အပိုင်း ၃၂၅-၃၂၆
Viewers 23k

Part 325


ဟန်ကျင်းယုက ခုန်တက်လိုက်ပြီး ပထမချွေးမဟန်ကို ရိုက်ဖို့ကြိုးလိုက်၏။


 "နင် ရူးနေတာလား...ငါက သမီးအရင်းလေ.."


ပထမချွေးမဟန်က  သူမကို ဘာမပြောညာမပြောဖြင့် ပါးရိုက်လိုက်ပြီး

 "သွားစမ်းပါ ဗိုင်းတာမ... နင်ကပဲ သား သမီးအရင်း... ချွေးမနဲ့ မြေးတွေက အပြင်လူ... ဝက်တွေခွေးတွေကရော ဘယ်လိုလဲ"

 (ဟိုက သမီးအရင်းမို့ ဘာမှမလုပ်ဘဲအိပ်လိုက်စားလိုက်နေတယ်ပြောတော့ ဒီက ဘာမှမလုပ်ဘဲ အိပ်လိုက်စားလိုက်လုပ်တဲ့ ဝက်တွေခွေးတွေနဲ့နှိုင်းလိုက်တာ)

 


ဤသို့ ဆူပူကြိမ်းမောင်းသည်ကို ကြားရာတွင် အဖွားကြီးဟန်  ချက်ချင်းအော်ဟစ်လေသည်။


 “အဘိုးကြီး ရှင်သေနေတာလား... ဘာလိုသူ့(မ)ကို သွားမရိုက်တာလဲ"


သူမက အဘိုးကြီးဟန်ကို သူမ(ပထမချွေးမ) အား ထပ်ရိုက်ခိုင်းပြန်၏။ ပထမချွေးမဟန် နောက်ဆုံးတွင် စိတ်ချုံးချုံးကျသွားပြီး

 “နင့်မေကြီးတော်ပဲ ...ထွက်သွားကြစမ်း... ဘယ်သူ့မှ မစားနဲ့..."


သူမက အသီးအရွက်ပန်းကန်တစ်ခွက်ကို ကိုင်ကာ တောင်ပြတင်းပေါက်ဘက်သို့ ပစ်ပေါက်လိုက်သည်။ ပန်ကန်လုံးက ပြတင်းပေါက်နှင့်ထိကာ ကွဲသွားသော်လည်း  ဟင်းရည်နှင့် အသီးအရွက်တွေက အဖွားကြီးဟန်နှင့် အဘိုးကြီးဟန်နှစ်ယောက်လုံးအပေါ်မှာ ပေကျံပြန့်ကျဲ့ကုန်သည်။ ရုတ်တရက်ကြီး တခူးခူးအိပ်ပျော်နေသော အဘိုးကြီးဟန် လန့်နိုးသွား၏။


"ဟင်... ဘာကိစ္စလဲ ဘာဖြစ်တာလဲ "


"အဘိုးကြီး ဒုတိယသား တတိယသား... ကြိုးယူပြီး  အဲ့ဒီကြွက်စုတ်ကို ချည်..." အဖွားကြီး ဟန်၏ မျက်လုံးများ နီရဲလာပြီး တောင်ဝှေးကို မြှောက်ကာ  ပထမချွေးမဟန်ကို ရိုက်လိုက်လေသည်။ 


ပထမချွေးမဟန်၏ မျက်လုံးများမှာလည်း နီရဲနေကာ ဆံပင်များ အရူးလို ရှုပ်ပွလျက်ရှိပြီး သူမက  ထမင်းစားပွဲ၏ အစွန်းကို လက်နှစ်ဖက်လုံးဖြင့် ကိုင်ကာ ဆွဲလှန်လိုက်၏။ 


"သွားစမ်း..."


ပန်းကန်ပြားတွေ ပန်းကန်ပြားလုံးတွေ နှင့်အတူ ထမင်းစား စားပွဲက “ဒိန်းတလိန်း...ဂလုံဂလွမ်”ဟူသောအသံဖြင့် အကုန်လုံး မြေ

ကြီးပေါ်ကို  ပြုတ်ကျသွားလေသည်။


အခန်းက တိတ်ဆိတ်ငြိမ်သက်သွားသည်။


ခွက်ပေါင်းများစွာ မြေပြင်ပေါ်တွင် လည်နေ၏။


နောက်တစ်ခုက အဖွားကြီးဟန်၊ပထမချွေးမဟန်နှင့် တခြားသူတွေ၏ ခပ်မြန်မြန်  အသက်ရှူသံများပင်။


ပင်မအခန်းရှိ ဟန်ချင်စုန့် မျက်နှာက နည်းနည်းမှမပြောင်းပေ။ သူကို့ကြည့်ရသည်မှာ ထိတ်လန့်တကြားဖြစ်နေပုံမရသလို  အံ့သြနေပုံလည်းမရဘဲ  လင်းလန်စိတ်အေးစေရန် သူမ၏နောက်ကျောကို ပုတ်ပေးနေကာ  တဝမ်ကိုမျက်လုံးဖြင့် သူ့ညီ/ညီမငယ်များကို အိမ်သို့ ဦးစွာပို့ရန် အချက်ပြခဲ့သည်။


တဝမ်က သဘောပေါက်ပြီး အားဝမ်၏ပုခုံးကို ချက်ချင်း လက်နှင့် ပုတ်လိုက်၏။ 


အားဝမ် နှင့်မိုင်စွေ့တို့ ဤရုတ်တရက်ပြောင်းလဲမှုကြောင့် အံ့အားသင့်သွားကြပြီး မိုင်စွေ့က ရှောင်ဝမ်၏နားများကို မသိစိတ်ဖြင့် အုပ်ပေးမိလိုက်သည်။


အစ်ကိုအကြီးဆုံးက သူတို့ကို အရင်သွားခိုင်းသည်ကိုတွေ့လျှင် အားဝမ် ရှောင်ဝမ်ကိုကောက်ချီ၍ မိုင်စွေ့နှင့်စန်းဝမ်တို့ကို ခေါ်သွားပြီး လူကြီးတွေကို ဒုက္ခမဖြစ်စေရန်အတွက် အရင်ထွက်လာခဲ့၏။


စန်းဝမ်က ငြင်းဆန်ပြီး အိမ်ထဲကို ဝင်ရန် စိတ်အားထက်သန်နေသော်လည်း တဝမ်က   သူ့ကို ကော်လာကနေ ဖမ်းဆွဲလိုက်သည်။


တဝမ် ဟောင်ထျန်းနှင့်ကုမိန်က  မည်သို့ရွေးချယ်ရမလဲမသိသကဲ့သို့ ပင်မအခန်းထဲမှာ အရူးတစ်ယောက်လို မလှုပ်မယှက် မတ်တပ်ရပ်နေကြသည့်အပေါ် မကောင်းမြင်မိ၏။


ဟောင်ထျန်း၏အမူအရာက ရှုပ်ထွေးကာ နာကျင်နေပြီး ရှက်နေခဲ့သည်။


သူ လှည့်ကာ တွေဝေရင်း ထွက်လာခဲ့သည်။


ခြံထဲသို့ လမ်းလျှောက်လာချိန်မှာ တဝမ်က သူ့ကိုဆွဲထား၏။


 “ဘာလို့ သွားတာလဲ”


ဟောင်ထျန်း၏ မျက်လုံးများက နီရဲနေပြီး သူ့အမူအရာမှာ ထုံထိုင်းနေကာ ငိုတော့မလိုဖြစ်နေလျက် စကားတစ်လုံးမှ မပြောနိုင်ပေ။


တဝမ်က သူ့လက်မောင်းကို ပုတ်ပြီး အခန်းထဲကို လက်ညှိုးထိုးပြလိုက်သည်။


 မင်းအမေက ဟိုမှာရှိနေတယ်...မင်း  ​​ဘယ်သွားမလို့လဲ...


ဟောင်ထျန်း ခဏလောက် ကြက်သေသေသွားပြီး တဝမ်ကို ကြည့်လိုက်သည်။


 တဝမ် အေးစက်စွာကြည့်ကာ နှုတ်ခမ်းများတွန့်ကွေးလျက် စန်းဝမ်ကို ပွေ့ချီကာ ထွက်လာခဲ့၏။


စန်းဝမ်က မထွက်ချင်ဖြစ်နေပြီ ခြေထောက်နှင့် ကန်ကျောက်နေကာ  ဆက်နေ၍ ပွဲကြည့်နေချင်ခဲ့သည်။


မည်သို့ပင်ဖြစ်စေပါးစပ်ဖွင့်ပြီးသားက ပိတ်မရတော့ပေ။ယခုအချိန်မှာ သူ့သွေးတွေဆူပွက်နေပြီး အော်ပရာတစ်ပုဒ်ကို ရုတ်တရက်ဆိုချင်လာပေမဲ့ အော်ပရာတစ်လုံးကိုမှ မမှတ်မိတော့ချေ။


သူက ကယ်တင်၍မရနိုင်လောက်အောင် ထုံထိုင်းလွန်းသဖြင့် သူဝမ်းနည်းမိပြန်သည်။


စိတ်မကောင်းဖြစ်ပြီး ငိုချင်လာ၏။

"ဝူးးးး~~" 


အခန်းထဲရှိ ရှောင်ဖူက သူမစားရသေးမီ အဒေါ်၏ ပစ်ချခြင်းကို ခံခဲ့ရသည့် ကြမ်းပြင်ပေါ်ရှိ အသားများ၊ ငါးများနှင့် ကြက်သားများကို ကြည့်ကာမျက်ရည်များကျလာသည်။


  "ဝူးးးးး~~~" 


သူ့အမေထံက  စွန့်ပစ်ခံရသဖြင့် မျှော်လင့်ချက်မဲ့နေသလိုမျိုး ဝမ်းနည်းလာ၏။


ရှောင်ဖူငိုသည့်အခါ ကောင်းလျန့်လည်း လိုက်ငိုတော့သည်။


လူကြီးတွေကမူ ဘာပြောရမှန်းမသိ၊ ယခုလိုအရှုပ်အထွေးတွေကို မည်သို့ရင်ဆိုင်ရမှန်း မသိတော့သလိုမျိုး  အကုန်လုံး ​ငြိမ်သက်နေကြ၏။


အမြဲတမ်း အလုပ်အကြိုးစားဆုံး အမျိုးသမီးဖြစ်ခဲ့သည့် ပထမချွေးမဟန်က ယခုလို  ရုတ်တရက် ပေါက်ကွဲလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။


လင်းလန်က ရူးသွပ်သွားနိုင်ကာ ဒုတိယချွေးမဟန်လည်း ရူးသွပ်သွားနိုင်သော်လည်း ပထမချွေးချွေးမဟန်ဖြစ်မည်ဟုကား မထင်မှတ်ထားပေ။

(လင်းလန်တို့ ဒုတိယချွေးမဟန်တို့ပြဿနာရှာရင် အံဩစရာမဟုတ်ပေမဲ့ တချိန်လုံးအနေအေးတဲ့ပထမချွေးမဟန်က ထပြဿနာရှာတော့အံ့ဩတယ်...အဲ့လိုမျိုးပါ)


 နောက်ဆုံးတိုက်ပွဲမှာ အဖွားကြီးဟန်က အစ်ကိုကြီးဟန်အား သူမကိုရိုက်ခိုင်းသည်။ သဘာဝအတိုင်း အစ်ကိုကြီး ဟန်က သူ့မိန်းမကို ရိုက်မည်မဟုတ်လေရာ သူ့အမေနှင့်သူ့မိန်းမကြားထဲမှာ ညှပ်နေ၏။


ထိုအချိန်တွင် ပထမချွေးမဟန်က မတရားဆက်ဆံခံရပြီး အခန်းထဲ၌ သေသည်အထိ ငိုကြွေးနေသော်လည်း အဖွားကြီးဟန်ကို ဘာမှ မလုပ်ခဲ့ပေ။


အခုလက်ရှိမှာ ရက်အတော်ကြာ အလုပ်ရှုပ်နေခဲ့တာ...ပြီးတော့တရုတ်နှစ်သစ်ကူးကျင်းပနေတာလေ...ဘာလို့ ရုတ်တရက်ကြီး ပြဿနာတက်ရတာလဲ...


ဟန်ကျင်းယု  ကြောင်အမ်း သွားပြီး မလှုပ်မယှက်ဖြစ်သွား၏။


အဖွားကြီး ဟန်က ဒေါသတကြီး တုန်တုန်ယင်ယင်ဖြင့် ပထမချွေးမဟန်ကို လက်ညှိုးထိုးကာ ပြောလေသည်။


 “နင် ကြွက်စုတ်... ဒီကနေ ထွက်သွားးးး...ငါတို့ ဟန်မိသားစုမှာ နင့်လို ချွေးမမရှိဘူး...ယုတ်မာတဲ့ ကြွက်စုတ် ...အမေ မွေးပေမယ့် အမေကကျွေးမွေးပြုစုမထားတဲ့ဟာမ"


ပထမချွေးမဟန် အသက်လေးဆယ်နီးပါးရှိပြီးသူမသားသမီးတွေက အရွယ်ရောက်နေပြီဖြစ်သော်လည်း   အဖွားကြီးဟန်က သူမကို ယခုလို ကြမ်းတမ်းသော စကားတွေနှင့် ဆဲဆိုခဲ့၏။


 သူမ၏ မျက်လုံးများ နီရဲနေပြီး မျက်လုံးများက အဖွားကြီးဟန်ကို ထိုးကြိတ်ကာ သတ်ပစ်တော့မည့်အတိုင်း  နက်မှောင်နေသည်။


"သားကြီး...မင်းဘာလို့ ကြောင်တောင်တောင်တောင်လုပ်နေသေးတာလဲ...  ဘာလို့ သူ့ကိုမိဘအိမ်ကို မြန်မြန်ပြန်မပို့တာလဲ...ငါတို့ ဟန်မိသားစုဟောင်းက မတတ်နိုင်....."


"ခင်ဗျား သူ့ကို လိုက်ပို့စရာ မလိုဘူး..." 


ဟောင်ထျန်းက ရုတ်တရက် ပြေးဝင်လာပြီး ပထမချွေးမဟန်ကို ကူတွဲလေ၏။


 "ကျွန်တော့အမေက အဲ့လိုမဟုတ်ဘူး... သူ့ကို... ဒီလိုအနိုင်ကျင့်တာကို မကြည့်နိုင်ဘူး"


သူအနေဖြင့် ချောချောမောမော စကားမပြောနိုင်ဘဲ သူ့အသံက ထွက်မလာသော်လည်း ပထမစကားလုံးထွက်လာသောအခါတွင် သူ၏လည်ချောင်းအတွင်းမှသော့ကို မမြင်နိုင်သောဓားဖြင့် ချိုးဖျက်လိုက်ပုံရပြီး သတ္တိအပြည့်ဖြင့် ပေါက်ကွဲထွက်လာသည်။


Xxxxx

Part 326


အဖွားကြီးဟန်  ပို၍ပင် ဒေါသဖြစ်ကာ ဆိုးဆိုးရွားရွား တုန်ယင်နေလျက်ဆို၏။


 “မင်း...မင်း...မင်း...က သစ္စာမဲ့တဲ့မျိုးရိုးပဲ…”


သူမအစ်ကိုဖြစ်သူက သူမအမေကို ကူညီနေတာကို မြင်သောအခါ ကုမိန် နောက်ဆုံးမှာ  စိတ်ထဲရှိ ရှက်စိတ်နှင့် စိတ်ရှုပ်ထွေးမှုကို ဖြတ်ကျော်သွားနိူင်ပြီး သူမအမေ ကူညီရန်ရှေ့ကို ပြေးသွားသည်။ စကားမပြောဝံ့သော်လည်း ပထမချွေးမဟန်၏  ကျန်လက်တစ်ဖက်ကို တင်းတင်းဆုပ်ကိုင်ထား၏။


ရုတ်တရက် တစ်စုံတစ်ယောက်က သူမကိုကူညီလာသောအခါ ပထမချွေးမဟန် သူမ၏ အရိုးများ ဆွဲထုတ်ခံရလိုက်သကဲ့သို့ အားနည်းသွားကာ တခဏတွင်းချင်း  ပျော့ခွေသွားသည်။


မူလက သူမ အားကုန်သုံး၍ ဒေါသကို ဖွင့်ထုတ်ချင်သော်လည်း ဘာလုပ်ရမည်ကို မစဉ်းစားခဲ့ပေ။


ကွာရှင်းရန်ဆိုသည် လုံးဝမဖြစ်နိုင်သလို ထိုလူကို လည်း အဆုံးရှုံးမခံနိုင်ပါချေ။


သူမပြန်သွားပြီး သူမ၏မိခင်မိသားစုအတွက် အရှက်ရရအောင်လုပ်ရန်က မဖြစ်နိုင်ပါချေ။


 လင်မယားချင်းကွာရှင်းမှုကိုလည်း သူမလိုချင်ပေ။မိန်းမတစ်ယောက်က သူမခင်ပွန်းနှင့်သားသမီးစွန့်ခွာခဲ့ပါက တခြားဘာလုပ်နိုင်မည်နည်း။


သူမမှာ  သားသမီးလည်းရှိသေး၏။


ထိုအချိန်တွင် သူမ အားနည်း၊ မူးဝေပြီး မအီမသာဖြစ်နေကာ ယောက်ျားဖြစ်သူက အဖွားကြီးဟန်၏ ကွာရှင်းပြတ်စဲခိုင်းမှုကို အမှန်တကယ် နားထောင်ပြီး သူမအမေအိမ်သို့ ပြန်ပို့မည်ကိုကြောက်သောကြောင့် ပြဿနာရှာမိခဲ့သည်ကိုပင် နောင်တရခဲ့သည်။


 သူ ထိုသို့ပြောရဲပါက သူမမြစ်ထဲခုန်ချလိုက်မည်ဖြစ်ပြီး သေလျှင်ပင် ဘယ်တော့မှ ပြန်သွားမည်မဟုတ်ပေ။(မိဘအိမ်ကို)


အကြိမ်တစ်ရာ သေပစ်လိုက်မည်။


တစ်ခုခုဖြစ်သည့်အခါ  ဒေါသစိတ်နှင့် စိတ်လိုက်မာန်လုပ်မှုကြောင့် အဆုံးသတ်သွားသည်က ဒုက္ခအများဆုံးအရာပါပင်။


ယခုအချိန်တွင်၊ အခြေအနေတစ်ရပ်လုံးကို ကိုင်တွယ်ရန်၊ လွှမ်းမိုးချုပ်ကိုင်ပြီး အမျိုးမျိုးသောအသံများကို ရိုးရှင်းစွာ ဖိနှိပ်ရန်နှင့် ၎င်းတို့အား မည်သို့လုပ်ဆောင်ရမည်ကို ပြောပြရန် အခွင့်အာဏာရှိသူ တစ်ဦး လိုအပ်ပေသည်။


 ဟန်ချင်စုန့်က လင်းလန်ကို နှစ်သိမ့်ပေးပြီးနောက် အခန်းထဲ ဝင်လာကာ ဟောင်ထျန်းပုခုံးကို ပုတ်လိုက်၏။လူငယ်လေးက အရွယ်ရောက်လာသောအခါ သူ့အမေကို ကာကွယ်ရန်  သိလာခဲ့လေပြီ။


သူက ပထမချွေးမဟန်ကို သူ့အခန်းထဲပြန်ကူပို့ပေးရန် ဟောင်ထျန်းနှင့်ကုမိန်ကို ခြေဟန်လက်ဟန်ပြလိုက်သည်။


 အစ်ကိုကြီးဟန် ဘာလုပ်ရမှန်းမသိတော့ပေ။ မြေပြင်တစ်ခုလုံးရှိ အပျက်အစီးတွေ၊ ဟင်းချိုတွေနှင့်ဟင်းသီးဟင်းရွက်တွေကို ကြည့်ရင်း ကြောင်ငေးနေခဲ့၏။


 သားကောင်း၊ လူကောင်း၊ ဖခင်ကောင်းတစ်ယောက်ဖြစ်ရန် သူအစွမ်းကုန်ကြိုးစားခဲ့ပေမဲ့ သူဘာတစ်ခုမှ မှန်အောင်လုပ်နိုင်ခဲ့ပုံမရပေ။ တရုတ်နှစ်သစ်ကူးမှာ ပျော်ရွှင်စရာတွေ ဖြစ်ရမည်ဖြစ်သော်လည်း အဘယ်ကြောင့်  ယခုလို ဖြစ်သွားရသနည်း။


 သူ့မိန်းမကို ရိုက်နှက်ရန်ဆိုသည်က မဖြစ်နိုင်သလို ကွာရှင်းပြတ်စဲပြီး သူ့မိန်းမကို ကွာရှင်းရန်ကလည်း ပို၍ပင် မဖြစ်နိုင်ပေ။


သို့ပေမဲ့  သူ့မိဘတွေကို သူတို့ချည်းထားခဲ့ရန်အတွက်ကလည်း သူမရက်စက်နိုင်ပေ။


 သူ ဘာလုပ်ရမှန်းမသိဖြစ်နေပြီး ရုတ်တရက် ခေါင်းကို ပိုက်ကာ ဝမ်းနည်းစွာ ငိုကြွေးတော့သည်။


အဖွားကြီးဟန်က ဆဲဆိုကြိမ်းမောင်းနေဆဲဖြစ်ုကီး ၎င်းနောက် သူမဘဝက  တစ်သက်လုံး ဒုက္ခရောက်ရသည်ဟုဆိုကာ ငိုကြွေးပြန်သည်။ ငယ်ငယ်က ယောက္ခမ၏ ခြယ်လှယ် နှိပ်ကွပ်ခြင်းကိုခံခဲ့ရပြီး အသက်ကြီးလာသောအခါတွင်လည်း ေချွးမဖြစ်သူ၏ နှိပ်စက်ခြင်းကို ခံခဲ့ရသည်။


"ငါတော့ နင့်လက်ထဲမှာ အနှေးနဲ့အမြန် သေမှာပဲ"


ဒုတိယအစ်ကိုဟန်နှင့်ဒုတိယချွေးမဟန်တို့ကမူ ဘာကိုမှသိပ်မစဉ်းစားဘဲ စားစရာရှိလျှင်စား၊  လုပ်စရာရှိလျှင်လုပ်ပြီး တတ်နိုင်သည့်အခါ ပျင်းကြ၏။


ထိုအချိန်တွင် အဖွားကြီးဟန်လဲကျသွားပြီး  ဒေါသအထွက်လွန်သွားသည်ဟုသာ သူတို့ထင်သဖြင့် လွှတ်ထားလိုက်သည်။ သူတို့အနေဖြင့်  မိသားစုခွဲထွက်ခြင်းနှင့်ပတ်သတ်၍ ပြဿနာရှာ လိုလားပြီး  အတူမနေချင်ကြပေ။


ဒုတိယအစ်ကိုဟန်က မိသားစုခွဲထွက်ခြင်းအကြောင်း မပြောဝံ့သလို ပြောလည်းမပြောချင်ပါချေ။


 မိသားစု ဘယ်လိုပဲ ဖြစ်ဖြစ် အားလုံး အတူတူ ရှိနေပါက သူပူစရာမလိုပေ။


 သူတကယ်မခွဲထွက်ချင်ချေ။


 အကုန်လုံးအတူတူအလုပ်လုပ်ကြပြီး အစ်ကိုအကြီးဆုံးက အများကြီးလုပ်နိုင်ကာ အဖေလည်း အတူတူဖြစ်၏။

(သူက ငတ်မှာပူနေတာပါ)


သူအိမ်ပြန်ရောက်သည့်အခါတိုင်း သူ့မရီးက ချက်ပြုတ်ပြီး အိမ်သန့်ရှင်းရေးလုပ်နေသော်လည်း  သူ့အမေက သူ့သားဖြစ်သည့်သူ့ကို ဘက်လိုက်ပြီး ပိုကောင်းသည့်အစားအသောက်များကို စားခိုင်းသည်။


မိသားစုခွဲထွက်ပါက အတွင်းရော အပြင်ပါ ကိုယ့်ဘာသာ လုပ်ရမည်ပင်၊ ဒီလောက်ကောင်းတဲ့အရာ ဘယ်မှာရှိလို့လဲ...


 ထို့ကြောင့် သူ မိသားစုကို ခွဲမထွက်ချင်ပေ။ မရီးနှင့် လင်းလန်တို့ မိသားစုခွဲထွက်ချင်ကြသည်က မှားယွင်းသည်ဟု  သူခံစားရ၏။သူတို့က တစ်ကိုယ်ကောင်းဆန်ပြီး သူ့တို့ကိုယ်သူတို့ပဲဂရုစိုက်ကြသည်။

(သူ့အတွေးတွေကို လိုက်မမှီတော့ပါ) အဘိုးကြီးဟန်က ဆေးတံနှင့် အိုးကို ထုတ်ယူပြီး  ဆေးလိပ်သောက်နေရင်း ချောင်းဆိုးကာ သက်ပြင်းကို ချလိုက်​၏။


လူတွေ၏ နှလုံးသားများက  ပြန့်ကျဲနေပြီး(စိတ်ဝမ်းကွဲနေပြီး) မိသားစုကို စီမံခန့်ခွဲဖို့ မလွယ်ပေ။


 ကလေးတွေက ကြီးပြင်းလာကြပြီး လူကြီးတွေကို အလေးအနက်မထားတော့ချေ။


 ခွဲထွက်ရန်အချိန်ရောက်လေပြီ။


သောကရောက်လွန်း၍သူ့မျက်ခုံးတွေက စီချွမ်စာလုံးတစ်လုံးကဲ့သို့  တွန့်ချိုးသွားကာ  ခေါင်းငုံ့ပြီး ဘာမှ မပြောပေ။


အဖွားကြီးဟန်က ငိုယိုပြီး ကမောက်ကမဖြစ်အောင်လုပ်နေကာ အဘိုးကြီးဟန်အား သူ့ချွေးမကို အတင်းပြန်မောင်းထုတ်ခိုင်းနေသည်။


 "အဘိုးကြီး...ရှင့်ရဲ့သစ္စာမရှိတဲ့ သားတွေမြေးတွေကိုကြည့်ပါဦး...ဒီနေ့ တော်တို့ ကျုပ်ကို ဆုံးရှုံးရလိမ့်မယ်... သူ့ကိုပြန်မလွှတ်ရင် သူကျုပ်ကို အမေတစ်ယောက်အနေနဲ့မလိုချင်တော့တာပဲ...ကျင်းယု  ကြိုးသွားယူချေ... ငါတို့မေအေတွေကို မျက်စိနာတယ်လို့ထင်ကြသူတွေ.. ကြိုးနဲ့ဆွဲထားရင် သက်သာရာရလိမ့်မယ်...ငါ့အမေ... ဒီအဘွားကြီးတော့သေပြီ.....”


ဟန်ချင်စုန့်က သူ့လက်ကို ဝှေ့ယမ်းကာ ဒုတိယချွေးမဟန်နှင့် သူမကလေးတွေအကုန်လုံးကို အပြင်ထွက်ခိုင်းလိုက်သည်။ 


 ဒုတိယချွေးမဟန်က နေ့တိုင်း ပျင်းရိပြီး ရန်လိုသော်လည်း အိမ်တွင် အရေးကြီးကိစ္စ တစ်ခုခု ကြုံလာကာ  အဖွားကြီးဟန် ဒေါသထွက်လျှင် သူမ ဘာမှ မပြောဝံ့ပေ။


ဟန်ချင်စုန့်ကိုဆို ပြောမနေပါနှင့်။


 ဤအခိုက်အတန့်တွင် သူ့အမူအရာက ပို၍ပင် တင်းမာလာကာ ဒုတိယချွေးမဟန်ကို ဓားတစ်လက်ကဲဲ့သို့ ခံစားစေရပြီး အခန်းက အလွန်အေးစက်နေလေ၏။


 သူပ ကလေးများနှင့်အတူ အမြန်ထွက်လာခဲ့သည်။


 ပင်မအခန်းကိုရောက်သောအခါ သူမက လင်းလန်ကို ပြုံးပြကာ​ပြောလိုက်၏။


 "နင်တို့က အရမ်းတော်တာပဲ တတိယမိသားစု"


 သူတို့တစ်ခုခုပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ အကြိမ်တိုင်း ဤမိသားစုကို ပြဿနာတက်စေသည်။ ယခု နှစ်သစ်ကူးညစာစားရန် လာခဲ့သော်လည်း  အံ့သြစရာကောင်းသည်က ရိုးသားသော ပထမချွေးမဟန်ကို စားပွဲလှန်သည်အထိဖြစ်စေခဲ့ခြင်းပင်။


 အဆိပ်ဟုတ်မနေမှာကိုတောင်ကြောက်မိတယ်...


လင်းလန်က သူမကို ဗလာအကြည့်ဖြင့်ကြည့်ကာ ဆိုလိုက်၏။


 “နင်သိသွားပြီပေါ့"


ဒုတိယချွေးမဟန် လင်းလန်က သူမကို လာလုပ်မှာ စိုးသောကြောင့် အလျင်အမြန် ပါးစပ်ပိတ်လိုက်သည်။ အဖွားကြီးဟန်၏ဗီရိုကို ပုဆိန်ဖြင့် ပေါက်လိုက်သည့် လင်းလန်၏ ပုံရိပ်က သူမ၏ စိတ်ထဲတွင် စွဲထင်နေခဲ့၏။


 

Xxxxxx