အပိုင်း ၂၉၅-၂၉၆
Viewers 20k

Part 295


တစ်ရွာလုံးတွင် လာဘယာဂုအနံ့များပြည့်နှက်နေသော်လည်း လင်းလန်တို့အိမ်ကအမွှေးပျံ့ဆုံးဖြစ်သည်။


မီးညှိမ်းလိုက်ပြီး နာရီဝက်မျှအကြာတွင် ဒယ်အိုးကို ဘေစင်ပေါ်တင်လိုက်ပြီး သကြားညိုကတ်တီတစ်ဝက်ကိုထည့်လိုက်သည်။


ကလေးများက ပတ်ပတ်လည်ဝိုင်းထိုင်လိုက်ပြီး ယာဂုစသာက်ကြလေတော့သည်။ ယာဂုမှာ ပူနေသေးသော်လည်း သောက်၍ရနေပြီဖြစ်သည်။


စန်းဝမ်က တစ်ပန်းကန်ချက်ချင်းယူလိုက်ပြီး တစ်ငုံသောက်လိုက်သည်။ အနည်းငယ်ပူနေသေးသော်လည်း ပျော့ပြောင်းကာ ချိုမြိန်နေလေသည်။ သူစိတ်ကျေနပ်စွာသက်ပြင်းချလိုက်သည်။


"ဒါ သားဘဝမှာ စားဖူးသမျှထဲ အကောင်းဆုံးလာဘယာဂုပဲ..."


"နင့်အသက်ကဖြင့် ဘယ်လောက်ရှိသေးလို့ တစ်ဘဝလုံးနဲ့ချီပြီးပြောနေရတာလဲ...."


"ဟုတ်တယ်လေ... အစ်မလည်း အခုမှ လာဘယာဂုပထမဆုံးသောက်ဖူးပြီးတော့...."


အဘွားကြီးဟန်က သူတို့ကို လာဘယာဂုတစ်ခါမှမကြိုခိုင်းဖူးသလို အလွန်ဆုံးမှပဲနီလေးနှင့် ပဲအနည်းငယ်ကြိုခိုင်းခြင်းသာဖြစ်သည်။


"သားက လာဘယာဂုတစ်ခါမှမသောက်ဖူးဘူးလေ... အခုမှသောက်ဖူးတာပါ...."


စန်းဝမ်ကပြောလေသည်။

"အရမ်းချိုတယ်... မွှေးလွန်းတယ်... ရှောင်ဝမ်လေး မင်းရော အစ်ကိုတို့နဲ့ဘယ်တော့လောက် လိုက်ပြေးမလဲ...."


လိမ်လိမ်မာမာဘေးယာဂုသောက်နေသော ရှောင်ဝမ်လေးက ခေါင်းလေးမော့ကာ ကြောင်စီစီလေးမေးလိုက်သည်။


"ဟင်...."


"ဟေး.... မင်းလည်း နောက်ထပ်နှစ်နည်းနည်းလောက်ကြာအောင်ပဲအပျင်းထူလို့ရတော့မှာပါ...."

စန်းဝမ်သက်ပြင်းချလိုက်သည်။


"ငါ့မှာတော့အခွင့်အရေးကိုမရှိတော့ပါလားနော်...."


ဟန်ချင်စုန့်က သူ့ကိုကြည့်နေသည်ကိုခံစားလိုက်ရ၍ စန်းဝမ်ချက်ချင်းပါးစပ်ပိတ်လိုက်ကာ ခေါင်းငုံ့ပြီးယာဂုသောက်လေသည်။


လာဘပွဲတော်တွင် ကလေးများကိုကျောင်းမပိတ်ပေး၍ ပုံမှန်အတွင်းကျောင်းသွားရသည်။ သို့သော် သူတို့ကစောစောထခဲ့၍ မနက်စာစားပြီးနောက်တွင်ပင် ၇:၃၀သာရှိသေးသည်။


ထိုအချိန်တွင် နှင်းများကလည်း ပြင်းပြင်းထန်ထန်ကျဆင်းနေပြီး မြေပြင်တစ်ခွင်ကို ဂွမ်းစထူထူကြီးဖြင့် အုပ်ထားသည့်နှယ်ဖြစ်နေသည်။


တဝမ်ကတံမြက်စည်းယူကာ နှင်းများကိုလှည်းကျင်းတော့သည်။ အခြားနေရာများကို မလှည်းလျှင်ပင် အိမ်ဝင်ဝနှင့် အိမ်ထဲဝင်ရာလမ်းတစ်လျောက်ကိုသေချာပေါက်လှည်းကျင်းရမည်ဖြစ်သည်။ မဟုတ်ပါက နှင်းများက ပိုမိုထူထဲလာမည်ဖြစ်ပြီး လမ်းလျောက်ရာတွင် အခက်အခဲဖြစ်လာပေမည်။


အားဝမ်ကလည်း ကူညီရန်ပြေးလာခဲ့သည်။


လင်းလန်: "လှည်းမနေနဲ့ထားလိုက်... မနက်ဖြန်အထိနှင်းကဆက်ကျလောက်တယ်.. ကျောင်းကပြန်လာမှလှည်းကြ...."


ဟန်ချင်စုန့်ကပြောလေသည်။


"လှည်းခိုင်းလိုက်ပါ... မင်းက တစ်အိမ်လုံးပတ်ပြေးနေရတာလေ... နှင်းတွေတအားထူနေရင် အဆင်မပြေဘူး..."


ထိုသည်ကိုကြားသည်နှင့် လင်းလန်၏နှလုံးသားလေးနွေးထွေးသွားရသည်။


နှင်းကျနေသော်လည်း ကလေးများက ကျောင်းသွားသလို ဟန်ချင်းစုန့်ကလည်း အလုပ်သွားရသည်။ လင်းလန်ကတော့ အိမ်တွင်သာနားနေလိုက်သည်။


••••••


နှစ်ရက်ကြာပြီးနောက်တွင်....


နေ့လည်ခင်း၌ လင်းလန်၊ တုန်ဟွိုင်ဟွနှင့် အခြားလူများက အနီးအနားရွာများကိုသွားပြီး ဖျော်ဖြေမှုကိုပြုလုပ်လေသည်။ သူတို့ပြန်လာချိန်တွင် ခေါက်ဆွဲစည်းကတ်တီအနည်းငယ်ကိုယူလာပြီး အိမ်သို့ပျော်ပျော်ပြီးပြန်လာကြလေသည်။


သူမတံခါးကိုဖွင့်ပြီးဝင်လိုက်သည်နှင့် ကလေးများက ခြံထဲတွင်ရပ်နေပြီး သူမကိုမျက်လုံးလေးများပြူးကာကြည့်နေကြပြီး မိုင်စွေ့ကသူမကိုပြေးဖက်လာကာ ငုံးလေးတစ်ကောင်လို တုန်ရီနေလေသည်။


ထိုအချိန်တွင် လမ်းတစ်ခုလုံးက နှင်းများရှင်းနေပြီဖြစ်သော်လည်း အိမ်ခြံစည်းရိုးဘေးရှိ သစ်ပင်ပုလေးများတွင် နှင်းများဖုံးလွှမ်းနေသည်ဖြစ်၍ ပတ်ဝန်းကျင်က အလွန်အမင်းအေးစက်နေဆဲသာဖြစ်သည်။


လင်းလန် :"ဘာလို့အိမ်ထဲမဝင်ကြသေးတာလဲ..... အာ အမေမှတ်မိပြီ..."


သူမယနေ့တွင် အလုပ်ရှုပ်နေပြီး အိမ်သော့ကို အိမ်ထဲတွင် ထားခဲ့လိုက်မိသည်။


ပြန်တွေးကြည့်မည်ဆိုလျှင် ထိုအချိန်က သူမက ဇာတ်ညွှန်းကို အိမ်ထဲပြန်ယူပြီးသော့ကို အနွေးကုတင်ပေါ်သို့ အလွယ်ပစ်တင်ခဲ့ခြင်းဖြစ်သည်။


သူမဒီကိုမရောက်လာခင်က ပေါ့ပေါ့ပါးပါးနေလေ့ရှိသူဖြစ်ပြီး ဤနေရာကိုရောက်လာပြီး ကလေးငါးယောက်အမေဖြစ်လာချိန်တွင်ပင် ပေါ့ပေါ့နေတတ်သည့်အကျင့်က လွယ်လွယ်ဖျောက်မရနေပေ။


သူတို့မိသားစုတွင် သော့ကိုယူသွားလေ့မရှိကြပေ။ သော့ခတ်ပြီးသည်နှင့် သော့ကို တံခါးဝရှိ အိုးအပဲ့ထဲတွင်ထည့်ထားသည်သာဖြစ်ပြီး အိမ်ကိုအရင်ပြန်ရောက်သည့်လူက သူကိုယူ၍ ဖွင့်ရုံသာဖြစ်သည်။


မည်သို့ပင်ဆိုစေ ဤရွာထဲတွင်ရှိသမျှလူတိုင်းက အချင်းချင်းသိနေကြသူများဖြစ်၍ ခိုးဝှက်ရဲကြမည်မဟုတ်ကြပေ။


အခုတော့ဘယ်လိုလုပ်တော့မလဲ... တစ်ခါလေးသတိလွတ်လိုက်တာသွားပြီ...


ကလေးများက သူမရောက်လာသည်နှင့် သူမအနားကို အပြေးတပိုင်းရောက်လာကြသည်။


စန်းဝမ် : "မာမားရေ... တံခါးမြန်မြန်ဖွင့်ပေးပါဦး...."


သူတို့က သူမထံတွင်သော့ရှိမည်ဟုထင်နေကြခြင်းသာဖြစ်သည်။


"သော့က အိမ်ထဲမှာထားခဲ့မိတယ်...."


လင်းလန်က အားတုံ့အားနာဖြစ်စွာပြုံးလိုက်သည်။


တဝမ်က လက်ပိုက်လိုက်ရင်း အိမ်နံရံကိုမှီကာ ကောင်းကင်ကြီးကိုသာမော့ကြည့်လိုက်တော့သည်။


စန်းဝမ် :"ဒါဆို သားတို့အထဲဘယ်လိုဝင်ကြမလဲ...."


သူတို့အဖေတွင်လည်း သော့မရှိသည်မှာသေချာနေပေသည်။


လင်းလန်က ပြတင်းပေါက်ကိုအကြည့်ပို့လိုက်သည်။


"ဒါမှမဟုတ် သားဒီကဝင်ကြည့်မလား...."


စန်းဝမ် :"...."


"ဒီပြတင်းပေါက်က သေးသေးလေးလေ... ကြွက်တောင်မဝင်နိုင်တဲ့ဟာကို... ဒါမှမဟုတ် ရှောင်ဝမ်ကိုဝင်ခိုင်းကြည့်ပါလား...."


ခြံဝန်း၏သော့ကိုပျောက်ခဲ့ပါက တဝမ်ကို ခြံစည်းရိုးပေါ်မှတက်ခိုင်းကာ ဖွင့်ခိုင်း၍ရသည်။ သို့သော် အိမ်သော့ကိုပျောက်ခဲ့သည်ဖြစ်ပြီး အိမ်ပြတင်းပေါက်များကလည်း ကြွက်သာဝင်နိုင်နေလေရာ ရှောင်ဝမ်က ဝင်နိုင်မည်မဟုတ်ချေ။


လင်းလန် သက်ပြင်းချလိုက်ပြီး အင်္ကျီလက်ခေါက်တင်ကာပြောလိုက်သည်။


"ဒီလိုဆိုမှတော့ သော့ကိုရိုက်ဖျက်ရုံပဲပေါ့လေ... သွား အမေ့ဖို့ ကျောက်ခဲတစ်လုံးရှာပေးဦး...."


မိုင်စွေ့နှင့်ရှောင်ဝမ်က ခြံစည်းရိုးဘက်ကိုပြေးသွားပြီး စတင်ရှာဖွေလေသည်။ အိမ်အပြင်ဘက်တွင် ကျောက်ခဲအနည်းငယ်ရှိပေသည်။


ကျောက်ခဲများက မြေကြီးပေါ်တွင်ခဲ၍ကပ်နေသည်ဖြစ်ရာ သူတို့လွယ်လွယ်နှင့်ယူမရခဲ့ချေ။ သူတို့ စိတ်လှုပ်ရှားစွာအော်ဟစ်ရင်းဆွဲနေရာမှ နောက်ဆုံးတွင် မိုင်စွေ့က ကျောက်ခဲအသေးလေးတစ်လုံးသာယူနိုင်ခဲ့သည်။


လင်းလန်က ၎င်းကိုယူလိုက်သည်။

"ဘေးဖယ်ကြ အမေရိုက်ဖွင့်တော့မယ်...."


သူမ သော့ကိုလက်တစ်ဖက်ဖြင့်ကိုင်ကာ တစ်ဖက်တွင်ကျောက်ခဲကိုကိုင်ပြီး ရိုက်ဖျက်လေသည်။ သို့သော် ထိုသော့ပွင့်ရန်အချိန်က အလွန်အလွန့်ကြာမည့်ပုံပင်။


တဝမ်က သူမကိုထိုင်မကြည့်နိုင်တော့၍ သူမလက်ထဲမှကျောက်ခဲကိုယူလိုက်သည်။


"ဘာဖြစ်လို့လဲ...."


အားဝမ် :"မာမားဖယ်လိုက်.. အကြီးဆုံးအစ်ကိုကိုလုပ်ခိုင်းလိုက်...."


လင်းလန်က သူမသားလက်ထဲမှ ထိုသိပ်မကြီးလှသည့် ကျောက်ခဲကို ကြည့်ကာ တဝမ်လည်း အတော်လေးကြိုးစားပြီးဖွင့်ရမည်ဟုတွေးလေသည်။


သို့သော် သူမက တံခါးကိုရိုက်ဖွင့်ရန်အတွက်မူ တွန့်ဆုတ်နေခဲ့သည်။


သူမက တဝမ်မှာ သူမထက်သန်မာလှ၍ သော့ကိုမဖျက်ဘဲ တံခါးကိုကန်ဖွင့်မည်ဟုတွေးနေ၍ သူ့ကိုသတိပေးလိုက်သည်။


"သတိထားနော်... သားအဖေက သားတံခါးကိုဆင်ခဲ့တုန်းက ကန်ဖွင့်ခဲ့သေးတယ်... သူတောင်မနည်းလုပ်ခဲ့ရတာ...."


တဝမ်က မျက်စိမလှန်ပဲမနေနိုင်တော့ချေ။ ထို့နောက်တွင် သူ့လက်ထဲရှိကျောက်ခဲကိုလွှင့်ပစ်ကာ လင်းလန်၏ အံ့အားသင့်နေသောအကြည့်အောက်တွင်သူ့ အင်္ကျီအိတ်ကပ်ထဲမှ သံချောင်းလေးကိုထုတ်လိုက်သည်။


လင်းလန် : "သား.... သားဘာလုပ်မလို့လဲ...."


တဝမ်က ပြန်မဖြေတော့ပဲ တံခါးရှေ့တွင်ထိုင်ချလိုက်ကာ သော့ပေါက်ထဲ ထိုသံချောင်းကိုထိုးထည့်လိုက်သည်။


လူတိုင်း :"!"


Xxxxx

Part 296


လင်းလန်က ပို၍ပင်အံ့အားသင့်သွားရသည်။ လောင်းကစားလုပ်ခြင်းမှလွဲလျှင် သူမ သားတော်မောင်ကျန်နေသေးသည့် မကောင်းသောအရာများကို လုပ်တတ်ကြောင်း မသိခဲ့ပေ။


သူ၏အာရုံစူးစိုက်နေသောမျက်လုံးများ၊ ကျွမ်းကျင်အဆင့် ကိုယ်နေဟန်ထား၊ အလေ့အကျင့်ဖြစ်နေသော လှုပ်ရှားမှုများနှင့်အေးဆေးကာတည်ငြိမ်နေသော အမူအရာမှာ ဤကဲ့သို့ အခေါက်ပေါင်းမရေနိုင်အောင်လုပ်ဖူးကြောင်းပြသနေသည်။


လင်းလန် အနည်းငယ်ကြက်သီးထသွားရသည်။ ဟန်ချင်စုန့်သာဤအကြောင်းသိပါက အကုန်လုံးပြီးဆုံးသွားရပေလိမ့်မည်။


ညီငယ် ညီမငယ်လေးများအားလုံးက တဝမ်နောက်တွင်ရှိနေပြီး ခေါင်းလေးများရှေ့ထွက်ကာ တိတ်တိတ်လေးကြည့်နေကြသည်။


သူတို့က တဝမ်ကိုနှောက်ယှက်မိမည်စိုး၍ အသက်ပင်အောင့်ထားကြသေးသည်။


ထိုအချိန်တွင် *ကလစ်*ဟူသော မြည်သံဖြင့် သော့ပွင့်သွားခဲ့သည်။


ကလေးများအားလုံး ပျော်ရွှင်သွားကြတော့သည်။

"အစ်ကိုကြီးကအရမ်းတော်တာပဲ...."


တဝမ် မတ်တတ်ရပ်လိုက်ကာ သော့ဖွင့်လိုက်ပြီး တံခါးကိုတွန်းဖွင့်လိုက်သောအခါတွင် ကလေးများက အိမ်ထဲပြေးဝင်ကြလေတော့သည်။


သူက သူ့နောက်တွင် လျှိုချွန်းဖန်ကိုတွေ့လိုက်ရသည့်နှယ် ဖြူဖျော့နေသောမျက်နှာဖြင့် တုန်ယင်နေသော လင်းလန်ကိုကြည့်လိုက်သည်။


"အိမ်ထဲမဝင်ဘူးလား...."

သူပြောလိုက်သည်။


လင်းလန်၏နှုတ်ခမ်းများက အတုန်တုန်အယင်ယင်ဖြစ်နေသည်။

"တ... တဝမ်...."


တဝမ်၏ မျက်ခုံးထူထူတို့က ကုတ်ကျသွားပြီး လက်တစ်ခါခါဖြင့်ပြောလေသည်။


"သား ဘာမှမခိုးဖူးသေးပါဘူး...."


ထိုအခါမှ လင်းလန်က မျက်နှာတွင်သွေးရောင်ပြန်လွှမ်းလာပြီး သူမ၏အဝတ်အိတ်ကိုယူ၍ သူမထက်ခေါင်းတစ်လုံးစာမျှပိုမြင့်နေသော တဝမ်ကိုမျက်စောင်းထိုးလိုက်သည်။


"ဖယ်လိုက်တော့..."


ထို့နောက်တွင် အိမ်ထဲဝင်သွားလိုက်သည်။


တဝမ် : "....."


တဝမ်အိမ်ပြင်သို့ ထွက်ရန်ပြင်လိုက်ချိန်တွင် စန်းဝမ်ကအော်ပြောလေသည်။


"အစ်ကိုကြီး ဘယ်သွားမလို့လဲ....."


တဝမ်က အိမ်ပြင်သို့ ခြေနှစ်လမ်းစာမျှထွက်ပြီးဖြစ်သော်လည်း စန်းဝမ်၏အသံကိုကြားသည်နှင့် ခေါင်းပြန်လှည့်ကြည့်လိုက်ရာ သူ့အမေ၏သတ်ဖြတ်လိုစိတ်တို့ တောက်လောင်နေသော အကြည့်ကိုမြင်လိုက်ရသည်။


လင်းလန်က သူမအကြည့်ကိုမြင်ပြီး တောင့်ခဲသွားကြသော ကလေးများကို ချော့မြူသလိုအလိမ္မာလေးဖြင့်ပြောလိုက်သည်။


"နေ့လည်စာအတွက် လက်လုပ်ခေါက်ဆွဲလုပ်စားကြမယ်...ကြက်သွန်မြိတ်ဖြူးပြီး ကြက်ဥလေးပါထည့်ပေးမယ်...."


"သားအကြိုက်ဆုံးဟာပဲ...."


စန်းဝမ်က အပျော်ကြီးပျော်၍ထခုန်လိုက်ပြီး ခေါက်ဆွဲပန်းကန်များကို ကူသယ်ပေးမည်ဟုကြွေးကြော်လေသည်။


လင်းလန်က လက်လုပ်ခေါက်ဆွဲလုပ်နည်းကို ဟန်ချင်စုန့်ထံမှသင်ထားခြင်းဖြစ်သည်။ ခေါက်ဆွဲသားများကို နာနာနယ်ပြီး ထပ်ကာထပ်ကာ ဆွဲဆန့်ကာ ထပ်ကာထပ်ကာ နယ်ရင်း ဒလိမ့်တုံးဖြင့်လှိမ့်ကာ လေးထောင့်ပုံရအောင်ဖော်ရပြီး ဓားဖြင့်လှီးရခြင်းဖြစ်သည်။


အစက သူမ မလုပ်နိုင်မည်ကိုစိုးရိမ်နေခဲ့ပြီး ခေါက်ဆွဲများက ဗြက်ကျယ်ကာ ဝါး၍မလွယ်ပေ။


သို့သော် သူမနှင့်ကလေးများက ခေါက်ဆွဲပြားများကို ကြိုက်ကြသဖြင့် ထိုပုံစံကိုသာလုပ်စားလေ့ရှိသည်။


အားဝမ်နှင့် မိုင်စွေ့က ကြက်သွန်မြိတ်များသွားခူးကာ လှီးပေးပြီး ကြက်ဥထဲထည့်ကာ ဆားဖြင့်မွှေထားပေးသည်။ ထို့နောက် အိုးခဲကိုဆီတစ်ဇွန်းထည့်ကာ အပူပေးထားပြီး ကြက်ဥနှင့် ကြက်သွန်မြိတ်ရောမွှေထားသည်ကို အိုးထဲတိုက်ရိုက်ထည့်လိုက်သည်။ ထို့နောက်တွင် အဆက်မပြတ်ကြော်လှော်ပေးရသည်။ နောက်ဆုံးတွင် ကြက်ဥနှင့်ကြက်သွန်မြိတ်တို့၏ မွှေးပျံ့သောရနံ့ကပျံ့လွင့်လာမည်ဖြစ်သည်။


ဤနည်းဖြင့်ကြော်ထားသော ကြက်ဥကြော်က လူအများကြီးစား၍လောက်ပြီး အရသာကလည်း ကြက်ဥချည်းကြော်သည်ထက်ပို၍စားကောင်း၍ လူတိုင်းကြိုက်ကြလေသည်။


ကလေးများ အရသာရှိရှိစားကြပြီး ရှောင်ဝမ်ပင်လျှင် တစ်ပန်းကန်အပြည့်စားကာ စန်းဝမ်က အားဝမ်နီးပါးစားလေသည်။


စားသောက်ပြီးနောက်တွင် အားဝမ်က ကျောင်းမသွားခင် ပန်းကန်ဆေးပေးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဟန်ချင်စုန့်က ဆောင်းတွင်းက အေးလှသည်ဖြစ်၍ လင်းလန်ကို တတ်နိုင်သမျှရေအေးမသုံးဖြစ်အောင် ကူညီပေးသင့်သည်ဟု ပြောထား၍ဖြစ်သည်။


အားဝမ်က သူတို့ သူတို့၏အမေကို ကောင်းကောင်းဆက်ဆံလေလေ သူတို့၏အဖေက သူတို့ကိုစကားကောင်းကောင်းပြောလေလေဖြစ်ပြီး ကြောက်ဖို့ကောင်းလှသောဖိအားများမထုတ်လွှတ်ကြောင်း ရှာတွေ့ထားခဲ့သည်။


ဟန်ချင်စုန့်က နေ့လည်ဘက်တွင် အိမ်ပြန်မလာခဲ့ပေ။ ကလေးများက ကျောင်းသို့သွားလေသည်။ လင်းလန်က အိမ်တွင် ဇာတ်ညွှန်းအသစ်ရေးနေသည်။ သူမရှာဖွေတွေ့ရှိထားသည့် အချို့သောအချက်များကို မေ့မသွားမီတွင် အလျှင်အမြန်ရေးရန်လိုအပ်နေပေသည်။


အခန်းကျယ်ကျယ်ရှိခြင်းတွင် ဆိုးကျိုးများလည်းရှိလေသည်။ ၎င်းက အခန်းကကျယ်လွန်း၍ လေအေးများပိုတိုက်ခတ်ပြီး လက်များကိုအေးခဲစေခြင်းဖြစ်သည်။


လင်းလန်က အနောက်ခန်းရှိ အနွေးကုတင်ပေါ်တွင် ထိုင်နေရင်း စောင်ခြုံကာ စားပွဲပေါ်တွင်စာရေးနေသည်။


လက်များ အလွန်အမင်းအေးခဲခြင်းမှရှောင်ကျဉ်ရန် သူမက ညာလက်ဖြင့် စာတစ်ကြောင်းနှစ်ကြောင်းရေးပြီးသည်နှင့် ဘယ်လက်ဖြင့်ပြောင်းရေးလေသည်။


စာရေးရင်းအလုပ်ရှုပ်နေချိန်တွင် အိမ်ရှေ့တံခါးမှ လှုပ်ရှားသံအချို့ကြားလိုက်ရသည်။


သူမ ပြတင်းပေါက်စက္ကူကို အပေါက်အသေးလေးပေါ်အောင် လှန်ကြည့်လိုက်သည်။


ပြတင်းပေါက်တွင် ကပ်ထားသည့်စက္ကူများမှာ အောက်တိုဘာလလယ်လောက်ကမှ ကပ်ထားခြင်းဖြစ်သည်။ စက္ကူသားကအလွန်ထူထဲလှပြီး ဝါဒဖြန့်အဖွဲ့မှရထားခြင်းဖြစ်သည်။ အလွှာသုံးထပ်ပါဝင်၍ အလွန်ထူကာ လေဒဏ်ကိုခံနိုင်ပေသည်။ ဆိုးကျိုးတစ်ချက်မှာအလင်းမဖောက်နိုင်ခြင်းသာဖြစ်သည်။


ထို့ကြောင့် လင်းလန်က အလယ်တွင် လိပ်တင်၍ရသောအပေါက်လေးတစ်ခု လုပ်ထားခဲ့သည်။ အပြင်သို့မြင်ချင်လျှင်ထိုနေရာလေးကို လိပ်တင်ကာ လှမ်းကြည့်ရုံသာဖြစ်သည်။


အပြင်ဘက်ကို လှမ်းကြည့်လိုက်ချိန်တွင် လူအများကြီးရောက်နေကြောင်း မြင်လိုက်ရပြီး ထိုလူများထဲတွင် ဟန်ကျင်းယုကိုမြင်လိုက်ရသည်။


လင်းလန်ကုတင်ပေါ်မှ ချက်ချင်းခုန်ချကာ ဂွမ်းဖိနပ်ကိုစီးလိုက်သည်။ သူမ အခန်းအပြင်ထွက်လာချိန်တွင် ထိုလူများက ခြံဝန်းထဲရောက်နေပြီဖြစ်သည်။


ဟန်ကျင်းယုက လူအုပ်ကိုဦးဆောင်လာပြီး ထိပ်ဆုံးမှနေ၍ ငြီးလေသည်။


"လေကပြင်းလိုက်တာ အေးစက်နေတာပဲ....."


သူမက အိမ်ရှေ့တွင် ခြေဆောင့်လိုက်ပြီး သူမခြေထောက်ပေါ်ကပ်နေသည့် နှင်းများကိုခါချပြီး အိမ်ထဲဝင်လာလေသည်။


လင်းလန်က ဟန်ကျင်းယုနှင့် အခြားလူကို မျက်မှောင်ကြုတ်ရင်းကြည့်လိုက်သည်။ ထိုလူများထဲကတစ်ယောက်က ဟန်မိသားစု၏အကြီးဆုံးအစ်မကြီးဖြစ်ပြီး အခြားတစ်ယောက်က ဆယ်ကျော်သက်ကောင်လေးဖြစ်သည်။ နောက်ဆုံးတစ်ယောက်က တပ်သားလေးဖြစ်ပေသည်။


ထိုတပ်သားလေးက သူ့ခေါင်းကိုဆီလိမ်းကာ သေချာဖြီးသင်ထားပြီး အနက်ရောင် မျက်မှန်ဝိုင်းလေးကိုတပ်ထားပြီး မီးခိုးပြာရောင် အိတ်ကပ်လေးခုပါ စစ်တပ်သုံး အတွင်းအင်္ကျီကိုဝတ်ထားသည်။ ထို့အပြင် သူ့ခြေထောက်တွင် အရောင်အနည်းငယ်လွင့်နေသော်လည်း သေချာပေါ်လစ်တင်ထားသော အနက်ရောင်ရှူးဖိနပ်တစ်စုံကိုစီးထားသေးသည်။


ကုတ်အင်္ကျီဝတ်မထားသဖြင့် အအေးဒဏ်ကြောင့် သူ၏နှာခေါင်းထိပ်နှင့် ပါးပြင်တို့ကနီမြန်းနေသည်။ တစ်ချက်ကြည့်ရုံဖြင့် ဂုဏ်သိက္ခာရှိပြီး စိတ်လက်မြန်ဆန်သူမဟုတ်ကြောင်းသိသာလေသည်။


ထိုတပ်သားလေးက သူ့လက်ထဲတွင် ဝိုင်တစ်ပုလင်း၊ ပန်းသီးတစ်အိတ်၊ မုန့်နှစ်ထုတ်နှင့် သကြားတစ်ထုတ်ကိုကိုင်ထားသည်။ လင်းလန်ကိုမြင်လိုက်သည်နှင့် ချက်ချင်းရှေ့ထွက်လာပြီး စိတ်လှုပ်တရှားပြောလေသည်။


"မင်္ဂလာပါ မရီး...."


လင်းလန်က သူ့ကိုချက်ချင်းတားလိုက်သည်။

"ရှင်ဘယ်သူလဲ...."


တပ်သားလေးကရယ်လေသည်။


"ကျွန်တော်က စွန်းယောင်ဝူပါ... ဟိုးနေ့တွေတုန်းက ကောင်တီမှာတောင်တွေ့သေးတယ်လေ... ခေါင်းဆောင် ဟန်က မရီးကိုခေါ်လာတာလေ... မရီးကအစက အနောက်မှာထိုင်နေလို့ ကျွန်တော့်ကိုတောင် မမြင်လိုက်ဖြစ်သွားသေးတယ်...."


Xxxxx