Part 291
အေးခဲနေပြီဖြစ်၍ အချုပ်အလုပ်လုပ်ရန်ပင်မလွယ်ကူတော့ပေ။ ဆောင်းတွင်းနေ့ရက်များမှာ ညတာရောက်ချိန်မြန်လွန်းလှသည်။ ပုံမှန်အားဖြင့် ညစာ စောစောစားကာ အိပ်ရာဝင်ပြီး မနက်စောစောထကြခြင်းသာလုပ်ကြတော့သည်။
လင်းလန်၏မိသားစုကလည်း ချွင်းချက်မဟုတ်ပေ။ ညစာစားပြီးနောက်တွင် သူမက ရေနွေးအိုးကြီးတစ်အိုးတည်ကာ ကလေးများကို ရေချိုးပေးလေသည်။
မိုင်စွေ့က သန့်သန့်ရှင်းရှင်းနေရသည်ကို သဘောကျသည့် မိန်းကလေးတစ်ယောက်ဖြစ်သည်။ လင်းလန်က သူမကိုရေအရင်ချိုးပေးပြီး သေချာပွတ်တိုက်ဆေးကြောပေးကာ သန့်ရှင်းသော အတွင်းအဝတ်များဝတ်ပေးပြီး အနွေးကုတင်ပေါ်တွင် စောင်ဖြင့်ပတ်ပေးထားလိုက်သည်။ ထင်းကိုချွေတာရန်အတွက် ယခုတွင် မိုင်စွေ့က အစ်ကိုမောင်များနှင့်အတူ အနွေးကုတင်တစ်ခုတည်းပေါ်တွင် အိပ်ရသော်လည်း အနွေးကုတင်ကို အလယ်တွင် အကန့်လေးခြားထားပေးလေသည်။
သူမက ကောင်လေးများကိုလည်း တစ်ယောက်ပြီးတစ်ယောက်အစဉ်လိုက်ခေါ်လိုက်သည်။ အားဝမ်နှင့် တဝမ်က သူတို့ဘာသာချိုးသော်လည်း စန်းဝမ်နှင့်ရှောင်ဝမ်ကိုမူ သူမက ကူညီပေးလိုက်သည်။
ဟန်ချင်စုန့်က ကူညီပေးချင်သော်လည်း စန်းဝမ်ကအော်လေသည်။
"အဖေ မလုပ်ပေးနဲ့...."
ထိုလက်ကြမ်းကြီးများဖြင့် ပွတ်တိုက်ဆေးကြောပေးခြင်းခံရပါက မည်မျှ နာကျင်မည်မှန်း မည်သူသိမည်နည်း။
လင်းလန်က သူ့ကိုစနောက်ပြီးရိုက်လိုက်သည်။
"အမေလည်း အားကြီးနဲ့လုပ်ပေးတော့မှာနော်... ဒီတော့ မြန်မြန်သာလုပ်..."
ဒီ့ထက်ပြင်းသောအားဖြင့်သာ ပွတ်တိုက်ဆေးကျောပေးခံရပါက သူ့အရေခွံများပင် ကျွတ်ကျလာပေတော့မည်ဖြစ်သည်။
ရှောင်ဝမ်ကမူ ရေဇလုံထဲတွင် လိမ်လိမ်မာမာလေးထိုင်နေပေးသည်။ သူ၏အရေပြားက ရေနွေးနွေးလေးဖြင့်ထိတွေ့နေရ၍ အသားအရေမှာ နီရဲပြီးနူးညံ့နေသည်။ သူက ငြိမ်ငြိမ်လေးထိုင်နေပြီး သီချင်းလေးသာငြီးနေလိုက်သည်။ စန်းဝမ်မှာမူ ရေကိုအားရပါးရဆော့နေပြီး ရှောင်ဝမ်၏မျက်နှာကို ရေများစင်သွားစေသည်
လင်းလန်က ရှောင်ဝမ်လေးကိုထိကာ ပျော်ပျော်ကြီးပြောလိုက်သည်။
"နောက်ဆုံးတော့... အသားလေးတွေစမ်းလို့မိပြီပဲ...."
စန်းဝမ်က ထိတ်လန့်တုန်လှုပ်နေသလိုကြည့်လိုက်သည်။
"မာမားက... စားပစ်မလို့လား.. အား...."
ကြောက်သလိုဟန်ဆောင်နေသော်လည်း သူကရှောင်ဝမ်၏ပခုံးကို သွားရာနှစ်ခုထင်အောင် အမှန်တကယ်ကိုက်လိုက်လေသည်။
လင်းလန်:"စန်းဝမ်......."
စန်းဝမ်:"မာမား စိတ်ကြည်ရင်တော့ ရှောင်စန်းဝမ်လေးလို့ခေါ်ပြီး... စိတ်မကြည်ရင် စန်းဝမ်လို့အော်တယ်... မာမားကိုလည်း ဟေ့ မိန်းမကြီး...."
လင်းလန်:"......"
ဒီကလေးနှယ် ဘာတွေပြောနေပြန်လဲ....
"လျှိုချွန်းဟန် ဆီကမသင်ယူစမ်းနဲ့...."
သူမက ရှောင်ဝမ်လေးကို မြန်မြန်သန့်ရှင်းရေးလုပ်ပေးပြီး ဟန်ချင်စုန့်က ဘေးတွင် ရေခြောက်အောင်သုတ်ပေးလိုက်ကာ ရှောင်ဝမ်လေးကို ကုတင်ပေါ် ကိုယ်တုံးလုံးလေးတင်ပေးလိုက်သည်။
လင်းလန်က သပွတ်သီးခြောက်ကိုယူပြီး စန်းဝမ်ကို အားရှိပါးရှိပွတ်တိုက်ပေးလေသည်။
စန်းဝမ်က အလွန်တက်ကြွနေပြီး ရေနွေးနွေးလေးထဲတွင် စိမ်ချိုးနေရ၍ သူမဘယ်လောက်ပွတ်ပွတ်ဘယ်လိုမှ မနေချေ။
စန်းဝမ် အော်ဟစ်နေမည်ကို ကြည့်ချင်နေသော လင်းလန် :"....."
ဘယ်လိုတောင်ထူထဲတဲ့ အရေပြားလဲ...
စန်းဝမ်က နာနေသော်လည်း နေလို့ကောင်းနေပြီး ဟိုဟိုသည်သည်လျောက်ပြောနေသည်။
"မာမားကရှောင်ဝမ်ကိုကြ ဖြေးဖြေးလေးလုပ်ပေးပြီး သားကျ ဝက်မွှေးချွတ်နေသလိုပဲ... အတော်လေးမတရားဘူးနော်..."
အားဝမ်က ရေချိုးရန်ပြင်ဆင်ပြီး အခန်းထဲဝင်လာချိန်တွင် စန်းဝမ်၏ဖြစ်ပျက်နေပုံကိုကြည့်ပြီး ပြောလေသည်။
"မာမား... သားရေလဲချင်လို့...."
စန်းဝမ်က သူ့ကို ပြူးတူးတူးပြန်ကြည့်သည်။
"ဒုတိယအစ်ကိုကြီး.... အစ်ကိုကြီးကသာ သားထက် ရွှံ့ထဲမှာပိုပြေးနေတဲ့လူလေ... တခြားသူကို ရွံသလိုမကြည့်နဲ့ ဟုတ်ပြီလား...."
လင်းလန်ကပြောလိုက်သည်။
"ခဏစောင့်ဦးနော်... ပြီးမှ ရေလဲလိုက်..."
ရေများကဖြုန်းတီး၍မရပေ။ ထင်းများကလည်း အဖိုးတန်လှသည်။ သူတို့မိသားစုက ပိုက်ဆံများစွာသုံးဖြုန်းပြီးသားဖြစ်သော်လည်း ထပ်မံ၍ သုံးစွဲရန်ပြင်နေကြပြန်သည်။ အချိန်ကျလာ၍ ထင်းမလောက်တော့လျှင်ပင် နည်းလမ်းရှာ၍ရပေသည်။
လင်းလန်က အားဝမ်ကိုပြောလိုက်သည်။
"အဝတ်တွေမြန်မြန်ချွတ်လိုက်... အပြင်မှာအတော်အေးတာ..."
အားဝမ်က နည်းနည်းရှက်နေသည်။
"မာမား.... သားဘာသာ ချိုးပါ့မယ်...."
လင်းလန်:"ဒါဆို သားအဖေကို ချေးတွန်းခိုင်းမလား..."
ဟန်ချင်စုန့်က ရွံရှာနေပုံဖြင့် ပြောလိုက်သည်။
"သူတို့ဘာသူ အချင်းချင်း ချေးတွန်းခိုင်းလိုက်...."
အားဝမ်:"....."
သားကလည်း အဖေ့ကို ချေးမတွန်းပေးစေချင်ပါဘူးနော်...
အဆုံးတွင် အားဝမ်နှင့်တဝမ်က ရေအတူချိုးလိုက်ကြသည်။ စန်းဝမ်ပြောသလိုပင် သူတို့က နေ့တိုင်းချွေးဒီးဒီးကျအောင် ပြေးလွှားလေ့ကျင့်ခန်းလုပ်ရ၍ သူတို့ရေနွေးထဲစိမ်ပြီး ချေးတွန်းချိန်တွင် ရေများပင်အရောင်ပြောင်းသွားရသည်။
သူတို့ရေချိုးပြီးနောက်တွင် ဤရေများကိုသွန်ပစ်မှသာရပေမည်။
လင်းလန်နှင့်ဟန်ချင်စုန့်က ရေများကိုသွန်လိုက်သည်။ လင်းလန်က ပြုံးရင်းပြောလိုက်သည်။
"ရေတွေကို ဟင်းသီးဟင်းရွက်တွေပေါ်သာလောင်းလိုက်... ဒါဆို ကျွန်မတို့ရဲ့ ဟင်းနုနွယ်ရွက်တွေ ကြက်သွန်မြိတ်တွေက အတော်ကြီးရှည်လာလိမ့်မယ်...."
ရှောင်ဝမ်က လက်နှစ်ဖက်လုံးကို မြင့်မြင့်မြှောက်ပြလိုက်သည်။
"အဖေလောက် ရှည်လာမှာလား...."
စန်းဝမ်ကရယ်မောလေသည်။
"မင်းက အဖေ့ကို မြေကြီးတွေစားပြီး ကြီးလာတာလို့ပြောချင်တာလား...."
လင်းလန်က ထိုကလေးကို အိမ်ပြင်ကန်ထုတ်ပစ်လိုက်ချင်သည်။ ထိုကလေး၏ ပါးစပ်က လျှိုချွန်းဟန်လို ပို၍ပို၍ ဆိုးရွားလာသည်။ သူသာ တဝမ်လောက်အရွယ်ရောက်လာပါက ထိန်းမရပင်ဖြစ်သွားနိုင်သည်။
ကလေးများက အနွေးကုတင်ပေါ်တွင်လှဲနေရင်း ဘာမှလုပ်စရာမရှိ၍ ရှောင်ဝမ်က အိပ်ပျော်နေပြီဖြစ်သည်။
ကလေးငယ်လေး၏ ပါးလေးနှစ်ဖက်ကနီမြန်းနေကာ နှုတ်ခမ်းတို့ကလည်း ပန်းရောင်သန်းပြီး အလွန်နူးညံ့နေသည့်ပုံပေါက်လေသည်။
ကလေးများက အိပ်ပျော်သွားသည်နှင့် ငလျှင်လှုပ်လျှင်ပင် နိုးတတ်ကြသည်မဟုတ်ပေ။ လင်းလန်က မီးအိမ်ထဲရေနံဆီဖြည့်ပြီး မီးအိမ်ငြိမ်းသွားမည့်ရန်မှကာကွယ်ရန် ဒန်းပန်းအနည်းငယ်ကို မီးအိမ်ဝတွင်ထားလိုက်သည်။
သူမသန့်ရှင်းရေးလုပ်ပြီးချိန်တွင် ဟန်ချင်းစုန့်က ရေနွေးထည့်ပြီးပြီဖြစ်သည်။
"ရေနွေးကအိုးတစ်ဝက်ရှိသေးတယ်... အရမ်းမပူတော့ဘူး...."
လင်းလန်:"ရှင် ကျွန်မထက်အရင် ရေချိုးမလား.. ဒါမှမဟုတ် ကျွန်မချိုးပြီးမှ နောက်တစ်အိုးထပ်တည်မလား..."
ဟန်ချင်းစုန့်:"ကိုယ်က ကော်မတီမှာချိုးခဲ့ပြီ... အဲ့တော့ ညစ်ပတ်မနေပါဘူး...."
"ဒါပေမဲ့ ဆောင်းတွင်းမှာညဘက် ရေပူနဲ့ချိုးရင် သက်တောင့်သက်သာဖြစ်တယ်လေ...."
လင်းလန်က အဝတ်များချွတ်ကာ ရေထဲမြန်မြန်ဝင်လိုက်သည်။ ရေအပူချိန်ကို သူမတံတောင်ဆစ်ဖြင့်စမ်းပြီးသားဖြစ်သည်။ ၄၁သို့ ၄၂ ဒီဂရီလောက်ရှိသည်။ သူမရေထဲဝင်ဝင်ချင်း ပူသလိုခံစားလိုက်ရသော်လည်း အလွန်အမင်း သက်တောင့်သက်သာရှိလှသည်။
"အာ.... တကယ် နေလို့ကောင်းတာပဲ...."
သူမ ရေရွတ်လိုက်သည်။ ထို့နောက်တွင် ဟန်ချင်စုန့်အဝတ်ချွတ်နေသည်ကိုမြင်လိုက်ရသည်။
"ရှင်... ရှင်ပဲ မချိုးတော့ဘူးဆို...."
ဟန်ချင်စုန့်: "သက်တောင့်သက်သာရှိတယ် ဆိုလို့လေ...."
ခြေတံရှည်ကြီးများက ရေချိုးဇလုံထဲရောက်လာပြီး သူ၏လက်မောင်းများက သူမခန္ဓာကိုယ်လေးကို ဖက်တွယ်လိုက်သည်။
လင်းလန်: ရေဇလုံအရမ်းကြီးနေတာ အံ့ဩစရာမရှိတော့ပါဘူးလေ....
Xxxxxxx
Part 292
သို့သော်လည်း သူနှင့်အတူချိုးရသည်မှာ ပို၍နွေးထွေးပေသည်။
နောက်ဆုံး ဆေးကျောသန့်စင်ပြီးချိန်တွင် ရေကအေးနေပြီဖြစ်သည်။
သူမ အိပ်ရာဝင်ကာ မီးအိမ်ကိုငြှိမ်းလိုက်ပြီး ကုတင်ပေါ်လှဲလိုက်သည်နှင့် လက်ဖဝါးကြီးများက သူမ၏ခါးကိုဖက်တွယ်လာသည်။
လင်းလန်:"အဲ့ဒါတော့မဟုတ်ဘူးမလား...."
အိပ်ပါတော့လားဟင်...
"အသစ်ယူလာတယ်...."
လင်းလန်:"ဘယ်တုန်းကဝယ်လိုက်တာလဲ...."
"ဆေးတွေနဲ့တူတူလေ...."
သူ အနွေးကုတင်အောက်အနားလေးမှ သံသေတ္တာတစ်ဘူးထုတ်ကာ သူမကိုပေးလိုက်သည်။
"လောက်တယ်မလား...."
၎င်းက သေတ္တာအကြီးစားကြီးဖြစ်ပြီး ဆရာဝန်များအပ်ထည့်သည့် အလူမီနီယံသေတ္တာတစ်ခုနှင့်တူသည်။(ကွန်ဒုံးဝယ်လာတာပါ)
လင်းလန်က ရှက်လွန်း၍နီရဲနေလေပြီ။
"ရှင်.... လူတွေက ဟာသလုပ်ကြလိမ့်မယ်..."
တထုန်က သူ၏ရဲဘော်များကို ခရိုင်မြို့ထဲမှဝယ်ခိုင်းလိုက်ရန်ပြောချိန်ကတည်းက ဟာသလုပ်နေကြပြီဖြစ်သည်
ဟန်ချင်းစုန့်:"သူတို့ မလုပ်ရဲပါဘူး...."
"ပြန်ပေးလိုက်.... လူတွေသိကုန်ရင်ဘယ်လိုလုပ်မလဲ...."
လင်းလန်က သူမ နေပြန်မကောင်းလျှင်ပင် ၎င်းကို သူမတစ်သက်လုံးမတွေ့ချင်တော့ဟု ခံစားနေရသည်။
.......
နောက်တစ်နေ့မနက်တွင်
ဟန်ချင်းစုန့်က ဆေးကြိုပေးနေသည့်အတွက် လင်းလန် စိတ်သက်သာရသွားရသည်။
သူက ဂရုတစိုက်လုပ်ပေးပြီး ဆေးကို နေ့တစ်ဝက်ရေစိမ်ကာ အပူရှိန်နိမ့်နိမ့်လေးဖြင့် အကြာကြီးကြိုထားခဲ့သည်။ တစ်ခါကြိုပြီးတိုင်း ဆေးကိုငှဲ့ယူထားကာ နောက်တစ်ကြိမ်ထပ်မံကြိုလေပြီး ဆေး၏အကျိုးသက်ရောက်မှုများကို အပြည့်အဝပေါ်ထွက်လာစေသည်။
ဆေးအနယ်များကို လမ်းပေါ်လွှင့်ပစ်ရ၍ အချို့လူများက စပ်စုလာကြပြီး လူတိုင်းက သူမဆီလာရောက်မေးမြန်းကြသည်။
လင်းလန်က အချိန်ယူပြီး ရှင်းပြလေသည်။
ဆောင်းရာသီတွင် လူတိုင်းက လယ်ယာထွန်ယက်ရင်း အလုပ်ရှုပ်နေကြသော်လည်း ဟန်ချင်းစုန့်နှင့်အခြားလူများက အလုပ်ရှုပ်ကြဆုံးလူများဖြစ်ကြသည်။ သူက ရှန်ရွေ့ရွာ၏လယ်ယာမြေများကို ထွန်ယက်ရာတွင် ကြီးကြပ်ပေးနေ၍ အခြားသူများထက် နောက်ကျမှအိမ်ပြန်လာနိုင်သည်။
အလုပ်ရှုပ်လိုက် နားနေလိုက်ဖြင့် လုံးချာလိုက်ရင်း မျက်စိတစ်မှိတ်အတွင်း လူနာလ၏ဆယ့်နှစ်လမြောက်ထဲရောက်လာတော့သည်။
ခဲမတတ်အေးနေပြီဖြစ်၍ နေရာတိုင်းတွင်ရေခဲနေပြီဖြစ်ပြီး အဖွဲ့သားများက ကျောင်းတွင် ဝါဒဖြန့်အဖွဲ့များ၏ ဖျော်ဖြေမှုကိုကြည့်ရန်မှတပါး အိမ်ပြင်ပင်မထွက်ကြတော့ပေ။
ဟန်ချင်းစုန့်၏ လောင်းကစားတိုက်ဖျက်ရေး စစ်ဆင်ရေးကြီးက အလုပ်ရှုပ်သည့်အချိန်သို့ရောက်နေလေပြီ။ သူက သူ၏ငယ်သားများနှင့် ရှေးပြေးလိုက်နောက်ပြေးလိုက်လုပ်ရင်း ကွန်မြူနစ်နှင့်ကောင်တီကြားပြေးလွှားကာ အတော်လေးဖမ်းမိခဲ့သည်။
ကွန်မြူနစ်တပ်သားများက ရိုးရှင်းပြီး ကောင်တီအဖွဲ့က အနည်းငယ် အဆင့်ပိုရသည်။ သူကလျှိုကျန်းယွမ်ကို အကူအညီတောင်းပြီး တဝမ်ပြောပြသည့်နေရာများကို ရှာဖွေခိုင်းလိုက်သည်။
လျှိုကျန်းယွမ်က ပြစ်မှုကျူးလွန်သူအချို့ကို ဦးဆောင်ကာ လောင်းကစားရုံများကိုသွားပြီး ထိုမှတစ်ဆင့် သူတို့၏လျှို့ဝှက်လေ့ကျင့်ရေးနေရာကိုသိခဲ့ရသည်။
ထိုနေရာတွင် နေ့တိုင်းလူပြတ်သည်ဟူ၍မရှိဘဲ လောင်းကစားလုပ်နည်းများ အတူတူလေ့ကျင့်ကာ နေ့တိုင်းစစ်ဆင်ရေးလုပ်ကြရပြီး အထောက်အပံ့အရယူခြင်းနှင့် သမဝါယမဈေးများ၊ ဟင်းသီးဟင်းရွက်ဈေးများ၊ ငါးရက်တစ်ခါဈေးများ စသည်တ်ု၌ ပိုက်ဆံခိုးခြင်းလိမ်လည်ခြင်းများပြုလုပ်ကြလေသည်။
သူတို့က သာမာန်လူများအပေါ်တွင်သာ လက်တင်ကြပြီး အထူးသဖြင့် ရွာမှမြို့ပေါ်တက်လာသူများ၊ နေစရာနေရာမရှိသူများကို ပစ်မှတ်ထားကြသည် ထိုလူများက ပိုက်ဆံပျောက်ဆုံးပါက ကံဆိုးသည်ဟုသာသတ်မှတ်နိုင်ကြသည်။
အခြားလူများကမူ စက်ရုံများနှင့် ယူနစ်များထံမှခိုးဝှက်ကြသည်။
သူတို့တွင် အဖွဲ့ဝင်အနည်းငယ်ရှိပြီး အကုန်လုံးက နယ်ခံလူမိုက်လေးများသာဖြစ်သည်။ ထိုလူမိုက်လေးများက ကိုယ့်ဘာသာအဖွဲ့ဖွဲ့ထားကြပြီး ကိုယ်ပိုင်နယ်မြေ လမ်းကြောင်းများရှိကြလေသည်။
ထိုလူများက ငယ်စဉ်က စာကောင်းကောင်းမလေ့လာဘဲ အသက်ကြီးသောအခါတွင်လည်း အလုပ်ကောင်းကောင်းမလုပ်ချင်ကြသူများဖြစ်ကြသည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်က သူတို့က အနီရောင်တပ်သားများအဖြစ် တော်လှန်ရေးအဖွဲ့များထဲဝင်ခဲ့ကြပြီူ မြို့တစ်ခွင်ကိုလှည့်လည်ခဲ့ကြသည်။ ထို့နောက်တွင် ကလေးသူငယ်ပညာသင်ကြားရေးအစီအစဉ်က လှည်းနေလှေအောင်းမြင်းဇောင်းမချန် ပျံ့နှံ့လာခဲ့သည်။
စစ်တပ်က အရာရာတိုင်းကို ကိုင်ဆောင်ထားပြီး အလုပ် လယ်ယာဝါဒဖြန့်အဖွဲ့အဖြစ် ပြောင်းသွားရသည်။ သူတို့ကမူ အသုံးမဝင်သောလူများဖြစ်လာကြသည်။ သူတို့တွင် သင့်လျော်သောအလုပ်မရှိကြပေ။ ရွာငယ်များသို့သွားရမည်ကိုငြင်းဆန်ကာ ဆင်းရဲဒုက္ခခံရမည်ကိုကြောက်၍ မြို့ပေါ်တွင်သာ လှည့်လည်သွားလာနေကြလေသည်။
တဝမ်ကလည်း အမှားလုပ်မိပြီး ဟန်ချင်းဟွနှင့်ကျောက်ကျန့်ရှယ်နောက်လိုက်ရင်း ထိုလူများနှင့်တွေ့ခဲ့သည်။
သူကလည်း ထိုလောင်းကစားလုပ်ခြင်း၊ ဖဲကစားခြင်းနှင့် အခြားသော အရာများကိုလည်း သင်ခဲ့သေးသည်။ သူပိုသိလာလေလေ ပိုသင်ချင်လေလေဖြစ်သည်။
အဓိကသော့ချက်မှာ သူ့တွင်ပါရမီရှိနေခြင်းဖြစ်ပြီး တစ်ခေါက်သင်ပြီးသည်နှင့် တန်းခနဲတတ်မြောက်သွားရသည်။ သူတို့က သူ၏ပါရမီကြောင့် ချီးကျူးမြှောက်ပင့်ခဲ့ပြီး ချုပ်ထိန်းမည့်လူလည်းမရှိရာ သူက ကိစ္စပေါင်းများစွာကိုလုပ်ခဲ့သည်။
လင်းလန်က သူ့ကိုကျောင်းပို့ပြီးနောက်တွင် သူ့တွင် မြို့သို့ပြေးသွားရန် အခွင့်အရေးအများကြီးမရှိတော့ပေ။ ထိုလူများက သူ့ကိုသတိရနေကြပြီး ဘာလို့မလာသလဲ မကြာခဏမေးလေရာ အနာဂတ်တွင်သူ မကြာခဏလာမည်ဟုပြန်ဖြေခဲ့သည်။
စန်းဝမ်ဆီအမိမခံရဘဲ လင်းလန်နှင့် ဟန်ချင်းစုန့်က မသိခဲ့ပါက သူအသက်ကြီးလာလျှင် ပို၍ ပြဿနာများလာမည်မှာ သေချာပေါက်ပင်ဖြစ်သည်။
လျှိုကျန်းယွမ်နှင့် လော့ဟိုင်ချန်းတို့က တဝမ်ပြောပြသည့် အချက်အလက်များကို အခြေခံပြီး စုံစမ်းစစ်ဆေးခဲ့သည်။ နောက်ဆုံးတွင် ဟန်ချင်းစုန့်က ပိုရာထူးကြီးသည့် ဒါရိုက်တာကိုတင်ပြပြီး လျိုကျန်းယွမ်နှင့် လော့ဟိုင်ချန်းအပါအဝင် အခြားသူများကိုပါခေါ်သွားလိုက်သည်။ လက်ထောက်ဗျုရိုအရာရှိ လီနှင့် လက်ထောက်ဗျူရိုအရာရှိကောတို့က ထိုအကြောင်းမသိခဲ့ပဲ သူက မြို့ပေါ်ကိုသာ တိုက်ရိုက် အစီအရင်ခံလိုက်သည်။ အဖွဲ့သားများအားလုံးကို တစ်ချိန်တည်းတွင်ဖမ်းလိုက်နိုင်သည်။
သို့သော် ခေါင်းဆောင်သုံးယောက်ကို ဖမ်းမမိခဲ့ပေ။စစ်ဆေးမေးမြန်းပြီးနောက်တွင် ခေါင်းဆောင်သုံးယောက်ပေါ်မလာသည်မှာ အချိန်အတော်ကြာပြီဖြစ်ကြောင်း သိလိုက်ရသည်။ ထိုလူက နယ်ခံဒေသိယစကားကို ပြောနိုင်နေ၍ ထိုလူက ဒေသိယစကားများစွာပြောနိုင်ကြောင်း သိခဲ့ရသည်။
ထိုလူမျိုးက ပုန်းအောင်းရာတွင်တော်ပြီး ပင်လယ်ထဲရွံ့ရုပ်ပစ်လိုက်သလို ပျောက်ကွယ်တာလည်းမြန်လှသည်။
ဟန်ချင်စုန့်က ထိုကိစ္စကိုအများကြီးဂရုမစိုက်ပေ။ တဝမ်ကို လမ်းလွဲရောက်စေသည့် လူမိုက်များကို ဖမ်းပြီးဖြစ်၍ သူ၏ပန်းတိုင်က ပြီးပြီဖြစ်သည်။
သူက မြို့ထဲတွင် နေရာအနှံ့လိုက်ရှာခဲ့၍ လက်ထောက်ဗျူရိုအရာရှိလီက ဒေါသထွက်ပြီး ဒါရိုက်တာဟောင်းဆီသွား၍ ပြဿနာသွားရှာခဲ့လေသည်။
ဒါရိုက်တာဟောင်းက ပြုံးပြုံးလေးနှစ်သိမ့်ပေးလေသည်။
"ဘာလို့အဲ့လောက်ဒေါသထွက်နေတာလဲ... အကယ်၍ တစ်ယောက်ယောက်က မင်းရဲ့သားကိုမကောင်းတာတွေသင်ပေးခဲ့ပေမဲ့ မင်းကသူ့ကိုပစ်သတ်လို့မရဘူးဆိုရင် မင်းရောဘယ်လိုနေမလဲ...."
လက်ထောက်ဗျူရိုအရာရှိလီက သူ့ဆံပင်သူသပ်ကာပြောလိုက်သည်။
"ကျွန်တော်ကိုယ်တိုင် ရအောင်ပစ်သတ်မှာ...."
"ဒါဆိုပြီးပြီလေ... ဘာစိတ်တိုစရာရှိလဲ... ဟန်ချင်စုန့်က ပြည်သူ့လုံခြုံရေးဗျူရိုရဲ့နာမည်အောက်မှာ လှုပ်ရှားနေတာလေ... မင်းရဲ့နာမည်ခံကိုမယူပါဘူးကွာ... ဒါကို လျှိုကျန်းယွမ်ကိုခေါ်ဖို့လိုသေးတာလား...."
ထိုမှသာ လက်ထောက်ဗျူရိုအရာရှိလီက သူ့အမှားသူ သတိပြုမိသွားသည်။ သူအလွန်ရှက်သွားပြီး ဒါရိုက်တာဟောင်းကို တောင်းပန်လိုက်သည်။
ဒါရိုက်တာဟောင်းက လက်သာခါပြလိုက်သည်။
"ရပါတယ်... နာမည်က ငါတို့ရဲ့ ကောင်တီဗျုရိုကပဲရမှာ... ဒါပေမဲ့ ဆုအကြောင်းကိုရော မင်းသိလား..."
လက်ထောက်ဗျူရိုအရာရှိလီက ဒါရိုက်တာဟောင်းကိုကြည့်လိုက်သည်။
"ကျွန်တော်မသိဘူးလေ...."
ဒါရိုက်တောင်ဟောင်းက ခေါင်းငြိမ့်ပြလိုက်သည်။
"ကောဝေ့တုံးကလူတွေကတော့ သိကြတယ်..."
လက်ထောက်ဗျူရိုအရာရှိလီက တုန့်ဆိုင်းစွာမေးလာသည်။
"ဒါဆို ဟန်ချင်စုန့်က ရာထူးတိုးမှာ ကောင်းကျိူးတွေရမှာ မလိုချင်ဘူးလား..."
"ကောင်းကျိုးတော့မဖြစ်နိုင်ဘူး... ဒါက တရားဝင်ဆုလဒ်ပဲ...."(ကောင်းကျိုးmeans တရား၀င်ဆုမဟုတ်ပဲ သိမ်းလာတဲ့ပစ္စည်းကိုယူထားတာ)
အခိုးခံထားရသော ကုန်ပစ္စည်းများက အကြိမ်ပေါင်းများစွာ ဖြန့်ဝေခြင်းခံခဲ့ရသည်။ ၎င်းက သူတို့၏ ဘယ်လိုပြုမူရမလဲ ဘယ်အချိန်မှာရပ်ရမလဲဆိုသည်ကို လေ့ကျင့်ခြင်းသာဖြစ်လေသည်။
သူက လက်ထောက်ဗျူရိုအရာရှိလီ၏ စိတ်ပျက်မှုကိုသိပေသည်။
"အကယ်၍ ဟန်ချင်စုန့်သာ အထောက်အပံ့တွေလိုချင်ရင်...."
Xxxxx