Part 289
လင်းလန်က သူမ ကလေးများကို ထပ်မံ၍သင်ပြပေးလိုက်ပြန်သည်။
"မင်းတို့ရဲ့အဖေကိုကြည့်လိုက်... ရင်းနှီးတဲ့ ရဲဘော်ရဲဘက်တွေ သူငယ်ချင်းတွေအများကြီးရှိတယ်... ဒါက လူမှုဆက်ဆံရေးကောင်းခြင်းပဲ... သူတို့အားလုံးက သူငယ်ချင်းကောင်းတွေဖြစ်ပြီး ဝံပုလွေလို ခွေးလိုလူတွေမဟုတ်ကြဘူး...လူကြီးလူကောင်းဆက်ဆံရေးဆိုတာက ရေလိုကြည်လင်တယ်... အချင်းချင်း အပေါ်ယံမှာခင်တွယ်မှုတွေ ချစ်ခင်မှုတွေမပြနေသလို တစ်နေကုန်လည်း လည်ပတ်ပြီး အတူရှိမနေကြဘူး.... ဒါပေမဲ့ စိတ်ထဲထားကြတယ်... မကြာခဏဆက်သွယ်ကြတယ်... လူတိုင်းက ကိုယ့်ရဲ့နေ့စဉ်ဘဝကိုပုံမှန်လို ဖြတ်သန်းနေကြပေမဲ့ တစ်ယောက်ယောက် ပြဿနာတက်တာနဲ့ ကူညီပေးဖို့အသင့်ရှိကြတယ်...."
သူမက တဝမ်ကိုလည်းကြည့်လိုက်ပြီး သူမစကားသေချာနားထောင်နေလား ကြည့်နေလိုက်သည်။
အားဝမ်က သေသေချာချာလေးနားထောင်နေပြီး တခြားကလေးများကလည်း နားထောင်ကြသော်လည်း အချို့က မသင့်လျော်စွာဟာသလုပ်နေကြသည်။
ဟန်ချင်းစုန့်က သူ့လက်ကိုဆေးကာ လင်းလန်ကိုပြောလိုက်သည်။
"မကြာခင် တစ်ယောပ်ယောက်လာပြီး ရေချိုးဇလုံလာပို့လိမ့်မယ်... မင်းဘယ်နားထားချင်လဲ..."
လင်းလန်က ပျော်ရွှင်စွာပြောလိုက်သည်။
"ပြီးသွားပြီပေါ့လေ.... ရောက်လာရင် အနောက်ဘက်အခန်းထဲသာထားလိုက်ပါ... ကျန်တဲ့နေရာတွေက ထားစရာမရှိဘူး..."
ဟန်ချင်းစုန့်:" နွေဦးရောက်ရင် အနောက်ဘက်အခန်းနဲ့အိမ်မကြီးနဲ့ ဆက်လိုက်မယ်...."
အမိုးပြင်ဆက်ရခြင်းမှာ အဓိကအခန်းများဆောက်ရခြင်းထက် ငွေကုန်နည်းလေသည်
လင်းလန်က "အင်း...."ဟုသာပြောလိုက်သည်။
ယခုအချိန်တွင် အခန်းထဲတွင် အသားနံ့တို့ပြည့်နေကာ ကလေးများက စကားပင်မပြောပဲ ရနံ့တို့ဖြင့်ယစ်မူးနေကြသည်။
တဝမ်က သူမရှေ့တွင် ခြင်းတောင်းကိုချလိုက်သည်။
"အဘွားပေးလိုက်တာ..."
လင်းလန်ယူကြည့်လိုက်သောအခါသလဲသီးအချို့၊ ဘူးသီးခြောက်ယောက်ချိုနှင့် အနီရောင်စွန်ပလွံများဖြစ်ပြီး ငွေရောင်ငါးကြင်းအသေးတစ်ကောင်လည်းပါသေးသည်။ သူမ ပြုံးရင်းပြောလိုက်သည်။
" ဟင်းစားအချို့နဲ့ အသီးတွေပဲ...."
ဟန်ချင်စုန့်က သူနွေသီတွင်သုံးခဲ့သော ကြွေစွပ်ပြုတ်အိုးကိုထုတ်ယူလိုက်သည်။
"ဒါကို ဆေးကြိုဖို့သုံးရအောင်...."
လင်းလန်က ကြည့်လိုက်သည်။ ၎င်းက အလုပ်ဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေ သံအိုးနှင့် မြေအိုးများကိုလည်း သုံး၍ရမနေချေ။
"ကောင်းပြီလေ... အဲ့အကြောင်းမနက်ဖြန်မှဆက်ပြောကြမယ်...."
ယနေ့တွင် သူမက အသားများပြုတ်ထားသည်ဖြစ်ရာ ထိုအိုးဖြင့်ပင် ဆေးကြိုပါက အရသာအတော်ဆိုးပေလိမ့်မည်။
သူမက ယနေ့တွင် စန်းဝမ်နှင့်ရှောင်ဝမ်နှစ်ယောက်ပေါင်း၏ တိုက်ခိုက်မှုကိုခံစားရပြီးဖြစ်၍ နောက်တစ်ခုဖြင့် အတိုက်ခိုက်မခံချင်တော့ပေ။
ဟန်ချင်စုန့်:"သမားတော်ကပြောတယ်... ဒီအချိန်လောက်မှာသောက်ရမယ်တဲ့...."
သမားတော်က သူရေချိုးပြီးချိန်တိုင်း ဆေးကိုကြိုထားကာ ငါးရက်ဆက်တိုက်သောက်ပါက သုံးလအတွင်း ဆေးစွမ်းပြမည်ဟုဆိုလေသည်။
လင်းလန်က သူ့ကိုပြုံးပြလိုက်သည်။
"မကြောက်ပါနဲ့.. ဆေးကဘယ်လောက်ကောင်းကောင်း အကြာကြီးတော့မဆိုးနိုင်ပါဘူး...."
ကလေးလိုအချော့ခံလိုက်ရသည့် ဟန်ချင်စုန့် :"....."
ထို့နောက် တစ်မိသားစုလုံး နေ့လည်စာကိုပျော်ပျော်ကြီးစားကြလေသည်။
အသားက နူးညံ့ကာအိနေပြီး ခေါက်ဆွဲများက စေးပိုင်ကာ မွှေးပျံ့လေသည်။ မှိုများက အသား၏ အရသာကိုဖြည့်စွက်ပေးရုံသာမက အဆီအနှစ်များကိုပါထုတ်ပေး၍ ရွှေရောင်တွဲဘက်ဟုပြောလျှင်ပင် မလွန်ချေ။
လူတိုင်းက ပါးစပ်တွင်ဆီများကွက်အောင်စားကြပြီး စန်းဝမ်က ပန်ကိတ်ထဲမျက်နှာမြုပ်နေကာ မျက်နှာတစ်ခုလုံးပင်ပေကျံ နေလေသည်။
လူတိုင်းက ကိုယ့်အသားခွဲတမ်းကိုယ်စားနေကြသဖြင့် မည်သူကမှအိမ်လည်မသွားကြ မလာကြပေ။
လင်းလန်က အသားတစ်ပိုင်းကိုယူပြီး စန်းဝမ်ပန်းကန်ထဲထည့်ပေးလိုက်သည်။
"လုပ်စမ်းပါ.... ညီငယ်လေးရယ်... ဒါလေးနဲ့ထိုက်တန်ပါတယ်...."
စန်းဝမ်:"...."
တဝမ်ကိုကြည့်ပြီး ပြုံးလိုက်ကာ တဝမ်ပန်းကန်ထဲ ထိုအသားဖတ်ထည့်ပေးလိုက်သည်။
"အစ်ကိုကြီး... ဒါအစ်ကိုကြီးကိုပေးမယ်...."
တဝမ်က သူ့ကိုစိုက်ကြည့်ပြီး ဘာမှမပြောလိုက်ဘဲ ထိုအသားကိုစားလိုက်သည်။
မိုင်စွေ့နှင့်အားဝမ်မှာလည်း အပျော်ကိုမထိန်းနိုင်ကြပေ။ အမြွှာနှစ်ယောက်က စိတ်ရှင်းရှင်းထားတတ်ကာ တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိကြပြီး အချင်းချင်းမျက်လုံးချင်းသာစကားပြောကြသည်။ သူတို့က အမြဲတမ်း အခြားလူများထက် ပိုပျော်နိုင်လေသည်။
ရုတ်တရက် ရှောင်ဝမ်က ကဗျာတစ်ပုဒ်ကိုဆိုငြီးလိုက်သည်။
"အာ~~အသား... အရမ်းမွှေးတယ်... နေ့ရက်ကလည်း အရမ်းကိုလှပနေတယ်...."
ထိုစကားလုံးလေးအနည်းငယ်က ကာရံညီနေပြီး ရေဒီယိုမှထုတ်လွှင့်သည့် အော်ပရာများနှင့်ပင်တူနေသေးသည်။
ရုတ်တရက် ထမင်းစားစားပွဲတစ်ခုလုံးတိတ်ကျသွားပြီး လူတိုင်းက ရှောင်ဝမ်ကိုကြည့်နေကြသည်။ သူက ကြက်သွန်ဖြူအပင်မှ သစ်ခွပန်းတစ်ခုပွင့်အာလာသလို ပို၍ပို၍ဆန်းကျယ်လာကြောင်း တွေ့လိုက်ကြသည်။
လူတိုင်း သူ့ကိုကြည့်နေမှန်းသတိထားမိ၍ ရှောင်ဝမ်က အနည်းငယ်ရှက်သွားကာ သူ့မျက်နှာလေးက ရဲခနဲဖြစ်သွားပြီး ခေါင်းလေးငုံ့ကာ အသားကိုတတိတိကိုက်ဝါးလေသည်။
"ဟားဟားဟားဟား....."
စန်းဝမ်က စားပွဲခုံကိုပုတ်ကာ အားပါးတရအော်ရယ်သည်မှာ သူ့ပန်းကန်ပင်ပြောင်းပြန်လန်လုနီးနီးပင်။
ရှောင်ဝမ်က နှုတ်ခမ်းလေးထော်သွားကြီး သူ့ကိုဒေါသထွက်စွာကြည့်ကာ သူ့တတိယအစ်ကိုက ဘာကြောင့်ထရယ်နေသလဲ နားမလည်နိုင်ဖြစ်နေရသည်။
လင်းလန်လည်း စန်းဝမ်ကို ချက်ချင်းစိုက်ကြည့်လိုက်သည်။
စန်းဝမ်က လက်မထောင်ပြလိုက်သည်။
"အစ်ကိုကြီးရှောင်ဝမ်.... အရမ်းတော်တယ်... အခုကစပြီး မင်းကိုအစ်ကိုကြီးလို့ခေါ်တော့မယ်...."
အားဝမ်နှင့် မိုင်စွေ့ကလည်း လက်မထောင်ပြသည်။
"အစ်ကိုကြီးရှောင်ဝမ်...."
တဝမ်:"နုံအလိုက်တာ...."
"ဝိုး......"
ရှောင်ဝမ်ကလည်း ပျော်ပျော်ကြီးလိုက်ပြောလေသည်။
ဟန်ချင်စုန့်က သူ့ကလေးများကိုကြည့်လိုက်သည်။
ကလေးများအားလုံးက ပျော်ရွှင်စွာပြုံးနေကြသည်။ သူ၏ဆန့်ကျင်ဘက်တွင်ထိုင်နေသော လင်းလန်ကလည်း ချိုမြိန်စွာပြုံးနေသည်။ ၎င်းက အလွန်ကောင်းမွန်လှသည်။ အနည်းဆုံး သူပြန်လာရသည်ကို နောင်တမရမိတော့ပေ။
ထိုအချိန်လေးတွင် လင်းလန်က သူ့ကိုမျက်စိမှိတ်ပြ၍ သူ့နှလုံးသားလေးက ချက်ချင်းနူးညံ့ပျော့ပြောင်းသွားလေရာ သူမကိုသာစိုက်ကြည့်နေမိသည်။
လေးထောင့်စားပွဲတစ်ဖက်တစ်ချက်ရှိ ကလေးများက သူတို့မိဘများ၏ လှုပ်ရှားမှုလေးများကိုကြည့်ပြီး သူတို့လည်း အချင်းချင်းမျက်စပစ်ပြလိုက်သည်။
သူတို့မိသားစုက လေးထောင့်စားပွဲတွင်စားကြရသည်။ ပုံမှန်ဆိုလျှင် အိမ်ထောင်ဦးစီးဟန်ချင်စုန့်က ထိပ်ဆုံးတွင်ထိုင်ရမည်ဖြစ်သော်လည်း သူတို့က အခြားလူများအတိုင်း လိုက်မလုပ်ခဲ့ပေ။ ဟန်ချင်စုန့်က လေအေးများတိုက်ရာ တံခါးနှင့်တန်းတန်းနေရာရှိ အခန်းအစွန်တွင်ထိုင်ပြီး မိသားစုကို လေအေးများဒဏ်မှ ကာပေးလေသည်။
လင်းလန်က ရှောင်ဝမ်နှင့်အတူ သူနှင့်ဆန့်ကျင်ဘက်တွင်ထိုင်ပြီး မိုင်စွေ့နှင့်အားဝမ်က အရှေ့ဘက်တွင်ထိုင်ကာ တဝမ်က အနောက်ဘက်တွင်ထိုင်လေသည်။
သူတို့က ညီအငယ်ဆုံးလေးနှင့် အိမ်ရှိမိန်းကလေးများကို လေဒဏ်ကာကွယ်ပေးသည့်ပုံဖြင့်ထိုင်ကြလေသည်။
Xxxxx
Part 290
ယခုအချိန်တွင် လင်းလန်နှင့် ဟန်ချင်စုန့်က ထမင်းစား စားပွဲတွင်ထိုင်ရင်း အီစီကလီလီလုပ်နေကြပြီး ကလေးများက ထိုင်ကြည့်နေကြသည်။
လင်းလန်၏ပါးများက ပူလောင်လာပြီး ဟန်ချင်စုန့်ကမူ လုံးဝမျက်နှာသေဖြစ်နေလျက် မျက်လုံးများကသာ ကလူကျီစယ်လိုသော အရိပ်အယောင်တို့ရှိနေသည်။
သူအကြည့်များကိုနေရာပြောင်းလိုက်ချိန်တွင် စန်းဝမ်နှင့်တဝမ်ဆီအကြည့်ရောက်သွားသည် သူ၏အတွေ့အကြုံများအရ စန်းဝမ်ပါးစပ်ဟရန်ပြင်လိုက်ချိန်တွင် ကြိုပြောလိုက်ရသည်။
"ပါးစပ်ထဲမှာအစားအသောက်ရှိနေရင် စကားမပြောနဲ့....."
ဟန်ချင်စုန့်ကတော့ စန်းဝမ် အစားအသောက်မနင်လျှင်အဆင်ပြေပြီဖြစ်ပြီး သူ့ဘာသာစကားပြောချင်မပြောချင် ဂရုစိုက်မနေပေ။
...
နေ့လည်စာစားပြီးနောက်တွင် စားပွဲကိုချက်ချင်းသန့်ရှင်းရေးလုပ်ကြပြီး ဟန်ချင်စုန့်က ပန်းကန်များဆေးကူကာ တဝမ်နှင့်အားဝမ်က ကျောင်းတွင်သင်ခဲ့ရသလို စစ်တုရင်ကစားရင်း အလုပ်ရှုပ်နေကြသည်။
စန်းဝမ်က သူတို့ကို ပျော်ပျော်ကြီးကြည့်နေပြီး မိုင်စွေ့နှင့်ရှောင်ဝမ်က ရေဒီယိုကိုဖွင့်ကာ သီချင်းနားထောင်လိုက် ပုံပြင်နားထောင်လိုက်လုပ်နေသည်။
ဟန်ချင်စုန့်က ပန်းကန်ဆေးပြီးနောက် သူ့လက်သူဆေးလိုက်သည်။ သူက လေကာရာဘက်တွင် အုတ်ခဲများဖြင့် ရိုးရိုးရှင်းရှင်းမီးဖိုတစ်ခုဆောက်ကာကြွေအိုးတင်ထားလိုက်သည်။
"အစ်ကို.... အစ်ကိုမှာထားတဲ့ ရေချိုးဇလုံအကြီးကြီးရပြီနော်...."
လင်းလန်က အသံကြားသည်နှင့်ချက်ချင်းပြေးကြည့်လေသည်။အပြင်ဘက်တွင် ဟန်ချင်းယွမ်က မြည်းလှည်းကိုမောင်းရင်း ဟန်ချင်စုန့်အထူးမှာထားသော ရေချိုးဇလုံကိုတင်လာလေသည်။
အကန့်အသတ်အခြေအနေများအရ ရေချိုးဇလုံက အတော်တော်လေးကိုကြီးနေခဲ့သည်။
လင်းလန်၏အမြင်တွင် ၎င်းကကြီးလွန်း၍ လူကြီးနှစ်ယောက်ပင် ဝင်စိမ်၍ရလုနီးနီးပင်။ ထိုမျှလောက်ကြီးစရာတကယ်မလိုအပ်သလို အရွယ်အစားအရ ဈေးကြီးလှမည်ဖြစ်၍ ဤအရွယ်တစ်ဝက်လောက်ဆိုရပြီဟုတွေးမိသည်။
ထိုသို့တွေးမိသော်လည်း မိမိခင်ပွန်း၏မိမိအတွက် တွေးပေးသောအတွေးလေးကို အပြစ်မတင်ချင်၍ ဘာမှမပြောလိုက်ပေ။ ဟန်ချင်းစုန့်ကိုသာ သူမလိုချင်တာဝယ်ပေး၍မြှောက်ပင့်နေလိုက်သည်။
သူမမြှောက်ပင့်သည်နှင့် ဟန်ချင်စုန့်မျက်လုံးများက ပြုံးယောင်သမ်းလာသည်။
ဟန်ချင်းယွမ်နှင့် သူ့ဆရာက သစ်သားရေဇလုံကြီးကိုချပေးကာ ဟန်ချင်စုန့်ကို ဆရာကရေနွေးတစ်အိုးယူလာရန်ပြောလိုက်သည်။
အိမ်ထဲသို့ဝင်လိုက်ပြီးချိန်တွင် ဟန်ချင်စုန့်က သစ်သားရေဇလုံကို နံရံနားကပ်ထားလိုက်ကာ နေရာအများကြီးမယူအောင်သေချာထားလိုက်သည်။
ကလေးများက ဧည့်သည်များလာသည်ကိုမြင်သည်နှင့် အနွေးကုတင်ပေါ်ရှိ စစ်တုရင်ဘုတ်ပြားကိုမကာ စားပွဲခုံပေါ်တင်လိုက်သည်။
မိုင်စွေ့က ဧည့်သည်များအတွက် ရေခပ်ပေးလေသည်။
လင်းလန်ကပြောလိုက်သည်။
"စွပ်ပြုတ်ကျန်သေးတယ်မလား... ပူနေတုန်းလေး.ပန်းကန်လုံးကြီးကြီးနဲ့ထည့်ပေးလိုက်..."
လက်သမားဆရာက အတော်လေးစိတ်လှုပ်ရှားသွားရသည်။
"မဟုတ်ဘူး.... မထည့်ပေးပါနဲ့.... ရေပဲသောက်ပါ့မယ်... ကျွန်တော်စားပြီးပါပြီ...."
ဤသည်မှာ ဤအိမ်သို့ သူပထမဆုံးရောက်ဖူးချိန်ဖြစ်၍ ဤအိမ်ရှိအစားအသောက်များကိုစားရန်မှာ စိတ်မလုံချေ။
မိုင်စွေ့က သူ့ကိုထည့်ပေးနေဆဲဖြစ်ပြီး ဆားဖြူးကာ ကြက်သွန်မြိတ်လေးပါထည့်ပေးလိုက်သည်။
လက်သမားဆရာမှာ ထပ်ကာထပ်ကာကျေးဇူးတင်နေပြီး ခေါင်းဆောင်ဟန်၏မိသားစုထဲမှ သမီးအကြီးဆုံးကိုယ်တိုင်က သူ့အတွက်စွပ်ပြုတ်ထည့်ပေးနေ၍ မယုံနိုင်အောင်ဖြစ်နေမိသည်။
မိုင်စွေ့က ထိုလူ၏အလွန်အမင်းထိန်းချုပ်ထားကာ လေးစားနေသည့်ပုံစံကို သိချင်စိတ်အပြည့်ဖြင့်ကြည့်နေမိသည်။
လက်သမားဆရာက စွပ်ပြုတ်သောက်ပြီးနောက်တွင် နှုတ်ဆက်စကားဆိုလေသည်။ လင်းလန်က သူ့ကို နှစ်ဆင့်ပေးလိုက်သည်။
"ပြေးလွှားပေးတာ ကျေးဇူးတင်ပါတယ်ဆရာရေ... "
လက်သမားဆရာမှာ မြန်မြန်ငြင်းလေသည်။
"ခေါင်းဆောင် ဟန်က အကုန်ပေးပြီးပါပြီ.... ကျွန်တော်တို့က လာပို့ပေးရုံလေးပါ...."
လင်းလန်က သူ့ကိုအတင်းပေးလေသည်။ လက်သမားဆရာများမှာ ပိုက်ဆံခက်ခက်ခဲခဲရှာရသူများဖြစ်သည်။ ထို့ကြောင့် ထိုက်တန်သည့်အခကြေးငွေရမှာသာ သူတို့မိသားစုများအတွက်အဆင်ပြေမည်ဖြစ်သည်။
လက်သမားဆရာက ကျေးဇူးတင်စကားပြောပြီး ပိုက်ဆံယူကာထွက်သွားခဲ့သည်။
ဟန်ချင်းယွမ်က တဝမ်နှင့် အခြားလူများ စစ်တုရင်ကစားနေသည်ကိုကြည့်ပြီး နည်းလမ်အနည်းငယ်သင်ပေးလိုက်ရာ ကလေးများက ပူညံပူညံလုပ်လာကြသည်။
"ဦးလေး... လာမရှုပ်ပါနဲ့...."
ဟန်ချင်းယွမ်က ခေါင်းသာကုတ်နေလိုက်သည်။
"ငါက မင်းတို့ရှုံးမှာစိုးလို့ပါကွာ.... ဟားဟား..."
စန်းဝမ်:"ဦးလေး.... ဘယ်ဘက်လက်နဲ့ညာဘက်လက် ပြိုင်ထိုးရင်ဘယ်တစ်ဖက်ကနိုင်မလဲ...."
ဟန်ချင်းယွမ်:"ငါ့ ဘယ်ဘက်လက်ကပိုသန်မာတယ်လေ... ဒီတော့ ဘယ်ဘက်လက်ကသေချာပေါက်နိုင်မှာပေါ့..."
သူ ရယ်မောရင်းပြောပြလိုက်ပြီးနောက်တွင် အနောက်ဘက်အခန်းထဲဝင်ပြီး ဟန်ချင်စုန့်နှင့် စကားသွားပြောလိုက်သည်။
"မရီးရေ... ဒီသစ်သားဇလုံကြီးဝယ်ပြီး အဝတ်တွေလျှော်မလို့လား..."
လင်းလန်:"ဒီဇလုံက ရေချိုးဖို့လေ...."
ဟန်ချင်းယွမ်က ပါးစပ်အဟောင်းသားဖြစ်ကာ ဟန်ချင်းစုန့်ကိုကြည့်လိုက်သည်။
"အစ်ကို... ရေချိုးဖို့တဲ့...."
ဟန်ချင်းစုန့်က ခေါင်းငြိမ့်ပြလိုက်သည်။
"မင်းက ဆောင်းတွင်းမှာ ရေမချိုးဘူးလား..."
ဟန်ချင်းယွမ်ကာ ခေါင်းငြိမ့်ပြသလို ခေါင်းပြန်ခါလိုက်သည်။
"ဒါပေါ့ ချိုးတော့ချိုးတယ်လေ.... ဒါပေမဲ့ ဒီလောက်ကြီးတာကြီးကြတော့ တစ်မိသားစုလုံး အတူရေချိုးမလို့လား..."
ဟန်ချင်းစုန့်က ရေဇလုံကိုထိကာ အမူအရာပြလိုက်သည်။
"ကလေးတစ်အုပ်တော့ ဒီတစ်အိုးထဲထည့်လို့ရတာပေါ့...."
ဟန်ချင်းယွမ်: တစ်ခုခုမှားတယ်လို့ ဘာလို့တွေးနေမိတာလဲ...ပြီးတော့ ဒါအိုးမဟုတ်ဘူး ရေဇလုံလို့....
ဟန်ချင်စုန့်က သူ့ကိုကြည့်လိုက်သည်။
"ဒီနေ့ ဘာဖြစ်သေးလဲ....."
ဟန်ချင်းယွမ်က ချက်ချင်းအသံတိုးတိုးဖြင့် အစီရင်ခံလေသည်။
"လောင်ဟိုင်နဲ့တော့မဆိုင်ပါဘူး... သူက ကောင်တီရဲ့ခေါင်းဆောင်လေ... ကျွန်တော်ကကြ အဖွဲ့သားတွေကို စီမံခန့်ခွဲရတာ...."
ကောက်ရိတ်သိမ်းပြီး၍ ပျင်းရိနေကြသူများက ယခုအခါတွင် လောင်းကစားလုပ်နေကြပြီး ထိုလူများကို မကြာခဏဖမ်းနေရလေသည်။
ဟန်ချင်းစုန့်:"သွားလို့ရပြီ...."
ဟန်ချင်းယွမ်: ကျွန်တော့်ကိုဘယ်လောက်တောင်မုန်းနေတာများလဲဗျာ..
သူလင်းလန်ကို တာ့တာပြလိုက်သည်။
"မရီးရေ ကျွန်တော်ပြန်ပြီနော်....."
လင်းလန်က ပြုံးလိုက်သည်။
"ပင်ပန်းသွားရပြီ...."
ဟန်ချင်းယွမ်က လက်သာခါပြလိုက်သည်။
"မပင်ပန်းရပါဘူးဗျာ...."
လင်းလန်က သူ၏ရေချိုးဇလုံအသစ်လေးကို အသေအချာသွားကြည့်ပြီး ကြည့်လေကြည့်လေပိုသဘောကျလေဖြစ်ကာ ပြုံးလိုက်သည်။
"ရေနွေးတစ်အိုးတည်လိုက်ပြီး... ရေဇလုံထဲထည့်ပြီးရင် ကောင်းကောင်းကြီးရေချိုးလို့ရပြီ...."
ဟန်ချင်စုန့်:"ကိုယ်တို့အတူတူချိုးလို့ရတယ်နော်...."
လင်းလန်:"......" မကြားသလိုဟန်ဆောင်လိုက်ပြီ... တာ့တာ....
ယခုအချိန်တွင် မြို့ထဲ၌ပင် ရေချိုးအိမ်များမရှိ၍ ရေစိမ်ချိုးရန်မဖြစ်နိုင်လေသည်။
ထို့ကြောင့် အိမ်တွင်ရေချိုးဇလုံထားပြီး ချိုးခြင်းက အကောင်းဆုံးသာဖြစ်လေသည်
ဟန်ချင်စုန့်က ဆေးကိုနှစ်ခါကျိုပြီးမှ လွှင့်ပစ်လိုက်သည်။ ဆေးက ပျစ်ခဲကာမဲနက်နေ၍ သကြားလုံးအသေးလေးအနည်းငယ်ကိုပင် စားလိုက်ရသေးသည်။
လင်းလန်က သောက်ရန်ခက်ခဲနေသော်လည်း ဟန်ချင်းစုန့်ကကြည့်နေသလို ရှောင်ဝမ်က သူမကိုကျွေးရန် သကြားလုံးကြိုပြင်ထားကာ စန်းဝမ်ကလှောင်ရယ်ရန်အသင့်ပြင်နေသောကြောင့်
လင်းလန်က နှာခေါင်းသာနာနာပိတ်ကာ မျိုချရလေသည်။
ဆိုးဝါးလှပေသည်။
Xxxxx