဲခုန်ချခဲ့တဲ့ အသုံးမကျတဲ့ ရှူကျစ်ယွီနဲ့ ငါနဲ့ ဘာမှမဆိုင်ဘူး!
"လူအချို့ လာခဲ့စမ်း!" ချီယွီရွှမ်း၏ အမူအရာမှာ ပြောင်းလဲခြင်းမရှိဘဲ ရှူကျစ်ယွီကို လုံးဝ လျစ်လျူရှုထားလေတော့သည်။
…4
ရှောင်ကျန်းရှို့ = ဇာတ်လိုက်ရှို့