အခန်း ၂
Viewers 70


"ဒါချန်ရေ... သွားစို့လေ၊ ဦးလေးသုံးအိမ်ကို အတူတူသွားကြမယ်။"


ခြံစည်းရိုးအပြင်ဘက်ကနေ ရွာသားအချို့ ဆေးလိပ်သောက်ရင်း လှမ်းအော်ခေါ်လိုက်သံကြောင့် ချန်တာချန်  တစ်ချက် လှည့်ကြည့်မိသည်။


ထိုသူတို့၏ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်နေသော ချန်ပေါ်ရင်  တစ်ယောက် သူတို့မျက်ခုံးအစုံကြားတွင် ဒေါသနှင့် သောကရိပ်များ ယှက်သန်းနေသည်ကို အတိုင်းသား မြင်လိုက်ရ၏။ သေချာသည်... သူတို့ သယ်ဆောင်လာသော သတင်းသည် ကောင်းသောသတင်း မဖြစ်နိုင်။


ချန်တာချန်သည် ခြင်းတောင်းထဲတွင် တစ်ဝက်ခန့်သာ ရှိသေးသော ငါးများကို ကြည့်ကာ ချက်ချင်း မထချင်သေးပေ။ ငါးဗိုက်ခွဲ၊ ငါးအကြေးခွံခွာသည့် အလုပ်က လက်ဝင်လှသဖြင့် သားအကြီးကောင်နှင့် သူသာ အမြန်လက်စသတ်မှ အဆင်ပြေမည်။ သို့မှသာ ဇနီးဖြစ်သူနှင့် သမီးက ဆားသိပ်၊ ကြိုးသီသည့်အလုပ်ကို ဆက်လုပ်နိုင်မည် မဟုတ်ပါလား။ သူ ထွက်သွားလျှင် သားကြီးခမျာ အလုပ်ပိုပိပေတော့မည်။


သို့သော်လည်း ရွှီအာမေ  က လှမ်းခေါ်နေသူများသည် ရေလုပ်ငန်းခွင်မှ လူများမှန်း ရိပ်မိသဖြင့် ယောက်ျားဖြစ်သူ၏ လက်မောင်းကို ခပ်ဖွဖွပုတ်ကာ တိုက်တွန်းလိုက်သည်။


"သွားကြည့်လိုက်ပါဦး ယောက်ျားရယ်။ ရေလုပ်ငန်း ပြုပြင်ပြောင်းလဲရေးအကြောင်းများ ဖြစ်မလားပဲ။ ဘာပဲဖြစ်ဖြစ် ကြိုသိထားတော့ ပြင်ဆင်လို့ရတာပေါ့။"


ချန်တာချန် စဉ်းစားကြည့်တော့လည်း ဇနီးဖြစ်သူ ပြောသည်က ဟုတ်နေပြန်သည်။ ထိုစဉ် သားကြီးဖြစ်သူ ချန်ပေါင်အန်  ကလည်း ဝင်ပြောလေသည်။


"အဖေ... သွားရုံသာသွားပါ။ ဒီငါးတွေကို သားတစ်ယောက်တည်းလည်း လက်စသတ်နိုင်ပါတယ်။ လူကြီးတွေကို အကြာကြီး မစောင့်ခိုင်းပါနဲ့။"


ချန်ကျား  ရွာရှိ ရွာသားအားလုံးသည် ဆွေမျိုးသားချင်း တော်စပ်ကြသူများ ဖြစ်ကြသည်။ လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာကတည်းက ဘိုးဘွားတစ်ဦးတည်းမှ ဆင်းသက်လာကြသူများ မဟုတ်ပါလား။ ချန်ပေါ်ရင်ကိုယ်တိုင်လည်း ရေလုပ်ငန်းအရေးကို စိတ်ပူနေမိသည်။ ၎င်းက မိသားစု၏ ရှေ့ရေးဝမ်းစာနှင့် တိုက်ရိုက်ပတ်သက်နေသည်လေ။ ထို့ကြောင့် သူမပါ ဖခင်ဖြစ်သူကို အမြန်သွားရန် တိုက်တွန်းလိုက်တော့သည်။


ချန်တာချန်သည် ရွာသားများနှင့်အတူ အိမ်တစ်အိမ်တက်ဆင်း လူလိုက်စုရင်း ထွက်ခွာသွားတော့သည်။ နာရီဝက်မပြည့်မီမှာပင် ရွာသားအားလုံး ဦးလေးသုံးအိမ်ရှေ့တွင် စုံစုံလင်လင် ရောက်ရှိသွားကြ၏။ ဦးလေးသုံးအိမ်သည် ရွာဦးဘုံကျောင်းနှင့် မီတာတစ်ရာခန့်သာ ဝေးပြီး ချန်ပေါ်ရင်တို့အိမ်နှင့် ကပ်လျက်ပင် ဖြစ်သည်။


 အိမ်ခြံဝင်းထဲကနေ လှမ်းကြည့်လျှင်ပင် ဦးလေးသုံးအိမ်ရှေ့က ညောင်ပင်ကြီးအောက်တွင် အမျိုးသားများ စုရုံးရောက်ရှိနေကြသည်ကို မြင်နေရသည်။


"ဟူး... ဒီရေလုပ်ငန်း ပြုပြင်ပြောင်းလဲရေး ဆိုတာကြီးက တကယ်ပဲ ဖြစ်တော့မှာလားမသိဘူး။"


ရွှီအာမေက သက်ပြင်းချရင်း သားကြီးဖြစ်သူကို လှမ်းမေးလိုက်သည်။ "ပေါင်အန်... ဒီနေ့ ပင်လယ်ထွက်တုန်းက ဘာသံကြားခဲ့သေးလဲ။ မန်နေဂျာတွေ ဘာပြောလဲ။"


ချန်ပေါင်အန်က ခေါင်းခါပြကာ - "သတင်းတွေကတော့ အမျိုးမျိုးပဲ အမေ။ အချို့ကလည်း ဘာမှပြောင်းလဲမှာမဟုတ်ဘူး၊ ဒီအတိုင်းပဲ ဆက်သွားမှာလို့ ပြောတယ်။ အချို့ကကျတော့လည်း ရေလုပ်ငန်းတစ်ခုလုံးကို မြောက်ပိုင်းက သူဌေးကြီးတစ်ယောက်ဆီ ကန်ထရိုက်ပေးလိုက်တော့မယ်လို့ ပြောနေကြတယ်။"


ပထမသတင်းက သိပ်ပြဿနာမရှိသော်လည်း ဒုတိယသတင်းဖြစ်သည့် အပြင်လူ၊ သူဌေးကြီးတစ်ဦးထံ လုပ်ပိုင်ခွင့် လွှဲပေးလိုက်မည်ဆိုခြင်းကမူ သူတို့ရွာအတွက် အေးချမ်းသော သတင်း မဟုတ်သည်ကတော့ သေချာသည်။


ချန်ပေါ်ရင်သည် တံငါသည်တစ်ဦး မဟုတ်ခဲ့ဖူးသော်လည်း ဤအခြေအနေ၏ သက်ရောက်မှုကို ကောင်းကောင်းနားလည်သည်။ ယခုလို ကာလမျိုးတွင် နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်း အမြောက်အမြားကို ပုဂ္ဂလိက ကန်ထရိုက်စနစ်သို့ ပြောင်းလဲနေကြသည့် ခေတ်ဖြစ်သည်ကို သူမ မှတ်မိနေသည်။ ၎င်းက အထက်လူကြီးများအတွက် အချိန်ကုန် သက်သာစေသလို အမြတ်အစွန်းလည်း ပိုရနိုင်သည်လေ။


ထိုသို့ တွေးကြည့်မိမှ... ရေလုပ်ငန်းကို ဒေသခံ တံငါသည်များအကြား ခွဲဝေပေးလိမ့်မည်ဆိုသော သူမ၏ ယခင်မျှော်လင့်ချက်မှာ မဖြစ်နိုင်တော့မှန်း ရိပ်မိလိုက်သည်။


သူမ ထင်သည့်အတိုင်းပင်။ နာရီဝက်ခန့်အကြာတွင် ချန်တာချန်တစ်ယောက် မျက်နှာမကောင်းဘဲ အိမ်ပြန်ရောက်လာခဲ့သည်။


"ဦးလေးသုံးက အဆက်အသွယ်များတော့ စုံစမ်းရသလောက်... အထက်လူကြီးတွေက ရေလုပ်ငန်းတစ်ခုလုံးကို မြောက်ပိုင်းက သူဌေးဆီ တိုက်ရိုက်ကန်ထရိုက် ပေးဖို့ ဆုံးဖြတ်လိုက်ကြပြီတဲ့။"


ဤသတင်းသည် တစ်ရွာလုံးအတွက် အဆိုးဝါးဆုံး သတင်းပင်။


"ဒါဆို ရွာလူကြီးကကော ဘာဆက်လုပ်ရမယ် ပြောလဲ" ရွှီအာမေက ပျာပျာသလဲ မေးလိုက်သည်။


ချန်တာချန်က ခေါင်းညိတ်ရင်း "ဒီရက်ပိုင်းအတွင်းမှာ ရေလုပ်ငန်းမှာ လုပ်နေတဲ့ ရွာသားတွေအားလုံး စုပေါင်းပြီး အထက်နဲ့ သွားရောက်ညှိနှိုင်းကြမယ်လို့တော့ ပြောတာပဲ။"


ဒါက ယာယီဖြေရှင်းချက်မျှသာ ဖြစ်သည်ကို ချန်ပေါ်ရင် စိတ်ထဲကနေ တွက်ချက်နေမိသည်။ ညှိနှိုင်းမှုရလဒ် ဘယ်လိုပင်ဖြစ်စေကာမူ... သူတို့ကိုယ်တိုင် ရေလုပ်ငန်းကို လေလံဆွဲယူနိုင်မည့် 'ငွေကြေး' မရှိလျှင် အလကားပင်။


 သူတို့မိသားစုတွင် အရင်းအနှီး လုံးဝမရှိချေ။


သူမ ဤကမ္ဘာသစ်သို့ ရောက်ရှိလာသည်မှာ တစ်ရက်သာ ရှိသေးသော်လည်း ခန္ဓာကိုယ်က အတိုင်းအတာတစ်ခုအထိ အသားကျနေပြီဖြစ်သည်။ ကြွယ်ဝလှသော ပင်လယ်ပြင်၏ ရင်းမြစ်များနှင့် သူမ၏ 'ထူးခြားသောအစွမ်း' ကို ပေါင်းစပ်လိုက်လျှင် တန်ဖိုးရှိသော အရာများကို အမြောက်အမြား ရှာဖွေနိုင်ရမည်။


ထိုသို့ ဆုံးဖြတ်ပြီးနောက် ချန်ပေါင်ရင်သည် အစ်ကိုဖြစ်သူထံ သွားလိုက်တော့သည်။


"ငါးမျှားတံတွေလား... ဂိုဒေါင်ထဲမှာ ရှိပါတယ်။ နေဦး ညီမလေး... မိုးကလည်း ချုပ်နေပြီ၊ ဘယ်သွားမျှားမလို့လဲ။"


စိုးရိမ်တကြီး ဖြစ်နေသော အစ်ကိုဖြစ်သူ၏ မျက်နှာကိုကြည့်ကာ ချန်ပေါ်ရင်က ချက်ချင်း ရှင်းပြလိုက်ရသည်။


 "ဒီည သွားမလို့မဟုတ်ပါဘူး အစ်ကိုရယ်၊ မနက်ဖြန်မှ သွားမှာ။ ဘေးအိမ်က ရှောင်းချိုး  ပြောတာ... ဟိုးရှေ့က ကျောက်ဆောင်တွေနားမှာ ငါးသိပ်ရတယ်ဆိုလို့။"


"အဲ့ဒီနေရာက ငါးရတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျောက်ဆောင်တွေက သိပ်ချောတာ။ ညီမလေး ဘာပင်လယ်စာ စားချင်လို့လဲ၊ အစ်ကို မနက်ဖြန် ရေလုပ်ငန်းခွင်ကနေ ယူခဲ့ပေးရမလား။"


ပင်လယ်ထွက်သည့် ငါးဖမ်းလှေများအပြင် ရေလုပ်ငန်းတွင် ပင်လယ်စာမျိုးစုံ မွေးမြူထားသည့် ဖောင်များလည်း ရှိသေးသည်ကိုး။


"ညီမလေး ရှောင်းချိုးနဲ့အတူ လမ်းလျှောက်ထွက်ချင်ရုံတင်ပါ။ ပင်လယ်ကမ်းခြေ မရောက်တာလည်း ကြာပြီဥစ္စာ။ စိတ်မပူပါနဲ့ အစ်ကိုရယ်၊ မနက်ဖြန်မနက် ဒီရေကျချိန်ကျရင် ကမ်းခြေမှာ ပင်လယ်စာ သွားကောက်ရင်း ငါးမျှားတံပါ တစ်ခါတည်း ယူသွားမလို့။"


သူမ စိတ်ချရအောင် ပြောလိုက်မှ ချန်ပေါင်အန်လည်း စိတ်သက်သာရာရသွားပြီး မည်သည့်ကျောက်ဆောင်နေရာများက အန္တရာယ်ကင်းသည်ကို သေချာမှာကြားရှာသည်။


ချန်ပေါ်ရင်သည် ငါးမျှားတံများကို ပျော်ပျော်ရွှင်ရွှင် သိမ်းဆည်းရင်း မနက်ဖြန် ငါးကြီးကြီး မည်သို့ဖမ်းရမည်ကို စိတ်ကူးယဉ်နေတော့သည်။


ထိုအချိန်တွင် ချန်တာချန်နှင့် ရွှီအာမေတို့ ဇနီးမောင်နှံလည်း အိပ်ခန်းထဲတွင် စကားလက်ဆုံ ကျနေကြသည်။


"ပေါ်ရင်တစ်ယောက် ရန်ချန်  မှာ တစ်ခုခု ကြုံခဲ့ရတာ ထင်တယ်။ မနေ့ညက နောက်ကျမှ ပြန်ရောက်လာတုန်းကလည်း မျက်နှာမကောင်းဘူး။ ဒီနေ့လည်း စကား သိပ်မပြောဘူး။ တာချန်... သမီးလေးရဲ့ အလုပ်အကိုင် နေရာချထားရေးက အဆင်မပြေဖြစ်ခဲ့လို့လား မသိဘူးနော်။"


ရွှီအာမေသည် တစ်နေ့ခင်းလုံး အလုပ်ရှုပ်နေ၍သာ တော်တော့သည်၊ ညဘက်အေးအေးဆေးဆေး ရှိချိန်တွင် သမီးအတွက် စိုးရိမ်စိတ်က တားမရဆီးမရ ပေါ်လာရပြန်သည်။ ယနေ့ ရွာသားအတော်များများက ပေါ်ရင်၏ အလုပ်အကြောင်း လာမေးကြသော်လည်း သူမ ဘာပြန်ပြောရမှန်း မသိခဲ့။ သမီးဖြစ်သူကို လှမ်းမေးကြည့်တော့လည်း တွေဝေဆိုင်းတွနေသဖြင့် ရွှီအာမေ ပို၍ ရင်လေးနေရခြင်း ဖြစ်သည်။


ချန်တာချန်ကမူ ဇနီးဖြစ်သူလောက် အကဲမခတ်တတ်သဖြင့် သမီးဖြစ်သူ စာကျက်လွန်း၍ ပင်ပန်းနေသည်၊ ဘွဲ့ရပြီဖြစ်၍ အနားယူပါစေဟုသာ တွေးနေတော့သည်။

ထိုသို့သော စိုးရိမ်စကားသံများသည် ရွာရှိ အိမ်အတော်များများတွင်လည်း ထွက်ပေါ်နေကြသည်။ အကယ်၍ ရေလုပ်ငန်းပြဿနာသာ အရေးမကြီးနေပါက ရွာသားများသည် ချန်ပေါ်ရင်တို့အိမ်သို့ သတင်းလာမေးကြရန် ဝိုင်းဝိုင်းလည်နေလောက်ပြီ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူမက ချန်ကျားရွာ၏ 'ပထမဆုံးသော တက္ကသိုလ်ကျောင်းသူ' မဟုတ်ပါလား။


နောက်တစ်နေ့မနက်တွင်မူ ချန်ပေါ်ရင်တစ်ယောက် ငါးမျှားတံနှင့် ရေပုံးကို ကိုင်ကာ ရှောင်းချိုးနှင့်အတူ ကျောက်ဆောင်များဆီသို့ ထွက်လာခဲ့သည်။ လမ်းတွင်တွေ့သော ရွာသားတိုင်းက သူမ၏ အလုပ်အကြောင်းကိုပင် ထပ်မံ မေးမြန်းကြပြန်သည်။


ချန်ပေါ်ရင်တစ်ယောက် တောင့်တင်းနေသော မိမိမျက်နှာကို ပွတ်သပ်ရင်း သက်ပြင်းကိုသာ ခိုးချမိတော့သည်။


 မနက်စောစောစီးစီး ကမ်းခြေမှာ လူတွေ ဤမျှများနေလိမ့်မည်ဟု မထင်ထားခဲ့။ လူတစ်ယောက်နှင့် တွေ့တိုင်း အလုပ်အကြောင်း မေးနေကြသဖြင့် တက္ကသိုလ်ဘွဲ့ရပြီး အလုပ်မရှိဘဲ ပြန်လာရသည့်အကြောင်းကို မည်သို့ ဆင်ခြေပေးရမည်မှန်း မသိတော့ပြီ။


"ပေါ်ရင်... ရန်ချန်မြို့ကြီးက တကယ်ပဲ ကြီးပြီး လှတာလားဟင်။"


ရှောင်းချိုးကမူ သူငယ်ချင်းဖြစ်သူ၏ စိတ်ရှုပ်ထွေးမှုများကို မသိရှာဘဲ ရန်ချန်မြို့အကြောင်းကို စိတ်လှုပ်ရှားစွာ မေးနေရှာသည်။


ချန်ပေါ်ရင် တက်ရောက်ခဲ့သည့် ရန်ချန်အနုပညာအကယ်ဒမီသည် ထိုပြည်နယ်၏ အစည်ကားဆုံးနှင့် အဖွံ့ဖြိုးဆုံး မြို့တော်တွင် တည်ရှိသည်။ လူစည်ကားသော လမ်းမများ၊ လျှပ်စစ်မီးရောင်စုံများနှင့် မြင့်မားလှသော အဆောက်အအုံများ ရှိသည့်နေရာပေါ့။


"အင်း... တကယ်ကို စည်ကားတာ။ နင် သွားချင်ရင် ရထားနဲ့သွားလို့ရတယ်၊ Busကားထက် တန်တယ်။"


ရှောင်းချိုးက ခေါင်းခါရင်း "ငါက မကြာခင် မင်္ဂလာဆောင်တော့မှာဆိုတော့ ဝေးဝေးလံလံ သွားဖို့ မဖြစ်နိုင်တော့ပါဘူး။" အမှန်တော့ ခရီးသွားဖို့ ငွေကြေးမပြည့်စုံခြင်းကလည်း အဓိကအကြောင်းရင်း တစ်ခုပင်။


"မင်္ဂလာဆောင်တော့မယ်" ဆိုသည့် စကားကြောင့် ရှောင်းချိုး ယခုနှစ်တွင် အသက် ၂၀ မျှသာ ရှိသေးသည်ကို ချန်ပေါ်ရင် သတိရသွားသည်။ သူမသည် အလယ်တန်းအောင်ပြီးကတည်းက အထက်တန်းဝင်ခွင့် မအောင်သဖြင့် အိမ်မှာပင် ဝိုင်းကူလုပ်ကိုင်နေသူ ဖြစ်သည်။


"နင် ရန်ချန် ဒါမှမဟုတ် ရှန်ချန်  ဘက်မှာ သွားအလုပ်လုပ်ဖို့ စိတ်မကူးဘူးလား။"


တံခါးဖွင့်ဝါဒ ကျင့်သုံးပြီးကတည်းက အပြောင်းအလဲများ မြန်ဆန်နေသည့် ရှန်ချန်မြို့ကြီးသည် ဘတ်စ်ကားစီးလျှင် နာရီအနည်းငယ်သာ ဝေးတော့သည်။ ရွာက လူငယ်အချို့ ထိုမြို့သို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသော်လည်း အများစုမှာမူ ရွာမှာပင် နေကြဆဲဖြစ်သည်။ အကြောင်းမှာ ရွာရှိ နိုင်ငံပိုင်ရေလုပ်ငန်းက လစာ၊ ခံစားခွင့်နှင့် အိမ်ရာပါ ပေးသဖြင့် အခြေတကျ ရှိလှသောကြောင့် ဖြစ်သည်။


ဝေးလံသောဒေသတွင် အလုပ်သွားလုပ်မည့်အကြောင်း ပြောလိုက်သဖြင့် ရှောင်းချိုးတစ်ယောက် တိတ်ဆိတ်သွားသည်။ ပေါင်ရင်က သူမထက် နှစ်နှစ်ကြီးပြီး တက္ကသိုလ်တက်ခဲ့သူ ဖြစ်သဖြင့် သူတို့နှစ်ဦးကြားတွင် သိပ်ပြီး အခင်မင်ကြီး မရှိလှသေးချေ။ ရှောင်းချိုး ငြိမ်သွားသဖြင့် ပေါ်ရင်လည်း စကားစဖြတ်ကာ သူတို့နောက်သို့ လိုက်လာသော 'အာဝမ်' ဆိုသည့် ခွေးလေးကိုသာ ငုံ့ချော့နေလိုက်တော့သည်။


ထိုခွေးလေးကမူ ချန်မိသားစုနှင့် သူမထက်ပင် ပို၍ အသားကျနေသယောင် ရှိသည်။


ချန်ကျားရွာ၏ ကမ်းခြေသည် အလွန်ရှည်လျားပြီး ကျောက်ဆောင်များ ရှိသည့်နေရာကမူ ရွာ၏ အစွန်းဘက်တွင် ရှိသည်။ ဒီရေတက်ချိန်တွင် ကျောက်ဆောင်များ မြုပ်နေတတ်ပြီး ဒီရေကျမှသာ ပေါ်လာလေ့ရှိသည်။


ယခုလည်း ဒီရေက ကျခါစဖြစ်၍ လူအတော်များများ ပင်လယ်စာ ကောက်နေကြပြီဖြစ်သည်။


ချန်ပေါ်ရင်ကမူ အခြားသူများကို ဂရုမစိုက်နိုင်။ မြေပြင်ပေါ်တွင် တဖျတ်ဖျတ်လူးနေသော ဆာဒင်းငါးအုပ်ကြီးကို မြင်လိုက်ရသဖြင့် သူမ၏ ရင်ခုန်သံများ မြန်ဆန်လာကာ ရှေ့သို့ ဝုန်းခနဲ ပြေးထွက်သွားတော့သည်။


အာဝမ်ကလည်း မြူးထူးစွာ ဟောင်ရင်း နောက်က လိုက်လာ၏။


သူမတို့၏ စိတ်လှုပ်ရှားနေမှုကြောင့် အနီးနားရှိ ပင်လယ်စာကောက်နေသူများပင် လှည့်ကြည့်ကုန်ကြသည်။


ပေါ်ရင်သည် ဆာဒင်းငါးတစ်ကောင်ကို ညှပ်ဖြင့် အမြန်ညှပ်ကာ ရေပုံးထဲ ထည့်လိုက်သည်။ ထို့နောက် ကျောက်ဆောင်ကြားတွင် တွားသွားနေသော 'ဂဏန်းစိမ်းကြီး' တစ်ကောင်ကို သူမ၏ စူးရှသော မျက်လုံးများက ဖမ်းမိသွားပြန်သည်။


သူမသည် တွန့်ဆုတ်မနေဘဲ ဂဏန်းကို ဖမ်းရန် လက်ကို ကျောက်ဆောင်ကြားထဲသို့ ထိုးထည့်လိုက်၏။ ထို ရဲတင်းလွန်းသော အပြုအမူကြောင့် ရှောင်းချိုးတစ်ယောက် လန့်ဖျပ်ကာ အော်မိတော့သည်။


"သတိထားဦး ပေါ်ရင်... ဂဏန်းညှပ်လိမ့်မယ်၊ သူက ကျောက်ကြားထဲ အနက်ကြီး ဝင်သွားတာ..."


ချန်ပေါ်ရင်ကတော့ စိတ်ထဲကနေ ခိုးပြုံးနေမိသည်။ ထိုဂဏန်းသည် သူမကို ရန်ပြုဝံ့မည်မဟုတ်မှန်း သူမ ကောင်းကောင်းသိသည်။


ဂဏန်းက ကျောက်ကြားထဲ အောက်ဆုံးအထိ ရောက်နေသော်လည်း သူမတွင် ၎င်းကို နှင်ထုတ်မည့် နည်းလမ်း ရှိပါသည်။ ဘေးလူများ သတိမထားမိခိုက်... သူမသည် ကျောက်ဆောင်အက်ကွဲကြောင်းထဲသို့ လက်ချောင်းလေး တိုးဝင်လိုက်ပြီး လက်ညှိုးထိပ်ဖျားလေးမှတစ်ဆင့် ရေစီးကြောင်းလေးတစ်ခုကို ဖန်တီးလိုက်သည်။

အစပိုင်းတွင် ရေစက်ကလေးများအသွင်သာ ဖြစ်သော်လည်း ခဏအတွင်းမှာပင် ရေဘုံဘိုင်ခေါင်းမှ ကျလာသော ရေအရှိန်ကဲ့သို့ အားပြင်းလာသည်။ သူမသည် ရေစီးကြောင်းကို ကျွမ်းကျင်စွာ ထိန်းချုပ်ပြီး ဂဏန်းကို ကျောက်ကြားထဲကနေ အပြင်သို့ မောင်းထုတ်လိုက်၏။


 ကြီးမားလှသော လက်မကြီးများကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် သူမသည် သွက်လတ်သော လက်အရှိန်များဖြင့် ဂဏန်းကို လှမ်းဖမ်းကာ ရေပုံးထဲသို့ ပစ်ထည့်လိုက်တော့သည်။

တစ်ကိုယ်လုံး လုပ်ဆောင်ချက်က နှစ်မိနစ်ပင်မပြည့်။


 အခြားတစ်ဖက်သို့ ခဏလေး လှည့်ကြည့်မိသော ရှောင်းချိုးတစ်ယောက် အလှည့်တွင် ပုံးထဲသို့ ရောက်နေပြီဖြစ်သော ဂဏန်းကြီးကို ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။


ပေါ်ရင်က ဟန်မပျက် ပြုံးပြရင်း - "တွေ့လား... ကံတရားက မျက်နှာသာပေးလာရင် တားလို့မရဘူးလေ။"


ထိုစကားက သူမ၏ ကံကောင်းခြင်းများကို တံခါးဖွင့်ပေးလိုက်သလိုပင်။ ခဏအကြာတွင် နောက်ထပ် ဂဏန်းစိမ်းကြီးတစ်ကောင် ရေပုံးထဲ ရောက်လာပြန်သည်။


 ထို့ပြင် လက်ဝါးခန့်ရှိသော ပင်လယ်ခရုကြီးတစ်ကောင်နှင့် ကျောက်ပုစွန်ထုပ်ကြီး တစ်ကောင်ကိုပါ ထပ်မံ ဖမ်းမိလိုက်သေးသည်။


ဆယ်မိနစ်ခန့်အတွင်းမှာပင် သူမ သယ်လာသော ရေပုံးမှာ ပင်လယ်စာအပြည့် ဖြစ်သွားသဖြင့် ဘေးက လူများခမျာ မနာလိုစိတ်ဖြင့် တံတွေးပင် မျိုချနေကြရသည်။


"ဟယ်... ဟိုမှာကြည့်စမ်း၊ ဒါချန်တို့အိမ်က တက္ကသိုလ်ကျောင်းသူမလေး မဟုတ်လား။ ကံကောင်းလိုက်တာ အေ... ပင်လယ်စာတွေ အများကြီးပဲ။ အဲ့ဒီ ဂဏန်းတစ်ဝက်လောက်တင် မြို့ပေါ် သွားရောင်းရင် ယွမ် ၅၀ လောက် ရမှာ။"


ရှောင်းချိုးသည် တံငါသည်သမီး ဖြစ်သဖြင့် ပေါ်ရင် ကောက်ရလာသော ပင်လယ်စာများက မည်မျှ တန်ဖိုးရှိကြောင်း ကောင်းကောင်းသိသည်။ သူမ မနာလိုဖြစ်စွာဖြင့် - "ငါကတော့ ကံဆိုးလိုက်တာ၊ တန်ဖိုးမရှိတဲ့ ယောက်သွားခရုလေးတွေပဲ ရတယ်။" ဟု ညည်းတွားရှာသည်။


ပေါ်ရင်ကမူ... သူမတွင်သာ 'ရွှေလက်ချောင်း'  မရှိပါက ဤကဲ့သို့ ရှုပ်ထွေးလှသော ကျောက်ဆောင်များကြားတွင် ပင်လယ်စာများကို ဤမျှအလွယ်တကူ ရနိုင်မည်မဟုတ်မှန်း သိနေသည်။


မှန်ပါသည်။ သူမသည် 'ထူးခြားသောအစွမ်း' ပါရှိလာသည့် အခြားကမ္ဘာမှ ကူးပြောင်းလာသူ (Transmigrator) တစ်ဦး ဖြစ်သည်။ သူမ၏ စွမ်းအားက ရိုးရှင်းပါသည် - 'ရေကို စိတ်ကြိုက်ထိန်းချုပ်နိုင်ခြင်း' (Water Manipulation) ပင်။ ဤကမ္ဘာသို့ ကူးပြောင်းလာစဉ်ကတည်းက ဤစွမ်းအား ပါလာခဲ့ခြင်း ဖြစ်သည်။


 ထိုစွမ်းအားသာ မပါလာပါက ခန္ဓာကိုယ်ဟောင်း၏ ဦးခေါင်းတွင် ရရှိထားသော ဒဏ်ရာပြင်းပြင်းကြောင့် သူမ အသက်ရှင်နိုင်ခဲ့မည် မဟုတ်ချေ။


ပထမဆုံး နိုးလာစဉ်က ခေါင်းတစ်ခုလုံး ကွဲမတတ် နာကျင်ခဲ့ရသော်လည်း ရေစွမ်းအားကို သုံး၍ မိမိကိုယ်ကို ပြန်လည်ကုသခဲ့ရသည်။ မနေ့ကအထိ စွမ်းအားများ အပြည့်အဝ ပြန်မပြည့်သေးသော်လည်း ယခုအခါတွင်မူ စွမ်းအားများ တရွေ့ရွေ့ ပြန်လည် နိုးထလာပြီ ဖြစ်သည်။ ရိုးရှင်းသော ရေထိန်းချုပ်မှုလေးဖြင့်ပင် သူမအတွက် ပင်လယ်စာ ရှာဖွေရသည်မှာ အပျော်အပါးလေးတစ်ခုလို ဖြစ်နေတော့သည်။


သီချင်းတညည်းညည်းဖြင့် ပင်လယ်စာအပြည့်ရှိသော ရေပုံးကို မကာ ချန်ပေါ်ရင်တစ်ယောက် အိမ်သို့ အရင်ပြန်ရန် ဆုံးဖြတ်လိုက်သည်။ ပုံးအလွတ်တစ်လုံးနှင့် လဲလှယ်ပြီးမှ ငါးမျှားရန် ပြန်လာခဲ့မည်။


သို့သော်လည်း... ရေလုပ်ငန်းခွင်သို့ သွားရာ လမ်းတစ်လျှောက်တွင် လူအုပ်ကြီးက ဟိုတစ်စု သည်တစ်စုနှင့် ဆူညံအော်ဟစ်နေကြသည်ကို မြင်လိုက်ရသည်။ ကြည့်ရသည်မှာ... ကောင်းသော အလားအလာတော့ မဟုတ်ချေ။