အပိုင်း ၃၂၃-၃၂၄
Viewers 23k

Part 323


တရုတ်နှစ်သစ်ကူးအတွင်းမှာ အသားဝေငှလျှင်  အသားကို ဖြည်းဖြည်းချင်းစားပါက လူတိုင်းအတွက်အဆင်ပြေလေသည်။ 


သို့ပေမဲ့ ထိုဟာကို  နှုတ်ယူပြီး  ဟန်​ကျင်းယုအတွက်​ သီးသန့်​ချက်မည်ဆိုပါက  မည်သူမှ မျှတမှာမဟုတ်​ချေ။


ထို့ကြောင့် လင်းလန်ယူလာသော ဟင်းလျာများကို ပထမချွေးမဟန်က   ခွဲထားပြီး အများစုကို အောက်ဖက်တွင် ချထားကာ အနည်းငယ်ကို တောင်အနွေးကုတင်ဆီယူသွားသော်လည်း မြောက်အနွေးကုတင်ပေါ်မှာ တစ်ခုမှမပါပေ။


ဒုတိယချွေးမဟန်က တူတွေနှင့်အစားအသောက်များကို မွှေနှောက်နေဆဲ ဖြစ်ပြီး ၎င်းထံမှ အသားတစ်ပိုင်းကို ရွေးရန် ကြိုးစားနေသော်လည်း ရလဒ်သည်ကား အကုန်လုံးက ဂေါ်ဖီတွေဖြစ်နေသည်။  အသားက ဘယ်မှာလဲ... 


သူမကအော်လိုက်၏။


 “ယောက်မ... တတိယမိသားစုက အသားနဲ့ ဟင်းသီးဟင်းရွက်တွေ အများကြီး ယူလာခဲ့တာ မဟုတ်ဘူးလား...ဘာလို့တစ်ခုမှမမြင်ရတာလဲ...ဝက်သားအာလူးပြုတ်ကျော်တွေရော ကြက်အရေခွံတွေဝက်အရေခွံတွေရော ငါတွေ့လိုက်ပါတယ်...ဘာလို့ ယူမလာတာလဲ"

 

 

ပထမချွေးမဟန်က ကြင်နာမနေချေ။

 “တောင်အနွေးကုတင်ပေါ်မှာ"

 


ဒုတိယချွေးမဟန် နှုတ်ခမ်းစူလိုက်သည်။


ဟန်ကျင်းယု တောင်အနွေးကုတင်က စားပွဲပေါ်ကို လှမ်းကြည့်လိုက်ရာ ပန်းကန်နှစ်လုံးထဲတွင် မတူညီသော ဟင်းလျာများကို တွေ့လိုက်ရ၏။ တစ်ချက်ကြည့်လိုက်ရုံနှင့်  အိမ်ကဟာမဟုတ်ဘဲ  လင်းလန် ယူလာခဲ့ကြောင်း သိလိုက်သည်။


ဒါပေမဲ့ ဒီလောက်လေးတင် မဟုတ်ပါဘူး... 


သူမက အဖွားကြီး ဟန်နှင့် ဒုတိယအစ်ကိုဟန်တို့ကို ချက်ချင်း ကျော်ဖြတ်ကာ မြေကြီးပေါ် ခုန်ဆင်းပြီး ပင်မအခန်းသို့ ပြေးသွားခဲ့သည်။ ပထမချွေးမဟန်၊လင်းလန် နှင့် အခြားသူများ အောက်မှာ စားသောက်နေသည်ကို တွေ့လျှင် သူမကအော်ဟစ်လိုက်၏။


 "နင်တို့တွေအတော်လွန်သွားပြီး ...ယောက်မ နင်

 အောက်က စားစရာတွေခိုးထားတာပဲ"


ပထမချွေးမဟန်:"ဘာကိုခိုးတာလဲ...မင်းရဲ့တတိယယောက်မက ဒါတွေကိုယူလာတာလေ...အဲ့တော့  မင်းရဲ့တတိယယောက်မနဲ့ကလေးတွေစားတာ ဘာမှားလို့လဲ "


ထိုစကားကို ကြားရချိန်တွင် ဒုတိယချွေးမဟန်ကလည်း အပြေးအလွှားရောက်လာပြီး

 “အလိုလေး... ယောက်မ နင်ဘာလို့ တစ်ယောက်တည်း စားနေတာလဲ”


အဖွားကြီးဟန်လည်း ထိုစကားကိုကြားသောအခါ ဒေါသထွက်သွားသည်။


 "ဘာဖြစ်လို့လဲ... တတိယလေး ယူလာတဲ့ ငါးကြီးနဲ့ အသားကို ဘာလို့ ငါ့ကိုချမပေးတာလဲ"


ဤသည်ကိုမြင်ရာတွင်  အစ်ကိုကြီးဟန် ပင်မအခန်းကို အမြန်သွားမည်လုပ်သော်လည်း  ဟန်ချင်စုန့်က သူ့လက်ကို လှမ်းဆွဲလိုက်၏။


ဟန်ချင်စုန့် : "အစ်ကို ထိုင်ပါ"


ဟန်ကျင်းယု  တတိယအစ်ကိုက လင်းလန်နှင့် သူ့မရီးတို့ကို သိသိသာသာကြီး အကာအကွယ်ပေးနေသည်ကို မြင်ရာတွင်  ချက်ချင်း သည်းမခံနိုင်တော့ပေ။


 “အစ်ကိုကြီး...ကျွန်မယောက်မက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်... အမေက သူ့ကို မကျွေးလို့ ဒါမှမဟုတ်  တစ်ခုခု မပေးလို့  ညည်းနေသလားပဲ... သူက မိဘတွေရဲ့နောက်ကွယ်မှာ စားစရာ တိတ်တိတ်လေး ခိုးတတ်မှန်း ကျွန်မမသိခဲ့ဘူး"


မျက်နှာပျက်မှာနှင့် အခြေအနေတစ်ရပ်လုံးကို ဂရုစိုက်တတ်သူ  အစ်ကိုကြီးဟန်က အခန်းတစ်ခန်းထဲတွင် လူတိုင်းနှင့် အတူစကားပြောနေရပြီးတ စ်စုံတစ်ယောက်က အနည်းငယ်မကျေနပ်သော သဘောထားရှိပါက သို့မဟုတ် ဆိုးရွားသောစကားပြောပါက  သူသည် အချိန်အတော်ကြာအောင် အဆင်မပြေဖြစ်နေပေလိမ်မည်။ သူ့ညီမ၏ ထင်ရှားသောစွပ်စွဲချက်များကိုမူ ထည့်ပြောစရာပင်မလိုပါချေ။ 


သူ့မျက်နှာက နီရဲနေပြီး ဘာပြန်ပြောရမှန်းမသိဖြစ်နေ၏။


ဟန်ချင်စုန့်က အနည်းငယ်  မျက်မှောင်ကြုတ်ကာ ဟန်ကျင်းယုကို စိုက်ကြည့်ပြီး "လုပ်စရာအများကြီးရှိတဲ့လူက မင်းတစ်ယောက်တည်းမဟုတ်ဘူး"


ဟန်ချင်စုန့်က  တစ်စုံတစ်ဦး၏အားနည်းချက်များကို ပုဂ္ဂလဓိဋ္ဌာန်ကျကျ အကဲဖြတ် ,ခဲ,ပြီး လူကိုယ်တိုင်ဖြစ်စေ၊ နောက်ကွယ်တွင်ဖြစ်စေ အခြားသူများကို အရှက်ရအောင် စွတ်စွဲဖို့ကား ဝေးရော့ပင်။  ထို့ကြောင့် လူတိုင်းက သူ့ကို စည်းကမ်းကြီးသော်လည်း သဘောထားကြီးသည်ဟု တွေးကြပြီး သူ့ကို ကြောက်ပေငြါး လေးစားကြသည်။


ဟန်ကျင်းယုအတွက် ဤသို့အပြောခံရခြင်းမှာပထမဆုံးအကြိမ်ဖြစ်၏။


ဟန်ကျင်းယု  ပါးရိုက်ခံရသလို ခံစားလိုက်ရပြီး  သူမမျက်နှာက အစ်ကိုကြီးဟန် ထက် ပိုနီနေကာ စကားမပြောနိုင်လောက်အောင်ပင် ဒေါသထွက်သွားခဲ့သည်။


ဒုတိယအစ်ကိုဟန် တန်းပြီး ဝင်ရောက်ဖြန်ဖြေပေးကာ  ပြုံးပြပြီး “ဒါဆို ခွဲထားလိုက်လေ...ယူလာပြီး တစ်ဝက်ကို ခွဲလိုက်.. ကျန်တစ်ဝက်ကို ကလေးတွေကို ပေးလိုက်ပါ”

(အစားလေးတစ်လုပ်ကိုနော် အတင်းတွေဖြစ်နေတာ)


သူက သွားယူရန် ကျော်သွားချင်ပေမဲ့ ဟန်ချင်စုန့်က သူ့ကိုတားထား၏။  "ဒုတိယအစ်ကို ထိုင်ပါ"


ဟန်ကျင်းယုက သူမမိဘများထံမှ အမြဲ အလိုလိုက်ခံရသူဖြစ်လေရာ   အိမ်မှာ အာဏာအရှိဆုံးလူက သူမအပေါ် ဆိုးဆိုးရွားရွားဆက်ဆံသည်ကို  မည်သို့သည်းခံနိုင်ပါမည်နည်း။


သူမက သူမ အကြိုက်ဆုံး ကြက်ဂျယ်လီပန်းကန်ကို စားပွဲပေါ်မှ အမြန်ပြေး ဆွဲယူလိုက်သည်။


အရင်တုန်းက အိမ်မှာ အနည်းငယ်သာရှိပြီး ရှိသည့်အနည်းငယ်ကိုလည်း သူမရှေ့မှာ ချထားခဲ့ခြင်းဖြစ်၏။ 


ထိုသည်ကို  မြင်ပြီး ဒုတိယချွေးမဟန်ကပါ   လာလုသော်လည်း  ဟန်ကျင်းယု​ဆီက မလုဝံ့သဖြင့်  သူမက ဝက်သားအာလူးနှပ်ပန်းကန်ကိုဆွဲယူလိုက်သည်။


လင်းလန်က ရှောင်ဝမ်ကို ချက်ချင်းကာကွယ်ပြီး ထကာ တိုက်ပွဲထဲကနေထွက်လိုက်၏။ တဝမ်က အမြန်လှုပ်ရှားလိုက်ပြီး စန်းဝမ်ကို  ဟင်းရည်ပူမလောင်အောင် ဘေးရွေ့လိုက်သည်။ 


မိုင်စွေ့နှင့်အားဝမ်တို့ကမူ ဟန်ကျင်းယု ပြေးလာကတည်းက လမ်းဖယ်ပြီးသားဖြစ်နေသည့်အတွက် ကုမိန်နှင့်ဟောင်ထျန်းတို့မှာ  ဖယ်ရန် အချိန်မရသေးခင်  ဒုတိယချွေးမဟန်ဆီကနေ ဟင်းရည်နှင့်အပက်ခံလိုက်ရ၏။

(သူတို့ပေါ် ဟင်းရည်တွေဖိတ်ကုန်တာ)


ဒုတိယချွေးမဟန်က သူမ သားနှင့် သမီးများကို လက်ဝှေ့ယမ်းကာ အမြန်လာခိုင်းလေသည်။ 


တဖူက သူမဆီ အပြေးအလွှား ပြေးသွားသော်လည်း မည်သူကမှန်းမသိ သူ့ခြေထောက်အောက်မှာ  ကလန်ထိုးလိုက်ည့်အတွက် ဒုတိယချွေးမဟန်ဆီသို့ သူ့ကိုယ်သူ ပစ်ဝင်မိလိုက်ပြီး ဒုတိယချွေးမဟန်ကို ကြောင်အိမ်ပေါ်သို့ ရုတ်ချည်း တွန်းချမိလိုက်၏။


ပထမချွေးမဟန်က  အလျင်အမြန် လှုပ်ရှားကာ ဒုတိယချွေးမဟန်ဆီမှ  ပန်းကန်လုံးကို လုယူလိုက်ပြီး ဟန်ကျင်းယုလက်ထဲက ပန်းကန်လုံးကို ပြန်ယူလိုက်သည်။


ဟန်ကျင်းယုက ချက်ချင်း ထအော်လိုက်၏။ "ဘာလို့ ငါ့ဆီကလုတာလဲ"


အဖွားကြီးဟန်က ဘာဖြစ်နေမှန်း မသိသဖြင့် စားပွဲပေါ် ကိုတောင်ဝှေးနှင့် ခေါက်လိုက်ပြီး “ဘာလုပ်နေတာလဲ...အကုန်လုံးငါ့ဆီ ယူခဲ့စမ်း... အဘိုးကြီး  ရှင်မတရားလုပ်နေတာမလားဟမ်"


လင်းလန်က မိုင်စွေ့နှင့်အားဝမ်ကို စန်းဝမ်နှင့်ရှောင်ဝမ်ကို ကာကွယ်ပြီး အပြင်မှာနေရန် ပြော  ထားသဖြင့် သူတို့ကမထိခိုက်ခဲ့ပေ။


Xxxxx

Part 324


စန်းဝမ်က မထွက်ချင်ချေ။  သူ့မျက်လုံးတွေပြူးကျယ်သွားနေပြီး  လက်သီးတွေကို ဆုတ်ကာ တိတ်တိတ်လေး အော်လိုက်၏။ 


"ချ ချ ချ"


ဒုတိယအစ်ကိုဟန်ကြားသည့်အခါ  ဒုတိယချွေးမကို ယူလာရန် အမြန်လှမ်းပြောလေသည်။


 “တကယ်ကြီးလား..  အခန်းထဲကအမျိူးသမီးတွေက ​မကြိုက်ရုံတင်လေ... အဲ့ဒါကို အကျယ်ကြီးညံအောင်လုပ်နေတယ်...မင်းဘာလုပ်နေတာလဲ...  တတိယလေးကို ရယ်အောင် လုပ်နေတာလား... တတိယလေးက နောက်ဆုံးတော့ ထမင်းလက်စုံစား ဖို့ ပြန်လာခဲ့ပြီလို့ မင်းပြောခဲ့တာမဟုတ်ဘူးလား"


အစ်ကိုကြီးဟန်ကလည်း ပထမချွေးမဟန်ကို  အဖွားကြီးဟန်ဆီ ပန်းကန်တွေ အမြန်ယူလာပေးရန် လှမ်းအော်၏။သူက ခယ်မလင်းလန်၏ ပန်းကန်လုံးကြီးကြီးကို တွေပြီးပြီဖြစ်ကာ  တစ်ဝက်ခွဲလိုက်လျှင်ပင် သူ အရသာခံနိုင်သေးပေသည်။


ပထမချွေးမဟန်က  နှာခေါင်းရှုံ့လိုက်ပြီး  ဟန်ကျင်းယုနှင့် ဒုတိယချွေးမဟန်တို့ကို ပခုံးဖြင့် တွန်းတိုက်ကာ  ပန်းကန်လုံးတစ်လုံးထဲ ထည့်ပို့ပေး လိုက်သည်။


သူမယောက်မ မပုန်ကန်ဝံ့မှန်းသိ၍ ဟန်ကျင်းယုအလွန်စိတ်ကြီးဝင်နေလေ၏။


ဟန်ချင်စုန့်က  သူ့မရီးလာသည်ကို မြင်သောအခါ ဘေးရှောင် ပေးလိုက်ပြီး  ပင်မအခန်းဆီသို့ လျှောက်သွားကာ လင်းလန်ကို ပြောလိုက်သည်။


 "မင်းနဲ့ကလေးတွေ ညစာပြန်စားနှင့် ...ကိုယ်ပြီးမှပြန်လာမယ်"


လင်းလန်လည်း ပြန်သွားချင်၏။ သူမ တစ်ခုခုပြောခါနီးမှာ အခန်းထဲရှိ အဖွားကြီးဟန်နှင့်ဟန်ကျင်းယုက ပထမချွေးမဟန်ကို အပြစ်တင်ဆုံးမနေသည်ကို သူမကြားလိုက်ရသည်။


အဖွားကြီးဟန်: “ဆရာမကြီးရေ...နင်က  အခု လမ်းဘေးက ဆူးပင် ဖြစ်နေပြီ...  လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကသာဆိုရင် နင့်ကို ဝေဖန်ဖို့ တပ်မဟာကို ပို့ရလိမ့်မယ်”


ဟန်ကျင်းယုကလည်း သံယောင်လိုက်လေ၏။ "ဟုတ်တယ်... မိဘတွေရဲ့ နောက်ကွယ်မှာ တစ်ယောက်တည်း စားတာက  သားသမီးဝတ္တရားဖောက်ဖျက်တာပဲ..."


ပင်မအခန်းထဲက ကုမိန် ကြောက်ရွံ့မှုကြောင့် ဖြူဖျော့သွားသည်  ဟောင်ထျန်း လှည့်ပြီး ပြေးဝင်သွားချင်ပါသော်လည်း တစ်စုံတစ်ယောက်ဆီက အထိုးခံထားရသလိုမျိုး မရွေ့နိုင်ဖြစ်နေသည်။ 


ပထမချွေးမဟန်က စားပွဲပေါ်မှ ပန်းကန်ကို ရုတ်တရက် ခေါက်လိုက်ပြီး ဗြုန်းခနဲထပြောလေ၏။

 "ဟန်ကျင်းယု  မင်း ဒီလိုပြောဖို့အတွက်  တကယ်ကို အသိတရားနည်းနည်းမှမရှိဘူးနော်"


သူမက တန်ပြန်တိုက်ခိုက်မှု ရေတံခါးကို ချက်ချင်း ဖွင့်လိုက်ပုံရသည်။ သူမစိတ်ထဲမှာ နှစ်အတော်ကြာအောင် စုဆောင်းထားခဲ့သော စကားလုံးတွေက ဆက်တိုက်ဆိုသလို ထွက်ကျလာနေပြီး သူမပါးစပ်က ထိန်းမနိုင်သိမ်းမရဖြင့် ဆက်ပြောလိုက်၏။


 “ငါတစ်ယောက်တည်း စားနေတာလား... ဒီနှစ်မှာ ငါတို့မိသားစုက အသားငါးကတ်တီခွဲတမ်းရတယ်...နှစ်ကတ်တီကိုသိမ်းထားတယ်... ကျန်တဲ့ဟာတွေကို  ဖက်ထုပ်လုပ်တယ်... မုန့်ညက်အသားနှပ် တစ်အိုးလုပ်တယ်...အကုန်လုံးကို  အနွေးကုတင်ပေါ်မှာ တည်လိုက်တယ်... နောက်ပြီး ငါတစ်အိမ်လုံးစားရအောင် နှစ်သစ်ကူးအငွေ့အသက်လေးလည်း ရအောင် ဆိုပြီး အဲဒီအသားနည်းနည်းနဲ့ ဂေါ်ဖီအိုးကြီးတစ်အိုးပြုတ်လိုက်တယ်...ဒါပေမဲ့ အမေက အကုန်လုံးကို ရွေးပြီး  ပန်းကန်လုံးတစ်လုံးထဲမှာ ကောက်ထည့်သွားတယ် ...ဂေါ်ဖီထုပ်အိုးကြီးတစ်အိုးလုံးက  ဒီမိန်းမက တစ်ညလုံး တကုတ်ကုတ် ချက်ခဲ့ရပေမဲ့  အသားတစ်ဖတ်တောင်  ရှာမတွေ့ခဲ့ဘူး...”​


ဒုတိယအစ်ကိုဟန်က အနေရခက်စွာ ပြုံးလိုက်ပြီး “ဘာလို့ဒီလိုဖြစ်နေတာတုန်း ...အဲ့လို့လည်း တကယ်မလုပ်ခဲ့ရဘဲနဲ့ မရီးရယ်...တစ်ဖက်သတ်မေပြာလိုက်ပါနဲ့"


အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်ရသောကြောင့် သူမက ဟာသလုပ်နေခြင်းဟု သူထင်ခဲ့သည်။


ပထမချွေးမဟန်က   နှာမှုတ်လိုက်ပြီး သူမရယ်သံက တိုတောင်းကာ ငေါ့တော့တောဖြစ်နေ၏။


 "ငါက တဖက်သတ်ပြောတယ်တဲ့လား... ငါ အိမ်ထောင်ကျတာ နှစ်အတော်ကြာပြီ... အလုပ်ပဲ ဖြစ်ဖြစ် ဟင်းချက်တာပဲဖြစ်ဖြစ်... ညဘက်ကလွဲလို့ ငါမနားခဲ့ရဘူး... ငါတို့အမေက အသက်ကြီးပြီ....သူက ရတနာတုံးနှစ်ခုကို မွေးထားတာလေ

.. မီးနေသည်အစောင့်ကလည်း ငါ...ညလယ်ခေါင်ကြီး ချီးသေးထဂရုစိုက်ရတဲ့သူကလည်း ငါပါ...ငါ့လိုလူကို အသိတရားမရှိဘူးပြောရင် ဘယ်သူက အသိတရားရှိမှာလဲ..."


"ကျန်းမေဖုန်း နင်အမျိုးယုတ်မ"


အဖွားကြီးဟန်  ပထမချွေးမက သူမနှင့် သမီးဖြစ်သူကို အမှန်တကယ် ဆူပူကြိမ်းမောင်းဝံ့သည်ကို  ကြားသောအခါတွင်  ချက်ချင်း တန်းဒေါသထွက်လာပြီး အော်ဟစ်လိုက်သည်။ 


 “နင့်အမေက နင့်ကို   ဘယ်လိုသင်ပေးထားတာလဲ... မိုက်ရိုင်းလိုက်တာ...နှစ်သစ်ကူးအကြိုလား...နင်သူတို့ကို သေခိုင်းနေတာလား"


ဟန်ကျင်းယုလည်း ရှက်ရွံ့သွားပြီး သူမယောက်မဖြစ်သူက သူမကို အမြဲတမ်း ကရိကထခံခဲ့ရကြောင်း  ဝန်ခံရန် ငြင်းဆိုခဲ့သည်။ 


"ဘာလို့ဒီလိုပြောတာလဲ... အသက်ကဘယ်လောက်ရှိပြီလဲ...လူတွေကို ရယ်အောင် မလုပ်ပါနဲ့လား... နင်က ငါ့ကို နှစ်ခါတည်း ဒုက္ခခံပေးတာပါ... အဲဒါက မင်းအမေက ပင်ပန်းပြီး နေမကောင်းဖြစ်နေလို့... အစဖော်ပြီး ဂုဏ်ဆာရမှာ ရှက်လွန်းလို့...”


အဘိုးကြီးဟန်က တိတ်ဆိတ်နေ၏။ စတုတ္ထလေး အဖမ်းခံလိုက်ရကတည်းက သူက အနည်းငယ် နှုတ်ဆိတ်နေပြီ ငေးငိုင်နေခြင်းဖြစ်သည်။  ညတိုင်း သူ အမြဲအိပ်ငိုက်နေသလို ခံစားလာရကာ ဝိုင်တစ်ခွက်သောက်ပြီးသည်နှင့် နေရာမှာထိုင်နေရင်းပင် ခေါင်းငိုက်စိုက်ကျလျက်ဟောက်နေ၏။ 


အစ်ကိုကြီးဟန်ကလည်း သူ့မိန်းမကို ဤအကြောင်းတွေ မပြောရန် ပြောခဲ့သည်။​ ပထမချွေးမက  နှမ်းစေ့ပုတ်တစ်စေ့ဖြစ်လာသကဲ့သို့  ပြောထွက်ရမည်ကို ရှက်ကြောက်ခြင်းမရှိတော့ပေ။


ပထမချွေးမဟန်က  ခေါင်း လှည့်ကာ သူ့ကို စိုက်ကြည့်လာခဲ့ပြီး သူမမျက်လုံးတွေက နီရဲနေခဲ့၏။ 


 “ဘာလဲ...ကျွန်မက ရှင့်ရဲ့ ဟန်မိသားစုအိုကြီး အတွက် နွားလိုမြင်းလို အလုပ်လုပ်ခဲ့ရတာကို ရှင်ကျွန်မကို   စကားတစ်ခွန်းတောင်ပြောခွင့်မပြုဘူးလား... ရှင်ကျွန်မကို မွန်းပြီးသေစေချင်နေတာလား...နှစ်သစ်ကူးအကြိုညစာလုပ်တယ်... ဖက်ထုပ်လုပ်တယ်...ဟုတ်တယ် ရှင့်အမေဘာပြောလဲ ရှင်သိလား 'အယ် ချွေးမ အသားတွေအားလုံးကို ခူးပြီး တောင်အနွေးကုတင်ပေါ်မှာ တင်ထားတယ်...ယောကျာ်းသားတွေက တစ်နှစ်လုံး ပင်ပန်းထားတာ... သူတို့က ဒီဟင်းကောင်းလေးပဲ စားရတာ များများစားပါစေ... ငါတို့မိန်းမတွေက အလုပ်လျှော့လုပ်ပြီး လျှော့စားရင် ဘာမှမဖြစ်ဘူး...  မိန်းမတွေဆိုတာက  ယောက်ျားတွေ ကလေးတွေ အတွက်ပဲ မဟုတ်လား'တဲ့”


သူမ မျက်ရည်တွေကို သုတ်ကာ ခါချပစ်လိုက်သည်။


 “ကျွန်မက ယောက်ျားတွေကလေးတွေအတွက် အတွက်ပဲမဟုတ်ဘူး... ကျွန်မယောက်ျားနဲ့ ကျွန်မသားသမီးများအတွက်ရောပါပဲ... ကျွန်မကပဲ မိန်းမဖြစ်ပြီး သူ(မ)ကကျ ဘာလို့ မိန်းမမဖြစ်ရတာလဲ"

 


သူမက ဟန်ကျင်းယုကို လက်ညှိုးထိုးပြပြီး "သူက ဘာလို့ အလုပ်မလုပ်တာလဲ... အလုပ်မှတ်လည်းမရဘူး...  တစ်နေ့လုံး ရွှေမင်းသမီးလို လုပ်ကျွေးပြုစုနေရတယ်...ကျွန်မက ချက်ပြုတ်ရတယ်... ကျွန်မသမီးက အဝတ်တွေလျှော်ရတယ်... သူက ဘာလုပ်နေတာလဲ ကဲ...နှစ်သစ်ကူးအကြို ညစာမှာ ယောက်ျားတွေက အသားစားရတယ်ဆိုရင်  သူကဘာလို့ ဒီနေရာမှာလာစားတာလဲ... ကျွန်မက တစ်နှစ်လုံး ပင်ပင်ပန်းပန်းလုပ်ခဲ့ရပေမဲ့ ကျွန်မသားသမီးတွေက တစ်ကိုက်တောင်မစားရဘူး..."


Xxxxxxx