Part 315
စန်းဝမ် နားမလည်နိုင်ဖြစ်သွား၏။
ဒါက ဘာဖြစ်နေတာလဲ...
သူ ခေါင်းကိုက်လာသဖြင့် သူခေါင်းသူထုလိုက်သည်။
"ဟေ့ မင်းတို့ထဲက ဘယ်သူက မနေ့ညက ငိုနေတာလဲ...အဲ့အသံကြောင့် တစ်ညလုံး ကောင်းကောင်း မအိပ်ရဘူး... ခေါင်းကိုက်လိုက်တာ"
မိုင်စွေ့ : "...စန်းဝမ် ပါးစပ်ပိတ်ထား..."
စန်းဝမ် : "ဟေ့ စာမေးပွဲနီးလာပြီ... အဆင့်အတန်းကို မရှိဘူး"
သူ အိပ်ခန်းထဲပြန်ဝင်ထိုင်ပြီး ဘဝအကြောင်း တွေးနေလိုက်သည်။
သူ ရုတ်တရက်ကြီး တစ်စုံတစ်ခုကို အမှတ်ရလာ၏။
…
မနေ့ညသန်းခေါင်မှာ သူနိုးလာသည်။
ညနေခင်းတုန်းက သူ သိုးသားတွေ အများကြီးစားပြီး တစ်ကိုယ်လုံး ပူလာ၏။ ထို့နောက် သူနှင့် သူ့အစ်ကိုကြီး အိပ်ရာထဲမှာလှဲနေပြီး အကြီးဆုံးအစ်ကိုကြီးက နွေးနေသည့်အတွက် သူပိုပူလာခဲ့သည်။
သူက ပူနေချိန်မှာ စောင်ကို ကန်ချလေ့ရှိပြီး သူအစ်ကိုကြီးက အအေးဒဏ်ကြောင့် နိုးလာသည့်အခါ သူ့ကို စောင်ပြန်ခြုံပေး လိမ့်မည်ဖြစ်၏။
သူနိုးလာသောအခါ၌ ရေအတော်လေးဆာနေသည့်အတွက် ရေထသောက်ရန် ဆုံးဖြတ်လိုက်သည်။
သူ စောင်ထဲမှ ဖြည်းညှင်းစွာ ထွက်လိုက်သည်။ အပြင်မှာ အေးနေပေမဲ့ သူ့ခန္ဓာကိုယ်ကအပူကြောင့် သူမကြောက်ချေ။ သူက ဂွမ်းကပ်ဂျာကင် ကို ၀တ်ထားကာ ဖင်ပြောင်ဖြင့် မြေပြင်ကြီးပေါ် ဆင်းလိုက်၏။
သူ၏ဂွမ်းကပ်ခြေအိတ်တွေပေါ် နင်းကာ ပင်မအခန်းကို ရေသောက်ဖို့ သွားခဲ့သည်။ အိမ်၌ ရေနွေးအိုးနှင့် လက်ဖက်ရည်အိုးများကို ထမင်းစား စားပွဲပေါ်တွင် တင်ထားလေ့ရှိပြီး ရေသောက်သူတိုင်း ကိုယ့်ဘာကိုယ်ငှဲ့သောက်ကြ၏။
အခန်းက မှောင်လွန်းသည့်အတွက် သူ့အနေဖြင့် ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘဲ စမ်းတဝါးဝါးသွားရုံသာတတ်နိုင်လေသည်။
ပိတ်ရက်တွေမှာဆို အဆင်မပြေဖြစ်ရ၏။ စာမေးပွဲနီးလာပြီဖြစ်သည့်အတွက် သူအာရုံစိုက်ရပေမည်။ လက်ဖက်ရည်အိုးကိုငှဲ့လိုက်သော်လည်း ရေနွေးမသောက်ချင်ပါချေ။
ရေနွေးအိုးထဲရှိရေက သောက်ဖို့ရာ ပူလွန်းသောကြောင့် ရေအေးကို ပိုသောက်ချင်လေ သည်။
ရေစည်ပေါ်က ရေမှုတ်ကို ကိုင်ကာ ရေအေးသောက်ရန် ကြိုးစားသော်လည်း ပုလင်းတစ်ခုကို အရင်ဆုံး ထိမိလိုက်ပြီး အိမ်က ဝိုင်ပုလင်းဖြစ်ကြောင်း သူချက်ချင်းသိလိုက်၏။
သူ ခဏတာ စူးစမ်းချင်စိတ် ပေါက်သွားပြီး ပုလင်းပိတ်ကို ဖွင့်ကာ တစ်ငုံသောက်လိုက်သည်။
ဝိုး အရမ်းပြင်းတယ်...ငယ်ထိပ်ထိပူတက်သွားတာပဲ...
မျိုချပြီးနောက် သူ့ဗိုက်ထဲမှာ အပူတွေ တဟုန်ထိုး ထိုးတက်လာပြီး လူတစ်ကိုယ်လုံးကို ချက်ချင်းပူလောင်လာ၏။
ပျော်စရာကောင်းတယ်လို့ သူထင်ခဲ့မိတာ...
ထို့ကြောင့် သူ နောက်ထပ် အငုံကြီးကြီး တစ်ငုံစာထပ်သောက်လိုက်သည်။
အားးး အရမ်းပြင်းတယ်... တအားပြင်းတာပဲ...သိပ်ကိုမိုက်တယ်...
အတွင်းရေးမှူးအဘိုးက အရက်သောက်ရတာကို အရမ်းကြိုက်တာ အံ့သြစရာမဟုတ်ဘူးပဲ...
ဒါပေမဲ့ ဒီနေရာထိပဲ...နောက်ပိုင်းကျတော့ရော...
သူမှာ ထို့နောက်ပိုင်းရှိ မှတ်ဉာဏ် လုံးဝရှိမနေပါချေ။
“ဒုက္ခောပဲ ...”
ထိုဟာကို တွေးပြီး စန်းဝမ် ခုန်ဆင်းကာ မတ်တပ်ရပ်ပြီး ဝိုင်ပုလင်းကို လှည့်ကြည့်လိုက်၏။ လင်းလန်က ဝိုင်ပုလင်းကို ထမင်းစားခန်းထဲရှိ ဗီရိုရှေ့က ကြမ်းပြင်ပေါ်မှာ တင်ထားလေ့ရှိသည်။
ဝိုင်ပုလင်းက လက်ရှိတွင် ပြောင်သလင်းခါနေ၏။
စန်းဝမ် ချက်ချင်းပင် ကြောက်လန့်တကြားဖြစ်သွားတော့သည်။
သွားပြီ...သူတော့ စူပါအရူးဖြစ်လာတော့မည်။
ခေါင်းကိုက်လာသည့်အတွက် သူ ခေါင်းကို ထုလိုက်၏။ မြေကြီးပေါ် ဝိုင်းဝိုင်းပတ်ပြီး ဆရာ့သင်ပေးထားသည့် စာတွေ၊ ကဗျာတွေအကြောင်း တွေးဖို့ ကြိုးစားကြည့်သည်။ ရလဒ်သည်ကား သူ့စိတ်က လုံးဝကို ဗလာဖြစ်နေပြီး တစ်ခုလေးတောင် မတွေးနိုင်ပါချေ။
“အားးး” ခနဲ သူ အော်ဟစ်မိလိုက်၏။
တစ်မိသားစုသားစုလုံး သူ့ကြောင့် နိုးသွားပြန်ကုန်သည်။ “မင်းဘာလုပ်နေတာလဲ စန်းဝမ်...”
စန်းဝမ် သူ့နားသူကိုင်လိုက်ပြီး အလွန်အမင်းတုန်လှုပ်ခြောက်ခြားသွားခဲ့၏။
"သွားပြီ...သွားပြီ...ငါတကယ် အရူးဖြစ်သွားပြီ... ငါတကယ် အရူးဖြစ်သွားပြီ..."
မိသားစုဝင်တွေ တစ်ယောက်ပြီး တစ်ယောက်ထလာကြပြီး ဟန်ချင်စုန့်က သူ့ခေါင်းကို ထိလိုက်သည်။နွေးနေပေမဲ့ အဖျားရှိမနေသည့်အတွက် သူ့ကို လျစ်လျူရှုထားလိုက်တော့၏။
လင်းလန်က သူဖျားမနေသည်ကို တွေ့လိုက်ရသည်တွင် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ချမိသော်လည်း မျက်နှာသာပေး ရွှေအေးပန်းကန်တက်သလို ဖြစ်မှာစိုးသည့်အတွက် သူ့ကို သွားမကြည့်ပေ။
သူ့ကိုကြည့်သောအခါ တဝမ် ၏ မျက်လုံးများက အေးစက်နေပြီး အားဝမ်နှင့်မိုင်စွေ့၏ မျက်လုံးများအောက်တွင် အမည်းကွင်းများရှိနေကြကာ သူ့ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ပစ်ချင်နေကြသည်။
ရှောင်ဝမ်တစ်ယောက်တည်းကသာ နားမလည်နိုင်ဟန်ရှိနေပြီး
"ညီလေး ...ဘာလို့တုံးရတာလဲ... ငါ့မျက်ရည်တွေ နည်းနည်းလောက်မင်းကိုပေးလိုက်မယ်"
လင်းလန်: “ငါ့သား... သူ့ကို တစ်ယောက်တည်း ထားလိုက်... သား မျက်လုံးပဲမကောင်းတာ... ဦးနှောက်မကောင်းတာမဟုတ်ဘူးဘူး...သားရဲ့တတိယအစ်ကိုက ဦးနှောက်တခြမ်းနဲ့ ခေါင်းခြင်းရိုက်နေရရှာတာ"
သူမ စိတ်လှုပ်ရှားလွန်၍ ဒေသန္တရစကားမဟုတ်သော ဒေသိယစကားကိုပြောမိလိုက်၏။
ရှောင်ဝမ် : "ခေါင်းခြင်းရိုက်တာကဘာလဲဟင်"
လင်းလန် ကမန်းကတန်း ပြုံးပြီး ပြောလိုက်ရသည်။
"မားမားရေဒီယိုကနေကြားခဲ့ရတာ...သူ့ခေါင်းထဲမှာ ရှုပ်ထွေးနေလို့ ရိုက်ပေးရမယ်လို့ပြောတာ"
ရှောင်ဝမ်က စန်းဝမ်ကို စာနာစိတ်ဖြင့် ကြည့်လိုက်ပြီး "မားမား တတိယအစ်ကိုက ရှုပ်ထွေးနေတာ... သူ့ကို မရိုက်နဲ့...အားနည်းတဲ့လူကို အပြစ်မတင်ပါနဲ့"
လင်းလန်က ခေါင်းညိတ်ပြီး “ကောင်းပြီ”
ရှောင်ဝမ်က ချက်ခြင်းပင် စန်းဝမ်၏လက်ကို ဝမ်းသာအားရ ဆွဲလိုက်ပြီး ကလေးသံလေးဖြင့် ချော့လေ၏။
"ညီငယ်လေး... မင်းကို သွားကစားဖို့ ခေါ်သွားမယ်... အရှိန်လျှော့...တံခါးဘောင်ကြောင့် မှောက်လဲဦးမယ်နော်"
စန်းဝမ်: “…”
သူက နှာခေါင်းရှုံ့ကာဖြင့် “ငါ စာအုပ်ဖတ်တော့မလို့ ”
သူ တကယ်ပဲ ထိုအကြောင်းအကုန်လုံးကို မေ့သွားသလား သို့မဟုတ် သူတကယ်ပဲ အရက်သောက်သည့်အခါ မိုက်မဲသွားသလားဆိုသည်ကို သူကြည့်ရဦးမည်။
ထို့ကြောင့် တစ်မိသားစုသားစုလုံး နှစ်ကုန်ချိန်မှာ စန်းဝမ် ရုတ်တရက်ကြီး စတင်ကာ အပြင်းအထန် စာကြိုးစားနေသည်ကို တွေ့လိုက်ရတော့၏။
လင်းလန်က သူ့ကို ရည်ရွယ်ချက်ရှိရှိဖြင့် တန်းလန်းကြီး ထားခဲ့ကာ သူ၏အလန့်တကြားဖြစ်နေမှုကို မဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး သူ့ကိုကြောက်ရွံ့သွားစေခဲ့သည်။ ဤနည်းဖြင့် စာအုပ်ဖတ်သည်ကလည် မဆိုးလှပေ။
စန်းဝမ်အတွက်သည်ကား ငတုံးဖြစ်သွားမည်ကို ပိုစိုးရိမ်လေလေ စာကို ပိုပြီးကောင်းကောင်းမွန်မွန်လေ့လာလေလေဖြစ်ကာ သူ့မိသားစုဝင်များ၏ သူ့အပေါ်ကြည့်သော မျက်လုံးများက ပို၍အသနားတွေပိုကာ နူးညံ့လာလေလေဖြစ်၏။
အရက်ဖြင့် ဝမ်းနည်းမှုကို ဖြေပျောက်ခြင်း ဟူသည်အတွက်မူ ငရဲကိုပဲ ဒိုးခိုင်းလိုက်တော့မည်။ သူနည်းနည်းမှ ပူပန်စရာရှိမနေပေ။
သူအရိုက်ခံရမှာကြောက်တယ်....
ထို့ကြောင့် သူ သရုပ်ဆောင်ပိုင်းကို အပြည့်အ၀လုပ်ရပေသည်။
ဟန်ချင်စုန့်က သူ့ကို တကယ်မရိုက်နှက်သော်လည်း.... ကျာပွတ်ဒဏ်သုံးကြိမ်ပေးခဲ့ပြီး အပြေးလေ့ကျင့်ခန်းနောက်ကျခြင်းအတွက် ငါးကြိမ်ထပ်ဆောင်းပေးခဲ့၏။(တကယ်မရိုက်လို့တော်သေး)
စန်းဝမ် သူက ငယ်သေးသည့်အတွက် သူ့ကို ရိုက်၍မဖြစ်ဟု သူ့မိဘတွေကတွေးပြီး သူ့ကို ဆူဖို့ပဲ အမှတ်ရလိမ့်မည်ဟု စိတ်ထဲမှာ ထင်မိခဲ့သည်။
Xxxxxxx
Part 316
သေချာပေ၏၊ နောက်ပိုင်း သူအရိုက်ခံရသည့်အခါ သူ့အဖေက တကယ့်နောက်ကွယ်က လက်မည်းကြီးဆိုသည်ကို သူနောက်ဆုံးမှာ သိခဲ့ရသည်။
အစ်ကိုကြီးရေ တကယ်နာတယ်ဟ...
သို့သော် ရွာမှလူတော်တော်များများသည် ညဉ့်သန်းခေါင်တွင် ပြဇာတ်ကြီးသီချင်း ဆိုသည့်
စန်းဝမ် အကြောင်းကို သိကြပြီးပေပြီ။ ယင်းက ရှက်စရာကောင်းလှ၏။
…
နှစ်ဆယ့်ခြောက်နှစ်၊ နှစ်ဆယ့်ခုနစ်၊ နှစ်ဆယ့်ရှစ်...
လွန်ခဲ့သည့် ရက်အနည်းငယ်တွင် တပ်မဟာသည် တိုဟူးနှင့် ခေါက်ဆွဲများကို ကြိတ်ကာ ဝက်များကိုသတ်ပြီး အသားများကို ခွဲဝေခဲ့သည့်အတွက် ရွာက အသက်ဝင်နေခဲ့၏။
လင်းလန် တရုတ်နှစ်သစ်ကူးအတွက် အားဝမ် ၏ ပေါင်းမုန့်ကို အိမ်တွင် ယူဆောင်သွားခဲ့သည်။ တဝမ်၊မိုင်စွေ့ နှင့် စန်းဝမ်တို့က ပစ္စည်းသယ်လိုကြ၏။ မိုင်စွေ့က စာရင်းရှင်းကာ တဝမ်က ပစ္စည်းတွေသယ်ဆောင်ပြီး စန်းဝမ်က လူမုန်းများအောင်လုပ်လေသည်။ လုံးဝကို မဆိုးလှပေ။
ဟန်ချင်စုန့် နှင့် သူ၏ဗျူရိုမှာလည်း အားလပ်ရက်များရှိပြီး ဂုဏ်ပြုအစည်းအဝေးကျင်းပရန် ခရိုင်သို့ ဦးစွာသွားခဲ့သည်။ မှန်ပေ၏၊ ဟန်ချင်စုန့်က သူ့ဆုလာဘ်အတွက်သွားခဲ့ခြင်းပင်။
အဖွင့်မှာ စွန်းကျောက်ဝမ်နှင့်ဟွမ်ဝေကျုံးတို့ကို ရှေ့တက်လာစေပြီး သူက ပြိုင်ပွဲထဲက ဆုလာဘ်တွေကို ဦးဆောင်ရေတွက်ပေးမည်ဖြစ်သည်။ စုစုပေါင်း မနည်းလောက်လောက်အောင်ရှိနေပြီး ၎င်းနောက် သူတို့က ကိုယ့်ပြိုင်ပွဲမှာကိုယ် အမှတ်ယူနေဆဲပင်။
ဆုလာဘ်များသည် ယေဘုယျအားဖြင့် အစားသောက်/အထည်/အသုံး လက်မှတ်များစသည်တို့ဖြစ်ပြီး ငွေသားလည်း ပါရှိလေသည်။
ဆုချီးမြှင့်ပြီးနောက် ဟန်ချင်စုန့်တွင် သဘာဝအတိုင်း သူ၏ချီးမွမ်းလောက်စရာ လုပ်ဆောင်ချက်များအတွက် အများဆုံးရထား၏- ခေါက်ဆွဲ ၁၀၀ ကတ်တီ၊ မြေပဲဆီ ၂၀ ကတ်တီ၊ နှမ်းဆီ ၅ ကတ်တီ၊ ရေနံဆီ ၂၀ ကတ်တီ၊ ဖရဲစေ့ ၁၀ကတ်တီ၊ ဝက်ခြေထောက်တစ်ခု၊ ရေခဲရိုက်မက်ကရယ်ငါးတချို့၊ သကြားဖြူ ငါးကတ်တီ၊ အနွေးအိုးနှစ်အိုး၊ ကြွေအိုးနှစ်အိုး၊ ကြွေအိုးကရားနှစ်ခု၊ ဂျူဂျူဘယ်အချို့၊ ပန်းသီး၊ သစ်တော်သီး၊ အချိုပွဲများ၊ သစ်သီးခြောက်စသည်ဖြင့်။ အထည်လက်မှတ်ငါးပေ၊ ချည်လက်မှတ်ငါးကီလိုနှင့် ယွမ်တစ်ရာ။
ရှန်ရွေ့ ပြည်သူ့လုံခြုံရေးဗျူရိုအား ခရိုင်တော်လှန်ရေးကော်မတီမှ ပေးအပ်သည့်ဆုများသည် လွန်ခဲ့သည့်နှစ်များအတွင်း မကြုံစဖူးသောဆုများဟု ပြော၍ရပေမည် တော်လှန်ရေးကော်မတီ၏ ကေဒါများပင် ယခုလိုမရက်ရောကြပါချေ။
ဟန်ချင်စုန့်က ပထမဆုံးဖြစ်၏။
သူတို့က ထိုဟာ အေးအေးဆေးဆေးယူခဲ့ကြပြီး များများစားစား ခံစားမနေရပါချေ။
အထူးသဖြင့် ဟန်ချင်စုန့်က မယူသင့်သောအရာကို မယူသလို သူကြောင့်ရသောအရာများကိုယူသည့်နေရာမှာလည်း ကြွင်းမဲ့ ရှင်းလင်းပြတ်သားမှုရှိလေသည်။
မည်သို့ပင်ဖြစ်စေ ဤလှည်းက သူ့မိန်းမကို တစ်နှစ်လောက် ပျော်အောင် လုပ်ပေးနိုင်၏။
ကွန်မြူနတီတွင် ခေါက်ဆွဲ၊ ဆီ၊ ကြက်ဥ၊ သကြားစသော နှစ်ကုန် အကျိုးအမြတ်များရှိပြီး ခရိုင်နှင့် မယှဉ်နိုင်သော်လည်း မဆိုးလှပါချေ။
မျက်စိအဖမ်းစားနိုင်ဆုံး အကျိုးကျေးဇူးကတော့ လက်မှတ်ကြီးပါပင်။ တစ်နှစ်မှ လက်မှတ်တစ်ခုသာရှိသည်။ ယခုနှစ်တွင် ကွန်မြူနတီကေဒါ အချင်းချင်း အလှည့်ကျ ရမည်ဖြစ်ပြီး လာမည့်နှစ်တွင် အဆင့်မြင့်ဝန်ထမ်းများအား ဆုချီးမြှင့်မည်ဖြစ်၏။ မနှစ်က စက်ဘီးလက်မှတ်ဖြစ်ပြီး ယခုနှစ်မှာမူ အပ်ချုပ်စက်လက်မှတ်ဖြစ်ပေသည်။
ဤဆုမျိုးသည် ကူပွန်များဖြင့် ပေးပို့ခြင်းအတွက် ခရိုင်ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး အေဂျင်စီထံသို့ တိုက်ရိုက်သွားနိုင်သည်။ တစ်လလျှင် လက်မှတ်နှစ်ခုသုံးခုသာရသော ဝန်ထမ်းများနှင့် မတူပါဘဲနှင့် လက်မှတ်တစ်ဒါဇင်ပေးရသော သားရည်ဖိနပ်တစ်ရံနှင့် လက်မှတ် တစ်ရာ့ငါးဆယ်အထက် ပိုပေးဝယ်ရန် လိုအပ်သော နာရီတစ်လုံးတို့ပါပါ၏။ စက်မှုလက်မှတ်တွေကား သေသည့်တိုင် သိမ်းဆည်းခံကြရသည်။
ထို့ကြောင့် လူတိုင်းလိုချင်ကြ၏။
ယခုနှစ်တွင် ကေဒါများက ဟန်ချင်စုန့်ကို အလှည့်ကျတစ်ခုပေးခဲ့သည်။
ခေါင်းဆောင်ဟန်က သူလိုချင်တယ်လို့ ပြောတယ်လေ...
သူ့မိန်းမက နေတိုင်း အချုပ်အလုပ်နှင့်ပတ်သတ်ပြီး စိတ်ပူနေရ၏။ အပ်ချုပ်စက်နှင့်ဆိုပါက အရာအားလုံးက အဆင်ပြေသွားလိမ့်မည်။ သူ့မိန်းမ၏လက်ရာကို ဘယ်သူမှ ရယ်ရဲတော့မှာမဟုတ်ပေ။
တရုတ်နှစ်သစ်ကူးဓလေ့သည်ကား အပ်နှင့်ချည်မျှင်ကို မရွှေ့စေရဟူ၍ဖြစ်သဖြင့် လာမည့်နှစ်တွင် မိုးရွာရန်အတွက် ဟန်ချင်စုန့် နှင့် လင်းလန်တို့ ၎င်းကို ဖေဖော်ဝါရီလ ဒုတိယနဂါးခေါင်းမော့ ပြီးနောက် ဝယ်မည်ဟု ဆွေးနွေးခဲ့ကြသည်။
မည်သို့ပင်ဖြစ်စေ ဤအတောအတွင်း သူမ အိမ်မှာအဝတ်အစားတွေမချုပ်ပေ။
လင်းလန် သဘာဝအတိုင်း သဘောတူခဲ့ပြီး သူ့ကို တပ်မဟာသို့ ပစ္စည်းသွားကူဝေခိုင်း၏။ သူ့အနေဖြင့် မိသားစုထဲကယောကျာ်းသားများနှင့်အတူ ဘိုးဘေးများကို သွားရောက်ပူဇော်ခဲ့ရပြီး အလွန်ကိုအလုပ်များလေ၏။
29ရက်သည် နှစ်သစ်ကူး ကုန်ပစ္စည်းများဝယ်ရန် နောက်ဆုံးရက်ဖြစ်ပေသည်။ တစ်နှစ်လုံး ကြိုးကြိုစားစားအလုပ်လုပ်ခဲ့ရခြင်းသည် နှစ်သစ်မှာ သိက္ခာရှိရှိ သင်တင့်လျောက်ပတ်စွာနေနိုင်ရန်အတွက် ဖြစ်၏။ ဘိုးဘေးတို့ကိုပူဇော်ရန် နှင့် ဆွေမျိုးများဆီ သွားရောက်လည်ပတ်ရန် လိုအပ်ပြီး သူချမ်းသာဖြစ်စေ၊ သူဆင်းရဲဖြစ်စေ ပြင်ဆင်ထားရပေမည်။
သရေစာများနှင့် သကြားလုံးများဝယ်ရန် လိုအပ်ပြီး ဆွေမျိုးများလာသည့်အခါ ကလေးတွေကို ချော့ရာတွင် ၎င်းတို့ကို အသုံးပြုနိုင်ပေသည်။ မီးရှူးမီးပန်းအများကြီး မဝယ်နိုင်လျှင်ပင် ပွဲတော်၏ဆိုလိုရင်းနှင့်ကိုက်ညီရန် တစ်ဒါဇင်ထက်ပို၍ ဝယ်သင့်၏။
သက်တမ်းကုန်ဆုံးမှုမဖြစ်စေရန် စုဆောင်းထားသော လက်မှတ်များအားလုံးကို ဝယ်ယူနိုင်လေသည်။
ဤနေ့တွင် သရေစာ စားရန် တစ်ပြားနှစ်ပြား ရနိုင်သည့်အတွက် ကလေးတွေက စျေးကိုသွားချင်ကြ၏။
လင်းလန်သည်လည်း သူမကလေးများကို လွှတ်သော်ငြား နောက်ဆုံးတွင် စန်းဝမ်မှလွဲ၍ မည်သူမျှ စပ်စုလိုစိတ်မရှိကြပေ။
တကယ်တမ်းကျ သူတို့အနေဖြင့် ခရိုင်မှာ ဈေးဝယ်ဖူးကြပြီးလေပြီ။ စျေးထဲက သရေစာမုန့်များက သူတို့ဟာလောက်မကောင်းပါချေ။ ဘာကို ဝယ်ရဦးမည်နည်း။
ရာသီဥတုအေးတာကို အပြစ်ပုံချ၍ အိမ်မှာ အမေ့ကို ကူညီသည်က ပိုကောင်း၏။
လင်းလန်က အားဝမ်ကို အိမ်မှာ အဆာသွပ်မုန့်ပေါင်းရန် ခေါ်သွားချိန်၌ ဟန်ချင်းဖျင်က သူမကို နှစ်ကြောင်းရေးကဗျာပေးရန် ကိုယ်တိုင်ရောက်လာခဲ့သည်။ အသုဘအခမ်းအနားများမှလွဲ၍ အိမ်ထောင်စုတိုင်းသည် အထူးသဖြင့် ပွဲတော်ဆန် သည့် အနီရောင်နှစ်ကြောင်းရေးကဗျာများ၊ ပြတင်းပေါက်ဇကာကွက်များနှင့် ရောင်စုံတံခါးဆိုင်းဘုတ်များ ကပ်ထားရပေမည်။
ဤအရာတွေအားလုံးသည် တရုတ်နှစ်သစ်ကူးအတွက် လိုအပ်သည့် အပြင်အဆင်များဖြစ်ကြ၏။၎င်းတို့မပါပါက တရုတ်နှစ်သစ်ကူးဟုခေါ်လိမ့်မည်မဟုတ်ဘဲ လူတွေဝိုင်းရယ်ကြလိမ့်မည်။ ကျေးလက်ဒေသတွင် ရွာများ၌ နေထိုင်ကြသည့်လူများအနေဖြင့် အများစုသည် အခြားသူများ၏ ထောက်ပြမှုကို မခံလိုကြသည့်အတွက်သတိလက်လွတ်နေ၍မဖြစ်ပါချေ။
အခြေအနေကောင်းများသည့် ရွာမှ ပညာတတ်လူငယ်များက နှစ်သစ်ကူးအတွက် မြို့ကိုပြန်ရန် ခွင့်တောင်းကြသော်လည်း အခြေအနေမပေးပါက ရောက်ရာနေရာတွင်သာ နေကြရသည်။
ဟန်ချင်းဖျင်က လက်ရေးလှရေးနိုင်သော ပညာတတ်လူငယ်တစ်ဦးကို ခေါ်လာသဖြင့် အဖွဲ့ဝင်များက ဘောပင်၊ မှင်နှင့် အနီရောင်စာရွက်များအတွက်သာ ပေးဆောင်ရန် လိုအပ်လေ၏။
လင်းလန် သူမ၏လက်များကို သုတ်လိုက်ပြီး နှစ်ကြောင်းရေးကဗျာတစ်ပုဒ်ကို ယူ ကြည့်လိုက်ကာ "ကျေးဇူးတင်ပါတယ်ဆရာ ...ကျွန်မတို့လည်း ဖိတ်တော့မလိုပဲ " ဟု ဝမ်းသာစွာ ပြောလိုက်သည်။ သူမ ဟန်ချင်ဖျင်ကို ပိုက်ဆံပေးပြီး သူ့အတွက် ကောက်ရိုးတောင်းငယ်တစ်ခုထဲတွင် မြေပဲနှင့်ဥအချို့ကို ထည့်ပေးလိုက်၏။
ဟန်ချင်းဖျင်က ကပျာကယာ ငြင်းဆိုလိုက်ပြီး "တပ်မဟာက ကျွန်တော့်ကို ခေါက်ဆွဲနဲ့ ကြက်ဥတွေ ပေးထားတယ်."
“ဒါက ကျွန်မတို့ဟာပါ... ဆရာက ကလေးတွေကို ပညာသင်ပေးတယ်ဆိုပေမဲ့ စိတ်ပူစရာမလိုပါဘူးရှင်"
အထူးသဖြင့် စန်းဝမ်နှင့်တဝမ်တို့ကို ဟန်ချင်းဖျင် စိတ်ပူသည်။
Xxxxxx