Part 293
သူရုတ်တရက်ကြီး သူမှားသွားမှန်း သတိပြုမိလိုက်သည်။ ဟန်ချင်စုန့်က သန့်ရှင်းသည့်အထောက်အပံ့များသာလိုချင်သော်လည်း သူကတော့တစ်မျိုးတစ်မည်တွေးနေခဲ့သည်။ အရူးတစ်ယောက်လိုပင်။
သို့သော် ဟန်ချင်စုန့်က သူ့ဆီမှ နာမည်ခံခွင့်ကိုမလုယူခဲ့ပေ။ အဆုံးတွင် သူတို့အားလုံးက ကောင်တီဗျူရိုသို့ အရွေ့ပြောင်းခံရကာ လက်ထောက်ကောဆီမှလက်မှတ်ကိုတောင်းခံရသူဖြစ်သည်။
လျှိုကျန်းယွမ်က ဟန်ချင်စုန့်ကို ထိုလူများက တဝမ်ကိုတမင်တကာ မကောင်းသည့်အရာများသင်ပေးသည်လား တိုက်ဆိုင်ရုံလား စစ်ဆေးခွင့်ပြုရန် အသိပေးလာသည်။
ထိုအရာများအားလုံးက အလုပ်မှလျှို့ဝှက်ချက်များဖြစ်သလို လင်းလန်ကို တဝမ်အတွက် ထပ်မံစိတ်မပူစေချင်၍ ဘာမှမပြောပြပေ။
လင်းလန်က ယခုအချိန်တွင် အလှကုန်လုပ်နေသည်။ ထပ်ပေါင်းအနေဖြင့် အလုပ်အဖွဲ့က်ု အလုပ်အမှတ်များပိုရစေရန် တခြားအလုပ်များလည်းလုပ်ပြီး ပိုက်ဆံနှင့်အစားအစာများရရန်ကြိုးပမ်းလေသည်။
ယခုအချိန်တွင် သူမက အစားအသောက်များစွာရရှိနေပြီဖြစ့သည်။ သူမ၏မိသားစုက ထမင်းအနပ်ပြည့်မီအောင်စားနိုင်ပြီဖြစ်သလို ခေါက်ဆွဲအရည်အသွေးကလည်း ကောင်းမွန်လာပြီဖြစ်သည်။ သူမက တဝမ်ကို ကျန်နေသေးသော ဆန်ကြမ်းများကို သူ့အဘွားမိသားစုကို သွားပို့ခိုင်းပြီး ရွာထဲမှ ဆင်းရဲလှသည့် အိမ်များကိုလည်းထောက်ပံ့လေသည်။
သူမက ထပ်ပေါင်းအနေဖြင့် သစ်သီးများပင်ရသေးသည်။
အချို့အဖွဲ့များတွင် သစ်သီးခြံများရှိပြီး သူတို့သာ အစားအစာမပို့ပေးလျှင် သူတို့ကို ပန်းသီး၊သစ်တော်သီး၊ တည်သီးနှင့် ဟောသွန်းကဲ့သို့ သစ်သီးများပေးမည်ဖြစ်သည်။
သူမက တဝမ်နှင့် အားဝမ်ကို သူတို့အဘွားနှင့်အဒေါ်တို့၏အိမ်များသို့ နေ့တိုင်းလွှတ်ကာ ပို့ပေးနေသော်လည်း အိမ်တွင်အတော်များများကျန်နေသေးဆဲဖြစ်သည်။
လင်းလန် ချက်ပြုတ်ချိန်တွင် သူမက သကြားခဲအနည်းငယ်ကိုကြိုကာ အနီရောင်စွန်ပလွံသီး၊ သစ်တော်သီး သို့မဟုတ် ဟော်သွန်းအသီးများကိုပါထည့်ကြိုလေ့ရှိသည်။ ကလေးများ အိမ်သို့ပြန်ရောက်ချိန်တွင် တစ်ပန်းကန်အပြည့်သောက်လေ့ရှိသည်။ ၎င်းက နွေးထွေးကာ အာဟာရပြည့်ဝပြီး ချိုချိုချဉ်ချဉ်အရသာလေးရှိ၍ ကလေးများက အထူးနှစ်ချိုက်ကြလေသည်။
၎င်းက ကလေးများအတွက်အလွန်ကောင်းပြီး စွပ်ပြုတ်သောက်ရကြိုက်သူ သစ်သီးစားရကြိုက်သူများအတွက်လည်း အဆင်ပြေစေကာ ဖြုန်းတီးမှုလုံးဝမဟုတ်နေပေ။
ဆောင်းတွင်းတွင် ဟင်းသီးဟင်းရွက်ကအနည်းငယ်သာ ဖြစ်ထွန်းသည်။ ယွီကျင်း၏ဟင်းရွက်ခြံကြောင့်သာမဟုတ်လျှင် သူမက နေ့တိုင်း ဂေါ်ဖီထုတ်၊ မုန်လာဥနီနှင့် အာလူးများကိုသာ စားရပေလိမ့်မည်။ ကံကောင်းစွာဖြင့် လင်းလန်က ဟင်းရွက်ခြောက်များစွာကိုကြိုပြင်ထားပြီး ရွှေဖရုံသီးများကိုပါ စုဆောင်းထားသေးသည်။
သူမ အလုပ်မလုပ်သည့်အချိန်တွင် အိမ်တွင်အစားအသောက်ကောင်းကောင်းချက်ရန်သာတွေးလေ့ရှိပြီး ဟင်းပွဲအသစ်များ၊ မုန့်များနှင့် ရွှေဖရုံစွန်ပလွံကိတ်၊ ပဲနှစ်ပေါက်စီ၊ အာလူးထောင်း၊ အာလူးကိတ်၊ ကန်စွန်းဥကိတ်စသည်ဖြင့် မျိုးစုံပြုလုပ်လေသည်။ ကလေးများကတော့ ထိုမုန့်များကိုနေ့တိုင်းစားပြီး အပျော်ကြီးပျော်နေလေတော့သည်။
နေ့တိုင်း စန်းဝမ် ကျောင်းဆင်းသည်နှင့် ပြောလေ့ရှိသောစကားမှာ "ဒီနေ့ရော မာမားက ဘာအရသာရှိတာတွေလုပ်ဦးမလဲပဲ...."ဟူ၍ဖြစ်လာတော့သည်။
ရှောင်ဝမ်ကတော့ သူ့မာမားဘာလုပ်လုပ် အရသာရှိသည်ဟုတွေးပြီး အကုန်ကြိုက်လေသည်။
မိုင်စွေ့နှင့် အားဝမ်ကပြောသည်။
"စာမေးပွဲနီးနေတဲ့လူကတော့ စားလို့မရဘူးပေါ့ကွယ်... ဟားဟားဟား...."
တဝမ်က သူတို့ကိုအေးစက်စက်ကြည့်ပြီး ကျောင်းသွားသည့်အရှိန်ထက် နှစ်ဆမြန်သောအရှိန်ဖြင့် အိမ်ပြန်လေ့ရှိသည်။
သူတို့က အိမ်သို့ တစ်ယောက်ပြီးတစ်ယောက် အလျှင်စလိုရောက်လာကြပြီး ထိုအချိန်တွင် လင်းလန်က လင်းမိန်ကိုအိမ်ရှေ့လိုက်ပို့ချိန်ဖြစ်၍ သူတို့အဒေါ်ကိုနှုတ်ဆက်လိုက်ရသည်။
လင်းမိန်က ရှောင်ဝမ်ကိုဖက်လိုက်သည်။
"တွေ့ရခဲတဲ့တူလေးပါလား.... တတိယအဒေါ်တို့အိမ်လိုက်ခဲ့ပါ့လား..."
စန်းဝမ်:"တတိယဒေါ်လေး... သူ့ကိုခေါ်သွားလို့ရတယ်နော်...သားက မေမေနဲ့နေခဲ့ပြီး မာမားရဲ့သားလိမ္မာလေးလုပ်ပေးလိုက်မယ်..."
ရှောင်ဝမ်က လင်းလန်ကို ကြောက်လန့်တကြားကြည့်လာပြီး လင်းမိန်ကသူ့ကို တကယ်ကြီးခေါ်သွားမည်ကိုကြောက်နေဟန်ဖြစ်နေသည်မှာ လင်းမိန်ကို အတော်လေးစိတ်ရွှင်မြူးစေသည်။
လင်းလန်က ကောင်းကင်ကိုမော့ကြည့်ကာ ရှောင်ဝမ်ကိုဖက်လိုက်သည်။
"တတိယဒေါ်လေးကို အိမ်စောစောပြန်ပါစေ...."
ရှောင်ဝမ်က စိတ်သက်သာရာရစွာသက်ပြင်းချလိုက်ပြီး တတိယဒေါ်လေးက သူ့ကိုအမှန်တကယ်မခေါ်သွားတော့မှန်းသိ၍ စိတ်သက်သာသွားတော့သည်။ သူက လင်းမိန်ကို တာ့တာပြလိုက်သည်။
"တတိယဒေါ်လေး တာ့တာ..."
လင်းမိန်က ကလေးများကိုစနောက်ပြီး တာ့တာပြပြီးမှ အိမ်သို့ပျော်ပျော်ကြီးပြန်တော့သည်။
သူတို့အိမ်ထဲသို့ဝင်လိုက်ချိန်တွင် ကလေးများက စားပွဲခုံပေါ်တွင် တြိဂံပုံပိတ်စများစွာ တွဲချုပ်ထားပြီး အလွန်လှပသော ခန်းဆီးပိတ်စအကြီးစားကြီးတစ်ခု ရှိနေသည်ကိုမြင်လိုက်ရသည်။
"မာမားက အရမ်းတော်တာပဲ...."
ကလေးများက အံ့အားတကြီးပြောလိုက်သည်။
လင်းလန်က သူတို့ကို ပြူးတူးတူးလေးကြည့်လိုက်သည်။
"အမေ့ကိုစမနေကြပါနဲ့တော့... ဒါ မင်းတို့ တတိယဒေါ်လေးချုပ်ထားတာ... အမေကမချုပ်မလုပ်တတ်တာသိရဲ့သားနဲ့...."
အားဝမ်ကရယ်လေသည်။
"တတိယဒေါ်လေးက အချုပ်အလုပ်အရမ်းတော်တာပဲ...."
မိုင်စွေ့ကလည်း အတော်လေးသဘောကျနေသည်။
"မာမား... ဒါက အဝတ်အစားတွေချုပ်ဖို့လို့ မထင်ဘူးလား..."
လင်းလန်က တစ်ချက်ကြည့်လိုက်ပြီး အလေးအနက်ပြောလိုက်သည်။
"သမီးရယ် သေချာစဉ်းစားကြည့်လိုက်လေ.. အဝတ်အစားဆိုရင် ရိုးရှင်းပြီးကျက်သရေရှိတာမျိုးကို ချုပ်ဝတ်တာပိုကောင်းတာမလား..."
ဒီအဝတ်စက ခန်းစည်းနှင့် ကျောင်းလွယ်အိတ်ချုပ်ရန်အတွက်သာ အတော်ကြည့်ကောင်းလေသည်။
မိုင်စွေ့က ခေါင်းငြိမ့်လိုက်သည်။
"ကောင်းပြီလေ... သမီးနဲ့အားဝမ်ကိုပေးလိုက်လေနော်...."
လေးယောက်သားက အနွေးကုတင်ပေါ်တွင်အိပ်ကြပြီး သူမက အတွင်းအကျဆုံးနေရာတွင်အိပ်ရသည်။ အနွေးကုတင်အခန်းအကန့်လေးရှိသော်လည်းခန်းစည်းလေးနှင့်ဆိုလျှင် ပို၍ သီးသန့်ဆန်သွားမည်ဖြစ်သည်။ သူမ ထိုခံစားချက်လေးကိုသိလေသည်။
အထူးသဖြင့် လူဆိုးကောင်လေးစန်းဝမ်က တစ်ခါတစ်ရံတွင် ရေအများကြီးသောက်မိ၍ ညလယ်တွင် သေးထပေါက်လေ့ရှိပြီး အနွေးကုတင်ပေါ်ရပ်ကာ အိမ်ထဲရှိ မြေကြီးပေါ် သေးပန်းလေ့ရှိသည်။
သူမက အလွန်ဒေါသထွက်သွားခဲ့ပြီး ထိုသို့မလုပ်ရန် အကြိမ်ကြိမ်အခါခါပြောသော်လည်း ထိုသောက်ကလေးက ဤသို့သာပြောသည်။
"သားမှ အပြင်မှာထွက်မပေါက်ရဲတာ...."
ထို့ကြောင့် သူမမှာ သူ့ကို နောက်တစ်နေ့တွင် ကြမ်းပြင်ကိုသန့်ရှင်းရေးလုပ်ရန် တိုက်တွန်းရတော့သည်။
သူမသမီးလေးက ပြောလာသည်ဖြစ်၍ လင်းလန်က သူမလေးအတွက် ခန်းစည်းကာပေးရန် သဘောတူလိုက်ပြီး ရာသီဥတုနွေးလာလျှင် တံခါး၌ ကာပေးမည်ဖြစ်သည်။
ဟန်ချင်စုန့်ပြန်လာချိန်တွင် ညစာစားပြီးသည်နှင့် တစ်မိသားစုလုံးက အနွေးကုတင်ပေါ်တွင်ထိုင်ကာ စကားပြောရင်းရေဒီယိုနားထောင်ကြသည်။
လင်းလန်က စုဆောင်းထားသည့်ပါဝင်ပစ္စည်းများကို ထုန်ယူပြီးရွေးချယ်လေသည်။ မနက်ဖြန်က လာဘပွဲတော်ဖြစ်ပြီး သူမက ကလေးများအတွက် လာဘယာဂုချက်မည်ဖြစ်သည်။
Xxxxx
Part 294
ဟန်ချင်စုန့်က သူမကိုကူညီပေးနေပြီး ကလေးများကလည်း ကူညီပေးကြသည်။ သို့သော် ဟန်ချင်စုန့်က စန်းဝမ်ကိုလာမထိရန်တားလေသည်။
ဆန်ပြာနေချိန်တွင် ကျောက်ခဲသေးသေးလေးများကို ရွေးထုတ်ရပြီး သူကထိုကျောက်ခဲလေးများကို လွှင့်ပစ်ရန်မေ့နေလေသည်။ သို့သော် မြေပဲရွေးချိန်တွင်တော့ မြေပဲများကိုပါးစပ်ထဲပစ်ထည့်ရန် သိလေပြီး ကျောက်ခဲများကိုမထိမိပေ။
ထို့ကြောင့် ဟန်ချင်စုန့်က သူ့ကိုလာမကူရန်တားလေသည်။
စန်းဝမ်: "သား ဟာသပြောပြမယ်...."
သူက လျှိုချွန်းခိုင်နောက်တွင်လိုက်သည်ဖြစ်ပြီး ဟာသပေါင်းများစွာကို သင်ယူခဲ့သည်။
လင်းလန်က သူ့ကိုစလေသည်။
"ငါ့သမီးလေးက ငါတို့အတွက် ချက်ပြုတ်နည်းကိုဖတ်ပြပြီး ဒုတိယသားလေးက တော့ကူညီနေပြီး တခြားကလေးတွေကလည်း လိုက်ကူညီနေပေမဲ့ တစ်ယောက်သောသူကတော့ ဘာမှမကူညီနေပါလားနော်...."
စန်းဝမ်က နှုတ်ခမ်းထော်လေသည်။
"အစ်ကိုကြီးရေ... သားတော့ သားကကောက်ရလာပြီး ရှောင်ဝမ်ကတော့ သားအရင်းလို့ထင်တာပဲ...."
လင်းလန်ကို ဆန်ရွေးကူနေသော ရှောင်ဝမ်ကထပြောသည်။
"သားကတော့ သားအရင်းနော်..."
တဝမ်ကတော့ ဘာမှကိုဝင်မပြောတော့ပေ။
လင်းလန်က မျိုးစုံပြင်ထားခဲ့သည်။ အချို့က ထုတ်လုပ်ရေးအသင်းမှ ဖြန့်ချီထားသည်များဖြစ်ပြီး အချို့က သူမ၏ကိုယ်ပိုင် ဟင်းသီးဟင်းရွက်စိုက်ခင်းထဲမှဖြစ်ပြီး အချို့က တခြားသူများထံမှလဲလှယ်လာသည်များဖြစ်သည်။ ထို့အပြင် အချို့က သူမ၏အဘွားအိမ်မှဖြစ်လေသည်။ သူမက လာဘယာဂုအတွက်အတော်လေးပြင်ဆင်ပြီးပြီဖြစ်သည်။
ဗိုလ်စားပဲ၊ ပဲနီလေး၊ ပဲကြီးစေ့၊ မြေပဲ၊ သစ်ကြားသီးစေ့၊ ထင်းရှူးစေ့၊ နှမ်းစေ့၊ အနီရောင် စွန်ပလွံသီး၊ ရွှေဖရုံစေ့၊ မှိုဖြူ၊ သစ်အယ်သီးနှင့် အခြားအရာများမျိုးစုံဖြစ်သည်။
ယခုတွင် သူမလုပ်ရန်ကျန်သည်မှာပဲများထဲမှ ကျောက်ခဲသေးသေးလေးများကို ရွေးပြီးပယ်ကာ ကျန်သည်များကိုရေဆေးရန်သာကျန်တော့သည်။ တစ်ညလောက်ရေစိမ်ထားပြီး မနက်မိုးလင်းထ၍ စောစောစီးစီးကြိုပြုတ်ထားလိုက်ပါက နှစ်နာရီမျှ မီးအေးအေးဖြင့်ထားထားပြီးချိန်တွင် ပျော့ပြောင်းကာ စေးကပ်ပြီး မွှေးပျံ့သောရနံ့တို့ထွက်ပေါ်လာမည်ဖြစ်သည်။
အမျိုးသမီးအများစုက ထိုသို့လုပ်ရသည်ကို ပျင်းကြပြီး ပဲနီလေးနှင့် အခြားပဲအနည်းငယ်ထည့်ကာ မြေပဲသာထည့်၍လုပ်ကြသည်။
လင်းလန်ကတော့ ထိုသို့မလုပ်ပေ။
သူမက ဘဝကိုအလေးအနက်မထားပဲ ပေါ့ပေါ့ပါးပါးဖြတ်သန်းသူဖြစ်သည်။ အတိတ်ဘဝက သူမတစ်ယောက်တည်းနေရပြီး ပေါ့ပေါ့ပါးပါးဖြတ်သန်းကာ ပိုက်ဆံမစုခဲ့ပေ။ သို့သော် ယခုတွင် သူမတွင် မိသားစုဝင်ခုနစ်ယောက်ရှိ၍ ပို၍ အလေးအနက်ထားနေရပြီဖြစ်သည်။
ထို့ကြောင့် ဝင်ငွေအနည်းငယ်ရှိနေသော်လည်း ပို၍ချမ်းသာအောင်ကြိုးစားနေခြင်းဖြစ်သည်။
အဆုံးတွင် ပွဲတော်များမှာ အရသာရှိသည့်အစားအသောက်များအတွက်သာမက ရိုးရာဓလေ့အတွက်လည်းဖြစ်သည်။ ပွဲတော်၏အဓိပ္ပါယ်မှာ ရိုးရာဓလေ့၏ ခံစားမှုကိုပါဆောင်ယူပေးခြင်းဖြစ်သည်။
၎င်းက လင်းလန်နားလည်ထားသည့် မိသားစု၏အဓိပ္ပါယ်ဖြစ်သည်။ အဆုံးတွင် သူမ၏အရင်ဘဝ၌ မိသားစု၏ဂရုစိုက်မှုကိုအများကြီးမရခဲ့၍ သူမသိသမျှနားလည်ထားသမျှမှာ သူတပါးဆီကကြားခြင်းနှင့် စာအုပ်များထဲမှသင်ယူခြင်းသာဖြစ်သည်။
နောက်တစ်နေ့တွင် သူမစောစောနိုးလာသော်လည်း သူမဘေးတွင်ရှိရမည့် ဟန်ချင်စုန့်က ပျောက်နေကြောင်းတွေ့လိုက်ရသည်။ သူမကမူစောင်ဖြင့် တင်းတင်းကြပ်ကြပ်အထုပ်ခံထားရပြီး အနွေးကုတင်ပေါ်တွင်အတင်ခံထားရသည်။
သူမစောင်ပုံထဲမှတိုးထွက်ပြီး အဓိကအခန်းထဲရှိ လှုပ်ရှားသံသဲ့သဲ့ကိုနားထောင်လေသည်။
ဟန်ချင်စုန့်က အစောကြီးထပြီး သူမကို ယာဂုချက်ကူနေခြင်းဖြစ်သည်။
လင်းလန်က မြန်မြန်ထလိုက်ပြီး ဟန်ချင်စုန့်က သူမ၏အသံကိုကြား၍ပြောလိုက်သည်။
"အစောကြီးရှိသေးတယ်... နည်းနည်းထပ်အိပ်နေလေ...."
လင်းလန်က ပြုံးပြီးပြောလိုက်သည်။
"စားချိန်သောက်ချိန်ကလွဲလို့ ကျွန်မက နိုးလာတာနဲ့ပြန်အိပ်လို့မရတော့ဘူး...."
အဓိကအရာမှာ မနေ့ညက သူက သူမကိုမဖိထားခဲ့၍ စောစောထနိုင်ခြင်းဖြစ်သည်။
သူမ ဂွမ်းကပ်ကိုဝတ်ကာ ဂွမ်းဖိနပ်ကိုစီးလိုက်သည်။ သူမတစ်ကိုယ်လုံးနွေးသွားရသည်။
ဟန်ချင်စုန့်က သူမကို မျက်နှာသစ်ရန်အတွက် ရေနွေးလေးထည့်ပေးလေသည်။ မျက်နှာသုတ်ပြီးသည်နှင့် သူမက အသားမပတ်အောင် ခရင်မ်တစ်ခုလိမ်းလိုက်သည်။
"ဝိုး.... နှင်းကျနေတာပဲ....."
လင်းလန်က ခြံထဲတွင် နှင်းများကျနေသည်ကိုကြည့်လိုက်သည်။ ယခုမှနှင်းစကျသည်ဖြစ်သော်လည်း နှင်းမှုန်များက အလွန်ကြီးလှသည်။
တစ်ချက်ကြည့်ရုံဖြင့် အတော်လေးကြီးကြောင်းသိနိုင်သည်။
ယခုနှစ်တွင် အစောကြီးအေးလာပါသော်လည်း အောက်တိုဘာလတွင် နှင်းများကျနေလေသည်။ သို့သော် နှင်းအတော်လေးမကျသည်မှာလည်း ကြာနေပြီဖြစ်သည်။
ဟန်ရုံဖန်နှင့် အခြားလူများက စိုးရိမ်နေဆဲဖြစ်သည်။ နှင်းသာလုံလုံလောက်လောက်မကျပါက မြေပြင်ပေါ်ရှိ အဖျက်ပိုးမွှားများက ခဲ၍မသေတော့သလို မြေဆီလွှာကလည်း အစိုဓာတ်လုံလုံလောက်လောက်မရ၍ ကောက်ပဲသီးနှံတို့မဖြစ်ထွန်းနိုင်ပေ။
အရှေ့ဘက်အဆုံးရှိ တဝမ်နှင့် အားဝမ်တို့ကလည်း သူတို့၏ဇီဝနာရီအရနိုးနေပြီဖြစ်သည်။ သူတို့လေ့ကျင့်ခန်းထွက်လုပ်ရန်ပြင်ချိန်တွင် လင်းလန်က နှင်းကျနေသည်ဟုပြော၍ စိတ်ပေါ့သွားရသည်။
လင်းလန်က ဟန်ချင်းစုန့်ကိုကြည့်လိုက်သည်ဟ
"ရှင်ဒီနေ့ရော လေ့ကျင့်ခန်းလုပ်ဦးမှာလား..."
ဟန်ချင်းစုန့် : "ဒါပေါ့...."
ထိုသို့ပြောပြီးနောက်တွင် သူက လင်းလန်ကိုထင်းများပေးလိုက်ပြီး သူ၏ဘယ်ဘက်ရင်ဘတ်အိပ်ကပ်ပေါ်ရှိ ဝီစီကိုထုတ်ကာမှုတ်လိုက်သည်။
"အမေရေးးးးး"
အားဝမ်က အော်ဟစ်လိုက်ပြီး မြန်မြန်အဝတ်ဝတ်လေသည်။
တဝမ်က အိမ်ထဲပြေးဝင်သွားပြီး အပြင်ပြန်ထွက်ခါနီးတွင် စန်းဝမ်ကိုတစ်ချက်ကန်နှိုးခဲ့သေးသည်။
နှစ်ယောက်သားမှာ စောစောနိုးသည့်အကျင့်ရှိနေပြီဖြစ်သော်လည်း စန်းဝမ်က တစ်နှစ်လုံးလေ့ကျင့်ခန်းလုပ်ရန်ထခဲ့ရသော်လည်း အစောမထနိုင်သေးပေ။
ပင်ပန်းလိုက်တာနော်...
ဟန်ချင်စုန့်က သူ့ကိုအလွှတ်မပေးပေ။ သူစောစောမထနိုင်ပဲနောက်ကျလျှင်ပင် လေ့ကျင့်ခန်းကိုသေချာပေါက်လုပ်ရမည်သာဖြစ်သည်။
နောက်ဆုံးတွင် စန်းဝမ်က ထနိုင်သွားပြီး အိမ်ပြင်သို့ပြေးထွက်လာသည်။ အကြီးဆုံးအစ်ကိုနှင့် ဒုတိယအစ်ကိုတို့က အပြင်သို့အစောကြီးရောက်နေပြီဖြစ်ပြီး ဟန်ချင်စုန့်က ခြံထဲတွင် သူ့ကိုစောင့်နေသည်
"နောက်ကျလို့တစ်ချက်အရိုက်ခံရမယ်...."
စန်းဝမ်က အိပ်ငိုက်နေဆဲဖြစ်သော်လည်း ထိုအသံကိုကြားသည်နှင့် ကြောက်လန့်တကြားပြေးထွက်သွားလေသည်။
လေအေးတို့တိုက်နေပြီး နှင်းများပြင်းထန်စွာကျဆင်းနေပြီး လမ်းပေါ်တွင် ခွေးတစ်ကောင်ကြောင်တစ်မြှီးပင်မရှိချေ။
သူတို့ညီအစ်ကိုသုံးယောက်သာ နှင်းတောထဲတွင်လေ့ကျင့်ခန်းလုပ်နေရပြီး ရွာထဲမှလူများ၏ စပ်စုနေသောအကြည့်မျိုးစုံဖြင့် အကြည့်ခံနေရလေသည်။ အချို့ဆိုစိတ်လှုပ်တရှားပင် ထွက်ကြည့်ကြသေးသည်။
စန်းဝမ်က သူ၏အကြီးဆုံးအစ်ကိုနှင့် ဒုတိယအစ်ကိုကို မကျေမနပ်ပြောချင်သော်လည်း ပါးစပ်ဟလိုက်သည့်နှင့် ပါးစပ်အပြည့်နှင်းများစားလိုက်ရသည်။
စန်းဝမ် : သေချာသွားပြီ...ငါက ကောက်ရထားတာ....
Xxxxxx