Part 299
သူ့တွင် ဟန်ချင်စုန့်နှင့် သူငယ်ချင်းဖြစ်ရန်အခွင့်အရေးမရှိ၍ ဟန်ကျင်းယုနှင့်အရင်ရင်းနှီးအောင်လုပ်ပြီးမှ သူ၏အဓိကရည်ရွယ်ချက်ဖြစ်သော ဟန်ချင်စုန့်ဆီနှင့်ရင်းနှီးလာရန်ကြံစည်ခဲ့သည်။မူလက ဒါရိုက်တာဟန်၏ဇနီးကိုအသုံးချရန်ဖြစ်သည်။
ဒါရိုက်တာဟန်က သူ၏ညီအစ်မ များကိုချစ်ခင်သော်လည်း သူ၏ညီအစ်မများက ရိုင်းစိုင်းကာ လောဘကြီးလှသည်။ သူသာ သူမနှင့်ဆက်ဆံရေးအဆင်ပြေပြေဖြစ်အောင်နေပါက သူမက ဒါရိုက်ဟန်ကို ခေါင်းအုံးပေါ်မှနှစ်ကိုယ်ကြားစကားများပြောချိန်တွင် သူ့အကြောင်းပြောပေးပါက ဒါရိုက်တာဟန်၏အကူအညီကိုယူရန် ပြဿနာရှိတော့မည်မဟုတ်ပေ။
အမျိုးတော်စပ်သွားပါက ပို၍ပင်အဆင်ပြေပေလိမ့်မည်။
သို့သော် ကြည့်ရသည်မှာ အစီအစဉ်အတိုင်းမဖြစ်နိုင်လောက်တော့သည့်ပုံပင်။
လင်းလန်က သူ၏ အကြံအစည်များပြည့်နေသော အကြည့်ကြောင့် ချက်ချင်းလက်ငင်း ပြောလိုက်သည်။
"စွန်းယောင်ဝူ.... ကျွန်မရှင့်ကို ရှင်းရှင်းလင်းလင်းပြောထားမယ်... ရှင်တို့ရဲ့ ခေါင်းဆောင် ဟန်က ဘယ်သောအခါမှ တန်စိုးလက်ဆောင်လက်မခံသလို ဘယ်သူ့ကိုမှလည်း ဘက်မလိုက်တတ်ဘူး... ရှင်သာ ဟန်ကျင်းယုကို ကိစ္စတစ်ခုခုပြောချင်ရင် သူ့ကိုသာပြော... အေး... ကျွန်မတို့အိမ်က လောင်ဟန်ကိုပြောချင်တယ်ဆိုရင်တော့ မေ့သာမေ့လိုက်တော့... ကျွန်မတို့လောင်ဟန်ကအဲ့လိုဟာတွေဆိုအရမ်းမုန်းတာ အရိုက်အနှက်ခံရမလားတောင်မပြောနိုင်ဘူး...."
သူမပြောပြီးသည်နှင့် စွန်းယောင်ဝူက ချက်ချင်းမတ်တတ်ထရပ်ကာ ပြောလေသည်။
"ရဲဘော်လင်းလန်... အထင်လွဲစေမိလို့တောင်းပန်ပါတယ်... ကျွန်တော်ဒီကိုရောက်နေတာမေးခွန်းမေးဖို့ပါ လက်ဆောင်ပေးဖို့မဟုတ်ရပါဘူး...."
သူက အဖွဲ့အစည်းထဲတွင် တစ်ခါတစ်ရံ၌ မျက်နှာလွှဲခဲပစ်လုပ်တတ်ပြီး တွေ့ရခဲလှသော ရှက်ရွံ့ကာ ရိုးသားစင်ကြယ်သူလည်း မဟုတ်ရပေ။
သူကလင်းလန်ပြောသည်က အမှန်ဖြစ်မှန်းသိပေသည်။
အရေးအကြီးဆုံးအရာမှာ ဟန်ချင်းယုနှင့်ဒါရိုက်တာဟန်တို့၏ဆက်ဆံရေးမှာ သူမပြောသလိုမကောင်းမွန်နေကြောင်း မြင်လိုက်၍လည်းဖြစ်သည်။ ဆန့်ကျင့်ဖက်ပင်ဖြစ်နေသေးပြီး သူတို့က လုံးဝဆက်ဆံရေးကောင်းမနေချေ။
လင်းလန်၏ ဆက်ဆံပုံကိုကြည့်ရုံဖြင့် သိနိုင်ပေသည်။
အကယ်၍ ဟန်ချင်စုန့်သာသူ၏ ညီအစ်မများကို ကောင်းကောင်းဆက်ဆံပါက လင်းလန်က သူမ၏ယောင်းမများကိုသေချာပေါက် မနာလိုဖြစ်ကာ သူမရှေ့တွင် မောက်မာသလိုပြုမူပါက သေချာပေါက်ဒေါသထွက်ပြီး ကြမ်းရမ်းမည်သာဖြစ်သည်။
လင်းလန်က သူမ၏ယောင်းမများကို မုန်းတီး၍ နှင်ထုတ်နေသည်ကိုကြည့်ရသည်မှာ ဒါရိုက်တာဟန်ကိုယ်တိုင်ကလည်း သူ၏ညီအစ်မများကို မုန်းကြောင်းသိနိုင်သည်။
သို့သော် သူက အချိန်အကြည့်တတ်သူဖြစ်ပြီး ကိုယ့်အမှားကိုယ်သိလိုက်သည်နှင့် ချက်ချင်းတောင်းပန်လိုက်နိုင်သည်။ ဤသို့ဖြင့် တစ်ဖက်လူက သူ့အပေါ်အထင်အမြင်ကောင်း အနည်းငယ်ကျန်မည်ဖြစ်သည်။
စွန်းယောင်ဝူက ချက်ချင်းပြန်သွားလေသည်။
လင်းလန်က သူ့ကို လက်ဆောင်များပြန်သယ်သွားရန်ပြောလိုက်သည်။
စွန်းယောင်ဝူက မြန်မြန်တောင်းပန်လာသော်လည်း သကြားအိတ်ကိုတော့ချခဲ့သည်။
"လက်ဗလာနဲ့လာလည်တာမကောင်းဘူးမလား... ဒါလေးက လောကဝတ်အနေနဲ့ယူလိုက်ပါ....."
ထို့နောက်တွင် လင်းလန်ဘာမှမပြောနိုင်မီ လက်ဆောင်ထုတ်များပိုက်၍ပြေးလေတော့သည်
ဟန်ကျင်းယုက ကြောင်အနေခဲ့ပြီး ခဏအကြာမှအော်လိုက်သည်။
"စွန်းယောင်ဝူ....."
စွန်းယောင်ဝူက လက်ရမ်းပြလေသည်။
"ရဲဘော်ဟန်ချင်းယု... ကျွန်တော်ပြန်နှင့်ပြီနော်... နောက်မှဆက်သွယ်လိုက်ပါ့မယ်...."
ထို့နောက်တွင် နောက်ပြန်မကြည့်ဘဲ ပြေးလေတော့သည်။
လင်းလန်လည်း စွန်းယောင်ဝူတစ်ယောက် ဤမျှမြန်မြန်ဆန်ဆန်တုန့်ပြန်လိုက်မည်ဟု မထင်ခဲ့ပေ။
သူက လောင်ဟန်၏ သူငယ်ချင်းဖြစ်ရန်ထိုက်တန်လှသည်။ အမှန်တရားကိုသိသည်နှင့် မဆိုင်းမတွဆုံးဖြတ်ချက်ချနိုင်လေသည်။
ဟန်ကျင်းယုက ဘာဖြစ်နေလဲနားမလည်သေးပေ။ အစက စွန်းယောင်ဝူတစ်ယောက် သရုပ်ဆောင်ရုံလုပ်သည်ဟုသာတွေးခဲ့သော်လည်း တစ်ဖက်လူမှာ အမှန်တကယ်ထွက်သွားခဲ့သည်။
သူမက လင်းလန်ကိုဒေါသတကြီးပြောလေသည်။
"နင်ဘာလို့ဒီလောက်တောင် ရိုင်းစိုင်းနေရတာလဲ... ငါ့အမေကပြောတယ် ငါ့တတိယအစ်ကိုက ငါ့အတွက်အလုပ်စီစဉ်ပေးပြီးသားတဲ့... ဒီတော့ ငါကအနာဂတ်မှာ အဖွဲ့ထဲမှာပိုကောင်းတဲ့ဘဝကိုရလာမှာနင်သိရဲ့လား...."
လင်းလန်က ရယ်လိုက်သည်။
"နင်ကဘာလဲ သုံးနှစ်သမီးလေးလား... မင်းသမီးရောဂါထနေတာလား...နင့်အမေပြောတာနဲ့ယုံပြီး အရူးအနှမ်းအိပ်မက်တွေမက်နေတယ်ပေါ့လေ...."
ဟန်ကျင်းယုက မင်းသမီးရောဂါဆိုသည်မှာ ဘာမှန်းမသိသော်လည်း အရူးအနှမ်းအိပ်မက်ဆိုသည်ကိုတော့နားလည်လေသည်။
"လင်းလန်... နင်ဘာပြောလိုက်တာလဲ...."
သူမ စူးစိုက်ပြီးကြည့်လိုက်သည်။
လင်းလန် : "အသိအသာကြီးပဲကို... ကောင်းပြီလေ နင်နားမလည်မှတော့ပြောပြရတာပေါ့... ငါ့မျက်စိရှေ့မှာ မနေနဲ့လို့ပြောနေတာ... အနာဂတ်မှာ နင်အစ်ကိုအိမ်မှာမရှိတဲ့အချိန် အိမ်ကိုမလာခဲ့နဲ့... ငါ့မျက်စိရှေ့မှာ လာခုန်မနေနဲ့လို့... နင့်ကိုတွေ့ရတာ တကယ်ကျက်သရေမရှိဘူး...."
အစ်မဟန်မှာ အခုထိသူမအခြေအနေကိုနားမလည်သေးပဲ သူ့ကိုယ်သူ မိသားစုထဲစိတ်ဝမ်းကွဲမှုကို ဖြန်ဖြေပေးနေသောအစ်မကြီးတစ်ယောက်ဟန် လင်းလန်ကိုဖြောင်းဖြလေသည်။
"ယောင်းမရေ... နင်ပြောတာမှားနေတယ်နော်.. နင်ကငါတို့ရဲ့ယောင်းမလေ... ဒီတော့ ကိုယ့်ရဲ့ယောင်းမတွေကို ကောင်းကောင်းဆက်ဆံပြီး ကိုယ့်မွေးချင်းတွေကိုဂရုစိုက်ပေးသင့်တာပေါ့...."
သို့သော် သူမစကားပြော၍မပြီးသေးမီ လင်းလန်က ဒလိမ့်တုံးကိုမြှောက်က ပြောလေသည်။
"ရှင်တို့ ပြန်လိုက်တော့... ကျွန်မ ကလေးတွေအတွက်ညစာလုပ်ပေးရဦးမှာ...."
အစ်အဟန်က ချောချောမွေ့မွေ့ပြောလာသည်။
"လုပ်လေ... ငါတို့လည်းဒီမှာစားမှာပဲကို...."
လင်းလန်က သူမကို မျက်စောင်းထိုးလိုက်သည်။
"အော်... မျက်နှာအရည်တော်တော်ထူပါ့လား... ဒီမှာစားဖို့တောင် မျက်နှာရှိသေးတယ်ပေါ့လေ...."
ဟန်ကျင်းယု : "ဘာလို့စားရဲတဲ့မျက်နှာမရှိရမှာလဲ...နင့်အမေဘက်က မိသားစုကလူတွေတောင် လာစားကြသေးတာပဲ... ငါ့အစ်ကိုဘက်ကမိသားစုကလူတွေလာစားတာ ဘာများမှားနေလို့လဲ...."
လင်းလန်က စိတ်မရှည်တော့ပေ။
"နင် စွန်းယောင်ဝူနောက်ကိုလိုက်မသွားဘူးလား... တစ်ဖက်ကလူက ထွက်ပြေးတော့မယ်နော်..."
ဟန်ကျင်းယုက ဒေါသထွက်စွာပြောလာသည်။
"နင်ငါ့ကိုကျိန်ဆဲနေတာလား...."
သူက စွန်းယောင်ဝူကိုရွေးချယ်ရန် မဆုံးဖြတ်ရသေးပေ။ အဘယ်ကြောင့်ဆိုသော် သူမက ညွှန်မှူး၏ညီမဟူသော ဂုဏ်ရှိ၍ ပိုကောင်းသောလူနှင့်တွေ့နိုင်သည်ဟု တွေးမိ၍ဖြစ်သည်။ သို့သော် လင်းလန်က စွန်းယောင်ဝူထွက်ပြေးတော့မည်ဟုပြော၍ မပျော်မရွှင်ဖြစ်သွားရသည်။ သူမကသာလူရွေးမည်ဖြစ်သော်လည်း တစ်ဖက်လူက သူမကိုရွေးမည်ကိုလက်မခံနိုင်ပေ။
သူမက သကြားထုတ်ကိုကောက်ယူပြီး လေပြင်းတစ်ခုနှယ်ပြေးထွက်သွားသည်။
အစ်မဟန်က ၎င်းကိုကြည့်ပြီး အနည်းငယ်စိတ်ရှုပ်သွားသည်။
"ယောင်းမ... ငါနင့်ကိုပြောပြမယ်..."
"ရှင် ကျွန်မကိုဘာမှပြောပြဖို့မလိုအပ်ဘူး... ပြီးတော့ ရှင်လည်းပြန်တော့... ရှင့်မောင်ဘာအလုပ်ပဲလုပ်လုပ် ရှင်နဲ့မဆိုင်ဘူး... ရှင့်မောင်အိမ်မှာ ဘာပစ္စည်းတွေရှိရှိရှင်နဲ့မဆိုင်ဘူး... တွေးတောင်မတွေးနဲ့ ပြန်တော့..."
ထို့ေနာက် လင်းလန်က အပြင်ဘက်ရှိ ကန်ဆီသွားကာ နံရိုးသုံးချောင်းထုတ်လာသည်။
Xxxxx
Part 300
သူမတို့ရခဲ့သည့် အသားခွဲတမ်းများက အောက်တိုဘာလကုန်ကတည်းက ကုန်သွားပြီဖြစ်သည်။ လင်းမိန်က ဤနံရိုးသုံးချောင်းကိုပို့ပေးခဲ့သည်။ ထပ်ပေါင်းအနေဖြင့် လင်းလန်နှင့် အခြားလူများက ကော်မတီကိုဖျော်ဖြေရန်သွားရပြီး နောက်ထပ်လေးခုရလာခဲ့သည်။ အကုန်လုံးကိုအပြင်တွင်အေးခဲထားခဲ့သည်။ ယနေ့တွင် ထိုအထဲမှသုံးခုကိုထုတ်ကာ သူမကလေးများအတွက် နံရိုးချိုချဉ်ကြော်လုပ်ကျွေးမည်ဖြစ်သည်။
အစ်မဟန်နှင့် သူမ၏သားက နံရိုးတုံးကြီးများကိုကြည့်ပြီး သွားရည်ယိုနေကာ စားချင်နေကြသည်။ ထို့အပြင် အစ်မဟန်က သူမ၏သားကို တရုတ်နှစ်သစ်ကူးမတိုင်မီအထိခေါ်ထားရန်ပင် စီစဉ်လ်ုက်ပြီဖြစ်သည်။
သား : "အမေ့ သားဗိုက်ဆာတယ်...."
အစ်မဟန် : "သားကြက်ဥအရင်စားထားနှင့်ပါလား နံရိုးကိုနောက်မှစားကြမယ်လေနော်...."
သူမက လင်းလန်၏မီးဖိုချောင်ထဲပတ်သွားကာ ကြက်ဥများကိုတွေ့၍ သူမသားစားရန်ပြုတ်ပေးချင်နေသည်။
လင်းလန်က နံရိုးများကိုခုတ်ပိုင်းနေပြီး အခြားအဆာပလာများကို ပြင်နေချိန်တွင် အစ်မဟန်က သက်တောင့်သက်သာပြောလိုက်၍ ပြုံးပြီးပြန်ပြောလိုက်သည်။
"ကျွန်မတို့မိသားစုထဲမှာ လူခုနစ်ယောက်တောင်ရှိတယ်... အစားအသောက်ကမလောက်ငှရတဲ့ကြားထဲ ရှင်က ကြက်ဥတွေစားချင်နေသေးတာလား...."
ရှင်တို့ သေတောင်မစားရဘူးမှတ်....
အဘွားကြီးဟန်က အတော်လေးစိတ်အနှောင့်အယှက်ဖြစ်ဖို့ကောင်းပေမဲ့ အစ်မကြီးဟန်ကမှ တကယ့်ကိုအမြှီးကြီးကြီးနဲ့ မြေခွေးကြီးပဲ...
ထိုအချိန်တွင် ဟန်ချင်စုန့်က အပြင်မှပြန်လာပြီဖြစ်ပြီး စက်ဘီးနောက်ခုံတွင်အိတ်တအိတ်တင်လာသည်။
အစ်မဟန်က အပျော်ကြီးပျော်သွားပြီး အပြင်ကိုချက်ချင်းပြေးထွက်သွားသည်။
"တတိယမောင်လေး... နင်ပြန်လာပြီပဲ...."
တစ်ဖက်လူ၏ အသံနှင့်မျက်နှာကိုမတွေ့ရသည်မှာအတော်ကြာပြီဖြစ်၍ ဟန်ချင်စုန့်က အံ့အားသင့်သွားခဲ့သည်။
"အကြီးဆုံး အစ်မ ရောက်နေတာပဲ...."
အစ်မဟန်က အလွန်အမင်းယုံကြည်ချက်တွေပြည့်သွားပြီး ဟန်ချင်စုန့်ကိုပစ္စည်းပင်ကူသယ်ပေးလေသည်။
"ဒါဘာတွေလဲ..."
ဟန်ချင်စုန့်ကလည်း ဆန်အိတ်ကိုသယ်ရင်း အိမ်ထဲဝင်နေလေသည်။
"ကောက်ညှင်းတွေပါ...."
အစ်မဟန်က ချက်ချင်းမေးကိုမော်ချီက လင်းလန်ရှေ့ကို ရောက်လာလေသည်။
လင်းလန် : "....."
ဟန်ချင်စုန့်က လင်းလန်ကိုအိတ်ကိုဖွင့်ပြလေသည်။
"လော့ဟိုင်ချန်းက ကောက်ညှင်းဆန်ကတ်တီနည်းနည်းလောက်ရလာတယ်လေ... သူကဘယ်လိုစားရမလဲမသိတာနဲ့ မင်းများချက်တတ်မလားဆိုပြီး ကိုယ်ယူလာခဲ့တာ...."
"ကောက်ညှင်းဆန်ဆိုတာဘာလဲ...."
အစ်မဟန်က တစ်ခါမှမကြားဖူး၍မေးလိုက်သည်။
ဟန်ချင်းစုန့် : "ကျန်းမိပါ..."
သူတို့ဒေသတွင် ကောက်ညှင်းဆန်မစိုက်၍ အချို့လူများက သူတို့တစ်သက်လုံး နျိုမိကိုမြင်ဖူးကြပေ။ အနီးအနားမှမြို့များကပင် နျိုမိဟုမခေါ်ဘဲကျန်းမိဟုခေါ်လေသည်။
ဥပမာအားဖြင့် ကျန်းမိဟူသောမုန့်က ကောက်ညှင်းဆန်ဖြင့်လုပ်ထားခြင်းဖြစ်ပြီး အရသာကလည်းချိုမြလေရာ ကလေးရော လူကြီးပါကြိုက်ကြလေသည်။
သို့သော် အလွန်ဈေးကြီးလွန်း၍ တစ်နှစ်လုံးနေမှ နှစ်ခါလောက်သာစားနိုင်ကြသည်။
အစ်မဟန်က ကျန်းမိဟုကြားသောအခါ အဝတ်အိတ်ကိုချက်ချင်းဖွင့်ကြည့်လေသည်။၊
လင်းလန်က အဝတ်အိတ်ကိုကိုင်ဆုပ်လိုက်ကာ ဟန်ချင်စုန့်ကိုပြောလိုက်သည်။
"အကြီးဆုံးအစ်မက သူ့တူကိုခေါ်ပြီးရှင့်ကိုလာတွေ့တာ... ပြီးတော့ရှင့်ကိုအလုပ်လေးဘာလေးစီစဉ်ခိုင်းမလို့တဲ့လေ... ရှင် ရှုတို့အိမ်သွားပြီး စကားတွေဘာတွေသွားပြောပေါ့လေ... ကျွန်မက ဟင်းချက်ရဦးမယ်..."
သူမက ထိုနှစ်ယောက်ကိုညစာကျွေးရနိ မပျော်မရွှင်ဖြစ်နေသည်ဟုအထင်အရှားကြီးပြောပြနေသညိဖြစ်၍ သူတို့ကို မြန်မြန်ပြန်စေချင်နေလေပြီ။
သူမက ကောက်ညှင်းဆန်တစ်ပန်းကန်ကြီးထုတ်လိုက်ကာ ရေစိမ်ထားပြီး နံရိုးကောက်ညှင်းပေါင်းလုပ်ရန်စီစဉ်လိုက်သည်။ နံရိုးကောက်ညှင်းးပေါးင်က အရသာရှိ၍ ကလေးများက သေချာပေါက်ကြိုက်ပေလိမ့်မည်။
အစ်မဟန်မှာ သူမပြောချင်သည်ကိုနားလည်သွားသည်နှင့် မျက်နှာမဲ့သွားသည်။
"တတိယမောင်လေး... လာပါဦး ငါနင့်ကိုပြောပါဦးမယ်...."
သူမက ဟန်ချင်စုန့်ကို အိမ်အပြင်သို့ခေါ်ရန် တီးတိုးပြောလေသည်။
ဟန်ချင်စုန့်က လင်းလန်ပြောတာကိုမငြင်းပဲ တိုက်ရိုက်သာပြောလေသည်။
"အကြီးဆုံးအစ်မ... အစ်မက အလုပ်စီစဉ်ပေးတာလိုချင်ရင် အလုပ်ဖြစ်မှာမပါဘူး... လင်းလန်အကြောင်းပြောချင်ရင် ဒီမှာသာပြော... ကျွန်တော်က တခြားမိသားစုအကြောင်းတွေနားမထောင်ချင်ဘူး..."
လင်းလန်ရယ်မောမိသွားသည်။ သူမက ဟန်ကျင်းယုကို ပျက်ဆီးနေပြီး အကြောင်းပြချက်မရှိ ရူးနှမ်းတုံးအနေသည်ဟု ထင်ခဲ့သည်။ ဤအစ်မဟန်မှာလည်းအတော်လေး ရယ်ရလေသည်။ သူမတွင် ရာထူးအနေအထားမရှိသလို မည်သူကမှသူမကို အရေးတယူမရှိချေ။ သူမက ကိုယ့်ကိုယ်ကိုယ် အရေးမပါသောစကားများလျှောက်ပြောနေသူဖြစ်အောင် လုပ်နေလေသည်။
ယောင်းမကို လူကိုယ်တိုင် ရိုင်းရိုင်းစိုင်းစိုင်းပြောဆို ပြုမူနေပြီးသားဖြစ်သော်လည်း ယခုတွင် သူမ၏မောင်ကို ယောင်းမအကြောင်းမကောင်းပြောပြီး ချောက်တွန်းချင်နေသေးသည်။ သူမကြည့်ရသည်မှာဦးနှောက်ပျက်နေသလိုပင်။
"အကြီးဆုံးအစ်မ... အိမ်ကိုပြန်ပါတော့... ကျွန်မ အဘွားကြီးဟန်နဲ့ပဲလာပြောလှည့်မယ်... ရှင့်ကိုခေါ်မထားတော့ဘူးနော်...."
လင်းလန်က တိုက်ရိုက်ဆန်စွာပြောလိုက်ပြီး သူမကိုလျစ်လျူရှုလိုက်သည်။
သူမက နောက်ထပ်ကောက်ညှင်းဆန်တစ်ပန်းကန်ကိုယူလိုက်ပြီး ဟန်ချင်စုန့်ကိုပေးလိုက်သည်။
"စကားမစပ်.. ဒါကို ကျွန်မယောင်းမကိုပေးလိုက်ပြီး အရသာရှိတဲ့ ယာဂုတစ်ခွက်လောက်ကြိုသောက်ခိုင်းလိုက်....".
အစ်မဟန်(ဒါက အကြီးဆုံးအစ်ကိုရဲ့မိန်းမ)က အမြဲတမ်းသူမ၏မိသားစုမှ ခွဲထွက်ချင်နေသည်ဖြစ်ပြီး အတော်လေးစိတ်ဖိစီးနေခဲ့လေသည်။ လင်းလန်က အစ်မဟန်တစ်ယောက် ကောက်ရိုးပုံနောက်မှာကွယ်ရင်း မျက်ရည်ခိုးသုတ်နေသည်ကို ခဏခဏမြင်ဖူးနေခဲ့သည်။ သူမမေးချိန်တိုင်း အစ်မဟန်က မြက်ခြောက်များကြောင့် မျက်စိစူးသည်ဟုသာပြောလေ့ရှိသည်။
လင်းလန်က သူမကိုစာနာသော်လည်း ဘာမှလုပ်ပေး၍မရချေ။ အဆုံးတွင် တစ်ဖက်လူက မိသားစုထဲမှခွဲထွက်ရန် သေချာပေါက်တိုက်ခိုက်ရန်လိုနေ၍ဖြစ်သည်။
ထို့အပြင် ထိုသို့လုပ်ရန်လည်း လင်မယားနှစ်ယောက်လုံး ကြိုးစားမှသာဖြစ်ပေမည်။
ဟန်ချင်စုန့်က ကောက်ညှင်းဆန်ကိုယူပြီး အကြီးဆုံးအစ်မဟန်ကိုပြောလိုက်သည်။
"အစ်မ... သွားကြရအောင်...."
အစ်မကြီးဟန်က ဘေစင်ထဲရှိနံရိုးများကို စိုက်ကြည့်နေဆဲဖြစ်သည်။ အချိန်အတော်ကြာသည်အထိ ဟန်ချင်စုန့်က သူမကိုခေါ်နေသော်လည်း အကြောင်းပြန်မလာပေ။
အဒေါ်ဟန်ကလည်း သူမသားနှင့်အတူမလှုပ်မယှက်ပင်။
ထိုအချိန်တွင် ဟန်ချင်းစုန့်က သူမကိုသွားမည်ဟုထပ်ပြောပြီး သူမကလည်မြန်မြန်ထပ်ပြောသည်။
"သားလေး.. သားရဲ့တတိယဦးလေးရောက်လာပြီ... ပြန်ကြရအောင်...."
ကောင်ကလေးက ရူးသွပ်စွာအော်ဟစ်ပြီး နံရိုးများကိုစိုက်ကြည့်လေသည်။
အစ်မကြီးဟန်က ပြုံးပြုံးလေးပြောလာသည်။
"တတိယမောင်လေး မြင်တဲ့အတိုင်းပဲ မန်တန်က နင့်ကိုတကယ်သဘောကျတာ.... သူက တတိယဦးလေးတို့အိမ်သွားချင်တယ်ပဲပြောနေတာ...."
ထို့နောက်တွင် အနွေးကုတင်ကိုလှမ်းကြည့်လိုက်သည်။
"ပြီးတော့ ဒီလောက်အနွေးကုတင်အကျယ်ကြီးမှာ နင့်မိန်းမနဲ့တင်ပြည့်နေမယ်တော့မရှိဘူးမလား...."
ဟန်ချင်စုန့် :"သူကနေချင်တာလား... အိမ်မှာစောင်တွေမရှိတော့ဘူး.."
"မလိုပါဘူး.. ငါအကုန်ထည့်လာတယ်.... သူ့ကို နှစ်သစ်ကူးပြီးမှလာခေါ်လှည့်မယ်...."
တတိယမောင်လေးက တိုက်ရိုက်မငြင်းလိုက်၍ အဒေါ်ဟန်က အခွင့်အရေးရှိသေးသည်ဟုတွေးရင်း မျက်နှာများပင့နီရဲနေလေသည်။
Xxxx