အပိုင်း ၃၀၁-၃၀၂
Viewers 20k

Part 301


မန်တန်ကိုဤနေရာတွင် ရက်အနည်းငယ်နေခိုင်းပြီး သူ၏ဦးလေးနှင့်ရင်းနှီးအောင်လုပ်ခိုင်းရမည်။ ထိုအခါတွင် နောက်ပိုင်း အလုပ်စီစဉ်ပေးရာတွင် ပိုလွယ်ကူသွားမည်ဖြစ်သည်။


ဟန်ချင်စုန့်က သူမကိုကြည့်လိုက်သည်။


"အစ်မ သူ့ကိုတကယ်ထားခဲ့ချင်တာလား...."


အစ်မကြီးဟန် :"သူ့ကို နင်နဲ့ပိုပြီးရင်းနှီးစေချင်ရုံပါ...."


ဟန်ချင်စုန့်: "ကျွန်တော်က အိမ်မှာထက်အလုပ်မှာရှိတာ ပိုများတယ်...."


"ရပါတယ် သူ့ကိုသူ့ရဲ့ ညီတွေညီမတွေနဲ့ရင်းနှီးစေတာပေါ့...."


အစ်မကြီးဟန်က သူမသားနေခွင့်ရနေသ၍ဂရုမစိုက်ပေ။ ဤနည်းဖြင့် သူမတို့အိမ်တွင် အစားအသောက်ဖိုးသက်သာပြီး အသားခွဲဝေချိန်တွင်လည်း သူမသားက ပိုပိုသာသာစားသောက်ရမည်ဖြစ်သည်။


ဟန်ချင်စုန့်က ၎င်းကိုကြားပြီး မန်တန်ကိုပြောလိုက်သည်။


"ဒါဆို မင်းရဲ့အိပ်ရာကိုယူပြီး တဝမ်တို့နဲ့အိပ်ရမယ်...."


အစ်မကြီးဟန်က ထိုစကားကိုကြားပြီး အပျော်ကြီးပျော်သွားကာ သူမမောင်က သူမမောင်ပဲဟူသော အမူအရာကြီးဖြင့်လင်းလန်ကိုကြည့်လေသည်။


လင်းလန် :"....."


ရှင့်ကို မိနစ်အနည်းငယ်လောက် ဂုဏ်မောက်နေခိုင်းလိုက်ပါ့မယ်လေ.....


သူမက လုံးဝစိတ်မပူပေ။ အကယ်၍ ဟန်ချင်စုန့်သာ ဤမျှပြောရဆိုရလွယ်ပါက ဟန်ကျင်းယုက သူရှိနေချိန်တွင်လာမည်ဖြစ်သည်။


မဟုတ်ပါက ဟန်ကျင်းယုက သူ့ကို သူမအစ်ကိုမဟုတ်ဟု ပြောမည်မဟုတ်ပေ။


သေချာပေါက်ပင် မန်တန်က သူ့အမေပြောသလို တတိယဦးလေး၏အုတ်အိမ်တွင်နေပြီးခေါက်ဆွဲဖြူကိုစားရမည်ဟူသော အနာဂတ်ကိုစိတ်ကူးယဉ်နေချိန်တွင် ဟန်ချင်စုန့်ကထပြောလေသည်။


"ဒါဆိုရင်တော့ မနက်တိုင်းငါးနာရီထပြီး ရွာကိုပတ်ပြေးဖို့ပြင်ထားလိုက်တော့...."


ငါးနာရီထရမယ်...


ဆောင်းတွင်းမှာ ငါးနာရီဆိုတာဘာမှမမြင်ရအောင် မှောင်မဲနေတာလေ.... အစောကြီးထပြီးဘာလုပ်ကြမှာလဲ... ပြီးတော့စားဖို့သောက်ဖို့တောင်မလောက်တာကို... ထပြေးနေမှတော့ ဗိုက်ပိုဆာပြီး အစားအသောက်တွေကိုဖြုန်းတီးတာပဲ....


တကယ်ရူးနေပြီ....


သူတုန့်ဆိုင်းသွားရသည်။


သူဤသို့မလာခင်တွင် သူ့အမေက တတိယဦးလေးတို့နေအိမ်တွင်အစားကောင်းကောင်းစားရမည်ဖြစ်ပြီး ခေါက်ဆွဲဖြူနှင့် အသားပင်စားရနိုငိသည်ဟုပြောခဲ့သည်။ ထို့ကြောင်သူဤအိမ်ကိုရောက်ကတည်းက မပြန်ဟုဆုံးဖြတ်ခဲ့သည်။


တတိယဦးလေးက အရာရှိဖြစ်ပြီး နာမည်ကောင်းလည်းရှိလေရာ သူ၏အမျိုးများကိုမောင်းထုတ်ရန်ရှက်နေလောက်ပေမည်။ သူ့ကို အရသာရှိသောအစားအသောက်များကိုပေးလိမ့်မည်။ ထို့အပြင် နှစ်သစ်ကူးချိန်အထိ ဤအရသာရှိသောအစားအသောက်များကို စားရပေလိမ့်မည်၊။


ထို့ကြောင့် သူအလွန်ပျော်နေခဲ့သည်။


ဘယ်သူကများ နေ့တိုင်းခေါက်ဆွဲဖြူစားပြီး အသားမစားချင်မှာလဲ....


သို့သော် နေ့တိုင်းစောစောထပြီးပြေးရမည်ကိုသိပြီးနောက်တွင် သူကြောက်သွားရလေသည်။


လင်းလန်က ပြုံးရင်းပြောလိုက်သည်။


"ပြေးတာကတော့ လုပ်ကိုလုပ်ရမှာပေါ့... အိပ်ရာထနောက်ကျရင် အရိုက်ခံရမယ်... ပြေးတာနှေးရင်အရိုက်ခံရမယ်.. ပြေးတာနည်းရင်အရိုက်ခံရမယ်.."


မန်တန်မှာ မျက်နှာဖြူဖျော့နေလေပြီ။


ကလေးကတည်းက သူ့ကိုမည်သူကမှလက်တစ်ချောင်းမတင်ဖူးသလို သူကနာကျင်ရမည်ကိုအကြောက်ဆုံးပင်။


အစ်မကြီးဟန်က အပြုံးတစ်ပွင့်ထွက်လာအောင်ညှစ်ထုတ်လိုက်ရသည်


"ကြည့်စမ်းပါဦး.... ကလေးကိုဘာလို့ခြောက်လှန့်နေတာလဲ......"


လင်းလန် :"ကျွန်မ မခြောက်လှန့်ရပါဘူ..... မယုံရင်တဝမ်ကိုမေးကြည့်လေ..... သိပ်မကြာခင်ကတင် သူကဆယ်ချက်အရိုက်ခံထားရတာ.. အခုတော့အတော်လေးလိမ္မာနေပြီ......"


မန်တန်၏ခန္ဓာကိုယ်ကတုန်ယင်လာပြီး သူ့အမေနောက်ပြေးပုန်းလေသည်။


"အမေ့.. ကျွန်တော်မနေချင်တော့ဘူး..."


ဟန်ချင်စုန့်က မျက်မှောင်ကြီးကြုတ်ပြီးဆူလာသည်။


"ယောက်ကျားဖြစ်ပြီးရှက်စရာကောင်းချက်ပဲ... ဒါလေ့ကျင့်ရုံပဲကွ.... ခုနစ်ရက်လောက်သေချာလုပ်လိုက်ရင် နေသားကျသွားလိမ့်မယ်... တဝမ်နဲ့အတူတူလေ့ကျင့်ခန်းလုပ်ရမယ်...."


ထိုပုံစံကိုကြည့်ပြီး မန်တန်တစ်ယောက်အတော်လေးလန့်သွားပြီး နံရိုးများကိုပင်မေ့ကာထွက်ပြေးလေသည်။


"အမေ့.. ကျွန်တော်အိမ်ပြန်ချင်တယ်...."


ဟန်ချင်စုန့်ကမာထန်စွာပြောလိုက်သည်။


"ယောက်ျားဖြစ်ပြီးအဲ့လောက်တောင် ပျော့ညံ့ရလား..."


သူ အစ်မကြီးဟန်ကိုလှည့်ပြောလိုက်သည်။


"အစ်မစိတ်သာချထားလိုက်... အစ်မသားကိုလဝက်အတွင်းအချိုးပြောင်းပေးလိုက်မယ်....."


အစ်မကြီးဟန်က ဟန်ချင်းစုန့်က ကလေးများကိုထိုသို့ဆက်ဆံမည်ဟုမယုံသလို သူ့တူဆိုသည်မှာ သူ့သားမဟုတ်ဘဲ ခဏတာနေသူဖြစ်နေသေးသည်။ထို့ကြောင့် သူမကလက်မလျော့ချေ။


သူမက ပျော်ပျော်ကြီးပြောလိုက်သည်။


"ကောင်းပြီလေ.... သူ့ကိုနေခိုင်းလိုက်ပါ.."


သူမ၏အဖြေကိုနားထောင်ပြီးဟန်ချင်စုန့်ကပြောလိုက်သည်။


"ဒါဆို အစားအသောက်အတွက်ပြင်ပေးတော့... အစ်မသားကိုဗိုက်မဆာစေချင်ရင် များများသာပြင်ပေး...."


အစ်မကြီးဟန် အံ့အားသင့်သွားသည်။


"တတိယမောင်လေး နင်ကိုယ့်တူလေးကိုယ်တောင်မသထာဘူးလား... ယောင်းမကနင့်ကိုမကျွေးခိုင်းတာလား.... တတိယမောင်လေး... နင်ကိုယ့်အစ်မကိုယ်မစာနာဘူးလား ငါတို့ကမောင်နှမတွေလေ....."


ဟန်ချင်စုန့် :"အကြီးဆုံးအစ်မ.. ဒါက ဆွေမျိူးတွေနဲ့မဆိုင်ဘူး မိဘဆိုရင်တောင်မရဘူး.... ကျွန်တော်တို့မှာ မိသားစုကခုနစ်ယောက်တောင်ရှိပြီး လင်းလန်တစ်ယောက်တည်းကပဲ အလုပ်အမှတ်တွေရှာနေရတာ.... ကျွန်တော့်ကလေးတွေရော ကျွန်တော်ကောက လင်းလန်ရှာတာကိုစားနေရတာ.... ဒါကြောင့် အစ်မ အစားအသောက်တော့ပြင်ပေးမှရမယ်....."


အစ်မကြီးဟန်က မျက်စိလှန်လိုက်ပြီး ပေါင်ကိုနာနာရိုက်လိုက်သည်။


"တတိယမောင်လေး နင်ပြောတာနင်ပြန်တွေးကြည့်စမ်း.... နင့်မှာ အစားအသောက်အလုံအလောက်မရှိဘူးတဲ့လား.... နင့်အစ်မမှာအများကြီးမရှိရင်တောင် နင်က အစားအသောက်နှစ်ရာကတ်တီလောက်အေးဆေးချေးပေးနိုင်သေးတာပဲ... အခုတော့ နင်ကဒီလိုတောင်ပြောတယ်တဲ့လား.... မဟုတ်တော့ဘူး ငါနင့်တူကိုထားခဲ့မယ် နှစ်သစ်ကူးပြီးမှပြန်လာခေါ်လိုက်မယ်...."


"လာပါမြန်မြန်သွားကြမယ်... ကျွန်တော်ရှိနေတုန်းအကုန်လက်စသတ်ကြတာပေါ့.."


ဟန်ချင်စုန့်က တည်တင်းနေပြီး နောက်နေပုံမပေါ်ချေ။


သူ့လက်ထဲရှိ ကောက်ညှင်းဆန်ကိုမီးဖိုပေါ်တင်ပြီးပြောလိုက်သည်။


"ကျွန်တော် စက်ဘီးနဲ့လိုက်ခဲ့မယ်...."


သူပြောပြီးသည်နှင့် စက်ဘီးကိုတွန်းသွားလိုက်သည်။


အစ်မကြီးဟန်က စိုးရိမ်တကြီးဖြစ်သွားလေပြီး ဟန်ချင်စုန့်လက်ကိုဆွဲလေသည်။


"တတိယမောင်လေး... မစိုးရိမ်နဲ့ မစိုးရိမ်ပါနဲ့..."


လင်းလန်မှာရယ်ရလွန်း၍ သေလုမတတ်ပင်။


ထိုအချိန်တွင် ကလေးများက အိမ်သို့ပြန်လာကြလေသည်။


စန်းဝမ်က ထိပ်ဆုံးမှဦးဆောင်လာပြီး အားဝမ်က သူ့နောက်မှလိုက်နေသည်။ မိုင်စွေ့က ရှောင်ဝမ်လေးလက်ကိုတွဲကာ တဝမ်မှာတော့ ကျောင်းလွယ်အိတ်များကိုသယ်ထားပြီး သူ့ညီငယ် မောင်ငယ်လေးများနောက်မှ ပျင်းတိပျင်းရွဲလိုက်လာသည်။


"အမေ့... ဒီနေ့ဘာချက်လဲ....."


စန်းဝမ်က အော်ရင်းဟစ်ရင်း အိမ်ထဲပြေးဝင်လာသည်။ သူက အဒေါ်ဟန်ကိုမြင်ပြီး "အဒေါ်"ဟုခေါ်လိုက်ကာ အိမ်ထဲဝင်လိုက်သည်။


"အကြီးဆုံးယီတ(ဒေါ်အ) နှလုံးကတစ်ခုခုဖြစ်လို့လား..."


ရှောင်ဝမ်က သူ့အမှားကိုပြင်ပေးသည်။

"အကြီးဆုံးတယီ(အဒေါ်)လို့ခေါ်ရတယ်...."

(T/N :  Dayi=တယီ= အဒေါ်လို့အဓိပ္ပါယ်ရပါတယ်...... စန်းဝမ်က အဒေါ်ဟန်ကို တယီလို့ခေါ်ရမှာပါ..... ဒါပေမဲ့လွဲပြီး ယီတလို့ပြောင်းပြန်ခေါ်သွားမိတာ.... )


Xxxxxx

Part 302


ကလေးများက သူတို့၏အဒေါ်ကိုနှုတ်ဆက်ကာ အိမ်ထဲပြေးဝင်ပြီး လင်းလန်ကိုစကားသွားပြောကြသည်။


လင်းလန်က ပြုံးပြီးပြောလိုက်သည်။


"မင်းတို့ အဒေါ်တွေလာလို့ အမေစွပ်ပြုတ်ချိုချိုလေးမချက်ထားလိုက်ရဘူး.. ဒါပေမဲ့ညစာကိုတော့အရသာရှိတာလေးချက်ကျွေးမယ်...."


ကလေးများက ဘာများလဲဟုမေးလာကြသည်။


လင်းလန်က ဝက်နံရိုးနှင့် ကောက်ညှင်းဆန်များကိုလက်ညှိုးထိုးပြလိုက်သည်။


"ဝက်နံရိုးကိုကောက်ညှင်းနဲ့ပေါင်းမှာလေ,...."

ဟန်ချင်းစုန့်ယူလာသည့် ကောက်ညှင်းဆန်များမှာ အတော်လေးကောင်းမွန်လှပေသည်။


"ဝိုး..."

နံရိုးများက အလွန်စားကောင်းလှသည်ဖြစ်၍ ကလေးများ၏ မျက်နှာတို့က ပျော်ရွှင်စွာပြုံးရယ်လာကြသည်။


အစ်မကြီးဟန်ပင် ခဏမျှဆွဲဆောင်ခံလိုက်ရပြီး မပြောပဲမနေနိုင်တော့ပေ။


"တတိယမောင်လေး ငါ့ကိုတကျည်ကျည်လုပ်တယ်လို့မထင်ပါနဲ့... အစ်မကအကောင်းပြောတာရယ်.... နင်ဘယ်လိုလုပ်ဒီလိုရှင်သန်နေရတာလဲ ဟုတ်တယ်မလား... အစားအသောက်နည်းနည်းလေးပဲကို နှမျောမနေပါနဲ့... ပြီးတော့ အခုနင်တို့က အသားတောင်စားနိုင်သေးတာလေ....အခုအချိန် ဘယ်သူကအသားစားနိုင်လို့လဲ....."


"သွားကြရအောင်... အစားအသောက်တွေသွားယူကြမယ်....."


ဟန်ချင်းစုန့်က လှည်းဆီလမ်းလျောက်သွားသည်။


အစ်မကြီးဟန်က လိုက်ဖမ်းသော်လည်းဟန်ချင်းစုန့်၏ခြေတံရှည်များကို လိုက်မမှီနိုင်ပေ။ သူမ စက်ဘီးကိုတွန်းသော်လည်း လိုက်မမှီ၍အော်သာအော်နေရသည်။


"တတိယမောင်လေး အလျှင်မလိုပါနဲ့ဆွေးနွေးကြမယ်လေ...."


သူမက ဟန်ချင်စုန့်စနောက်သည် သို့မဟုတ် သရုပ်ဆောင်နေသည်ဟုထင်နေခဲ့သည်။  သူ၏တူလေးကိုနေခိုင်းရန် တွက်ကပ်နေ၍ သူမသာလက်မလျော့ပါက အဆင်ပြေသွားမည်ဟုတွေးခဲ့သည်။


သို့သော် တတိယမောင်လေးမှာ သူမသားကိုနေခိုင်းစေသော်လည်း အစားအသောက်ထောက်ပံ့ရမည်ဟူ၍ပင်ပြောခဲ့သည်။


သူကလင်းဟယ်ရွာကိုတကယ်သွားလေပြီး အစားအသောက်များပင်သွားယူချင်နေသေးသည်။


အစ်မကြီးဟန် အတော်လေးစိတ်ဓာတ်ကျသွားရသည်။


သူမက ဆွေးနွေးကြမည်ဟူသောစကားကို ထပ်ကာထပ်ကာပြောနေပြီး သူမသားကိုနှစ်သစ်ကူးအထိကျွေးမွေးပေးထားခိုင်းကာ နောက်ကျမှပြန်ပေးမည်ဟုပြောသော်လည်း ဟန်ချင်းစုန့်ကနားမထောင်ချေ။


သူမ မတတ်နိုင်သော်လည်း အမှန်အတိုင်းပြောရလျှင် သူမ၏သားကိုဟန်ချင်စုန့်၏အိမ်တွင် စားသောက်နေစေချင်သည်။


ဟန်ချင်စုန့်က နားမထောင်ပေ။


"အကြီးဆုံးအစ်မ.... ယောက်ျားလေးတစ်ယောက်က ကြီးကြီးငယ်ငယ် စားတာကစားတာပဲ.... ကျွန်တော်လည်း မတတ်နိုင်လို့ပါ....."


အစ်မကြီးဟန့်ခင်ဗျာ အော်ငိုချင်နေလေပြီ။


အဆုံးတွင် အစ်မကြီးဟန်က တောင်းတောင်းပန်ပန်နှင့်ပြောလိုက်ရတော့သည်။ နွေဦးရောက်လာပြီး ပိုမိုပူနွေးလာမှ သူမသားကို လေ့ကျင့်ရေးဆင်းရန်ပို့ပေးမည်ဟုပြောလိုက်သည်။ ဆောင်းရာသီအတွက် သူမတွင် အဝတ်အပိုများမရှိ၍ ကလေးကို မဖျားစေချင်ဟုပြောလာသည်။


ဟန်ချင်စုန့်က ခဏမျှစဉ်းစားပြီးမှသဘောတူလိုက်သည်။


"ဒါဆို နောက်နှစ်ပေါ့...."


အစ်မကြီးဟန်က နောက်ဆုံးမှ သက်ပြင်းချနိုင်လေသည်။


လမ်းတစ်ဝက်ရောက်မှ သူမက သူမသားကိုကျန်ခဲ့ကြောင်း မှတ်မိတော့သည်။


ဟမ်ချင်စုန့်ကပြောလိုက်သည်။


"အစ်မအိမ်ကိုပြန်ပါ.... အစ်မသားကို ကိုယ့်ဘာသာအိမ်ပြန်ခိုင်းလိုက်မယ်.... ဒီလောက်ကြီးနေတဲ့ ကောင်လေးပဲ မပျောက်နိုင်ပါဘူး...."


ထိုအချိန်က လူကုန်ကူခြင်းများမရှိပေ။ တမင်တကာဖမ်းခေါ်ထားခြင်းမှလွဲရင် ကလေးများ မပျောက်ကြချေ။


အစ်မဟန်က စိုးရိမ်နေသေးဆဲဖြစ်၍ ပြန်လိုက်လာကာ သူမသားကိုခေါ်ပြီး အိပ်ရာခင်းများကိုသယ်ကာ မမှောင်ခင်အိမ်သို့ပြန်လေသည်။


ဟန်ချင်းစုန့်က ညမှောင်လာသည်ကိုကြည့်ပြီး သူတို့ကိုအိမ်ပြန်လိုက်ပို့တော့သည်။



လင်းလန်နှင့် ကလေးများက အိမ်တွင်နံရိုးကိုခုတ်ထစ်နေကြသည်။


ကလေးများက ကောက်ညှင်းကိုတစ်ခါမှမမြင်ဖူး၍ ဘာလဲသိချင်နေကြသည်။


သူတို့က ကောက်ညှင်းဆန်ကိုတစ်ခါမှ မမြင်ဖူးကြပဲ နှံစားပြောင်းကိုသာမြင်ဖူးကြသည်။ အဆုံးတွင် ကောက်ညှင်းများမှာ သူတို့နယ်တွင် စိုက်ပျိုးခြင်းမရှိသလို ယခုခေတ်၏ ပို့ဆောင်ဆက်သွယ်ရေးကလည်း ဖွံ့ဖြိုးခြင်းမရှိသေးပေ။ တောင်ဘက်မှ မြောက်ဘက်သို့ ကောက်ပဲသီးနှံများ ပို့ဆောင်ခြင်းကရှားပါးပေသည်။


လင်းလန်က သူတို့ကိုကောက်ညှင်းကိုပြလေသည်။


ကောက်ညှင်း၏ မူလဇစ်မြစ်က ဆန်နှင့်တူပြီး ရင့်မှည့်လာပုံနှင့် မည်သို့စားရပုံကိုပါရှင်းပြခဲ့သည်။


"ဆန်ဆိုတာကလည်း နှံစားပြောင်းနဲ့အတူတူပဲ... ခြွေလှေ့ရတယ်... ဆန်ကိုပေါင်းပြီး ချက်ပြုတ်စားလို့ရတယ်... ပြီးတော့ ခေါက်ဆန်အဖြစ်လုပ်လို့ရသေးတယ်... ဆန်ခေါက်ဆွဲတွေပေါ့လေ....."


ရှောင်ဝမ်က ကောက်ညှင်းဆန်ဆိုတာဘာလဲ၊ ဆန်ဆိုတာဘာလဲ၊ ဆန်ကိုဘယ်မှာစိုက်တာလဲ စသည်ဖြင့် ဘာမှမမေးသော်လည်း မေးချင်စိတ်အပြည့်ဖြစ်နေသော ပုံစံဖြင့် စိတ်လှုပ်တရှား မျက်တောင်ခတ်နေသည်။


လင်းလန်က သူ၏ခေါင်းလေးကိုထိလိုက်သည်။


"သားတို့က ငယ်ပါသေးတယ်... စာအုပ်တွေဖတ်ရင်းနဲ့ ကမ္ဘာကြီးအကြောင်းသိနိုင်တယ်လေ... စာအုပ်တွေထဲမှာအကုန်ပါတယ်...."


ရှောင်ဝမ်က သူ၏အမေက အများကြီးသိသည်ဟု ခံစားနေရပြီး ဆရာများထက်ပင် တော်သည်ဟုတွေးနေလေသည်။


နိုင်ငံသားအများစုမှာ သူတို့တစ်သက်လုံး တခြားနိုင်ငံသို့မသွားဖူးကြပေ။ အချို့မှာ သူတို့မြို့ထဲမှ အပြင်မရောက်ဖူးကြပေ။ အချို့မှာမူ ရွာထဲမှပင် မထွက်ဖူးကြချေ။


ထို့ကြောင့် လူအများစုမှာ ပြင်ပကမ္ဘာအကြောင်း ဘာဆိုဘာမှမသိကြချေ။


လင်းလန်၏ အနုစိတ်ဂရုစိုက်မှုများကြောင့်သာမဟုတ်ပါက ရှောင်ဝမ်ကိုယ်တိုင်လည်း ထိုလူများလိုသာဖြစ်ပေလိမ့်မည်။


ယခုတွင် သူသိသွားပြီဖြစ်၍ အတော်လေးသိချင်နေလေပြီ။


ကောက်ညှင်းဆန်ကတ်တီလေးနည်းနည်းနှင့် လင်းလန်က ကလေးများကို အရေးကြီးလှသော သင်ခန်းစာတစ်ခုကိုသင်ပေးနိုင်လိုက်သည်။ ကမ္ဘာကြီးက ကြီးမားလှ၍ စာကြိုးစားမှ နောက်ပိုင်းတွင်ကြည့်ခွင့်ရပေလိမ့်မည်။


တဝမ်က နံရိုးများကို ဓားမဖြင့် အတုံးသေးသေးလေးဖြစ်အောင် ခုတ်ပိုင်းလေသည်။


အားဝမ်က သူ၏ကိုယ့်ပိုင် ချက်ပြုတ်နည်းများကိုထုတ်လာသည်။ ၎င်းတို့တွင် ဝက်နံရိုးကောက်ညှင်းပေါင်း၊ နံရိုးချိုချဉ် စသည်ဖြင့်တို့ပါဝင်ပြီး ငွေကုန်ကြေးကျနည်းရန် ပုံများတော့မပါပေ။


လင်းလန်က ဆော့စ်ကိုပြင်ဆင်ရန် ပါဝင်ပစ္စည်းအကန့်အသတ်များကိုသုံးခဲ့သည်။ ပဲမှုန့်၊ ပဲငံပြာရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ဆားနှင့် ဆီတစ်ဇွန်းတို့ပါဝင်သည်။ အကုန်လုံးကို နံရိုးနှင့်အတူရောနယ်လိုက်သည်။ ထို့နောက်တွင် ကြက်သွန်မြိတ်နှင့် ရောနယ်လိုက်သည်။


ဟင်းသီးဟင်းရွက်များမှာ လမ်းဘေးတွင်ပေါက်နေသည့် အပင်များဖြစ်ပြီး လင်းလန်က ကလေးများကိုသွားခူးခိုင်းထားခြင်းဖြစ်သည်။


သူမက မှိုအချို့ကိုလည်း လှီးဖြတ်ထားပြီး အပေါ်တွင်ဖြူးကာ နံရိုးများ၏ အသားအနံ့အရသာများကိုစုပ်ယူစေကာ ပိုမိုစားကောင်းစေမည်ဖြစ်သည်။


လေးနာရီသာရှိသေးသော်လည်း အခန်းထဲတွင်မှောင်နေလေပြီ။ လင်းလန်က သူတို့ကို မီးအိမ်ဖွင့်ခိုင်းကာ အိမ်စာလုပ်ခိုင်း စာဖတ်ခိုင်းလေသည်။ သူမကမူ ချက်ပြုတ်နေလေသည်။ ကောက်ညှင်းများကိုရေကြာကြာစိမ်ပါက ပိုမိုစေးပိုင်မည်ဖြစ်ပြီး ချက်ပြုတ်ရန်လည်းနောက်မကျနေချေ။


သူမက အိမ်တွင်ကောက်ညှင်းဆန်တစ်ပန်းကန်ကြီးရှိနေသေးဆဲဖြစ်ကြောင်း တွေ့လိုက်၍ အားဝမ်ကိုသွားပို့ခိုင်းလိုက်သည်။


သူက ခဏလေးနှင့်ပြန်မလာသလို ဟန်ချင်စုန့်ကလည်းပြန်မလာပေ။ သို့သော် လင်းလန်က ဂရုစိုက်မနေပဲ တဝမ်တစ်ယောက်ဆော့နေသည်ဟုသာတွေးလိုက်သည်။


Xxxxx