Part 319
ကြက်ဂျယ်လီသည် တရုတ်နှစ်သစ်ကူးကာလတွင်သာ စားလေ့ရှိသော ဒေသထွက်ဟင်းတစ်မျိုးဖြစ်သည်။ ကြက်ဖကြီးကြီးတစ်ကောင်ကို စွဟင်းရည်ထဲတွင် ပြုတ်ပြီးနောက် ကြက်အရေခွံကို အတုံးသေးသေးလေးများတုံး၍ ဟင်းရည်ထဲ ထည့်ကာ ဆား၊ နံနံနှင့် အခြားအရံဟင်းလျာများကို ထည့်ရ၏။ အေးပြီးအရသာရှိကာ လူကြီးရော ကလေးတွေရော ကြိုက်ကြသည်။
ဝက်အရေခွံဂျယ်လီနှင့် ဝက်လက်ဂျယ်လီတို့လည်း ရှိပြီး ၎င်းတို့ကို အိုးတစ်လုံးထဲတွင် ပြုတ်ပြီး အေးခဲပြီးချိန်၌ ဟင်းပွဲအဖြစ် စားနိုင်၏။
သူမက အသားဟင်းများစွာကို ရက်ရက်ရောရော ယူဆောင်လာသည်ကို တွေ့ရသောအခါ အစ်ကိုကြီးဟန် အနည်းငယ်ရှက်သွားသည်။
တကယ်တမ်းတွင် အဖွားကြီးဟန်က အိမ်မှာ သူမအကြောင်းပြောပြီး လင်းလန်က အဖိုးကြီးဟန်ကို ပစ္စည်းဟောင်း (၃) ခုကို ပေးခဲ့သည်လို့ ညည်းညူခဲ့၏။။ ယခုမူ လင်းလန်က စေတနာကောင်းပုံရသည်။
ထိုအစား အိမ်ရှိပြင်ဆင်မှုက မကောင်းတရောင်းဖြစ်လွန်လှ၏။
ဟန်ချင်စုန့်က ကလေးတွေနောက်မှ အသားဖက်ထုပ်များကို ဖြေးဖြေးမှန်မှန် သယ်ကာလျှောက်နေပြီး မိုင်စွေ့က ရှေ့တွင် ဓာတ်မီးကို ထိုးပြကာ တဝမ်က လူကြီးများကို ဟင်းလျာများ သယ်ဆောင်ရန် ကူညီပေးခဲ့သည်။
တံခါးကနေ ဝင်လိုက်သည်နှင့် အစ်ကိုကြီးဟန်က ဝမ်းသာအားရဖြင့် အော်လိုက်၏။ “အဖေနဲ့အမေ... အငယ်ဆုံးမိသားစုက ရောက်ပြီ... ဟင်းပွဲကြီးတချို့ အဆင်သင့်ပါလာတယ်"
အဖွားကြီးဟန်နှင့် သူမသမီးတို့က ဟန်ချင်စုန့်ကို တစ်စုံတစ်ဦးကို မိတ်ဆက်ပေးခိုင်းဖို့ရာ အကူအညီတောင်းရန် ပြင်ဆင်နေသောကြောင့် အငယ်ဆုံးမိသားစုကို နှစ်သစ်ကူးပွဲကျင်းပရန် ခွင့်ပြုလိုက်ရသည်။
ထို့သို့မဟုတ်ပါက သူမ၏တွန့်တိုသော စိတ်ထားအရ တတိယသားကို သူမနောက်ကနေ ဘိုးဘေးတွေကို ပူဇော်ခြင်းကို ခွင့်မပြုဖို့ရာ စောင့်နိုင်တော့မှာမဟုတ်ပါချေ။
သေချာသည်ပင်၊ တွေးကြည့်ရုံတွေးကြည့်ခြင်းသာဖြစ်၏။ ဘိုးဘေးပူဇော်မှုက ယောက်ျားတစ်ယောက်၏အလုပ်ဖြစ်ကာ သူမဂရုစိုက်၍ရသည့်အရာမဟုတ်ပေ။
ဟန်ချင်စုန့်က သူ့မိဘတွေကို နှုတ်ဆက်ပြီး လင်းလန်ကနောက်ကနေလိုက်သွားသည်။ ကလေးတွေက ချက်ချင်း အဘိုးနှင့်အဘွားကို ပျော်ရွှင်စရာနှစ်သစ်ကူပါဟု နှုတ်ဆက်ကြလိုက်ပြီး ၎င်းနောက် ဟင်းလျာတွေကို မီးဖိုပေါ်တင်ပြီး ပထမချွေးမဟန်ကို လက်လွှဲပေးလိုက်၏။
အိမ်မှာ အစားအသောက်တွေကို အမြဲပြင်ဆင်သူက သူမပင်။
အဘိုးကြီးဟန်က အလွန်ပျော်သွားပြီး ကလေးများကို အရပ်ရှည်လာသည်၊ စာကောင်းကောင်းသင်သလား အစသဖြင့် တစ်ယောက်ပြီးတစ်ယောက်မေးခဲ့သည်။
အထူးသဖြင့် ရှောင်ဝမ်ပင်၊ ဒီချောချောလှလှပေါက်စလေးက ဘယ်သူလဲဟု သူ့စိတ်ထဲတွင် ရေရွတ်ကာ အချိန်အတော်ကြာအောင်ကြည့်ပြီးမှ မှတ်မိသွားခဲ့၏။
အဘိုးကြီးဟန် အတော်လေး စိတ်ထဲခံစားရသွားရှာသည်။ အိမ်မခွဲခင်က ရှောင်ဝမ်က ညစ်ပတ် ပိန်လှီသော မျောက်လေးတစ်ကောင်ဖြစ်ကာ တုံးအပြီး တစ်နေကုန် တငိုငိုတရီရီနှင့် ချောင်ထဲတွင် ပုန်းနေခဲ့ရသည်။
အိမ်မှာ ဘယ်သူမှ သူ့ကို ဂရုမစိုက်ကြပေ။
သူတို့က သူ့မြေးများဖြစ်ကြ သော်လည်း သူမှာ မြေးများစွာရှိသည့်အတွက် အဘိုးကြီးဟန် ၎င်းကို သိပ်ဂရုမစိုက်ခဲ့ချေ။
ထိုအချိန်တုန်းက မိသားစုထဲမှ လူအနည်းငယ်ကသာ ရှောင်ဝမ်ကို ဂရုစိုက်ကြလေသည်။ တကယ်တမ်းတွင် သူ့အမျိုးတွေက သူ့ကို မကြိုက်ကြပေ။ သူတို့က သူ့ကို အခန်းထဲမှာ တနေကုန် သော့ခတ်ထားပြီး အခန်းထဲမှာပဲ ဆီးသွားခိုင်း၏။ နံစော်လွန်း၍ တခြားသူများဆီကဖုံးကွယ်မထားနိုင်ခဲ့ပေ။
အခုကြည့်လိုက်ရာတွင် အရပ်မြင့်မြင့် အသားဖြူဖြူနှင့် မျက်မှန်တပ်ထားပြီး နူးညံ့ကာ မြို့က ကလေးတစ်ယောက်လိုပင်။
တကယ်ချောတယ်...
အဘိုးကြီးဟန် အပြင်မှာတွေ့လျှင် သူ့ကို မှတ်မိမည်မဟုတ်ပေ။
သူသက်ပြင်း ထပ်ကာထပ်ကာချလိုက်မိသည် မိသားစုခွဲထွက်သည်က မကောင်းဘူးဟုထင်ရသော်လည်း အနည်းဆုံးတော့ တတိယမိသားစုက သူတို့၏ပြဿနာတွေကို ပြောင်းလဲပြီး ကောင်းမွန်စွာနေထိုင်ခဲ့ကြသည်။
သူမနေနိုင်ဘဲ ပထမချွေးမဟန်အကြောင်းကို ပြန် တွေးမိလိုက်၏။ သူမက အခုတလော ဆူညံပွက်လောရိုက် နေခဲ့သည်။ မှန်ပေသည်၊ သူမ ဘာဖြစ်ချင်နေမှန်း သူသိ၏။ တတိယမိသားစုက ခွဲထွက်ပြီး သက်တောင့်သက်သာနေထိုင်နေရသည်ကို မြင်သည်တွင် သူမလည်း ခွဲထွက်ချင်နေသည်ထက် ဘာမှမပိုပေ။
သို့သော် သူတို့နှစ်ဦးမသေမချင်း မည်သူမျှ မိသားစုကို မခွဲထွက်ရဟု အဖွားကြီးဟန်က ကန့်ကွက်ခဲ့သည်။
လင်းလန် အဘိုးကြီးဟန်ကို စေ့စေ့ငုငုကြည့်လိုက်ပြီး ၎င်းနောက် သူမကိုယ်သူမနှင့် ရှောင်ဝမ်ကိုကြည့်ကာ မထိန်းနိုင်ဘဲ အနည်းငယ် ရယ်မောမိသွား၏။
ဘာလုပ်ရမှာလဲ...
ဟန်ရုံဖန်က ဘာမှပြန်မပြောဘဲ ဟန်ချင်စုန့် ၏သားများနှင့် စကားပြောရန် ထိုင်နေသည်။
ဘိုးဘေးများကို ပူဇော်ခြင်း၊ မနှစ်က လယ်ယာလုပ်ငန်း၊ အလုပ်မှတ်များ၊ အစားအသောက်ဝေငှခြင်း စသည်တို့နှင့် ညီအစ်ကိုတတွေ အလုပ်အတူတူလုပ်ကာ တစ်ယောက်နှင့်တစ်ယောက်ကူညီနိုင်ရန်အတွက် လာမည့်နှစ်တွင် အလုပ်မှတ်များနှင့် လယ်ယာလုပ်ငန်းကို မည်သို့စီစဉ်ရမည်တို့ကို ဆွေးနွေးခဲ့ကြ၏။
ဤသည်ကလည်း ဖခင်များ၏ သားများအပေါ်ထားသည့် ယေဘုယျမျှော်လင့်ချက်လည်ဖြစ်လေသည်။
အဖွားကြီးဟန် သူတို့ယူလာသည့် အစားအသောက်တွေကို မြင်သောအခါ စိတ်အခြေအနေပိုကောင်းလာသော်လည်း လင်းလန်ကို ယင်နှင့် ယန်လို ထူးထူးခြားခြား ကြည့်ကာဖြင့် “တတိယသား...နောင်ကျရင် ခဏခဏ လာလည်... ယောက္ခမက ဝင်ခွင့်မပြုဘူးလို့ လူအပြောမခံစေနဲ့...ကောင်းကင်ကြီးနဲ့ အပြင်လူတွေက ငွေရှာနိုင်အောင် အချင်းချင်း ပရောပရည်လုပ်နေကြတာ”
သူမက အလာမခံခြင်းမဟုတ်ဘဲ လင်းလန် ကိုယ်တိုင်က အပြင်လူတွေနှင့် ရင်းနှီးပြီး ယောက္ခမနှင့်အဆင်မပြေဘူးဆိုသည်ကို သူမသားအား သိစေချင်သည်။
ဟန်ကျင်းယုကလည်း ရောက်လာပြီး “ဟုတ်တယ်...မိသားစုနဲ့ မရင်းနှီးရင် ရှီယွင်လို လူတွေနဲ့ ဘာလို့ အမြဲတမ်း ရင်းနှီးနေတာလဲ...သူတို့က နင့်အပေါ် တကယ်ကောင်းတာမဟုတ်ဘူး... ငါ့ ရဲ့တတိယအစ်ကို ပစ္စည်းတွေ ပြန်ယူလာတာကိုမြင်လို့ နင့်ရဲ့ပစ္စည်းတွေကို လိုချင်နေကြတာ"
ဟန်ချင်စုန့်က ခေါင်းလှည့်ကာ တစ်ခုခုပြောလာသော်လည်း လင်းလန်က သူ့ကို စိတ်ပူစရာမလိုကြောင်း မျက်မှိတ်ပြလိုက်သဖြင့် စကားရပ်သွားသည်။
အဖွားကြီးဟန်က သူတို့အမေကို ယခုလိုပြောသည်အား ကလေးတွေကြားသည့်အခါ စကားလက်စုံကျနေသူများက စကားရပ်ပြီး တစ်ယောက်ပြီး တစ်ယောက် လင်းလန်ဘေး လာရပ်ကြ၏။
စန်းဝမ်က အောက်ကိုငုံ့ကြည့်ကာ ခြေထောက်ကို မြှောက်ပြီး ချဲ့ကားပြောလိုက်သည်။
"ကြည့်... အစ်မ ရှီယွင် ကျွန်တော့် အတွက်လုပ်ပေးထားတဲ့ ဖိနပ်က ကြည့်ကောင်းလား...ကျွန်တော့်မိသားစုရဲ့ ဖိနပ်တွေအကုန်လုံးကို ကျွန်တော့်အဒေါ်နဲ့ အစ်မက လုပ်ထားတာ ကြည့်လည်းကောင်းတယ်...နွေးလည်းနွေးတယ်... ဟားဟား..."
ထိုသို့ပြောသောအခါတွင် ကလေးများက စန်းဝမ် ကို ခေါင်းဆောင်အဖြစ် ချက်ချင်းတင်လိုက်သည်။ တဝမ် မိုင်စွေ့၊အားဝမ်၊နှင့် ရှောင်ဝမ်တို့ အကုန်လုံး သူတို့၏ ညာဘက်ခြေထောက်ကို မြှောက်ကာ ဖြောင့်စင်းသော ဂွမ်းဖိနပ်များကို လူတိုင်းမြင်နိုင်စေရန်ပြလိုက်သည်။
Xxxxxx
Part 320
မိုင်စွေ့က အနက်ရောင်ချည်သားကတ္တီပါ၊ အားဝမ်က အစိမ်းရောင်ဖြစ်ပြီး စန်းဝမ်၏ဟာက ပိုပါးကာ ရှောင်ဝမ်၏ဟာက ပိုထူပိုနွေးလေ၏။
“အစ်ကို... မင်းခြေထောက်ကို မြှောက်လိုက်...မဟုတ်ရင် အဘွား မျက်လုံးတွေက မကောင်းလို့ မမြင်ရဘူး... သူတို့မီးတွေက ငါတို့ဟာလောက် မလင်းဘူး”
စန်းဝမ်က သူ့အစ်ကိုကို ခေါ်ပြီး တဝမ်၏ ခြေထောက်တွေကို ဆွဲမြှောက်လိုက်သည်။
" ကြည့်..."
တဝမ်: “…”
အဖွားကြီးဟန် နှာခေါင်း တွန့်သွားသည်။ ဒါက သူမက သူတို့အတွက် ဖိနပ်လုပ်မပေးဘူးဆိုပြီး စောဒကတက်ဖို့ သူမကို လုပ်ပြနေတာပဲ...
ဟန်ကျင်းယု လင်းလန်၏ ခြေဖမိုးပေါ်မှ ဖိနပ်ကို ကြည့်ပြီး လွန်စွာ မနာလိုဖြစ်မိ၏။ သူမမှာ အခုဝတ်စရာ ဂွမ်းဖိနပ်အသစ် မရှိပေ။
ကလေးများက ၎င်းတို့ကိုကြည့်ရန် စုရုံးလာကြ ပြီး မနာလိုကြောင်း ဖော်ပြကြသည်၊ အလွန်ကြည့်ကောင်းလှ၏။
အထူးသဖြင့်ရှောင်ဖူသည် ပထမချွေးမဟန် နှင့် အငြင်းအခုံဖြစ်ထား၍ သူမတွင် ဂွမ်းဖိနပ်မရှိသဖြင့် ခြေအိတ်အစုတ်များကို မ၀တ်ချင်ပေ။
ဒုတိယချွေးမဟန် အရှက်ကွဲသလို ခံစားလိုက်ရပြီး လင်းလန်က သူမကလေးများနှင့်အတူ ကြွားဝါရန် ပြန်လာသည်ဟု တွေးလိုက်သည်။ သူမက သားဖြစ်သူကို စိတ်မပါလက်မပါရိုက်လိုက်ပြီး ကုမိန် ကောင်းလျန့်နှင့်မိန်းကလေးများကို ကြိမ်းမောင်းလိုက်သည်
“မိန်းကလေးတွေ အာရုံစိုက်ကြစမ်း... ပေတိတေစုတ်တွေကို ဘယ်သူကကြည့်မှာလဲ... ငယ်တိုင်း ငယ်တယ်လုပ်မနေကြနဲ့... ယုတ်မာတဲ့ မိန်းမတွေဆီကနေ သင်ယူမနေကြနဲ့"
ဟန်ကျင်းယုက လင်းလန်ကို အပြုံးမမည်သောအပြုံးဖြင့်ပြုံးပြပြီး
“သူ့ရဲ့ ဒုတိယဇနီးက စိတ်အရမ်းရှည်တာပဲ... ကလေးတွေက အဝတ်အစားအသစ်ဝတ်ရရငိ ပျော်ကြတယ်...ငါအဲဲဒီအရွယ်တုန်းကဆို အဝတ်အစားအသစ်ဝတ်ရရင် ကြွားချင်နေမှာ... စိတ်မကောင်းစရာပဲ...ဒီလိုဟာမတွေ့ရတာ နှစ်နဲ့ချီနေပြီ"
သူမက လင်းလန်ကို လည်ပင်းက လည်စည်းအကြောင်း ပြောပြန်သည်။
"အရမ်းလှတာပဲ"
လင်းလန်က ထိုဟာ ကိုင်လိုက်သော်လည်း ဘာမှပြန်မပြောပေ။
ဟန်ကျင်းယု၏ မျက်လုံးများက တချိန်လုံး ပေါက်ထွက်မတတ် စိုက်ကြည့်နေပြီး ယင်းက ကတ်(ရှ်)မီရာဖြစ်ကြောင်းသူမသိ၏။ သူမက နှုတ်ခမ်းမဲ့ကာဆိုလေသည်။
“တတိယအစ်ကိုက တကယ့်ကို ဘက်လိုက်တာပဲ...အမေနဲ့ကျွန်မအတွက် ကတ်(ရှ်)မီရာ ပဝါတောင်ဝယ်မပေးဘုး"
မိုင်စွေ့က ချက်ချင်းပြန်ပက်လိုက်၏။ “သမီးရဲ့ တတိယအဒေါ်က ဒါကို ရက်ပေးထားတာ...”
ဟန်ကျင်းယု၏ အမူအရာက ဒေါသကြောင့် ပြောင်းလဲသွားသည်။
အပြင်ကနေဝင်လာသော အစ်ကိုကြီးဟန်၏သား ဟောင်ထျန်းက အခန်းတွင်းရှိလေထု မူမမှန်သည်ကိုတွေ့သဖြင့် ပြုံးကာဆိုလိုက်၏။
“ဘာလို့အကုန်လုံ အခန်းထဲမဝင်ဘဲအပြင်မှာ ရပ်နေကြတာလဲ... အရမ်းအေးတယ်”
သူက တတိယဒေါ်ဒေါ်ဟုနှုတ်ဆက်ပြီး လင်းလန်ကို အိမ်ထဲဝင်ရန် ဖိတ်လိုက်သည်။ ၎င်းနောက် တဝမ်ကို နှုတ်ဆက်လိုက်ပြီး ဒုတိယမိသားစုက တဖူလည်း ရောက်လာ၏။
တဝမ် သူတို့ထက်ငယ်သော်လည်း စကားအနည်းငယ်ပြောတတ်သောကြောင့် အမှားအမှန်ကို ဘယ်တော့မှ မပြောဘဲ ရက်စက်ကြမ်းကြုတ်စွာ ပြောဆိုတတ်သူဖြစ်သည်။ သူက တဖူထက် လူကြီးနှင့် ပိုတူ၏။
ထို့ကြောင့် ဟောင်ထျန်း နှင့် တဖူတို့က တူညီသော အမိုးအောက်တွင် ရှိနေသော်လည်း တဝမ်နှင့်ပြောသလောက်စကားများများမပြောကြပေ။
ဟောင်ထျန်းက အိမ်၏ အကြီးဆုံးမြေးဖြစ်ပြီး သူသည် မိသားစုတွင်အရွယ်ရောက် ယောက်ျားတစ်ယောက်နှင့် အဆင့်အတန်းတူသည်။
အဘိုးကြီးများသည် အများအားဖြင့် ၎င်းတို့၏မြေးများကို တန်ဖိုးထားကြပြီး အဘိုးကြီးဟန် လည်း ထိုနည်းလည်းကောင်းပင်၊ လယ်ကောင်းများကို ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်ကာ သူတို့ကို လက်တွဲသင်ပေး၏။ တကယ်တမ်းတွင် ဘိုးဘေးများအနေဖြင့် သူတို့၏ အကြီးဆုံးသားနှင့် မြေးတွေကို အားကိုးရပြီး သေသွားပါက လယ်မြေကောင်းတွေကို အားကိုးရသည်။
မည်သို့ပင်ဖြစ်စေ အဖွားကြီးဟန်က စီးပွားရေးအကြောင်း စဉ်းစားနေတုန်းပင်၊ သူမက ဟန်ချင်စုန့် ကို အိမ်ထဲကို ဆွဲခေါ်သွားပြီး
"တတိယဇနီးနဲ့ အမေက စကားကောင်းကောင်း မပြောနိုင်တဲ့ နေ့တွေရှိအများကြီးရှိတယ်... အနွေးကုတင်ဆီ သွားကြရအောင်"
သူမက ဟန်ချင်စုန့်ကို အရှေ့ဘက်သို့ တွန်းထုတ်လိုက်သောကြောင့် အဘိုးကြီးဟန်နှင့် အခြားသားနှစ်ယောက်တို့ တောင်ဘက်အနွေးကုတင်ဆီ အမြန်ပြေးသွားကြသည်။
ဟန်ကျင်းယုက အနွေးကုတင်ပေါ်ကို တခြားသူတွေကို မစောင့်ဘဲ အရင်တက်လာပြီး နေရာကောင်းယူလိုက်၏။
ဟန်ချင်စုန့်က အနွေးကုတင်ရှေ့မှာ ရပ်နေရင်း သူ့ညီအစ်ကိုနှစ်ယောက်ကို အရင်တက်ခိုင်းလိုက်သည်။
အဖွားကြီးဟန် ယောက်ျားသားများ အိမ်ထဲသို့ အကုန်ဝင်သွားသည်ကို မြင်ပြီးနောက် အစားအသောက်တွေကို ကြည့်ရန် မီးဖိုဆီ သွားခဲ့၏။
ပထမချွေးမဟန်က ဂေါ်ဖီထုပ်ထဲကို အသားတွေ အားလုံးကို ထည့်နှပ်လိုက်သည်ကိုမြင်ရာတွင် ချက်ချင်းစိတ်တိုသွားပြီး တိုးတိုးလေးပြောလိုက်သည်။ “ ဟင်းချက်နေတာ နှစ်အတော်ကြာနေပြီကို ဘာလို့ အခုထိ ဉာဏ်မရှိသေးတာလဲ...အသားနည်းနည်းထည့်ရုံနဲ့ ဟင်းအိုးကြီးတစ်လုံးကိုချက်လို့ရတဲ့ဟာကို "
ပထမချွေးမဟန်က ပြန်ပြော၏။
“စားမဲ့လူကအများကြီး...အသားက မလောက်ဘူး...တွဲနှပ်တာက ပိုကောင်းတယ်...အသီးအရွက်ဟင်းရည်ဆိုရင်တောင်မှ လူကြီးရော ကလေးတွေပါ ဝဝလင်လင်စားလို့ရတယ်"
"ဘာလို့ ဒီလောက်စကားများ နေတာလဲ...နင့်မှာ ပါးစပ်ပါကြောင်း ပြဖို့ ပြန်ပြောနေတာလားဟမ်"
အဖွားကြီးဟန်သည် ရုတ်တရက် ဒေါသထွက်လာပြီး ပထမချွေးမဟန်ကို မျက်ခုံးပင့်ကာ စိုက်ကြည့်နေသည်။
လူအများရှေ့တွင် မျက်နှာကိုဖြတ်ရိုက်ခံရသလိုဖြစ်သွားသဖြင့် ပထမချွေးမဟန် မျက်နှာနီဲသွားပြီး အဝတ်အစားအနားစများကို တင်းတင်းဆုပ်လိုက်သော်လည်း နောက်ဆုံးတွင် ဘာမှပြန်မပြောပေ။
သူမ ဘာမှ မပြောဝံ့မှန်း အဖွားကြီးဟန် အသေအချာသိလေသည်။ ပထမချွေးမဟန်က မျက်နှာ ရချင်၏၊ သားသမီးတွေရှေ့မှာ ထပ်ခါထပ်ခါ အရှက်ခွဲခံရပါက သူမသေသွားပေလိမ့်မည်။
ထို့အပြင် ယနေ့ နှစ်သစ်ကူးကာလတွင် သူမကို စကားပြန်မပြောဝံ့ပါဘဲ သူမဘာသာ ကျိန်ဆဲခြင်းကပင် အရှက်ကင်းမဲ့ရန် လုံလောက်ပေသည်။
အဖွားကြီးဟန်က တူများကို ကောက်ကိုင်လိုက်ပြီး အသားတွေကို အမြန်ယူကာ အခြားပန်းကန်တစ်လုံးထဲသို့ ထည့်လိုက်၏။
“တတိယသား ယူလာတဲ့ အသားဟင်းသီးဟင်းရွက် ဥတွေနဲ့ ဟင်းပွဲတွေ အကုန်လုံး တောင်ဘက်အနွေးကုတင် ကို သယ်သွားတယ်...သူ့မိန်းမက ကလေးကို မြောက်ဘက်အနွေးကုတင်မှာ ဂေါ်ဖီစားဖို့ ခေါ်သွားတယ်...တကယ်အကျိုးရှိတဲ့ ဟင်းရည်တွေ အများကြီးရှိတယ်... မုန့်ပေါင်းက နှစ်လုံးပဲရှိတာကို တောင်ဘက်အနွေးကုတင်ပေါ်ရောက်သွားပြီ..
နင်ကလည်း *ဝေါ်ဝေါ်ထုန် နဲ့ကန်စွန်းဥခြောက်တွေစားသေးတယ်"
(T/N–တရုတ်ပြောင်းပေါင်မုန့်)
တဝမ်၊ဟောင်ထျန်းနှင့်တဖူတို့က တံခါးအပြင်ဘက် တံစက်မြိတ်အောက်တွင် စကားပြောနေကြသည်။ အဖွားကြီးဟန်၏ ကျိန်ဆဲသံကို ကြားသောအခါ လင်းလန်ကို ကျိန်ဆဲနေသည်ဟု ထင်သွားကြ၏။ ခေါင်းကို လှည့်ကြည့်လိုက်ကြပြီး မဟုတ်ကြောင်းတွေ့ရသည်တွင် ဂရုမစိုက်တော့ပေ။
Xxxxx