အပိုင်း ၃၂၁-၃၂၂
Viewers 21k

Part 321


အဖွားကြီး ဟန်က နောက်ဆုံးတွင် ချွေးမသုံးယောက်နှင့် မြေးမများကို စုရုံးကာ မိသားစု၏အကြီးတစ်ဦးအနေဖြင့် သြဝါဒခြွေလိုက်သည် 

“ယောက်ျားက အလုပ်ကြိုးစားရင် ကောင်းကောင်းစားရမယ်...အမျိုးသမီးတစ်ယောက်ရဲ့ တာဝန်က သူ့အဖေနဲ့ ညီအစ်ကိုတွေကို အိမ်မှာ အနားယူနိုင်အောင် ပြုစုစောင့်ရှောက်ဖို့ပဲ...  အထူးသဖြင့် နင်…”


သူမက လင်းလန်ကို ဝါးစားမတတ်ပြောလိုက်သည်။ 


 "တတိယမြောက်သားက အခု အလုပ်သွားတော့မှာ...သူ့အတွက် ထမင်းချက်ဖို့ စောစောထပြီး ပြန်လာရင်ခြေထောက်ဆေးပေးရမယ်"


တဝမ် အဖွားကြီးဟန်က သူ့အမေကို ဆူနေသည်ကို ကြားလျှင် ဟောင်ထျန်း နှင့် စကားမပြောတော့ဘဲ  အိမ်ထဲသို့ လှည့်ကာဝင်လာခဲ့၏။


တဝမ် စကားမပြောခင်မှာ ရှောင်ဝမ်ကအော်လိုက်သည်။ 

"မားမား...သားခြေထောက်ကိုဆေးပေးပါ..."


စန်းဝမ်က သူ့ကိုပြောင်လိုက်၏။


 "မင်းက တကယ့်သားအရင်းမို့ မင်းခြေထောက်ဆေးပေးမှာပေါ့.... အဖေက မင်းနဲ့မားမား ခြေထောက်ကို ဆေးပေးပေမယ့် ငါ့ခြေထောက်ကိုတော့ တစ်ခါမှ ဆေးမပေးဖူးဘူး... တကယ်တော့ ငါ့ခြေထောက်ကလည်း  အနံ့လုံးဝမရပါဘူး... မင်း အနံ့ခံနိုင်တယ်ဆိုတာ ငါမယုံဘူးကွ"


လက်ချာရိုက်နေသော အဖွားကြီးဟန် ရုတ်တရက်ကြက်သေသေသွားပြီး လင်းလန်ကို ပါးစပ်ဟောင်းလောင်းဖြင့်  စူးစူးဝါးဝါး စိုက်ကြည့်လိုက်ကာ သူမနဖူးမှ မီးခိုးတွေ ထွက်လာတော့မည်ဟု ခံစားနေရသည်။ 


ဟောင်ထျန်းတစ်ယောက် တဝမ်နှင့် တခြားသူများကို အံ့အားသင့်စွာ ကြည့်နေမိပြီး  သူတို့က လင်းလန်အတွက် အဖွားကြီးဟန်ကို  တိုက်ခိုက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။


သူတို့ ဘာမှ တိုက်ရိုက်မပြောသော်လည်း  အနှီကလေးတွေက သူတို့အမေကို ကူပေးနေကြောင်း လူတိုင်း တစ်ချက်လောက်ကြည့်ရုံနှင့်ပြောနိုင်လေသည်။


သူက နှစ်သစ်ကူးပြီးရင် အသက် 16 နှစ်ရှိလောက်ပြီပင်။  အဘွားကြီးတစ်ယောက်က သူ ့အမေကို ဆူပူကြိမ်းမောင်းနေသည်ကို  မြင်တိုင်း သူမခံမရပ်နိုင်ဖြစ်ပြီး တစ်ခုခုပြောလိုသော်လည်း ဘာကြောင့်မှန်းမသိ သူရှက်ရွံ့နေမိပြီး ပြောမထွက်နိုင်ခဲ့ပေ။ 


သူ့လည်ချောင်းကို သော့ခတ်ထားသလိုမျိုး  အမြဲခံစားရပြီး ပြန်လည်ချေပလိုမှုများက  အထဲမှာ  တင်းတင်းကျပ်ကျပ် ပိတ်လှောင်ခံထားရသော်လည်း သူ ဖွင့်ထုတ်မရခဲ့ပါချေ။


မည်သို့ပင်ဖြစ်စေ အဘိုးနှင့်အဘွားက  သူ့အပေါ် နေ့တိုင်း ဆိုးဆိုးရွားရွားမဆက်ဆံသည်ဖြစ်ရာ သူ့အနေအဖြင့် အတိုက်အခံစကားတစ်ခွန်းမှပြောမထွက်နိုင်ချေ။


သို့ပေမဲ့ နှစ်သစ်ကူးအကြိုကာလအတွင် မှာပင်  အဘွားက သူ့အမေကိုမျက်နှာမပေးသည့်အတွက် သူလည်းစိတ်အဆင်မပြေဖြစ်မိသည်။ 


အခု တဝမ်နှင့်တခြားသူများက လင်းလန်ကို အထောက်အပံ့ပေးနေကြသည်ကို မြင်ရာတွင်   သူ့စိတ်ထဲမှာ ပို၍ပင် မသက်မသာဖြစ်လာရ၏။ 


" ထမင်းစားချိန်ရောက်ပြီ " အဖွားကြီးဟန် သူမ ထပ်ပြောရင် သေအောင်ဒေါသထွက်တော့မည်ဟု ခံစားရသဖြင့်  လက်ကို အရှေ့ခန်းဆီညွှန်ပြပြီး  ပထမချွေးမဟန်ကို ထမင်းပွဲပြင်ခိုင်းလိုက်သည်။ 


ပထမချွေးမဟန်က ထမင်းပွဲပြင်ပြီး လင်းလန်ကလည် ကူညီပေးလိုက်၏။


ပထမချွေးမဟန်ကပြောလေသည်။

 “တတိယေယာက်မ သွားထိုင်...ငါလုပ်လိုက်မယ်"


ဒီအိမ်သေးသေးလေးမှာ ဟန်ချင်စုန့်လို အရပ်ရှည်သည့်လူတစ်ယောက်နှင့်ပင် ခြေဆန့်လက်ဆန့်လုပ်မရလေရာ  လူကြီးတွေနှင့်ကလေးတွေ အများကြီးဆိုပါက ပြောစရာပင်မလိုတော့ချေ။ 


ကံကောင်းထောက်မစွာဖြင့်  ထုတ်တန်းနှင့်ရက်မများခံထားသည်။ အိမ်က သေးငယ်သော်လည်း မြင့်ကာ ကျယ်ပြီး တောင်အနွေးကုတင်က မြောက်အနွေးကုတင်နှင့် ဝေးလေ၏။


ထို့ကြောင့်  တောင်ဘက်အနွေးကုတင်တွင်  လင်မယားနှစ်ယောက်က  ဟန်ကျင်းယု နှင့် သူတို့သားသုံးယောက်ကို တစ်ဝိုင်းနေရာချပေးလိုက်သည်။   မြောက်ဘက်အနွေးကုတင်ပေါ်က အခြားစားပွဲတစ်ခုတွင်ကား  အမျိုးသမီးများနှင့် ကလေးများကို ထိုင်ခိုင်းလိုက်၏။


ကလေးတွေက အလွန်ကို များနေသည်။ လင်းလန်၏မိသားစုကတင် ငါးယောက်ရှိ၏။ ပထမမိသားစု  သားအကြီးဆုံး ဟောင်ထျန်း နှင့် အငယ်ဆုံးသမီးကုမိန်တို့လည်း ရှိ၏။ ဒုတိယမိသားစုတွင်  သားအကြီးဆုံး တဖူ၊ သမီးကောင်းလျန့် နှင့် သားငယ် ရှောင်ဖူ တို့ သုံးဦးရှိသေးသည်။ ထို့အပြင် ချွေးမသုံးယောက်လည်းရှိလေရာ ပြွတ်သိပ်မနေဘဲ အဘယ်မှာရှိအံ့နည်း။


မြောက်ဘက်အနွေးကုတင်က မူလကသေးငယ်ပြီး ကလေးဆယ်ယောက်နှင့် လူကြီး သုံးဦးတို့အနေဖြင့် ဤမျှသေးငယ်သောနေရာတွင် တိုးဝှေ့နေဖို့ရာမဖြစ်နိုင်ပါချေ။


ဒုတိယချွေးမက လင်းလန်ရောက်လာသည်ကိုမြင်ရာတွင်   အနွေးကုတင်ပေါ် ချက်ချင်းပြေးတက်ပြီး ခြေထောက်ကိုထုကာဖြင့် 

 "အိုး...ပင်ပန်းလိုက်တာ...ချက်ပြုတ်ပြီး အစားအ​သောက်တွေကို ဂရုစိုက်နေရတာ... ငါလှုပ်တောင်မလှုပ်နိုင်တော့ဘူး... တတိယမိသားစုကရော ဘယ်လိုလဲ... ကောင်းချီးမင်္ဂလာကို ခံစားပြီး ရောက်တာနဲ့တန်းစားတော့တာပဲ...ပင်ပန်းနေရင်လည်း တောက်တိုမရလေး လုပ်လိုက်ပါဦး"


ကောင်းလျန့်က အနွေးကုတင်ပေါ် ချက်ချင်းတက်ပြီး အထဲမှာဝင်ထိုင်ကာ ပြောလိုက်၏။ “အမေ... သမီး အမေ့ ခြေထောက်ကို နှိပ်ပေးမယ်” 


ရှောင်ဖူက အနွေးကုတင်ပေါ် ရောက်နေသည်မှာ ကြာလှပြီဖြစ်ပြီး သားအမိသုံးယောက်က အနွေးကုတင်ပေါ်မှာ အများဆုံးနေရာယူထားသည်။


ဒုတိယချွေးမက တဖူကို မျက်စိမှိတ်ပြကာ တစ်ဖက်သို့ အမြန်တက်ခိုင်းသည်။


တဖူက ဟောင်ထျန်း ၊တဝမ်နှင့်အားဝမ်တို့ကိုကြည့်လိုက်ရာတွင်  သူတို့အားလုံး မြေကြီး ပေါ်တွင် ရပ်နေကြ၏။


ဒုတိယချွေးမက သူ့ကို အားကြိုးမာန်တက် မျက်စိမှိတ်ပြနေသည့်အတွက် သူအပေါ်ကိုတက်ကာ “ဒါဆို ကျွန်တော် ခဏထိုင်လိုက်ဦးမယ်"


ထိုအချိန်တွင် အဘိုးကြီးဟန်က ပြောလေသည်။

"ဟောင်ထျန်း ဒီဝိုင်းမှာလာစားလဲ့"


ဟောင်ထျန်းက ပြောလိုက်၏။ 

 " ရပါတယ် အဘိုး...ကျွန်တော် ညီတွေညီမတွေနဲ့ဒီမှာပဲစားလိုက်မယ်"


ပထမချွေးမဟန်က  လင်းလန်ကိုပြောသည်။

 “တဝမ်အမေ... လာ ဒီမှာစားမဲ့အစား ပင်မခန်းထဲမှာ စားရအောင်"


ကုမိန် လင်းလန်မှာ ထိုင်စရာနေရာမရှိသည်ကို ကြည့်ပြီး "တတိယဒေါ်ဒေါ် အနွေးကုတင်စွန်းမှာ ထိုင်ပါ"ဟု တိုးတိုးလေးဆိုလိုက်သည်။

 ပြီးခဲ့သော အဖြစ်အပျက်ကြောင့် သူမ အနည်းငယ် စိတ်မသက်မသာ ဖြစ်ခဲ့ရ၏။


သူမက တဝမ်ထက် လအနည်းငယ်ပိုကြီးပြီး အားလပ်ရက်များတွင်  အလုပ်လုပ်သည်မှလွဲ၍ အတော်အတန်တိတ်ဆိတ်ပြီး ရိုးရိုးသားသားနေတတ်သည်။ သူမက ကောင်းချန့်လောက်ဉာဏ်နီဉာဏ်နက်မများသလို မိုင်စွေ့လိုလည်း အပြောမချိုပေ။


အရင်တုန်းက သူမနှင့် မိုင်စွေ့ကို အဖွားကြီးဟန်က ဟန်ကျင်းယု၏ အဝတ်အစားတွေလျှော်ခိုင်းခဲ့ပြီး   နောက်ပိုင်းမှာ မိုင်စွေ့က အစားအစာအနည်းငယ်ရခဲ့သော်လည်း ကုမိန်ကမူ မရခဲ့ပေ။


အဖွားကြီးဟန်က သူမမြေးများ အလုပ်မလုပ်ဘဲ စားသောက်နေသည်ကို မုန်းတီးကာ နေ့တိုင်းမြည်တွန်တောက်တီးနေသဖြင့် သူမက  သတိထားနေတတ်လာပြီး ပို၍ တိတ်ဆိတ်လာသည်။ 


ဤအခိုက်အတန့်တွင် သူမ လင်းလန်ကို သူမ၏ခင်တွယ်မှုကို ပြသရန် တစ်ခုခုပြောချင်သော်လည်း ပြောမထွက်နိုင်သဖြင့် သူမ အနည်းငယ် ဂနာမငြိမ်ဖြစ်မိ၏။


Xxxxxx

Part 322


လင်းလန်က သဘာဝအားဖြင့် ကလေးများကို ဘာမှ စိတ်ထဲမထားပေ။ ကုမိန်က အနည်းငယ် ရှက်ရွံ့နေသည်ကို ကြည့်ပြီး ပြုံးကာ သူမကို မိုင်စွေ့နှင့် အတူတူထိုင်ခိုင်းလိုက်သည်။


"အန်တီ သမီးအမေကိုအစားအသောက်တွေ ရေတွေကူချပေးလိုက်ဦးမယ်...သမီးစားနှင့်နော်"


ကုမိန် ပါးစပ်ပိတ်လျက်ပင် အသံပြုလာ၏။


မိုင်စွေ့က ပြောလိုက်သည်။ “မမ... ဘာဖြစ်နေတာလဲ...အဆင်မပြေဘူးလား"


ကုမိန် က ခေါင်းခါလိုက်ပြီး "မဟုတ်ပါဘူး ...မြေပဲကြော်ရှိတယ်...နင့်ဖို့ယူပေးရမလား"


မိုင်စွေ့က ငြင်းလိုက်၏။

 “ငါ အဲ့ဒါကို အခုမကြိုက်တော့ဘူး...အဲ့ဒါအများကြီးစားရင် အဆီပြန်တယ်လို့ ငါ့အမေကပြောတယ်...အဲ့ဒါကြောင့် အများကြီးစားလို့မရဘူး"


ကောင်းလျန့်က ထိုစကားကိုကြားသောအခါ နှုတ်ခမ်းလေးတွန့်လေသည်။

 “နည်းနည်းစားရင် အဆီပြန်မှာကျနေ ... မကြိုက်ရင်ပေးနော် ငါကချစ်စရာကောင်းတော့ မကြောက်ဘူး...."


မိုင်စွေ့ကက ပြုံးပြီးဆိုလိုက်၏။  “အိမ်မှာဆို တတိယအဒေါ်က အများကြီးပေးတယ်..

 စားတောင်မစားချင်တော့ဘူး"


ကောင်းလျန့် မျက်လုံးလှန်လိုက်မိသည်။


မိုင်စွေ့က သူမကို ဂရုမစိုက်ဘဲ ကုမိန်နှင့်သာ စကားပြောနေ၏။


ပထမချွေးမဟန်က  ဟင်းပွဲတွေ အားလုံးကို တောင်အနွေးကုတင်ပေါ် ယူလာခဲ့ပြီး လင်းလန် ကလည်း ဟင်းပွဲ အကုန်လုံးကို မြောက်အနွေးကုတင်ဆီယူသွားလိုက်သည်။


ဒုတိယချွေးမဟန်၏ မိသားစုက တူများများကို ချက်ချင်းကောက်ကိုင်ပြီး ဟင်းပွဲများကို တန်းစားတော့၏။ ရှောင်ဖူက  နှာခေါင်းနှိုက်နေဆဲဖစ်ပြီး မိုင်စွေ့ ရုတ်တရက်တုံ့ပြန်လာခဲ့သည်။


လက်ရှိအချိန်တွင် သူမကို လင်းလန်က ညင်သာနူးညံ့ပြီး ယဥ်ကျေးသိမ်မွေ့သောပုံစံဖြင့် ပျိုးထောင်ပေးခဲ့သည်ဖြစ်ရာ လူတွေ   တူများကို ဖြစ်ကတတ်ဆန်းကိုင်ပြီး  လေပန်းရင်းစားသောက်နေကြသည်ကို မြင်တွေ့ရသည်မှာ အဆင်မပြေလှပေ။ အထူးသဖြင့် ဒုတိယချွေးမဟန်၏မိသားစုက ညစာ စားပွဲပေါ်တွင် ပြဿနာအားလုံးစုပုံထားသည်ကိုကား ပြောစရာပင်မလိုချေ။


  ဒုတိယချွေးမဟန်က အသီးအရွက်အိုးထဲကို တူများနှင့် လှန်လှောကာ ၎င်းထဲမှ အသားတစ်ဖက်ကို ရှာဖွေရန် ကြိုးစားနေ၏။


ကောင်းလျန့်က တူကို အပြွတ်ပြွတ်စုတ်နေပြီး 

 ရှောင်ဖူက ပါးစပ်မှာ သရေယိုနေရင်း နှပ်ချေး များကို ပြန်စုပ်သွင်းနေသည်။    တဖူကလည်း  ထူးပြီးကောင်းမနေချေ။  ဆောင်းတွင်းတစ်တွင်းလုံး ရေမချိုးထားသည့်  သူ့ခန္ဓာကိုယ်ပေါ်ရှိ အနံ့အသက်ဆိုးတွေက သူမနှာခေါင်းထဲ စိမ့်ဝင်နေ၏။


မိုင်စွေ့ ရွံသွားပြီး တူတစ်တို့စာပင် မစားတော့ပေ။ 


ရှောင်ဝမ်ကလည်း နည်းနည်းလေး  ဗိုက်မဆာပါချေ။  မလာခင်က သူဖက်ထုပ်တစ်ပန်းကန်အပြည့်အသိပ် စားခဲ့သည်။ 


စန်းဝမ်ကမူ  မျက်မှောင်ကြုတ်ပြီး သူတို့က ယခုလိုကြမ်းကြမ်းတမ်းတမ်စားသောက်နေ၍ သူဘေစင်ဆီတံတွေးသွားထွေးပါက သူမိဘများက သူ့ကို ကြာပွတ်စာကျွေးလိမ့်မလားဆိုသည်ကို တွေးတောနေ၏။ 


သူ အမှတ်ရနေဆဲဖြစ်သော ကြာပွတ်ဒဏ်ငါးချက် တွေးရင်း နောက်ဆုံးတွင် သူကိုယ်သူ ပြန်ထိန်းလိုက်သည်။


အဆုံးတွင် မိုင်စွေ့နှင့်ကုမိန်တို့လည်း အနွေးကုတင်ပေါ်မှ ဆင်းသွားကြပြီး ရှောင်ဝမ်နှင့်အားဝမ်တို့ကလည်း ထိုအစားအသောက်များကို  သိပ်ပြီးဂရုမစိုက်သည်ဖြစ်ရာ ဒုတိယချွေးမဟန်၏မိသားစုကို ဂေါ်ဖီအိုးကို တူးခွင့်ပြုထားလိုက်တော့၏။


မိုင်စွေ့က ကုမိန်ကို သူမတို့အိမ်မှာညစာစားဖို့ ဖိတ်ချင်လေသည်။ ဘယ်လိုပဲဖြစ်ဖြစ် မားမားက အသားနဲ့ အသီးအရွက်တွေ အများကြီး ချန်ထားခဲ့သည်လေ...


ထိုအချိန်တွင် ပထမချွေးမဟန်က  လင်းလန်နှင့် တခြားသူများကို ပြောလာ၏။  "အနွေးကုတင်ပေါ်မှာ ထိုင်စရာနေရာမရှိတော့ဘူး...မင်းတို့တွေ ပင်မခန်းထဲလာစားလှဲ့ကြလေ... ခုံတန်းလေးတွေ ပေါ်မှာ ထိုင်လို့ရတယ်"


သူတို့အားလုံး မရှိတော့သည်ကို  တွေ့ရာတွင်  ဒုတိယချွေးမဟန်က ပို၍ပင်ဝမ်းသာသွားပြီး ကလေးတွေကို မြန်မြန်စားခိုင်းလိုက်သည်။ 


လင်းလန်က ဘယ်လိုပဲဖြစ်ဖြစ် ဟင်းပွဲဲတွေက အကုန်အတူတူဖြစ်သည့်အတွက် ဘယ်နေရာစားစားကိစ္စမရှိဟုတွေးကာ ကောင်လေးအနည်းငယ်ကို  ဦးဆောင်ကာ ခေါ်သွားခဲ့၏။ 


ပင်မအခန်းကိုရောက်သောအခါတွင် အကြီးဆုံးယောက်မက ပို၍ပင်ပါဝါရှိလာကြောင်း သူမသိလိုက်ရသည်။ ရှိနေသည့်  ဟင်းပွဲအများစုက သူမ ယူလာသည့်ဟာတွေဖြစ်ပြီး တောင်အနွေးကုတင်ထက်က ဟင်းပွဲများထက်ကို ပိုများနေ၏။ 


ပထမချွေးမဟန်က   တူတွေကို ဝေပေးပြီး “မြန်မြန် ဗိုက်ပြည့်အောင်စား ” ဟု တဝမ်ကိုပြောသည်။


တဝမ်က   စားချင်စိတ်ရှိမနေချေ။ ထိုဟာက  သူအကြိုက်ဆုံး အသားဖြစ်သော်လည်း  ဘာကြောင့်မှန်းမသိ   လက်ရှိသူ့အိမ်နှင့် ယှဉ်ပါက အသားက အရသာ မတူပေ။ 


သူ့အနေဖြင့် တူရွေ့ရန်ပင် စိတ်မဝင်စားပါချေ။


စန်းဝမ်ကမူ ဂရုမစိုက်၊  သူဘယ်သွားသွား အမြဲတမ်း ဗိုက်ပြည့်အောင်စားပြီးမှ စကားပြောလေ့ရှိသည်။


ရှောင်ဖူ၏နှာချေးဖတ်ကြီးကို မစားရတော့သည့်အတွက် ကောင်းသည်ဟုပဲ သူတွေးနေခဲ့၏။


ထိုအချိန်တွင် အဖွားကြီး ဟန်က ပျော်ရွှင်စွာအော်ဟစ်လိုက်လေသည်။

 “တတိယသား ပြန်ရောက်ပြီ...ငါတို့ မိသားစုက နှစ်သစ်ကူး ညစာ အတူတူပြန်စားရတော့မယ်... စတုတ္ထလေးက အိမ်မှာမရှိဘူးဆိုပေမဲ့လည်း ...စတုတ္ထလေး အိမ်မှာရှိရင်တောင် ငါတို့မိသားစုမှာဘာမှမရှိဘူး"

 


သူမလေသံကို နားထောင်ကြည့်ပါက သူတို့ စားပွဲက မိသားစုတစ်စုဖြစ်ပြီး မြောက်အနွေးကုတင်က ချွေးမတွေ၊ မြေးတွေက မိသားစု မဟုတ်သည့်အတိုင်းပင်။


လင်းလန်သည် မကြားချင်ယောင်ဆောင်ထားပြီး အာရုံစိုက်ရန် ပျင်းလွန်းနေခဲ့သည်။


ပထမချွေးမဟန်က နှာခေါင်းရှုံ့ကာ  လင်းလန်ကိုပြောလေ၏။  “ကြည့်၊ မင်းက ဒီလိုစားဖို့အခေါ်ခံနေရတုန်းပဲ... အကုန်လုံး အသားတွေ အများကြီးရှိတာကို တောင်အနွေးကုတင်အတွက်ရွေးသွားတယ်...  ငါတို့က ကလေးတွေနဲ့ အသားစွတ်ပြုတ်သောက်ရင်း သူ့အတွက် စိတ်မကောင်းဖြစ်ပေးနေရတယ်... အမှန်တော့  ဒီမှာမင်းတည်ထားတဲ့ ဟင်းလျာတွေက ငါချက်ထားတာထက် ပိုကောင်းတယ်...  အသားပိုပါတယ်”


သူမ ကလေးတွေကို မြန်မြန်စားခိုင်းလိုက်သည်။ 


မိသားစု မခွဲခင်က  ပထမချွေးမဟန်က အလုပ်ကြိုးစားပြီး စကားလည်း နည်း၏။  ယခုမူ  သူမ သည်းမခံနိုင်တော့ပေ၊  အထူးသဖြင့် ကောင်းမွန်သောဘဝ၌ နေထိုင်ရန် မိသားစုခွဲခဲ့ 

သော လင်ညီအစ်မဖြစ်သူလင်းလန်၏ရှေ့တွင် သူမ နည်းနည်းမှ  ဖုံးကွယ်မထားချင်ချေ။ 


လင်းလန်လည်း သူမကို နားလည်သည်။


ယခုတွင်  ဟန်ချင်စုန့်က သူ့လုပ်အားခကို လွှဲပြောင်းမပေးသည့်အပြင် စစ်မှုထမ်းများ ထောက်ပံ့ကြေးလည်း မရသောကြောင့် အိမ်ဟောင်းရှိ မိသားစုဘဝက သဘာဝအားဖြင့် သိပ်မကောင်းလှပေ။


သို့ပေမဲ့  အရင်ကထက်ကား မဆိုးပါချေ။ မည်သို့ပင်ဖြစ်စေ ယခင်က ကလေးငါးယောက်ရှိသေးသည်ပင်။   ယခုအချိန်တွင် ဟန်ချင်းဟွက မိသားစုကို ဝင်မစွက်ဖက်နိုင်သည့်အပြင် ဟန်ကျင်းယုကလည်း အလုပ်အမှတ်အချို့ကို ရရှိနေ၏။  ဝင်ငွေမရှိလျှင်ပင် အနည်းဆုံးတော့ သူကျောင်းတက်ရန်အတွက်  ပိုက်ဆံနှင့် စားစရာကို ထည့်ဝင်ပေးစရာ မလိုတော့ချေ။  မိသားစုက ပိုပြီးပိုပိုလျှံလျှံရှိလာသည်ဟု ပြော၍ရပေသည်။


သို့သော်လည်း အဖွားကြီးဟန်က  လက်ရှိတွင် ပို၍ ဘက်လိုက်လာကာ   အကြီးဆုံးနှင့်ဒုတိယမိသားစု၏ အမျိုးသမီးများနှင့် ကလေးငယ်များထံမှ သူမကိုယ်သူမ ကယ်တင်လိုကြောင်း လင်းလန် တစ်ချက်ကြည့်ရုံနှင့် ပြောနိုင်၏။ 

(မိန်းမချင်းအတူတူကို ခွဲခြားခွဲခြားလုပ် ရေသာခိုချင်)


Xxxxxx