အပိုင်း ၃၀၃-၃၀၄
Viewers 21k

Part 303


သူမက ကောက်ညှင်းများကို အချိန်အတော်ကြာရေစိမ်ပြီးမှ စတင်ချက်ပြုတ်တော့သည်။


အားဝမ်နှင့် မိုင်စွေ့ကသူမကိုလာကူညီပေးကြသည်။


ခေါက်ဆွဲကို ပွက်ပွက်ဆူအောင်လုပ်၊ ပန်ကိတ်များပြင်ပြီး ဘေးတွင်ကြက်ဥကို ဂေါ်ဖီထုပ်ဖြင့်ရောကြော်ကာ နံရိုးကောက်ညှင်းပေါင်းဖြစ်သည်။


ကြက်ဥကို ဂေါ်ဖီထုပ်ဖြင့်ကြော်သည်မှာ ကြက့ဥခြွေတာရန် အားဝမ်၏နည်းလမ်းဖြစ်သည်။ လူတိုင်းက ကြက်ဥကိုကြက်သွန်မြိတ်နှင့်ကြော်စားသည်ကိုသဘောကျကြသည်။ သို့သော် လုံလောက်မှုမရှိ၍ ဂေါ်ဖီနှင့်ရောကြော်လေပြီး အပေါ်တွင်ပုစွန်အရေခွံကိုဖြူးကာ အရသာရှိပြီး ကယ်လ်စီယမ်ဓာတ်ပြည့်ဝသော ဟင်းတစ်ခွက်ဖြစ်စေသည်။


အားဝမ်ကသူမကို ဂေါ်ဖီများလှီးကူလေပြီး ဆေးကြောပေးကာ ၎င်းတို့ကို အိုးအဝိုင်းပြားထဲတွင်ဖြန့်ခင်းပေးထားသည်။ ထို့နောက်တွင် နံရိုးနှင့်ကောက်ညှင်းဆန်အရောများကို အပေါ်တွက်ထားကာ ဖြန့်ပေးလိုက်သည်။


လင်းလန်က မြှောက်ပင့်လေသည်။


"ငါ့သားကတော့ ကြီးလာရင်အရမ်းတော်တဲ့ စားဖိုမှူးဖြစ်လာလောက်တယ်....."


စားဖိုးမှူးများမှာ အလွန်ကောင်းမွန်ကြပြီး အမျိုးသမီးများကြားတွင်ရေပန်းစားကြလေသည်။


အားဝမ်က ပြုံးပြီးပြောလိုက်သည်။


"မာမားသာ စားနိုင်ဖို့အတွက်ဆို စားဖိုမှူးဖြစ်တော့ကောင်းတာပေါ့.... ဒါပေမဲ့ မာမားသာ စားသောက်ဆိုင်ပိုင်ရှင်ဖြစ်ချင်ရင်တော့ မလွယ်တော့ဘူး....."


လင်းလန်က သူ၏ပခုံးလေးကိုပုတ်ပေးလိုက်သည်။


"ဘာပဲဖြစ်ဖြစ် သားကောလိပ်တော့အရင်တက်ရမယ်.... အမေ့အတွက်လည်း ကိုယ်ပိုင်စားသောက်ဆိုင်ဖွင့်ဖို့ဆိုတာ မဖြစ်နိုင်တာပဲလေ....."


အားဝမ် :"မာမားက လုပ်နိုင်ပါတယ်....."


သားအမိနှစ်ယောက်က အချင်းချင်းစတင်၍မြှောက်ပင့်ကြတော့သည်။


လင်းလန်က အပြင်ကိုလှမ်းကြည့်လိုက်သည်။


"စန်းဝမ်.... သားအစ်ကိုကြီးပြန်မလာသေးဘူး... တစ်ချက်သွားကြည့်လိုက်ပါဦး...."


စန်းဝမ်က သူ့အစ်ကိုနှင့်အစ်မတို့ကြည့်မနေကြသည်ကိုအခွင့်အရေးယူပြီး ရေဒီယိုနှင့်ကစားနေလေရာ လင်းလန်ကသူ့ကိုခေါ်သည်ကို ကြားလိုက်သည်နှင့် ဖိနပ်စီးကာပြေးလေတော့သည်။


ခဏအကြာတွင် စန်းဝမ်က အံအားတကြီးအမူအရာဖြင့် ပြန်ပြေးလာသည်။


"မာမား.... အဘွားတို့အိမ်မှာရန်ဖြစ်နေကြတယ်...."


လင်းလန်က သူ၏လင်းလက်တောက်ပနေသော မျက်နှာလေးကိုကြည့်လိုက်သည်။ ဤကောင်လေးမှာ အမှန်တကယ်မျှော်လင့်ချက်မဲ့နေလေပြီ။ သူက လျိုချွန်းခိုင်ထံမှတကယ်ပင် သင်ယူခဲ့သည်။လူများ ရန်ဖြစ်နေကြသည်ကို ပွဲကြီးပွဲကောင်းတစ်ခုလိုကြည့်လာပြီး စိတ်လှုပ်ရှားနေသေးလေသည်။


"သားအစ်ကိုကြီးရောအရိုက်ခံနေရတာလား...."


"ဟင့်အင်း.... အဘွားနဲ့ အဒေါ်နဲ့ရန်ဖြစ်နေကြတာ... အဘွားက အဒေါ်ကိုရိုက်နေတာလေ.. အဲ့ဒါနဲ့ဦးလေးကပြေးဝင်လာပြီး ဆွဲလေရော... အဲ့ဒါနဲ့ အဒေါ်တွေက ဦးလေးကိုဝိုင်းရိုက်ကြတယ်လေ....."


လင်းလန်က သူမကလေးအရိုက်ခံရမည်ကိုမစိုးရိမ်ပေ။


"သားရဲ့ အစ်ကိုကြီးကရော....မြန်မြန်ပြန်သွားခေါ်ချေ... ခဏနေ ညစာစားရတော့မှာ...."


"အစ်ကိုကြီးက ရှုအိမ်မှာမဟုတ်ဘူး... သူဘယ်သွားလဲသားမသိဘူးရယ်...."


လင်းလန်: "သူဘယ်များသွားနိုင်မလဲ.. အပြင်မှာလျောက်ခေါ်ချေ...."


စန်းဝမ်က ထွက်ပြေးသွားတော့သည်။


လင်းလန်က တစ်ချက်ကြည့်လိုက်သည်။ အဖေတူသားများပင်။ဟန်ချင်စုန့်က အစ်မအကြီးဆုံးအိမ်ကိုသွားပြီး သူမသားအတွက် အစားအသောက်များသွားယူမည်ဟုဆိုကာ ထွက်သွားခဲ့သည်။


တဝမ်က အဒေါ်ဟန်အကြောင်းမပြော၍ သူလည်း ဟန်ချင်စုန့်နောက်သို့လိုက်သွားလောက်ပေသည်။


ခဏအကြာတွင် ကုမိန်က ငိုယိုရင်းပြေးထွက်လာလေသည်။


"တတိယဒေါ်ဒေါ် ကျွန်မအမေကိုကယ်ပေးပါဦး.... အမေ့ကို အဖေနဲ့အဘွားနဲ့ကရိုက်နေကြပြီ...."


လင်းလန် အံ့အားသင့်သွားသည်။ အစ်မဟန်က အိမ်တွင်အလုပ်အကြိုးစားဆုံးလူဖြစ်သည်။ သူမက အဘွားကြီးဟန်ကိုမကျေနပ်သော်လည်း ဘယ်သောအခါမှ မျက်နှာချင်းဆိုင်ဖြေရှင်းလေ့မရှိပေ။ သူမကို လူတိုင်းလိုချင်သည့် ချွေးမဟုသတ်မှတ်နိုင်သည်။ ယနေ့တွင်တော့ဘယ်အရပ်ကလေတိုက်လာ၍ သူမက အဘွားကြီးဟန်ကို ပြန်လှန်ရိုက်နှက်ရဲလည်း မသိတော့ချေ။


သူမက မိုင်စွေ့ကို ရှောင်ဝမ်ကိုအိမ်တွင်ကြည့်နေရန်ပြောခဲ့ပြီး အားဝမ်ကိုခေါ်ကာလိုက်သွားခဲ့သည်။


သူမအဘွားကြီးဟန်၏အိမ်ကိုရောက်သည်နှင့် စန်းဝမ်နှင့် တဝမ်ကိုအရင်ရှာလိုက်သည်။ ရန်ပွဲမှာပြီးဆုံးသွားခဲ့လေပြီ။ အဘွားကြီးဟန်၏ဆဲဆိုနေသံအပြင် ဟန်ကျင်းယု၏အော်ဟစ်ငိုယိုသံတို့ကိုသာကြားရပြီး အစ်မဟန်၏အသံကပျောက်ကွယ်နေလေသည်။


လင်းလန်က တံခါးဝတွင်ရပ်လိုက်ပြီးအထဲသို့မဝင်ခဲ့ပေ။


"ကုမိန် စိတ်မပူနဲ့... သမီးအဖေက သမီးအမေကိုမရိုက်ပါဘူး...."


ကုမိန်ကလည်း စိတ်ဓာတ်ကျစွာသက်ပြင်းချလိုက်သည်။


"တတိယဒေါ်ဒေါ်... အိမ်ခွဲကတည်းက သက်တောင့်သက်သာနေခဲ့ရပေမဲ့ ကျွန်မအမေကတော့ ဒေါ်ဒေါ်ကြောင့် ပိုပြီးနာကျင်ခဲ့ရတယ်...."


လင်းလန် အံ့အားသင့်သွားသည်။


အားဝမ်က မကျေမနပ်ပြောလေသည်။

"အစ်မ... ဘာတွေပြောနေတာလဲ... ကျွန်တော်အမေနဲ့ဘာဆိုင်လို့လဲ...."


လင်းလန်က သူ့ကိုရပ်ရန် အမူအရာပြလိုက်သည်။


ကုမိန်က ရိုးသားသည့်ကလေးမလေးဖြစ်ပြီး ဘာကိုမှအလေးအနက်ကြီးမတွေးတတ်ပေ။ အိမ်မခွဲခင်က လင်းလန်က အမြဲတမ်းပြဿနာရှာပြီး အဘွားကြီးဟန်က သူမကိုဆူဆဲလေ့ရှိသည်။ သူမအမေကမူ နေ့တိုင်းတကုတကုတ်အလုပ်ကြိုးစားပြီးချက်ပြုတ်ရုံသာဖြစ်ပြီး အဆူမခံရပေ။


 သို့သော် အိမ်ခွဲပြီးနောက်ပိုင်းတွင် တတိယဒေါ်ဒေါ်တို့မိသားစုက သက်တောင့်သက်သာနေရပြီး အရသာရှိရှိစားနေရသည်။ သို့သော် သူမအမေက ပုံမှန်လိုအလုပ်ကြိုးစားသော်လည်းနေ့တိုင်းအဆူအဆဲခံနေရသည်။


လူကြီးများပြောသည်ကိုကြားရသည်မှာ သူမအမေက တတိယဒေါ်ဒေါ်ကြောင့် အဆူအဆဲခံနေရသည်ဟူသတည်း။


လင်းလန်ကပြောသည်။

"ဒီနေ့ ဘာဖြစ်တာလဲ...."


ကုမိန်က တိုးတိုးလေးပြောသည်။


"ဒေါ်လေး(ဟန်ကျင်းယု)က ပြန်လာပြီး တတိယဒေါ်ဒေါ်(လင်းလန်)ကိုဆူဆဲပြီး စွန်းကွမ်နောက်ကိုလိုက်သွားခဲ့တယ်... အတော်ကြီးကိုဆူဆဲသွားခဲ့တာ.... ကျွန်အမေက ဒေါ်ဒေါ်နဲ့ဘာမှမဆိုင်ဘဲ စွန်းကွမ်ကသာ အိမ်ကိုအထင်သေးနေတာလို့ပြောခဲ့တာ... အဲ့ဒါနဲ့ သူက အရမ်းကိုဒေါသထွက်သွားပြီး အမေ့ကိုဆူပြောသွားခဲ့တယ်... သူမက အိမ်ကိုပြဿနာရှာထားပြီး သူမရဲ့သန်းခေါင်စာရင်းက ကျေးလက်မှာရှိတာကြောင့် မြို့ကိုပြန်လို့မရသလို မြို့က အစားအသောက်ခွဲတမ်းကိုလည်းမရနိုင်သလို အလုပ်လည်းမရနိုင်ဘူးဆိုပြီး ဒေါသပုန်ထနေတာ.... အမေကဒေါသမထွက်ပါဘူး စကားလေးနည်းနည်းပြောလိုက်ရုံပါ... ဒါပေမဲ့ ဒေါ်လေးက ကစိတ်လွတ်သွားပြီး အမေ့ကိုစရိုက်တယ်လေ... အမေ့မှာ အရမ်းအရိုက်ခံလိုက်ရတာ...."


"တစ်ချိန်လုံး သူက ဒီလိုပဲအော်ဟစ်နေခဲ့တာ.... ဒါတွေအားလုံး ခွေးမတစ်ကောင်ကြောင့်ပဲ... မိသားစုခွဲပြီးကတည်းက သူက တတိယအစ်ကိုရဲ့လစာကိုယူပြီး စားကောင်းသောက်ကောင်းတွေမြိုဆို့ရင်း မိသားစုကိုကြတော့ အခက်အခဲတွေကြားထဲထားခဲ့တာတဲ့... သူက ကျွန်မတို့အိမ်ကို နာမည်ကောင်းမရစေချင်လို့ သူ့ကိုတခြားသူတွေကလှောင်ရဲတာတဲ့.. သူ့ကိုမြို့ကလူ တစ်ယောက်နဲ့လက်မထပ်နိုင်အောင် လုပ်ပြီး ကျန်တဲ့လူတွေကို လယ်တောထဲမှာ ဒုက္ခခံစေချင်တာတဲ့... သူမြို့ကလူတစ်ယောက်ကိုရအောင်ရှာနိုင်လို့ မနာလိုဖြစ်ကြပြီး သူ့ကိုတမင်ပျက်စီးအောင်လုပ်ကြတာတဲ့...."


"အမေ ကပြောတယ်လေ.... ကိုယ့်မျက်နှာပေါ်ပဲရွှေတင်မနေနဲ့ ဘယ်သူမှသူ့ကိုမနာလိုမဖြစ်သလို နင်လက်ထပ်ပြီး မြို့ထဲမှာကောင်းကောင်းနေစေချင်ကြတာလို့ပြောတယ်... စွန်းယောင်ဝူလိုလူတွေအိမ်ကိုလာကြတာပဲ... ဘယ်သူကများနင်နဲ့လက်ထပ်ချင်ခဲ့လို့လဲဆိုပြီးပြောလိုက်တယ်....."


Xxxxx

Part 304


ဤသို့ဖြင့် ဟန်ကျင်းယုကသည်းမခံနိုင်တော့ပေ။ သူမကသာ အခြားလူများကို ရန်ထောင်နိုင်မည်ဖြစ်သော်လည်း အခြားလူများက သူမကိုရန်ထောင်မည်ကိုလုံးဝမုန်းတီးလေသည်။


သူမက အရင်က အထွေထွေအတွင်းရေးမှူးစွန်းကိုမမြင်ဖူးသော်လည်း နီးကပ်ချင်နေဆဲဖြစ်သည်။ သို့သော် အထွေထွေအတွင်းရေးမှူးစွန်းကသူမကို စကားတစ်ခွန်းမှမပြောဘဲ ထွက်ပြေးသွားခဲ့သည်။


၎င်းက မျက်နှာဖြတ်ရိုက်ခြင်းပင်။


ထို့ကြောင့် သူမရင်ထဲတွင်မချိမဆန့်ခံစားနေ ပြီး နောက်ဆုံးတွင် အကြီးဆုံးယောက်မ ဟန်ကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။


အစ်မဟန်(အကြီးဆုံးယောက်မ)ကလည်း သူမကိုစိတ်ပျက်နေပြီဖြစ်သည်။


ဟန်ကျင်းယုက နှာခေါင်းက မိုးသို့မြင့်နေသော(ထောင်လွှား) အထွေထွေအတွင်းရေးမှူးစွန်းကို ခေါ်လာပေးခဲ့သည်။ သူက သူမကိုမြင်သောအခါတွင် မရီးဟုမခေါ်ခဲ့ပေ။ နှစ်ခါမျှအရိပ်အမွက်ပြခဲ့သော်လည်း မင်္ဂလာပါဟုသာပြောခဲ့သည်။ ဤကဲ့သို့သော တွေ့ဆုံခြင်းက မည်ကဲ့သို့ လက်ထပ်ပွဲအထိဦးတည်နိုင်ပါမည်နည်း။ ကြည့်လိုက်ရုံဖြင့် ဟန်ချင်စုန့်ဆီသို့ဦးတည်လာခဲ့ကြောင်း သိသာပေသည်။


အစ်မကြီးဟန်(အကြီးဆုံးအစ်မ)ကိုယ်တိုင်ကလည်း ထိုကဲ့သို့ပင်။ သူမက သူမ၏သားနှင့်အတူ အိပ်ရာခင်းများပါသယ်လာခဲ့ပြီး ထိုနေရာတွင်နေမည်ဖြစ်ကြောင်း အသိအသာကြီးပြုမူခဲသည်။ အဘွားကြီးလင်းရှေ့တွင် လိမ္မာသယောင်ပြုမူပြီး သူမ၏ဆွေမျိုးများရှေ့တွင် လင်းလန်ကိုဆဲဆိုဆူပူမောင်းမဲပြီး သူမသားကို လင်းလန်တို့အိမ်သို့ရောက်အောင်ပို့ရန် တွက်ချက်လေသည်။


အစ်မဟန်(အကြီးဆုံးယောက်မ) က ထိုစကားများကိုကြားလေကြားလေ ရှက်လေလေဖြစ်သော်လည်း မိသားစုကသေးလွန်း၍ သူမတွင်ပုန်းစရာနေရာကရှိမနေချေ။


ထိုသည်သာမကပေ။


(အကြီးဆုံးအစ်မဟန်က သူမကိုယ်သူမ ဟန်မိသားစု၏ခေါင်းဆောင်တစ်ယောက်နှယ် ပြုမူပြီး သူမ၏ယောင်းမများက သူမကိုပြုစုသင့်သည်ဟု ယုံကြည်လေသည်။ အိမ်၏ခေါင်းဆောင်တစ်ယောက်အနေဖြင့် သူမ၏ ယောင်းမများက သူမကိုလေးစားသင့်သည်ဟုတွေးလေသည်။ ဒုတိယအိမ်ဖြစ်စေ တတိယအိမ်ဖြစ်စေ ယောင်းမတိုင်းက သူမကိုမင်္ဂလာနံနက်ခင်းပါ မင်္ဂလာညနေခင်းပါဟုသာမနှုတ်ဆက်သင့်ပေ။ အစားအသောက်များကျွေးမွေးခြင်း၊ ရေပူရေအေးကမ်းပေးခြင်း၊ စွပ်ပြုတ်ကမ်းခြင်းနှင့် ဆေးဝါးကဲ့သို့သောအရာအားလုံးကို ထောက်ပံ့ပေးကမ်းပြီးလေးစားသင့်သည်ဟု ယုံကြည်နေသည်။


အစ်မဟန်က "နင်ရော နင့်ယောင်းမတွေကိုအဲ့လိုဆက်ဆံလို့လား...."ဟုမေးလိုက်ချင်သော်လည်း လင်းလန်သာသူမနောက်တွင်မရှိပါက သေချာပေါက်အထုအထောင်းခံရမည်မှန်းသိ၍ မပြောခဲ့ပေ။


ကုမိန်ကမူ ထိုသို့မစဉ်းစားခဲ့ချေ။ သူမက တခြားလူများစကားကိုနားယောင်ပြီး တတိယဒေါ်ဒေါ်တို့အိမ်ခွဲသွားခဲ့၍ သူမအမေက ထိုကိစ္စကြောင့် ဆူပူရိုက်နှက်ခံရသည်ဟုသာတွေးလေသည်။ သူမက လင်းလန်သာလိုက်လာလျှင် သူမအမေ ဆူပူမခံရတော့ဟုယုံကြည်လေသည်။


၎င်းကဖြစ်နေကြသဘာဝပင်။


လင်းလန်ကထိုကဲ့သို့မတွေးသော်လည်း အဆုံးတွင် ကုမိန်၏နေ့စဉ်ဘဝက မည်ကဲ့သို့ဖြစ်နေကြောင်း ခန့်မှန်းမိလေသည်။


သူမက "ကောင်းပြီလေ.... ပြီးသွားပြီပဲ...."ဟုပြောခဲ့ပြီး အားဝမ်ကိုခေါ်၍ထွက်သွားလေသည်။


ကုမိန်ကလင်းလန် အိမ်ထဲမဝင်သည်ကို မကျေမနပ်ဖြစ်ပြီး လင်းလန်ကဘာကြောင့် ရုတ်တရက်ကြီးအေးစက်သွားသလဲ နားမလည်နိုင်ချေ။


အိမ်ပြန်လမ်းတွင် အားဝမ်က ဒေါသထွက်စွာပြောလာသည်။


"မာမား သားတော့သူ့ကိုလူကောင်းလို့ထင်ပေမဲ့ သူပြောတဲ့စကားတွေက... တကယ်စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်...."


လင်းလန်ကပြောသည်။


"အဲ့ဒါသူ့အမှားမဟုတ်ပါဘူးလေ... ကလေးတွေက လူကြီးတွေပြောသမျှကနေသင်ယူကြတာပဲ... သူက ကျောင်းမသွားဖူးသလိုဗဟုသုတလည်းမရှိတော့ သူပြောတာတွေက အဓိပ္ပါယ်မရှိဖြစ်ကုန်တာပေါ့...."


အားဝမ်က ဒေါသထွက်နေဆဲသာဖြစ်သည်။


လင်းလန်က အခြေအနေပေါ်အခွင့်ကောင်းယူ၍ သူ့ကိုစာကြိုးစားရန်ပြောလေသည်။

"သားလည်း စာမသင်ရရင် ကုမိန်လိုဖြစ်မှာပဲ... သားမှာ စာလေ့လာဖို့အခွင့်အရေးရှိနေမှတော့ မဖြုန်းတီးပစ်ရဘူး...."


"စိတ်မပူပါနဲ့... သားကစာကြိုးစားပြီး မာမားမျှော်လင့်သလိုသေချာပေါက် နေနိုင်စေရမယ်...." 

အားဝမ်က လေးလေးနက်နက်ပြောလေသည်။


လင်းလန်က စိတ်ညစ်နေတာလေးပင်ပျောက်သွားရပြီး အားဝမ်၏လက်လေးကိုကိုင်လိုက်သည်။


"သွားမယ်.... အိမ်ပြန်ပြီးကောင်းကောင်းစားကြမယ်... သူများတွေကိုဂရုစိုက်မနေနဲ့...."


သားအမိနှစ်ယောက်က အိမ်သို့အပြေးပြိုင်လာကြသည်။


မိုင်စွေ့က အိမ်ကိုရှင်းထားပြီးသားဖြစ်ပြီး မီးဖိုထဲတွင်လည်း မီးကိုမငြှိမ်းအောင်လုပ်ထားသည်။ သူတို့ပြန်လာသည်ကိုမြင်သည်နှင့် မိုင်စွေ့ကပြောလိုက်သည်။


"စန်းဝမ်နဲ့အစ်ကိုကြီးက အဖေ့ကိုသွားကြိုကြတယ်..... အဒေါ်ရော အဆင်ပြေရဲ့လားဟင်...."


လင်းလန်ကပြောသည်။

"အဆင်ပြေပါတယ်...."


သူမက မီးဖိုပေါ်ရှိပန်းကန်ကိုမြင်ပြီးမေးလိုက်သည်။

"သမီးအစ်ကိုကြီးက ဘာလို့ပြန်ယူလာတာတဲ့လဲ...."


မိုင်စွေ့က နှုတ်ခမ်းတို့တွန့်ကွေးသွားသည်။


"သမီးထင်တာတော့ သူတို့အမေ့ကိုဆူဆဲနေတာကြားပြီးဒေါသထွက်လို့ ပြန်ယူလာတာနေမှာ...."


လင်းလန်က ဘာမှမပြောခဲ့ပေ။


အပြင်ဘက်တွင် လုံးဝမှောင်မဲနေပြီဖြစ်သည် စန်းဝမ်ကသူ့အစ်ကိုကြီး၏လက်ကိုကိုင်ကာ တောင်ဘက်လမ်းတွင်ရပ်ရင်း သူတို့အဖေကိုကြိုရန်စောင့်နေကြသည်။


"အဖေစောစောပြန်လာရင် နံရိုးကိုစောစောစားလို့ရမှာနော်...."


တဝမ် : "မင်းက အဖေ့ကိုလာကြိုတာလား စားဖို့လာစောင့်တာလား...."


"မဟုတ်ပါဘူး... သားက အဖေ့ကိုလာကြိုတာပါ... ပြီးတော့ တခြားသူတွေလည်းဒီလိုပဲကြိုနေကြကို...."


စန်းဝမ်က ဝန်မခံပေ။


တဝမ် : "....."


သူက စန်းဝမ်ကိုဘာမှမပြောတော့ပေ။ ဤကလေးက အတော်ကိုလည်လွန်းလှသည်။


ဟန်ချင်စုန့်အိမ်ပြန်လာချိန်တွင် ကလေးနှစ်ယောက်က လမ်းတွင်ရှိနေကြောင်းတွေ့လိုက်ရ၍ သူတို့ကိုပြန်ရန်လှမ်းခေါ်လိုက်သည်။


စန်းဝမ်က အလောတကြီးပြောလေသည်။


"အဖေ... သားလည်းစီးချင်တယ်..."


သူက စက်ဘီးစီးချင်သည်မှာကြာလှပြီဖြစ်သော်လည်း ထိရန်ပင်အခွင့်အရေးမရခဲ့ဖူးပေ။ထို့ကြောင့်ဟန်ချင်စုန့်ကိုပူဆာခြင်းဖြစ်သည်။


ပုံမှန်ဆိုလျှင် သူ့အဖေကအလုပ်သွားနေလေ့ရှိပြီး သူ့အစ်ကိုကြီးနှင့်အစ်မကြီးများကလည်း သူ့အဖေအလုပ်မသွားချိန်တွင် အိမ်၌ရှိသည်ဖြစ်၍ သူ့တွင်စက်ဘီးစီးရန်တစ်ခါမှအခွင့်မရေးမရပေ။


အထူးသဖြင့်ဒုတိယအစ်ကိုဖြစ်ပြီး သူတစ်ခုခုကိုဖျက်ဆီးပစ်မည်စိုး၍ တစ်အိမ်လုံးကိုမျက်စိဒေါက်ထောက်ကြည့်နေတတ်သည်။


ဥပမာ စက်ဘီး၊ ရေဒီယို၊ မာမား၏နာရီများပင်။


အခုတွင် ဒုတိယအစ်ကိုကအနီးတွင်မရှိ၍ သူစီးချင်နေမိသည်။


ဟန်ချင်စုန့်ကသူ၏သားငယ်လေးကိုကြည့်ပြီး တုန့်ဆိုင်းနေချိန်တွင် စန်းဝမ်ကချက်ချင်းလက်မြှောက်ပြကာ ခုန်လေသည်။


"အဖေ့... သားတစ်ခါလောက်စီးချင်တယ်... စီးချင်တယ်လို့...."


ပတ်ဝန်းကျင်က အတော်လေးမှောင်နေပြီဖြစ်ပြီး အရှေ့ဘက်ကောင်းကင်ယံတွင် လပင်ထွက်လုနီးနေပြီဖြစ်သည်။ ပတ်ဝန်းကျင်ကိုပင် မှိန်ပြပြမြင်ရနေသော်လည်း စန်းဝမ်၏မျက်လုံးများ မည်မျှတောက်ပနေသည်ကို သူမြင်နိုင်နေသည်။


၎င်းက သူမည်မျှစက်ဘီးစီးချင်နေကြောင်းပြနေသည်။


ဟန်ချင်စုန့်က သူ၏ခြေတံရှည်များကိုအောက်ချပြီး စန်းဝမ်ကိုလက်ကိုင်ကို ထိန်းခွင့်ပေးလိုက်ပြီး လမ်းကိုမြင်ရစေရန်သူလုပ်ထားသောမီးသီးလေးကို ထွန်းပေးလိုက်သည်။


စန်းဝမ်က ကောင်းမွန်စွာဝတ်ဆင်ထားပြီး လက်အိတ်များကိုဝတ်ထားသည် သူ့အရပ်ကသိပ်မရှည်သေးချေ။ ဤမျှကြီးသောစက်ဘီးကို သူမည်သို့ ထိန်းနိုင်မည်နည်း။


စက်ဘီးက ရှေ့တည့်တည့်ကိုပြေးသွားပြီး ဆောင်းရာသီဖြစ်၍ လမ်းများကလည်းချော်နေလေရာ မအော်ပဲမနေနိုင်တော့ချေ။


"အား.... ကယ်ကြပါဦး....."


သူထပ်အော်ခါနီးတွင် ဟန်ချင်စုန့်က စက်ဘီးကိုကိုင်လိုက်ပြီး တဝမ်ကိုကြည့်လိုက်သည်။


တဝမ်က စက်ဘီးကိုကိုင်ကူပြီး စန်းဝမ်ကိုပြောလိုက်သည်။


"ငါတွန်းကူပေးမယ်...."


စန်းဝမ်က ငြင်းဆိုလေသည်။

"သားစီးနိုင်တယ်..."


တဝမ်က နှာမှုတ်လိုက်ပြီး သူ၏အရပ်ကိုအမူအရာပြလိုက်သည်


Xxxxxx