အပိုင်း ၃၂၉-၃၃၀
Viewers 23k

Part 329


ဒုတိယအစ်ကိုဟန် ဟန်ချင်စုန့်က လူကြားကောင်းအောင်ပဲပြောနေသည်ဟုတွေးပြီး နှာခေါင်းရှုံ့လိုက်၏။ 


ဟန်ကျင်းယုက ငိုယိုပြီးပြောလေသည်။


 "အစ်ကို့မှာလည်း သမီးတစ်ယောက်ရှိတာပဲ..

တဝမ်နဲ့အားဝမ် နောင်ကျရင်     သူ့ကို အစ်ကိုငါ့ကို ဆက်ဆံသလိုမျိုး ဆက်ဆံရင် အစ်ကိုဒေါသမထွက်ဘူးလား"

ဘာလို့ ဒီလောက်အကြင်နာမဲ့နိုင်ရတာလဲ...


ဟန်ချင်စုန့်က မျက်မှောင်ကြုတ်ကာ 

"မင်းနဲ့ဘာဆိုင်လို့လဲ...ငါ့သမီးနဲ့ငါ့သားကြားက ဆက်ဆံရေးက အခုသူတို့ဆက်ဆံရေးရဲ့ ရလဒ်ပဲလေ...ငါ့မိန်းမကိုပဲ ငါဂရုစိုက်တယ်...ဘာလို့ သူတို့ကိုဂရုစိုက်ရမှာလဲ"


ဟန်ကျင်းယု ဒေါသထွက်လွန်း၍ 

ဘာမှပြန်မပြောနိုင်ဘဲ ငိုပဲငိုနေ၏။


ဟန်ချင်စုန့်က အနောက်ဘက်အခန်းဆီလှမ်းပြောလိုက်သည်။

"ဟောင်ထျန်း ဒီလာ..."


ဟောင်ထျန်း ထွက်လာပြီး အရှေ့ဘက်အခန်းထဲ သို့သွားခဲ့သည်။


အခန်းထဲသို့ဝင်လိုက်သည်နှင့် အဖွားကြီးဟန်က  ပန်းကန်လုံးတစ်လုံးကို ကောက်ယူပြီး ပစ်ပေါက် လိုက်သည်။ ဟန်ချင်စုန့် ဟောင်ထျန်း ၏ မျက်နှာကို ပန်းကန်ကွဲစမရှစေရန်   ပန်းကန်လုံးကို အမြန်ဆွဲယူလိုက်၏။


အဖွားကြီးဟန်က နှာပြင်းပြင်းမှုတ်ကာပြောသည်။


 "တတိယမိသားစု ဒုတိယမိသားစု လာပြီး အိမ်ကို သပ်ရပ်အောင် လုပ်"


 ဟန်ချင်စုန့်ကပြန်ပြော၏။

" ဒုတိယအစ်ကိုနဲ့​ကျွန်တော် လာခဲ့မယ် " 

  

သူက တံမြက်စည်းနှင့် ဂေါ်ပြားကိုသွားယူပြီး ဂေါ်ပြားကို ဒုတိယအစ်ကိုလက်ထဲထည့်လိုက်သည်။


ဒုတိယအစ်ကို ဟန်:" မင်းငါ့ကို ဘာလုပ်နေတာလဲ

ငါဘယ်တုန်းကမှ အိပ်အလုပ်မလုပ်ဘူးကွ...မင်းလိုမျိုး လူတိုင်းက သူတို့မိန်းမတွေကို မိန်းမအိုကြီးတွေရဲ့ အလုပ်ကို ကူညီတယ်များ ထင်နေလား"


ဟန်ချင်စုန့်က ဂေါ်ပြားကို သူ့လက်ထဲ အတင်းထိုးထည့်သဖြင့် သူ့မှာ ကိုင်ထားရန်ကလွဲလို့ ရွေးစရာလမ်းမရှိတော့ဘဲ မြေကြီးပေါ်ရှိ ကွဲနေသောအစားအသောက်ပန်းကန်လုံးကို ဂေါ်ပြားနှင့်ကော်လိုက်၏။


အဖွားကြီးဟန်နှင့်ဟန်ကျင်းယုတို့ နောက်တစ်ကြိမ် ထပ်ပြီး ငိုကြပြန်သည်။ ယခုလို အရသာရှိသော နှစ်သစ်ကူးညစာက သူတို့ မစားရသေးခင် မှာ မြေကြီးပေါ်သို့ ပစ်ချခံလိုက်ရ၏။တကယ်ကို မိုးကြိုးပစ်ခံရခြင်းပင်။


အဘိုးကြီးဟန်က. အချိန်အတော်ကြာအောင် ဆေးတံနှင့် အိုးများကိုဆောင့်ချနေပြီး နောက်ဆုံးတွင် သက်ပြင်းလေးလေးချလိုက်ရင်းဆိုလေသည်။


"မတတ်နိုင်တော့ဘူး...မိသားစုခွဲကြမယ်


"အဘိုးကြီး..."

အဖွားကြီးဟန် စိတ်တိုလွန်း၍ အော်လိုက်၏။

မိသားစုခွဲလိုက်ရင် ဘယ်သူကမှ သူမကို လူကြီးသူမလို့သဘောထားမှာမဟုတ်ဘူး...


အဘိုးကြီးဟန်ကပြောလေသည်။


 "မိသားစုမခွဲဘဲ ဘယ်လိုလုပ်နေနိုင်မှာလဲ...မင်းနဲ့ အကြီးဆုံးချွေးမက နေ့တိုင်း ရန်ဖြစ်နေတာမလား

.... အရှက်ရမှာမကြောက်ဘူးလား"


အဘိုးကြီးဟန်က မိသားစုခွဲထွက်မည်ကို မထောက်ခံပေ။မည်သို့ပင်ဖြစ်စေ  သားအကြီးဆုံးက ဝတ်ကြီးဝတ်ငယ်ပြုစုတတ်ပြီး မိသားစုကို ခွဲထွက်ရန် စကားမဆိုပေ။ ထိုသည်က ကောင်းသည်ဟု သူတွေး၏။ အကြီးဆုံးချွေးမက ရေးကြီးခွင်ကျယ်လုပ်နေခြင်းသာဖြစ်ပြီး မည်သည့်သက်ရောက်မှုမှရှိမည်မဟုတ်ပေ။


မိသားစုထဲမှာ ချွေးမက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ၊ယောက်ျားက နှုတ်ဆိတ်နေသရွေ့ ယောက္ခမကို မကျော်နိုင်ပါချေ။


သို့ပေမဲ့ ယခုဟောင်ထျန်းက ထရပ်တည်ပေးလိုက်လေရာ မတူတော့ပေ။ ဟောင်ထျန်းက သူတို့မိသားစု၏အကြီးဆုံးမြေးဖြစ်၏။ကျောင်းဟူလူမျိုးများသည် သားအကြီးဆုံးနှင့် မြေးအကြီးဆုံးတို့ကို အမြဲတန်ဖိုးထား လေးစားကြပြီး၊ မည်သို့ပင်ဖြစ်စေ  သူတို့သည် အနစ်နာခံမှု၏ အဓိက အင်အားစုဖြစ်သည်။


အကြီးဆုံးမြေးတွင် စိတ်နှစ်ခွရှိလျှင် မိသားစုကို ခွဲထွက်ကြရပေမည်။ ထိုသို့မဟုတ်ပါက  နောင်တွင် တည်ငြိမ်သောဘဝဖြင့် နေထိုင်နိုင်မည်မဟုတ်ပေ။


အဘိုးကြီးဟန်က ဟောင်ထျန်းကိုလည်း ကြင်နာပေးခဲ့သည်။ စင်စစ်အားဖြင့်  အကြီးဆုံး မြေးဖြစ်သူကို သူကိုယ်တိုင်  အလုပ်ကို မည်ကဲ့သို့ လုပ်ရမည်ကို သင်ကြားပေးခဲ့ပြီး ဟောင်ထျန်း  ကြီးပြင်းလာသည်ကို ကြည့်နေခဲ့သည်ဖြစ်ရာ ချစ်ခင်တွယ်တာလာခဲ့သည်။


တဖူ သို့မဟုတ်တဝမ် ဆိုလျှင် အဓိပ္ပါယ်မရှိသည့်ဟာတွေပြောနေခြင်းဖြစ်လိမ့်မည်ဖြစ်သော်လည်း 

ဟောင်ထျန်းကမတူပေ။


ဟောင်ထျန်း၏ ပံ့ပိုးမှုဖြင့်ဆိုပါက ကွာရှင်းခိုင်းရန် မဖြစ်နိုင်ပေ


ထို့အပြင် သားသမီးများကလည်း ကြီးနေပြီဖြစ်ရာ ကွာရှင်းခြင်းအကြောင်းပြောခြင်းသည် ဒေါသထွက်၍ပြောသော စကားလုံးမျှသာဖြစ်ပြီး 

လူရယ်ခံရမည့် အမှန်တကယ်  ကွာရှင်းခြင်းက မဖြစ်နိုင်ပေ။


ဟောင်ထျန်း  သူ့အဘိူး၏စကားကို နားထောင်ပြီးနောက် သက်သာရာရသွားကာ သူ့အမေကို ကယ်တင်နိုင်လိုက်ကြောင်း သိသွား၏။


အဘိုးရှိလျှင် အဖွားက အဖေနှင့်အမေကို ကွာရှင်းရန် အတင်းအကြပ် တွန်းအားပေး၍ မရသည့်အပြင် မိသားစုလည်း ခွဲထွက်နိုင်သည်။အနာဂတ်တွင် အမေက အဖွားကြောင့် နေ့တိုင်း ဒုက္ခရောက်နေစရာ မလိုတော့ပေ။


ဤအတိုင်းဆက်သွားပါက သူ့အမေ ရူးသွားတော့မည်ဟု ခံစားနေရ၏။ 


ညဘက်တွင် အိပ်ပျော်နေသော သူ့အမေက စကားပြောကာ ငိုယိုအော်ဟစ်နေသည်ကို  အကြိမ်ကြိမ်ကြားခဲ့ရသော်လည်း တစ်စုံတစ်ယောက်က လည်ပင်းညှစ်ထားခံရသကဲ့သို့ နာကျင်နေပြီး အသံကျယ်ကျယ်ဖြင့် ပြောမထွက်ဝံ့ပေ။


အဖွားကြီးဟန်  ဤသည်ကိုကြည့်ပြီး နားမလည်နိုင်ဖြစ်ကာ  ဒေါသတကြီးပေါင်ကို ရိုက်လိုက်သည်။


 "တော်နဲ့ဘာဆိုင်လို့လဲ... သူ့ကိုချည်ပြီးရိုက်နှက်ဖို့နေသာသာ ဒီခွေးမက အရမ်းဆူညံနေတာ... သူ့ကို ဘယ်လိုလုပ် လွှတ်ထားနိုင်မှာလဲ... ဒီလိုသာဆိုရင် ကျုပ်တို့ ဘယ်လိုလုပ် အသက်ရှင်နိုင်မှာလဲ"


ဟောင်ထျန်းက လက်သီးဆုပ်ကာပြော၏။

 " ဘယ်သူမှ ကျွန်တော့်အမေကို မရိုက်ရဘူး..."


အဖွားကြီးဟန်: ...


နောက်ဆုံးတွင်  သူမ မိသားစုဟောင်းနှင့် တတိယမိသားစုကြားက ခြားနားချက်ကို သိသွားလေပြီ။


တတိယမိသားစုက အိမ်ထောင်ဦးစီက အစပိုင်းတွင် အိမ်တွင်မရှိသလို ကလေးများမှာလည်း  ငယ်သေးသောကြောင့် ပြဿနာတက်ချိန်တွင် သူတို့ကို ထောက်ပံ့မည့်သူမရှိပေ။


ယခုမူလူတိုင်း၏ သားသမီးတွေက သူတို့ကို ထောက်ပံ့နိုင်လောက်အောင် ကြီးလာကြလေပြီ။


ထို့ကြောင့် ဤကိစ္စတွင် မိသားစုသုံးစု၏ ဒုက္ခများက ကြာရှည်စွာ အသုံးမဝင်တော့ဘဲ လူအိုကြီးများ၏ဒုက္ခများက အောင်အောင်မြင်မြင်ရောက်ရှိလာခဲ့သည်။


အဖွားကြီးဟန်က အတော်လေးသောကရောက်သွား၏။


ရုတ်တရက်ပင် သူမ ပထမချွေးမဟန်ကိူ လင်းလန်ကို မုန်းသည်ထက် ပိုမုန်းသွားသည်။


မိသားစုသုံးစုက သူမကို ယခုလိုမျိုး ထိပ်တိုက်ရင်မဆိုင်ဝံ့သလို ယခုလိုမျိုး သူမကို အရှက်မခွဲရဲကြပေ။


ပထမချွေးမက ပန်းကန်လုံးကို ပစ်ပေါက်ပြီး စားပွဲလှန်ကာ သူမ  ပြောင်ပြောင်တင်းတင်း မျက်နှာဖြတ်ရိုက်ခဲ့၏။


သူ့သားအရွယ်ရောက်နေသည်ကို အားကိုးပြီး သူ့မကို တိုက်ရိုက်စိန်ခေါ်ခဲ့သည်။


"သူက ငါ့ကို ပန်းကန်လုံးနဲ့ အသေပေါက်သတ်ဖို့ ကြိုးစားနေတာလေ...ဒါကို မင်း သူ့ကို အကာအကွယ် ပေးနေတုန်းပဲ... တတိယသား မင်းက ပြည်သူ့လုံခြုံရေး ဗျူရိုရဲ့ အကြီးအကဲပဲ၊ ဘာလို့ သူ့ကို ဖမ်းဆီးပြီ အလုပ်ကြမ်းစခန်းမှာ မထားတာလဲ"  


အဖွားကြီးဟန် ဒေါသထွက်ကာ မကျေမချမ်းဖြစ်နေ၏။


ဟန်ချင်စုန််: "အမေ... စိတ်အေးအေးထားပါ၊ ကြမ်းတမ်းတဲ့စကားတွေ မပြောနဲ့"


အဖွားကြီးဟန်က ချိုင်းထောက်ကို ကျယ်လောင်စွာ ဆောင့်ချပြီး ဒေါသတကြီးဆိုလေသည်။


 "ခွဲထွက်မယ်ဟုတ်လား ...ခွဲဆိုလည်းခွဲကြတာပေါ့"


ဟောင်ထျန်း စိတ်သက်သာရာရပြီး  သက်ပြင်းချလိုက်၏။


Xxxxxx

Part 330


အဖွားကြီးဟန်က ဟောင်ထျန်းကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။

သူဆန္ဒရှိရင် လမ်းခွဲနိုင်တယ်...ဒါပေမဲ့ သူမမပါဘဲ ကောင်းမွန်တဲ့ဘဝမှာ နေနိုင်နိုင်ဖို့ မကြိုးစားနဲ့...


သူမ အံကြိတ်ကာပြောလိုက်၏။


 " ငါတို့ဘေးမှာ သားတစ်ယောက်  ထားရမယ်..

  အကြီးနှစ်ယောက်ထဲနေဖို့ဆိုတာ မဖြစ်နိုင်ဘူး... စတုတ္ထကသားကလည်း အိမ်မှာမရှိဘူး... ဒုတိယသားက မတတ်နိုင်ဘူး...သူတို့ကို ခွဲထွက်ခိုင်းပြီး ငါတို့က သားအကြီးဆုံးနဲ့ အတူတူနေမယ်... "


လင်းလန် ပင်မအခန်းရှိ အဘွားကြီး၏ စကားကို နားမထောင်ရင်း ဆွံ့အသွားမိသည်။အနှီအဘွားကြီးက တကယ်ကို တစ်ကိုယ်ကောင်းဆန်၏။


 သူများတွေကို မပျော်မရွှင်ဖြစ်အောင်လုပ်ရန်အတွက် သူတို့ဒုက္ခတွေ ထပ်တိုးလာလျှင်ပင် နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် မုန်းတီးပြီး အတူတူချည်နှောင်ထားရန် အတင်းကြပ်ပြုနေသည်။

 


ဒုတိယအစ်ကိုဟန်က  ပျာယာခတ်သွားပြီး ဆို၏။


 "အမေ...ဘာဖြစ်လို့ ကျွန်တော်တို့မိသားစုကို ခွဲခိုင်းရတာလဲ"


အဖွားကြီးဟန်က ဒေါသတကြီးပြောလေသည်။


 "မင်းရဲ့အစ်ကိုက သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်နိုင်တယ်...မင်းက ထောက်ပံ့စရာ မလိုဘူး...မင်းဘာသာမင်း ကိုယ်စားဖို့ကိုယ် ထွက်ရှာလို့ရတယ်..."


သူမက ဟောင်ထျန်းကို ခဏလောက် မှုန်ကုပ်ကုပ်နှင့် စိုက်ကြည့်ကာပြောလိုက်၏။


 "ကြားလား...မိသားစုခွဲဖို့က အဆင်ပြေတယ်... ငါတို့ကသားအကြီးဆုံးနဲ့ အတူတူနေမယ်.

 .. မင်းအမေက ကွာရှင်းပြီး အပြင်ထွက်ရမယ်.

... မင်းဟန်အိမ်ဟောင်းမှာနေချင်ရင်  ငါ့ကိုလုပ်ကျွေးပြုစုရမယ် လူတော်လူကျော်ကြီးရဲ့..."


...


ဟောင်ထျန်း ကြက်သေသေသွားသည်။မီးခိုးငွေ့များထဲရှိ အဘွားအိုကို သူမကို သူတစ်ခါမှ မသိခဲ့ ဖူးသလိုမျိူး မယုံနိုင်စွာ ကြည့်လိုက်မိ၏။


ယေဘုယျအားဖြင့် ကျေးလက်နေပြည်သူများသည် မိသားစုခွဲထွက်ကြသည်။ မိဘများသေဆုံးပြီးနောက် အမွေခွဲဝေပါက ဦးလေးနှင့် ကေဒါများကို မိသားစုကို အုပ်ထိန်းစေကာ ညီအစ်ကိုများကို ညီတူညီမျှခွဲဝေပေးမည်ဖြစ်သည်။


မိဘတွေရှိနေပါက  များသောအားဖြင့်သားတစ်ယောက်နှင့်အတူနေကြပြီး အမြဲလိုလို  သား အငယ်ဆုံးနှင့်ဖြစ်၏။ သားအကြီးတွေက တစ်ယောက်ပြီးတစ်ယောက်လက်ထပ်သည်အခါ ခွဲထွက်နိုင်သလို သားအငယ်ကလည်း သူတို့ဘေးမှာနေနိုင်ပြီး လက်ထပ်ပြီးပါက အတူနေနိုင်ကြပေသည်။


သို့ရာတွင်  သူတို့သားတွေ အားလုံး အိမ်ထောင်ပြုပြီးသည့်အထိစောင့်ပြီးမှ မိသားစုကို ခွဲပြီး သူတို့နှင့်အတူနေထိုင်ရန် ပိုမိုကောင်းမွန်သည့် ေချွးမကို ရွေးချယ်သူများလည်းရှိ၏။


ယေဘုယျအားဖြင့် သားထွေးသည် နူးညံ့သိမ်မွေ့ပြီး အငယ်ဆုံးချွေးမက ပို၍ ရန်လိုလာလိမ့်မည်။ အကြီးဆုံးချွေးမက အရှက်ကွဲမှုကိုနှစ်ပေါင်းများစွာသည်းခံလာခဲ့လေရာ ပြောရပိုကောင်းပြီး မိဘများက အကြီးဆုံးချွေးမနှင့် အတူနေရန် ရွေးချယ်ပေလိမ့်မည်။


ယခု အဖွားကြီးဟန်ကမူ  ရည်ရွယ်ချက်ရှိရှိဖြင့် ပထမချွေးမဟန်ကို ဆန့်ကျင်နေခြင်းဖြစ်သည်မှာ ထင်ရှားသည်။


ခွဲထွက်ချင်တယ်မဟုတ်လား...


တစ်မိနစ်ပဲစောင့်...


ငါက သားကြီးနောက်လိုက်လိုက်မယ်...


ဟောင်ထျန်းက ရိုးသားသူတစ်ယောက်ဖြစ်လေရာ သူ့ဦးနှောက်က သိပ်ပြီးမြန်မြန်ဆန်ဆန်မတွေးနိုင်တော့ဘဲ ဘာလုပ်ရမှန်းမသိဖြစ်နေသည်။


ပင်မအခန်းရှိ ဟန်ချင်စုန့်  ၊ သူ့အဖေ နှင့် လင်းလန်တို့ကိုကြည့်ရန် ခေါင်းလှည့်လိုက်၏။ဘယ်သူက သူ့ကို ကူညီနိုငိမလဲသူမသိပါချေ။


သူက အရှုံးပေါ်နေပြီး အဖွားကြီးဟန်ကို မည်သို့ပြန်တိုက်ရမှန်းမသိပေ။


သူ့အမေက မကွာရှင်းချင်ချေ၊ မကွာရှင်းပါက အဖွားကြီးဟန်ဆီကနေ အတင်းအကျပ် အခိုင်းခံရမှာ ဖြစ်ပြီး မိသားစုခွဲထွက်သည်က အသုံးမဝင်တော့ပေ။


ဟောင်ထျန်း၏ အမူအရာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့နေပြီး လှည့်ထွက်ပြေးလိုက်သော်လည်း တံခါးဝမှ တစ်ယောက်ယောက်ကို ဝင်တိုက်မိသွားသည် ။


ထိုသည်က လင်းလန်ကိုလာရှာသည် တဝမ်ပင်။


ဟောင်ထျန်းက တဝမ်ကို ဖမ်းဆွဲပြီး အလျင်စလို ဆို၏။


 "တဝမ် မင်းမှာ အကြံတစ်ခု ရှိတယ်မလား... မိသားစုခွဲထွက်ရင် ငါ့အဖွားက ငါတို့နောက်ကို လိုက်ဖို့ တောင်းဆိုရင် ငါ ဘာလုပ်ရမလဲ "


တဝမ် : " မင်းကငါ့ကိုမေးတယ်... မင်းနောက်လိုက်တာက  ငါ့နောက်လိုက်နေတာထက် ပိုကောင်းတယ်လို့ပြောမှာပေါ့..."


ဟောင်ထျန်း  စိတ်ပျက်လက်ပျက်ဖြစ်နေဆဲဖြစ်သော်လည်း ရုတ်တရက် သူ မရယ်မငိုနိုင်ဖြစ်သွားပြီး တဝမ် ကို ဗြောင်ကျကျ စိုက်ကြည့်လိုက်ရာတွငိ ညက မှောင်လွန်းသည့်အတွက် ရှင်းရှင်းလင်းလင်း မမြင်ရပေ။ 


"တဝမ်  ...ငါ့ကို နည်းလမ်းရှာပေးပါဦး... မင်းမိသားစုမှာ ဒီလိုမျိုး ကြုံလာရင်ပေါ့ကွာ... အဖွားက တတိယဦးလေးကို မင်းအမေကို မောင်းထုတ်စေချင်တယ်ဆိုရင်....."


"ငါ့အဖလေား" 


တဝမ်ကပြောလိုက်၏။

 "သူက သူ့ကို မောင်းထုတ်လိမ့်မယ် ...ငါ့အမေကိုမဟုတ်ဘူး"


ဟောင်ထျန်း : 


"ငါကအတည်ပြောနေတာပါကွာ.. ကူပြီး နည်းလမ်းတစ်ခုရှာပေးစမ်းပါ... သူ့ကို မင်းတို့နောက်ကိုလည်းမလိုက်ခိုင်းနဲ့...ငါတို့နောက်ကိုလည်း လိုက်ခွင့်မပြုနဲ့"


တဝမ်: "မင်းအဖေ နောက်ကိုလိုက်တာက မင်းနောက်လိုက်တာမဟုတ်ဘူး "


ဟောင်ထျန်း  : "မင်းပြောတာက ငါ့အဖေနဲ့ ငါ ခွဲလိုက်တာလား...ဒါပေမဲ့ ငါက သားတစ်ယောက်ပဲရှိတာလေ"


တဝမ် : " မင်းမှာ သား ဘယ်တုန်းက ရခဲ့တာလဲ "


ဟောင်ထျန်း  : " မနှောက်ယှက်ပါနဲ့ ကွာ...ငါဆိုလိုတာကက ငါ့အဖေက  သားဆိုလိုဘ ငါတစ်ယောက်တည်းရှိတာ... ငါတို့မိသားစုကို ဘယ်လိုခွဲရမလဲ" 


ရွာမှာ တစ်ဦးတည်းသောသားက ဘယ်တော့မှခွဲမထွက်ဖူးကြပေ။


တဝမ် :"အိမ်ထောင်မခွဲဘဲ သီးခြားနေထိုင်လို့ရတယ်...သီးခြားမိသားစုလို့ မသတ်မှတ်ထားပါဘူး"


"ဟုတ်တယ်.. ဒါပေမဲ့ငါက အိမ်ထောင်မပြုရသေးဘူးလေ... မိသားစုကို ဘယ်လိုလုပ် ထောက်ပံ့နိုင်မှာလဲ...တပ်မဟာက ငါ့ကို  အလုပ်အမှတ်တွေ ပေးလို့လား...ရထားတဲ့ အလုပ်မှတ်တွေ အကုန်လုံးက အဲ့ဒီနေရာကိုပြန်ရောက်သွားရင် သေတဲ့အထိအတူတူလုပ်ကျွေးနေရမှာမဟုတ်ဘူးလား"


"ညွှန်မှူးဟန် ရှိတယ်လေ... မင်းသူ့ကိုသတ်ချင်ရင် ကိုယ်တိုင် ရပ်တည်ရမယ်...မင်းမယိမ်းယိုင်ရင် သူနဲတပ်မဟာအတွင်းရေးမှူးက သဘောတူလိမ့်မယ်"


တချို့လူတွေက ဘယ်လောက်ပဲ  ငယ်နေပါစေ အိပ်ထောင်ဦးစီးရာထူးကို ယူနိုင်ကြသည်။


အိမ်ထောင်ဦးစီးရာထူးယူနိုင်သရွေ့မိမိရရှိသော အလုပ်မှတ်များကို ဆုံးဖြတ်နိုင်ပြီး ၎င်းတို့အားလုံးကို မိသားစုဟောင်းထဲတွင် ထည့်သွင်းရေတွက်ရန် မလိုအပ်ပေ။


ထို့အပြင် ဟန်ချင်စုန့်အနေဖြင့် သူ့အစ်ကိုနှင့်တူကို လျစ်လျူရှုရန် မဖြစ်နိုင်ဟု ခံစားရ၏။သဘာဝအတိုင်းသူ ထွက်၍ကူညီမည်ဖြစ်ကာ

 ဦးလေးကလည်း သူ့ဇနီးနှင့်သားသမီးတွေကို လျစ်လျူရှုလိမ့်မည်မဟုတ်ပေ။


ဤသည်က အဖွားကြီးဟန်နှင်ပထမချွေးမဟန်ကို အိုးတစ်လုံးထဲမှာ မရောနှောဘဲ ခွဲထားရန် အကောင်းဆုံးနည်းလမ်းဖြစ်ပုံရသည်။


ဟောင်ထျန်းက တဝမ်၏လက်ကို ဝမ်းသာအားရ ဆုပ်ကိုင်လိုက်ပြီးပြောလေ၏။


 " တဝမ် မင်းက အရမ်း ဉာဏ်ကောင်းတာပဲ " 


သူ့လက်က စိုစိစိဖြစ်နေသ​ဖြင့်  တဝမ် အမြန်ဆွဲထုတ်လိုက်ပြောလိုက်သည်။


 "ငါ့အမေကိုပြောလိုက်... အိမ်မှာသွားစားရအောင်...ငတ်ပြီးသေလိမ့်မယ်လို့"


 နှစ်တစ်နှစ်၏ အကြိုနေ့က တကယ်ကို ရပ်တန့်မနေပါချေ။ထိုကောင်လေးစန်းဝမ် ဗရုတ်ကျနေခြင်းကြောင့်သာ မဟုတ်ပါက သူ ဒီကိုလာမှာမဟုတ်ပေ။


Xxxxxx