အပိုင်း ၃၁၁-၃၁၂
Viewers 21k

Part 311


ကလေးများက သူတို့၏မိဘများ ပြန်လာသည်ကိုမြင်သည်နှင့် အိမ်ပြင်ထွက်ကြိုလေသည်။


အထူးသဖြင့် အားဝမ်ကအလွန်ပျော်နေသည်။


"အဖေ... မီးသွေးတွေဘက်ကဝယ်လာတာလဲ..."


ဟန်ချင်စုန့်: "ရှန်ရွေ့ယာထဲက...."


သူက ပထမဆုံး မီးသွေးနှစ်အိတ်ကိုထုတ်လာခဲ့ပြီး သတင်းစာဖြင့်ပတ်ထားသော အထုတ်တစ်ခုကို လင်းလန်ကိုကမ်းပေးလိုက်သည်။


"ဒါက ခွဲပေးလိုက်တဲ့ သိုးခြေထောက်...."


ကြက်ခြေထောက်နှစ်ချောင်းနှင့် ဘဲခြေထောက်များလည်းပါလေသည်။


သိုးခြေထောက်လား.....


လင်းလန်ပျော်သွားလေပြီ အသားကင်လုပ်မည်ဟုတွေးရုံဖြင့် သိုးသားရလာသည်မှာ အလွန်ကံကောင်းမှုပင်။


သူမပြုံးပြုံးကြီးပြောလိုက်သည်။

"ကျေးဇူးအများကြီးတင်ပါတယ် ခေါင်းဆောင်ဟန်...."


ဟန်ချင်စုန့်က သူမကိုကြည့်လိုက်သည်။

"ဒီနေ့ သိုးခြေထောက်စားရဖို့အဆင်ပြေပါ့မလား...."


လင်းလန်က သူ့နောက်ကျောကိုပုတ်လိုက်သည်။


"တတိယအစ်ကို အလုပ်ကြိုးစားခဲ့တာပဲ... ငါ့ရဲ့တတိအစ်ကိုက အများကြီးကူညီပေးခဲ့တော့ သိုးခြေထောက်ကိုသေချာပေါက်ကျွေး ကျွေးရမှာပေါ့... ဟားဟား...."


ဟန်ချင်စုန့်က သူမ၏ခါးလေးကိုသိမ်းဖက်လိုက်ပြီး ကလေးများထွက်လာချိန်တွင် လွှတ်ပေးလိုက်သည်။


သူတို့က မီးသွေးများကို အနောက်ဘက်နံရံနားကပ်ထားပြီး မီးသွေးခြင်းနှစ်ခြင်းက ထိုနေရာတွင်နေရာယူသွားသည်။


လင်းလန်က သိုးခြေထောက်ကိုယူလိုက်သည် ခြေထောက်ပိုင်းကလည်း အကြီးစားအစိတ်အပိုင်းဖြစ်၍ အသားများက နူးညံ့ကာ စားကောင်းပေသည်။


"မနက်ဖြန် ရလဒ်တွေကြေငြာတော့မှာ... ဂုဏ်ပြုရအောင်လို့ အသားကင်လုပ်ပြီး ကျန်တဲ့လူတွေက သိုးသားနှပ်စားရပါမယ်...."


လင်းလန်က အပြင်ဘက်တွင် သိုးသားများကိုအအေးခံလိုက်သည်။


ယခုတွင် အပြင်ဘက်၌ အပူချိန် အနုတ်တစ်ဆယ်ဒီဂရီရှိပြီဖြစ်ပြီး အအေးခံထားသည့် အသား၏အခြေအနေက အလွန်ကောင်းလှသည်။


ဆောင်းရာသီတွင် နေစောစောဝင်ပြီး ငါးနာရီရောက်သည်နှင့် ချက်ချင်းမှောင်လာတော့သည်။ ယအခုအချိန်များတွင် မှန်ပြတင်းများလည်းမရှိလေရာ အခန်းက အတော်ကြီးမှောင်နေသည်။


လင်းလန်က မိုင်စွေ့ကိုမီးမွှေးခိုငိးပြီး သူမနှင့်အားဝမ်က ညစာပြင်သည်။


ကန်စွန်း၍တစ်အိုးပြုတ်၊ ထမင်းတစ်ဦးတည်ပြီး ကြက်ဥနှင့်ဂေါ်ဖီရောမွှေကြော်လေသည်။


ထပ်ပေါင်းအနေဖြင့် ဝက်ခေါင်းကြက်သွန်မြိတ်ချက်ဖြစ်သည်။ ဝက်ခေါင်းသားကာ ချက်လိုက်လျှင် နူးညံ့ကာမွှေးပျံ့လှသည်။ အနာဂတ်မှလူများက အဆီဆိုမကြိုက်ကြပေ။ ယခုအချိန်တွင်မူ ဆီကပေါများခြင်းမရှိ၍ ကလေးများကလည်း ဝက်ဆီများစားရန်မကြောက်ကြသသည့်အပြင် အရသာရှိသည်ဟုပင်တွေးကြသည်။


အိုးနှစ်လုံးရှိ၍ချက်ရသည်မှာ လျှင်မြန်လှသည် လင်းလန်က ဟင်းနုနွယ်ဟင်းချိုပန်းကန်လုံးအသေးတစ်လုံးလုပ်ကာ မှိုနှင့်အသားကိုရောမွှေကြော်လိုက်သည် ကလေးများအကြိုက်ပင်။

.

လပြက္ခဒိန်၏ဆယ့်နှစ်လမြောက်ကတည်းက သူတို့မိသားစု၏ အစားအသောက်အရည်အသွေးကမြင့်သွားခဲ့သည်။ ခေါက်ဆွဲပါး၊ ဖက်ထုပ်၊ ပေါက်စီ၊ ဝက်နံရိုး၊ ဝက်ခေါင်းသားနှင် ကလေးများက နေ့တိုင်းပျော်ကြရသည်။ စန်းဝမ်၏စကားအရဆို သူတို့ကနတ်ဘုရားများလို နေထိုင်နေကြရသည်။


ယခုတွင် သူမထံ၌ မီးသွေးများစွာရှိနေပြီဖြစ်၍ လင်းလန်ပျော်နေသည်။ နောက်တစ်နေ့၌ ကလေးများက ကျောင်းသို့သွားကာ သူတို့၏ရလဒ်များကိုသွားကြည့်ကြသည်။ သူမက အိမ်တွင်အသားကင်ရန် မီးသွေးပြင်ပြီးပြီဖြစ်သည်။


အရိုးတွင်ကပ်နေသည့် သိုးသားများကို လှီးထုတ်ရပြီး နံရိုးများကိုမူ အကင်စင်ပေါ်တိုင်ရိုက်ကင်၍ရပြီး အချို့အဆီဖတ်များကိုအပိုင်းအသေးလေးများဖြစ်အောင်လှီးကာ ဆား၊ဆော့စ်၊ ငရုပ်ကောင်း၊ ကြက်သွန်မြိတ်၊ ဂျင်းစသည်ဖြင့်ဖြူးပြီး မသုံးတော့သော တူများဖြငိ့ တံစို့ထိုးသည်။ ဝက်ဗိုက်သားများ၊ တို့ဟူးများ သည်တို့ကိုလည်းတံစို့ထိုးသည်။ ကံဆိူးစွာဖြင့် ခရမ်းသီးရာသီမဟုတ်လေ၍ ခရမ်းသီးထည့်မရချေ။


ဟန်ချင်စုန့်က လင်းလန်ကို တို့ဟူးဝယ်ရန်ကူညီပေးပြီး နေ့လည်တွင်တို့ဟူးလာပို့ကာ ပြန်မသွားတော့ဘဲ သူမကိုသာကူညီပေးတော့သည်။


လင်းလန်၏ တောင်းဆိုချက်ကြောင့် အနောက်ဘက်အခန်း၏ နံရံများနားတွင် အုတ်နီခဲများဖြင့် ရိုးရှင်းသည့်မီးဖိုလေးဆောက်ကာ အပေါ်တွင် သံဆန်ကာတင်ပြီး အောက်တွင် မီးသွေးဖြင့် မီးဖိုလိုက်သည်။


သံဆန်ကာက ဘုံအဖွဲ့၏ကန်တင်းမှဖြစ်သည်။ သူတို့က အသုံးမလိုသည့်ပစ္စည်းများကိုရောင်းချပြီး ဟန်ချင်စုန့်က ဝယ်လာခဲ့သည်ဖြစ်၍ ယခုတွင်အသုံးတည့်သွားလေပြီ။


မီးသွေးများမီးတောက်လာသည်နှင့် တံစို့များကိုတင်လေးပြီး ချက်ချင်းတရှဲရှဲအသံများမြည်လာသည်။ အသားရနံ့ကလည်းပျံ့လွင့်လာတော့သည်။


လင်းလန်က ယပ်ခတ်နေသည်။


"အနံ့လေးက ကောင်းလိုက်တာ.... တတိယအစ်ကိုက တော်လိုက်တာ....ကျွန်မတို့တွေ အလုပ်မလုပ်ဖြစ်တော့ရင် အသားကင်တွေရောင်းလို့ရလောက်တယ်...."


ဟန်ချင်စုန့်က သူမပြောသည်ကိုနားထောင်ပေးပြီး သူမ၏လက်ကို သူ၏လက်ဖဝါးကြီးများဖြင့်ကိုင်ပေးလိုက်သည်။

"အေးရင် အိမ်ထဲဝင်စောင့်နေလိုက်လေ...."


လင်းလန်က ခေါင်းခါသည်။

"မအေးပါဘူး.... ကျွန်မအပြင်သွားပြီး သူတို့ပြန်လာပြီလားကြည့်လိုက်ဦးမယ်...."


သူမ တံခါးနားရောက်သည်နှင့် ရှောင်ဝမ်ကိုလက်ဆွဲခေါ်လာသော မိုင်စွေ့နှင့်အားဝမ်ကိုတွေ့လိုက်ရသည်။ ထိုသုံးယောက်က အိမ်ကိုပြေးလာကြသည်။ တဝမ်က အနောက်တွင်အလျှင်မလိုနေပေ။ စန်းဝမ်ကမူ သေမိန့်ချခံထားရသလို ခေါင်းငိုက်ကျနေသည်။


ကြည့်ရသည်မှာ စာမေးပွဲကောင်းကောင်းမဖြေနိုင်ခဲ့သည့်ပုံပင်။


သူမက ပြုံးလိုက်ပြီးရှောင်ဝမ်ကိုဖမ်းလိုက်သည်။

"မအေးဘူးလား....."


ရှောင်ဝမ်က အအေးဓာတ်ကြောင့်နီရဲနေသာ သူ၏ပါးနှင့်နှာခေါင်းတို့ကို လျစ်လျူရှူကာခေါင်းခါပြသည်။


"မာမား... ဘာအနံ့လဲ မွှေးနေတာပဲ...."


အသားကင်အနံ့ရသည်နှင့် တဝမ်နောက်တွင် စွန့်ပစ်ခံလိုက်ရသော ခွေးပေါက်လေးလိုဖြစ်နေသည့် စန်းဝမ်မှာချက်ချင်းခေါင်းမော့လာကာ မျက်လုံးများကတောက်ပလာပြီး သူ့ကိုစောင့်ပေးနေသည့် အစ်ကိုကြီးကိုပါပစ်၍ အိမ်ထဲပြေးဝင်တော့သည်။


တဝမ်: "...."


ကလေးများက ဟန်ချင်စုန့်နားဝိုင်းနေကြပြီးလေအေးများကို လုံးဝမကြောက်သည့်ဟန်ဖြင့် အသားနံ့တို့ကိုအနံ့ခံရင်း စကားပြောကြလေသည်။


လင်းလန်က သူတို့ကိုအလွန်အမင်း နူးညံ့လှသောအကြည့်လေးများဖြင့်ကြည့်လိုက်သည်။


မိသားစုအတူတူရှိခြင်း၊ ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခြင်းနှင့် အခက်အခဲများကိုမျှဝေခြင်းတို့မှာ သူမလိုချင်ခဲ့သည့် အိမ်တစ်ခု၏အဓိပ္ပါယ်များပင်။


မမှောင်ခင်တွင် သူမကတံခါးကိုပိတ်လိုက်ကာ တစ်မိသားစုလုံး အသားကင်ရင်း အတူတူစားသောက်ကြသည်။


ကလေးများက ပထမဆုံးသိုးသားစားဖူးခြင်း၊ ခပတ်စားဖူးခြင်းဖြစ်၍ အသစ်အဆန်းများစွာရှိနေ၍ အတော်လေးပျော်ရွှင်နေကြသည်။


မိုင်စွေ့နှင့်အားဝမ်တို့က အသံစူးရှရှဖြင့် သီချင်းဆိုကြပြီး ယနေ့ကျောင်းတွင်ဖြစ်ပျက်ခဲ့သည်ကို အစီရင်ခံလေသည်။


ကလေးများကို စိတ်ခွန်အားဖြစ်စေရန် ဟန်ချင်းပဖျင်က အခြားအနီးအနားကျောင်းများဖြင့်ပူးပေါင်းခဲ့သည်။ မေးခွန်းများမှာတူညီကြပြီး စာမေးပွဲဖြေချိန်လည်းတူကြသည်။


လူတိုင်း၏အဆင့်များကို သေချာစဉ်ထားကြသည်။ မိုင်စွေ့က ပထမရပြီး အားဝမ်ကဒုတိယရလေသည်။ ဆရာများကသူတို့ကို ဂုဏ်ပြုလက်မှတ်နှင့် ဆုများပေးလေသည်။


ဂုဏ်ပြုလက်မှတ်မှာ ဟိုးအရင်ကတည်းက ဟောင်ယွမ်ဆွဲထားခဲ့သည့်ဖြစ်ပြီး အလွန်လှလေသည်။


ဆုများမှာ ခဲတံနှင့် ရေးစာအုပ်ဖြစ်ပြီး မိုင်စွေ့က စာအုပ်ဆယ်အုပ်နှင့် ခဲတံဆယ်ချောင်းရခဲ့ပြီး အားဝမ်က စာအုပ်ငါးအုပ်နှင့် ခဲတံဆယ်ချောင်းဖြစ်သည်။


အစာစားချင်စိတ်ကိုသက်ရောက်မှုရှိမည်နှင့် ပျော်ရွှင်နေသောလေထုကိုဖျက်ဆီးမိမည်စိုး၍ လင်းလန်ကဘာမှမမေးသေးပေ။


Xxxxxx

Part 312


သူမက ပန်ကိတ်နှင့် ပေါက်စီများထုတ်လာကာ သူမ၏အိမ်လုပ် ဆော့စ်နှင့် ဆော့စ်အစပ်တို့ကိုသုတ်ကာ မီးကင်လေသောအခါ နူးညံ့မွှေးပျံ့လာပြီး အသားကလည်း မွှေးပျံ့လာလေသည်။


မိုင်စွေ့နှင့်ရှောင်ဝမ်တို့ အကြိုက်ဆုံးအရာများပင်။


တဝမ်နှင့်စန်းဝမ်တို့က မည်သည့်ဟင်းမဆိုစားကြသော်လည်း အသားကိုသာပိုကြိုက်ကြသည်။


လင်းလန်က ဟန်ချင်းစုန့်အကင်နှစ်ချောင်းစားပြီးသည်ကိုတွေ့၍ ထပ်ပေးလေသည်။


သူက ငြင်းဆိုလေသည်။

"အပြင်မှာအေးတယ်... အိမ်ထဲဝင်ရအောင်..."


လင်းလန်ကသူ့အပေါ်မှီလိုက်သည်။

"မအေးပါဘူး..."

သူမက အကင်တစ်ချောင်းယူကာ သူ့ပါးစပ်နားတေ့ပေးလိုက်သည်။

"မြန်မြန်စားလိုက်လေ.... မွှေးတယ်မလား..."


ဟန်ချင်စုန့်ကအသားကိုကိုက်ကာ ဝါးလိုက်သည်။

"ကိုယ်တို့ သိုးကောင်လုံးကင်စားရင်ပိုကောင်းမှာနော်... ဒါပေမဲ့ မကင်ဖူးရင် မကျက်တာတွေဘာတွေဖြစ်တတ်တယ်ရယ်...."


ကလေးများက သိုးကောင်လုံးကင်ကစားကောင်းသလားဟု သိချင်နေကြသည်။


အထူးသဖြင့် တဝမ်နှင့်စန်းဝမ်ဖြစ်သည် သူတို့အတွက် အသားစအကြီးကြီးကိုသူတို့၏လက်နှင့် ဖဲ့စားရလျှင် နတ်ပြည်ရောက်သလိုခံစားရမည်ဖြစ်သည်။


အားဝမ်၏ဘယ်လက်က တံစို့များကိုင်ပြီးကင်နေကာ ညာလက်ဖြင့် တံစို့တစ်ခုကိုင်ကာစားနေသည်။


"အဖေ... သားအဖေ့အတွက်ကင်ပေးမယ်... အဖေနဲ့အမေ အိမ်ထဲဝင်စားကြပါလား..."


ဟန်ချင်စုန်က သူနှင့်လွှတ်ထားလိုက်ပြီး မပျက်စီးစေရန်နှင့် သေချာလုပ်ရန်ပြောပြီးပေးခဲ့သည်။


အားဝမ်က ပြုံးပြီးပြောသည်။

"သားသိပါတယ်...."


လင်းလန်က အနည်းငယ်နောင်တရနေသည်။


"ဇီရာစေ့မရှိလို့ပေါ့... ဇီရာစေ့နဲ့ဆိုပိုစားကောင်းမှာ...."


ကလေးများက ဇီရာစေ့ဆိုသည်မှာ ဘာမှန်းမသိ၍ မေးကြလေသည်။


လင်းလန်ကပြောသည်။


"ရေဒီယိုမှာလာတယ်လေ... မသိကြဘူးလား... မွန်ဂိုလီးယားအတွင်းပိုင်းက နွားကျောင်းသားတွေက သူတို့အသားကင်ရင် ဇီရာစေ့တွေဖြူးစားကြတယ်လေ...."


စန်းဝမ်က သူမက ဇီရာစေ့ကဘာနဲ့တူသလဲဟု စိတ်လှုပ်တရှားမေးလာသည်။


လင်းလန်က ပြောပြရန်ပြင်လိုက်ပြီးမှ ချက်ချင်းပြန်ပြောလိုက်သည်။


"အမေလည်းမသိဘူးလေ...စားမှမစားဖူးတာ... ဒါပေမဲ့ ကြားဖူးရသလောက်တော့ သိုးသားနဲ့ဇီရာစေ့က ဘက်ပဲတဲ့...."


ထိုအချိန်တွင် ကလေးများက အနာဂတ်တွင်ဇီရာစေ့နှင့် အသားကင်စားရန်စိတ်ကူးယဉ်ကြတော့သည်။ ထိုအချိန်မှစပြီး ဇီရာစေ့ဆိုသည်မှာ သူတို့အတွက် ဆန်းကျယ်ပြီး နက်နဲလှသောစာလုံးတစ်လုံးဖြစ်လာခဲ့ကြသည်။


စားရင်းသောက်ရင်းဖြင့် အချိန်သုံးနာရီကုန်သွားခဲ့သည်။


သူတို့မသိသည်မှာ လင်းလန်၏ ကြိုတင်သိမြင်မှုအရ စောစောစီးစီးခြံတံခါးပိတ်လိုက်ခြင်းက ရွာထဲရှိစပ်စုလိုသောလူများ၏အကြည့်များနှင့် စကားများကိုပိတ်လိုက်နိုင်ခြင်းဖြစ်သည်။


လူတစ်အုပ်က တံခြားအပြင်မှဖြတ်သွားပြီး အသားနံ့ကိုရ၍သွားရည်ယိုလာကြသည်။


မူလက ကလေးများက အနံ့မခံပဲမနေနိုင်၍ အနံ့ ရှူနေကြပြီး လူကြီးများက ခေါင်းဆောင်ဟန်ဘာစားနေလဲခန့်မှန်းကြသည်။


သို့သော်တံခါးကလည်း ပိတ်ထားပြီး ဟန်ချင်စုန့်ကိုကြောက်ကြ၍ တံခါးသွားမခေါက်ရဲပေ။


သတ္တိရှိသည့်လူတစ်ယောက်က နံရံပေါ် လှေကားထောင်၍ တက်ကြည့်သည်။ မြင်ကွင်းမှာအတော်လေးထူးဆန်းလှသည် လင်းလန်တို့မိသားစုက အပြင်တွင် မီးကိုသုံး၍အသားကင်စားနေကြသည်။


၎င်းက ဆန်းကျယ့်သည့်စားနည်းဖြစ်ပြီး သူတို့တစ်ခါမှ မမြင်ဖူးကြပေ။


တစ်ခါမှ မမြင်ဖူးကြသောလူများက အနည်းငယ်မနာလိုဖြစ်ကြပြီး ပြောကြပေလိမ့်မည်။


"ဒီအသုံးအဖြုန်းကြီးတဲ့ မိန်းမကတော့ တကယ်အပျင်းကြီးပြီး အသုံးအဖြုန်းကြီးတာပဲ... ဒယ်အိုးတောင်မခံဘဲနဲ့ မီးပေါ်တင်ပြီးဒီတိုင်းစားတယ်တဲ့... ထင်းတွေဘယ်လောက်တောင် နှမျောဖို့ကောင်းလဲ...."


ဆောင်းရာသီတွင် ထင်းများမှာ အရေးအကြီးဆုံးဖြစ်ပြီး အနွေးကုတင်ကိုအပူပေးနိုင်သည်။


ထို့အပြင် အသားများစားနေကြသေးသည်။ မည်သည့်မိသားစုက အသားကိုစိတ်တိုင်းကျစားနိုင်ကြသလို မည်သူကလည်းစားဝံ့မည်နည်း။


ထို့ကြောင့် လင်းလန်က ပျင်းရိပြီး အသုံးအဖြုန်းကြီးလှသည်ဟု သတ်မှတ်နိုင်လေသည်။


အချို့လူများကမူ သူမဘက်ကထောက်ခံပြီး ပြောပေးကြသည်။


"မင်းတို့သာ မခိုးဝှက်သ၍ ဓားပြမတိုက်သ၍ ဘယ်လိုချက်ချက် မီးပဲကင်ကင်ဘာဖြစ်လဲ... မင်းတို့လည်း အစွမ်းအစရှိရင် မီးကင်စားကြလို့ရတယ်လေ...."


စကားပြောရင်းရယ်မောကြရင်းဖြင့် လူတိုင်းက ကိုယ့်အိမ်ကိုယ်ပြန်ပြီး ညစာချက်ကြသည်။


အသားကင်စားပြီးနောက်တွင် အပျင်းကြီးပြီးအသုံးအဖြုန်းကြီးသည့်မိန်းမဖြစ်သည့် လင်းလန်က ကလေးများကို သန့်ရှင်းရေးလုပ်ခိုင်းပြီး ကျန်နေသည့် သိုးရိုးများဖြင့် မနက်ဖြန်သိုးရိုးစွပ်ပြုတ် ချက်ကျွေးမည်ဟုပြောလေသည်။


ဆေးကြောပြီးနောက်တွင် တစ်မိသားစုလုံးက အနောက်ဘက်အနွေးကုတင်ပေါ်တိုးအိပ်ကြသည်။


လင်းလန် ချောင်းဟန့်လိုက်သည်။


"အသားကင်စားနေတုန်းက ဒီသိပ်မကောင်းတဲ့ခေါင်းစဉ်ကိုမဆွေးနွေးချင်လို့ မပြောခဲ့တာ... အခုတော့ အမေကပဲလက်ဦးမှုယူပြီးပြောချင်ပါတယ်... ပြောပြချင်ကြလား..."


ကလေးများက သူတို့၏စာမေးပွဲစာရွက်များကိုထုတ်လာကြသည်။


မိုင်စွေ့၏တရုတ်နှင့် သင်္ချာတို့ကအမှတ်ပြည့်ဖြစ်ပြီး  သူမကိုကြည့်ရုံဖြင့်ပျော်ရွှင်စေသည်။


အားဝမ်က စာမေးပွဲတွင်ဒုတိယရပြီး ၉၅မှတ်ရသည်။


တဝမ်က သုံးဘာသာလုံးကိုအောင်ပြီး လင်းလန်ကိုအံ့ဩသွားစေသည်။ သူမက သူကျမည်ဟုထင်ခဲ့ခြင်းဖြစ်သည်။


အဆုံးတွင် ဟန်ချင်းဖျင်က သူကအမြဲတမ်းအခန်းထဲတွင် အိပ်ပြီး တည့်တည့်ပင်မထိုင်ဟုပြောပြခဲ့သည်။ အိပ်ချင်အိပ် မအိပ်ချင် အတန်းထဲရှိလူများကို လိုက်ကြည့်နေသည်ဟူ၍ပင်။


အောင်ရုံနှင့်ပင်တော်နေပြီဖြစ်သော်လည်း သင်္ချာတွင် ၇၆ပင်ရလာခဲ့သည်။


စန်းဝမ် အတွက်မူ...


လင်းလန် မျက်မှောင်ကြုတ်ကာ သွားပိုးစားနေသည့်စန်းဝမ်ကိုကြည့်လိုက်သည်။ သူ၏သွားများကမလဲသေးသည်ဖြစ်ရာ ပိုးပေါက်များဖြင့်မဲနေလေသည်။


စန်းဝမ်၏စာမေးပွဲစာရွက်မှာ ခွေးစားထားသလိုပင်။ အလွန်အမင်းကြေမွနေပြီး ကိုင်ရန်ပင်မဝံ့မရဲဖြစ်စေသည်။


စာရွက်ပေါ်တွင် ဟိုနေရာမဲ ဒီနေရာမဲနှင့် စာရွက်ကအဖြူလားအမဲလားဟင်မပြောနိုင်တော့ချေ။


စန်းဝမ်တစ်ယောက် မည်သို့လုပ်လာခဲ့မှန်းပင်မြင်ယောင်နိုင်လာသည်။ လျှောက်ခြစ်ပြီးလျှင် လက်ဖြင့်အားရပါးရပွတ်ပေလိမ့်မည်။


ခေါင်းစဉ်ကသူ့ကိုသိသော်လည်း သူကခေါင်းစဉ်ကိုမသိပေ။


ဟူး.... ဒီမြည်းငတုံးနဲ့တော့...


သူမ စန်းဝမ်၏ စာမေးပွဲစာရွက်ကိုယူလိုက်ပြီး စန်းဝမ်က ခေါင်းကြီးငုံ့ကာ ခြင်သံလိုအသံသေးသေးဖြင့်ပြောလေသည်။

"ရှောင်ဝမ်ရဲ့ ဟာကိုအရင်ကြည့်ပါလားဟင်...."


လင်းလန်အံ့ဩသွားပြီးပြောလိုက်သည်။

"အဲ့ကလေးလည်း ပြဿနာလုပ်ထားပြန်တာလား....."


ရှောင်ဝမ်က တောက်ပစွာပြုံးလိုက်ပြီး စာမေးပွဲစာရွက်ကိုလင်းလန်ထံ ရတနာတစ်ပါးနှယ်ဆက်သလိုက်သည်။


ရှေ့ဆုံးစာရွက်တွင် စာအရေးအသားက ရှင်းလင်းကာ သပ်ရပ်ပြီး ပိုရေးလေလေ ပိုမိုသန့်ရှင်းကာ သပ်ရပ်လာလေလေပင်။


တရုတ်စာလုံးများနှင့် ဖျင်ယင်းတို့ကိုရေးသားထားသည်။ စာလုံးများက အလွန်အားကောင်းလှခြင်းမရှိသော်လည်း အလွန်လျှပပေသည်။ ရှောင်ဝမ်ကို တော်လွန်းသည်ဟုပြောရပေမည်။


လင်းလန်က စန်းဝမ်ကိုထပ်ကြည့်လိုက်သည်။   


"စန်းဝမ်...."


လင်းလန်ခေါ်လိုက်သည်။


Xxxxx