အပိုင်း ၃၁၃-၃၁၄
Viewers 24k

Part 313


စန်းဝမ်တုန်ယင်သွားရသည် ထိုခေါ်သံကလုံးဝမကောင်းကြောင်းသိလေသည်။


ကံကောင်းစွာဖြင့် အသားကင်ဝအောင်စားထားခဲ့ရ၍ အရိုက်ခံရလျှင်ပင် မရှုံးပါချေ။


သူ ဟန်ချင်စုန့်ကိုခိုးကြည့်လိုက်ပြီး ဟန်ချင်စုန့်ကပြန်ကြည့်ချိန်တွင် အတုန်တုန်အယင်ယင်ဖြင့် အကြည့်ပြန်လွှဲလိုက်သည်။ ကြည့်ရသည်မှာ သူအရိုက်ခံရမည့်ဘေးမှ မလွတ်တော့မည့်ပုံပင်။


လင်းလန် သက်ပြင်းချလိုက်ပြီး နောက်တစ်ကြိမ်ထပ်သက်ပြင်းချလိုက်သည်။ ဗုဒ္ဓမှအစ အမေအဆုံးအကုန်တလိုက်မိချေသည်။ အထူးသဖြင့် ကလေးကအိမ်စာသေချာလုပ်ပြီး စာမေးပွဲတွင်အမှတ်မကောင်းချိန်တွင် ဗုဒ္ဓဘုရားကိုပိုမိုဝတ်ပြုချင်လာသည်။


သူမဒေါသထွက်လွန်း၍ အငွေ့ပင်ထွက်တော့မည်။


စန်းဝမ်ကထက်တွေးနေသည်။ မနေ့ကအသားကင်စားခဲ့လျှင် အခုလိုအလျင်စလိုဖြစ်စရာမရှိလောက်ပေ။


အဆုံးတွင် လင်းလန်ကဘာမှမပြောတော့ဘဲ ဆုများကိုသာထုတ်လာခဲ့သည်။ ဘောပင်၊ ဒိုင်ယာရီနှင့် တစ်ယွမ်ကိုမိုင်စွေ့ကိုပေးပြီး အားဝမ်ကိုလွယ်အိတ်နှင့် တစ်ယွမ်ပေးလေသည်။ လွယ်အိတ်နှစ်လုံးတွင် တစ်လုံးပေးလိုက်ပြီဖြစ်သည်။


တဝမ်က ငါးဆယ်ဆင့်ရသည်။


ရှောင်ဝမ်ကငါးဆယ်ဆင့်ရသည်။


ကလေးများက သူတို့အမေ မူးနေသလားဟုထင်နေကြသည်။ သူတို့ကတကယ့်ပိုက်ဆံများပေးနေသည်။


ငါးဆင့်မဟုတ် ငါးဆယ်ဆင့်ဖြစ်သည်။


လင်းလန်၏ နာကျင်နေသောအမူအရာကိုကြည့်ပြီး သူတိုလည်းစိတ်ရှုပ်သွားကြသည်။


ဟန်ချင်စုန့်က လင်းလန်ကိုဖက်လိုက်ပြီး စန်းဝမ်ကို ခဲတံသုံးချောင်းနှင့် စာအုပ်သုံးအုပ်ပေးလိုက်သည်။


"မင်းအတွက်...."


စန်းဝမ် : "ဟမ်.... ဆုရဦးမှာလား...."


ဟန်ချင်စုန့်နှာမှုတ်လိုက်သည်။


စန်းဝမ်က ချက်ချင်းနားလည်လိုက်သည်။


ဘုရားရေ.... ဒါဆုမဟုတ်ဘူး...အပြစ်ပေးတာဟ...


အား အား အား.....


ကျောင်းတက်သည့်ကလေးမှန်သမျှ ခဲတံနှင့်စာအုပ်ယူရမည်ဖြစ်သည်။ ၎င်းကဆုမဟုတ်ပေ။


သူကစာမေးပွဲတွင် ကောင်းကောင်းမဖြေခဲ့၍ သူ့ကိုစာအုပ်နှင့် ခဲတံပေးကာ နေ့တိုင်းစာရေးခိုင်းမည်ဖြစ်သည်။


လင်းလန်ကခေါင်းငြိမ့်လိုက်သည်။ တတိယအစ်ကို၏အပြစ်ပေးမှုက အတော်လေးစိတ်ကျေနပ်စရာကောင်းလှသည်။ မထိရောက်ဟုထင်ရသော်လည်း စန်းဝမ်ကအလွန်ငယ်သေးသည်ဖြစ်ရာ သူ့ကိုစကားလုံးများကို မလှပလျှင်နေ သန့်ရှင်းနေအောင်ရေးရန် လေ့ကျင့်ခိုင်းရပေမည်။


ဟန်ချင်းစုန့်ကစန်းဝမ်ကိုကြည့်လိုက်သည်။


"မနက်ဖြန်ကစပြီး မပြေးရတော့ဘူး... စောစောထပြီးစာရေးရမယ်... ဆောင်းရာသီအားလပ်ရက်ထဲမှာ စာအုပ်သုံးအုပ်လုံးကိုသန့်ရှင်းနေအောင် အပြီးထိရေးပြီးရမယ်...."


သူက သန့်ရှင်းနေအောင် ဟူသောစကားကိုဖိပြောခဲ့သည်။


စန်းဝမ် မျက်လုံးပြူးသွားသည်။

"အဖေ.... သားပြေးချင်တယ်...."


စာရေးမယ့်အစား... ပြေးချင်တယ်လေ...


ဟန်ချင်စုန့်က နှာမှုတ်လိုက်သည်။


"ပြေးရတာဒီလောက်ကြိုက်မှတော့ အပြေးလေ့ကျင့်လို့ပြီးတာနဲ့ စာရေးရမယ်... ဘာပဲဖြစ်ဖြစ်အတန်းမှမရှိဘဲလေ...."


စန်းဝမ်က ရုတ်တရက်ကြီး တောင့်သွားရသည်။


ဘာကိုအားလပ်ရက်လဲ... ဒါဘယ်လိုအားလပ်ရက်ကြီးလဲ...



လင်းလန်က အနည်းငယ်အပြစ်ရှိသလိုခံစားရပြီး အိပ်ချိန်တွင် ဟန်ချင်စုန့်ကိုမေးလေသည်။


"အစ်ကို... ကျွန်မ ကလေးတွေကိုတအားတင်းကြပ်မိနေလား...."


အဆုံးတွင် စန်းဝမ်က ကလေးသာရှိသေးပေသည်။ 


ဟန်ချင်စုန့်ကသူမကိုဖက်လိုက်သည်။


"မင်း သူတို့ကိုတင်းကြပ်မှရမယ်လေ...."


မရိုက်မနှက် မဆူမပူပဲ အပြစ်ပေးနည်းကဒါပဲရှိသည်။


လင်းလန်က သူ့ဆီမှနှစ်သိမ့်ခံရပြီးဘာမှ မခံစားရတော့ပေ။


သူတို့ သိုးသားစားခဲ့၍ လွယ်လွယ်နှင့်အိပ်မပျော်ကြ၍ တစ်ခုခုလုပ်ကြလေသည်။


လင်းလန်က မလှုပ်နိုင်အောင်ပင်ပန်းသွားပြီး သန့်ရှင်းရေးလုပ်ပြီး ဟန်ချင်စုန့်ရင်ခွင်ထဲအိပ်မောကျသွားသည်။


ညလယ်တွင် ဟန်ချင်စုန့်က လှုပ်ရှားသံကြား၍နိုးလာသည်။


စစ်မြေပြင်တွင် နှစ်ပေါင်းများစွာ သတိတထားနှင့်အိပ်စက်ခဲ့လေ၍ ယခုအချိန်တွင်လည်းအရင်လိုနားပါးနေဆဲဖြစ်သည်။


သို့သော် သူချက်ချင်းမထလိုက်ပေ။ အဆုံးတွင် သူကအိမ်တွင်အိပ်နေသည်ဖြစ်သည်။ခဏမျှနားထောင်ပြီးနောက်တွင် ၎င်းက အနောက်ခန်းမှထလာသော ကလေးများထဲမှတစ်ယောက်၏ လှုပ်ရှားမှုကြောင့်ဖြစ်လေသည်။


ဂရုတစိုက် ခြေဖော့၍လှုပ်ရှားနေပုံထောက်လျှင် မိုင်စွေ့ သို့ အားဝမ်ဖြစ်နိုင်သည်။ တဝမ်နှင့် စန်းဝမ်မဖြစ်နိုင်ပေ။ ထိုနှစ်ယောက်က ဟိုဟာနင်းသည်ဟာခွဖြင့် လုံးဝဂရုမစိုက်ကြပေ။


ထိုကလေး လက်ဖက်ရည်ခွက်ကိုကိုင်ပြီး ရေနွေးအိုးကိုကိုင်သံကြားလိုက်သော်လည်း ရေနွေးလောင်းထည့်သံမကြားလိုက်ပေ။ မီးဖွင့်ရန်ပျင်းနေပြီး ရေနွေးလောင်းထည့်ရသည်မှာ  ကရိကထများလွန်း၍ ရေအေးသာသောက်တော့မည့်ပုံပင်။


ခဏအကြာတွင် ထိုကလေးက ရေသောက်ပြီးသက်ပြင်းချသံကြားလိုက်ရသည်။ရေက အလွန်အေး၍ဖြစ်ချေရမည်။


သူဂရုမစိုက်တော့ဘဲ လင်းလန်ကိုဖက်ကာ ထပ်မံအိပ်ပျော်သွားသည်။


အိပ်မပျော်တပျော်အခြေအနေတွင် သီချင်းအော်ဆိုသံကြောင့် ဟန်ချင်းစုန့်နိုးလာရသည်။


"ဒီနေ့ငါ ဂုဏ်ပြုဝိုင်ကိုသောက်ခဲ့တယ်... ငါ့ရဲ့ပြင်းပြတဲ့ဆန္ဒတွေက ငွေပေးမချေနိုင်ကြဘူး... နောက်နေ့တွေမှာ ငါ့ရဲ့ အရည်အချင်းတွေကိုပြပြီး.... နွေဦးနဲ့ဆောင်းဦးအကြောင်းကို ငါ့ရဲ့ရူးသွပ်မှုနဲ့အတူ ရေးသားမယ်...."


အေးစက်နေသည့် ဆောင်းညအလယ်တွင် ထိုစူးရှကျယ်လောင်သည့်အသံက လူတိုင်းကိုလန့်နိုးလာစေသည်။


"ဘာဖြစ်တာလဲ...."


လင်းလန်ထရပ်လိုက်သည်။


"ဘယ်သူကများ ညလယ်ကြီးမှာသရဲလိုတစ္ဆေလိုအော်ဟစ်နေတာလဲ..."


ဟန်ချင်စုန့်က သူမ၏နောက်ကျောကိုပုတ်ပေးလိုက်ပြီး မီးခြစ်ဆံကိုခြစ်ကာ မီးထွန်းလိုက်သည်။ အနောက်ဘက်အခန်းမှ ကလေးများကလည်း လန့်နိုးလာလေသည်။ သူတို့ကလည်းဘယ်သူအော်နေလဲမေးနေကြသည်။


ဟန်ချင်စုန့် ထရပ်တံခါးဖွင့်လိုက်ချိန်တွင် လူဆိုးကောင်လေးစန်းဝမ်က ထိုင်ခုံပေါ်ခြေဗလာဖြင့်ရပ်နေကာ ထမင်းစားစားပွဲပေါ်ထိုင်ရင်း လက်တစ်ဖက်တွင် ဝိုင်ပုလင်းကိုင်ကာ နောက်တစ်ထက်က လက်အမူအရာမျိုးစုံလုပ်နေပြီး ရင်ကွဲနာကျသံကြီးဖြင့်အော်လေသည်။


"ကျုန်း... အခက်အခဲတွေ အန္တရာယ်တွေအများကြီးရှိနေတယ်... ငါကျားတောင်ကိုသုတ်သင်တဲ့နေရာမှာ ဦးဆောင်ပါ့မယ်...."


ဟန်ချင်စုန့်: "...!"


 စန်းဝမ်ဖြစ်ကြောင်း လူတိုင်းလည်း မြင်လိုက်ကြားလိုက်ရသည်


တဝမ်က မြေကြီးပေါ်ခုန်ဆင်းကာ ခြေဗလာဖြစ်နေသည်ကို လျစ်လျူရှု၍ ခန်းမထဲသို့ ပြေးသွားကာ   စန်းဝမ်၏ဝိုင်ပုလင်းကို လုယူလိုက်ပြီးနောက် စန်းဝမ်ကို အခန်းသို့ တိုက်ရိုက်ပြန်ချီသွားခဲ့၏။


စန်းဝမ်က ကန်ကျောက်နေဆဲဖြစ်ပြီး"ထျောင်ယိသဲ မင်းမှာ အသဲနှလုံးသားရောပါရဲ့လား... ငါ့ခယ်မ အန်းချင်က ​​အရိပ်ခိုဖို့ သစ်ပင်ကြီးကို မှီနေတာ ...  မင်းသူ့ကိုတွေ့တဲ့အခါ မလန့်ပါနဲ့"


ထိုသို့သော တတို့စာအချိန်ပြီးနောက်  ဝိုင်နံ့က တစ်ခန်းလုံးကို ပျံ့သွားသည်။


လင်းလန် သူမ၏အဝတ်အစားများကို အမြန်ဝတ်ကာ ဟန်ချင်စုန့်နှင့်အတူ အရှေ့ဘက်ကို တစ်ချက်သွားကြည့်လိုက်၏။


Xxxxx

Part 314


တဝမ်က တစ်ကိုယ်လုံးအေးစက်နေသော စန်းဝမ်ကို သူ့အိပ်ရာပေါ်တွင် ထွေးဖက် ထားသည်။


စန်းဝမ်ကမူ ကန်ကျောက်ကာ  သီချင်းဆိုနေဆဲပင်။ ရေဒီယိုထဲကနေ လျှို့ချွန်းချိုက်သင်ယူခဲ့သည်။  အရင်က ဖြစ်နိုင်ပါ့မလားမသိသော်လည်း   အခုက စုံညီအစည်းအဝေးတွင် ဒရာမာ မင်းသားတစ်ယောက်ကဲ့သို့ဖြစ်နေသည်။ 


အားဝမ် နှင့် မိုင်ဆွေ့က ရှေ့ကို ငုံ့ပြီး ဘာဖြစ်နေတာလဲဟုမေး၏။


မိုင်စွေ့ :"ဘာဖြစ်နေတာလဲ... ငယ်ငယ်လေးနဲ့ဝမ်းနည်းမှုတွေကို ဖြေဖျောက်ဖို့ ဝိုင်ကို သုံးနေတာလား"


အားဝမ်: “စာမေးပွဲမဖြေနိုင်လို့ စိတ်ပျက်သွားတာ ထင်တယ်... ဟေးး စန်းဝမ်က ဒီလောက်သန်မာမယ်လို့ မထင်ထားမိဘူး... ငါသူ့ကိုအထင်လွဲသွားတယ်"


လင်းလန် : သေစမ်း... ဝေဒနာတွေကို ပြေပျောက်ဖို့ ဝိုင်ကို သုံးတယ်...သူက  သန်မာတယ်လို့ ဘယ်သူ ယုံမှာလဲ...အရိုက်ခံချင်နေတာထင်တယ်...


ဟန်ချင်စုန့် စန်းဝမ်၏ နဖူးနှင့် ခန္ဓာကိုယ်ကို ထိလိုက်ပြီး လင်းလန်က စိတ်ပူစွာဖြင့်မေးလိုက်သည်။ "ဖျားနေတာလား"


ဟန်ချင်စုန့်က အေးအေးဆေးဆေး ပြန်ဖြေ၏။ "အဆင်ပြေပါတယ်"


အားဝမ် :"ကျွန်တော် သူ့အတွက် ဂျင်းပြုတ်ရည် တစ်ခွက် လုပ်လိုက်မယ် ...ဒါဆို တကယ်အအေးမမိဘူး... သူ ဘယ်တော့ ေကာင်းမလဲတော့ သား မသိဘူး။”


လင်းလန် : "လှဲနေ... ငါထပြီးပြုတ်လိုက်မယ်"


ဟန်ချင်စုန့်က သူမကို အနွေးကုတင်ဆီ သွားခိုင်းလိုက်ပြီး သူထပြုတ်လိုက်၏။


လင်းလန် မည်သို့ စိတ်အေးပါမည်လဲ။ ထုံးစံအတိုင်း သူမတစ်ခုခုလုပ်သင့်သည်။  အိပ်ရာမဝင်ခင်တုန်းက စန်းဝမ် နှုတ်ဆိတ်နေသည်ကို  ကြည့်ပြီး သူမ အနည်းငယ် အပြစ်ရှိသလို ခံစားခဲ့ရသည်ဖြစ်ရာ ယခုတွင် ပို၍ပင် အပြစ်ရှိသလို ခံစားလာရ၏။


ဟန်ချင်စုန့်က သူမကို မီးကူမွှေးပေးပြီး လင်းလန် က ဂျင်းကို လှီးလိုက်သည်။


ညလယ်ခေါင်ကြီးမှာ အိမ်က မီးရောင်ထွက်လာ၏။  လူအများမြင်သောအခါ လင်းလန်၏မိသားစုသည် ညဉ့်နက်သန်းခေါင်ထ၍ အစာကောင်းအသောက်ကောင်းတွေချက်စားကြမည်ဟု ထင်ကုန်ကြ သည်။


ဤလောဘကြီးသော အမျိုးသမီး၏သံဦးထုပ်က တစ်သက်လုံး ချွတ်ရခက်နေမည်မှာ သေချာပေ၏။ 


လင်းလန်က တဝမ်ကို စန်းဝမ်အား စောင့်ကြည့်ခိုင်းပြီး ရေနွေးပူပူလေးပေးကာ ကုန်အောင်သောက်ရန်ပြောလိုက်သည်။


စန်းဝမ် ဝိုင်သောက်ပြီးနောက် မျက်နှာနီလာကာ အိပ်ယာဝင်ပြီး မကြာမီ သူ့တစ်ကိုယ်လုံး ပူနွေးလာ၏။  သူက အနီးကပ်တိုက်ပွဲထက်ကို ပို၍ ကန်ကျောက်နေပြီး တဝမ်ဆီကနေ  တင်းတင်းကျပ်ကျပ် ဖိထားခြင်းခံနေရသည်။ 


ဂျင်းပြုတ်ရည် ကျိုပြီးနောက် လင်းလန်က စန်းဝမ် အရက်နာကျသက်သာစေရန် သကြားညိုတစ်ဇွန်းထည့်လိုက်၏။


ငယ်ငယ်ရွယ်ရွယ်နှင့် ယခုလိုမူး​ရူးနေသည့် အနှီဝက်ဝံပေါက်လေးက သူ့မှာ နောက်ဆက်တွဲတွေ ရှိမရှိမသိရှာပေ။


လင်းလန်က  ဟင်းရည်တွေအများကြီးပြုလုပ်ခဲ့သည်။


ထိုဟာ ချိုချိုစပ်စပ်အရသာရှိ၏။ စန်းဝမ်၏အကြိုက်နှင့် အလွန်ကို ကိုက်ညီလေသည်။

သူက သူ့ကိုယ်သူ အရက်သောက်နေသည်ဟုထင်ပြီး ပါးစပ်ကို သုတ်ကာပြောလိုက်၏။  


 "ဝိုင်ကောင်းပဲ... ဝိုင်ကောင်း...ရှောင်အား  နောက်ထပ် သုံးပန်းကန်..."


တဝမ် : “…” ညီလေး မင်းတော့သွားပြီ... မနက်ဖြန် မင်းကို ဘယ်လိုသုတ်သင်မလဲ ကြည့်ရအောင်...


စန်းဝမ်ကမူ အိပ်ရာထဲမ၀င်ဘဲ  အရူးအမူးသောက်ရင်း သီချင်းဆို ကခုန်နေဆဲပင်။


တဝမ်က သူ့တင်ပါးကို နှစ်ကြိမ်ရိုက်လိုက်ပြီးနောက် စန်းဝမ်  နာခံမှုရှိစွာဖြင့် အိပ်ယာပေါ်သို့ တက်သွားခဲ့သည်။


သို့သော် ပါးစပ်ကို ပိတ်ထား၍မရခဲ့ပေ။

ဂျင်းပြုတ်ရည်သောက်ပြီးနောက် သူက အန်လည်းမအန်၊  အိပ်လည်းမအိပ်ပါသော်လည်း ထမလာပါဘဲ  ဆူညံစွာ အော်ဟစ်သီချင်းဆိုကာ သေသည်အထိ သီချင်းဆိုနေ၏။ 


 ရေဒီယိုကနေ ကြားဖူးသော သီချင်းများကို သူကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဆိုနေခဲ့သည်။


သူ၏ခေါင်းထဲတွင် သူကဟန်ချင်​စုန့်ကို လက်ညိုးထိုးကာ  သစ္စာဖောက်ဝန်ကြီးဟုခေါ်ပြီး လင်းလန်းကိုမူ အိုက်ဖေး၊ တဝမ်ကို ဝူစုန့်၊အားဝမ်ကို ဖောက်ပြန်သောကိုယ်လုပ်တော်နှင့် မိုင်စွေ့ကို ဝူတလန်ဟုအသီးသီး လက်ညိုးထိုးကာ ပြောခဲ့၏။


သူ(စန်းဝမ်) က သူ့(တဝမ်)ရင်ဘတ်ကို ပွတ်သပ်ပြီး သူ့ခြေထောက်တွေကို ကန်သည်။  -


"ကောင်နီလေး ဘယ်မှာလဲ... ငါ့အတွက် သူ့ကို ဖြတ်ကျော်စမ်း"


ဘာတွေလဲကွာ...


ညဉ့်နက်သန်းခေါင်တွင် အချိန်အတော်ကြာအောင် ရုတ်ရင်းဆန်ခတ်ဖြစ်နေပြီးနောက် လင်းလန် ဟန်ချင်စုန့်၏လက်မောင်းကြားတွင် နစ်မြှုပ်ကာ မောပန်းနွမ်းနယ်စွာ အိပ်ပျော်သွားခဲ့သည်။


သူတို့မိသားစု နောက်တစ်နေ့ 

တွင် အိပ်ယာထနောက်ကျကြ၏။


ဟန်ချင်စုန့်က  အိပ်ရာမထသလို မနက်ခင်းလေ့ကျင့်ခန်းဝီစီကိုလည်း မမှုတ်ချေ။ တစ်ရွာလုံး စပ်စုကုန်ကြသည်။ 


ဘာလို့ နှင်းမကျဘဲ မနက်ခင်း လေ့ကျင့်ခန်း မလုပ်တာလဲ...


စန်းဝမ်က ပထမဆုံး နိုးထခဲ့သည်။ အခန်းက မှောင်နေသေးပြီး ကောက်ရိုးလိုက်ကာတွေကို မဖယ်ရသေးပါချေ။  အစ်ကိုအကြီးဆုံးနှင့် ဒုတိယအစ်ကိုနှစ်ယောက်စလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေကြ၏။


သူက ငါးကြင်းတစ်ကောင်လို ထခုန်လိုက်လိုက်သည်

 အာ့ သူ့ခေါင်းက ဘာလို့ တအား မူးနောက်နာကျင်နေရတာလဲ...


သူ သူ့အစ်ကိုအကြီးဆုံးကို ကြည့်ပြီးတွေးလိုက်သည်။   ညက အိပ်ယာထဲမှာ သူ သူ့ကို ရိုက်နှက်ခဲ့တာပဲဖြစ်ရမယ်...  ဟမ့် ...သူ့ကို ရိုးရိုးသားသားမအိပ်ဘူးလို့လည်းပြောသေးတယ်


သူ နှုတ်ခမ်းကို အသံမြည်အောင်စုပ်လိုက်၏။  ဘာလို့ ချိုစပ်စပ်ဖြစ်နေတာလဲ... မနေ့ညက စားခဲ့တဲ့ သိုးပေါက်က  နွားလိုမျိုး ပြန်အန်ထွက်လာတာများလား..(စားမြုံ့ပြန်တာ)


သူ  ငြီးတွားလိုက်ကာ ဆီးအောင့်ထားရင်း အဝတ်အစားကို အမြန်ဝတ်

၍ ရှူးသွားပေါက်ချိန်တွင်  အနောက်ခန်းမှာ မြက်ရိုးလိုက်ကာတွေ ချလျက် ရှိနေသေးသည်ကိုသာ တွေ့လိုက်ရသည် တစ်မိသားစုလုံး အိပ်ရာမထသေးကြပေ။


ခေါင်းဆောင်ဟန်သာ နောက်ကျသည်အထိ အိပ်ပါက အနောက်ဘက်ကနေ နေထွက်လာလိမ့်မည်။


ထူးဆန်းတယ်...


အနောက်ခန်းတံခါးဆီသို့ ခြေဖျားထောက်ကာလျှောက်သွားပြီး  တံခါးအက်ကွဲကြောင်းကနေ  ကြည့်လိုက်ရာ သူ့အမေက သူ့အဖေ၏ ရင်ခွင်ထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။


ထို့နောက် သူ ဟန်ချင်စုန့် ကို နောက်တစ်ကြိမ် ထပ်ပြီး ကြည့်လိုက်ရာ နောက်ဆုံးတွင် နက်မှောင်နေသော မျက်လုံးတစ်စုံကို တွေ့လိုက်ရ၏။


ကောက်ရိုးကန့်လန်ကာတွေကြောင့် အခန်းက မှောင်နေပြီး ဟန်ချင်စုန့်၏မျက်လုံးများက အထူးတလည်ကို   မည်းမှောင်နက်ရှိုင်းနေခဲ့သည်။  ကြောက်လွန်း၍  သူ ဘာမှမဖြစ်ခဲ့သလို  အမြန် ဟန်ဆောင်လိုက်ပြီး ကုတ်ကုတ်လေးပြန်ထွက်လာခဲ့၏။


အာတွေ  တအား ခြောက်နေတာပဲ...

သူ ရေနွေးအိုးထဲမှ ရေကို အလျင်အမြန် လက်ဖက်ရည်အိုးထဲသို့ လောင်းချလိုက်ပြီး ထို့နောက်  လက်ဖက်ရည်ခွက်ကြီး တစ်လုံးထဲသို့ လောင်းထည့်လိုက်သည်။


"အား ချိုလိုက်တာ..."


သူ စားပွဲမှာ ခဏလောက်  ထိုင်နေခဲ့ပြီး  တစ်ခုခု မှားနေသည်ဟု ခံစားရသော်လည်း  သူ စဥ်းစားရသည်ကိုကြိုက်သည့်လူမဟုတ်ပါချေ။ သူက တစ်နှစ်လုံး ထိုင်နေပြီးနောက်ပင်  ဘဝအကြောင်းတွေးစရာမလိုခဲ့ပေ။


သူ အိမ်ထဲကိုပြန်သွားလိုက်ရပြီး သူ့အစ်ကိုကြီးကို ခဏလောက်စိုက်ကြည့်ကာ  လက်စားချေရန်အတွက် သူ့အစ်ကိုကြီး ခေါင်းကို တိတ်တိတ်လေး  လက်သီးဖြင့် နှစ်ချက်လောက်ထိုးလိုက်ရမလားဟု တွေးကာနေမိသည်။


သူက တဝမ်၏ခေါင်းကို လက်ဟန်ပြုလိုက်ချိန်တွင်  တဝမ်ကလှည့်၍ “ဘယ်အချိန်ရှိပြီလဲ” ဟုဆိုကာ ရှောင်လိုက်၏။


စန်းဝမ်: "မသိဘူး... ငါတောင်နိုးနေပြီ... မင်းတို့တွေ အရမ်းအပျင်းကြီးကြတာပဲ"


သူနိုးလာရန်ဆိုသည်ကား  အနည်းဆုံး ရှစ်နာရီရှိရပေမည်။


အားဝမ်က စောင်ကို ဆွဲယူပြီး ခေါင်းမြီးခြုံကာဖြင့် "စကားမပြောနဲ့စမ်း"


Xxxxxx