အပိုင်း ၃၀၅-၃၀၆
Viewers 23k

Part 305


စန်းဝမ်က သူ၏လက်အိတ်များကိုချွတ်လိုက်ပြီး သူ့အစ်ကိုကြီး၏အိတ်ကပ်ထဲထည့်ကာ သူကိုယ်တိုင်လက်ကိုင်ကိုကိုင်ပြီး ဘယ်ဘက်ခြေနင်းကိုနင်းလိုက် ညာဘက်ခြေနင်းကိုနင်းလိုက်ဖြငိ့ နင်းလေသည်။


 တဝမ် : "ဒီလောက်မှောင်နေပြီကို... မင်းမမှီရင်မနင်းနဲ့တော့... မှောက်လိမ့်မယ်...."


စန်းဝမ် :"...."


သူက အားထည့်နင်းနေပြီး ရုတ်တရက်မတ်တတ်ရပ်ချလိုက်သည်။ သူကအရပ်ပုနေသောကြောင့် သူ့ညာဘက်ခြေထောက်က ခြေနင်းကိုပင်မထိလုနီးနီးဖြစ်နေကာ လဲကျခါနီးပင်ဖြစ်နေသည်။ ကံကောင်းစွာဖြင့် တဝမ်က သူ့ကိုထိန်းထားပေးခဲ့သည်


စန်းဝမ် : "အစ်ကိုကြီးရေ အရမ်းမိုက်တာပဲ.. သားမကြာခင်စီးနိုင်တော့မှာ.."


သူဆက်ပြောနေပြီး အကြိမ်ရေအနည်းငယ် ကြိုးစားပြီးနောက်တွင် တဖြေးဖြေးနင်းနိုင်သွားပြီဖြစ်သည်။


တဝမ်: "...." ဒီလိုလည်းရတယ်လား....


စန်းဝမ်က အားပါးတရနင်းနေသည်။ ညမှောင်နေပြီဖြစ်သော်လည်း မီးအလင်း၏အောက်တွင် သူ့ရှေ့ကလင်းနေသည်ဖြစ်ရာ လုံးဝမကြောက်ပေ။


"အစ်ကိုကြီး... လာ...သား တင်နင်းမယ်...."


တဝမ်က သူ့နောက်မှတိတ်တဆိတ်လိုက်လာသည် ဟန်ချင်စုန့်က အစောကတည်းက အိမ်ပြန်ရောက်နေပြီဖြစ်သည်။


အိမ်တံခါးဝတွင် စန်းဝမ်ကအော်လေသည်။


"မာမား... လာကြည့်လှည့် သားစက်ဘီးစီးနိုင်နေ.... *ဝုန်း*...."


သူစကားမဆုံးမီတွင် စက်ဘီးကအိမ်ရှေ့တည့်တည့်၌ လဲလေသည်။


ထိုအချိန်က လင်းလန်၊ မိုင်စွေ့နှင့် ရှောင်ဝမ်တို့အိမ်ပြင်ထွက်ပြီး သူ့ကိုအားပေးရန်လုပ်ချိန်ဖြစ်ပြီး သူလဲကျသည့်ဖြစ်စဉ်တစ်ခုလုံးကိုသာကြည့်လိုက်ရလေသည်။


သုံးယောက်သား "...."


စန်းဝမ်က စက်ဘီးပေါ်တွင်လှဲနေရင်း မော့ကြည့်ကာ သူတို့ကိုပြုံးပြလေသည်။


"မာမား... သားလဲကျသွားတာမိုက်တယ်မလား...."


လင်းလန်က သူ့ကိုမြန်မြန်ထူလိုက်သည်။

"ကြည်ကောင်းပါတယ်... ဒါပေမဲ့ ရှေ့သွားတွေမကျိုးစေနဲ့..."


စန်းဝမ် : "ပြန်မပေါက်လာတော့လို့လားဟင်...."


သူက လတ်တလောလေးတင်မှရှေ့သွား ကျိုးသွားခဲ့ခြင်းဖြစ်လေသည်။


မိုငိစွေ့က စက်ဘီးကိုကြည့်ပြီးဒေါသတကြီးပြောလေသည်။


"အိုး... လက်ကိုင်ကတော့ကွေးသွားပြီပဲ...."


စန်းဝမ်ကကြောက်လွန်း၍ လှည့်ကြည့်လေသည်။


လင်းလန်က ပြုံး၍ဝင်ပြောသည်။


"သမီးမောင်လေးကို ခြောက်လှန့်မနေပါနဲ့တော့....."


တဝမ်ကစန်းဝမ်လဲကျသည်ကို ကြည့်လိုက်ရသော်လည်း မရယ်မပြုံးပဲ မျက်မှောင်သာကြုတ်လိုက်သည်။ သူက စက်ဘီးလက်ကိုင်ကိုပြန်တည့်ပြီး အိမ်ထဲတွန်းထည့်လိုက်သည်။


စန်းဝမ်က သူစက်ဘီးစီးနိုင်သွားကြောင်း စိတ်လှုပ်တရှားကြွားနေပြီး သူ့ဒုတိယအစ်ကိုနှင့် အစ်မကိုလည်းသူ့ဆီကသင်နိုင်ကြောင်းပြေနေလေသည်။


မိုင်စွေ့ : " ကြွားဝါတာမကောင်းတဲ့အကျင့်နော်."


စန်းဝမ် : "အစ်ကိုကြီးလည်း စက်ဘီးစီးနိုင်တာမကြာသေးဘူးလေ.. သူစီးတတ်တုန်းကလည်းကြွားတာပဲကို...."


စိတ်စုစိန်လေးဘေဘီရှောင်ဝမ်မှာ သူ့အစ်ကိုအကြီးဆုံးနှင့် တတိယအစ်ကိုတို့၏ အမူအရာများကို စတင်အတုခိုးတတ်သည့်အရွယ်ပင်ရောက်နေပြီဖြစ်၍ သူ့အစ်ကိုများလုပ်ပြသည့်အမူအရာများကို လိုက်လုပ်နေလေသည်။လင်းလန်ကလည်း နေ့တိုင်း သူ့သားငယ်လေးကိုကြည့်ပြီး ရယ်မောနေရလေသည်။


အားဝမ်က အိမ်ထဲတွင်အော်လိုက်သည်။

"စားဖို့အချိန်ရောက်ပြီ.... နံရိုးတွေစားကြမယ်...."


"ညှင်းကောက်နံရိုးပေါင်း....."


စန်းဝမ်က အော်ဟစ်ရင်းအိမ်ထဲပြေးဝင်လာသည်။


"ဟန်ဒေါ်အ ကတော့ အရမ်းကိုနှလုံးတွေကွဲကြေနေလောက်ပြီ...."


ရှောင်ဝမ်က သူ့စကားကိုအမှန်ပြင်ပေးလေသည်။

"ကောက်ညှင်း.... အဒေါ်ဟန်...."


လူတိုင်းရယ်မောကြတော့သည်။


တစ်မိသားစုလုံးစားပွဲတွင်ဝိုင်းထိုင်ချိန်၌ ခြောက်နာရီခွဲပြီဖြစ်သည်။


နံရိုးပေါင်းမှာ ကောက်ညှင်းပါထည့်ပေါင်းထား၍ ကောက်ညှင်း၏ချိုမြမှုနှင့် နံရိုး၏အသားရနံ့တို့ဖြင့် မွေးပျံ့နေသည်။ အသားများမှာလျှာဖျားဖြင့် ထိရုံဖြင့်အရည်ပင်ပျော်သွားနိုင်လေသည်။ ဝါးလိုက်သည်နှင့် အရည်ရွှမ်းကာ ကောင်းမွန်လှသောအနံ့တို့ထွက်ပေါ်လာသည်။ နံရိုးများအတွင်းရှိ ချဉ်ဆီကိုပါစုပ်ယူလိုက်ပါက နတ်သုဒ္ဓါတစ်မျှပင်။


အသားစားပြီးနောက်တွင် ကောက်ညှင်းနှင့်မှိုပေါင်းတို့ကို တစ်ယောက်လျှင်နှစ်စွန်းကြစီ ခွဲဝေပေးလိုက်သည်။ စားလိုက်သည်နှင့် နူးညံ့ချိုမြိန်သောအရသာက ပါးစပ်ထဲပျော်ဝင်သွားပြီး လျှာဖျား၌ ချိုမြမြအရသာလေးကျန်ရစ်နေခဲ့သည်။


"ကောက်ညှင်းက အရမ်းအရသာရှိတာပဲ...."


ကလေးများက ပထမဆုံးအကြိမ်ကောက်ညှင်းစားဖူးခြင်းဖြစ်ပြီး အတော်လေးအကြိုက်တွေ့သွားကြသည်။ ဗိုက်ပြည့်အောင်စားပြီးနောက်တွင် လူတိုင်းပြုံးပျော်ရွှင်နေကြလေသည်။


စန်းဝမ် : "မနက်ဖြန်ဒိုင်ယာရီမှာ သား ကောက်ညှင်းနံရိုးပေါင်းအကြောင်းရေးမယ်... "


ယနေ့တွင် စန်းဝမ်နှင့်တဝမ်တို့က နေ့စဉ်မှတ်တမ်းဒိုင်ယာရီကိုမရေးရသေးပေ။ အဘယ်ကြောင့်ဆိုသော် သူတို့က စက်ဘီးစီးသင်ရင်း စိတ်လှုပ်ရှားနေကြသောကြောင့်ပင်။


ဟန်ချင်စုန့်က ကလေးများကို နေ့တိုင်းဒိုင်ယာရီရေးပြီး တစ်နေ့တာဖြစ်ပျက်သမျှစိတ်ဝင်စားစရာကို တစ်နေ့လျှင်စာလုံးရေတစ်ရာရေးရန်ပြောခဲ့သည်။


ကလေးများက စားသည်အိပ်သည် ကျောင်းသွားသည် ဒါမှမဟုတ် မိသားစုရန်ပွဲ ဒါမှမဟုတ် ညီငယ်ညီမငယ်များနှိုးမရခြင်း အရိုက်ခံရခြင်းနှင့် ကျောင်းနောက်ကျခြင်းစသည်ဖြင့် နေ့စဉ်လုပ်ငန်းဆောင်တာများကိုသာရေးကြသည်။


များသောအားဖြင့် စိတ်ဝင်စားစရာများမှာ ရွာထဲမှအကြောင်းများဖြစ်သည်။


မိုင်စွေ့နှင့် အားဝမ်က နေ့တိုင်းအသစ်အသစ်သောအရာများကိုရှာဖွေရေးသားကြသည်။


ရေဒီယိုမှ အစီအစဉ်တစ်ခုဖြစ်စေ၊ မနက်ခင်းလေ့ကျင့်ခန်းမှ မြင်ကွင်းတစ်ခုဖြစ်စေ၊ မည်သူက မည်သူကအမှားလုပ်၍ အရိုက်ခံရသည်ဖြစ်စေ၊ မည်သူက ဟာသပြောသည်ကိုဖြစ်စေ ရေးသားကြပြီးများသောအားဖြင့် သူတို့အမေ၏ဟင်းများ မည်မျှအရသာရှိကြောင်းရေးသည်။ စိတ်ဝင်စားစရာများအဖြစ် ယနေ့တွင် ဒါရိုက်တာဟန် ရှားရှားပါးပါးပြုံးခဲ့ကြောင်း သို့မဟုတ် သူ့ဇနီးအတွက် ကောင်းသည့်အရာတစ်ခုခုယူခဲ့ကြောင်းရေးလေသည်။


ကိစ္စများစွာရှိနေ၍ တစ်ထိုင်တည်းကိုအများကြီးရေးသားနိုင်လေသည်။


သို့သော် စန်းဝမ်နှင့်တဝမ်က စိုးရိမ်နေရလေရှိသည်။


နှစ်ယောက်သားက တစ်ခါတစ်ရံတွင်တစ်ယောက်ရေးတာ တစ်ယောက်ကြည့်ရန်ကြိုးစားကြသည်။ တဝမ်က စန်းဝမ်ကိုတုံးအသည်ဟုရေးပြီး စန်းဝမ်က တဝမ်အရိုက်ခံရသည်ဟုရေးလေသည်။


မည်သို့ပင်ဆိုစေ ရှောင်ဝမ်က ပုလွေကိုသံစဉ်ကိုက်အောင် မှုတ်နိုင်လေပြီး ရှောင်ဝမ်၏မျက်လုံးများက အစိမ်းရောင်အရိပ်ပြန်နေကြောင်းကို စန်းဝမ်ကရက်ပေါင်းများစွာရေးခဲ့သည်။


ယနေ့တွင်သူက ခေါင်းစဉ်ကိုပြောင်းနိုင်ခဲ့လေပြီ။ ကောက်ညှင်းနံရိုးပေါင်းပင်။


တဝမ်က ခပ်တည်တည်ပြောသည်။


"ကျွန်တော်က အဒေါ်ဟန် စက်ဘီးစီးရင်းစက်ဘီးပေါ်ကပြုတ်ကျတာကိုရေးထားတယ်...."


လူတိုင်းရယ်ကြလေသည်။


စန်းဝမ်ကလည်း ပျော်နေသည်။


"ဒါဆိုသားက မနက်ဖြန်အဲ့ဒါကိုရေးလိုက်မယ်..."

အချိန်ကျလာလျှင် သူက ဒုတိယအစ်ကိုနှင့်လဲလိုက်မည်ဖြစ်သည်။ ဟီးဟီး...


ကလေးများ အိမ်စာလုပ်ပြီး သန့်ရှင်းရေးလုပ်ပြီးနောက်တွင် ယနေ့အတွက် အိပ်ရာဝင်နောက်ကျသွားကြသည်။


လင်းလန်က အဒေါ်ဟန်နှင့် ဟန်ကျင်းယုအကြောင်းမပြောသလို စွန်းယောင်ဝူကလည်း သူတို့၏ရန်ပွဲ၏စတင်ရာဖြစ်ကြောင်းမပြောပြခဲ့ပေ။ ဟန်ချင်စုန့်ကို သူတို့ရန်ပွဲကြောင့်အနှောင့်အယှက်မပေးချင်ပေ။


၎င်းတို့က သူမအတွက်ဘာမှမဟုတ်သည့် အရာများဖြစ်ပြီး သူမ၏အချိန်ကိုပေး၍ပြောရန်ပင်ပျင်းနေသည်။


Xxxxxx

Part 306


ထိုအကြောင်းများအစား သူမက ဟန်ချင်စုန့်ကို တဝမ်အကြောင်းပြောချင်နေသည်။


"သူက အရမ်းလက်ယဉ်လွန်းတော့ ကျွန်မတကယ်လန့်သွားမိတယ်...ကျွန်မနှစ်ပေါင်းများစွာ သင်ရင်တောင် သူ့လိုကျွမ်းကျင်မယ်မထင်ဘူး... ဒါပေမဲ့ တဝမ်က သူတစ်ခါမှ သူများအိမ်သော့ကိုဖွင့်ပြီးမခိုးဝှက်ဖူးဘူးလို့ပြောတယ်... ကျွန်မတော့ယုံတယ်...."


လင်းလန်က သူ့ကိုထိုအကြောင်းလေးလေးနက်နက်ပြောလေသည်။


ဟန်ချင်စုန့်က ခေါင်းငြိမ့်လေသည်။

"ပြီးတော့ရော...."


လင်းလန်က သူ၏ရင်ဘတ်ပေါ်မှီကာမေးသည်။

"တကယ်ယုံလား...."


ဟန်ချင်စုန့်က သူမကိုကြည့်သည်။

"တကယ်...."


လင်းလန်က ရယ်သည်။


"ကျွန်မတို့နှစ်ယောက်လုံး ကလေးတွေကိုတကယ်ယုံကြည်ပေးနိုင်တာပဲ... ဒါပေမဲ့ ရှင်ကတော့ တစ်ခုခုဖြစ်လာမှာစိုးလို့ တိတ်တိတ်လေးစုံစမ်းဖို့လိုမယ်...."


ဟန်ချင်စုန့်က အင်းဟုသာဖြေပြီး သူမကိုဖက်ကာ ပြောလေသည်။


"စောစောအိပ်ပါ...."လင်းလန်က ချက်ချင်းသူ့ကို ပြန်ဖက်လိုက်သည်။ ဟန်ချင်းစုန့်သူမကိုနမ်းလာချိန်တွင် သူမက ပုန်းရန်ပြင်လိုက်သည်။


"စောစောအိပ်လို့မပြောနဲ့...မလှုပ်နဲ့..."

သူမ ရယ်မောမိလေသည်။


ဟန်ချင်စုန့်က စောင်ကိုဆွဲယူကာနှစ်ယောက်လုံးအပေါ် လွှမ်းခြုံလိုက်သည်။


လင်းလန် :"ဟင့်အင်း ချက်ချင်းဖယ်လိုက်... အဲ့ကောင်လေးစန်းဝမ်က မယုံရဘူး...."


လူဆိုးကောင်လေးစန်းဝမ်မှာ တစ်ခါတစ်ရံတွင် လူတိုင်းကိုစောင်အောက်ရောက်ချိန်တွင် အီးပေါက်လေ့ရှိပြီး လင်းလန်နှင့် အားဝမ်က ထိုအီးနံ့ကိုခဏခဏရှူမိလေ့ရှိသည်။


အဆုံးတွင် ဟန်ချင်းစုန့်ကလည်း အတင်းအကျပ်မလုပ်တော့ဘဲ နှစ်ယောက်လုံးကို စောင်ထဲမှထုတ်လိုက်ပြီး တဝမ်အကြောင်းနှင့် ဤနေ့များတွင် သူစုံစမ်းမိသမျှကိုပြောလေသည်။


လင်းလန်က သူပြောတာကြားပြီးလန့်သွားရသည်။


"မြေအောက်ဂိုဏ်းတွေရှိနေတယ်လား... ဒါအရမ်းဆိုးဝါးတာပဲ.... ကျွန်မ လူဆိုးဂိုဏ်းကလူတွေပစ်သတ်ခံရတယ်လို့ကြားသေးတယ်လေ...."


ဟန်ချင်းစုနိ့ကပြောသည်။

"မဟုတ်ဘူး ...အဲ့ဒါတွေက ဂိုဏ်းခွဲတွေ ပင်ရင်းမဟုတ်ဘူး..."


အလုပ်မရှိ သို့မဟုတ် အလုပ်မလုပ်လိုသော လူငယ်များရှိနေပြီး သူတို့က လယ်တောများတွင် ပင်ပင်ပန်းပန်းမလုပ်ချင်၍ ထိုဂိုဏ်းများထဲဝင်ကြသည်။


"ဒါပေမဲ့ ရှင်ဂရုစိုက်ရမယ်နော်.... နေရာတိုင်းမှာ လူဆိုးတွေဆိုတာရှိနေမှာပဲ... အပစ်သတ်ခံရတဲ့ဂိုဏ်းတွေတောင်ကြာလာရင် ပြန်ကြီးလာတာပဲလေ...."


သူမ၏နားလည်မှုအရ ၁၉၈၀ပြည့်နှစ်ဝင်ချိန်တွင် ယဉ်ကျေးမှုတော်လှန်ရေးပြီးနောက်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပရမ်းပတာဖြစ်သွားခဲ့သည်။ နယ်ဘက်တွင်လည်း ဓားပြများသောင်းကျန်းကြလေသည်။


အချို့က ၁၉၇၀ပြည့်နှစ်များတွင် လွတ်လာသောလူများဖြစ်ပြီး သူတို့က နိုင်ငံမတည်မငြိမ်ဖြစ်သည်ကို အခွင့်ကောင်းယူရင်း ပိုမိုပျက်စီးအောင်လုပ်ကြသူများဖြစ်သည်။


ဟန်ချင်းစုန့်က သူမ၏ပခုံးလေးကိုပွတ်ရင်း ပြောလေသည်။


"ကောင်းပါပြီကွာ... သူတို့ကိုသေချာမောင်းထုတ်လိုက်ပါ့မယ်...."


နောက်ဆုံးတွင် အဒေါ်ဟန်အကြံကမအောင်မြင်တော့ပေ။ နှစ်အဆုံးတွင် သူမက သူမ၏သားကိုပြန်မခေါ်လာတော့ပေ။ သူမ၏သားမှာလည်း သူ၏အဘွားမိသားစုကိုမလာချင်တော့သလို သူ၏တတိယဦးလေးကိုတွေ့ရန်လည်း ကြောက်နေပေသည်။


ဟန်ကျင်းယုက မြို့ကိုသွားပြီး စွန်းယောင်ဝူကိုသွားရှာပြန်သည်။


စွန်းယောင်ဝူကလည်း သူက ဟန်ကျင်းယု၏အလုပ်နှင့်မိသားစုကိစ္စကိုမဖြေရှင်းပေးနိုင်ကြောင်း ပွင့်ပွင့်လင်းလင်းထုတ်ပြောလေသည်။ သူမလက်ထပ်ခဲ့လျှင်ပင် သူမကကျေးလက်သူဖြစ်နေဆဲဖြစ်ပြီး ၎င်းက သူမ၏ကလေးများကိုပါသက်ရောက်မှုရှိမည်ဖြစ်သည်။ သူမကို မြို့တွင်စာရင်းသွင်းထားခြင်းမရှိလျှင် အလုပ်အမှတ်ရနိုင်မည်မဟုတ်သလို ဆန်၊ဆီကဲ့သို့သောအရာများလည်း ရနိုင်မည်မဟုတ်ချေ။ သူမ၏မိခင်ဘက်မှ မိသားစုတွင်သာစားသောက်နိုင်ပြီး သူမကိုထောက်ပံ့ရန်အပိုအမှတ်ရှာရပေလိမ့်မည်။


ဟန်ကျင်းယုက နှင်ထုတ်ခံရပြီး အခြားသောဘလိုင်းဒိတ်များအတွက် အခွင့်အရေးများရှာရတော့သည်။


သို့သော် စွန်းယောင်ဝူ၏ကိစ္စပြီးသည့်နောက်တွင်ဘာဖြစ်သွားလဲမသိလိုက်ပေ။ သူမနှင့် အိမ်ထောင်ဘက်အဖြစ်တွေ့ရန် တန်းစီနေသောအမျိုးသားများစွာက ရုတ်တရက်ကြီးပျောက်ကွယ်သွားပြီး သူတို့အားလုံးတွင်သင့်တော်သည့်လူများတွေ့ပြီဟုပြောကာ သူမကိုမတွေ့ကြတော့ချေ။


ဟန်ကျင်းယုက အလွန်ဒေါသထွက်သော်လည်း ဘာမှ မတတ်နိုင်ပေ။


အဆုံးတွင် အဘွားကြီးဟန်က တပ်အဖွဲ့ပေါင်းများစွာကိုလိုက်မေးရင်း သူမ ကော်မတီထဲဝင်နိုင်မလားလိုက်မေးလေသည်။ သူမသမီးက မြို့သို့မသွားနိုင်လျှင်ပင် ကော်မတီထဲ၌အလုပ်တစ်ခုရပါက အတော်အဆင်ပြေပါသည်။


မည်သို့ပင်ဆိုစေ ၎င်းက လယ်အလုပ်လုပ်ရခြင်းထက်သက်သာလေသည်။


အချို့လူများက သူမကိုမိတ်ဆက်ပေးမည်ဟုပြောသော်လည်း ထပ်မံမပြောတော့ပေ။ လူအများစုက ပြုံးပြံးလေးနှင့် ဤသို့သာပြောလိမ့်မည်။


"ခင်ဗျားရဲ့ တတိယသားကခေါင်းဆောင်မဟုတ်လား... သူသိသမျှထူးချွန်တဲ့ယောက်ျားလေးတွေကို စီခိုင်းလိုက်လေ.. ဒါဆိုပိုလွယ်တာပေါ့...."


မည်သို့ပင်ဆိုစေ ၎င်းက လုံးဝမလွယ်ကူပေ။


ယခုတွင် ဟန်ကျင်းယုက ဂျုံမှုန့်ညက်စားပြီး သကြားရေသောက်ရသောဘဝမှ အိမ်သို့ပြန်လာရပြီး ဟန်ချင်စုန့် မကူညီလျှင်လည်း သူမဘာသာရအောင်ကြိုးစားမည်ဟုပြောခဲ့သော ပါးစပ်ကိုပြန်ပိတ်ရိုက်ချင်နေသည်။ သို့သော် နောင်တဆိုသည်မှာနောင်မှရတတ်သည်ချည်းသာ။


သူမက ကျေးလက်မှလယ်တောထဲတွင် လုံးဝမနေချင်ပေ။


သူမက အဘွားကြီးဟန်ကို ဟန်ချင်စုန့်ကိုဖိအားပေးရန်ပြောပြီး ဤပြဿနာကိုဖြေရှင်းပေးစေချင်သည်။ အဘွားကြီးဟန်လည်း အသင့်တော်ဆုံးအချိန်ရောက်ရန် စီစဉ်နေသည်။


ဟန်ချင်စုန့် အလုပ်များနေ၍ သူတို့ သနားစရာပင်ဖြစ်နေသည်။ သူ့ကိုမနက်မှညအထိ ရှာ၍ပင်မတွေ့ချေ။ သူအိမ်ပြန်ရောက်သည်နှင့် သူ၏ဇနီးနှင့်ကလေးများနှင့်အချိန်ဖြုန်းသညိဖြစ်၍ ဟန်ကျင်းယုကိုဂရုစိုက်ရန် မည်သို့အချိန်ရှိမည်နည်း။


ထို့အပြင် လင်းလန်လည်း အလုပ်များနေသည်။


တရုတ်နှစ်သစ်ကူးအဆုံးတွင် အဓိကအဖွဲ့များအားလုံးက အစက အဖွဲ့ဝင်များကို တစ်နှစ်တာ၏ကောင်းကျိုးအတွက် မျှဝေပေးရန်တွေးခဲ့သော်လည်း ယခုတွင် သူတို့ကိုလူထုရှေ့ထုတ်ကြေငြာရန် တွန့်ဆုတ်နေလေသည်။ ထို့ကြောင့် အတွဲအနည်းငယ်နှင့် ကွာရှင်းထားသောလူများကိုစုလိုက်သည်။ သူတို့တွင်တွေ့ဆုံရန်အချိန်ရှိလျှင် ကိစ္စအနည်းငယ်ကိုလုပ်ကြမည်ဖြစ်သည်။ အတူတူပင်ပင်ပန်းပန်းလုပ်ကိုင်နေရ၍ ဘယ်ကိုမှသွားရန်အချိန်မရှိပေ။


လင်းလန်က ဝါဒဖြန့်အဖွဲ့ကိုသုံးပြီး ပတ်ပတ်လည်ကိုလိုက်ကြေငြာကာ လူထုဆက်ဆံရေးအဖွဲ့၏နှစ်ကြိမ်နှစ်ခါ ဖိတ်ခေါ်မှုကိုခံရလေသည်။ သူမက အနီရောင်အလံဝါဒဖြန့်သူဆုနှင့် အခြားဆုနှစ်ခုကိုရခဲ့သည်။ သူတို့က အဖွဲ့ထံသို့ ဟန်အပြည့်ဖြင့်လာခဲ့ကြသည်။ သဘာဝကျစွာဖြင့် ဆုများစွာရှိလေပြီး နေ့စဉ်သုံးပစ္စည်းမျိုးစုံကိုပေးအပ်လေသည်။ မည်သို့ပင်ဆိုစေ လင်းလန်ကသင့်တွင်ပေးအပ်စရာရှိပါကသွားနိုင်ပြီး မရှိပါကမသွားပါရန်ပြောလေသည်။


သင့်တွင်ကိုယ်ပိုင်အဖွဲ့ရှိပါလျှင်လည်း အေးစက်နေသည့်ဆောင်းရာသီတွင် မည်သူကအလကားကြေငြာပေးချင်မည်နည်း။


ဆုအဖြစ်ပေးအပ်မည့်ပစ္စည်းလုံလုံလောက်လောက်ရှိမှဖြစ်ပေမည်။


နှစ်အဆုံးတွင် အလွန်အလုပ်ရှုပ်ပြီးနောက်တွင် လင်းလန်က အနည်းငယ်အလုပ်နည်းသွားတော့သည်။


သူမက စက်ပစ္စည်းကူပွန်များကိုစုဆောင်းပြီး ဈေးသို့သွားကာ သံဒယ်အိုးအသစ်နှင့် မီးဖိုအသစ်ကိုဝယ်လေသည်။


Xxxxxx