အပိုင်း ၃၂၇-၃၂၈
Viewers 20k

Part 327


သူမကို ဆွပေးတတ်ပြီး ဒုက္ခပေးသူဟူ၍သာ မြင်၍မရပေ။ သူမက ဘယ်သူက သြဇာအရှိဆုံးဖြစ်ပြီး ဘယ်သူကမှ ရော၍မရဘူးဆိုသည်ကိုလည်း သိလေသည်။ယခု လင်းလန်က ရှန်ရွေ့ရွာမှာ သူမ သွားစ၍မရဆုံးသောလူပါပင်။


သူမနဖူးပေါ်က အမာရွတ်က ရှိနေသေး၏။


 သူမ ယင်းကို ကောင်းကောင်းသိသောကြောင့်  ယခုကို လှောင်ပြောင်ရုံလှောင်ပြောင်ရဲပြီး တကယ်ကြီးသွားမရှုပ်ခဲ့ပေ။


အရှေ့ခန်းတွင် ဘာလှုပ်ရှားမှုမှ လင်းလန် မကြားရသဖြင့်  ပထမချွေးမဟန် အလွှမ်းမိုးခံလိုက်ရမည်ကို သူမ အနည်းငယ် စိုးရိမ်နေမိသည်။


ပထမချွေးမဟန်လိုလူများသည် ယခင်ကလည်း တခြားသူများနှင့်ဆို  အလွယ်တကူ ရှက်ရွံ့တတ်ကာ ခိုင်ခိုင်မာမာ  စကားတစ်ခွန်းကိုမျှ မပြောတတ်ပေ။ မကောင်းသည့်ဟာတစ်ခုခုရှိလျှင်ပင် သေချာပေါက်  သည်းခံပေလိမ့်မည်။


မိသားစု၏ အကျည်းတန်မှုကို လူသိရှင်ကြား မဖော်ပြသင့်ပါချေ။ ဤသည်မှာ ပထမချွေးမဟန်၏ ဆောင်ပုဒ်ဖြစ်၏။

(အတွင်းမီးကိုအပြင်မထုတ်ရ)


ထို့ကြောင့် ယခု သူမကို ယောက္ခမက ကြွက်စုတ်ဟု ခေါ်ပြီး သူမ၏မိဘအိမ်သို့ မောင်းထုတ်ခံရတော့မည် ဖြစ်ကာ ညှိနှိုင်းမရသော ပဋိပက္ခ ဖြစ်နေသည်မှာ ထင်ရှားလေသည်။


 ပထမချွေးမဟန် ထိုအကြောင်းကို များများတွေးလေ၊ သူမ သေခြင်းတရား အဆုံးစွန်သို့ ရောက်သွားမည်ဖြစ်လေလေဟု ခန့်မှန်းရ၏။


ထို့ကြောင့် လင်းလန် ဘာပဲဖြစ်ဖြစ် သွားကြည့်ပြီး သူမကို ဖြောင့်ဖြချင်သေးသည်။


ဒုတိယချွေးမဟန်က သရော်၏။

 "တတိယမိသားစုကို မသွားနဲ့လို့ ငါပြောလိုက်မယ်...သူတို့ အဆင်မပြေပေမဲ့ နင်သွားကြည့်တုန်းပဲ...နင်ကိုယ်နင် ကြင်နာတယ် လို့ပြောတယ်... လူတွေကတော့ နင်ကို ကြွားနေတယ်လို့ထင်ကြတာ"


လင်းလန်ကပြောလိုက်သည်။

 "ငါမှာ ရိုးသားဖြူစင်တဲ့ အသိစိတ်ရှိတယ်"


သူမအနောက်ခန်းထဲဝင်သွားချိန်တွင် ပထမချွေးမဟန်က အနွေးကုတင်ပေါ်မှာထိုင်၍ တသိမ့်သိမ့်တုန်နေပြီး ကုမိန်က  သူမလက်မောင်းကို ပွေ့ဖက်ကာ ထိတ်လန့်တကြားမရပ်မနား ငိုနေလေ၏။


ဟောင်ထျန်းက အနွေးကုတင်၏အစွန်းတွင်ထိုင်ကာ မျက်နှာဖြူဖျော့ဖျော့နှင့်ဆိုသည်။


"အမေ... မကြောက်ပါနဲ့...အဖေက ကွာရှင်းရဲရင်ကျွန်တော်....." 


လင်းလန်ဝင်လာသည်ကို မြင်သောအခါ ချက်ချင်း ထလာ၏။ 

"တတိယဒေါ်ဒေါ်"


လင်းလန်က ခေါင်းညိတ်ပြပြီး သူ့ဆီ လျှောက်သွားကာ ခေါ်လိုက်သည်။

"ယောက်မ "


ပထမချွေးမဟန်၏ မျက်နှာက ဖြူဖျော့နေပြီး သွေးရောင်လုံးဝရှိမနေသဖြင့် သူမကိုယ်သူမပင် ထိတ်လန့်သွားနိုင်၏။


သူမက လင်းလန်ကို မျက်လုံးများပင့်၍ မော့ကြည့်လာပြီး သူမမျက်လုံးတွေက နီရဲနေကာ သရော်လေသည်။

 “တတိယယောက်မ... မင်းက ငါ့ကို လာလှောင်ရယ်တာလား"


"ယောက်မ ရှင်ကတော့လုပ်ပြီ... ဘယ်သူမှ ရယ်စရာလုပ်မကြည့်ဘူး...အဆင်မပြေရင် ဌာနခွဲအတွင်းဝန်ကိုရှာ”


အိမ်မှာ အတူတူနေရန်က အခက်အခဲဖြစ်သလို ပထမချွေးမဟန်နှင့် အဖွားကြီးဟန်ကလည်း ယခုလိုမျိူးပြဿနာတက်ထားလေရာ သူတို့၏ကိုယ်ပိုင်မျက်နှာဖုံးများကို ခွာချပြီးသွာူသဖြင့် အမိုးတစ်ခုတည်းအောက်မှာ နေရန်က မဖြစ်နိုင်တော်ပေ။


လူတိုင်း မပျော်ကြတော့သဖြင့် တတ်နိုင်သမျှစောစော ခွဲထွက်လျှင် ပိုကောင်း၏။


ပထမချွေးမဟန်က ငိုရင်းဆိုလေသည်။

 "မင်းတို့ အစ်ကိုကြီး... သူ လုပ်မှာမဟုတ်....." 


 အမြဲလိုလို  သူကအကြီးဆုံးသားဖြစ်၍ သူ့မိဘတွေနှင့် အိမ်ထောင်မပြုရသေးသည့် ညီ/ညီမငယ်တွေကို ပြုစုစောင့်ရှောက်ရမည်ဖြစ်သဖြင့်  သူ့ကိုယ်သူ  အစ်ကိုကြီးနေရာကနေ ထွက်သွား၍မဖြစ်ဟုပြောလေ့ရှိ၏။


    သူမ သူ့ကို အပြစ်တင်မိသလို  တုံးလွန်းသည့်အတွက်လည်း  စိတ်မကောင်းဖြစ်ရသည်။တတိယမတ်လေးကို ကြည့်ပါလေ၊ သူက ပြောပြီးသည်နှင့် တန်း၍ ကြော့ကြော့မော့မော့ဖြင့်  မိသားစုခွဲထွက်လိုက်ပြီး မိဘနှစ်ပါးနှင့် ညီ/ညီမများကို ဂရုမစိုက်ပေ။


သူမလေးစား အားကျမိသလို တစ်ချိန်တည်းမှာပင်  သူမကိုယ်သူမ  ဝမ်းနည်းသလို ခံစားခဲ့ရပြီး မနာလိုစိတ်အနည်းငယ်ကို မဖြစ်ဘဲနေနိုင်ပေ။


 လူတိုင်းက အစပိုင်းတွင် အတူတူပင်ဖြစ်ပြီး အဖွားကြီးဟန်၏ နှိပ်စက်ခြင်းကို ခံရကာ ညီတူညီမျှ စိတ်မသက်မသာဖြစ်ခဲ့ကြသည်မှာ အသိသာကြီးဖြစ်သော်လည်း တတိယမတ်နှင့် မိသားစုတစ်ခုလုံးက ခွဲထွက်ပြီး သာယာသောဘဝတွင်နေထိုင်နိုင်ကြသည်။


သို့ပေမဲ့ သူမကမူ ထာဝရ ဤနေရာမှာပဲ  ကုန်ဆုံးနေရဦးမည်၊သူမတစ်သက်လုံးပင်။အဖွားကြီးဟန်မသေသေးသရွေ့ သူမလွတ်မြောက်မည်မဟုတ်ပေ။


ပထမချွေးမဟန် သူမ ဆက်ပြီး ရှေ့မဆက်နိုင်တော့ဟု ရုတ်တရက် ခံစားလိုက်ရပြီး သူမ အဖွားကြီးဟန်နှင့်   အမိုးတည်းအောက်တွင် တစ်ရက်ပင် မနေချင်တော့ပေ။


ဤဘဝမှာ ယောက္ခမနှင့် ရက်အနည်းငယ်ကြာ တစ်ခန်းတည်းမနေရပါက သူမ ကိုယ့်ဘဝကိုယ် အသက်ရှင်နိုင်ပြီး နောင်တမရဘဲ သေနိုင်မည်ဟုခံစားရသည်။


ထို့ကြောင့် သူမသည် ခွဲထွက်ခြင်းထက် တကယ်ကို သေချင်၏။


လင်းလန်ကို တခါတရံ မနာလိုဖြစ်ပြီး အဓိပ္ပါယ်မရှိသော စကားတွေ ပြောမိသည်ဟု တွေးကာ အပြစ်ရှိသလို ခံစားလာရပြီး တစ်ခုခုပြောရမှာကိုပင် ရှက်လာသည်။


"ယောက်မ ရှင်ဘာလို့...ကျွန်မနဲ့ နှစ်ရက်လောက် အရင်နေမကြည့်ရမှာလဲ " 

လင်းလန်က ပြောလာ၏။


ပထမချွေးမဟန်က  ခေါင်းယမ်းကာ

 "ငါ့ညီမ... မင်းက ငါ့ကို တကယ်ကူညီချင်နေတာ မှန်း ငါသိပါတယ် ငါ... ငါ မနေနိုင်တော့မှာကို ကြောက်တယ်"


လငလန်က သူမကို နှစ်သိမ့်လိုက်သည်။

"အစ်ကိုကြီးက ကွာရှင်းမှာ မဟုတ်ပါဘူး... ကလေးတွေက ဒီအရွယ်တောင်ရောက်နေပြီကို”


အစ်ကိုကြီးဟန်က ကွာရှင်းရန် မလိုလားကြောင်း လင်းလန်သိသည်။ပထမချွေးမဟန်ကလည်း  သူ့မကိုယ်သူမ ကွာရှင်းရန် မလိုလားသောကြောင့် ထုံးစံအတိုင်း သူမ ကွာရှင်းရန် သွေးထိုးလှုံ့ဆော်မည်မဟုတ်ပေ။ ပွင့်ပွင့်လင်းလင်းပြောရပါလျှင် သူတို့ နှစ်ယောက်က ဆက်ဆံရေးကောင်းပြီး အဖွားကြီးဟန်  နှင့် ဟန်ကျင်းယုတို့ကသာ ဒုက္ခပေးသူများဖြစ်သည်။


သူတို့က ခွဲထွက်သင့်ဆုံးပင်။


ဟောင်ထျန်း : "အမေ မကြောက်နဲ့...ကျွန်တော် ရှိတယ်... အဖေက ကွာရှင်းရဲရင် ကျွန်တော်အမေ့ကို ခေါ်ထုတ်သွားပေးမယ်"


ဘာပဲဖြစ်ဖြစ် သူ အမေ့ကို မိဘအိမ်ဆီ ပြန်ပို့ခွင့်မပေးနိုင်ပေ။ယခုလို အသက်အရွယ်ကြီးရောက်မှသူမကို မိဘအိမ် ပြန်ခိုင်းရန် သဘောမတူပေ။


ပထမချွေးမဟန်က သူမ သားနှင့်သမီး၏လက်ကို ဆုပ်ကိုင်လိုက်ကာ အငိုမရပ်နိုင်ဘဲဆို၏။


 "ကောင်းပြီ... မင်းတို့ရှိနေတာ ကံကောင်းတာပဲ...မင်းတို့လေးလေးတွေသာမရှိရင် မေမေ...မေမေ....."


 သူမက   အကြိမ်ကြိမ် ဒေါသထွက်ရလွန်း၍   မြစ်ကမ်းဘေးကို ပြေးထွက်ပြီး ခုန်ချကာ မိမိကိုယ်ကို နှစ်ချပစ်လိုက်ချင်သော်လည်း

 သားက မိန်းမမယူရသေးသလို သမီးလည်း အိမ်ထောင်မပြုရသေးသည်ကို တွေးမိသည်။  အမေဖြစ်သူက မြစ်ထဲခုန်ချလိုက်ပါက  တခြားသူတွေအား သူမသားနှင့်သမီးကို ထိပါးခိုင်းသလိုဖြစ်စေမည်မဟုတ်ပါလော။


ဟောင်ထျန်းက လင်းလန် 

ကို ရုတ်တရက်ပြောလာ၏။

 "တတိယဒေါ်ဒေါ်... တပ်မဟာက ဒေါ်ဒေါ် နေခဲ့ဖူးတဲ့အခန်းကို ပြန်ယူသွားပြီးလား "


လင်းလန်က ခေါင်းညိတ်ပြီးပြောလိုက်သည်။

 "တပ်မဟာကို ပြန်ပေးလိုက်ပြီ... အခုလောလောဆယ်မှာ အဲ့ဒါကလွတ်နေမှာ"


ထိုအခန်းကို လင်းလန် နေထိုင်ပြီးနောက် ဟန်ရုံဖန်က ပြန်သိမ်းသွားကာ အခြားသူများ ၎င်းကို ပေါ့ပေါ့တန်တန် နေထိုင်ခွင့်မပြုတော့ပေ။ မည်သို့ပင်ဖြစ်စေ  အခြားသူများမှာ မကျေနပ်ချက်များရှိလျှင် ထိန်းချုပ်ထားရုံသာတတ်နိုင်၏။


 

Xxxxxx

Part 328


ဟောင်ထျန်းကပြောသည်။


 "တတိယဒေါ်ဒေါ်... တတိ အဲဒီအိမ်ကို ကျွန်တော်တို့ကို ငှားပေးပါ တပ်မဟာကို ပြောပေးနိုင်မလား "


ဟောင်ထျန်း၏စကားကို ကြားသောအခါ လင်းလန်က ပြောလိုက်၏။


 " ကောင်းပြီ ...မနက်ဖြန် နှစ်သစ်ကူး ပွဲတော်ကျင်းပတဲ့အခါ မေးကြည့်ပေးမယ်"


ယခု သူမက ရွာမှာ အဆင့်အတန်းတစ်ခုရှိလာသောကြောင့် တုန်ဟွိုင်ဟွက  သူမပြောစကားကိူ နားထောင်ပြီး တပ်မဟာ၏ ဌာနခွဲအတွင်းရေးမှူးကလည်း သူမအပေါ် အလွန်ကြင်နာသည်။ ဟန်ချင်စုန့်ကို အကူအညီတောင်းစရာ မလိုဘဲ သူမ ပြောသည့်အတိုင်း လုပ်နိုင်၏။ 


ဟောင်ထျန်း: " ကျေးဇူးတင်ပါတယ်"


လင်းလန်က နှစ်သိမ့်စကားအနည်းငယ်ပြောပြီး ပထမချွေးမဟန်ကို အနားယူခိုင်းလိုက်သည်။


ကုမိန်က ခေါင်းမော့လာပြီး မဝံ့မရဲဆို၏။

 “ ကျေးဇူးတင်ပါတယ်ဒေါ်ဒေါ် ”


 လင်းလန်က   သူမကို ပြုံးပြပြီး “ကျေးဇူးတင်စရာ မလိုပါဘူး..."


 ဟောင်ထျန်းကထပြီး သူ့အမေအတွက် ရပ်တည်ပေးသည်ကို လင်းလန် အင်မတန် ကျေနပ်အားရမိသည်။ လူတိုင်းက ကိုယ့်ကိုယ်ကိုသာ အားကိုးရပေမည် ကိုယ့်ကိုယ်ကိုယ် အားကို့သည့်လူတွေကို အမြဲတမ်း သဘောကျကြပြီး တတ်နိုင်သလောက် ကူညီရန် ဆန္ဒရှိကြ၏။


ဟောင်ထျန်းက ကလေးတစ်ဦးဖြစ်ပြီး အမြဲတမ်း ရပ်တည်မှုအမြင်မရှိပေ။တဝမ်ကဲ့သို့ပင် သူက စကားနည်းသည်။ သူက လူကြီးများနှင့် နေ့တိုင်းအလုပ်လုပ်၏။ ရိုးသားပြီး သဘောထားကြီးသော ကိုယ်ရည်ကိုယ်သွေးရှိပြီး ဘယ်သောအခါမှ လှည့်စားခြင်းမရှိပေ။


ယခင်တုန်းက လင်းလန် သူနှင့်  မျက်နှာချင်းဆိုင်တွေ့သည့်အခါ နှုတ်ဆက်သည်ကလွဲ၍ စကားများများစားစား မပြောဖူးချေ။


ယနေ့ ဤကိစ္စကိုကြည့်ပါ​က ဟောင်ထျန်းက ရပ်တည်ပေးပါက အစ်ကိုကြီးဟန်က ဘာမှပြန်မပြောလျှင်ပင် ပထမချွေးမဟန်မှာ အထောက်အပံ့ရှိနေဆဲဖြစ်လေသည်။


 ယင်းက ယနေ့ခေတ်ကျေးလက်အမျိုးသမီးများ သားမွေးရသည့်အကြောင်းရင်းလည်းဖြစ်၏။ပြဿနာများနှင့်ကြုံတွေလာပြီး ယောကျာ်းဖြစ်သူက ညံ့ဖျင်းသည့်အခါ သားတွေက သူ့ကို ပံ့ပိုးနိူင်လေသည်။


ဤကဲ့သိုသော ဤအိမ်တွင်းရေးကိစ္စများသည် ဖြောင့်မတ်သော အရာရှိတွေအတွက် ခေါင်းကိုက်စရာတစ်ခုပါပင်။အမြဲလိုလို ယောကျ်ားဖြစ်သူကလည်း သူမှန်သည်ဟုပြောပြီး မိန်းမဖြစ်သူကလည်း သူမ မှန်သည်ဟုပြောကြ၏။ မည်သို့ပင်ဖြစ်စေ  သူ့သားကလည်း တခြားမိသားစုအတွက် ယောက်ျားဖြစ်လေရာ  အကြောင်းပြချက် နားမလည်ပါက မိသားစုကဆက်တရားစွဲပေလိမ့်မည်။

(သိပ်နားမလည်ဘူး)


 လင်းလန် အရင်ဆုံးထွက်လာခဲ့လိုက်သည် ဒုတိယချွေးမဟန်က သူမထွက်လာသည်ကိုတွေ့သောအခါ နှုတ်ခမ်းစူလေသည်။  လင်းလန်က သူမကို သူမ၏ယောက်မထံ ရောင်းစားရန် အခွင့်အရေးယူမည်ဟု သူမထင်လိုက်၏။ 


 လင်းလန်ကလည်း သူမကို ဂရုမစိုက်ပေ။


 အရှေ့ဘက်အခန်းသည် အဘိုးကြီးဟန် မှုတ်ထုတ်ထားသော မီးခိုးငွေ့များဖြင့် ပြည့်နေပြီး သူ့ကိုယ်သူ ကျောက်ချထိုင်နေတော့မည့်အတိုင်း မီးခိုးငွေ့များထဲမှာ ပိတ်မိနေသည်။


ဟန်ချင်စုန့်က ဆေးလိပ်မသောက်သလို အိမ်တွင်မည်သူမျှ ဆေးလိပ်မသောက်ပေ။သူ၏လည်ချောင်းသည် အနည်းငယ် ကျင့်သားမရသဖြင့် နှစ်ကြိမ် ချောင်းဆိုးလိုက်၏။


 အဖွားကြီးဟန်က ငိုယိုပြီး မျက်ရည်တွေကို သုတ်ရင်း သားဖြစ်သူကို တရားမျှတမှုပေးရန် တောင်းဆိုလေသည်။


"တတိယသား...ငါ့ကိုပြော...ပြောစမ်းပါ..."


ဟန်ချင်စုန့်: "ကျွန်တော် ပြောရမှာလား... မိသားစုကို ခွဲလိုက်ရအောင်...အဖေနဲ့အမေက အလုပ်မလုပ်နဲ့...သားတွေက သူတို့ကို ပြုစုစောင့်ရှောက်ပေးလိမ့်မယ်"


 "မိသားစုခွဲမယ်တဲ့လား...ကြားရတာတော့  ကောင်းပါ့... မင်းညီမနဲ့ ညီလေးတို့ အကြောင်းတွေ မပြောတော့ဘူးလား"


အဖွားကြီးဟန်က  ထပ်ပြီး ငိုပြန်၏။

 ဘာကြောင့် တစ်ယောက်ပြီးတစ်ယောက်   သူမကို ဆန့်ကျင်နေကြသလဲဆိုသည်ကို သူမ နားမလည်ပေ။


 အမှန်တွင် သူမနှင့်အဘိုးကြီးဟန်တို့က သိပ်အသက်မကြီးကြသေးချေ။ ကျေးလက်ဒေသတွင် လယ်သမားများသည် အခြေခံအားဖြင့် အသက်ကြီးသည့်အချိန်အထိအလုပ်လုပ်ကြပြီး အထူးသဖြင့် အဘိုးကြီးများပင်။ သူ အနားယူစေလိုလျှင် သူက ၎င်းကိုကျင့်သားမရဘဲ ဖျားနာတတ်လေသည်။


မဖျားမနာဘဲ လယ်ကိုသွားနိုင်သရွေ့ ခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်အထိ သွားပေလိမ့်မည်။ အဘွားအိုတွေက ကလေးတွေကို အိမ်မှာ ထမင်းချက်ခိုင်းပြီးနေကြသော်လည်း တကယ်တွင် သူတို့(အဘွားအို)ဘာမှ မလုပ်ဟုပြော၍မရပေ


 သို့သော် ယောက္ခမ၏ အနိုင်ကျင့်မှုကို ခံခဲ့ရသော   

အဖွားကြီးဟန်က နောက်ဆုံးတွင် ယောက္ခမဖြစ်သူကို သေသွားကာ ယောက္ခမကိုယ်တိုင် ဖြစ်လာပြီဖြစ်သောကြောင့်  ထိုစဥ်က သူမခံစားခဲ့ရသော နာကျည်းမှုတွေကို လျော်ကြေးမယူဘဲမနေနိုင်တော့ချေ။


 သူမချွေးမကို ဆုံးမသည်က မှန်ကန်သည်ဟု  သူမထင်သည့်အတွက် သူမချွေးမကို ကြောက်လန့်အောင်လုပ်ပြီး သူမကို မယ်တော်ဘုရင်မကြီးအလားကဲ့သို့ အလုပ်အကျွေးပြုစုခိုင်းခဲ့၏။


ထိုသို့မဟုတ်ပါက သူမအတွက်မမျှတပေ။


ဟန်ချင်စုန်က ပြောသည်။

 "စတုတ္ထသားကစိုက်ခင်းမှာ ကောင်းကောင်းအလုပ်လုပ်ပြီး သူ့ကိုယ်ပိုင်အလုပ်မှတ်တွေရနေပါတယ်...သူအလုပ်ကြိုးစားနေသရွေ့ အိမ်ထောင်ပြုဖို့ စိတ်မပူရပါဘူး"


ဟန်ကျင်းယုအတွက်ကမူ သူမကိုယ်သူမထောက်ပံ့ရန် အလုပ်မှတ်တွေရအောင်ယူရန်ကလွဲ၍ တခြားမရှိပေ။


တတိယအစ်ကိုက သူမကို ထည့်ပြောခြင်းပင်မရှိသည်ကို တွေ့သောအခါ ဟန်ကျင်းယု  သူ သူမကိုမုန်းသည်ဟုထင်ပြီး ဝမ်းနည်းစွာ ငိုကြွေးလေသည်။ 


   တတိယအစ်ကိုက  သူမကို ဘာကြောင့်သဘောမကျတော့မှန်း သူမ မစဥ်းစားတတ်တော့ပေ။ ထိုကြွက်စုတ် လင်းလန်၏ သွေးထိုးမှုကြောင့်ဖြစ်ရပေမည်။


အမှန်တွင် ဟန်ချင်စုန့်က သူမကို ဘယ်တုန်းကမှ သိပ်ပြီးမကြင်နာခဲ့ပေ။ သူမကို သူ့အမေကပဲ ထိုသို့ပြောခြင်း​ဖြစ်ပြီး သူမမှာ(အဖွားကြီးဟန်) ကြိုတင်စိတ်ကူးထားသောအကြံဉာဏ်များရှိသဖြင့် ထိုသို့သော အမြင်မျိုးတည်ဆောက်ခဲ့ခြင်းပင်။


အဖွားကြီးဟန်က  သူမ၏တတိယအစ်ကိုက သူမသုံးရန်အတွက် ပိုက်ဆံရှာနေခြင်းဖြစ်သည်ဟုအမြဲပြောကာ   သူမ၏ တတိယအစ်ကိုက သူမကို အလွန်ချစ်သည်ဟုသော စိတ်ထားမျိုးဖြစ်တည်စေခဲ့သည်။


ထိုနေရာ၌  အစ်ကိုကြီးဟန်က သူ့မျက်နှာကို အုပ်ထားပြီး တခြားသူတွေကို ကြည့်ရန် ရှက်ရွံ့နေ၏။ တကယ့်ကို ရှက်စရာကောင်းသည်။


ဒုတိယအစ်ကိုဟန်:"တတိယညီ...မင်းကလွယ်လွယ်လေးပြောတာပဲ...သားတွေအနေနဲ့ ငါတို့မိဘတွေကို လျစ်လျူရှုလို့မရဘူးလေ..."


"လုံးဝမဟုတ်ဘူး" 


ဟန်ချင်စုန့်ကပြောလိုက်၏။

"ကျွန်တော်တို့  မိဘတွေကို အတူတူ ပြုစုစောင့်ရှောက်မှာပါ" 


ဒုတိယအစ်ကိုဟန်က သူ့လက်မောင်းတွေကို ဖက်ကာ သူ့ပခုံးကို ခါလိုက်ပြီးဆိုလေသည်။


"ဘယ်လိုပဲဖြစ်ဖြစ် မိသားစုမခွဲချင်ဘူး...ငါတို့အတွက် အတူတူနေရတာဘယ်လောက်ကောင်းလိုက်သလဲလို့...ငါတို့က ငယ်ငယ်လေးကတည်းက အတူတူနေခဲ့ကြတာ...သံယောဇဉ်တွေ ရှိနေကြပြီ...မင်းက အိမ်မှာမရှိတော့မသိဘူးလေ...အစ်ကိုကြီးနဲ့ငါက တကယ်ကို မခွဲထွက်ချင်ဘူး"


သူက ဟန်ချင်စုန့်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောပြန်၏။


 "တတိယညီ...မင်းရဲ့သားလေးယောက်က ငါတို့နဲ့အတူတူပဲလို့ မင်းပြောတယ်... ပြီးတော့ သူတို့ကြီးလာတဲ့အခါ ဒီလိုခွဲထွက်ရင် မင်းပျော်မှာလား"


 ဟန်ချင်စုန့်က ပေါ့ပေါ့ပါးပါးပင်ဆိုလိုက်သည်။


 "လက်ထပ်ပြီးတာနဲ့ ခွဲထွက်ရမှာပဲ... ဒါမှ ပြဿနာတက်စရာ မလိုမှာ"

 

Xxxxx