Ch 6
"အဆိပ်မိတာလား...?"
တဲအတွင်းရှိ စစ်သည်အချို့မှာ ရုတ်တရက် သတိဝင်လာကြသည်။ အစောင့်နှစ်ဦးကဲ့သို့ သာမန်စစ်သည်များကို အဆိပ်ခတ်ရန် ကြိုးစားခြင်းမှာ မည်သို့မျှ အဓိပ္ပာယ်မရှိဟု ယူဆနိုင်သော်လည်း၊ အကယ်၍ တိုက်ခိုက်သူ၏ ပစ်မှတ်မှာ စစ်သူကြီးသာ ဖြစ်နေပြီး လူမှားယွင်းသွားခြင်း ဖြစ်ပါက မည်သို့ပြုမည်နည်းဟူသော အတွေးဖြင့် အားလုံး စိုးရိမ်မကင်း ဖြစ်လာကြသည်။
ထိုစဉ် ရုပ်ရည်သန့်ပြန့်သော စစ်သည်တစ်ဦးက ရှူကျစ်ယွီအား စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
“သမားတော်ရှူ... အခြေအနေက ဘယ်လိုလဲ၊ ဘာဖြစ်တာလဲ?"
ရှူကျစ်ယွီသည် ချီယွီရွှမ်းအား တစ်ချက်မျှ အကဲခတ်လိုက်သည်။ ချီယွီရွှမ်းမှာမူ မည်သည့်ခံစားချက်ကိုမျှ ထုတ်ဖော်ပြခြင်းမရှိဘဲ ကျောက်ရုပ်တစ်ရုပ်ပမာ တည်ငြိမ်နေဆဲဖြစ်သည်။ ရှူကျစ်ယွီ စိတ်ထဲမှ သက်ပြင်းတစ်ချက် ခိုးချမိလိုက်သည်။ ဤကဲ့သို့ ခက်ထန်လှသော အမျိုးသားကို မိမိအပေါ် စိတ်ဝင်စားလာအောင် ဆွဲဆောင်ရန်မှာ အတော်လေး ကြိုးပမ်းရဦးမည့် ကိစ္စပင်။ သို့သော်လည်း စာအုပ်ထဲတွင် ရေးသားခဲ့သည့်အတိုင်းဆိုဖြစ်လာမည်ဆိုလျှင် ရှောင်ကျန်းရှို့နှင့် ဖြစ်ပျက်ခဲ့သော ထိုမတော်တဆမှုကို သူ အခွင့်ကောင်းယူနိုင်မလားဟု တွေးတောမိသည်။
"အဆိပ်မိတာတော့ ဖြစ်နိုင်ခြေနည်းပါတယ်။ ဆန္နရွက်*ကို မှားစားမိတာ ဖြစ်ဖို့များတယ်"
(senna = ဝမ်းမာလျှင်းစားသုံ၍ရသည့်အရွက်/ဝမ်းနှုတ်ဆေးအဖြစ်)
ရှူကျစ်ယွီသည် မိမိ၏ အတွေးများကို ပြန်လည်ရုပ်သိမ်းလိုက်သည်။ လက်ရှိတွင် ထိုအကြောင်းအရာများကို တွေးတောနေရန်မှာ စောလွန်းနေသေးသည်။ သူ၏ အဓိကရည်ရွယ်ချက်မှာ ချီယွီရွှမ်း၏ အာရုံစိုက်မှုကို ရယူပြီး သူ့အပေါ် သဘောထားကောင်းလာစေရန် ဦးစားပေး လုပ်ဆောင်ရမည်ဖြစ်သည်။
"နေ့လယ်က ချန်ရိကျစ် ပို့ပေးတဲ့ လက်ဖက်ရည်ကို ကျွန်တော်တို့ သောက်လိုက်မိတာပါ..."
ထိုစကားကြောင့် တဲအတွင်းရှိ လူအားလုံး၏ အကြည့်များမှာ ချန်ရိကျစ်ဆီသို့ ချက်ချင်းဆိုသလို စုပြုံရောက်ရှိသွားကြသည်။ ချန်ရိကျစ်မှာ မျက်နှာလေး ဖြူလျော်သွားပြီး မျက်လုံးများ နီရဲလာကာ ကြောက်လန့်တုန်လှုပ်နေသော ယုန်ပေါက်လေးတစ်ကောင်ပမာ ဖြစ်သွားရသည်။
ရှူကျစ်ယွီ စိတ်ထဲတွင် လှောင်ပြုံးတစ်ချက် ပြုံးလိုက်မိသည်။ မူလဝတ္ထုထဲတွင် ဇာတ်လိုက်က ချန်ရိကျစ်၏ ကြောက်လန့်နေပုံကို မြင်ရတိုင်း ယုန်ပေါက်လေးကဲ့သို့ ချစ်စရာကောင်းသည်ဟု ထင်မြင်လေ့ရှိကြောင်း အကြိမ်ကြိမ် ဖော်ပြထားသည်။ အမှန်စင်စစ်မှာမူ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ဦးသည် အနည်းငယ်မျှ ကြောက်ရွံ့ရုံဖြင့် မျက်ရည်ဝဲနေသည့်ပုံမှာ ကြည့်ရသူအဖို့ အလွန်ပင် စိတ်ပျက်စရာကောင်းလှသည်။
ယုန်ပေါက်လေးကဲ့သို့ နုနယ်လှသော ချန်ရိကျစ်နှင့် ယှဉ်လျှင် တစ်ကိုယ်တော် တောရိုင်းတိရစ္ဆာန်လေးကဲ့သို့ ရဲရင့်ပြတ်သားသည့် "ရှောက်ရွှမ်းရွှမ်း" မှာ ပိုမိုဆွဲဆောင်မှုရှိပြီး ချစ်ဖို့ကောင်းသည်ဟု ရှူကျစ်ယွီ ခံစားမိသည်။ ထိုမျှမက သူ၏ ခန္ဓာကိုယ်အောက်ပိုင်းကိုပင် တောင့်တင်းသွားစေလောက်အောင် ချီယွီရွှမ်းမှာ ဆွဲဆောင်မှုအပြည့် ရှိလှပေတော့သည်။
သူသည် ပါးစပ်စွန်းမှ စီးကျလုဖြစ်နေသည့် တံတွေးများကို သတိမထားမိစေဘဲ လျင်မြန်စွာ သုတ်လိုက်ပြီးနောက် ချီယွီရွှမ်းကို တည်ကြည်သော အမူအရာဖြင့် စိုက်ကြည့်နေလိုက်သည်။
စစ်ဗိုလ်များ ဝိုင်းရံထားခြင်း ခံရသည့် ချန်ရိကျစ်မှာ အလွန်ပင် ကြောက်လန့်နေပြီဖြစ်သည်။ သူသည် အစ်ကိုကြီးနှစ်ဦးကို လက်ဖက်ရည်တစ်ခွက်သာ ကျွေးမွေးလိုက်မိခြင်းဖြစ်ပြီး ယခုကဲ့သို့ လူအများ၏ ပြင်းထန်သော အကြည့်များဖြင့် စိုက်ကြည့်ခံရမည်ဟု လုံးဝမထင်မှတ်ထားခဲ့ပေ။
"ပြောစမ်း! ဘာလို့ သူတို့ကို လက်ဖက်ရည် သွားတိုက်တာလဲ!"
ချန်ရိကျစ်မှာ တုန်လှုပ်သွားပြီးနောက်မှ သတိပြန်ဝင်လာသည်။ သူသာ ရှင်းမပြနိုင်ပါက ရန်သူ့ထောက်လှမ်းရေးဟု သံသယဝင်ခံရနိုင်ခြေရှိသည်။
ချန်ရိကျစ်မှာ မျက်နှာရဲတွတ်သွားပြီး တုန်လှုပ်စွာ ရှင်းပြနေသည်။
"မဟုတ်... မဟုတ်ဘူး! ကျွန်တော်... ကျွန်တော် ဒီအစ်ကိုကြီးနှစ်ယောက်က ကျွန်တော့်အပေါ် အရမ်းကောင်းကြလို့ပါ။ ကျွန်တော် သူတို့ကို ကျေးဇူးတင်လို့ပါ"
"ကျေးဇူးတင်လို့တဲ့လား? ကျေးဇူးတင်ရင်... ဘာလို့..."
ရှူကျစ်ယွီက ပြုံး၍ ဝင်ရောက်ပြောဆိုလိုက်သည်။
"ဆန္နရွက်ပါ"
ထိုစစ်ဗိုလ်က ရှူကျစ်ယွီကို ကျေးဇူးတင်ကြောင်း အမူအရာဖြင့် ပြုံးပြလိုက်ပြီးမှ ချန်ရိကျစ်ကို ပြန်လည် စိုက်ကြည့်လိုက်သည်။
"ဟုတ်တယ်! ဆန္နရွက်! ပြောစမ်း! မင်းမှာ ဘာအကြံအစည်ရှိလဲ!"
"ကျွန်တော်... အဲဒါ ဆန္နရွက်မှန်း မသိခဲ့ပါဘူး... ကျွန်တော်က သာမန်လက်ဖက်ရွက်ပဲ ထင်ခဲ့တာပါ"
ချန်ရိကျစ်မှာ မျက်ဝန်းထောင့်များ နီရဲလာပြီး မျက်ရည်ကြည်များ စီးကျလာတော့သည်။ ရှူကျစ်ယွီသည် မိမိ၏ စိတ်ထဲမှပင် ချန်ရိကျစ်အား ချီးကျူးလိုက်သည်။ ဟုတ်ပြီ၊ ထိုအတိုင်းပဲ ဆက်လုပ်! ရှောက်ရွှမ်းရွှမ်း အမုန်းဆုံးအရာမှာ ထိုကဲ့သို့ အားနည်းပြီး ကြောက်တတ်သည့် အမျိုးသားများပင်ဖြစ်သည်။
မူလဝတ္ထုထဲတွင် သူသည် ချန်ရိကျစ်ကို စိတ်မဝင်စားခဲ့ပေ။ တစ်ခုခုဆိုလျှင် မျက်ရည်လည်နေတတ်သည့် ထိုကဲ့သို့သောသူကို သူမည်သို့မျှ သဘောကျမည်မဟုတ်ပေ။
သို့သော် ရှူကျစ်ယွီ စိတ်ပျက်မိသည်မှာ ထိုသူသည် ဉာဏ်ရည်နည်းပါးသော်လည်း စေတနာတော့ အလွန်ကောင်းမွန်နေခြင်းဖြစ်သည်။
နောက်ပိုင်းတွင် ချီယွီရွှမ်းက ထိုသူ၏ စေတနာကို သဘောကျသွားမည် ဖြစ်သည့်အတွက် သူတို့နှစ်ဦးကြားတွင် မည်သည့် 'မတော်တဆ' ဖြစ်ရပ်မျိုးမှ မဖြစ်ပွားစေရန် သူတို့နှစ်ဦးကို ခွဲထုတ်ထားရမည်ဟု ဆုံးဖြတ်လိုက်သည်။
ထိုနေ့မှစ၍ သူတို့နှစ်ဦးကြားတွင် ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးမျိုး ဖြစ်ပေါ်လာခွင့်ကို သူ ခွင့်ပြုမည်မဟုတ်ပေ။ မိမိကိုယ်တိုင်ကသာ ချီယွီရွှမ်း၏ အကောင်းဆုံးသော ချစ်သူ ဖြစ်လာရပြီးလျှင် နောက်ပိုင်း၌၊ ချီယွီရွှမ်းသည် ခဏခဏ မျက်ရည်ကျတတ်သည့် အမျိုးသားတစ်ဦးကို ဘယ်တော့မှ၊ သဘောကျသွားလိမ့်မည် မဟုတ်ဟု သူ ခိုင်မာစွာ ယုံကြည်နေသည်။
ရှူကျစ်ယွီ မျှော်လင့်ထားသည့်အတိုင်းပင် ချန်ရိကျစ်၏ မျက်လုံးများ အလွယ်တကူ နီရဲလာကာ၊ မျက်ရည်ကျလုနီးပါး ဖြစ်လာသည်ကို မြင်သောအခါ ချီယွီရွှမ်း၏ မျက်ဝန်းတို့တွင် စက်ဆုပ်ရွံရှာသည့် အရိပ်အယောင်များ ပေါ်လာသည်။
သို့သော်လည်း ဤယုန်ဖြူလေး၏ မျက်ရည်မှာ လူတို့၏ သနားစိတ်ကို ဆွဲဆောင်နိုင်သည့် စွမ်းအားရှိပုံရသည်။ အနည်းဆုံးတော့ သူ ငိုယိုတော့မည့်အချိန်တွင် သူ့အား ပြင်းထန်စွာ စစ်ဆေးမေးမြန်းနေသည့် စစ်ဗိုလ်မှာပင် ပူပန်လာပြီး၊ ချီယွီရွှမ်းဘက်သို့ အကူအညီတောင်းလိုသည့်ပုံစံဖြင့် လှမ်းကြည့်လိုက်သည်။
"စစ်သူကြီး... ရိကျစ်က အမှတ်တမဲ့ မှားယွင်းသွားတာလို့ ကျွန်တော်တို့ ထင်ပါတယ်။ သူက အသေးစိတ်ကိစ္စတွေကို သေသေချာချာ မသိတတ်လို့ပါ"
အစောင့်နှစ်ဦးမှာလည်း ချန်ရိကျစ်အတွက် ဝင်ရောက်ရှင်းပြပေးကြသည်။ သို့သော် သူတို့၏ ရှင်းပြပုံမှာမူ ပြောစရာစကားပင် မရှိလောက်အောင်ပင် ဖြစ်သည်။
ရှူကျစ်ယွီမှာ ထိုအစောင့်နှစ်ဦးအား ပို၍ပင် သဘောကျသွားသည်။ *ဆက်လုပ်ကြပါ၊ မရပ်လိုက်ကြပါနဲ့! ဒီလူမိုက်လေးရဲ့ ဉာဏ်ရည်ပြဿနာကို ပိုထင်ရှားအောင် လုပ်ပေးလိုက်ကြစမ်းပါ။ ရှောက်ရွှမ်းရွှမ်းရဲ့ စိတ်ထဲမှာ သူ့ကို အသိဉာဏ်မရှိတဲ့သူလို့ အထင်ရောက်သွားအောင် ပိုလုပ်ပေးလေ၊ ပိုကောင်းလေပဲ!*
ချန်ရိကျစ်မှာ မျက်ရည်များကို သုတ်ရင်း တည်ကြည်ခက်ထန်နေသည့် ချီယွီရွှမ်းကို ကြည့်လိုက်သည်။ သူသည် ဤမျက်နှာထား တင်းမာသည့် စစ်သူကြီးအား အမှန်ပင် ကြောက်ရွံ့လှသည်။ တစ်ဖက်လူသာ သူ့အား ရိုက်နှက်ပါက အသက်ပင် ပျောက်သွားနိုင်မည်ဟု သူ စိုးရိမ်နေမိသည်။
ချီယွီရွှမ်းမှာ ထိုသို့ ပြောလိုက်သည်။ ချန်ရိကျစ်နှင့် ပတ်သက်၍ သူ တစ်စုံတစ်ရာ မှတ်ချက်မပေးခဲ့သည်မှာ ထူးဆန်းလှသည်။
အစောင့်နှစ်ဦးမှာ ခဏတာ ကြောင်အသွားပြီးနောက်မှ အလွန်အမင်း ဝမ်းသာသွားကြသည်။ မည်သို့ပင်ဖြစ်စေ၊ တပ်သားကိုင်တုတ်ချောင်း (၅၀)ဖြင့် ရိုက်နှက်ခံရမည့်အရေးမှ လွတ်မြောက်သွားသည်မှာ ကောင်းသည့်ကိစ္စပင်ဖြစ်သည်။
"ကျေးဇူးတင်ပါတယ်၊ စစ်သူကြီး"
"ကျေးဇူးတင်စရာရှိရင် သမားတော်ရှူ ကိုသာ ကျေးဇူးတင်လိုက်ပါ။"
ချီယွီရွှမ်းမှာ အေးစက်စက် လေသံဖြင့် ပြောလိုက်ပြီး ရှူကျစ်ယွီရှိရာသို့ လှည့်ကြည့်လိုက်သည်။
...